အယောနိအာယောနိသော၊ မသင့်သော အကြောင်ဖြင့်။
သုဒ္ဓိံ၊ သံသရာ၏ စင်ခြင်းဟု ဆိုအပ်သောဘဝသုံးပါးမှ ထွက်မြေခံရာကို။
အနွေသံဂဝေသန္တော၊ ရှာသည်ဖြစ်၍။
ဝနေ၊ တော၌။
အဂ္ဂိံ၊ မီးနတ်သားကို။
ပရိစရိံ၊ ဗေဒင်ကျမ်း၌ဆိုသော အစီအရင်ဖြင့်ပူဇော်ပြီ။
သုဒ္ဓိမဂ္ဂံ၊ နိဗ္ဗာန်အကြောင်းကို။
အဇာနန္တာ၊ မသိသည်ဖြစ်၍။
အတ္တကိလမထာနုယောဂံ၊ ငါးပါးသော ပူခြင်းစသော ကိုယ်၏ ပင်ပန်းခြင်းနှင့် ယှဉ်ခြင်းကို။
အမတံတမန္တိ၊ အမြိုက်နိဗ္ဗာန်ကို ရခြင်း၏ အကြောင်းဖြစ်သော အကျင့်ပင်တည်းဟု။
မညာယ၊ မှတ်ထင်သဖြင့်။
အကာသိပဋိပဇ္ဇိံ၊ ကျင့်ပြီ။
တံ သုခံ၊ ထိနိဗ္ဗာန်ချမ်းသာကို။
သုခေန၊ သမထဝိပဿနာချမ်းသာဟူသော အကျင့်ဖြင့်။
လဒ္ဓံ၊ အတ္တိကလမထာနုယောဂသို့ မကပ်မူ၍ ငါရအပ်ပြီ။
ဓမ္မံဓမ္မဿ၊ မြတ်စွာဘုရားအဆုံးအမတော်ဖြစ်သော။
သုဓမ္မတံ၊ မဘောက်မပြန် ဝဋ်မှ ထွက်မြောက်ကြောင်း ဓမ္မအဖြစ်ကို။
ပဿဇာနာတိ၊ သိလော။
တိဿော ဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။
အနုပ္ပတ္တာ၊ ရောက်အပ်ကုန်ပြီ။
ဗုဒ္ဓဿ၊ ဗြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော အကျင့်ကို။
ကတံကရဏီယံ၊ ပြုအပ်ပြီ။
ပုရေ၊ ဤအခါမှ ရှေး၌။
ဗြဟ္မဗန္ဓု၊ ဇာတိမျှကို စွဲ၍ ပုဏ္ဏားတို့၏ သမုတ်ခြင်းဖြင့် ဗြဟ္မဗန္ဓု မည်သည်။
အာသိံ၊ ဖြစ်၏။
ခေါ၊ စင်စစ်။
ဣဒါနိ၊ ယခုအခါ၌။
တေဝိဇ္ဇော၊ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော။
ဗြဟ္မဏော၊ မကောင်းမှုကို အပပြုပြီးသောကြောင့် အရဟတ္ထမဂ်ကို ရသဖြင့် ပရမတ္ထဗြဟ္မဏမည်သည်။
အမှိ၊ ဖြစ်ပြီ။
နှာတကောစ၊ ရှစ်ပါးမဂ္ဂင် မြှိုက်ရေစင်ဖြင့် ကောင်းစွာ ဆေးအပ်ပြီးသော ကိလေသာဟူသော အညစ်အကြေးရှိသော ပရမတ္ထအားဖြင့် ရေချိုးတတ်သော သူမည်သည်။
အမှိ၊ ဖြစ်ပြီ။
ဣဒါနိ၊ ယခုအခါ၌။
သောတ္ထိယောနာမ၊ ကောင်းစွာဘဝ၌ သာယာတတ်သော တရားမှ လွတ်၍ ဈာန်ချမ်းသာဖြင့် ချမ်းသာခြင်းရှိသော သူမည်သည်။
အမှိ၊ ဖြစ်ပြီ။
ဣဒါနိ၊ ယခုအခါ၌။
ဝေဒဂု၊ မဂ်ဉာဏ်ြဖင့် သံသရာတည်းဟူသော ကြီးစွာသော ဩဃမှဝေဒဟု ဆိုအပ်သော သစ္စာလေးပါးတရား၏ အဆုံးကို သိသောကြောင့် ပရမတ္ထအားဖြင့် ဝေဒဂူမည်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
အင်္ဂဏိကဘာရဒွါဇောထေရော၊ အင်္ဂဏိက ဘာရဒွါဇ ထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာ သုံးခုအပေါင်းကို ။
အဘာသိတ္ထ၊ ဆိုပြီ။
အင်္ဂဏိကဘာရဒွါဇထေရဂါထာ အနက်ပြီး၏။
အဟံ၊ ငါသည်။
ပဗ္ဗဇိတော၊ ရဟန်းပြုသည် ဖြစ်၍။
ပဉ္စာဟေ၊ ရဟန်းပြုသော နေ့မှ င့ါးရက်မြောက်အတွင်း၌ ။
အပ္ပတ္တမာနသော၊ အရဟတ္တဖိုလ်သို့ မရောက်သေးသည်ဖြစ်၍။
သေခေါ၊ အဓိသီလစသည်တို့ကို ကျင့်ဆဲသာဖြစ်သေး၏။
ဝိဟာရံ၊ ကျောင်းသို့။
ပဝိဋ္ဌဿ၊ ဝင်သော။
မေ၊ ငါ့အား။
စေတသော၊ စိတ်၏။
ပဏိမိ၊ တောင့်တခြင်းသည်။
အဟု၊ ဖြစ်ပြီ။
အဟံ၊ ငါသည်။
ဝိဟာရတော၊ ကျောင်းမှ။
ယာပ၊ အကြင်မျှလောက်။
နနိက္ခမေ၊ မထွက်သေး။
တာဝ၊ ထိုမျှလောက်။
နာသိဿံ၊ အလုံးစုံသော ဘောဇဉ်ကို မသုံးဆောင်အံ့။
နပိဝိဿာမိ၊ ခပ်သိမ်းသော သောက်အပ်သမျှသော ဝတ္ထုကို မသောက်အံ့။
တဏှာသလ္လေ၊ တဏှာဟူသော ငြောင့်ကို။
အနူဟတေ၊ ငါ့နှလုံး၌ တည်သည် မနှုတ်မဖြတ်သေး။
တာဝ၊ ထိုမျှလောက်။
ပဿံ၊ နံပါးနှစ်ဘက်တို့တွင် တခုသော နံပါးမှ ကိုယ်၏ ညောင်းညာခြင်းကို ငယ်ခြင်း ငှါ တဘက်သော နံပါးသို့။
နာပိနိပါတေဿံ၊ မပြောင်းမချအံ့။
ဧဝံ၊ ဤသို့ ဆိုအပ်လဲ့ပြီးသော နည်းဖြင့်။
ဝိဟရတော ဝိဟရန္တဿ၊ နေသော။
တဿမေ၊ ထိုငါ၏။
ဝီရိယပရက္ကမံ၊ လုံ့လကို လွန်စွာအားထုတ်ခြင်းကို။
ပဿ၊ ရှုလော။
မယာ၊ ငါသည်။
တိဿော ဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။
အနုပ္ပတ္တာ အဓိဂတာ၊ ရအပ်ကုန်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမဖြစ်သော အကျင့်ကို။
ကတံကရဏီယံ၊ ပြုအပ်ပြီ။
ဣတိ၊ ဤသို့။
ပစ္စယောထေရော၊ ပစ္စယထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာ သုံးခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြိ။
ပစ္စယထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ င့ါရှင်တို့။
ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။
ပုဗ္ဗေ၊ ရှေးအိုခြင်းနာခြင်းစသည်မနှိပ်စက်မှီကာလ၌။
ကရဏီယာနိ၊ ပြုအပ်ကုန်သော အမှုတို့ကို။
ပမာဒေဝသေန၊ မေ့လျော့သည် အစွမ်းဖြင့်။
အကတွာ၊ မပြုမိသောကြောင့် ပစ္ဆာသော ပြုအပ်သော လာလကို လွန်ပြီးသော နောက်အခါမှ။
ကာတုံ၊ ပြုခြင်းငှါ။
ဣစ္ဆတိ၊ အလိုရှိ၏။
တဒါ၊ ထိုအခါ၌။
နသက္ကောတိ၊ ဇရာမရဏ စသည်တို့သည် နှိပ်စက်သောကြောင့် ပြုခြင်းငှါ မတတ်နိုင်။
သောပုဂ္ဂလော၊ သို့ မစွမ်းနိုင်သော ပုဂ္ဂိုလ်သည်။
သုခါဋ္ဌာနာ၊ နာရွာနိဗ္ဗာန်အကြောင်းမှ။
ဓံသတေဓံသန္တောပရိဟာယန္တော၊ ယုတ်ခဲ့ရကား။
ပစ္ဆာ၊ နောက်၌။
အနူတပ္ပတိ၊ ကောင်းမှုကို ငါမပြုမိဟူ၍ နှလုံးမသာယာခြင်းသို့ ရောက်၏။
ဟိသစ္စံ၊ မှန်၏။
ယံကမ္မံ၊ အကြင်အမှုကို။
ကယိရာ၊ ပြုရာ၏။
တံဟိတံဧဝ၊ ထိုအမှုကိုသာလျှင်။
ဝဒေ၊ ဆိုရာ၏။
ယံ၊ အကြင်အမှုကို။
နကယိရာ၊ မပြုရာ။
တံ၊ ထိုအမှုကို။
နဝဒေ၊ ပြုလောဟု မဆိုရာ။
အကရောန္တံ၊ မပြုသော သူကို။
ဘာသမာနံဘာသနာနာ၊ ဆိုကုန်သော။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
အယံ၊ ဤသူကား။
ဧတ္တကော၊ ဤမျှသာပြုစွမ်းနိုင်၏။
ဣတိ၊ ဤသို့။
ပရိဇာနန္တိ၊ ပိုင်းခြား၍ သိကုန်၏။
သမ္မသမ္ဗုဒ္ဓဒေသိတံ၊ မြတ်စွာဘုရားသည် ဟောတော်မူအပ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
သုသုခံဝတ၊ အလွန်ချမ်းသာစွတကား။
အသောကံ၊ စိုးရိမ်ခြင်းမှ ကင်းစွတကား။
ဝိရဇံ၊ ရာဂစသော မြူမှ ကင်းစွတကား။
ခေမံ၊ ဘေးအပေါင်းမှ ကင်းစွတကား။
ယတ္ထ၊ အကြင်နိဗ္ဗာန်၌။
ဒုက္ခံ၊ ဆင်းရဲအပေါင်းသည်။
ဝိရုဇ္ဈတိ၊ ချုပ်၏။
ဣတိ၊ ဤသို့။
ဗာကုသလေရော၊ ဗာကုသလထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာ သုံးခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဗာကုသထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ င့ါရှင်တို့။
သုခံ၊ ချမ်းသာစွာ။
ဇီဝိတုံ၊ အသက်ရှင်ခြင်းငှါ။
စေဣစ္ဆေယျ၊ အကယ်၍အလိုရှိငြားအံ့။
ဧဝံ၊ ဤသို့ အလိုရှိသည်ရှိသော်။
သာမညသ္မိံ၊ ရဟန်းအဖြစ်၌။
အပေက္ခဝါ၊ ထက်သော ရိုသေခြင်းဖြင့် ငဲ့ကွက်ခြင်းရှိသည်လည်း။
ဘဝေယျ၊ ဖြစ်ရာ၏။
သံဃိကံ၊ သံဃာ၏ ဥစ္စာဖြစ်သော။
စီဝရပါနဘောဇနံ၊ သင်္ကန်းအဖျော်ဘောဇဉ်ကို။
နတိမညေယျ၊ မထီမဲ့မြင် မပြုရာ။
အာဝုသော၊ င့ါရှင်တို့။
သာမညသ္မိံ၊ ရဟန်းအဖြစ်၌။
အပေက္ခဝါ၊ ထက်သော ရိုသေခြင်းဖြင့် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍။
သုခံ၊ ချမ်းသာစွာ။
ဇီဝိတုံ၊ အသက်ရှင်ခြင်းငျွ။
စေဣစ္ဆေယျ၊ အကယ်၍ အလိုရှိငြားအံ့။
ဧဝံ၊ ဤသို့ အလိုရှိသည်ရှိသော်။
အဟိ၊ မြွေသည်။
မူသိကသောမ္ဘံ၊ ကြွက်တူးသော တွင်းကို။
သေဝတိဣဝ၊ မှီဝဲသကဲ့သို့။
သယနာသနံ၊ ရဟန်းသံဃာတို့၏ ကျောင်းအိပ်ရာနေရာကို။
သေဝေထ၊ မှီဝဲရာ၏။
အာဝုသော၊ ငါ့ရှင်တို့။
သာမညသ္မိံ၊ ရဟန်းအဖြစ်၌။
အပေက္ခဝါ၊ ထက်သော ရိုသေခြင်းဖြင့် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍။
သုခံ၊ ချမ်းသာစွာ။
ဇီဝိတုံ၊ အသက်ရှင်ခြင်းငှါ။
စေဣစ္ဆေယျ၊ အကယ်၍ အလိုရှိငြားအံ့။
ဧဝံ၊ ဤသို့ အလိုရှိသည်ရှိသော်။
ဣတရီတရေန၊ ယုတ်ယုတ်မြတ်မြတ်ရအပ်သမျှသော ပစ္စည်းဖြင့် ။
တုဿေယျ၊ ရောင့်ရဲရာ၏။
ဧကဓမ္မံ၊ တခုသော အပ္ပမာဒတရားကို သာလျှင်။
ဘာဝေယျ၊ ပွါးစေရာ၏။
ဣတိ၊ ဤသို့။
ဓနိယောထေရော၊ ဓနိယထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဓနိယထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။
အတိသီတံ၊ အလွန်ချမ်းသေးသည်။
အဟု၊ ဖြစ်၏။
အတိဥဏှံ၊ အလွန်ပူသေးသည်။
အမှိ၊ ဖြစ်၏။
ဣဒံ၊ ဤကာလကား။
အတိသာယံ၊ အလွန်ညချမ်းသောအခါသည်။
အဟု၊ ဖြစ်၏။
ဣတိဣမိနာ ပကာရေန၊ ဤသို့သော အပြားဖြင့်။
ဝိဿဋ္ဌကမ္မန္တေ၊ စွန့်အပ်သော အမှုပြုခြင်းရှိကုန်သော။
မာဏဝေ၊ သတ္တဝါတို့ကို။
ခဏာ၊ ပုဒ္ဓုပ္ပါဒစသောခဏတို့ သည်။
အစ္စေန္တိ အဘိက္ကမန္တိ၊ လွန်ကုန်၏။
ယောစ၊ အကြင်သူသည်လည်း။
သီတဉ္စ၊ ချမ်းသောအခါကိုလည်းကောင်း။
ဥဏှဉ္စ၊ ပူသောအခါကို လည်းကောင်း။
တိဏာ၊ မြက်ထက်။
ဘိယျော၊ အလွန်။
နမညတိ၊ မအောင်းမေ့။
တိဏံဝိယ၊ မြက်ကဲ့သို့သော။
မညတ်၊ အောက်မေ့၏။
ပုရိသကိစ္စာနိ၊ လုံ့လကြိုးကုတ်အားထုတ်သော ယောင်္ကျားသည် ပြုအပ်သော အမှုတို့ကို။
ကရံကရောန္တော၊ ပြုသော။
သောပုရိသော၊ ထိုယောင်္ကျားသည်။
သုခါ၊ နိဗ္ဗာန်ချမ်းသာမှ။
နဝိဟာယတိ၊ မယုတ်။
အာဝုသော၊ ငါ့ရှင်တို့။
အဟံ၊ ငါသည်။
ဒဗ္ဗံ၊ မြေဇာမြက်ကိုလည်းကောင်း။
ကုသံ၊ သမန်းမြက်ကိုလည်းကောင်း။
ပေါဋကိလံ၊ ဆူးရှိသောချုံကိုလည်းကောင်း။
ဥသိရံ၊ ပန်းရင်းကိုလည်းကောင်း။
မုဉ္ဇ၊ ဖြူဆန်မြက်ကိုလည်းကောင်း။
ပဗ္ဗဇံ၊ ပြိတ်မြက်ကို လည်းကောင်း။
ဝိဝေကံ၊ ကာယဝိဝေကစိတ္တဝိဝေကဥပဓိဝိဝေကကို။
အနူဗြူဟယံအနူဗြူဟယန္တော၊ ပွါးစေလိုသောကြောင့်။
ဥရသာ၊ ရင်ဖြင့်။
မနုဒဟိဿာမိ၊ ပယ်တွန်းလျက်သွားလေအံ့။
ဣတိ၊ ဤသို့။
မာတင်္ဂပုတ္တောထေရော၊ မာတင်္ဂပုတ္တထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
မာတင်္ဂပုတ္ထထေရဂါထာ အနက်ပြီး၏။
စိတ္တကထီ၊ အကျဉ်းအကျယ် စသည်ဖြင့် ယုံမှားသင်္ကာကို ဖျောက်စေတတ်သော ဆန်းကြယ်သော တရားစကားကို ဟောတတ်ကုန်သော။
ပါဋလိပုတ္တဝါသိနော၊ ပါဋလိပုတ်ပြည်၌ နေလေ့ရှိကုန်ထသော။
ဗဟုဿုတာ၊ များသော အကြားအမြင် ရှိကုန်ထသော။
ယေသမဏာ၊ အကြင်ရဟန်းတို့သည်။
သန္တိ၊ ရှိကုန်၏။
တေသံ၊ ထိုများသော အကြားအမြင်ရှိသော ရဟန်းတို့တွင်။
အယံ၊ ဤခုဇ္ဇသောဘိတရဟန်းသည်။
အာယုဝါ၊ ရှည်သော အသက်ရှိသော။
အညတရောဧကော၊ တယောက်သော မထေရ်ပင်တည်း။
ခုဇ္ဇသောဘိတော၊ ခုဇ္ဇသောဘိတ အမည်ရှိသော။
အာယုဝါ၊ ရှည်သော အသက်ရှိသော။
သောထေရော၊ ထိုမထေရ်သည်။
ဒွါရေ၊ စရည်းပင်ရောက်ရာဖြစ်သော လိုဏ်တံခါး၌။
တိဋ္ဌတိ၊ သံဃာ့အလိုအားလျော်စွာဝင်အံ့ ဟုရပ်၏။
ပါဋလိပုတ္တဝါသိနော၊ ပါဋလိပုတ်ပြည်၌ နေလေ့ရှီကုန်ထသော။
စိတ္တကထီ၊ အကျဉ်းအကျယ်စသည်ဖြင့် ယုံမှားသင်္ကာကို ဖျော်စေတတ်သော ဆန်းကျယ်သော တရားစကားကို ဟောတတ်ကုန်ထသော။
ဗဟုဿုတာ၊ များသော အကြားအမြင် ရှိကုန်ထသော။
ယေသမဏာ၊ အကြင်ရဟန်းတို့သည်။
သန္တိ၊ ရှိကုန်၏။
တေသံ၊ ထိုများသော အကြားအမြင်ရှိသော ရဟန်းတို့တွင်။
အယံ၊ ဤခုဇ္ဇသောဘိတရဟန်းသည်။
အာယုဝါ၊ ရှည်သော အသက်ရှိသော။
အညတရောဧကော၊ တယောက်သော မထေရ်ပင်တည်း။
မာလုတေရိတော၊ တန်ခိုးအစွမ်းဖြင့် လာသော။
သောထေရော၊ ထိုခုဇ္ဇသောဘိကထေရ်သည်။
ဒွါရေ၊ စရည်းပင်ရောက်ရာ လိုဏ်တံခါး၌။
တိဋ္ဌတိ၊ သံဃာအလိုအားလျော်စွာ ဝင်အံ့ဟု ရပ်၏။
အာဝုသော၊ င့ါရှင်တို့။
သုယုဒ္ဓေန၊ ရှေးအဖို့၌ တဒင်္ဂပဟာန်ဝိက္ခမ္ဘနပဟာန်၏ အစွမ်းအားဖြင့် ကိလေသာတို့ကို ကောင်းစွာ ထိုးပြစ်ခြင်းရှိထသော။
သုယိဋ္ဌေန၊ အဆွေခင်ပွန်းကောင်းတို့သည် ရံခါရံခါပေးအပ်သော လျောက်ပတ်သော ဓမ္မဒါန ရှိထသော။
သင်္ဂါမဝိဇယေန၊ သမုစ္ဆေဒပဟာန်ဖြင့် အလုံးစုံသော ကိလေသာမာန်အဘိသင်္ခါရမာန်တို့ကို နှိပ်နင်းသဖြင့် အောင်ပြီးသော စစ်မြေအရပ်ရှိထသော။
ဗြဟ္မစရိယာနူစိဏ္ဏေန၊ အရဟတ္တမဂ်တည်းဟူသော မြတ်သော အကျင့်ဖြင့် ကျင့်သော သီတင်းရှိထသော။
ဧဝံဝုတ္တပ္ပကာရေန၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော အပြားဖြင့်။
အယံ၊ ဤခုဇ္ဇဘောသိတမထေရ်သည်။
သုခံ၊ ချမ်းသာကို။
မေဓတိအနုဘဝတိ၊ ခံစား၏။
ဣတိ၊ ဤသို့။
ခုဇ္ဇသာဘိတောထေရော၊ ခုဇ္ဇသောတိသထေရ်သည်။
ဣမံဂါထတ္တသံ၊ ဤဂါထာသုံးခုတိ့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ခုဇ္ဇသောဘိတထေရဂါထာ အနက်ပြီး၏။
ဣဓ၊ ဤလောက၌။
ယောကောစိ၊ အမှတ်မရှိသော မင်းပုဏ္ဏားစသော သူလည်း။
မနုဿေသု၊ လူတို့၌ ။
ပရပါဏာနိ၊ တပါးသော သတ္တဝါတို့ကို။
ဟိံသတိ၊ ညှဉ်းဆဲတတ်၏။
သောနရော၊ ထိုသူသည်။
အသ္မာလောကော၊ ဤပစ္စုပ္ပန်လောကမှ လည်းကောင်း။
ပရမှာလောကာစ၊ တမလွန်လောကမှ လည်းကောင်း။
ဥဘယာ၊ နှစ်ပါးသော လောက၌ အကျွမ်းဝင်သော စီးပွါးချမ်းသာမှ။
ဓံသတေ၊ ယုတ်၏။
ယောစကောစိ၊ အမှတ်မရှိသော မင်း ပုဏ္ဏားစသော သူသည်။
မေတ္တနစိတ္တေန၊ ချစ်ခြင်းဟု ဆိုအပ်သော မေတ္တာစိတ်ဖြင့်။
သဗ္ဗေပါဏာ၊ ခပ်သိမ်းသော သတ္တဝါတို့ကို။
အနုကမ္ပတိ၊ သနားစောင့်ရှောက်တတ်၏။
တာဒိသကော၊ ထိုသို့ သဘောရှိသော။
သောနရော၊ ထိုသူသည်။
ဗဟုံ၊ များစွာသော။
ပုညံ၊ ကုသိုလ်တရားကို။
ပသဝတိ၊ ပွါးစေသည်မည်၏။
သုဘာသိတဿ၊ အလိုနည်းခြင်း စသော အပြားရှိသော ကောင်းစွာဟောအပ်သော ပရိယတ္တိဓမ္မကို။
သိက္ခေထ၊ သင်ခြင်းနာခြင်းဆောင်ခြင်းမေးမြန်းခြင်း စသည်၏ အစွမ်းဖြင့် သင်ရာ၏။
သမနူပါသနဿစ၊ ကိလေသာကို ငြိမ်းစေပြီးသော ရဟန်းကောင်းအဆွေခင်ပွန်းဖြစ်သော ဒါယကာတို့သို့။
ဥပသင်္ကမိတွာ၊ ရံခါရံခါ ဆည်းကပ်၍။
တေသံ၊ ထိုမကောင်းမှုကို ငြိမ်းစေပြီးသော ရဟန်းအဆွေခင်ပွန်းကောင်းဖြစ်သော ဒါယကာတို့၏။
ပဋိပတ္တိယာ၊ အကျင့်ဖြင့်။
သိက္ခေထ၊ အနီး၌ အကျင့်ကို သင်ရာ၏။
ဧကာသနဿစ၊ တယောက်အထည်း တည်းနေ၍ ကာယဝိဝေကပွါးစေသော သူ၏။
ရဟော၊ ဆိတ်ငြိမ်ရာအရပ်၌။
နိသဇ္ဇံ၊ ကမ္မဋ္ဌာန်းနှင့် ယှဉ်သည်၏ အစွမ်းအားဖြင့် နေခြင်းကို။
သိက္ခေထ၊ ကျင့်ရာ၏။
စိတ္တဝူပသမသ စ၊ သမုစ္ဆေဒပဟာန်အစွမ်းအားဖြင့် ကိလေသာတို့မှ စိတ်၏ ငြိမ်ခြင်းကိုလည်း။
သိက္ခေထ၊ ကျင့်ရာ၏။
ဣတိ၊ ဤသို့။
ဝါရဏတ္ထေရော၊ ဝါရဏထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဝါရဏထေရဂါထာ အနက်ပြီး၏။
သဒ္ဓေါ၊ ကံကံ၏ အကျိုးကို ယုံကြည်ခြင်း ရတနာသုံးပါး၌ ကြည်ညိုခြင်းနှင့် ပြည့်စုံသော။
မေဓာဝီ၊ ကမ္မဿကတဉာဏ်စသည်နှင့်ယှဉ်သော ပညာရှိသော။
ဓမ္မဋ္ဌော၊ မြတ်စွဘုရားအဆုံးအမဖြစ်သော ကိုးပါးသော လောကုတ္တရာတရား၌တည်သော။
သီလသမ္ပန္နော၊ အာစာရသီလမဂ်ဖိုလ်သီလနှင့် ပြည့်စုံသော။
သော၊ ထိုသူသည်။
ဧကောပိ၊ တယောက်တည်းပင်ဖြစ်သော်လည်း။
ဣဓ၊ ဤကာလ၌။
အသဒ္ဓါနံ၊ သဒ္ဓါတရားကင်းကုန်သော။
ဉာတီနဉ္စ၊ မိမိနှင့် မိတ်ဆွေ အမျိုးအားဖြင့် စပ်ကုန်သော သူတို့၏လည်းကောင်း။
ဗန္ဓုနဉ္စ၊ ထိုသို့ စပ်သဖြင့် ချစ်ကျွမ်းဝင်သော အဆွေခင်ပွန်းတို့၏ လည်းကောင်း။
အတ္ထာယ၊ အကျိုးစီးပွါးများမြတ်ခြင်းငှါ။
ဟောတိ၊ ဖြစ်၏။
အနုကမ္မာယ၊ အကျိုးစီးပွါးကို စောင့်ရှောက်သနားခြင်းဖြင့်။
နိဂ္ဂယှ၊ ဆင်းရဲသူဟူ၍ ကုသိုလ်ကို မပြုချေသော် နောင်အခါတဘန်ဆင်းရဲခြင်းကို ခံရလတ္တံ့ ဟူသော စကားဖြင့် နှိပ်၍။
မယာ၊ ငါသည်။
ဉာတယော၊ ဆွေမျိုးတို့ကို။
စောဒိတာ၊ တိုက်တွန်းနှိုးဆော်အပ်ကုန်ပြီ။
တေဉာတယော၊ ထိုဆွေမျိုးတို့သည်။
ဉာတိဗန္ဓဝပေမေန၊ ဤသူကား ငါတို့အဆွေအမျိုး ငါတို့နှင့် ချစ်ကျွမ်းဝင်သော ဆွေခင်ပွန်းတည်းဟု အဆွေအမျိုးဟူသောချစ်ခြင်း အဆွေခင်ပွန်းဟူသော အချစ်ခြင်းဖြင့်။
မမ၊ ငါ၏။
ဩဝါဒံ၊ အဆုံးအမကို။
အတိက္ကမိတုံ၊ လွန်ခြင်းငှါ။
အသက္ကောန္တာ၊ မတတ်နိုင်ကုန်သည်ဖြစ်၍။
ဘိက္ခူသု၊ ရဟန်းတို့၌။
ကာရံ၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ သင်္ကန်းစသော ပစ္စည်းတို့ကို လှူခြင်းလုပ်ကျွေးခြင်းဖြင့် အရိုအသေကို။
ကတွာ၊ ပြုကုန်သောကြောင့်။
မယှံ၊ ငါ၏။
တေ၊ ထိုအဆွေအမျိုး အဆွေခင်ပွန်းတို့သည်။
ကာလင်္ကတာ၊ သေကုန်သည်ဖြစ်၍။
အဗ္ဘတီတာ၊ ဤလူ့ဘုံကို လွန်ကုန်၏။
မယှံ၊ ငါ၏။
သာမာတာစ၊ ထိုအမိသည်လည်းကောင်း။
တေဘာတရောစ၊ ထိုညီအစ်ကို တို့သည်လည်းကောင်း။
သုခံ၊ နတ်ပြည်၌ အကျုံးဝင်သော ချမ်းသာဟု ဆိုအပ်သော။
တိဒိဝံ၊ တာဝတိံသာနတ်ပြည်သို့ ။
ပတ္တာ၊ ရောက်ကုန်၏။
တေ၊ ထိုင့ါ၏ အမိအစ်ကို ညီတို့သည်။
ကာမကာမိနော၊ မိမိတို့အလိုရှိအပ်သော ဝတ္ထုကာမတို့နှင့် ပြည့်စုံကုန်သည်ဖြစ်၍။
မောဒန္တိ၊ မွေ့လျော်စံပျော်ရကုန်၏။
ဣတိ၊ ဤသို့။
ဝဿိကတ္ထေရော၊ ဝဿိကထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဝဿိကထေရဂါထာ အနက်ပြီး၏။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံဘိက္ခု၊ ဤရဟန်းကား။
ကာလပင်္ဂသင်္ကာသော၊ အသားတို့၏ ပွါးခြင်းမှ ကင်းသဖြင့် ကြုံသော မကောင်းသော ဘဏ္ဍာန်ရှိသော ကိုယ်အစုရှိသော ကြောင့်ရှိုင်းသော ကိုယ်အသားအရေအစိတ်ရှိ၏။
အန္နပါနမှိ၊ ထမင်းအဖျော်၌။
အတ္တညု၊ အတိုင်းရှည်ကို သိသည်ဖြစ်၍။
ကိသော၊ ကြုံသော ကိုယ်လည်းရှိ၏။
ဓမနိသန္ထတော၊ အကြောပြိုင်းပြိုင်းထသော ကိုယ်တည်းရှိ၏။
သောနရော၊ ထိုယောင်္ကျားဟု ဆိုအပ်သော ရဟန်းသည်။
အဒိနမသော၊ ပျင်ခင်း အစရှိသည်တို့ မနှိပ်စက်အပ်သောကြောင့် မတွန့်တိုသော စိတ်လည်းရှိ၏။
သံဂါမသီသေ၊ စစ်ဦး၌။
နာဂေါ၊ ဆင်ပြောင်သည်။
အဓိပါသေတွာ၊ သန်လျက်လှံခက်ရင်း စသည်တို့ဖြင့် ပုတ်ခတ်ခြင်း ကိုလည်းခံ၍။
ဝိမံသေတိ ယထာ၊ သူတပါး စသည်ကို ဖျက်ဆီးသကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
ဘိက္ခု၊ ရဟန်းသည်။
ဗြဟာဝနေ၊ ကြီးစွာသော တော၌တည်သော။
အရညသ္မိံ၊ တောကျောင်း၌။
ဍံသေဟိစ၊ ခြင်တို့ဖြင့် လည်းကောင်း။
မကသေဟိစ၊ မှတ်တို့ဖြင့်လည်းကောင်း။
ဖုဋ္ဌော၊ တွေ့အပ်သော ကိုက်ခဲခြင်းကို။
သတော၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍။
သမ္ပဇာနော၊ အဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။
တတြ၊ ထိုခြင်မှတ် စသည်တို့၏ ကိုက်ခဲခြင်း စသော အတွေ့၌။
အဓိဝါသယေ၊ သည်းခံရာ၏။
အဓိဝါသေတွာ၊ သည်းခံပြီး၍။
ဝိဓမေယျ၊ ဘာဝနာ ၏ အစွမ်းအားဖြင့် မာရ်၏ အားကို ဖျက်ဆီးရာ၏။
ဗြဟ္မာ၊ ဗြဟ္မာမင်းသည်။
ဧကော၊ တယောက်အထည်းတည်း။
ဈာနသုခေန၊ ဈာန်၏ ချမ်းသာခြင်း။
သုခိတော၊ ချမ်းသာစွာ။
ဝိတုရတိယထာ၊ နေသကဲ့သို့။
တထာ၊ ထို့အတူ။
ဘိက္ခူပိ၊ ရဟန်းသည်လည်း။
ဧကော၊ တယောက်တည်းလည်း။
ဗြူဟန္တော၊ ဝိဝေကသုခကို ပွါးစေလျက်။
သုခံ၊ ချမ်းသာစွာ။
ဝိဟရတိ၊ နေ၏။
ဒေဝါ၊ နတ်သည်။
ဒုဝေ၊ နှစ်ယောက်နှစ်ယောက် အစုံနေရာ၌။
စိတ္တပ္ပကောဓေါပိ၊ အကြားအကြား၌ စိတ်၏ မျက်ထွက်ခြင်းသည်လည်း။
သိယာယထာ၊ ဖြစ်ရာသကဲ့သို့။
တထာ၊ ထိုအတူ။
ဒုဝေ၊ ရဟန်းနှစ်ယောက်တို့နှင့်တကွ နက်နေရာ၌။
ဃဋ္ဋေန္တောပိ၊ တယောက်သည် တယောက်အား ထိခိုက်သောအားဖြင့် အမျက်ထွက်ခြင်းသည်လည်း။
ဘဝေယျ၊ ဖြစ်ရာ၏။
ဂါမော၊ ရွာ၌ နေသောသူသည်။
တယော၊ သုံးယောက်သော သူနှင့်တကွနေခြင်းသည်။
ဝိဝေကဝါသော၊ ဆိတ်ငြိမ်သော နေခြင်းသည်။
နဟောတိယထာ၊ မဖြစ်သကဲ့သို့ လည်းကောင်း။
တိဏ္ဏံဘိက္ခူနံ၊ သုံးယောက်သော ရဟန်းတို့၏။
ဝါသော၊ တကွနက်နေခြင်းသည်။
ဝိဝေကော၊ ရွာ၌နေသော သူတို့နှင့်တူသောကြောင့် ဆိတ်ငြိမ်ခြင်းမည်သည်။
နဟောတိ၊ မဖြစ်။
တတုတ္တရိ၊ ထိုသုံးယောက်ထက် အလွန်များစွာသော သူတို့နှင့် နေမူကား။
ကောလာဟလံ၊ များသော သူတို့၏ အစည်းအဝေး၌ ကျယ်သော ကြီးသော အသံဖြင့် အုတ်အုတ်ကျက်ကျက်သည်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
ဧကာဝိဟာရိနာ၊ တယောက်အတည်းတည်းနေလေ့ရှိသည်။
ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။
ဣတိ၊ ဤသို့။
ယသောဇတ္ထေရော၊ ယသောဇထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခု တို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ယသောဇထေရဂါထာ အနက်ပြီး၏။
ဥပါသကာ၊ ဥပါသကာ။
တုယှံ၊ သင်အား။
ပုရေ၊ ရှေးအခါ၌။
သဒ္ဓါ၊ ငါ၌ အရှင်ကား တရားကို ကျင့်၏ တရားနှင့် ညီညွတ်သော အကျင့်ရှိ၏ဟု သဒ္ဓါခြင်းရှိသည်။
အဟုအဟောသိ၊ ဖြစ်၏။
သာ၊ ထိုငါ၌ သဒ္ဓါခြင်းသည်။
တေဘဝ၊ သင်အား။
အဇ္ဇ၊ ယခုအခါ၌။
နဝိဇ္ဇတိ၊ မရှိ။
တုယှံ၊ သင်၏။
ယံပစ္စယံ၊ အကြင် ပစ္စည်းလေးပါးသည်။
ဟောတိ၊ ဖြစ်၏။
ဧတံ၊ ဤပစ္စည်းလေးပါးသည်။
တုယှမေဝ၊ သင်ဒါယကာ အားသာလျှင်။
ဟောတု၊ ဖြစ်လေလော။
တေန၊ ထိုသင်၏ ပစ္စည်းဖြင့်။
မယှံ၊ ငါ့အား။
နအတ္ထော၊ အလိုမရှိ။
မမ၊ ငါ့အား။
ဒုစ္စရိတံ၊ မကောင်းသော အကျင့်သည်။
နတ္ထိ၊ မဂ်ဖြင့် ပယ်ပြီးသောကြောင့် မရှိ။
သဒ္ဓါ၊ ပုထုဇဉ်တို့၏ သဒ္ဓါသည်။
အနိစ္စာ၊ မမြဲသည်။
ဟိယသ္မာ၊ အကြင်ကြောင့်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
စပလာ၊ ဖွဲ့စု၌ စိုက်သော တံသင်းကဲ့သို့ မမြဲတုန်လှုပ်လျှပ်ပေါ်၏။
ဧဝံဘူတာ၊ ဤသို့ ဖြစ်သော။
သာသဒ္ဓါ၊ ထိုမမြဲသော သဒ္ဓါခြင်းကို။
မယာ၊ ငါသည်။
ဒိဋ္ဌာ၊ ဆင်ခြင်သဖြင့် မြင်အပ်ပြီ။
ဧဝံ၊ ဤသို့။
တဿ၊ ထိုပုထုဇဉ်တို့၌ ဖြစ်သော သဒ္ဓါတရား၏။
အနဝဋ္ဌိတတ္တာဧဝ၊ မတည်တန့်သောကြောင့် သာလျှင်။
ကဒါစိ၊ ရံခါ။
ရဇ္ဇန္တိ၊ အဆွေခင်ပွန်းဖွဲ့သည်၏ အစွမ်းဖြင့် ချစ်ခြင်းကို ပြုတတ်ကုန်၏။
ကဒါစိ၊ ရံခါ။
ဝိရဇ္ဇန္တိပိ၊ တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်ကုန်၏။
တတ္ထ၊ ထိုပုထုဇဉ်တို့ တပ်ခြင်းရှိသည် မရှိသည်၌။
မုနိ၊ ရဟန်းသည်။
ကိံဇိယတေ၊ အဘယ်အကျိုးယုတ်ပါသနည်း။
မုနိနော၊ ရဟန်းအား။
ဘတ္တံ၊ ဆွမ်းသည်။
ထောကံထောကံ၊ အနည်းငယ် အနည်းငယ်။
ကုလေကုလေ၊ အမျိုးယုတ်သည် အမျိုးမယုတ်သည်၌။
ပစ္စတိ၊ အိမ်စဉ်အားဖြင့် နေ့တိုင်းနေ့တိုင်း အနည်းငယ်အနည်းငယ်သော ဆွမ်းသည် ကျက်၏။
တုယှဝေ၊ သင်၏သာလျှင်။
ဂေဟေ၊ အိမ်၌။
ပိဏ္ဍိကာယ၊ ဆွမ်းအလို့ငှါ။
နစရိဿာမိ၊ ငါမလာအံ့။
မမ၊ ငါ့အား။
ဇင်္ဃဗလံ၊ သွားစွမ်းနိုင်သော သလုံးမြင်းခေါင်း အားသည်။
အတ္ထိ၊ ရှိ၏။
တသ္မာ၊ ထိုကြောင့်။
ပိဏ္ဍိကာယ၊ အရောရောသော ဆွမ်းအလို့ငှါ။
စရိဿာမိ၊ သွားလေအံ့။
ဣတိ၊ ဤသို့။
သာဋိမတ္တိယတ္ထေရော၊ သာဋိမတ္ထိယထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
သာဋိမတ္တိယထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။
သဒ္ဓါယ၊ သဒ္ဓါအကြောင်းရှိသော ကြောင့်။
အဘိနိက္ခမ္မ၊ အိမ်ရာထောင်သော လူ့ဘောင်မှ ထွက်၍။
နဝပဗ္ဗဇိတော ဧဝ၊ ပထမအရွယ်က ပင်ရဟန်းပြုသည်ဖြစ်၍။
နဝေါ၊ သာသနာတော်၌ သိက္ခာအားဖြင့် အငယ်သာတည်း။
ယော၊ အကြင်သူသည်။
ကလျာဏေ၊ ပိယောဂရုဘာဝနိယောစသည်ဖြင့် ဆိုအပ်သော လက္ခဏာ နှင့် ပြည့်စုံသည် ဖြစ်၍ ကောင်းသော။
သုဒ္ဓါဇီဝေ၊ မိစ္ဆာဇီဝမှ ကြဉ်သဖြင့် စင်ကြယ်သော အသက်မွေးခြင်းရှိသော။
အတန္ဒိတေ၊ အားထုတ်အပ်သော လုံးလရှိသည်ဖြစ်၍ ပျင်းခြင်းမှ ကင်းသော။
မိတ္တေ၊ အဆွေခင်ပွန်းတို့ကို။
ဘဇေယျသေဝေယျ၊ ထိုအဆွေခင်ပွန်းကောင်းတို့၏ အမကို ခံသဖြင့် မှီဝဲလေလော။
သဒ္ဓါယ၊ ကံကံ၏ အကျိုး ရတနာသုံးပါးဂုဏ်၌ ယုံကြည်ခြင်း ရှိသောကြောင့်။
အဘိက္ခမ၊ အိမ်ရာထောင်သော လူ၏ ဘောင်မှ ထွက်၍။
နဝပဗ္ဗဇိတော၊ ပထမအရွယ်ငယ်သည် ကာလကရဟန်းပြု၏။
နဝေါ၊ သာသနာတော်၌ သိက္ခာအားဖြင့် ရဟန်းငယ်သာတည်း။
သံဃသ္မိံ၊ ရဟန်းသံဃာအပေါင်း၌။
ဝိဟရံ ဝိဟရန္တော၊ ဝတ်ကြီးဝတ်ငယ်ကို ဖြည့်သဖြင့် နေသော။
ဘိက္ခု၊ ရဟန်းသည်။
ဗုဒ္ဓေါ၊ ထိုဝိနည်းကို သိလိမ္မာသည်ဖြစ်၍။
ဝိနယံ၊ ဝိနည်းပရိယတ်ကို။
သိက္ခေထ၊ သင်ရာ၏။
သဒ္ဓါယ၊ ကံကံ၏ အကျိုးရတနာသုံးပါးဂုဏ်၌ ယုံကြည်ခြင်းကြောင့်။
အဘိကိက္ခမ္မ၊ အိမ်ရာထောင်သော လူ၏ ဘောင်မှ ထွက်၍။
နဝပဗ္ဗဇိတော၊ ပထမအရွယ်သည်ငယ်ကာလက ရဟန်းပြု၏။
နဝေါ၊ သာသနာတော်၌ သိက္ခာအားဖြင့် ရဟန်းငယ်သာတည်း။
ကပ္ပါကပ္ပေသု၊ အပ်သည်မအပ်သည်တို့၌။
ကုသလောဆေကော၊ သုတ္တသုတ္တာနုလောမ၏ အစွမ်းအားဖြင့် လိမ္မာသော ရဟန်းသည်။
အပုရက္ခတော၊ ပစ္စည်းလေးပါးတို့ကို တဏှာဒိဋ္ဌိတို့ဖြင့် ရှေးရှုတောင့်တခြင်းကင်းသည်။
ဟုတွာ၊ ဖြစ်၍။
ဝိဟရေယျ၊ နေရာ၏။
ဣတိ၊ ဤသို့။
ဥပါလိတ္ထေရော၊ ဥပါလိထေရ်သည်။
ဣမံဂါထတ္ထယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဥပါလိထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။
ပဏ္ဍတံဝ၊ သုတစိန္တာမယ ပညာနှင့် ပြည့်စုံည်သာလျှင်ဖြစ်သော။
ကပံ၊ ပူပန်စေတတ်သော အကျင့်နှင့် ပြည့်စုံသော သူသည်။
အတ္ထဝိစိန္တကံ၊ မိမိအစီးအပွါးသူတပါးအစီးအပွါးကို ကြံခြင်းငှါ။
အလံသမတ္ထကံ၊ စွမ်းနိုင်သောသူသည်။
သန္တံသမာနံပိ၊ ဖြစ်သော်လည်း။
လောကေ၊ လောက၌။
ပဉ္စကာမဂုဏာ၊ ငါးပါးသော ကာမဂုဏ်တို့သည်။
ဣမံသမူဟံ၊ ဤသတ္တဝါအပေါင်းကို။
သမ္မောဟာ၊ တွေဝေခြင်းဟူသော အကြောင်းတို့ကို။
ပါတယိံသု၊ ရှည်မြင့်စွာ ဖြစ်သဖြင့် ကျစေကုန်၏။
ဥတ္တရိတုကာမံ၊ ကူးခြင်းငှါ အလိုရှိသော ။
မံ၊ ငါ့ကို။
ပဉ္စကာမဂုဏာ၊ ငါးပါးသော ကာမဂုဏ်တို့သည်။
သမ္မောဟာ သမ္မောဟေန၊ ပြင်းစွာတွေဝေသဖြင့်။
လောကေ၊ ဩကာသလောက၌။
ပါတယိံသု၊ ကျစေကုန်၏။
မာရဝိံသယေ၊ ကိလေသမာရ်၏ ဖြစ်ရာဋ္ဌာန၌။
ပက္ခန္ဓော၊ ထိုကိလေသာမာရ်၏ နိုင်ငံသို့ ပြေးဝင်သော။
ဒဠသလ္လသမပ္ပိတော၊ မြဲမြံစွာစူးသောငြောင့်နှင့်တူသော ကိလေသာဟူသော ငြောင့်ကို ဖေါက်ထွင်းသောစိတ်ရှိသော။
အဟံ၊ ငါသည်။
မစ္စုရာဇဿ၊ သေမင်း၏။
ပါသစ၊ ရာဂအနှောင်အဖွဲ့တည်းဟူသော ကြော့ကွင်းမှ။
ပမုစ္စိတုံ၊ လွတ်ခြင်းငှါ။
အသက္ခိံ၊ အရဟတ္တမဂ်ဉာဏ်ဟူသော မွေးညှပ်ဖြင့် ရာဂစသော ငြောင့်ကို အကြွင်းမဲ့နှုတ်ခြင်းငှါ စွမ်းနိုင်၏။
မေမယာ၊ ငါသည်။
သဗ္ဗေကာမာ၊ အလုံးစုံသော အဝတ်တန်ဆာစသော အားဖြင့် များသော ဝတ္ထုကာမဂုဏ်ကိလေသာ ကာမဂုဏ်တို့ကို။
ပဟီနာ၊ အရဟတ္တမဂ်ဖြင့် ပယ်အပ်ပြီ။
မေမယာ၊ ငါသည်။
သဗ္ဗေဘဝါ၊ ကမ္မဘဝစသော အလုံးစုံသော ဘဝတို့ကို။
ပဒါလိတာ၊ အရိယမဂ်ဖြင့် ဖျက်ဆီးအပ်ကုန်ပြီ။
ဇာတိသံသာရော၊ ပဋိသန္ဓေနေခြင်းလျှင် အကြောင်းရှိသော သံသရာဝဋ်သည်။
ဝိက္ခီဏော၊ မဂ်ဖြင့် ဖြတ်သော အားဖြင့် ကုန်ပြီ။
ဒါနိဣဒါနိ၊ ယခုအခါ၌။
ပုနဗ္ဘဝေါ၊ ဘဝသစ်၌ တဘန်ဖြစ်ခြင်းသည်။
နတ္ထိ၊ မရှိပြီ။
ဣတိ၊ ဤသို့။
ဥတ္တရပါလောထေရော၊ ဥတ္တရပါလထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဥတ္တရပါလထေရဂါထာ အနက်ပြီး၏။
ဧတ္ထ၊ ဤရဟန်းပြုရာ အစည်းအဝေး၌။
သမာဂတာ၊ အညီအညွတ် လာကုန်သော။
ယာဝန္တောယတ္တကာ၊ အကြင်မျှလောက်ကုန်သော။
သဗ္ဗေ၊ အလုံးစုံကုန်သော။
ဉာတယော၊ ဆွေမျိုးတို့သည်။
သုဏာထ၊ သောတဒွါရကို အစဉ်မှီးသဖြင့် မှတ်ကုန်သော။
ဝေါ၊ သင်တို့အား။
ဓမ္မံ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာတရားကို။
ဒေသယိဿာမိ၊ ဟောအံ့။
ယောဇာတိနာမ၊ ထိုပဋိသန္ဓေ နေခြင်းမည်သည်။
ပုနပ္ပုနံ၊ အဘန်တလဲလဲ ဖြစ်သည်ရှိသော်။
ဒုက္ခာ၊ အလွန်ဆင်းရဲ၏။
တသ္မာ၊ ထိုသို့ ဆင်းရဲသောကြောင့်။
ဗုဒ္ဓသာသနေ၊ မြတ်စွာဘုရား သာသနာတော်တွင်း၌။
အာရဗ္ဘထ၊ ထိုဇာတိမှ လွတ်မြောက်ခြင်းငှါ လုံ့လ ပြုကုန်သော။
နိက္ကမထ၊ ပျင်းခြင်းမှ ထွက်သော အားဖြင့် ထိုထက်လွန်သော လုံ့လကို ပြုကုန်သော။
ယုဉ္ဇထ၊ နိုးကြားခြင်းနှင့်ယှဉ်သည်၏ အစွမ်းအားဖြင့် သမထဝိပဿနာ အဓိသီလတို့နှင့် ယှဉ်ကုန်သော။
ကုဉ္ဖရော၊ ဆင်ပြောင်သည်။
နဠာဂါရံ၊ ကျူဖြင့် ပြုအပ်သော အိမ်ကို။
ဝိဓံသေတိဣဝ၊ ဖျက်ဆီး သကဲ့သို့။
ဧဝမေဝ၊ ဤအတူသာလျှင်။
မစ္စုနော၊ သေမင်း၏။
သေနံ၊ သိလေသာ အပေါင်းတည်းဟူသော စစ်သည်ကို။
ဇနာထ၊ ဖျက်ဆီးကုန်လော။
ယော၊ အကြင်သူသည်။
ဣမသ္မိံ ဓမ္မဝိနယေ၊ ဤသုတ် အဘိဓမ္မာဝိနည်း၌။
အပ္ပမတ္တော၊ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း စသော ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သည်ဖြစ်၍။
ဝိဟဿတိ၊ နေအံ့။
သော၊ ထိုသူသည်။
ဇာတိသံဿရံ၊ ပဋိသန္ဓေနေခြင်းလျှင် အကြောင်းရှိသော သံသရာဝဋ်ကို။
ပဟာယ၊ မဂ်၏ အစွမ်းဖြင့် ပယ်၍။
ဒုက္ခဿ၊ ဆင်းရဲ၏။
အန္တံ၊ အဆုံးဖြတ်သော နိဗ္ဗာန်ကို။
ကရိဿတိ၊ မျက်မှောက်ပြုမှ လိမ့်သတည်း။
ဣတိ၊ ဤသို့။
အဘိဘူတတ္ထေရော၊ အဘိဘူတထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
အသိဘူတထေရဂါထာအနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။
သံသရံသံသရန္တော၊ ကံကိလေသာတို့ဖြင့်ငါးပါးသော ဂတိတို့၌ စုတေခြင်းပဋိသန္ဓေနေခြင်း၏ အစွမ်းဖြင့် အဘန်တလဲလဲကျင်လည်ရသည်ရှိသော်။
နိရယံ၊ သိဉ္ဇိုးကာဠသုတ် စသော ရှစ်ပါးသော ငရဲကြီးကုက္ကုဋစသော တဆဲ့ ခြောက်ပါး အပြားရှိသော ဥဿဒငရဲသို့။
အဂစ္ဆိဿံ၊ ပဋိသန္ဓေ၏ အစွမ်းဖြင့် အဘန်တလဲလဲ ကပ်ရပြီ။
ပေတလောကံ၊ ခုပ္ပိပါသစသော အပြားရှိိသော ပြိတ္တာ၏ အဖြစ်သို့။
ပုနပ္ပုနံ၊ အဘန်တလဲလဲ။
အဂမံဥပဂစ္ဆိံ၊ ပဋိသန္ဓေ၏ အစွမ်းဖြင့် ကပ်ရပြီ။
တိရစ္ဆာနယောနိယံ၊ တိရစ္ဆာန်အမျိုး၌။
အနေကဓာ၊ ကုလားအုပ်နွားမြည်းစသည်၏ အဖြစ်ဖြင့်လည်းကောင်း ကျီးဗြိုင်းစွန်ရဲ စသည်၏ အဖြစ်ဖြင့်လည်းကောငး်များသော အပြားရှိသော။
စီရံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး။
မယာ၊ ငါသည်။
ဝုသိတံ၊ အမြဲထိတ်လန့်ခြင်း စသည်၏ အစွမ်းဖြင့် ဆင်းရဲကို ခံစားဘူးပြီ။
ဧတံသဗ္ဗံ၊ ဤအလုံးစုံသည်။
ဒုက္ခမံ၊ ထက်စွာသော မကောင်းမှုသည် သတ်ခြင်းစသော ဆင်းရဲတို့ဖြင့်သည်းခံနိုင်ခဲသည်။
အမှိ၊ ဖြစ်၏။
မာနုသောပိစ ဘဝေါ၊ လူ၏ အဖြစ်ကိုလည်း။
အဘိရာဓိတော၊ ထိုသို့ သဘောရှိသော ကုသိုလ်ကံ၏ ညီညွတ်ခြင်းဖြင့် ရအပ်ပြီ။
သဂ္ဂကာယံ၊ သုဂတိဟု ဆိုအပ်သော ကာမာဝစရနတ်ပြည်သို့။
သကိံ သကိံ၊ တကြိမ်တကြိမ်။
အဂမံအာဂစ္ဆိံ၊ ရံခါပဋိသန္ဓေနေသည်၏ အစွမ်းအားဖြင့် ရောက်ပြီ။
ရူပဓာတူသုစ၊ ရူပဘဝတို့၌၎င်း။
အရူပဓာတူသူစ၊ အရူဘဘဝတို့၌လည်းကောင်း။
နေဝသညီသုစ၊ နေဝသညာနာသညာယတန ဘုံတို့၌လည်းကောင်း။
အသညီသု၊ အသညသတ်ပုံတို့၌လည်းကောင်း။
မယာ၊ ငါသည်။
ဋ္ဌိတံ၊ ပဋိသန္ဓေနေသည်၏ အစွမ်းအားဖြင့် တည်ပြီ။
သမ္ဘဝါ၊ ကာမဘဝစသော ဘဝတို့ကို။
အသာရကာ၊ နိစ္စသာရစသော အနှစ်မှ ကင်းကုန်၏ ဟူ၍။
သုဝိဒီတာ၊ ဝိပဿနာ ပညာနှင့် တကွသော မဂ်ပညာဖြင့် ကောင်းစွာသိအပ်ကုန်ပြီ။
သံခတာ၊ အကြောင်းတရားတို့ကို ကောင်းစွာကပ်အပ်ပြုအပ်သောကြောင့်။
ပစလိတာ၊ ဖြစ်ခြင်း ရင့်ခြင်းစသော အပြားအားဖြင့် တုန်လှုပ်ခြင်း ရှိကုန်၏။
သဒေရိတာ၊ အခါခပ်သိမ်းရာဂဖြင့် တုန်လှုပ်စေအပ်နှိပ်စက်အပ်ကုန်သည် ဖြစ်၍ ပျက်စီးခြင်းသို့ ရောက်ကုန်ပြီ။
တဉ္စ၊ ထိုဆိုအပ်ပြီးသော သင်္ခတ သတောကိုလည်းကောင်း။
အတ္တသမ္ဘဝဉ္စ၊ မိမိ၌ ကောင်းစွာဖြစ်သော အတ္တဘောကိုလည်းကောင်း။
အဟံ၊ ငါသည်။
ဝိဒိတွာ၊ မိမိနှင့် စပ်သော အစိုးရခြင်းစသော အစွမ်းသူတပါးနှင့်စပ်သော ပရိညာတိ သမယ အစွမ်းအားဖြင့် သိ၍။
သန္တိမေဝ၊ ငြိမ်းသော နိဗ္ဗာနဓာတ်သို့သာလျှင်။
သတိမာ၊ မဂ်ပညာနှင့် တကွသော သတိရှိသည်ဖြစ်၍။
သမဇ္ဈဝံ အဓိဂစ္ဆိံ၊ အရိယမဂ်ကို ပွါးစေအပ်သည်၏ အစွမ်းအားဖြင့် ရပြီ။
ဧဝံ၊ ဤသို့။
ထေရော၊ ဂေါတမထေရ်သည်။
ဉာတကာနံ၊ အဆွေအမျိုးတို့အား။
ဓမ္မဒေသနာမုခေန၊ တရားဟောခြင်း အရင်းပြုသဖြင့်။
အညံ၊ အရဟတ္ထဖိုလ်ကို။
ဗျာကာသိ၊ ကြားပေ၏။
ဣတိ၊ ဤသို့။
ဂေါမောထေရော၊ ဂေါတမထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဂေါတမထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။
ယောပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။
ပုဗ္ဗေ၊ ရှေးအိုခြင်း နာခြင်းစသည်ဖြင့် မနှိပ်စက်မှီကာလ၌။
ကရဏီယာနိ၊ ပြုအပ်ကုန်သော အမှုတို့ကို။
ပမာဒဝသေန၊ မေ့လျော့သည်၏ အစွမ်းဖြင့်။
အကတွာ၊ မပြုမိသောကြောင့်။
ပစ္ဆာ၊ ပြုအပ်သော ကာလကို လွန်ပြီးသည်မှ နောက်၌။
ကာတုံ၊ ပြုခြင်းငှါ။
ဣစ္ဆတိ၊ အလိုရှိ၏။
တဒါ၊ ထိုအခါ၌။
နသက္ကောတိ၊ ဇရာမရဏသည်တို့သည်နှိပ်စက်သောကြောင့် ပြုခြင်းငှါမတတ်နိုင်သော။
ပုဂ္ဂလော၊ ထိုမစွမ်းနိုင်သော ပုဂ္ဂိုလ်သည်။
သုခါဋ္ဌာနာ၊ နတ်ရွာနိဗ္ဗာန်အကြောင်းမှ။
ဓံသကော၊ ယုတ်ခဲ့ရကား။
ပစ္ဆာ၊ နောက်၌။
အနုတပ္ပတိ၊ ကောင်းမှုကို ငါမပြုမိဟူ၍ နှလုံးမသာယာခြင်းသို့ ရောက်၏။
ဟိသနံ၊ မှန်၏။
ယံကမ္မံ၊ အကြင်အမှုကို။
ကယိရာ၊ ပြုရာ၏။
တံဟိတံဧဝ၊ ထိုပြုအပ်သော အမှုကိုသာလျှင်။
ဝဒေ၊ ဆိုရာ၏။
အယံ၊ အကြင်အမှုကို။
နကယိရာ၊ မပြုရာ။
တံ၊ ထိုအမှုကို။
နဝဒေ၊ မဆိုရာ။
အကရောန္တံ၊ မပြုသော သူကို။
ဘာသမာနံဘာသမာနာ၊ ဆိုကုန်သော။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
အယံ၊ ဤသူကား။
ဧတ္တကော၊ ဤမျှသာပြုစွမ်းနိုင်၏။
ဣတိ၊ ဤသို့။
ပရိဇာနန္တိ၊ ပိုင်းခြား၍ သိကုန်၏။
သမ္မာသမ္ဗုဒ္ဓဒေသိတံ၊ မြတ်စွာဘုရားသည် ဟောတော်မူအပ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
သုသုခံဝတ၊ အလွန်ချမ်းသာ စွတကား။
အသောကံ၊ စိုးရိမ်ခြင်း အပေါင်းမှ ကင်းစွတကား။
အသောကံ၊ စိုးရိမ်ခြင်း အပေါင်းမှ ကင်းစွတကား။
ဝိရဇံ၊ ရာဂစသော မြူမှ ကင်းစွတကား။
ခေမံ၊ ဘေးအပေါင်းမှ ကင်းစွတကား။
ယတ္ထ၊ အကြင်နိဗ္ဗာန်၌။
ဒုက္ခံ၊ ဆင်းရဲအပေါင်းသည် ။
နိရုဇ္ဈတိ၊ ချုပ်၏။
ဣတိ၊ ဤသို့။
ဟာရိတောထေရော၊ ဟာရိတထေသည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဟာရိတထေရဂါထာ အနက်ပြီး၏။
ယော၊ အကြင်သူသည်။
ပါပမိတ္တေ၊ ယုတ်သော လုံ့လရှိသော သူတော်မဟူတ်သူယုတ်ဖြစ်ကုန်သော အဆွေခင်ပွန်းတို့ကို။
ဝိဝဇ္ဇေတွာ၊ မမှီဝဲမဆည်းကပ်သည်၏ အစွမ်းဖြင့် ဝေးစွာ ကြဉ်၍။
ဥတ္တမံပုဂ္ဂလံ၊ မြတ်သော သူတော်ကောင်းပညာရှိ အဆွေခင်ပွန်းကောင်းသို့။
ဘဇေယျ၊ အဆုံးအမကို ခံယူသည်၏ အစွမ်းဖြင့် ဆည်းကပ်ရာ၏။
အဿ၊ ထိုကောင်းသော အဆွေခင်ပွန်း၏။
ဩဝါဒေစ၊ အဆုံးအမ၌လည်း။
တိဋ္ဌေယျ၊ ဆုံးမတိုင်းကျင့်သည်၏ အစွမ်းဖြင့် တည်ရာ၏။
အစလံ၊ တုန်လှုပ်ခြင်းမရှိသော။
သုခံ၊ နိဗ္ဗာန်ချမ်းသာကို။
ပတ္ထေ န္တော၊ တောင့်တသော သူသည်။
အဿ၊ ထိုအဆွေခင်ပွန်းကောင်း၏။
ဩဝါဒ၊ အဆုံးအမ၌။
တိဋ္ဌေယျ၊ တည်ရာ၏။
အာဝုသော၊ ငါ့ရှင်တို့။
သီဗမဟဏ္ဏဝေ၊ သီဒါမဟာသမုဒ္ဒရာ၌။
ပရိတ္တံ၊ ငယ်သော။
ဒါရုံ၊ လှေသစ်ကို။
အာရုယှ၊ စီး၍။
တရန္တော၊ ကူးသည်ရှိသော်။
သီဒတိယထာ၊ နှစ်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
ကုသီတံ၊ ပျင်းသောသူကို။
အာဂမ္မ၊ စွဲ၍။
သာရဇီဝီပိ၊ ကောင်းစွာအားထုတ်သော အမျိုးသားသည်လည်း။
ယသ္မာ၊ အကြင်ကြောင့်။
သီဒတိ၊ သံသရာ၌နစ်၏။
တသ္မာ၊ ထိုကြောင့်။
ကုသီတံ၊ ပျင်းသော။
ဟီနဝီရိယံ၊ ယုတ်သော လုံ့လရှိသော။
တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။
ပရိဝဇ္ဇေယျ၊ ဝေးစွာကြဉ်ရှောင်ရာ၏။
ပဝိဝိတ္တေဟိ၊ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်ကုန်ထသော။
ပဟိတတ္တေဟိ၊ ကိုယ်အသက်ကို မငဲ့မူ၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်ထသော။
ဈာယေဘိ၊ အာရမ္မဏူပနိဇ္ဈာဈာန်လက္ခဏူပနိဇ္ဈာဈာန်ဖြင့် ဝင်စားခြင်းရှိကုန်ထသော။
နိစ္စံ၊ အမြဲ။
အာရဒ္ဓဝီရိယေတိ၊ ချီးမြှောက်အပ်သော လုံ့လဖြင့် အားထုတ်ခြင်းရှိကုန်ထသော။
ပဏ္ဍိတေဟိ၊ လောကီလောကုတ္တရာ ပညာနှင့် ပြည့်စုံကုန်ထသော။
အရိယေဟိ၊ မြတ်သော သူတော်ကောင်းတို့နှင့်။
သဟ၊ တကွ။
အာဝသေအဝသေယျ၊ ပေါင်းတော်ရာ၏။
ဣတိ၊ ဤသို့။
ဝိမလောထေရော၊ ဝိမလထေရ်သည်။
ဣမံဂါထတ္ထယံ၊ ဤဂါထာ သုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဝိမလထေရဂါထာ အနက်ပြီး၏။
တတြံ တသ္မိံ တိကနိပါတေ၊ ထိုတိကနိပါတ်၌။
ဥဒါနံ၊ ဥဒါန်းကား။
အင်္ဂနိကောဘရဒွါဇော၊ အင်္ဂနိက ဘာရဒွါဇထေရ် လည်းကောင်း။
ပစ္စယော၊ ပစ္စယထေရ်လည်းကောင်း။
ဗာကုလောဣသိ၊ ဗာကုလထေရ်လည်းကောင်း။
ဓနိယော၊ ဓနိယထေရ်လည်းကောင်း။
မာတင်္ဂပုတ္တော၊ မာတင်္ဂပုတ္တထေရ်လည်းကောင်း။
သောဘိတော၊ သောဘိတထေရ်လည်းကောင်း။
ဝါရဏောဣသိ၊ ဝါရဏထေရ် လည်းကောင်း။
ဝဿိကောစ၊ ဝဿိက ထေရ်လည်းကောင်း။
ယတောဇောစ၊ ယသောဇထေရ်လည်းကောင်း။
သာဋိပတ္တိယော၊ သာဋိပတ္တိယထေရ် လည်းကောင်း။
ဥပါလိစ၊ ဥပါလိထေရ်လည်းကောင်း။
ဥတ္တရပါလောစ၊ ဥတ္တရပါလထေရ်လည်းကောင်း။
အဘိဘုတော၊ အဘိဘူတထေရ်လည်းကောင်း။
ဂေါတမော၊ ဂေါတမထေရ်လည်းကောင်း။
ဟာရိတောပိစ၊ ဟာရိတထေရ်လည်းကောင်း။
နိဗ္ဗာနေ၊ နိဗ္ဗာန်၌။
ဂတော၊ အာရုံပြုသော အားဖြင့် ဖြစ်သေသာ။
ဝိမလောထေရော၊ ဝိမသထေရ်လည်းကောင်း။
ဣတိ၊ ဤသို့။
တိကနိပါတမှိ၊ တိကနိပါတ်၌။
အာဂတာ၊ လာကုန်သော။
ထေရာ၊ မထေရတို့ကို။
သေဠသ၊ တကျိပ်ခြောက်ယောက်တို့ဟူ၍။
ကိတ္တာ၊ ဆိုအပ်ကုန်၏။
ဂါထာယော၊ ဂါထာတို့ကို။
အဋ္ဌတာလီသ၊ လေးဆယ့်ရှစ်ဂါထာတို့ဟူ၍။
ကိတ္တိတာ၊ ဆိုအပ်ကုန်၏။
ဣတိဣဒံ၊ ဤသည်လျှင်တည်း။
တိကနိပါတော၊ တိကနိပါတ်သည်။
နိဋ္ဌီတောနိဋ္ဌံဣတောဂတောပတ္ထော၊ ပြီးခြင်းသို့ ရောက်ပြီ။
တိကနိပါတ် ပြီး၏။