ဗဟူ၊ များစွာကုန်သော။
ပါသာဒိကေ၊ အကျင့်အားဖြင့် ကြည်ညိုဘွယ်ကို ဆောင်တတ်ကုန်သော။
ဘာဝိတတ္ထေ၊ သမထဘာဝနာ ဖြင့် ပွါးစေအပ်ကုန်သော စိတ်ရှိကုန်သော။
သုသံဝုတေ၊ ကောင်းစွာစောင့်အပ်သော စက္ခုစသော ဣန္ဒြေရှိကုန်သော။
ဘိက္ခူ၊ ရဟန်းတို့ကို။
ဒိသွာ၊ မြင်၍။
ပဏ္ဍာရသဂေါတ္တော၊ ပဏ္ဍာရသမည်သော ရသေ့၏ အနွယ်၌ ဖြစ်သော။
ဖုဿသဝှယံ၊ ဖုဿသဒ္ဒါဖြင့် ခေါ်ဝေါ်အပ်သော ဖုဿအမည်ရှိသော။
ဣသိ၊ ရသေ့သည်။
အပုစ္ဆိ၊ ကိံ ဆန္နာစသော ဂါထာဖြင့် မေးလျှောက်၏။
ဣမသ္မိံ သာသနေ၊ ဤသာသနာတော်၌။
ဘိက္ခူ၊ ရဟန်းတို့သည်။
အနာဂကမှိ၊ ယခေါင်အခါ နောင်လာလတ္တံ့သော။
ကာလမှီ၊ အခါ၌။
ဘိက္ခူ၊ ရဟန်းတို့သည်။
ကိံ ဆန္ဒာ၊ ဘယ်သို့ အခြင်းနှလုံးသွင်းခြင်းရှိကုန်သည်။
ကိံ အဓိပ္ပါယာ၊ အဘယ်သို့ အလိုရှိကုန်သည်။
ကိံ အာကပ္ပါ၊ အဘယ်သို့လျှင် အသွင်အကျင့်ရှိကုန်သည်။
ဘဝိဿရေ၊ ဖြစ်ကုန်လတ္တံ့နည်း။
တံ၊ ထိုနှလုံးသွငး်ခြင်း အလိုအသွင် အကျင့်အပြားကို။
ပုစ္ဆိတော၊ မေးအပ်သော ။
တွံ၊ အရှင်ဘုရားသည်။
မေ၊ အကျွန်ုပ်အား။
အက္ခာဟိ၊ ဟောကြားမြွက်တော်မိန့်တော်မူပါလော။
ပဏ္ဍရသဝှယ၊ ပဏ္ဍရအမည်ရှိသော။
ဣတိ၊ ရသေ့။
အနာဂတံ၊ ယခေါင်အခါ နောင်လာဖြစ်အံ့ဖြစ်လတ္တံ့သော အကြောင်းကို။
အာစိက္ခိဿာမိ၊ ဟောကြားပေအံ့။
မယှ၊ ငါ၏။
ဝစနံ၊ စကားကို။
တွံ၊ သင်ရသေ့သည်။
သုဏောဟိ၊ နာဘိလော။
သက္ကစ္စံ၊ ရိုသေစါာ။
ဥပဓာရေသံ၊ ဝမ်းထဲပိုက်ခွေမှတ်ဆောင်လေလော။
အနာဂတေ၊ နောင်အခါ၌။
ဗဟူ၊ များစွာကုန်သော ရဟန်းတို့သည်။
ကောဓနာစ၊ အမျက်ထွက်လေ့ရှိကုန်သည်လည်းကောင်း။
ဥပနာဟီစ၊ ရန်ငြိုးဖွဲ့လေ့ရှိကုန်သည်လည်းကောင်း။
မက္ခီစ၊ ကျေးဇူးချေခြင်း ရှိကုန်သည်လည်းကောင်း။
ထမ္ဘီစ၊ ခက်ထန်ခြင်း ရှိကုန်သည်လည်းကောင်း။
သဌာစ၊ စဉ်းလဲခြင်းရှိကုန်သည် လည်းကောင်း။
ဣဿုကီစ၊ ငြူစူခြင်း ရှိကုန်သည်လည်းကောင်း။
နာနာဝါဒါစ၊ အချင်းအချင်းဆန့်ကျင့်ဘက်သော အယူရှိကုန်သည်၎င်း။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ဂမ္ဘီရေ၊ ရိပ်ယောင် မထင်သိမြင်နိုင်ခဲ့ အလွန်နက်နဲသော။
ဓမ္မေ၊ သူတော်ကောင်းတရား၌။
အညာတမာနိနော၊ မသိဘဲလျှင် ငါသိမြင်ဟု ကယ်ပင်ဟုတ်လိတတ်သိယောင်ယောင် မာန်ထောင်၍ ဟန်ဆောင် ပြုမူတတ်ကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
တီရဂေါစရာ၊ သူတော်ကောင်းတရား၏ ဤမှာ ဘက်ကမ်းဖြစ်သော မသူတော်တရားလျှင်အာရုံရှိကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
လဟုကာ၊ လတ်ကြော့လတ်ကြော့ဂွမ်းဝါဖေါ့သို့ ပေါ့သွတ်လေလွင့်ဖြစ်သော သဘောရှိကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ဓမ္မေ၊ သူတော်ကောင်းတရား၌။
အဂရု၊ အလေးမပြုဂရုမလူကြည်ဖြူမဲ့သျှင်းရှိသေကင်းကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
အညမညံ၊ သံဃာချင်းချင်း သီတင်းသုံးဘော် မြတ်သူတော်တို့၌။
အဂါရဝါ၊ မယမ်းမပဉ်း အလေးမဲ့လျှင်းကင်းကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
လောကေ၊ သတ္တဝါအပေါင်း၌။
အနာဂတေ၊ နောင်အခါ၌။
ဗဟူ၊ များစွာကုန်သော။
အာဒီနဝါ၊ ဆိုပြီး ဆိုအံ့ ဆိုလတ္တံ့ သော အပြစ်အန္တရာယ်တို့သည်။
ဥပ္ပဇ္ဇီဿန္တိ၊ ထင်ရှားဖြစ်ပေါ်ကုန်လတ္တံ့။
ဒုမ္မတီ၊ ပညာမဲ့သော ရဟန်းမိုက် ရဟန်းဆိုးတို့သည်။
သုဒေသိတံ၊ ရှင်တော်ဘုရားသုံးပါကလျာဏ ကောင်းခြင်းပြ၍ မုချဧကန် မဘောက်ပြန်အောင် ဟုတ်မှန် စွာ ဟောတော်မူအပ်သော။
ဣမံ ဓမ္မံ၊ ဤပရိယတ်သုံးပါးပဋကတ်တရားမြတ်ကို။
ကိလေသိဿန္တိ၊ တဏှာဒိဋ္ဌိ ဒုစ္စရိတသံကိလေသ သုံးပါးတို့ဖြင့် ညစ်ညူးပျက်စီးအောင် ပျက်ဆီးပြုကြကုန်လတ္တံ့။
သံဃမှိ၊ သံဃာဘောင်၌။
ဝေါဟရန္တာ၊ တစုံတခု အမှုစကား တရားတဘောင် ရှေ့ဆောင် ပြောဆိုကြကုန်သည် ရှိသော်။
ဝိသာရဒါ၊ ကြောက်ခြင်းရွံ့ခြင်း ထိန်လန့်ကင်းသဖြင့် ရဲတင်းခက်ထန်မျက်မာန် အဟုန်ရုန့်ရင်းကုန်သော။
မုခရာ၊ နှုတ်ကြမ်းကုန်သော။
အသုတာဝိနော၊ ကျမ်းဂန်မသင် ကားမဲ့မဟဲ့ သုတမဲ့ကုန်သော။
ဂုဏဟီနာ၊ သီလသမာဓိ အစရှိကုန်သော ကျေးဇူးအချင်းဂုဏ် ယုတ်ကင်းသော အဖျင်းဒုဿီအလဇ္ဇိတို့သည်လည်း။
ဗလဝန္တော၊ အလဇ္ဇီနှင့် ဒုဿီအဖျင်းသဘောတူခြင်း ဓာတ်တူချင်းဖြင့် ပေါင်းသင်းအားကြီးကုန်သည်။
သဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ဂုဏဝန္တောပိ၊ သီလသမာဓိ အစရှိသော ပဋိပက်ဂုဏ် ပါဠိအဋ္ဌကထာဋီကာစသော ပရိယတ်ဂုဏ်တို့နှင့် ပြည့်စုံလိမ္မာသော ရဟန်းတတ် ရဟန်းမြတ်တို့သည်။
သံဃမှိ၊ သံဃဘောင်၌။
ယထာတ္ထတော၊ မဘောက်မပြန် ဟုတ်မှန်လျော်ပတ်သော အားဖြင့်။
ဝေါဟရန္တာ၊ ပြောဆိုဆုံးဖြတ်ကုန်သည်ရှိသော်။
ဟိရိမနာ၊ မကောင်းမှုမှ မပြုဝံ့ရက် ရှက်သော စိတ်ရှိကုန်သည်ဖြစ်၍။
အနတ္ထိကာ၊ ကိစ္စနည်းပါး သဘောအားဖြင့် စကားကျယ်ဖွံ အလိုမဲ့ ကုန်သည်ဖြစ်၍။
တေ၊ ထိုရဟန်းတတ် ရဟန်းမြတ်တို့သည်။
ဒုဗ္ဗလာ၊ အလဇ္ဇီများ လဇ္ဇီပါးသဖြင့် အားနည်းကြကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ရဇတံ၊ ငွေကိုလည်းကောင်း။
ဇာတရူပံဝါ၊ ရွှေကိုလည်းကောင်း။
ခေတ္တံဝါ၊ ဘယ်ကိုလည်းကောင်း။
ဝတ္ထုံဝါ၊ ယာကိုလည်းကောင်း။
အဇေဠကံဝါ၊ ခြေလေးခု မျိုးဆိတ်သိုး တိရစ္ဆာကိုလည်းကောင်း။
ဒါသိဒါသဉ္စ၊ ကျွန်မကျွန်ထီးကိုလည်းကောင်း။
အနာဂတေ၊ နောင်အခါ၌။
ဒုမ္မေဓာ၊ လျောက်ပတ် မလျောက်ပတ် အပ်မအပ်ကို ဟုတ်ဟတ်မသိ ပြုမိပြုရာ ပြုတတ်စွာသော ပညာမဲ့ရဟန်းမိုက်တို့သည်။
သာဒိယိဿန္တိ၊ မိမိတို့ငှါ သာယာခံယူကြကုန်လတ္တံ့။
ဗာလာ၊ ဒုစ္စိန္တိတစိန္တာ စသား ဗာထ လက္ခဏာ ပြည့်စုံစွာ သော ရဟန်း ပါ ရဟန်းမိုက်တို့သည်။
ဥဇ္ဈာနသညိနော၊ သူတပါးတို့ကို အောက်ထားသမှု အယုတ်ပြုလျက် ရှုတတ်သော စိတ်ရှိကုန်သည်ဖြစ်၍။
သီလေသု၊ စတုပါရိသုဒ္ဓိသီလတို့၌။
အသမာဟိတာ၊ ထက်ဝန်းပြည့်စုံမတည်ကုန်ဘဲ။
ဥန္နဠာ၊ စိတ်နေမိုးလောက် ဖြိုးဖြိုးဆောက်လျက် မောက်မောက်မော်မော် ပွဲတိုင်းကျော်အောင် ထင်ပေါ်သော မာနရှိကုန်သည်ဖြစ်၍။
ကလဟာဘိရတာ၊ အဓိကရုဏ် ရောက်တိုင်းဆုံးလျက်ဟု (စာကျန်) သူနှင့် ကြုံကငြင်းခုံရန်တွေ့ ချုတ်ချယ်လေ့၌ သောမွ့လျော်ပျော်ပါး ကုန်သည်ဖြစ်၍။
မဂါ၊ သားငှက်တိရစ္ဆာ တို့နှင့်အတူ။
ဝိစရိဿန္တိ၊ မာနလူလူအလံထူ၍ ဗိုလ်လူအကြားရပ်ရှစ်ပါးသို့ သွားလာလှည့်ပတ် ကုန်လတ္တံ့။
ဥဒ္ဓတာစ၊ ပျာပုံခဲကျ ထောင်းထောင်းထသို့ ခဏမတည် မခိုင်ကျည်သော စိတ်ရှိကုန်သည်လည်း။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
နီလစီဝရပါရုတာစ၊ မလျော်မအပ် ဆိုးရည်တပ်လျက် ဖပ်ဖပ်စိုစို စိမ်းလဲ့ ညိုသော သင်္ကန်းကို ဝတ်ရုံကြကုန်သည်လည်း။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ကုဟာ၊ ဈာန်မဂ် အနီးရောရီး ပြောဆိုခြင်း စသော ကုဟန ဝတ္ထု လှည့်ပတ်မှုဖြင့် သူ့ကို လိမ်လည် ကြည်ညိုစေမှုအံ့ဩဘွယ် ပြုကြကုန်သည်ဖြစ်၍လည်း။
အရိယာဝိယ၊ အရိယာသူတော်ကောင်းတို့ကဲ့သို့။
စရိဿန္တိ၊ စားကြသွားကြကျင့်ကုန်ကြလတ္တံ့။
လဒ္ဓါစ၊ ဒေါသမျက်မာန် ခက်ထန်ကြမ်းကြုတ်သော စိတ်နှလုံးရှိကုန်သည်ဖြစ်၍လည်း။
စရိဿန္တိ၊ စားကြသွားကြကျင့်ကြလတ္တံ့။
လပါစ၊ ပစ္စည်းလို့ငှါ ဒါယကာတို့အား ညှာတာချီးမြောက် ခြိမ်းခြောက် မောင်းမဲ ဆဲရေးရှုချ ပြောတိုခြင်း စသည်ဖြင့် ပြောဆိုကြကုန်သည်ဖြစ်၍လည်း။
စရိဿန္တိ၊ စားကြသွားကြ ကျင်လည်ကြလတ္တံ့။
သိင်္ဂီစ၊ သမင်သားကောင် ပိုင်ပြောင် သိုးဆိတ် အဟိတ်မုန်ယို ကျွဲနွားကိုယ်၌ ဦးချိုပမာထင်ရှားစွာသော ကီလေသာမူ ဟန်ယူပြုလုပ်ကုန်သည်ဖြစ်၍လည်း။
စရိဿန္တိ၊ စားကြသွားကြ ကျင့်ကုန်ကြ လတ္တံ့။
တေလသဏ္ဍေဟိ၊ ဘယောင်းချက်ဆီ ရေချက်ဆီးဖြင့် ဖြီးကုန်သော။
ကေသေဟိ၊ ဆံတို့ဖြင့်။
စပလာ၊ ကိုယ်ကို တန်းဆာဆင်ခြင်း ပရိက္ခရာကို တန်ဆာဆင်ခြင်း စသောလျှပ်ပေါ်သော အကျင့်နှင့် ယှဉ်ကုန်သည်ဖြစ်၍။
အဉ္ဇိတက္ခိကာ၊ နံ့သာ ကျောက်စက်လွင်မှုန့်ညက်တို့ဖြင့် စည်းကွက်သုတ်ချယ်သော မျက်စိရှိကုန်သည်ဖြစ်၍။
ဒန္တဝဏ္ဏိဘပါရုတာ၊ ကြော့ကြော့ ကြော့ကြော့တမော့သည်ဖြစ်၍။
ရထိယာယ၊ မြို့သယ်ခရီးပြလမ်းကြီး၌။
ဂမိဿန္တိ၊ လှည့်ပတ်သွားလာကုန်လတ္တံ့။
ဩဒါတေသု၊ ဝတ်ဖြူတို့၌။
သစ္ဆိတာ၊ နှစ်သက်မက်မောခြင်းသို့ ရောက်ကုန်သည်ဖြစ်၍။
ဝိမုတ္တေဟိ၊ အရိယ အရှင်မြတ်တို့သည်။
အဇေဂုစ္ဆံ၊ မစက်ဆုပ်အပ်သော ။
သုရတ္တံ၊ ကောင်းသော ဆိုးရည်ဖြင့်ကောင်းစွာ ဆိုးအပ်သော။
အရဟဒ္ဓဇံ၊ ဘုရားရဟန္တာ အရိယာ သီလဝန်သူတော်မွန်တို့၏ တမ်းခွန်အလံဖြစ်သော။
ကာသာဝံ၊ သင်္ကန်းကို။
ဇိဂုစ္ဆိဿန္တိ၊ စက်ဆုပ်ကြကုန်လတ္တံ့။
လာဘကာမာ၊ လေးပါးပစ္စယလာဘ်လာဘကို တောင့်တစုံမက် နှစ်သက်မက်မောကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ကုသီနာ၊ ဆွမ်းခံခြင်းတို့၌ ပျင်းသော သဘောရကုန်သည်ဖြစ်၍။
ဟီနဝီရိယာ၊ ရဟန်းတရား အားပါးမထုတ်ကြိုမကုတ်ဘဲ ဆုတ်ယုတ်သော လုံ့လရှိကုန်သည်ဖြစ်၍။
ဝနပတ္တာနိ၊ တော်အုပ်ရိပ်ညောင်း၊ သင်္ခမ်းကျောင်းတို့ကို။
ကိစ္ဆန္တာ၊ မွေ့လျော်ခိုပုန်း သီတင်းသုံခြင်းငှါ နှလုံးပင်ပန်းကြကုန်သည်ဖြစ်၍။
ဂါမန္တေသု၊ ရွာနီးရွာပါးရွာတံခါးငယ်ပြွမ်းသော ကျောင်းတို့၌။
ဝိသိဿရေ၊ ဝမ်းဝကျောင်းကာနေကြရှာလတ္တံ့။
သဒါ၊ အခါခပ်သိမ်း။
မိစ္ဆာဇီဝရတာ၊ ရဟန်းတို့အား မတရားသဖြင့် မှားသော အသက်မွေးခြင်း၌ မွေ့လျော်ကုန်သော။
ယေယေဘိက္ခု၊ အကြင်အကြင်ရဟန်းဆိုးတို့သည်။
လာဘံ၊ ဆွမ်းသင်္ကန်း ကျောင်းဆေးစသော ပစ္စည်းလာဘ်လာဘကို။
လဘိဿန္တိ၊ ရကုန်လတ္တံ့။
တေတေဘိက္ခု၊ ထိုထိုအာဇီဝပျက်ကုန်သော ရဟန်းဆိုးတို့သို့။
အနုသိက္ခန္တာ၊ အတူလိုက်သဖြင့် အတုကျင့်ကုန်သည်ဖြစ်၍။
အသံယတာ၊ သီလသီတင်း စောင့်စည်း ကင်းကုန်သော အဖျင်းပေါယယ်ရဟန်ငယ်တို့သသည်။
ဘမိဿန္တိ၊ မင်းအိပ်စိုး အိမ်မူးမတ်အိမ်သို့ ပူးလိမ်ယှဉ်မှီတဲလှည့်လည်ကုန်လတ္တံ့။
တဒါ၊ ထိုနောင်အခါ၌။
ယေယေဘိက္ခူ၊ အကြင်အကြင်ရဟန်းကောင်းရဟန်းမွန် သီလဝန်အရှင်မြတ်ရဟန်းတတ် ပညာရှိတို့သည်။
လာဘံ၊ လေးပါးပစ္စယလာဘ်လာဘကို ။
အလာဘိနော၊ မရကုန်။
တေတေဘိက္ခူ၊ ထိုထိုသို့နည်း ပစ္စည်းလာဘ်မဲ့ချိုတဲ့တုံရှောင်း ရဟန်းကေင်းရဟန်းမွန် သီလဝန်အရှင်မြတ် ရဟန်းတတ်ပညာရှိတို့သည်။
ပုဇ္ဇာ၊ မြတ်နိုးကော်ရော် ပူဇော်ချီးမွမ်းအပ်ကုန်သည်။
န ဘဝိဿရေ၊ မဖြစ်ကုန်လတ္တံ့။
ဓီရေ၊ တည်ကြည်သော သမာဓိနှင့် ပြည့်စုံကုန်သော။
သုပေသလေ၊ သီလကို အလွန်ချစ်ခင် ကုန်သော။
တေဘိက္ခု၊ ထိုရဟန်းတို့ကို။
နသေဝိဿန္တိ၊ မမှီဝဲကုန်လတ္တံ့။
ကေစိ၊ အချို့ကုန်သော ရဟန်းတို့သ်ည။
မိလက္ခုရဇနံရတ္တံ၊ ညောင်ကြတ်ဆိုးရည်ဖြင့် ဆိုးအပ်သော။
သကံဓဇ၊ မိမိတန်းခွန်အောင်အလံဖြစ်သော သင်္ကန်းကို။
ဂရဟန္တာ၊ ကဲ့ရဲ့ရှုတ်ချစက်ဆုပ်ကြကုန်သည်ဖြစ်၍။
တိတ္ထိယာနံ၊ သာသနာပက အညဝါဒိမမှီတရား ကျင့်မှားစရိုက်ပရိဗိုဇ် တိတ္ထိတို့၏။
ဓဇံ၊ အလံတံခွန် ဖြစ်သော။
အဝါဒတကံ၊ ဝတ်ဖြူကို။
ဓာရေဿန္တိ၊ ဝတ်ဆောင်ကြကုန်လတ္တံ့။
တဒါ၊ ထိုနောက် သာသနာနောင်အခါ၌။
တေသံဘိက္ခူနံ၊ ထိုရဟန်းတို့အား။
ဝါ၊ ထိုရဟန်းတို့၏။
ကာသာဝေ၊ အရိယာ တံခွန်သင်္ကန်းမွန်၍။
အဂါရဝေါ၊ ရိုသေမြတ်နိုးခြင်းမရှိသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ကာသာဝေ၊ အရိယာ တံခွန်သင်္ကန်းမွန်ကို သုံးဆောင် ဝတ်ရုံခြင်း၌။
ပဋိသင်္ခါစ၊ ပစ္စဝေက္ခဏာ ဆင်ခြင်းကာမျှလည်း။
နဘဝိဿတိ၊ မဖြစ်လတ္တံ့။
သလ္လဝိဒ္ဓဿ၊ အလွန်ကြီးမား ဆိပ်လူးမြားဖြင့် သနားမဲ့ထွေ သည်းအူးကြွေအောင် အသေပြင်းစွာ ပစ်အပ်သော။
ဒုက္ခေန၊ မုဆိုးလက်နက် မြှားဒဏ်ချက်ဆင်းရဲဖြင့်။
အဘိဘူတဿ၊ အလွန်အကြူးအမူးအဝေမိုးမြေမမြင် အကျင်အနာ နှိပ်စက်စွာသော။
ရုပ္ပတော၊ အားအန်မခိုင် ကိုယ်လုံး ယိုင်အောင်ဖြိုင်ဖြိုင် ယိုရွှန်း သွေးရည်ခန်း၍ ပင်ပန်းဘောင်ပန်ခြင်းသို့ ရောက်သော။
နာဂဿ၊ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်း၏။
မဟာဃောရာ၊ ကိုယ်နှင့်အသက်ငဲ့ကွက်ကင်းကင်း ကြံဘတ်ခြင်းကြောင့် ကြောက်မက်ဘွယ်သာ ကြီးကျယ်စွာသော ။
အစိန္ထိယာ၊ ပြုနိုင်မည် ထားသူတပါးတို့သည် ဖျားတုန်ကြွကြံရုံမျှလည်း ကြံကြခြင်းငှါ မတတ်ရာသော။
ပဋိသင်္ခါ၊ ပညာဆင်ခြင်း သမ္ပဇဉ်မကင်းကြံတော်မူခင်းသည်။
အသိ၊ ဖြစ်ဘူးလေပြီ။
ဟိ၊ မှန်။
တဒါ၊ ထိုဆဒ္ဒန်ဆင်မင်းဖြစ်သောအခါ၌။
ဆဒ္ဒန္တော၊ ရောင်ခြည်ခြောက်သွယ် အစွယ်၌ ရှိသောကြောင့် ဆဒ္ဒန်အမည်ရှိသော။
ဂဇော၊ ဆင်မင်းသည်။
သုရတ္တံ၊ ကောင်းစွာဆိုးအပ်သော။
တံအရဟဒ္ဓဇံ၊ ထိုမုဆိုးသော ဏုတ် ကျင့်ယုတ်မိစ္ဆာဝတ်ရုံပါသော အရိယာတို့ အလံအောင်တံခွန် ဖြစ်သောဖန်ရည်ဆိုးစွန်းဝတ်သင်္ကန်းကို။
ဒိသွာ၊ မျက်ဝါးထင်ထင်ရှေ့တွင် တူရှုမြင်တော်မူ၍။
အတ္ထောပသံဟိတာ၊ အကျိုးစီးပွားနှင့် စပ်ကုန်သော။
ယာဝဒေဝ၊ အကြင်ရွှေ့လောက်ကုန်သော။
ဂါထာ၊ ဂါထာတို့ကို။
အဘဏီ၊ ဟောရွတ် မိန့်ဆိုတော်မူပြီ။
ယော ပုဂ္ဂလော၊ အကြင်တစုံတယောက်သော ပုဂ္ဂိုလ်သည်။
အနိက္ကသာဝေါ၊ ရာဂဒေါသမောဟစသော ဒသကိလေဖန်ရေကိုယ်တွင်းမကင်းမသန့်သည်ဖြစ်လျှင်။
ဒမသစ္စေန၊ စက္ခုန္ဒြေစသည် ခြောက်ရပ် စောင့်ကြပ်ဆုံးမခြင်း ပရမတ္ထ သစ္ဏာ၏ အဘို့ဖြစ်သော။
ဝစီသမ္မာ၊ နှုတ်သစ္စာဖြင့်။
အပေတော၊ မယှဉ်မစပ် မကပ်ဝေးစွာ ကင်းကွာပါလျက်။
ကာသာဝံ၊ ဖန်ရည်စွန်းသော။
ဝတ္ထံ၊ အဝတ်သင်္ကန်းကို။
ပရိဒဟိဿတိ၊ ဝတ်ရုံခြင်းနှင့် အခင်းပြု၍ သုံးဆောင်လတ္တံ့။
သောပုဂ္ဂလော၊ ထိုသို့သော ပုဂ္ဂိုလ်သည်။
ကာသာဝံ၊ ဖန်ရည်ဆိုးစွန်းဝတ်သင်္ကန်းကို။
နအရဟတိ၊ မထိုက်။
ယော စ ပုဂ္ဂလော၊ အကြင် တယောက်သော ပုဂ္ဂိုလ်သည်ကား။
ဝန္ထကာသာဝေါ၊ မဂ်လေးတန်တို့ဖြင့်ထွေးအန်စွန့်ပယ်ပြီးသော ကိလေသာဖန်ရည်ရှိသည်။
သီလေသု၊ စတုပါရိသုဒ္ဓိသီလတို့၌။
သုသမာဟိတော၊ ကောင်းစွာ စင်ကြည် မြဲဆောက်တည်သည်။
ဒမသစ္စေ၊ စက္ခုန္ဒြေ စသည်ခြောက်ရပ် စောင့်ကြပ် ဆုံးမခြင်း မရမတ္ထသစ္စာ၏ အဘို့ဖြစ်သော ဝစီသမ္မာနှုတ်သစ္စာနှင့်။
ဥပေတော၊ ပြည့်စုံသည်။
အဿဘဝေယျ၊ ဖြစ်ရာ၏။
သော ပုဂ္ဂလော၊ ထိုသို့ ဂုဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်။
ဝေ၊ စင်စစ်။
ကာသာဝံ၊ ဖန်ရည်ဆိုးစွန်း ဝတ်သင်္ကန်းကို။
အရဟတိ၊ ထိုက်၏။
ယော ပုဂ္ဂလော၊ အကြင်သို့တိသဘောရှိသော ပုဂ္ဂိုလ်သည်။
ဝိပန္နသီလော၊ ပေါ့ပျက်သော စတုပါရိသုဒ္ဓိသီလရှိ၏။
ဒုမ္မေဓော၊ သီလလေးအင်သုတ်သင် နိုင်ကြောင်းကောင်းသော သီလဝိသော ဓနပညာကင်း၏။
ပါကဋော၊ ပါပစာရီရှင်ဒုဿီဟု ထင်ရှား၏။
ကာမကာရိယော၊ သီလလေးချက်စောင့်စည်းပျက်သဖြင့် ရန်မက်လောဘ ဒေါသစသော ကိလေသာမာရ်တရံမဆိုင်း လိုတိုင်းနှိပ်စက်စိတ်ကိုဖျက်၏ ။
ဝိဗ္ဘန္တစိတ္ထော၊ ငါးပါးကာမဂုဏ်အာရုံတို့၌ တွေ့ကြုံတိုင်းလိုက် ခွေးလောက်ကိုက်သို့ သိုက်မြိုက် ခိုင်ကျည်ရပ်မတည်ဘဲ တလည်လည်လှည့်ပတ် ပျံ့လွင့်တတ်သော စိတ်ရှိ၏။
နိဿုက္ကော၊ ဖြူစင်သန့်ရှင်းကင်းသော ကုသိုလ် သဘောရှိ၏။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
ကာသာဝံ၊ ဖန်ရည်ဆိုးစွန်း ဝတ်သင်္ကန်းကို။
နအရဟတိ၊ မထိုက်။
ယော စပုဂ္ဂလော၊ အကြင်သို့ တိသဘောရှိသော ပုဂ္ဂိုလ်သည် ကား။
သီလေန၊ စတုပါရိသုဒ္ဓိသီလ လေးပါးနှင့် ။
သမ္ပန္နော၊ ကျိုးပြတ်ပေါက်ပျက်သက်သက်မထင်ထက်ဝန်းကျင်မှ ပြည့်စုံ၏။
ဝိတရာဂေါ၊ ကင်းသောဆန္ဒရာဂရှိ၏။
သမာဟိတော၊ တည်ကြည်ခိုင်ခဲ့သော စိတ်ရှိ၏။
ဩဒါတမနသင်္ကပ္ပေါ၊ အလွန်ဖြူလွင်သန့်ရှင်းစင်သော စိတ်အကြံအစည်ရှိ၏။
သော ပုဂ္ဂလော၊ ထိုသို့လျှင် တိသဘောရှိသော ပုဂ္ဂိုလ်သည်။
ဝေ၊ စင်စစ်။
ကာသာဝံ၊ ဖန်ရည်ဆိုးစွန်း ဝတ်သင်္ကန်းကို။
အရဟတိ၊ ထိုက်၏။
ယဿ ပုဂ္ဂလဿ၊ အကြင် ပုဂ္ဂိုလ်အား။
ဥဒ္ဓတော၊ ပျာပုံခဲကျ ထောင်းထောင်းထသို့ ရွရွမတည် မခိုင်ကျည်သော စိတ်ရှိ၏။
ဥန္နဠော၊ စိတ်နေမိုးလောက် ဖြိုးဖြိုးဆောက်လျက် မောက်မောက် မော်မော် ပွဲတိုင်းကျော်အောင် ထင်ပေါ်သော မာနရှိ၏။
သီလံ၊ စတုပါရိသုဒ္ဓိသီလ လေးပါးမျှလည်း။
နတ္ထိ၊ မရှိ။
တဿ ပုဂ္ဂလဿ၊ ထို ပုဂ္ဂိုလ်အား။
ဩဒါတကံ၊ အဝတ်ဖြူကို။
အရဟတိ၊ ထိုက်၏။
ကာသာဝံ၊ အရိယာတံခွန် ဖန်ရည်ဆိုးစွန်းဝတ်သင်္ကန်းသည်။
ကိံ ကရိဿတိ၊ အဘယ်မူပြုဘိ ဘယ်ကျိုးရှိလိမ့်နည်း။
အနာဂတေ၊ နောင်အခါ၌။
ဘိက္ခူစ၊ ရဟန်းယောင်္ကျားတို့သည်လည်းကောင်း။
ဘိက္ခုနိယောစ၊ ရဟန်းမိန်းမတို့သည်လည်းကောင်း။
ဒုဋ္ဌစိတ္တာ၊ ရာဂစသည် ဖျက်ဆီးသဖြင့် ပျက်စီးဆိုးကောင်းမကောင်းသော စိတ်ရှိကုန်သည်ဖြစ်၍။
အနာဒရာ၊ ဘုရားတရားငါးပါးသီတင်းသုံးတော်ခြင်းတို့၌ ကင်းသော ဂါရဝရှိကုန်သည်ဖြစ်၍။
မေတ္တာ စိတ္တာနံ၊ မေတ္တာဘာဝနာနှင့် ယှဉ်သော စိတ်ရှိကုန်သော။
တာဒီနံ၊ ဆိုးကောင်းလုံးစုံခြောက်အာရုံတို့၌ လှုပ်တုန်မရှိ ပကတိဖြင့်သာ တာဒိကျေးဇူးဂုဏ်အထူးနှင့် ပြည့်စုံသော အရိယာ သူတော်ကောင်းတို့ကို။
ပဏှိဿန္တိ၊ အရပ်ဝေးသို့ ပြေးစဉ်ထွက်အောင် နှိပ်စက်ညှဉ်းဆဲကုန်လိမ့်သတည်း။
ထေရေဟိ၊ မိမိဆရာ ဥပဇ္ဈာယ် ဖြစ်ကုန်သော မထေရ်ကြီးတို့သည်။
စီတရဓာရဏံ၊ သင်္ကန်းဝတ်ရုံခြင်းကို။
သိက္ခာပေန္တောဝိ၊ သို့ဝတ်သို့ရုံ သို့ခြုံသို့ တင်သွန်သင်ပြသဆုံးမပညတ် ကျင့်စေအပ်ကုန်သော်လည်း။
ဒုမ္မေဓာ၊ သီလလေးအင်သုတ်သင်နိုင်ကြောင်း ကောင်းသော သီလဝိသောဓနပညာကင်းကုန်သော။
ပါကဋာ၊ ပါပစာရီဒုဿီဒုဗ္ဗစ် ရှစ်ဆိုးညစ်ဟု ထင်ရှားကုန်သော။
ကာမကာရိယာ၊ သီလလေးချက် စောင့်စည်းပျက်သဖြင့် နှစ်သက်လိုတိုင်းမဆိုင်းမညှာပြုတတ်စွာကနု်သော ။
ဗာလာ၊ အကျိုးအကြောင်း ဆိုးကောင်းမသိပ ညာမျက်စိ မရှိစုံကမ်း အန္ဓ စင်စစ် ဆိုးညစ်မိုက်ခေါင် ရှင်မိုးမှောင်တို့သည်။
နသုဏိဿန္တိ၊ နားမထောင်ကုန်လတ္တံ့။
မဠုဂေါ၊ မြင်းယုတ် မြင်းဆိုးသား ရိုးဗွေပါမကောင်းစွာသော မြင်းသည်။
သာရထိံ၊ ဆုံးမတတ်စွာ မြင်းဆရာကို။
နာဒိယတိဝိယ၊ မယူမခံပေါက်ကုန်ခုန်ကပ်ပြုသကဲ့သို့။
တထာ၊ ထိုမြင်းယုတ်မြင်းဆိုး သားရိုးဗွေပါ မကောင်းစွာသော မြင်းသဘွယ်။
အညမညံ၊ အချင်းချင်း။
အဂါရဝါ၊ ရိုသေခြင်းကင်းကုန်သော။
အသိက္ခိတာ၊ ဆရာဥပဇ္ဈာယ်တို့နည်းနွယ် ပြသဆုံးမပါလျက် ဆိုခက်မိုက် ထိုင်းမြင်း နှယ်ရိုင်း၍ သင်တိုင်းမကျင့် တတ်ကုန်သော။
တေဗာလာ၊ ထိုအကျိုးအကြောင်းဆိုးကောင်း မသိပညာ မျက်စိ မရှိစုံကန်း မြင်နှယ်သွမ်းသော အန္ဓ စင်စစ်ဆိုးညစ်မိုက်ခေါင် ရှင်မိုးမှောင်တို့သည်။
ဥပဇ္ဈာယေ၊ ဆရာဥပဇ္ဈာယ်တို့ကို။
နာဒိယိဿန္တိ၊ ဆုံးမမခံနှုတ်လုံထိုးလျက် ကျိုးနွံရိုသေခြင်း ကင်းကြကုန်လတ္တံ့။
ဧဝံဣမိနာဝုတ္တပ္ပကာရေန၊ ဤသို့ ကောဓနာဂါတာအစ တေတထာဂါထာ အဆုံးအလုံးစုံပြဆိုအပ်ပြီးသော အပြားအားြဖင့်။
အနာဂတံ၊ မလာမရောက်သေး ရောက်လိမ့်ရောက်အံ့ရောလတ္တံ့သော။
အဒ္ဓါနံ၊ နောင်အခါ၌။
ပစ္ဆိမေ၊ နောက်ဖြစ်သော။
ကာလမှိ၊ သီလလေးဆူ မဖြူမစင် ပစ္စည်းခြင်၍ စာသင်စာရှုလေ့လာပြုသော သုတယုဂိကာလသည်။
ပတ္တေ၊ ရောက်လတ်သည်ရှိသော်။
ဘိက္ခူနဉ္စ၊ ရဟန်းယောင်္ကျားတို့၏လည်းကောင်။
ဘိက္ခုနီနဉ္စ၊ ရဟန်းမိန်းမတို့၏လည်းကောင်း။
ပဋိပတ္တိ၊ ဘောက်ပြန်နည်းလွတ် ယွင်းချွတ်ပျက်ပြားသော အကျင့်သည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
အာဝုသော၊ ငါ့ရှင်ဘုရားရဟန်းများတို့။
အနာဂတံ၊ ဖြစ်လိမ့်ဖြစ်အံ့ဖြစ်လတ္တံ့သော။
ဧတံမဟဗ္ဘယံ၊ ထိုသင်တို့အား ငါဟောကြားအပ်သော ပဋိပတ်အန္တရာယ်ဘေးကြီးကျယ်သည်။
ပုရာ၊ ရှေးမှ။
အာဂစ္ဆတေ၊ လာရောက်လတ္တံ့။
တုမှေ၊ ငါ့ရှင်ဘုရား ရဟန်းများတို့သည်။
သုဗ္ဗစာ၊ ခံ့သော စကားရှိကုန်သည်ဖြစ်၍ စကားကောင်းမြတ်ပြောဆိုတတ်သော ဆရာဥပဇ္ဈာယ်တို့၏ ဆုံးမပဲ့ပြင်သွန်သင်ရာရာ လိုလိုက်နာလျက် ရိုသေစွာ ခံယူတတ်ကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါကုန်လော။
သခိလာ၊ နှလုံးနူးညံ့ကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါကုန်လော။
အညမညံ၊ အချင်းချင်း။
သဂါရဝါ၊ ယမ်းပည်းညွတ်စင်းရိုသေခြင်းရှိကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါလော။
မေတ္တစိတ္တာ၊ သတ္တဝါအများကိုယ်မခြားအောင်စီးပွါးချမ်းသာ ဆောင်တတ်စွာသော မေတ္တာစိတ်ရှိကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါကုန်လော။
ကာရုဏိကာ၊ သူ၏ ဆင်းရဲပယ်ရှဲလိုစွာ လက္ခဏာ ရှိသာ သနားခြင်းကရုဏာနှင့် ပြည့်စုံကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါကုန်လော။
သီလေသု၊ စတုပါရိသုဒ္ဓိသီလတို့၌။
သံဝုတော၊ စောင့်ရှောက်ဥဿုံလုံခြုံကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါကုန်။
အာရဒ္ဓဝီရိယာ၊ အကုသိုလ်တရား ပယ်စွန့်ရှား၍ ကုသိုလ်တရားပွါးများမယုတ် တိုးမဆုတ်အားထုတ်သော လုံ့လရှိကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါကုန်။
ပဟိတတ္တာ၊ နိဗ္ဗာန်သို့ ညွတ်အောင် စေလွှတ်သော စိတ်ရှိကုန်သည်ဖြစ်၍။
နိစ္စံ၊ အခါမစဲ အမြဲမပြတ်။
ဒဠှပရက္ကမာ၊ မသွေမလှန် မြဲမြဲ ကြံ့ကြံ့ခိုင်ခံ့သော လုံ့လရှိကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါကုန်။
အာဝုသော၊ ငါ့ရှင်ဘုရားကိုယ်တော်များတို့။
ပမာဒံ၊ ဒုစ္စရိုက်သုံးစုံ ကာမဂုဏ်ငါးခုမကောင်းမှုတို့နှိုက် မပြုမကင်းမေ့လျော့ခြင်းကို။
ဘယတော၊ စည်းစိမ်ဥစ္စာချမ်းသာခပင်း ပျက်စီးခငျး၏ ကြောင်းရင်းမူလ ဖြစ်သောကြောင့် စင်စစ်သော ဘေးဥပါဒ် အားဖြင့်။
အပ္ပမာဒဉ္စ၊ သုစရိုက်သုံးဖြာ ဘာဝနာဖြင့် ဝိပသနာကမ္မဋ္ဌာန်းစီးဖြန်းမပေါ မမေ့လျော့ခြင်းကိုလည်း ။
ခေမတော၊ ဥပဒ်ကင်းကွာချမ်းသာအတိ အဘေးမရှိသော အားဖြင့် ။
ဒိသွာ၊ ပညာမျက်စီ ဟုတ်တိုင်းသိကုန်သည်ဖြစ်။
အမတံ၊ သေခြင်းကင်းသော။
ပဒံ၊ နိဗ္ဗာန်ကို။
ဖုသန္တာ၊ မျက်မှောက် ပြုကုန်သည်ဖြစ်၍။
အဋ္ဌင်္ဂိတံ၊ အပ္ပမာဒပဋိပတ်၏ အထွတ်အဖျားဖြစ်သော သီလသမာပညာလုံးရပ်သင်္ဂြိုလ်အြပ်၍ အင်္ဂါရှစ်ပါးရှိသော။
မဂ္ဂံ၊ အရိယာမဂ်ကို။
ဘာဝေထ၊ ပွါးများကြပါစေကုန်လော။
ဣတိ၊ ဤသို့။
ဖုဿထေရော၊ ဖုဿထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ဖုဿထေရဂါထာ အနက်ပြီး၏။