ဗဟူ၊ များစွာကုန်သော။
ပါသာဒိကေ၊ အကျင့်အားဖြင့် ကြည်ညိုဘွယ်ကို ဆောင်တတ်ကုန်သော။
ဘာဝိတတ္ထေ၊ သမထဘာဝနာ ဖြင့် ပွါးစေအပ်ကုန်သော စိတ်ရှိကုန်သော။
သုသံဝုတေ၊ ကောင်းစွာစောင့်အပ်သော စက္ခုစသော ဣန္ဒြေရှိကုန်သော။
ဘိက္ခူ၊ ရဟန်းတို့ကို။
ဒိသွာ၊ မြင်၍။
ပဏ္ဍာရသဂေါတ္တော၊ ပဏ္ဍာရသမည်သော ရသေ့၏ အနွယ်၌ ဖြစ်သော။
ဖုဿသဝှယံ၊ ဖုဿသဒ္ဒါဖြင့် ခေါ်ဝေါ်အပ်သော ဖုဿအမည်ရှိသော။
ဣသိ၊ ရသေ့သည်။
အပုစ္ဆိ၊ ကိံ ဆန္နာစသော ဂါထာဖြင့် မေးလျှောက်၏။
ဣမသ္မိံ သာသနေ၊ ဤသာသနာတော်၌။
ဘိက္ခူ၊ ရဟန်းတို့သည်။
အနာဂကမှိ၊ ယခေါင်အခါ နောင်လာလတ္တံ့သော။
ကာလမှီ၊ အခါ၌။
ဘိက္ခူ၊ ရဟန်းတို့သည်။
ကိံ ဆန္ဒာ၊ ဘယ်သို့ အခြင်းနှလုံးသွင်းခြင်းရှိကုန်သည်။
ကိံ အဓိပ္ပါယာ၊ အဘယ်သို့ အလိုရှိကုန်သည်။
ကိံ အာကပ္ပါ၊ အဘယ်သို့လျှင် အသွင်အကျင့်ရှိကုန်သည်။
ဘဝိဿရေ၊ ဖြစ်ကုန်လတ္တံ့နည်း။
တံ၊ ထိုနှလုံးသွငး်ခြင်း အလိုအသွင် အကျင့်အပြားကို။
ပုစ္ဆိတော၊ မေးအပ်သော ။
တွံ၊ အရှင်ဘုရားသည်။
မေ၊ အကျွန်ုပ်အား။
အက္ခာဟိ၊ ဟောကြားမြွက်တော်မိန့်တော်မူပါလော။
ပဏ္ဍရသဝှယ၊ ပဏ္ဍရအမည်ရှိသော။
ဣတိ၊ ရသေ့။
အနာဂတံ၊ ယခေါင်အခါ နောင်လာဖြစ်အံ့ဖြစ်လတ္တံ့သော အကြောင်းကို။
အာစိက္ခိဿာမိ၊ ဟောကြားပေအံ့။
မယှ၊ ငါ၏။
ဝစနံ၊ စကားကို။
တွံ၊ သင်ရသေ့သည်။
သုဏောဟိ၊ နာဘိလော။
သက္ကစ္စံ၊ ရိုသေစါာ။
ဥပဓာရေသံ၊ ဝမ်းထဲပိုက်ခွေမှတ်ဆောင်လေလော။
အနာဂတေ၊ နောင်အခါ၌။
ဗဟူ၊ များစွာကုန်သော ရဟန်းတို့သည်။
ကောဓနာစ၊ အမျက်ထွက်လေ့ရှိကုန်သည်လည်းကောင်း။
ဥပနာဟီစ၊ ရန်ငြိုးဖွဲ့လေ့ရှိကုန်သည်လည်းကောင်း။
မက္ခီစ၊ ကျေးဇူးချေခြင်း ရှိကုန်သည်လည်းကောင်း။
ထမ္ဘီစ၊ ခက်ထန်ခြင်း ရှိကုန်သည်လည်းကောင်း။
သဌာစ၊ စဉ်းလဲခြင်းရှိကုန်သည် လည်းကောင်း။
ဣဿုကီစ၊ ငြူစူခြင်း ရှိကုန်သည်လည်းကောင်း။
နာနာဝါဒါစ၊ အချင်းအချင်းဆန့်ကျင့်ဘက်သော အယူရှိကုန်သည်၎င်း။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ဂမ္ဘီရေ၊ ရိပ်ယောင် မထင်သိမြင်နိုင်ခဲ့ အလွန်နက်နဲသော။
ဓမ္မေ၊ သူတော်ကောင်းတရား၌။
အညာတမာနိနော၊ မသိဘဲလျှင် ငါသိမြင်ဟု ကယ်ပင်ဟုတ်လိတတ်သိယောင်ယောင် မာန်ထောင်၍ ဟန်ဆောင် ပြုမူတတ်ကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
တီရဂေါစရာ၊ သူတော်ကောင်းတရား၏ ဤမှာ ဘက်ကမ်းဖြစ်သော မသူတော်တရားလျှင်အာရုံရှိကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
လဟုကာ၊ လတ်ကြော့လတ်ကြော့ဂွမ်းဝါဖေါ့သို့ ပေါ့သွတ်လေလွင့်ဖြစ်သော သဘောရှိကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ဓမ္မေ၊ သူတော်ကောင်းတရား၌။
အဂရု၊ အလေးမပြုဂရုမလူကြည်ဖြူမဲ့သျှင်းရှိသေကင်းကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
အညမညံ၊ သံဃာချင်းချင်း သီတင်းသုံးဘော် မြတ်သူတော်တို့၌။
အဂါရဝါ၊ မယမ်းမပဉ်း အလေးမဲ့လျှင်းကင်းကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
လောကေ၊ သတ္တဝါအပေါင်း၌။
အနာဂတေ၊ နောင်အခါ၌။
ဗဟူ၊ များစွာကုန်သော။
အာဒီနဝါ၊ ဆိုပြီး ဆိုအံ့ ဆိုလတ္တံ့ သော အပြစ်အန္တရာယ်တို့သည်။
ဥပ္ပဇ္ဇီဿန္တိ၊ ထင်ရှားဖြစ်ပေါ်ကုန်လတ္တံ့။
ဒုမ္မတီ၊ ပညာမဲ့သော ရဟန်းမိုက် ရဟန်းဆိုးတို့သည်။
သုဒေသိတံ၊ ရှင်တော်ဘုရားသုံးပါကလျာဏ ကောင်းခြင်းပြ၍ မုချဧကန် မဘောက်ပြန်အောင် ဟုတ်မှန် စွာ ဟောတော်မူအပ်သော။
ဣမံ ဓမ္မံ၊ ဤပရိယတ်သုံးပါးပဋကတ်တရားမြတ်ကို။
ကိလေသိဿန္တိ၊ တဏှာဒိဋ္ဌိ ဒုစ္စရိတသံကိလေသ သုံးပါးတို့ဖြင့် ညစ်ညူးပျက်စီးအောင် ပျက်ဆီးပြုကြကုန်လတ္တံ့။
သံဃမှိ၊ သံဃာဘောင်၌။
ဝေါဟရန္တာ၊ တစုံတခု အမှုစကား တရားတဘောင် ရှေ့ဆောင် ပြောဆိုကြကုန်သည် ရှိသော်။
ဝိသာရဒါ၊ ကြောက်ခြင်းရွံ့ခြင်း ထိန်လန့်ကင်းသဖြင့် ရဲတင်းခက်ထန်မျက်မာန် အဟုန်ရုန့်ရင်းကုန်သော။
မုခရာ၊ နှုတ်ကြမ်းကုန်သော။
အသုတာဝိနော၊ ကျမ်းဂန်မသင် ကားမဲ့မဟဲ့ သုတမဲ့ကုန်သော။
ဂုဏဟီနာ၊ သီလသမာဓိ အစရှိကုန်သော ကျေးဇူးအချင်းဂုဏ် ယုတ်ကင်းသော အဖျင်းဒုဿီအလဇ္ဇိတို့သည်လည်း။
ဗလဝန္တော၊ အလဇ္ဇီနှင့် ဒုဿီအဖျင်းသဘောတူခြင်း ဓာတ်တူချင်းဖြင့် ပေါင်းသင်းအားကြီးကုန်သည်။
သဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ဂုဏဝန္တောပိ၊ သီလသမာဓိ အစရှိသော ပဋိပက်ဂုဏ် ပါဠိအဋ္ဌကထာဋီကာစသော ပရိယတ်ဂုဏ်တို့နှင့် ပြည့်စုံလိမ္မာသော ရဟန်းတတ် ရဟန်းမြတ်တို့သည်။
သံဃမှိ၊ သံဃဘောင်၌။
ယထာတ္ထတော၊ မဘောက်မပြန် ဟုတ်မှန်လျော်ပတ်သော အားဖြင့်။
ဝေါဟရန္တာ၊ ပြောဆိုဆုံးဖြတ်ကုန်သည်ရှိသော်။
ဟိရိမနာ၊ မကောင်းမှုမှ မပြုဝံ့ရက် ရှက်သော စိတ်ရှိကုန်သည်ဖြစ်၍။
အနတ္ထိကာ၊ ကိစ္စနည်းပါး သဘောအားဖြင့် စကားကျယ်ဖွံ အလိုမဲ့ ကုန်သည်ဖြစ်၍။
တေ၊ ထိုရဟန်းတတ် ရဟန်းမြတ်တို့သည်။
ဒုဗ္ဗလာ၊ အလဇ္ဇီများ လဇ္ဇီပါးသဖြင့် အားနည်းကြကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ရဇတံ၊ ငွေကိုလည်းကောင်း။
ဇာတရူပံဝါ၊ ရွှေကိုလည်းကောင်း။
ခေတ္တံဝါ၊ ဘယ်ကိုလည်းကောင်း။
ဝတ္ထုံဝါ၊ ယာကိုလည်းကောင်း။
အဇေဠကံဝါ၊ ခြေလေးခု မျိုးဆိတ်သိုး တိရစ္ဆာကိုလည်းကောင်း။
ဒါသိဒါသဉ္စ၊ ကျွန်မကျွန်ထီးကိုလည်းကောင်း။
အနာဂတေ၊ နောင်အခါ၌။
ဒုမ္မေဓာ၊ လျောက်ပတ် မလျောက်ပတ် အပ်မအပ်ကို ဟုတ်ဟတ်မသိ ပြုမိပြုရာ ပြုတတ်စွာသော ပညာမဲ့ရဟန်းမိုက်တို့သည်။
သာဒိယိဿန္တိ၊ မိမိတို့ငှါ သာယာခံယူကြကုန်လတ္တံ့။
ဗာလာ၊ ဒုစ္စိန္တိတစိန္တာ စသား ဗာထ လက္ခဏာ ပြည့်စုံစွာ သော ရဟန်း ပါ ရဟန်းမိုက်တို့သည်။
ဥဇ္ဈာနသညိနော၊ သူတပါးတို့ကို အောက်ထားသမှု အယုတ်ပြုလျက် ရှုတတ်သော စိတ်ရှိကုန်သည်ဖြစ်၍။
သီလေသု၊ စတုပါရိသုဒ္ဓိသီလတို့၌။
အသမာဟိတာ၊ ထက်ဝန်းပြည့်စုံမတည်ကုန်ဘဲ။
ဥန္နဠာ၊ စိတ်နေမိုးလောက် ဖြိုးဖြိုးဆောက်လျက် မောက်မောက်မော်မော် ပွဲတိုင်းကျော်အောင် ထင်ပေါ်သော မာနရှိကုန်သည်ဖြစ်၍။
ကလဟာဘိရတာ၊ အဓိကရုဏ် ရောက်တိုင်းဆုံးလျက်ဟု (စာကျန်) သူနှင့် ကြုံကငြင်းခုံရန်တွေ့ ချုတ်ချယ်လေ့၌ သောမွ့လျော်ပျော်ပါး ကုန်သည်ဖြစ်၍။
မဂါ၊ သားငှက်တိရစ္ဆာ တို့နှင့်အတူ။
ဝိစရိဿန္တိ၊ မာနလူလူအလံထူ၍ ဗိုလ်လူအကြားရပ်ရှစ်ပါးသို့ သွားလာလှည့်ပတ် ကုန်လတ္တံ့။
ဥဒ္ဓတာစ၊ ပျာပုံခဲကျ ထောင်းထောင်းထသို့ ခဏမတည် မခိုင်ကျည်သော စိတ်ရှိကုန်သည်လည်း။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
နီလစီဝရပါရုတာစ၊ မလျော်မအပ် ဆိုးရည်တပ်လျက် ဖပ်ဖပ်စိုစို စိမ်းလဲ့ ညိုသော သင်္ကန်းကို ဝတ်ရုံကြကုန်သည်လည်း။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ကုဟာ၊ ဈာန်မဂ် အနီးရောရီး ပြောဆိုခြင်း စသော ကုဟန ဝတ္ထု လှည့်ပတ်မှုဖြင့် သူ့ကို လိမ်လည် ကြည်ညိုစေမှုအံ့ဩဘွယ် ပြုကြကုန်သည်ဖြစ်၍လည်း။
အရိယာဝိယ၊ အရိယာသူတော်ကောင်းတို့ကဲ့သို့။
စရိဿန္တိ၊ စားကြသွားကြကျင့်ကုန်ကြလတ္တံ့။
လဒ္ဓါစ၊ ဒေါသမျက်မာန် ခက်ထန်ကြမ်းကြုတ်သော စိတ်နှလုံးရှိကုန်သည်ဖြစ်၍လည်း။
စရိဿန္တိ၊ စားကြသွားကြကျင့်ကြလတ္တံ့။
လပါစ၊ ပစ္စည်းလို့ငှါ ဒါယကာတို့အား ညှာတာချီးမြောက် ခြိမ်းခြောက် မောင်းမဲ ဆဲရေးရှုချ ပြောတိုခြင်း စသည်ဖြင့် ပြောဆိုကြကုန်သည်ဖြစ်၍လည်း။
စရိဿန္တိ၊ စားကြသွားကြ ကျင်လည်ကြလတ္တံ့။
သိင်္ဂီစ၊ သမင်သားကောင် ပိုင်ပြောင် သိုးဆိတ် အဟိတ်မုန်ယို ကျွဲနွားကိုယ်၌ ဦးချိုပမာထင်ရှားစွာသော ကီလေသာမူ ဟန်ယူပြုလုပ်ကုန်သည်ဖြစ်၍လည်း။
စရိဿန္တိ၊ စားကြသွားကြ ကျင့်ကုန်ကြ လတ္တံ့။
တေလသဏ္ဍေဟိ၊ ဘယောင်းချက်ဆီ ရေချက်ဆီးဖြင့် ဖြီးကုန်သော။
ကေသေဟိ၊ ဆံတို့ဖြင့်။
စပလာ၊ ကိုယ်ကို တန်းဆာဆင်ခြင်း ပရိက္ခရာကို တန်ဆာဆင်ခြင်း စသောလျှပ်ပေါ်သော အကျင့်နှင့် ယှဉ်ကုန်သည်ဖြစ်၍။
အဉ္ဇိတက္ခိကာ၊ နံ့သာ ကျောက်စက်လွင်မှုန့်ညက်တို့ဖြင့် စည်းကွက်သုတ်ချယ်သော မျက်စိရှိကုန်သည်ဖြစ်၍။
ဒန္တဝဏ္ဏိဘပါရုတာ၊ ကြော့ကြော့ ကြော့ကြော့တမော့သည်ဖြစ်၍။
ရထိယာယ၊ မြို့သယ်ခရီးပြလမ်းကြီး၌။
ဂမိဿန္တိ၊ လှည့်ပတ်သွားလာကုန်လတ္တံ့။
ဩဒါတေသု၊ ဝတ်ဖြူတို့၌။
သစ္ဆိတာ၊ နှစ်သက်မက်မောခြင်းသို့ ရောက်ကုန်သည်ဖြစ်၍။
ဝိမုတ္တေဟိ၊ အရိယ အရှင်မြတ်တို့သည်။
အဇေဂုစ္ဆံ၊ မစက်ဆုပ်အပ်သော ။
သုရတ္တံ၊ ကောင်းသော ဆိုးရည်ဖြင့်ကောင်းစွာ ဆိုးအပ်သော။
အရဟဒ္ဓဇံ၊ ဘုရားရဟန္တာ အရိယာ သီလဝန်သူတော်မွန်တို့၏ တမ်းခွန်အလံဖြစ်သော။
ကာသာဝံ၊ သင်္ကန်းကို။
ဇိဂုစ္ဆိဿန္တိ၊ စက်ဆုပ်ကြကုန်လတ္တံ့။
လာဘကာမာ၊ လေးပါးပစ္စယလာဘ်လာဘကို တောင့်တစုံမက် နှစ်သက်မက်မောကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ကုသီနာ၊ ဆွမ်းခံခြင်းတို့၌ ပျင်းသော သဘောရကုန်သည်ဖြစ်၍။
ဟီနဝီရိယာ၊ ရဟန်းတရား အားပါးမထုတ်ကြိုမကုတ်ဘဲ ဆုတ်ယုတ်သော လုံ့လရှိကုန်သည်ဖြစ်၍။
ဝနပတ္တာနိ၊ တော်အုပ်ရိပ်ညောင်း၊ သင်္ခမ်းကျောင်းတို့ကို။
ကိစ္ဆန္တာ၊ မွေ့လျော်ခိုပုန်း သီတင်းသုံခြင်းငှါ နှလုံးပင်ပန်းကြကုန်သည်ဖြစ်၍။
ဂါမန္တေသု၊ ရွာနီးရွာပါးရွာတံခါးငယ်ပြွမ်းသော ကျောင်းတို့၌။
ဝိသိဿရေ၊ ဝမ်းဝကျောင်းကာနေကြရှာလတ္တံ့။
သဒါ၊ အခါခပ်သိမ်း။
မိစ္ဆာဇီဝရတာ၊ ရဟန်းတို့အား မတရားသဖြင့် မှားသော အသက်မွေးခြင်း၌ မွေ့လျော်ကုန်သော။
ယေယေဘိက္ခု၊ အကြင်အကြင်ရဟန်းဆိုးတို့သည်။
လာဘံ၊ ဆွမ်းသင်္ကန်း ကျောင်းဆေးစသော ပစ္စည်းလာဘ်လာဘကို။
လဘိဿန္တိ၊ ရကုန်လတ္တံ့။
တေတေဘိက္ခု၊ ထိုထိုအာဇီဝပျက်ကုန်သော ရဟန်းဆိုးတို့သို့။
အနုသိက္ခန္တာ၊ အတူလိုက်သဖြင့် အတုကျင့်ကုန်သည်ဖြစ်၍။
အသံယတာ၊ သီလသီတင်း စောင့်စည်း ကင်းကုန်သော အဖျင်းပေါယယ်ရဟန်ငယ်တို့သသည်။
ဘမိဿန္တိ၊ မင်းအိပ်စိုး အိမ်မူးမတ်အိမ်သို့ ပူးလိမ်ယှဉ်မှီတဲလှည့်လည်ကုန်လတ္တံ့။
တဒါ၊ ထိုနောင်အခါ၌။
ယေယေဘိက္ခူ၊ အကြင်အကြင်ရဟန်းကောင်းရဟန်းမွန် သီလဝန်အရှင်မြတ်ရဟန်းတတ် ပညာရှိတို့သည်။
လာဘံ၊ လေးပါးပစ္စယလာဘ်လာဘကို ။
အလာဘိနော၊ မရကုန်။
တေတေဘိက္ခူ၊ ထိုထိုသို့နည်း ပစ္စည်းလာဘ်မဲ့ချိုတဲ့တုံရှောင်း ရဟန်းကေင်းရဟန်းမွန် သီလဝန်အရှင်မြတ် ရဟန်းတတ်ပညာရှိတို့သည်။
ပုဇ္ဇာ၊ မြတ်နိုးကော်ရော် ပူဇော်ချီးမွမ်းအပ်ကုန်သည်။
န ဘဝိဿရေ၊ မဖြစ်ကုန်လတ္တံ့။
ဓီရေ၊ တည်ကြည်သော သမာဓိနှင့် ပြည့်စုံကုန်သော။
သုပေသလေ၊ သီလကို အလွန်ချစ်ခင် ကုန်သော။
တေဘိက္ခု၊ ထိုရဟန်းတို့ကို။
နသေဝိဿန္တိ၊ မမှီဝဲကုန်လတ္တံ့။
ကေစိ၊ အချို့ကုန်သော ရဟန်းတို့သ်ည။
မိလက္ခုရဇနံရတ္တံ၊ ညောင်ကြတ်ဆိုးရည်ဖြင့် ဆိုးအပ်သော။
သကံဓဇ၊ မိမိတန်းခွန်အောင်အလံဖြစ်သော သင်္ကန်းကို။
ဂရဟန္တာ၊ ကဲ့ရဲ့ရှုတ်ချစက်ဆုပ်ကြကုန်သည်ဖြစ်၍။
တိတ္ထိယာနံ၊ သာသနာပက အညဝါဒိမမှီတရား ကျင့်မှားစရိုက်ပရိဗိုဇ် တိတ္ထိတို့၏။
ဓဇံ၊ အလံတံခွန် ဖြစ်သော။
အဝါဒတကံ၊ ဝတ်ဖြူကို။
ဓာရေဿန္တိ၊ ဝတ်ဆောင်ကြကုန်လတ္တံ့။
တဒါ၊ ထိုနောက် သာသနာနောင်အခါ၌။
တေသံဘိက္ခူနံ၊ ထိုရဟန်းတို့အား။
ဝါ၊ ထိုရဟန်းတို့၏။
ကာသာဝေ၊ အရိယာ တံခွန်သင်္ကန်းမွန်၍။
အဂါရဝေါ၊ ရိုသေမြတ်နိုးခြင်းမရှိသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ကာသာဝေ၊ အရိယာ တံခွန်သင်္ကန်းမွန်ကို သုံးဆောင် ဝတ်ရုံခြင်း၌။
ပဋိသင်္ခါစ၊ ပစ္စဝေက္ခဏာ ဆင်ခြင်းကာမျှလည်း။
နဘဝိဿတိ၊ မဖြစ်လတ္တံ့။
သလ္လဝိဒ္ဓဿ၊ အလွန်ကြီးမား ဆိပ်လူးမြားဖြင့် သနားမဲ့ထွေ သည်းအူးကြွေအောင် အသေပြင်းစွာ ပစ်အပ်သော။
ဒုက္ခေန၊ မုဆိုးလက်နက် မြှားဒဏ်ချက်ဆင်းရဲဖြင့်။
အဘိဘူတဿ၊ အလွန်အကြူးအမူးအဝေမိုးမြေမမြင် အကျင်အနာ နှိပ်စက်စွာသော။
ရုပ္ပတော၊ အားအန်မခိုင် ကိုယ်လုံး ယိုင်အောင်ဖြိုင်ဖြိုင် ယိုရွှန်း သွေးရည်ခန်း၍ ပင်ပန်းဘောင်ပန်ခြင်းသို့ ရောက်သော။
နာဂဿ၊ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်း၏။
မဟာဃောရာ၊ ကိုယ်နှင့်အသက်ငဲ့ကွက်ကင်းကင်း ကြံဘတ်ခြင်းကြောင့် ကြောက်မက်ဘွယ်သာ ကြီးကျယ်စွာသော ။
အစိန္ထိယာ၊ ပြုနိုင်မည် ထားသူတပါးတို့သည် ဖျားတုန်ကြွကြံရုံမျှလည်း ကြံကြခြင်းငှါ မတတ်ရာသော။
ပဋိသင်္ခါ၊ ပညာဆင်ခြင်း သမ္ပဇဉ်မကင်းကြံတော်မူခင်းသည်။
အသိ၊ ဖြစ်ဘူးလေပြီ။
ဟိ၊ မှန်။
တဒါ၊ ထိုဆဒ္ဒန်ဆင်မင်းဖြစ်သောအခါ၌။
ဆဒ္ဒန္တော၊ ရောင်ခြည်ခြောက်သွယ် အစွယ်၌ ရှိသောကြောင့် ဆဒ္ဒန်အမည်ရှိသော။
ဂဇော၊ ဆင်မင်းသည်။
သုရတ္တံ၊ ကောင်းစွာဆိုးအပ်သော။
တံအရဟဒ္ဓဇံ၊ ထိုမုဆိုးသော ဏုတ် ကျင့်ယုတ်မိစ္ဆာဝတ်ရုံပါသော အရိယာတို့ အလံအောင်တံခွန် ဖြစ်သောဖန်ရည်ဆိုးစွန်းဝတ်သင်္ကန်းကို။
ဒိသွာ၊ မျက်ဝါးထင်ထင်ရှေ့တွင် တူရှုမြင်တော်မူ၍။
အတ္ထောပသံဟိတာ၊ အကျိုးစီးပွားနှင့် စပ်ကုန်သော။
ယာဝဒေဝ၊ အကြင်ရွှေ့လောက်ကုန်သော။
ဂါထာ၊ ဂါထာတို့ကို။
အဘဏီ၊ ဟောရွတ် မိန့်ဆိုတော်မူပြီ။
ယော ပုဂ္ဂလော၊ အကြင်တစုံတယောက်သော ပုဂ္ဂိုလ်သည်။
အနိက္ကသာဝေါ၊ ရာဂဒေါသမောဟစသော ဒသကိလေဖန်ရေကိုယ်တွင်းမကင်းမသန့်သည်ဖြစ်လျှင်။
ဒမသစ္စေန၊ စက္ခုန္ဒြေစသည် ခြောက်ရပ် စောင့်ကြပ်ဆုံးမခြင်း ပရမတ္ထ သစ္ဏာ၏ အဘို့ဖြစ်သော။
ဝစီသမ္မာ၊ နှုတ်သစ္စာဖြင့်။
အပေတော၊ မယှဉ်မစပ် မကပ်ဝေးစွာ ကင်းကွာပါလျက်။
ကာသာဝံ၊ ဖန်ရည်စွန်းသော။
ဝတ္ထံ၊ အဝတ်သင်္ကန်းကို။
ပရိဒဟိဿတိ၊ ဝတ်ရုံခြင်းနှင့် အခင်းပြု၍ သုံးဆောင်လတ္တံ့။
သောပုဂ္ဂလော၊ ထိုသို့သော ပုဂ္ဂိုလ်သည်။
ကာသာဝံ၊ ဖန်ရည်ဆိုးစွန်းဝတ်သင်္ကန်းကို။
နအရဟတိ၊ မထိုက်။
ယော စ ပုဂ္ဂလော၊ အကြင် တယောက်သော ပုဂ္ဂိုလ်သည်ကား။
ဝန္ထကာသာဝေါ၊ မဂ်လေးတန်တို့ဖြင့်ထွေးအန်စွန့်ပယ်ပြီးသော ကိလေသာဖန်ရည်ရှိသည်။
သီလေသု၊ စတုပါရိသုဒ္ဓိသီလတို့၌။
သုသမာဟိတော၊ ကောင်းစွာ စင်ကြည် မြဲဆောက်တည်သည်။
ဒမသစ္စေ၊ စက္ခုန္ဒြေ စသည်ခြောက်ရပ် စောင့်ကြပ် ဆုံးမခြင်း မရမတ္ထသစ္စာ၏ အဘို့ဖြစ်သော ဝစီသမ္မာနှုတ်သစ္စာနှင့်။
ဥပေတော၊ ပြည့်စုံသည်။
အဿဘဝေယျ၊ ဖြစ်ရာ၏။
သော ပုဂ္ဂလော၊ ထိုသို့ ဂုဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်။
ဝေ၊ စင်စစ်။
ကာသာဝံ၊ ဖန်ရည်ဆိုးစွန်း ဝတ်သင်္ကန်းကို။
အရဟတိ၊ ထိုက်၏။
ယော ပုဂ္ဂလော၊ အကြင်သို့တိသဘောရှိသော ပုဂ္ဂိုလ်သည်။
ဝိပန္နသီလော၊ ပေါ့ပျက်သော စတုပါရိသုဒ္ဓိသီလရှိ၏။
ဒုမ္မေဓော၊ သီလလေးအင်သုတ်သင် နိုင်ကြောင်းကောင်းသော သီလဝိသော ဓနပညာကင်း၏။
ပါကဋော၊ ပါပစာရီရှင်ဒုဿီဟု ထင်ရှား၏။
ကာမကာရိယော၊ သီလလေးချက်စောင့်စည်းပျက်သဖြင့် ရန်မက်လောဘ ဒေါသစသော ကိလေသာမာရ်တရံမဆိုင်း လိုတိုင်းနှိပ်စက်စိတ်ကိုဖျက်၏ ။
ဝိဗ္ဘန္တစိတ္ထော၊ ငါးပါးကာမဂုဏ်အာရုံတို့၌ တွေ့ကြုံတိုင်းလိုက် ခွေးလောက်ကိုက်သို့ သိုက်မြိုက် ခိုင်ကျည်ရပ်မတည်ဘဲ တလည်လည်လှည့်ပတ် ပျံ့လွင့်တတ်သော စိတ်ရှိ၏။
နိဿုက္ကော၊ ဖြူစင်သန့်ရှင်းကင်းသော ကုသိုလ် သဘောရှိ၏။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
ကာသာဝံ၊ ဖန်ရည်ဆိုးစွန်း ဝတ်သင်္ကန်းကို။
နအရဟတိ၊ မထိုက်။
ယော စပုဂ္ဂလော၊ အကြင်သို့ တိသဘောရှိသော ပုဂ္ဂိုလ်သည် ကား။
သီလေန၊ စတုပါရိသုဒ္ဓိသီလ လေးပါးနှင့် ။
သမ္ပန္နော၊ ကျိုးပြတ်ပေါက်ပျက်သက်သက်မထင်ထက်ဝန်းကျင်မှ ပြည့်စုံ၏။
ဝိတရာဂေါ၊ ကင်းသောဆန္ဒရာဂရှိ၏။
သမာဟိတော၊ တည်ကြည်ခိုင်ခဲ့သော စိတ်ရှိ၏။
ဩဒါတမနသင်္ကပ္ပေါ၊ အလွန်ဖြူလွင်သန့်ရှင်းစင်သော စိတ်အကြံအစည်ရှိ၏။
သော ပုဂ္ဂလော၊ ထိုသို့လျှင် တိသဘောရှိသော ပုဂ္ဂိုလ်သည်။
ဝေ၊ စင်စစ်။
ကာသာဝံ၊ ဖန်ရည်ဆိုးစွန်း ဝတ်သင်္ကန်းကို။
အရဟတိ၊ ထိုက်၏။
ယဿ ပုဂ္ဂလဿ၊ အကြင် ပုဂ္ဂိုလ်အား။
ဥဒ္ဓတော၊ ပျာပုံခဲကျ ထောင်းထောင်းထသို့ ရွရွမတည် မခိုင်ကျည်သော စိတ်ရှိ၏။
ဥန္နဠော၊ စိတ်နေမိုးလောက် ဖြိုးဖြိုးဆောက်လျက် မောက်မောက် မော်မော် ပွဲတိုင်းကျော်အောင် ထင်ပေါ်သော မာနရှိ၏။
သီလံ၊ စတုပါရိသုဒ္ဓိသီလ လေးပါးမျှလည်း။
နတ္ထိ၊ မရှိ။
တဿ ပုဂ္ဂလဿ၊ ထို ပုဂ္ဂိုလ်အား။
ဩဒါတကံ၊ အဝတ်ဖြူကို။
အရဟတိ၊ ထိုက်၏။
ကာသာဝံ၊ အရိယာတံခွန် ဖန်ရည်ဆိုးစွန်းဝတ်သင်္ကန်းသည်။
ကိံ ကရိဿတိ၊ အဘယ်မူပြုဘိ ဘယ်ကျိုးရှိလိမ့်နည်း။
အနာဂတေ၊ နောင်အခါ၌။
ဘိက္ခူစ၊ ရဟန်းယောင်္ကျားတို့သည်လည်းကောင်း။
ဘိက္ခုနိယောစ၊ ရဟန်းမိန်းမတို့သည်လည်းကောင်း။
ဒုဋ္ဌစိတ္တာ၊ ရာဂစသည် ဖျက်ဆီးသဖြင့် ပျက်စီးဆိုးကောင်းမကောင်းသော စိတ်ရှိကုန်သည်ဖြစ်၍။
အနာဒရာ၊ ဘုရားတရားငါးပါးသီတင်းသုံးတော်ခြင်းတို့၌ ကင်းသော ဂါရဝရှိကုန်သည်ဖြစ်၍။
မေတ္တာ စိတ္တာနံ၊ မေတ္တာဘာဝနာနှင့် ယှဉ်သော စိတ်ရှိကုန်သော။
တာဒီနံ၊ ဆိုးကောင်းလုံးစုံခြောက်အာရုံတို့၌ လှုပ်တုန်မရှိ ပကတိဖြင့်သာ တာဒိကျေးဇူးဂုဏ်အထူးနှင့် ပြည့်စုံသော အရိယာ သူတော်ကောင်းတို့ကို။
ပဏှိဿန္တိ၊ အရပ်ဝေးသို့ ပြေးစဉ်ထွက်အောင် နှိပ်စက်ညှဉ်းဆဲကုန်လိမ့်သတည်း။
ထေရေဟိ၊ မိမိဆရာ ဥပဇ္ဈာယ် ဖြစ်ကုန်သော မထေရ်ကြီးတို့သည်။
စီတရဓာရဏံ၊ သင်္ကန်းဝတ်ရုံခြင်းကို။
သိက္ခာပေန္တောဝိ၊ သို့ဝတ်သို့ရုံ သို့ခြုံသို့ တင်သွန်သင်ပြသဆုံးမပညတ် ကျင့်စေအပ်ကုန်သော်လည်း။
ဒုမ္မေဓာ၊ သီလလေးအင်သုတ်သင်နိုင်ကြောင်း ကောင်းသော သီလဝိသောဓနပညာကင်းကုန်သော။
ပါကဋာ၊ ပါပစာရီဒုဿီဒုဗ္ဗစ် ရှစ်ဆိုးညစ်ဟု ထင်ရှားကုန်သော။
ကာမကာရိယာ၊ သီလလေးချက် စောင့်စည်းပျက်သဖြင့် နှစ်သက်လိုတိုင်းမဆိုင်းမညှာပြုတတ်စွာကနု်သော ။
ဗာလာ၊ အကျိုးအကြောင်း ဆိုးကောင်းမသိပ ညာမျက်စိ မရှိစုံကမ်း အန္ဓ စင်စစ် ဆိုးညစ်မိုက်ခေါင် ရှင်မိုးမှောင်တို့သည်။
နသုဏိဿန္တိ၊ နားမထောင်ကုန်လတ္တံ့။
မဠုဂေါ၊ မြင်းယုတ် မြင်းဆိုးသား ရိုးဗွေပါမကောင်းစွာသော မြင်းသည်။
သာရထိံ၊ ဆုံးမတတ်စွာ မြင်းဆရာကို။
နာဒိယတိဝိယ၊ မယူမခံပေါက်ကုန်ခုန်ကပ်ပြုသကဲ့သို့။
တထာ၊ ထိုမြင်းယုတ်မြင်းဆိုး သားရိုးဗွေပါ မကောင်းစွာသော မြင်းသဘွယ်။
အညမညံ၊ အချင်းချင်း။
အဂါရဝါ၊ ရိုသေခြင်းကင်းကုန်သော။
အသိက္ခိတာ၊ ဆရာဥပဇ္ဈာယ်တို့နည်းနွယ် ပြသဆုံးမပါလျက် ဆိုခက်မိုက် ထိုင်းမြင်း နှယ်ရိုင်း၍ သင်တိုင်းမကျင့် တတ်ကုန်သော။
တေဗာလာ၊ ထိုအကျိုးအကြောင်းဆိုးကောင်း မသိပညာ မျက်စိ မရှိစုံကန်း မြင်နှယ်သွမ်းသော အန္ဓ စင်စစ်ဆိုးညစ်မိုက်ခေါင် ရှင်မိုးမှောင်တို့သည်။
ဥပဇ္ဈာယေ၊ ဆရာဥပဇ္ဈာယ်တို့ကို။
နာဒိယိဿန္တိ၊ ဆုံးမမခံနှုတ်လုံထိုးလျက် ကျိုးနွံရိုသေခြင်း ကင်းကြကုန်လတ္တံ့။
ဧဝံဣမိနာဝုတ္တပ္ပကာရေန၊ ဤသို့ ကောဓနာဂါတာအစ တေတထာဂါထာ အဆုံးအလုံးစုံပြဆိုအပ်ပြီးသော အပြားအားြဖင့်။
အနာဂတံ၊ မလာမရောက်သေး ရောက်လိမ့်ရောက်အံ့ရောလတ္တံ့သော။
အဒ္ဓါနံ၊ နောင်အခါ၌။
ပစ္ဆိမေ၊ နောက်ဖြစ်သော။
ကာလမှိ၊ သီလလေးဆူ မဖြူမစင် ပစ္စည်းခြင်၍ စာသင်စာရှုလေ့လာပြုသော သုတယုဂိကာလသည်။
ပတ္တေ၊ ရောက်လတ်သည်ရှိသော်။
ဘိက္ခူနဉ္စ၊ ရဟန်းယောင်္ကျားတို့၏လည်းကောင်။
ဘိက္ခုနီနဉ္စ၊ ရဟန်းမိန်းမတို့၏လည်းကောင်း။
ပဋိပတ္တိ၊ ဘောက်ပြန်နည်းလွတ် ယွင်းချွတ်ပျက်ပြားသော အကျင့်သည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
အာဝုသော၊ ငါ့ရှင်ဘုရားရဟန်းများတို့။
အနာဂတံ၊ ဖြစ်လိမ့်ဖြစ်အံ့ဖြစ်လတ္တံ့သော။
ဧတံမဟဗ္ဘယံ၊ ထိုသင်တို့အား ငါဟောကြားအပ်သော ပဋိပတ်အန္တရာယ်ဘေးကြီးကျယ်သည်။
ပုရာ၊ ရှေးမှ။
အာဂစ္ဆတေ၊ လာရောက်လတ္တံ့။
တုမှေ၊ ငါ့ရှင်ဘုရား ရဟန်းများတို့သည်။
သုဗ္ဗစာ၊ ခံ့သော စကားရှိကုန်သည်ဖြစ်၍ စကားကောင်းမြတ်ပြောဆိုတတ်သော ဆရာဥပဇ္ဈာယ်တို့၏ ဆုံးမပဲ့ပြင်သွန်သင်ရာရာ လိုလိုက်နာလျက် ရိုသေစွာ ခံယူတတ်ကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါကုန်လော။
သခိလာ၊ နှလုံးနူးညံ့ကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါကုန်လော။
အညမညံ၊ အချင်းချင်း။
သဂါရဝါ၊ ယမ်းပည်းညွတ်စင်းရိုသေခြင်းရှိကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါလော။
မေတ္တစိတ္တာ၊ သတ္တဝါအများကိုယ်မခြားအောင်စီးပွါးချမ်းသာ ဆောင်တတ်စွာသော မေတ္တာစိတ်ရှိကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါကုန်လော။
ကာရုဏိကာ၊ သူ၏ ဆင်းရဲပယ်ရှဲလိုစွာ လက္ခဏာ ရှိသာ သနားခြင်းကရုဏာနှင့် ပြည့်စုံကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါကုန်လော။
သီလေသု၊ စတုပါရိသုဒ္ဓိသီလတို့၌။
သံဝုတော၊ စောင့်ရှောက်ဥဿုံလုံခြုံကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါကုန်။
အာရဒ္ဓဝီရိယာ၊ အကုသိုလ်တရား ပယ်စွန့်ရှား၍ ကုသိုလ်တရားပွါးများမယုတ် တိုးမဆုတ်အားထုတ်သော လုံ့လရှိကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါကုန်။
ပဟိတတ္တာ၊ နိဗ္ဗာန်သို့ ညွတ်အောင် စေလွှတ်သော စိတ်ရှိကုန်သည်ဖြစ်၍။
နိစ္စံ၊ အခါမစဲ အမြဲမပြတ်။
ဒဠှပရက္ကမာ၊ မသွေမလှန် မြဲမြဲ ကြံ့ကြံ့ခိုင်ခံ့သော လုံ့လရှိကုန်သည်။
ဟောထ၊ ဖြစ်တော်မူကြပါကုန်။
အာဝုသော၊ ငါ့ရှင်ဘုရားကိုယ်တော်များတို့။
ပမာဒံ၊ ဒုစ္စရိုက်သုံးစုံ ကာမဂုဏ်ငါးခုမကောင်းမှုတို့နှိုက် မပြုမကင်းမေ့လျော့ခြင်းကို။
ဘယတော၊ စည်းစိမ်ဥစ္စာချမ်းသာခပင်း ပျက်စီးခငျး၏ ကြောင်းရင်းမူလ ဖြစ်သောကြောင့် စင်စစ်သော ဘေးဥပါဒ် အားဖြင့်။
အပ္ပမာဒဉ္စ၊ သုစရိုက်သုံးဖြာ ဘာဝနာဖြင့် ဝိပသနာကမ္မဋ္ဌာန်းစီးဖြန်းမပေါ မမေ့လျော့ခြင်းကိုလည်း ။
ခေမတော၊ ဥပဒ်ကင်းကွာချမ်းသာအတိ အဘေးမရှိသော အားဖြင့် ။
ဒိသွာ၊ ပညာမျက်စီ ဟုတ်တိုင်းသိကုန်သည်ဖြစ်။
အမတံ၊ သေခြင်းကင်းသော။
ပဒံ၊ နိဗ္ဗာန်ကို။
ဖုသန္တာ၊ မျက်မှောက် ပြုကုန်သည်ဖြစ်၍။
အဋ္ဌင်္ဂိတံ၊ အပ္ပမာဒပဋိပတ်၏ အထွတ်အဖျားဖြစ်သော သီလသမာပညာလုံးရပ်သင်္ဂြိုလ်အြပ်၍ အင်္ဂါရှစ်ပါးရှိသော။
မဂ္ဂံ၊ အရိယာမဂ်ကို။
ဘာဝေထ၊ ပွါးများကြပါစေကုန်လော။
ဣတိ၊ ဤသို့။
ဖုဿထေရော၊ ဖုဿထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ဖုဿထေရဂါထာ အနက်ပြီး၏။
ဘောဘိက္ခု၊ အကြင်ရဟန်းသည်။
ယထာစရီ၊ အကြင်အကြင်သို့သော အကျင့်သီလနှင့် ပြည့်စုံသည်ဖြစ်၍။
ဝိဟရတိ၊ နေ၏။
တထာစရဏသီလေ၊ ထိုသို့သော အကျင့်ကို ကျင့်တတ်သောအလေ့ရှိ၏။
ယောဘိက္ခူ၊ အကြင်ရဟန်းသည်။
ယထာသတော၊ အကြင်အခြင်းဖြင့် အဝိယာတို့သည်ရာဂစသော အဆိပ်ကင်းသော အားဖြင့်နေခြင်းကဲ့သို့ နေခြင်းရှိသည်။
ဟောတိ၊ ဖြစ်၏။
တထာ၊ ထိုအခြင်းဖြင့်။
သတိမာ၊ မြတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍။
ဝိဟရတိ၊ နေ၏။
ယောဘိက္ခု၊ အကြင်ရဟန်းသ်ည။
ယထာသံကပ္ပံ၊ အခြင်းခပ်သိမ်း မိစ္ဆာသင်္ကပ္ပကို ပယ်၍ နေက္ခမသင်္ကပ္ပစသည်အစွမ်းဖြင့် စောင့်စည်းသော အကြံရှိသည်။
ဟုတွာ၊ ဖြစ်၍။
ဈာယနသီလော၊ နှစ်ပါးသော ဈာန်ကို ဝင်စားလေ့ရှိသည်။
ဟောတိ၊ ဖြစ်၏။
တထာစရိယာယ၊ ထိုကြံသော အခြင်းအရာဖြင့် ကောင်းသော အကျင့်နှင့် ပြည့်စုံသဖြင့်။
အပ္ပမတ္တော၊ အလုံးစုံသော အာရုံ၌ ကောင်းစွာတည်သော သတိပညာဖြင့် မမေ့မလျော့သည်။
ဟောတိ၊ ဖြစ်၏။
အဇ္ဈတ္တရတော၊ ဂေါစရဇ္ဈတ္တဟုဆိုအပ်သော ကမ္မဋ္ဌာန်းကို ပွါးစေခြင်း၌ ။
ရတော၊ မွေ့လျော်သည်။
ဟောတိ၊ ဖြစ်၏။
သမာဟိတတ္တော၊ ထိုကမ္မဋ္ဌာန်းကို ပွါးစေခြင်း၌ တည်ကြည်သော စိတ်ရှိ၏။
ဧကော၊ တယောက်အတည်းတည်း။
သန္တုဿိတော၊ ပစ္စည်း၌ ရောင့်ရဲခြင်းဘာဝနာ၌ မွေ့လျော်ခြင်းဖြင့် ကောင်းစွာနှစ်သက်ရောင့်ရဲခြင်းရှိ၏။
တံတာဒိသံ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို။
ဘိက္ခု၊ သိက္ခာသုံးပါးကို ဖြည့်သဖြင့် ဖျက်ဆီူးအပ်သော ကိလေသာရှိသော ရဟန်းဟူ၍။
အာဟု၊ ပညာရှိတို့ ဆိုကုန်၏။
ယော ဘိက္ခု၊ အကြင်ရဟန်းသ်ည။
အလ္လံဝါ၊ ထောပတ်ဆီဥစသည်ဖြင့် သွန်းအပ်သော သိမ်မွေ့သော အစာကိုလည်းကောင်း။
သုက္ခံဝါ၊ ထောပတ်စသည်တို့ဖြင့် မသွန်အပ်သော ခြောက်သော အစာကိုလည်းကောင်း။
ဘုဉ္ဇန္တော၊ စားသည်ရှိသော်။
ဗာဠံ အတိဝိယ၊ အလွန်လျှင်။
သုဟိတော ဂေဓော၊ တဏှာဖြင့် တက်မက်မောခြင်းသည်။
နသိယာ၊ မဖြစ်ရာ။
ယတောယသ်မာကာရဏာ၊ အကြင်ကြောင့်။
ဦနုဒရော၊ မျှရုံသာစား၍ ပေါ့သော ဝမ်းရှိသည်။
မိတာဟာရော၊ နှိုင်းရှဉ်ဆင်ခင်းအပ်သော စားခြင်းရှိသည်။
သတော၊ သတိနှင့် ပြည့်စုံသည်။
ဟောတိ၊ ဖြစ်၏။
တထာတေနပကာရေန၊ ထိုသို့သော အတိုင်း အရှည်ကို ဆင်ခြင်သော သတိရှိသဖြင့်။
သောဘိက္ခု၊ ထိုရဟန်းသည်။
ပရိဗ္ဗဇေဝိဟရေယျ၊ နေရာ၏။
စတ္တာရော ပဉ္စအာလောပေ၊ လေးလုပ်ငါးလုပ်တို့ကို ။
အဘုတွာ၊ စားမြဲတိုင်းမှ ယုတ်၍ မစားဘဲ။
ဥဒကံ၊ ရေကို။
ဝိဝေပိဝေယျ၊ သောက်ရာ၏။
အယံ၊ ဤလေးလုပ် ငါးလုပ်ယုတ်၍ ရေကိုသောက်သဖြင့် ဆွမ်းစားသော ရဟန်းသ်ည။
သလ္လဟုကဝုတ္တိ၊ အာဟာရ၌ ပေါ့သော ဖြစ်ခြင်းရှိသော ရဟန်းမည်၏။
ဧဝံ၊ ဤသို့ လေးလုပ်ငါးလုပ် ယုတ်၍ ဆွမ်းကိုသုံးဆောင်ခြင်း သည်။
ပဟိတတ္တဿ၊ ကိုယ်အသက်ကို မငဲ့မူ၍နိဗ္ဗာန်ကိုစေလွှတ်အပ်သော စိတ်ရှိသော။
ဘိက္ခုနော၊ ရဟန်းအား။
ဖာသုဝိဟာရာယ၊ ချမ်းသာစွာနေခြင်းငှါ။
အလံပရိယတ္တံ၊ စွမ်းနိုင်၏။
ယံ စီဝရံ၊ အကြင်ခေါမ စသည်တို့တွင် တပါးပါးသော သင်္ကန်းကို။
ကပ္ပိယံ၊ အပ်၏ ဟူ၍ ဘုရားခွင့်ပြတော်မူအပ်၏။
တံ၊ ထိုခေါမစသော သင်္ကန်းကိနု။
စေဆာဒေတိ၊ အကယ်၍ ဝတ်ရုံဖုံးလွှမ်းသည်ဖြစ်အံ့။
ဣဒမတ္တိကံ၊ ဤမြတ်စွာဘုရားဟောတော်မူတိုင်း အကြင်မျှလောက်အချမ်းအပူ စသည်ကို တားမြစ်ခြင်းအကျိုးရှိသည်။
ဟောတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို အချမ်းအပူစသည်ကို တားမြစ်ခြင်းစသော အကျိုးငှါ သင်္ကန်းကို သုံးဆောင်ခြင်းသည်။
ပဟိတတ္တဿ၊ ကိုယ်အသက်ကို မငဲ့မူ၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသော။
ဘိက္ခုနော၊ ရဟန်းအား။
ဖာသုဝိဟာရာယ၊ ချမ်းသာစွာနေခြင်းငှါ။
အလံပရိယတ္တံ၊ စွမ်းနိုင်၏။
ပလ္လင်္ကေန၊ ထက်ဝယ်ဖြင့်။
နိသိန္နဿ၊ ထိုင်သော ရဟန်းအား။
ဇဏ္ဏုကေ၊ ပဆင်နှစ်ဘက်တို့ကို ။
နာဘိဝဿတိ၊ မိုဃ်းရည်ဖြင့် မစွတ်။
ဧတ္တကံဝိ၊ ဤမျှသည်လည်း။
သဗ္ဗပရိယ န္တသေနာသနံ၊ အလုံးစုံအောက်ယုတ်သော ကျောင်းမည်၏။
ဧဝံ၊ ဤသို့သဘောရှိသော ကျောင်းသသည်၌ နေသည်ရှိသော်။
ပဟိတတ္တဿ၊ ကိုယ်အသက်ကို မငဲ့မူ၍ နိဗ္ဗာန်သို့ စေလွှတ် အပ်သော စိတ်ရှိသော။
ဘိက္ခုနော၊ ရဟန်းအား။
ဖာသုဝိဟာရာယ၊ ချမ်းသာစွာနေခြင်းငှါ။
အလံပရိယတ္တံ၊ စွမ်းနိုင်၏။
ယော၊ အကြင်ရဟန်းသ်ည။
သုခံ၊ သုခဝေဒနာကို။
ဒုက္ခတော၊ ဖောက်ပြန်တတ်သည်ဖြစ်၍ ဆင်းရဲ၏ ဟူ၍။
အဒ္ဒအဒ္ဒဿ၊ ဝိပဿနာ ပညာနှင့်တကွသော မဂ်ပညာဖြင့် ဟုတ်မှန်စွာ မြင်၏။
ဒုက္ခံ၊ ဝိပရိဏာမဒုက္ခကို။
သလ္လတော၊ ငြောင့်တံသင်းကဲ့သို့ ဖြစ်၍ ဟူ၍။
အဒ္ဒက္ခိ၊ ရှုနိုင်၏။
ဥဘယန္တရေန၊ သုခဒုက္ခဝေဒနာနှစ်ပါးတို့၏ အလယ်၌ဖြစ်သော ဥပေက္ခာ ဝေဒနာဖြင့်။
နဟောသိ၊ အဟုတ်အဟတ်ထိုးထွင်း၍ သိသဖြင့် ငါ၏ ကိုယ်ဟူ၍ နှလုံးသွင်းခြင်းသည် မဖြစ်။
ဧဝံ၊ ဤဝေဒနာကိုအရင်းပြုသော အားဖြင့် ဥပါဒါနက္ခန္ဓာ တရားငါးပါးတို့ကို ပိုင်းခြင်း၍ ထိုနှင့် စပ်သော ကိလေသာကွန်ယက်ကိုဖြတ်၍ တည်သော သူသည်။
ကေန၊ အဘယ်မည်သော ကိလေသာဖြင့်။
လောကသ္မိံ၊ လောက၌။
ဗန္ဓော၊ ဖွဲ့နိုင်တော့အံ့နည်း။
ကိံသိယာ၊ အဘယ်သို့နောင်အခါ ထိုကိလေသာတို့သည် ဖြစ်ရာပါတော့အံ့နည်း။
အညဒတ္ထု၊ စင်စစ်သော်ကား။
ဆိန္နဗန္ဓနောဝ၊ ကိလေသာဟူသော ကွန်ယက်ဖြင့်ဖွဲ့ခြင်း ကိုဖြတ်ပြီးသည်သာတည်း။
ယော ပါပိစ္ဆော၊ အကြင်ထင်ရှားမရှိသော ဂုဏ်ဖြင့် ခြီးမွှမ်းခြင်းကို အလိုရှိသဖြင့် ယုတ်မာသော အလိုရှိသော ။
ကုသီတော၊ ရဟန်းတရား၌ အားထုတ်ခြင်းမရှိပျင်းရိသော။
ဟီနဝီရိယော၊ ယုတ်သော လုံ့ရှီသော။
အပ္ပသုတော၊ သစ္စာပဋိစ္စသမုပ္ပါဒ်စသည်နှင့် ယှဉ်သော သင်ကြားခြင်းမရှိသဖြင့် အကြားအမြင်နည်းသော။
အနာဒရော၊ ဆုံမကဖြစ်ခြင်းတို့၌ ရိုသေခြင်းမရှိသော။
တာဒိသော၊ ထိုသို့ အလွန်ယုတ်သော ပုဂ္ဂိုလ်သည်။
မေ၊ ငါ၏ အနီး၌။
ကဒါစိ၊ တရံတခါမျှ။
မာအဟု၊ မဖြစ်စေသတည်း။
လောကသ္မိံ၊ သတ္တဝါအပေါင်း၌။
တာဒိသဿပုဂ္ဂလဿ၊ ထိုသို့ယုတ်မာသော သဘောရှိသော ပုဂ္ဂိုလ်အား။
ကေန၊ အဘယ်အဆုံအမဖြင့်။
ကိံသိယာ၊ အသို့ဖြစ်ရာပါအံ့နည်း။
နိရတ္ထကမေဝ၊ အကျိုးမရှိသည်သာလျှင်တည်း။
ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။
ဗဟုသုတောစ၊ သီလစသည်နှင့် စပ်သော သုတ္တဂေယျစသော အပြားဖြင့် များသော အကြားအမြင်ရှိ၏။
မေဓာဝီစ၊ တခဏဖြင့် မှတ်နိုင်ဆောင်နိုင်သော ပညာနှင့် ပြည့်စုံ၏။
သီလေသု၊ စတုပါရိသုဒ္ဓိသီလစသည်တို့၌။
သုသမာဟိတော၊ ကောင်း စွာတည်၏။
စေကောသမထံစေတောသမထေန၊ လောကီလောကုတ္တရာအပြားရှိသော စိတ်ကို ကောင်းစွာထားခြင်းနှင့်။
အနုယုတ္တော၊ ယှဉ်၏။
တာဒိသော၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည်။
ဗုဒ္ဓနိအပိ၊ ငါ၏ ထိပ်ထက်၌ တည်း။
တိဋ္ဌတု၊ တည်စေသတည်း။
ယောပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။
ပပဉ္စမနုယုတ္တော၊ အမှု၌ မွေ့လျော်ခြင်း စသည်ရူပါရုံ စသည်၌ ငြိတွယ်သဖြင့် တဏှာမာန ဒိဋ္ဌိတည်းဟူသော သံသရာကိုချဲ့တတ်သော ပမာဒတရားနှင့်လည်း ယှဉ်၏။
ပပဉ္စာဘိရတော၊ ထို ပပဉ္စတရား၌ အပြစ်ကို မရှုသဖြင့် တဏှာမာနဒိဋ္ဌီဟု ဆိုအပ်သော တရား၌ အလွန်မွေ့လျော်၏။
မိဂေါမဂသဒိသော၊ သမင်နှင့်တူသော။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။
အနုတ္တရံ၊ အတုမရှိသော။
ယောဂက္ခေမံ၊ ယောဂလေးပါး၏ ကုန်ရာဖြစ်သော ။
နိဗ္ဗာနာ၊ နိဗ္ဗာန်မှ။
ဝိရာဓယိ၊ ချွတ်ယွင်းစေ၏။
ယောစ ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။
ပပဉ္စံ၊ သံသရာကို ချဲ့တတ်သော တဏှာ မာန ဒိဋ္ဌိကို။
ဟိတွာန၊ မဂ်ဖြင့် စွန့်ပယ်၍။
နိပ္ပပဉ္စပထေရတော၊ ပပဉ္စတရားငါးပါး၏ ကင်းရာ နိဗ္ဗာန်သို့ သွားခြင်း၏ အကြောင်းဖြစ်သော အရိယာမဂ်၌ မွေ့လျော်၏။
သောတာဒိသော၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သည်။
အနုတ္တရံ၊ အတုမရှိသော။
ယောဂက္ခေမံ၊ ယောဂလေးပါး၏ ကုန်ရာဖြစ်သော ။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
အာရာဓယိ၊ ပြီးစေ၏။
ဂါမေပါ၊ ရွာ၌လည်းကောင်း။
ယဒိ၊ ထိုမြို့။
အရညေဝါ၊ တော၌၎င်း။
နိန္နေဝါ၊ ချိုင့်ဝှမ်းရာ အရပ်၌ လည်းကောင်း။
ယဒိ၊ ထိုမြို့။
ထလေ၊ မြင့်မောက်ရာ အရပ်၌လည်းကောင်း။
ယတ္ထ၊ အကြင်အရပ်၌။
အရဟန္တော၊ ရဟန္တာတို့သည်။
ဝိဟရန္တိ၊ နေကုန်၏။
တံဘူမိ၊ ထိုရွာတော စသော တပါးပါးသော အရပ်သည်။
ရာမဏေယျကံ၊ မွေ့လျော် ဘွယ်ရှိသည်သာလျှင်တည်း။
ရာမဏိယာနိ၊ မွေ့လျော် ဘွယ်ရှိသည် သာလျှင်တည်း။
ရာမဏိယာနိ၊ မွေ့လျော်ဘွယ်ရှိကုန်သော။
အရသာနိ၊ တောကျောင်းတို့သည်။
သန္တိ၊ ရှိကုန်၏။
ယတ္ထယေသု အရညကေသု၊ အကြင်နှလုံးမွေ့လျော်ဘွယ်ရှိသော တောကျောင်းတို့၌။
ဇနော၊ ကာမဂုဏ်ဖြင့် လိမ်ကျံသည်ဖြစ်၍ ကာမဂုဏ်ကို ရှာမှီလေ့ရှိသော သူသည်။
နရမတိ၊ မမွေ့လျော်။
ဝီတရာဂါ၊ ရာဂကင်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည်။
ရမိဿန္တိ၊ ထိုသို့သဘောရှိသော တောကျောင်းတို့၌ မွေ့လျော်ကုန်လတ္တံ့။
တေဝီတရာဂါ၊ ထိုရာဂကင်းကုန်သော ရဟန္တာတို့သည်။
ကာမဂဝေသိနော၊ ကာဂုဏ်ကို ရှာမှီးလေ့ရှိကုန်သည်။
နဟောန္တိ၊ မဖြစ်ကုန်။
နိဓီနံဝါ၊ ထိုထိုသို့သော အရပ်၌ ဆောင်၍ ထားအပ်ကုန်သော ရွှေငွေစသည်တို့ဖြင့် ပြည့်ကုန်သော အိုးတို့၏။
ပဝတ္တာရံဣဝ၊ ထိုရွှေအိုးရှိရာအရပ်ကို ပြ၍ ဤရွှေအိုးကို ယူ၍ အသက်မွေးလောဟု ဆိုသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
ဝဇ္ဇဒဿိနံ၊ နှစ်ပါးသော အပြစ်ကို ရှုလေ့ရှိကုန်သော။
မေဓာဝီမေဓာ ဝိနော၊ မိုဃ်းကြိုးစက်နှင့်တူသော ပညာရှိကုန်သော သူတို့သည်။
ယံဝါဒံ၊ အကြင်မလျောက်ပတ်သော အယူချော်သော အယူရှိသော သူကို။
နိဂ္ဂယှ၊ နှိပ်၍။
ပဿေ၊ မိမိအပြစ်ကို ရှုစေရာ၏။
တာဒိသံ၊ ထိုသို့သဘောရှိသော တရားသဖြင့် ဆုံးမလေ့ရှိသော။
ပဏ္ဍိတံ၊ ပညာရှိကို။
ဘဇေဘဇေယျ၊ ဆည်းကပ်ရာ၏။
တာဒိသံ၊ ထိုသို့သဘောရှိသော ပညာရှိကို။
ပဇမာနဿ၊ ဆည်းကပ်သော သူအား။
သေယျော၊ ကောင်းမြတ်သည်။
ဟောတိ၊ ဖြစ်၏။
ပါပိယော၊ အထူးသဖြင့် ယုတ်မာသည်။
နဟောတိ၊ မဖြစ်။
ဣတိ၊ ဤသို့။
ဩဝါဒေယျ၊ ဆုံးမပေရာ၏။
အနုဿသေယျ၊ နောင်အခါ အပြစ်ရှိသော အမှုကိုလည်း မပြုလေနှင့်ဟု အဘန်တလဲလဲဆုံးမရာ၏။
အသဗ္ဘာစ၊ အကုသိုလ်တရား ၏ ဖြစ်ကြောင်းမှလည်း။
နိဝါရယေ၊ မြင်ရာ၏။
သတံဟိသတံဧဝ၊ သူတော်ကောင်းတို့သည်သာလျှင်။
သော ပုဂ္ဂလော၊ ထိုဆိုခဲ့ပြီးသော ဂုဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို။
ပိယော၊ ချစ်အပ်သည်။
ဟောတိ၊ ဖြစ်၏။
အသတံ၊ သူတော် မဟုတ်သူယုတ်တို့သည်။
သော ပုဂ္ဂလော၊ ထိုဆိုခဲ့ပြီးသော ကျေးဇူးနှင့် ပြည့်စံဒသော ပုဂ္ဂိုလ်ကို။
အပ္ပိယော၊ မချစ်အပ်သည်။
ဟောတိ၊ ဖြစ်၏။
စက္ခုမာ၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော။
ဘဂဝါ၊ ဘုန်းတော်ခြေခံပါးနှင့် ပြည့်စုံတော်မူသော။
ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
အညဿ၊ တပါးသော ဒိဃန စသော သူအား။
ဓမ္မံ၊ တရားကို။
ဒေသေသိ၊ ဟောတော်မူ၏။
ဘဂဝတော၊ မြတ်စွာဘုရားသည်။
ဓမ္မေ၊ တရားကို။
ဒေသိယာမာနမှိ၊ ဟောတော်မူအပ်သည်ရှိသော်။
သော၊ ထိုဒီဃနခသည်။
တံဓမ္မံ၊ ထိုတရားကို။
အတ္ထိကော၊ အလိုရှိသည်။
ဟုတွာ၊ ဖြစ်၍။
သောတံ ဩဒေတိ၊ ထိုတရားကို ရိုသေစွာနာ၏။
မေမမ၊ ငါ၏။
တံဓမ္မံ သဝနံ၊ ထိုတရားတော်ကိုနာခြင်းသည်။
အမှိ၊ ဖြစ်၏။
အမောဃံ၊ အချည်းနှီးမရှိ။
တဿ ဓမ္မဿ၊ ထိုတရားကို။
သဝနတော၊ နာရသောကြောင့်။
ဝိမုတ္တော၊ ကိလေသာမှ လွတ်သည်။
အနာသဝေါ၊ လေးပါးသော အာသဝေါမှ ကင်းသည်။
အမှိ၊ ဖြစ်၏။
မေမယာ၊ ငါသည်။
ပုဗ္ဗေနိဝါသာယ၊ မိမိသူတပါးတို့၏ ရှေး၌ နေဘူးသော ခန္ဓာအစဉ်ကို သိသော ပုဗ္ဗေနိဝွသာနုဿတိ အဘိညာဉ် အကျိုးငှါ။
နေဝဝိဇ္ဇတိ၊ စိတ်၏တောင့်တခြင်းမရှိ။
ဒိဗ္ဗဿ စက္ခုနော၊ ဒိဗ္ဗစက္ခု အဘိညာဉ် အကျိုးငှါ။
နဝိနဝိဇ္ဇတိ၊ တောင့်တခြင်းမရှိ။
စုတိယ ဥပပတ္တိယာ၊ စုတိပဋိသန္ဓေ၏ ။
သမီပံ၊ အနီးကို။
ပဿန္တာယ၊ မြင်တတ်သော။
စေတောပရိယာယ ဣဒ္ဓိယာ၊ စေတောပရိယ အဘိညာဉ် အကျိုးငှါ။
ပဏိဓိ၊ တောင့်တခြင်းသည်။
နဝိဇ္ဇတိ၊ မရှိ။
သောတဓါတု ဝိသုဒ္ဓိယာ၊ ဒိဗ္ဗာသောတ အဘိညာဉ်အကျိုးငှါ။
မေ၊ ငါအား။
ပဏိဓိ၊ တောင့်တခြင်းသည်။
နဝိဇ္ဇတိ၊ မရှိ။
ရုက္ခမူလံဝ ရူက္ခမူလံဧဝ၊ သစ်ပင်ရင်းကို သာလျှင်။
နိဿာယ၊ မှီ၍။
မုဏ္ဍော၊ ဦးပြည်းသော ။
သံဃာဋိပါရုတော န၊ ကုတ်ကိုရုံသော။
ပညာယ၊ ပညာဖြင့်။
ဥတ္တမော၊ မြတ်သော။
ဥပတိဿော၊ ဥပတိဿအမည်ရှိသော။
ထေရော၊ မထေရ်သည်။
ဈာယတိ၊ ဖလသမာပတ်ကိုဝင်စား၏။
အဝိတက္ကံ၊ ဝိတက်ကင်းသော စတုတ္ထဈာန်သမာပတ်ကို။
သမာပန္နော၊ ဝင်စားသော။
သမ္မသမ္ဗဒ္ဓသာဝကော၊ ဘုရားတပည့်သားဖြစ်သော ဥပတိဿထေရ်သည်။
တာဝဒေ၊ ထိုဘီဘူးသည် ဥက္ခေါင်းကို ရိုက်သော ခဏ၌။
အရိယေန၊ ဝိတက်ကင်းသော စတုတ္ထဈာန် ဖလသမာပတ်ကို ဝင်စားသော အားဖြင့် မြတ်သော။
တုဏှိဘာနေဝ၊ ဆိတ်ဆိတ်နေသော အဖြစ်ဖြင့်။
ဥပေတော၊ ပြည့်စုံသည်။
ဟောတိ၊ ဖြစ်၏။
ယထာ၊ ဥပမာအဘယ်ကဲံသို့ နည်းဟူမူကား။
သေလော၊ ကျောက်အတိပြီးသော။
ပဗ္ဗတာ၊ တောင်သည်။
သုသဝါတေဟိ၊ ပြင်းစွာသော လေတို့ဖြင့် ။
အစလော၊ မတုန်လှုပ်သည်ဖြစ်၍။
သုပတိဋ္ဌိတောယထာ၊ ကောင်းစွာတည်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
မောဟက္ခယော၊ မောဟကုန်ပြီးသော။
သောဘိက္ခု၊ ထိုရဟန်းသည်။
ပဗ္ဗတော၊ ကျောက်အတိပြီးသော တောင်သည်။
နဝေဓတိဣဝ၊ ပြင်းစွာသော လေတို့ဖြင့် မတုန်လှုပ်သကဲ့သို့။
နဝေဓတိ၊ မတုန်လှုပ်။
အနင်္ဂနဿ၊ အပါယ်သို့လားကြောင်းဖြစ်သော ရာဂစသော ကိလေသာမှ ကင်းပြီးထသော။
နိစ္စံ၊ အမြဲ။
သုစိံ၊ ကိုယ်နှုတ် ဖြင့်စင်ကြယ်သန့်ရှင်းသော တရားကို။
ဂဝေသိနော၊ ရှာမှီးလေ့ရှိသော။
ပေါသဿ၊ သူတော်ကောင်းဖြစ်သော ယောင်္ကျားအား။
ပါပဿ၊ မကောင်းမှုမှ။
ပါဠဂ္ဂမတ္တမ္ပိ၊ သားမြီးဖျားမျှသည်လည်း။
လဂ္ဂံ၊ ငြိတွယ်ခြင်းသည်။
နတ္ထိ၊ မရှိိ။
အဗ္ဘမတ္တံဝ၊ အလုံးစုံသော လောကဓာတ်ကို နှံ၍ တည်သော တိမ်တိုက်မျှသည်သာလျှင်။
ဟုတွာ၊ ဖြစ်၍။
ခါယတိ၊ ထင်၏။
ယထာကိံ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
သန္တရဗာဟိရံ၊ အတွင်းအပ နှစ်ပါး၌ ဖြစ်သော။
ဂုတ္တံ၊ လူတို့ဖြင့် စောင့်ရှောက် လုံစေအပ်သော။
ပစ္စန္တံ၊ အခြား မရှိခိုင်ခန့်စွာသော ပြအိုးကျုံးစသည်တို့ဖြင့် မြဲမြံစွာ ပြုအပ်သော။
နဂရံ၊ မြို့ကို။
ပစ္စတ္ထိကေဟိ၊ ရန်သူတို့သည်။
အပဝိဋ္ဌံဝိယ၊ မဝင်နိုင်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
အတ္တာနံ၊ မိမိကိုယ်ကို။
ဂေါပေထ၊ လုံခြုံစွာစောင့်ရှောက်ကုန်ရာ၏။
ခဏော၊ ဗုဒ္ဓုပ္ပါဒနဝမခဏသည်။
မာဥပဇ္ဈမာအတိက္ကမိ၊ မလွန်စေသတည်း။
ဟိသစ္စံ၊ မှန်၏။
ခဏာတီတာ၊ ဗုဒ္ဓုပ္ပါဒနဝမ ခဏစတုစက္က သမ္ပတ္တိခဏကိုလွန်ကုန်သော သူတို့သည်။
နိရယမှိ၊ ငရဲ၌။
သမပ္ပိတာ၊ ဆင်းရဲကို ခံရကုန်သည်ဖြစ်၍။
သောစန္တိ၊ စိုးရိမ်ရကုန်၏။
ဥပသန္တော၊ ငြိမ်သက်သော ဣန္ဒြေရှိထသော။
ဥပရတော၊ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်သဖြင့် မွေ့လျော်ခြင်း ရှိထသော။
မန္တဘာဏီ၊ သာယာသော စကားကိုဆိုတတ်ထသော။
အနုဒ္ဓတော၊ ပျံ့လွင့်ခြင်းမရှိထသော။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဒုမပတ္တံ၊ သစ်ရွက်ကို။
မာလုတော၊ လေသည်။
ဓုနာတိဣဝ၊ ဖျက််ဆီးသကဲံသို့။
ပါပကေ၊ ယုတ်မာကုန်သော။
ဓမ္မေ၊ အကုသိုလ်တရားတို့ကို။
ဓုနာတိ၊ ဖျက်ဆီး၏။
ဥပသန္တော၊ ငြိမ်သက်သော ဣန္ဒြေရှိထသော။
ဥပရတော၊ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်သဖြင့် မွေ့လျော်ခြင်း ရှိထသော။
အန္တဘာဏီ၊ သာယာသော စကားကို ဆိုတတ်ထသော။
အနုဒ္ဓတော၊ ပျံ့လွင့်ခြင်း မရှိထသော။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဒုမပတ္တံ၊ သစ်ရွက်ကို။
မာလုတော၊ လေသည်။
ဓုနာတိဣဝ၊ ဖျက်ဆီးသကဲ့သို့။
ပါပကေ၊ ယုတ်မာကုန်သော။
ဓမ္မေ၊ အကိုသိုလ်တရားတို့ကို။
အပ္ပါသိပါဟာသိ၊ ပယ်ပြီ။
ဥပသန္တော၊ ငြိမ်သက်သော ဣန္ဒြေရှိထသော။
အနာယာသော၊ ကိလေသာဟူသော ဆင်းရဲမှ ကင်းထသော။
ဝိပ္ပသန္နမနာဝိလော၊ ကောင်းစွာကြည်သော စိတ်မနောက်ကျသော စိတ်လည်းရှိထသော။
ကလျာဏသီလော၊ ကောင်းသော အကျင့်သီလလည်းရှိထသော။
မေဓာဝီ၊ ပညာရှိသည်။
ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။
အန္တကရော၊ အဆုံးကို ပြုသည်။
သိယာ၊ ဖြစ်၏။
ဧကတိယေသု၊ အချို့ကုန်သော မတည်တံ့သော သဘောရှိကုန်သော ပုထုဇဉ်တို့၌။
နဝိသာသေ၊ မယုံကြည်ရာ။
တုမှေ၊ သင်တို့သည်။
ဒေဝဒတ္တော၊ ဒေဝဒတ်သည်။
သမ္မပဋိပန္နော၊ ကောင်းသော အကျင့်ရှိ၏ဟု။
ဝိသာသံ၊ အကြွမ်းဝင်ခြင်းသို့။
အာပဇ္ဇိတ္ထယထာ၊ ရောက်ကုန်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
အဂါရိသု၊ အိမ်ရာထောင်သော လူတို့၌လည်းကောင်း။
ပဗ္ဗဇိတေသုစာပိ၊ ရဟန်းတို့၌လည်းကောင်း။
သာဓု၊ သူတော်ကောင်းသည်။
ဟုတွာန၊ ဖြစ်ပြီး၍။
အသာဓု၊ သူတော်မဟုတ်သူယုတ်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်သေး၏။
အသာဓု၊ သူတော်မဟုတ် သူယုတ်သည်။
ဟုတွာ၊ ဖြစ်ပြီး၍။
ပုန၊ တဘန်။
သာဓု၊ သူတော်ကောင်းတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ယေသံ၊ အကြင်သူတို့အား။
အာပစ္ဆန္ဒေါစ၊ ကာမဂုဏ်ငါးပါး၌ ပျင်းစွာ တပ်သော ရာဂသည်လည်းကောင်း။
ဗျာပါဒေါစ၊ စီးပွါးချမ်းသာကို ဖျက်ဆီးခြင်းဟူသော ဒေါသသည်လည်းကောင်း။
ထိနမိဒ္ဓဉ္စ၊ နာမက္ခန္ဓာ လေးပါး၏ မခန့်ခြင်း လက္ခဏာရှိသော ထိနမိဒ္ဓသည်လည်းကောင်း။
ဥဒ္ဓစ္စဉ္စ၊ စိတ်၏ မငြိမ်သက်ခြင်း လက္ခဏာရှိသော ဥဒ္ဓစ္စသည်လည်းကောင်း။
ဝိစိကိစ္ဆာစ၊ အာရုံကိုမဆုံးဖြတ်နိုင်ခြင်းလက္ခဏာရျိသော ဝိစိကိစ္ဆာ သည်လည်း။
သန္တိ၊ ရှိကုန်၏။
ပဉ္စ၊ ငါးပါးကုန်သော။
ဧတေဓမ္မာ၊ ထိုတရားတို့သည်။
ဘိက္ခုနော၊ ရဟန်း၏။
စိတ္တကေလိသာ၊ စိတ်ကိုညစ်ညူးစေတတ်ကုန်၏။
သက္ကရိယမာနဿ၊ အရိုအသေအလေးအမြတ်ပြုခြင်းဖြင့်လည်းကောင်း။
အသက္ကာရေန၊ အရိုအသေမပြုခြင်းဖြင့် လည်းကောင်း။
ဧတံဥဘယံ ဧတေတိဥဘယေဟိ၊ ဤပူဇော်ခြင်း မပူဇော်ခြင်း နှစ်ပါးတို့ကြောင့်။
အပ္ပမာဒဝိဟာရိနော၊ သတိပညာအဆင်အခြင်ဖြင့် မမေ့မလျော့နေလေ့ရှိသော။
ယဿဘိက္ခုနော၊ အကြင်ရဟန်းအား။
သမာဓတိ၊ သမာဓိသည်။
နဝိကမ္မတိနဝိနာသေတိ၊ မပျက်စီး
သောသမာဓိ၊ ထိုသမာဓိသည်။
သာတတိကံ၊ အမြံ။
ဈာယီနံ၊ ဈာန်ဝင်စားလေ့ရှိကုန်သော သူတို့အား။
သုခုမဒိဋ္ဌိ၊ သိမ်မွေ့သော ဈာန်၌ဖြစ်သော မိစ္ဆာအယူသည်။
ဝိပဿကံဝိပဿကဿ၊ အနိစ္စအစရှိသော အပြားဖြင့် ရှုသော သူအား ။
ဝိဂတော၊ ကင်း၏။
သော၊ ထိုမိစ္ဆာ အယူမှ ကင်းသော သူသည်။
ဥပါဒါနက္ခယေ၊ ဥပါဒါန် တရားတို့၏ ကုန်ရာဖြစ်သော အရဟတ္ထဖိုလ်နိဗ္ဗာန်၌။
အာရာမံ၊ အာရုံပြုသော အားဖြင့် မွေ့လျော်ခြင်းရှိသည်။
ဟောတိ၊ ဖြစ်၏။
ဧဝရုပေါ၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို။
သပ္ပုရိသောတိ၊ သူတော်ကောင်းဟူ၍။
အာဟု၊ ဘုရားအစရှိသော ပညာရှိတို့သည် ဆိုကုန်၏။
မဟာသမုဒ္ဓေါ၊ မဟာသမုဒ္ဒရာသည်။
အနိလောအစလာ၊ မတုန်လှုပ်သည်။
ဧသာတိယထာစ၊ ဖြစ်သကဲ့သို့လည်းကောင်း။
ပထဝီ၊ မြေကြီးသည်။
အနိလော အစလော၊ မတုန်လှုပ်သည်။
ဟောတိ ယထာစ၊ ဖြစ်သကဲ့သို့ လည်းကောင်း။
ပဗ္ဗတော၊ ကျောက်အတိပြီးသောတောင်သည်။
အနိလောအစလော၊ မတုန်လှု်သည်။
ဟောတိယထာာစ၊ ဖြစ်သကဲ့သို့လည်းကောင်း။
ဧဝံတထာ၊ ထိုအတူ။
သတ္ထု၊ မြတ်စွာဘုရား၏။?
ဝရဝိမုတ္တိယာ၊ အရဟတ္တဖိုလ်ဟူသော ဝိမုတ္တိ၏။
တေမဟာသမုဒ္ဒါဒယော၊ ထိုမဟာသမုဒ္ဒရာ အစရှိသည်တို့သည်။
ဥပမာယ၊ ဥပမာအဖြစ်ဖြင့်။
နယုဇ္ဇန္တိ၊ တဆဲ့ခြောက်စိတ်တို့၏ တစိတ်ကိုမျှ မမှီကုန်။
စက္ကာနုဝတ္တကော၊ မြတ်စွာဘုရားသည် ဖြစ်စေလည််စေ အပ်သော တရားတည်းဟူသော စက်ရတနာသို့ အစဉ်လိုက်၍ ဖြစ်သော။
မဟာဉာဏိ၊ ကြီးမြတ်သော ပညာရှိသော။
သမာဟိတော၊ ဥပစာရ သမာဓိအပ္ပနာ သမာဓိ အနုတ္တရ သမာဓိဖြင့် တည်ကြည်ထသော။
ပတဝါပဂ္ဂိသမာနော၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၏ ပေါင်းမိစုဝေးသော်လည်း ရွံရှာခြင်း ကင်းသဖြင့် မြေရေမီးနှင့်တူသော ဖြစ်ခြင်းရှိသော။
ထေရော၊ မထေရ်သည်။
နရဇ္ဇတိ၊ တပ်ခြင်းလည်းမရှိ။
နဒုဿတိ၊ ပြစ်များခြင်းလည်း မရှိ။
ပညာပါရမိတံ၊ သာဝက ပါရမီဉာဏ်၏ အထွတ်အထိပ်သို့။
ပတ္တော၊ ရောက်ပြီးထသော။
မဟာဗုဒ္ဓိ၊ မြတ်သော ကြီးသော ထူထဲသော ရွှင်သော လျင်သော ထက်သော ထိုးထွင်း၍ သိနိုင်သော သာဝက ဉာဏ်အဖြစ်သို့ ရောက်သဖြင့် ကြီးမြတ်သော ပညာနှင့် ပြည့်စုံထသော။
မဟာမုနိ၊ နည်းကိုယူစွမ်းနိုင်သော ကြီးသော ပညာနှင့် ပြည့်စုံထသော။
အဇဠော၊ သာဝကတို့ထက် ပညာအား ဖြင့်လွန်သောကြောင့် ပညာမနည်းသည်ဖြစ်လျက်။
ဇဠသမာနော၊ မသိသကဲ့သို့ ပြု၏ ပြသဖြင့် ပညာနည်းသော သူနှင့်တူသော ။
ထေရော၊ ဥပတိဿထေရ်သည်။
နိဗ္ဗုတော၊ ကိလေသာတို့၏ ငြိမ်းခြင်းသို့ ရောက်သည်ဖြစ်၍။
စရတိ ဝီဟရတိ၊ နေ၏။
မယာ၊ ငါသည်။
သတ္တာသတ္တေသု၊ သတ္တဝါတို့၌။
ပရိစိဏ္ဏော၊ မေတ္တာကို ပွါးစေသော အားဖြင့် အလေ့အလာ ပြုအပ်ပြီ။
(ပ)၊
အာဝုသော၊ ငါ့ရှင်တို့။
ဟန္ဒဣဒါနိ၊ ယခုအခါ၌။
သဗ္ဗဓိ၊ ခပ်သိမ်းသော ဥပဓိတို့မှ။
ဝိပ္ပမုတ္တော၊ လွတ်သည်။
အမှိ၊ ဖြစ်ပြီ။
အဟံ၊ ငါသည်။
ပရိနိဗ္ဗိဿံ၊ အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုအံ့။
တုမှေ၊ သင်တို့သည်။
အပ္ပမာဒေန၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းနှင့်။
သမ္ပာဒေထ၊ ပြည့်စုံစေကုန်လော။
ဧသာ၊ ဤသည်လျှင်။
မေ၊ ငါ၏။
အနုသာသနိ၊ အဘန်တလဲလဲ ဆုံးမသော စကားတည်း။
ဣတိ၊ ဤသို့။
သာရိပုတ္တော ထေရော၊ သာရိပုတ္တရာမထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော သုံးဆဲ့လေးဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
သာရိပုတ္တထေရသုံးဆဲ့လေးဂါထာ အနက်ပြီး၏။
ပဏ္ဍိတော၊ ပညာရှိသော သူသည်။
ပိသုဏေနစ၊ နှစ်ယောက်သော သူတို့၏ အချစ်ကို မှုန့်မှုန့်ညက်ညက် ပြုတတ်သော ဂုံးတက်ချောပစ်သော စကားကို ဆိုတတ်သော သူနှင့်လည်းကောင်း။
ကောဓနေနစ၊ အမျက်ထွက်လေ့ရှိသော သူနှင့်လည်းကောင်း။
ပစ္ဆရိနာစ၊ ဝန်တိုသော သူနှင့်လည်းကောင်း။
တိဘူတနန္ဒိနာ၊ သတ္တဝါတို့၏ အစီးအပွါးကို ဖျက်ဆီးခြင်း၌နှစ်သက်သော သူနှင့် လည်းကောင်း။
ဣတိဣမေဟိ၊ ဤသို့သဘော ရှိကုန်သော။
တံသခီဟိ၊ အဆွေခင်ပွန်း အပေါင်းအဘော်တို့နှင့်။
နကရေယျ၊ ပေါင်းဘော်ခြင်းကို မပြုရာ။
ကသ္မာ၊ အဘယ်ကြောင့် နည်းဟူမူကား။
ကာပုရိသေန၊ ယုတ်မာသော ယောင်္ကျားနှင့်။
သံဂမော၊ ပေါင်းဘော်ခြင်းသည်။
ပါပေါ၊ ထိုသူယုတ်တို့ကဲ့သို့ ယုတ်မာသော အဖြစ်ကို ဆောင်တတ်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိတသ္မာ၊ ထိုကြောင့်သည်။
ပဏ္ဍိတော၊ ပညာရှိသည်။
သဒ္ဓေနစ၊ ကံကံ၏ အကျိုးကို ယုံကြည်ခြင်းရတနာသုံးပါး၌ သဒ္ဓါခြင်းနှင့် ပြည့်စုံသော သူနှင့်လည်း။
ပေသလေနစ၊ ချစ်အပ်သော သီလနှင့် ပြည့်စုံသော သူနှင့်လည်းကောင်း။
ပညာဝတာစ၊ ဝဋ်မှထွက်မြောက် ကြောင်းဝဋ်ဆင်းရဲမှ ငြီးငွေ့ကြောင်း ပညာနှင့် ပြည့်စုံသော သူနှင့် လည်းကောင်း။
ဗဟုဿုတေနစ၊ ပရိယတ္တိ ပဋိဝေဓနှစ်ပါး၌ အကြားအမြင်များသော သူနှင့်လည်းကောင်း။
ဣတိဣမေဟိသခီဟိ၊ ဤဆိုအပ်ခဲ့ပြီးသော သဒ္ဓါတရားစသည် ပြည့်စုံသော အဆွေခင်ပွန်းကောင်းတို့နှင့်။
ကရေယျ၊ ပေါင်းဘော်ခြင်းကို ပြုရာ၏။
ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။
သပ္ပုရိသေန၊ ပညာရှိသူတော်ကောင်းနှင့်။
သင်္ဂမော၊ အတူတကွ ပေါင်းဖော်ရခြင်းသည်။
ဘဒ္ဒေါ၊ ကောင်းသော ပစ္စုပ္ပန် အစီးအပွါး သံသရာ အစီးအပွါးစသော အပြားရှိသော အကျိုးကို ဆောင်တတ်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိ တသ္မာ၊ ထိုကြောင့်တည်း။
အာဝုသော၊ င့ါရှင်တို့။
စိတ္တကတံ၊ အဝတ်တန်ဆာ ပန်းအခင်းစသည်တို့ဖြင့် ဆန့်ကြယ်စွာ ပြုပြင်အပ်သော။
အရုဓုကာယံ၊ ကိုးပါးသော အဝတို့မှ ယိုစီးသော မစင်အလုံးစုံသော အနာဝဖြစ်၍ ပြန့်နှံ့သော ကိုယ်ဟု ဆိုအပ်သော ။
သရဿီတံ၊ အရိုးအပေါင်းတို့၏ စုဝေးရာဖြစ်သော။
အာတုရံ၊ အမြဲနာကျင်ခြင်းရှိသော။
ဗဟုသင်္ကပ္ပံ၊ လူမိုက်တို့သည် မဟုတ်သည်သို့ ထင်၍ များစွာ ကြံဆအပ်သော အရှည်အတို အစရှိသော အင်္ဂါကြီးငယ်တို့ဖြင့် တန်ဆာဆင်အပ်သော အတ္တဘောကို။
ပဿ၊ အသင့်အားဖြင့် ရှုပါလော။
ယဿ၊ အကြင်အ္တဘောအား။
ဓုဝံ၊ မြဲသော သဘောသည်လည်းကောင်း။
ဋ္ဌိတိ၊ မြဲမြံစွာ တည်ခြင်းသဘောသည်လည်းကောင်း။
နတ္ထိ၊ မရှိ။
စိတ္တကတံ၊ အဝတ်တန်ဆာ ပန်းအခြင်းစသည်တို့ဖြင့် ဆန်းကြယ်စွာ ပြုပြင်အပ်သော။
မဏိနာကုဏ္ဍလေနစ၊ ပတ္တမြားနားဍောင်းဖြင့်လည်းကောင်း။
အဋ္ဌိတစေနစ၊ အရိုးစုသော အရေဖြင့်လည်းကောင်း။
ဩနဒ္ဓံ၊ မြှေ့ဖွဲ့အပ်သော။
ဣမံရူပံ၊ ဤမဟာဘုတ်လေးပါးဟု ဆိုအပ်သော ရုပ်တို့ဖြင့် ပြီးသော ကိုယ်ကို။
ပဿ၊ အသင့်အားဖြင့်ရှုပါလော။
အယံကာယော၊ ဤမဟာဘုတ်လေးပါးဖြင့် ပြီးသော ကိုယ်သည်။
ဝတ္ထေဟိ၊ ပုဆိုးအဝတ်တို့နှင့် ။
သဟပဋိစ္ဆန္နံ၊ တကွဖုံးလွှမ်းမှ။
သောဘတိ၊ တင့်တယ်၏။
အလတ္တကကထာ၊ ချိပ်ရေဖြင့် ကောင်းစွာ ဆိုးအပ်မှသာလျှင်။
ပါဒါ၊ ခြေတို့သည်။
သောဘန္တိ၊ တင့်တယ်ကုန်၏။
စုဏ္ဏကမက္ခိတံ၊ မျက်နှာချေနံ့သာ မှုန့်တို့ဖြင့် လိမ်းကျံအပ်သော်သာလျှင်။
မုခံ၊ မျက်နှာသည်။
သောဘတိ၊ ရှုကြည့်ဘွယ်တင့်တယ်၏။
အယံကာယော၊ စိတ်ကိုတွေဝေစေခြင်း မိုက်စေခြင်းငှါ။
အလံ၊ စွမ်းနိုင်၏။
ပါရဂဝေသိနော၊ နိဗ္ဗာန်ကို ရှာလေ့ရှိသော သူတော်ကောင်းအား။
နောအလံ၊ စိတ်ကို တွေဝေခြင်းမိုက်စေခြင်းငှါ မစွမ်းနိုင်။
အဋ္ဌပဒကတာ၊ ရှစ်ခုသော အခြင်းအရာရှိသော ဖြီးဖြင့် ဖြီးအပ်စီရင်အပ်သော အဘို့ရှိကုန်သော်သာလျှင်။
ကေသာ၊ ဆံတို့သည်။
သောဘန္တိ၊ တင့်တယ်ကုန်၏။
အဉ္ဇနမက္ခိတာ၊ မျက်ရေကွင်းခြင်း စသည်ဖြင့်တန်ဆာဆင်အပ်သော်သာလျှင်။
နေတ္တာ၊ မျက်စိတို့သည်။
သောဘန္တိ၊ တင့်တယ်ကုန်၏။
အယံကာယော၊ ဤဆိုအပ်ခဲ့ပြီးသော အခြင်းအရာနှင့် ပြည့်စုံသော ကိုယ်သည်။
ဗာလဿ၊ မိုက်စွာသော ပုထုဇဉ်အား။
မောဟာယ၊ စိတ်ကို တွေဝေစေခြင်းမိုက်စေခြင်းငှါ။
အလံ၊ စွမ်းနိုင်၏။
အယံကာယော၊ ဤကိုယ်သည်။
ပါရဂဝေသိနော၊ ဝဋ်မှ ထွက်မြောက်ခြင်းကို ရှာမှီးလေ့ရှိသော သူအား။
နောအလံ၊ စိတ်ကိုတွေဝေခြင်းမိုက်စေခြင်းငှါ မစွမ်းနိုင်။
(လ) အယံ၊ ငါကား။
ဗဟုဿုတော၊ ပရိယတ္တိပဋိဝေဓအားဖြင့် များသော အကြားအမြင်ရှိသည်။
စိတ္တကထီ၊ ဆန်းကြယ်သော တရားစကားကို ဟောတတ်သော။
ဗုဒ္ဓဿ၊ သဗ္ဗညုဘုရားရှင်၏။
ပရိစာရိကော၊ အလုပ်အကျွေးရဟန်းသည်။
အမှိ၊ ဖြစ်ပြီ။
ပန္နဘာရော၊ ချအပ်သော ခန္ဓာဟူသော ဝန်ရှိ၏။
ဝိသညုတ္တော၊ လေးပါးသော ဩဃတို့၌ မယှဉ်သည် ဖြစ်၍။
ဂေါတမော၊ ဂေါတမ အနွယ်တော်ဖြစ်သော ငါအာနန္ဒာသည်။
သေယျံ၊ အိပ်ခြင်းကို။
ကပ္ပေတိ၊ ပြု၏။
အဟံ၊ ငါသည်။
ခီဏာသဝေါ၊ ကုန်ပြီးသော အာသဝေါရှိသည်။
ဝိသံယုတ္တော၊ လေးပါးသော ဩဃမှ ကင်းပြီးသည်။
သင်္ဂါတိတော၊ ရာဂအစရှိသော ငြိတွယ်တတ်သော တရားကိုလွန်ပြီးသည်။
ဟုတွာ၊ ဖြစ်၍။
သုနိဗ္ဗတော၊ အချင်းခပ်သိမ်း ကိလေသာတည်းဟူသော ပူလောင်ခြင်းမှ ငြိမ်းပြီ။
ဇာတိမရဏပါရဂူ၊ ပဋိသန္ဓေနေခြင်းသေခြင်းတို့၏ အဆုံးဖြစ်သော နိဗ္ဗာန်တည်းဟူသော ကမ်းတဖက်သို့ ရောက်ပြီးသည်ဖြစ်၍။
အန္တိဓံဒေဟံ၊ အဆုံးဖြစ်သော ကိုယ်ကို။
ဓာရေတိဓာရေမိ၊ ဆောင်၏။
ယသ္မိံ ပုရိသ ဝိသေသေ၊ အကြင်ယောင်္ကျားအထူးဖြစ်သော ပုဂ္ဂိုလ်၌။
ဓမ္မာ၊ ပရိယတ္တိဓမ္မ ပဋိဝေဓ ဓမ္မတို့သည်။
ပတိဋ္ဌိတာ၊ တည်ကုန်၏။
အာဒိစ္စဗန္ဓုနော၊ နေမင်း၏ အဆွေဖြစ်တော်မူသော။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
နိဗ္ဗာနဂမနေ၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော။
မဂ္ဂေ၊ အကြောင်း၌။
ဂေါတမော၊ ဂေါတမအနွယ်ဖြစ်သော။
သောယံသောအယံအာနန္ဒော၊ ထိုအရှင်အာနန္ဒာသည်။
တိဋ္ဌတိ၊ တည်၏။
ဗြာဟ္မဏ၊ ဂေါပကမောဂ္ဂလာန အနွယ်ဖြစ်သော သေလပုဏ္ဏား။
အဟံ၊ ငါသည်။
ဗုဒ္ဓတော၊ ဘုရားသခင် အထံတော်မှ။
ဒွါသီတိ သဟဿာနိ၊ ရှစ်သေားနှစ်ထောင်သော ဓမ္မခန္ဓာတို့ကို ။
ဂဏှိဥဂ္ဂဏှိ၊ ငါသင်ပြီ။
ဘိက္ခုတော၊ ရှင်သာရိ ပုတ္တရာ အစရှိသော ရဟန်းထံမှ။
ဒွေသဟဿာနိ၊ နှစ်ထောင်သော ဓမ္မခန္ဓာ တို့ကို။
ဂဏှိဥဂ္ဂဏှိ၊ ငါသင်ပြီ။
ယေဓမ္မာ ယေဣမေဓမ္မာ၊ အကြင်ဆိုအပ်ပြီးသော တရားတို့ကို။
ဇိဝှဂ္ဂေ၊ လျာဖျား၌။
ပဝတ္တိနော၊ အလေ့အလာပြုသဖြင့် ဖြစ်စေအပ်ကုန်ပြီ။
တေဓမ္မာ၊ ထိုငါအလေ့အလာပြု၍ ဆောင်အပ်သော တရားတို့သည်။
စတုရာသီဘိသဟဿာနိ၊ ရှစ်သောင်းလေးထောင်အတိုင်းအရှည်ရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
အပ္ပဿုတော၊ အယုတ်သဖြင့် တခုသော သုတ္တန်ကို မျှမသင်ဘူးသောကြောင့်နည်းသော အကြားအမြင်ရှိသော။
အယံ ပုရိသော၊ ဤယောင်္ကျားသည်။
ဗလီဗဒ္ဒေါ ဝဗလီဗဒ္ဒေါဣဝ၊ နွားလားကဲ့သို့။
ဇီရတိ၊ မိဘဆွေမျိုး ဉာတာတို့၏ အကျိုးစီးပွါးကို ဆွေ့မြေ့စေ၏။
တဿ၊ ထိုအကြားအမြင်နည်းသော သူအား။
မံသာနိ၊ အသားတို့သည်။
ဝဍ္ဎန္တိ၊ ပွါးများကုန်၏။
တဿ၊ ထိုစားကာအိပ်ကာသာနေ၍ ပညာကို မရှာမဆီးဘူးသည်ဖြစ်၍ နည်းသော အကြားအမြင့်ရှိသော ယောင်္ကျားအား။
ပညာ၊ ပညာသည်။
နဝဍ္ဎတိ၊ မပွါး။
ဗဟုဿုတော၊ များသော အကြား အမြင်ရှိသော။
ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။
အပ္ပသုတံ၊ နည်းသော အကြားအမြင်ရှိသော သူကို။
သုတေန၊ မိမိ၏ များသော အကြားအမြင်ဟူသော အကြောင်းကြောင့်။
အတိမညတိ၊ မိမိကိုယ်ကို ခြီးမြောက်လျက် သူတပါးကို ရှုတ်ချ၍ မထည်မဲ့ မြင် ပြု၏။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
ပဒီပဓာရော၊ အမိုက်တိုက်၌ ဆီမီးကို ထွန်းသော ။
အန္ဓော၊ သူကန်းသည်။
ပရေသံ၊ မျက်စိနှင့် ပြည့်စုံသော သူတပါးတို့၏ သာလျှင်။
အတ္ထာဝဟောယထာ၊ မြင်စေခြင်း အကျိုးကို ဆောင်သကဲ့သို့ လည်းကောင်း။
အတ္တနော၊ မိမိဟု ဆိုအပ်သော ဆီးမီးထွန်းသော သူကန်း၏။
အတ္ထာဝတော၊ မြင်ရခြင်းဟူသော အကျိုးဆောင်သည်။
နဟောတိဣဝ၊ မဖြစ်သကဲ့သို့လည်းကောင်း။
တထေဝ၊ ထိုအတူသာလျှင်။
မံ၊ ငါ့ကို။
ပဋိဘာတိ၊ သူကန်းကဲ့သို့ ထင်မှတ်၏။
ဗဟုဿုတံ၊ များသော အကြား အမြင်ရှိသော သူသို့။
ဥပါသေယျ၊ မှီဝဲဆည်းကပ်၍ အကြားအမြင်ကို သင်ရာ၏။
သုတဉ္စ၊ သင်ကြားအပ်ပြီးသော တရားကျမ်းဂန်ကိုလည်း။
နဝိနာသေယျ၊ မပျောက်မပျက်ရအောင် ဆောင်ခြင်း စုံစမ်းခြင်းမေးမြန်းခြင်းနှလုံးသွင်းခြင်း တို့ဖြင့်ပွါးစေရာ၏။
တံ၊ ထိုအကြားအမြင်များသော သူသို့ ဆည်းကပ်၍ သင်သဖြင့် ရအပ်သော ပရိယတ္တိ၌ အကြားအမြင်များသော အဖြစ်သည်။
ဗြဟ္မစရိယဿ၊ မြတ်သော မဂ်ဟူသော အကျင့်၏။
မူလံ၊ ပြဋ္ဌာန်းသော အကြောင်းသည်။
ယသ္မာ၊ အကြင်ကြောင့်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထိိုသို့ ကြားအပ်အပ်တိုင်းသော ပရိယတ္တိဓမ္မကိုဆောင်ခြင်းကြောင့်။
ဓမ္မဓရော၊ ရှေးဦးစွာပရိယတ္တိဓမ္မကို ဆောင်ခြင်းသည်။
သိယာ၊ ဝိမုတ္တာယတန၌ တည်သဖြင့်ဖြစ်ရာ၏။
ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။
ပုဗ္ဗာပရညူစ၊ ဂါထာစသည်၌ ရှေ့အဘို့နောက်အဘို့ကို သိသည်လည်းကောင်း။
အတ္ထညူစ၊ မိမိအကျိုး သူတပါးအကျိုးစသည် အပြားရှိသော ဟောတော်မူအပ်သော ပါဠိအနက်ကိုသိသည် လည်းကောင်း။
နိရုတ္တိပဒကောဝိဒါစ၊ မချွတ်မယွင်းသော နိရုတ္တိသဒ္ဒါ ကြွင်းသော ပုဒ်ဟု ဆိုအပ်သော လေးပါးသော ပဋိသမ္ဘိဒါတို့၌ လိမ္မာသည်လည်းကောင်း။
ဟုတွာ၊ ဖြစ်၍။
သုဂဟိတဉ္စ၊ ထိုဆိုအပ်ခဲ့ပြီးသော အခြင်းအရာ၌ လိမ္မာသဖြင့် အနက်သဒ္ဒါအားဖြင့် ကောင်းစွာ သင်ခြင်းကို။
ကတွာ၊ ပြု၍။
ဂဏှာတိ၊ သင်၏။
အတ္ထဉ္စ၊ သင်အပ်တိုင်းသော ပရိယတ္တိဓမ္မ၏ အနက်ကိုလည်း။
ဥပပရိက္ခတိ၊ ဤကားသီလ ဤကားသမာဓိ ဤကား ပညာ စသည်ဖြင့် အဘန်တလဲလဲ ရှု၏။
ခန္ဓာ၊ ဥပါဒါနက္ခန္ဓာ တရားငါးပါးတို့သည်။
ဆန္ဒိကတော၊ ရုပ်နံကို သိမ်းဆည်းခြင်းစသည်ကို အရင်းပြုသဖြင့် အနိစ္စ အစရှိသော ဝိပဿနာကို နှလုံးသွင်းဖြင့် ဖြတ်၍ အလိုဆန္ဒကို ဖြစ်စေအပ်သည်။
ဟောတိ၊ ဖြစ်၏။
တံ၊ ထိုသင်ခင်းလျှင်အကြောင်းရှိသော နံရုပ်၌ အနိစ္စ အစရှိသည်ဖြင့် ရှုခြင်းကို။
ဥဿာဟိတွာ၊ အဆင့်ဆင့်ပွါးစေသည်၏ အစွမ်းအားဖြင့် အားထုတ်၍ ။
တုလေတိတီရေတိ၊ အနိစ္စဒုက္ခ အနတ္တ ဟု အဘန်တလဲလဲ နှိုင်းယှဉ်ရှု၏။
သော၊ ထိုဤသို့ ဆိုအပ်ခဲ့ပြီးသော အခြင်းအရာဖြင့် ရှုသော ပုဂ္ဂိုလ်သည်။
သမယေ၊ စိတ်ကိုခြီးမြှောက်ြသင့်သည် နှိပ်သင့်သည် စသော အခါ၌။
ပဒဟတိ၊ စိတ်ကိုခြီးမြှောက်ခြင်းနှိပ်ခြင်းစသည်ဖြင့် အားထုတ်၏။
အဇ္ဈတ္တံ၊ ကမ္မဋ္ဌာန်းဟု ဆိုအပ်သော အာရုံ၌။
သုသမာဟိတော၊ ဝိပဿနာ သမာဓိ မဂ်သမာဓိဖြင့် ကောင်းစွာတည်ကြည်သည်။
ဘဝေယျ၊ မတည်ကြည်ခြင်းအကြောင်းဖစ်သော ကိလေသာတို့ကို စွန့်ပယ်သည်ဖြစ်ရာ၏။
ယသ္မာ၊ အကြင်ကြောင့်။
ဗဟုဿုတံ၊ များသော အကြားအမြင်ရှိသော။
ဓမ္မဓရံ၊ တရားကိုဆောင်သော။
သပ္ပညံ၊ မဂ်ဖိုလ်ပညာနှင့် ပြည့်စုံသော ။
ဗုဒ္ဓသာဝကံ၊ ဘုရားတပည့်သားကို။
ပယိရုပါသန္တဿ၊ ဆည်းကပ်သော သူအား။
သောဂုဏော၊ ထိုဆိုခဲ့ပြီးသော ကျေးဇူးအပေါင်းသည်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
ဓမ္မဝိညာဏံ၊ နိဗ္ဗာ်နကို အကြောင်းပြု၍ ဒုက္ခသစ္စာ စသည်တို့၌ ပိုင်းခြား၍ သိခြင်းစသော ထူးသော ကိစ္စရှိသော မဂ်တရား၌ဖြစ်သော ဉာဏ်ကို။
အာကင်္ခံ အာကင်္ခန္တော၊ အလိုရှိသော သူသည်။
တထာဝိဓံ၊ ထိုဆိုအပ်ပြီးသော အပြားရှိသော ထိုကလျာဏ မိတ္တပုဂ္ဂိုလ်ကို။
ဘဇေထ၊ မှီဝဲဆည်းကပ်ရာ၏။
ဖဟုဿုတော၊ များသော အမြင်ရှိထသော။
ဓမ္မဓရော၊ ထိုသင်ကြားအပ်သော ကျမ်းဂန်တရားကို ရွှေခွက်၌တည်သော ခြင်္သေ့ ဆီကဲ့သို့ ပုဒ်အက္ခရာအားဖြင့် မပျောက်မပျက် ဆောင်ယူနိင်ထသော။
မဟေသိနော၊ မြတ်စွာဘုရား၏။
ကောသာရက္ခေါ၊ တရားတည်းဟူသော ဘဏ္ဍာတိုကိကို စောင့်နိုင်သော။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။
သဗ္ဗဿလောကဿ၊ နတ်နှင့်တကွသော အလုံးစုံသော သူ၏။
စက္ခု စက္ခုဘူတော၊ ပညာမျက်စိသဘွယ်ဖြစ်၍ ဖြစ်သည်။
ယသ္မာ၊ အကြင်ကြောင့်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထိုသို့အလုံးစုံသော လူတို့၏ မျက်စိသဘွယ် ဖြစ်သောကြောင့်။
ဗဟုဿုတော၊ ဆိုအပ်ခဲ့ပြီးသော တရားကျမ်းဂန်၌များသော အကြားအမြင်ရှိသော သူကို။
ပူဇနီယျော၊ အလုံးစုံသော လူတို့သည် ပူဇော်ထိုက်သည်။
ဟောတိ၊ ဖြစ်၏။
ဓမ္မရာမော၊ ဝိပဿနာ ဓမ္မလျင်မွေ့လျော်ရာရှိထသော။
ဓမ္မရတော၊ ထိုဝိပဿနာ ဓမ္မ၌ မွေ့လျော်ထသော။
ဓမ္မံ၊ ဝိပဿနာ ဓမ္မကို။
အနုဝိစိန္တယံ၊ အဘန်တလဲလဲ ကြံခြင်းရှိထသော။
ဓမ္မံ၊ ဝိပဿနာ ဓမ္မကို။
အနုဿရံ အနုဿရန္တော၊ အဘန်တလဲလဲ အောက်မေ့သော။
ဘိက္ခု၊ ရဟန်းသည်။
သဒ္ဓမ္မာ၊ သုံးဆယ်ခုနစ်ပါးသော ဗောဓိ ပက္ခိယတရားကိုးပါး အပြားရှိသော လောကုတ္တရာ ဟုဆိုအပ်သော သူတော်ကောင်းတို့၏ တရားမှ။
နပရိဟာယတိ၊ မယုတ်။
ကာယပစ္ဆေရဂရုနော၊ ကိုယ်၏ခိုင်ခန့်စေခြင်းများသည်ဖြစ်၍ မိမိကိုယ်၌ မမဂ်မောသော ဆရာဥပဇ္ဈာယ်တို့အားကိုယ်ဖြင့် ပြုအပ်သည်ကို မပြုမူ၍ သွားထသော။
ဟိယျာမာနော၊ မိမိကိုယ်အသက်၌ ခဏခဏ တိုင်းယုတ်သော စိတ်ရှိထသော။
ဘိက္ခု၊ ရဟန်းသည်။
အနုဋ္ဌဟေ၊ သီလစသည်ကို ဖြည့်သည် အစွမ်းအားဖြင့် အားထုတ်ခြင်းမပြုရာ။
သရိရသုခဂိဒ္ဓဿ၊ မိမိကိုယ်ကို ချမ်းသာစေသဖြင့် မဂ်မောခြင်းသို့ရောက်သော ရဟန်းအား။
သမဏဖာသုတာ၊ ရဟန်းအဖြစ်၌ ချမ်းသာစွာနေရခြင်းသည်။
ကုတောဘဝိဿတိ၊ အဘယ်မှာ ဖြစ်ပါအံ့နည်း။
သဗ္ဗာဒိသာ၊ အရှေ့မျက်နှာ စသော အားဖြင့် ပြားသော အလုံးစုံသော အရပ်မျက်နှာတို့သည်။
နပက္ခန္တိ၊ မထင်ကုန်။
ဓမ္မာ၊ ရှေး၌ အလေ့အလာပြုအပ်သော ပရိယတ္တိဓမ္မတို့သည်။
မံ၊ ငါ့အား။
နပဋိဘန္တိ၊ ယခုအခါ အရိုအသေနှလုံး သွင်းကုန်သော်လည်း မထင်ကုန်။
ကလျာဏမိတ္တမှိ၊ နတ်နှင့်တကွသော လူ၌ အဆွေခင်ပွန်းကောင်းဖြစ်သော အရှင်သာရိပုတ္တရာသည်။
ဂတေ၊ ပရိနိဗ္ဗာန်ပြုခြင်းသို့ ရောက်သည်ရှိသော်။
အန္ဓကာရံဝ၊ ဤအလုံးစုံသော လောကသည် အမိုက်တိုက်ကဲ့သို့။
ခါယတိ၊ ထင်၏။
အဗ္ဘတီဘသဟာယဿ၊ မကင်းသော အဆွေခင်ပွန်းကောင်းဖြစ်ထသော။
အတီတဂတသတ္ထုနော၊ လွန်ပြီးသည်ဖြစ်၍ ပရိနိဗ္ဗာန် ပြုခြင်းသို့ ရောက်သော မြတ်စွာဘုရားအား။
ကာယဂတာသတိ၊ ဆံအစရှိသော သုံးဆဲ့ နှစ်ပါးသော အစု၌ ဖြစ်သော သတိရှိသည်။
ဟောတိယထာ၊ ဖြစ်သကဲ့သို့။
ဧတာဒိသံ၊ ထိုဘုရားစသည်၌ တူသော သဘောရှိသော။
မိတ္တံ၊ အဆွေခင်ပွန်းကောင်းသည်။
နတ္ထိ၊ မရှိပြီ။
ပုရာဏာ၊ ရှေး၌ဖြစ်ကုန်သော။
ယေမိတ္တာ၊ အကြင်ဆွေခင်ပွန်းကောင်းတို့သည်။
အတီတာ၊ ပရိနိဗ္ဗာန် ပြုသောအားဖြင့် လွန်ကုန်ပြီ။
ဒါနိဣဒါနိ၊ ယခုအခါ၌။
တေ၊ ထိုမြတ်စွာဘုရားအရှင်သာရိပုတ္တရာ စသော အဆွေခင်ပွန်းကောင်းတို့သည်။
နတ္ထိနသန္တိ၊ မရှိကုန်ပြီ။
အဇ္ဇ၊ ယခုအခါ၌။
မေ၊ ငါ၏။
စိတ္တံ၊ စိတ်သည်။
နဝေဟိ၊ သီတင်းငယ်ဖြစ်သော သူတို့နှင့်။
နသမေတိ၊ ညီညွတ်ခင်းသို့ မရောက်။
သွာဟံသော အဟံ၊ ထိုငါသည်။
ပက္ခိမာဣဝ၊ မိုဃ်းကာလ၌ အသိုက်သို့ ကပ်ဝင်၍ နေသော ငှက်ကဲ့သို့။
ဝဿုပေတော၊ ဝါသို့ကပ်လျက်။
ဧကောဝ၊ တယောက်အတည်းတည်းသာလျှင်။
ဈာယာမိ၊ ဈာန်လေ့လာသည် ဖြစ်ပါတော့အံ့။
ဒဿနာယ၊ ငါ၏မျက်စိမြင်ကောင်းသော အရာကို။
အတိက္ကန္တေ၊ လွန်သည်ရှိသော်။
ဗဟူ၊ များစွာကုန်သော။
နာနာဧဝရဇ္ဇကေ၊ အထူးထူးသောအာရုံ၌ နေကုန်သော သူတို့ကို။
မာဝါရယိတ္ထ၊ အာနန္ဒာငါသို့ ကပ်ခြင်းကို မဖြစ်သင့်လော။
တေ၊ ထိုရဟန်းတို့သည်။
သောတာရော၊ ငါ့တရားကိုနာလိုကုန်၏။
ပဿန္တု၊ ငါ့အားဖူးမြင်စေကုန်လော။
အယမော၊ ဤအခါသည်သာလျှင်။
မမ၊ ငါ့အား။
သမယော၊ ဖူးမြင်အံ့သော အခါတည်း။
ဒဿနာယ၊ ငါ၏ မျက်စိမြင်ကောင်းသောအရပ်ကို။
အဘိက္ကန္တေ၊ လွန်သည်ရှိသော်။
ပုထု၊ များစွာကုန်သော။
နာနာဝေရဇ္ဇကေ၊ အထူးထူးသော တိုင်းသားရဟန်းတို့ကို။
သတ္ထာ၊ မြတ်စွာဘုရားသည်။
ဩကာသံ၊ အခွင့်ကို။
ကရောတိ၊ ပြုတော်မူ၏။
စက္ခုမာ၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်။
နနိဝါရေတိ၊ မြစ်တော်မမူ။
ပဏ္ဏဝီသတိဝဿာနိ၊ နှစ်ဆဲ့ ငါးနှစ်တို့ပတ်လုံး။
သေခဘူတဿ၊ သေခတရား၌ တည်သည်။
သတော၊ ဖြစ်သော။
မေ၊ ငါ့အား။
ကာမသညာ၊ ကာမဂုဏ်နှင့် တကွ ဖြစ်သော သညာသည်။
နဥပ္ပဇ္ဇိ၊ မဖြစ်စဘူး။
ဓမ္မသုဓမ္မတံ၊ တရားတော်၏ကောင်းသော တရား၏ အဖြစ်ကို။
ပဿ၊ ရှုလော။
ပဏ္ဏဝီသတိဝဿာနိ၊ နှစ်ဆဲ့ ငါးနှစ်တို့ကာလပတ်လုံး။
သေခဘူတဿ၊ သေခအဖြစ်တည်းဟူသော သောတာပတ္တိဖိုလ်၌ တည်သည်။
သတော၊ ဖြစ်သော။
မေ၊ ငါ့အား။
ဒေါသသညာ၊ ဒေါသနှင့်တကွ ဖြစ်သော သညာသည်။
နဥပ္ပဇ္ဇိ၊ မဖြစ်စဘူး။
ဓမ္မသုဓမ္မတံ၊ တရားတော်၏ ကောင်းသော တရား၏ အဖြစ်ကို။
ပဿ၊ ရှုလော။
ပဏ္ဏဝီသတိဝဿာနိ၊ နှစ်ဆဲ့ ငါးနှစ်တို့ပတ်လုံး။
မေတ္တေနကာယကမ္မေန၊ မေတ္တာစိတ်နှင့် ယှဉ်သော ကာယကံဖြင့်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဥပဋ္ဌဟိံ၊ အရိုအသေလုပ်ကျွေး၏။
တံ၊ ထိုဘရားအားလုပ်ကျွေးသော ကောင်းမှုကံသည်။
ဆာယာဝ ဆာယာဣဝ၊ အရိပ်ကဲ့သို့။
အနုပါယိနီ၊ ငါသို့ အစဉ်လိုက်၏။
ပဏ္ဏဝီသတိဝဿာနိ၊ နှစ်ဆဲ့ ငါးနှစ်တို့ပတ်လုံး။
မေတ္တေနဝစီကမ္မေန၊ မေတ္တာစိတ်နှင့်ယှဉ်သော ဝစီကံဖြင့်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို ။
ဥပဋ္ဌဟိံ၊ အရိုအသေလုပ်ကျွေး၏။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
ဆာယာ၊ အရိပ်သည်။
အနူပါဟိနီဣဝ၊ အစဉ်လိုက်သကဲ့သို့တည်း။
ပဏ္ဏဝီသတိဝဿနိ၊ နှစ်ဆဲ့ ငါးနှစ်တို့ကာလ ပတ်လုံး။
မေတ္တေနမနောကမ္မေန၊ မေတ္တာနှင့် ယှဉ်သော မနောကံဖြင့်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဥပဋ္ဌဟိံ၊ အရိုအသေ လုပ်ကျွေး၏။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
ဆာယာ၊ အရိပ်သည်။
အနုပါယိနီဣဝ၊ အစဉ်လိုက်သကဲ့သို့တည်း။
စင်္ကမန္တဿ၊ စင်္ကြံကြွတော်မူသော။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
ပိဋ္ဌိတော၊ နောက်တော်ကျ။
အနုစင်္ကမိံ၊ လိုက်၍ စင်္ကြံ သွား၏။
ဓမ္မေ၊ တရားကို။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဒေသိယမာနမှိ၊ ဟောတော်မူအပ်သည်ရှိသော်။
မေ၊ ငါ၏။
ဉာဏံ၊ တရားတော်ကို သိသော ဉာဏ်သည်။
ဥဒပဇ္ဇထ၊ ဖြစ်လတ်၏။
အဟံ၊ ငါသည်။
သကရဏိယော၊ အထက်မဂ်သုံးခုအလို့ငှါ ပြုဘွယ်ကိစ္စရှိသေးသော။
အပ္ပတ္တမာနသော၊ အရဟတ္တဖိုလ်သို့ မရောက်သေးသော ။
သေခေါ၊ သောတာပတ္တိဖိုလ်၌တည်သော သေက္ခမျှသည်။
အမှိ၊ ဖြစ်၏။
မယှံ၊ ငါ၏။
သတ္ထု၊ မြတ်စွာဘုရား၏။
ပရိနိဗ္ဗာနဉ္စ၊ ပရိနိဗ္ဗာန်ပြုခြင်းသည်လည်း။
ဥပဋ္ဌိတံ၊ ထင်၏။
ယောသတ္ထာ၊ အကြင်မြတ်စွာဘုရားသည်။
အမှံမယှံ၊ ငါ့အား။
အနုကမ္ပတော၊ ခြီးမြှောက်ထောက်ပံ့တော်မူ၏။
တဒါ၊ ထိုဘုရားပရိနိဗ္ဗာန်ပြုတော်မူသော အခါ၌။
ယံဘိံ သနကံ၊ အကြင်မြေတုန်လှုပ်ခြင်းတော်လည်းခြင်း အစရှိသော ကြောက်မက်ဘွယ်သည်။
အာသိ၊ ဖြစ်ပြီ။
သဗ္ဗာကာရဝရူပေတေ၊ ခပ်သိမ်းသော အခြင်းအရာဖြင့် မြတ်သော ကျေးဇူးနှင့် ပြည့်စုံသော ။
သမ္ဗုဒ္ဓေ၊ မြတ်စွာဘုရားသည်။
ပရိနိဗ္ဗုတေ၊ အနုပါဒိသေသနိဗ္ဗာန်ဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော်။
တဒါ၊ ထိုပရိနိဗ္ဗာန်ပြုသော အခါ၌။
လောမဟံသနံ၊ ကြက်သီးမွှေးညှင်းထခြင်းသည်။
အာသိ၊ ဖြစ်ပြီ။
မဟေသိနော၊ မြတ်စွာဘုရား၏။
သာဝကော၊ တပည့်ဖြစ်သော ငါသည်။
ဗဟုဿုတော၊ များသော အကြားအမြင်ရှိသည်။
ဓမ္မဓရော၊ ပရိယတ္တိဓမ္မအလုံးစုံကိုဆောင်သည်။
ကောသာရက္ခေါ၊ တရားရတနာဟူသော ကျီကြကို စောင့်သည်။
အသိ၊ ဖြစ်ပြီ။
သဗ္ဗဿ၊ အလုံးစုံသော။
လောကဿ၊ လောက၏။
စက္ခုစက္ခုဘူတော၊ မျက်စိသဘွယ် ဖြစ်၍ ဖြစ်သော ။
အာနန္ဒေါ၊ အာနန္ဒာသည်။
ပရိနိဗ္ဗုတော၊ ကိလေသာတို့မှ ငြိမ်းသော ရဟန္တာသည်။
အမှိ၊ ဖြစ်၏။
မဟေသိနော၊ မြတ်စွာဘုရား၏။
သာဝကော၊ တပည့်သားဖြစ်သော ရှင်နန္ဒာသည်။
ဗဟုဿုတော၊ များသော အကြားအမြင်ရှိသည်။
ဓမ္မဓရော၊ အလုံးစုံသော ပရိယတ္တိဓမ္မကိုဆောင်သည်။
ကောသာရက္ခေါ၊ တရားရတနာတည်းဟူသော ကျီကြကိုစောင့်သည်။
အမှိ၊ ဖြစ်၏။
သဗ္ဗဿ၊ အလုံးစုံသော။
ကောလဿ၊ လောက၏။
စက္ခုစက္ခုဘူတော၊ မျက်စိသဘွယ်ဖြစ်၍ဖြစ်သော အရှင်အာနန္ဒာသည်။
အနွကာရတမောနူဒေါ၊ ခပ်သိမ်းသော အမိုက်တိုက်ထက်လွန်ကဲသော အဝိဇ္ဇာတည်းဟူသော အမိုက်ကို ဖျောက်တတ်သည်။
အမှိ၊ ဖြစ်၏။
သောဣသိ၊ ထိုအရှင်အာနန္ဒာသည်။
ဂတိမန္တော၊ အတုမရှိသော ဉာဏ်အလားနှင့် ပြည့်စုံသည်။
သတိမန္တော၊ မြတ်သာ သတိ၏ ရင့်ခြင်းနှင့် ပြည့်စုံသည်။
ဓိတိမန္တော၊ သူတပါးနှင့် မဆက်ဆံသော သဒ္ဒါအနက်ကို ဆောင်စွမ်းနိုင်သောလုံ့လနှင့် ပြည့်စုံသည်။
အသိ၊ ဖြစ်၏။
အနန္ဒေါ၊ အာနန္ဒာအမည်ရှိသော။
ထေရော၊ မထေရ်သည်။
သဒ္ဓမ္မဓာရကော၊ ပရိယတ္တိ ပဋိဝတ္တိပဋိဝေဓဟုဆိုအပ်သော သူတော်ကောင်း၏ တရားကိုဆောင်သည်။
ရတနာကရော၊ သူတော်ကောင်းတို့၏ တရားရတနာတို့၏ တည်ရာသည်။
အသိ၊ ဖြစ်ပြီ။
မယာ၊ ငါသည်။
သတ္တာ၊ ခပ်သိမ်းသော သတ္တဝါတို့ကို။
ပရိစိဏ္ဏော၊ မေတ္တာကို ပွါးစေသော အားဖြင့် အလေ့အလာ ပြုအပ်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော အကျင့်ကို။
ကတံ၊ ပြုကျင့်အပ်ပြီ။
ကရုကောဘာရော၊ ခန္ဓာတည်းဟူသော လေးစွာသော ဝန်ကို။
ဩဟိတော၊ ချအပ်ပြီ။
ဒါနိဣဒါနိ၊ ယခုအခါ၌။
ပုနဗ္ဘဝေါ၊ နောင်အခါဘဝ၌ ဖြစ်ရခြင်းသည်။
နတ္ထိ၊ မရှိပြီ။
ဣတိ၊ ဤသို့။
အာနန္ဒေါ၊ အာနန္ဒာအမည်ရှိသော။
ထေရော၊ မထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
အာနန္ဒထေရဂါထာ အနက်ပြီး၏။
တတ္ထ၊ ထိုတိံသနိပါတ်၌။
ဥဒါနံ၊ ဥဒါန်းသည်ကား။
ထေရာ၊ မထေရ်တို့ကို။
ဖုဿော၊ ဖုဿမထေရ်လည်းကောင်း။
ဥပတိဿော၊ ဥပတိဿ မထေရ်လည်းကောင်း။
အာနန္ဒေါ၊ အာနန္ဒာမထေရ်လည်းကောင်း။
ဣမေတယောတိ၊ ဤသုံးပါးသော မထေရ်တို့ဟူ၍။
ပကိတ္တိတာ၊ ဆိုအပ်ကုန်၏။
သင်္ခါတာ သင်္ခါတာယ၊ အရေအတွက်အားဖြင့်။
ဂါထာယော၊ ဂါထာတို့ကို။
ပဉ္စဥတ္တရိ၊ ငါးဂါထာ အလွန်ရှိသော။
သတံ၊ တရာတို့ဟူ၍။
ပကိတ္တိတာ၊ ဆိုအပ်ကုန်၏။
ဣတိ၊ ဤသည်လျှင်တည်း။
တိံ သနိပါတော၊ တိံ သနိပါတ်သည်။
နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။
တိံ သနိပါတ်ပြီး၏။