Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

5. Mālukyaputtattheragāthā

Author: နိဿယ @ IAPT

ပမတ္တစာရိနော၊ သတိလွတ်ခြင်း လက္ခဏာရှိသော မေ့လျော့ခြင်းဖြင့် မေ့လျော့သော အကျင့်ရှိသော။ မနုဇဿ၊ သတ္တဝါအား။ မာလုဝါဝိယ၊ မာလုမည်သော နွယ်သည် ပွါးသည်ရှိသော ထိုနွယ်မှီရာ သစ်ပင်၏ ပျက်စီးခြင်းကဲ့သို့။ ဧတံတထာ၊ ထိုအတူ။ တဏှာ၊ ခြောက်ပါးသော ဒွါရကို မှီ၍ ရူပါရုံ စသည်တို့၌ အဘန်တလဲလဲ ဖြစ်သော တဏှာသည်။ ပဝဍ္ဎတိ၊ ပွါးစေ၏။
သော၊ ထိုတဏှာနိုင်ငံသို့ လိုက်သော ပုဂ္ဂိုလ်သည်။ ပလဝတိဓာဝတိ၊ အဘန်တလဲလဲဘဝငယ်ဘဝကြီးသို့ ပြေးရ၏။ ယထာကိံ၊ အဘယ်သို့နည်းဟူမူကား။ ပဝနသ္မိံ၊ တောအုပ်၌။ ဖလံ၊ သစ်သီးကို။ ဣစ္ဆံ ဣစ္ဆန္တော၊ အလိုရှိသော။ ပါနရော၊ မျောက်သည်။ ရုက္ခဿ၊ သစ်ပင်၏။ ဧကာဟုရာ၊ တခုသော သစ်ခက်မှ။ ဂစ္ဆန္တော၊ သွားသည်ရှိသော်။ တံ၊ ထိုသစ်ခက်ကို။ မုဉ္စိတွာ၊ လွှတ်၍။ ဟုရံ၊ တပါးသော သစ်ခက်ကို။ ဂဏှာတိ၊ ယူ၍။ တံ၊ ထိုသစ်ခက်ကို။ မုဉ္စိတွာ၊ လွှတ်ပြန်၍။ အညံသာခံ၊ တပါးသော သစ်ခက်ကို ။ အလဘိတွာ၊ မရသောကြောင့်။ နိသိန္နောတိ၊ ထိုင်နေ၏ ဟူ၍။ ဝတ္တဗ္ဗတံ၊ ဆိုအပ်သော အဖြစ်သို့။ နပဇ္ဇတိယယာ၊ မရောက်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ တဏှာဝသိကောပုဂ္ဂလော၊ တဏှာနိုင်ငံသို့ လိုက်သော ပုဂ္ဂိုလ်သည်။ ဟုရာဟုရံ၊ ဤအာရုံမှ သည် ထိုအာရုံသို့ အာရုံမှသည် တပါးသော အာရုံသို့။ ဓာဝန္တော၊ ပြေးသည်ရှိသော်။ အာရမ္မဏံ၊ အာရုံကို။ အလဘိတွာ၊ မရသောကြောင့်။ တဏှာယ၊ တဏှာ၏။ အပဝတ္တံ၊ မဖြစ်ခြင်းသို့။ ပတ္တောတိ၊ ရောက်၏ ဟူ၍။ ဝတ္တဗ္ဗတ္တံ၊ ဆိုအပ်သော အဖြစ်သို့။ နအာပဇ္ဇသိ၊ မရောက်။
ယံပုဂ္ဂလံ၊ အကြင်ပုဂ္ဂိုလ်ကို။ ဧသာဇမ္မိံ၊ ထိုတဏှာဟု ဆိုအပ်သော သူယုတ်သည်။ သဟတိအဘိဘဝတိ၊ နှိပ်စက်၏။ လောကေ၊ လောက၌။ တဏှာ၊ တဏှာသည်။ ဝိသတ္တိကာ၊ အဆိပ်ပွင့်အဆိပ်သီးကို သုံးဆောင်သဖြင့် သေခြင်းသို့ ရောက်သကဲ့သို့ ရူပါရုံ အစရှိသည်တို့၌ တပ်တတ်ငြိတတ်သောကြောင့် ဝိသတ္တိဟု ဆိုအပ်သောခြောက်ဒွါရဖြင့် ဖြစ်သော တဏှာသည်။ သဟဟိ အဘိဘဝတိ၊ နှိပ်စက်၏ ။
တဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်အား။ သောကာ၊ စိုးရိမ်ခြင်းတို့သည်။ ပဝဍ္ဎန္တိ၊ ပွါးခြင်းသို့ ရောက်ကုန်၏။ ယထာကိံ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဝနေ၊ တော်၌။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ဒေဝေ၊ မိုဃ်းသည်။ ဝဿန္တေ၊ ရွာသည်ရှိသော်။ ဗီရဏံ၊ ပြိတ်မြက်သည်။ အဘိဝဍ္ဎံန္တောဣဝ၊ ပွါးသကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ ဝဋ္ဋမူလကာ၊ ဝဋ်လျှင်အရင်းရှိကုန်သော။ လောကာ၊ လောကတို့သည်။ အဘိဝဍ္ဎန္တိ၊ ပွါးကုန်၏။
ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဧတံ၊ ဤဆိုအပ်ခဲ့ပြီးသော အပြားရှိသော။ ဇမ္မိံ၊ ယုတ်မာသော။ ဒုရဇ္ဇယံ၊ လွန်နိုင်စွန့်နိုင်ခြင်းငှါ ခဲယဉ်းသော။ တဏှံ၊ တဏှာကို။ လောကေ၊ လောက၌။ သဟတိအဘိဘဝတိ၊ နှိပ်စက်နိုင်၏။
တမှာ ပုဂ္ဂလာ၊ ထိုပုဂ္ဂိုလ်မှ။ ဝဋ္ဋမူလကာ၊ ဝဋ်လျှင် အရင်းရှိသော။ သောကော၊ စိုးရိမ်ခြင်းတို့သည်။ ပဝတန္တိ၊ ကျကုန်၏။ ယထာနာမ၊ ဥပမာမည်သည်ကား။ ပေါက္ခရာ၊ ကြာဖက်ပေါ်မှ။ ပတိတာ၊ ကျသော။ ဥဒဗိန္ဒု၊ ရေပေါသည်။ နတိဋ္ဌတိယထာ၊ မတည်သကဲ့သို့။ နပတိဋ္ဌာတိ၊ ထိုတဏှာကို နှိပ်စက်နိုင်သော သူသည် ဝဋ်လျှင် အရင်းရှိသော စိုးရိမ်ခြင်း၌ မတည်။
တံတေနကာရဏေန၊ ထိုသို့သော အကြောင်းကြောင့်။ အဟံ၊ ငါသည်။ ဝေါတုမှေ၊ အရှင်ဘုရားတို့ကို။ ဝဒါမိ၊ ဆို၏။ ပေါတုမှာကံ၊ အရှင်ဘုရားတို့အား။ ဘဒ္ဒံ၊ တဏှာသို့ အစဉ်လိုက်သော ပုဂ္ဂိုလ်ကဲ့သို့ အကျိုးမဲ့သို့ မရောက်သော အားဖြင့် ကောင်းခြင်းသည်။ ဟောတိ၊ ဖြစ်စေသတည်း။ ဧတ္ထဧတသ္မိံ ဋ္ဌာနေ၊ ဤအရပ်၌။ ယာဝယတ္တကာ၊ အကြင်မျှလောက်ကုန်သော သူတို့သည်။ သမာဂတာ၊ အညီအညွတ် စည်းဝေးကုန်၏။
တတ္တာကာ၊ ထိုမျှလောက်ကုန်သော သူတို့သည်။ ကိံဝဒထ၊ အသို့ ဆိုကုန်မည်နည်း။ ဣတိစေ၊ ဤသို့ ဆိုငြားအံ့။ တဏှာယ၊ တဏှာ၏။ မူလံ၊ အကြောင်းရင်းဖြစ်သော အဝိဇဇာ စသော ကိလေသာ အပေါင်းကို။ ခဏထ၊ အရဟတ္တမဂ်ဉာဏ်တည်းဟူသော ပေါက်တူးဖြင့် တူးဖြတ်ကုန်လော။ ကိံဝိယ၊ အဘယ်ကဲ့သို့ နည်းမူကား။ ဥသိရတ္ထော၊ ပန်းရင်းကို အလိုရှိသော ယောင်္ကျားသည်။ ဗိရဏံဝနံနာမ၊ ပြိတ်တောမည်သော။ ရသိရ ထမ္ဘံ၊ ပန်းရင်း၏ မှီရာကို။ ခဏတိဣဝ၊ ကြီးစွာသော ပေါက်တူးဖြင့် တူးယူသကဲ့သို့။ ဧဝံတထာ၊ ထိူအတူ။ အဿာ၊ ထို တဏှာ၏။ မူလံ၊ အရင်းဖြစ်သော အဝိဇ္ဇာ အစရှိသော ကိလေသာအပေါင်းကို။ ခဏထ၊ အရဟတ္တမဂ်ညာဏ်တည်းဟူသော ပေါက်တူးဖြင့် တူးနှုတ်ပစ်ကုန်လော။
ဝေါတုမှေ၊ အရှင်ဘုရားတို့သည်။ နဠံ၊ မြစ်ကမ်းနား၌ ပေါက်သော ကျူကို။ သောတော၊ ကြီးစွာသော အဟုန်ဖြင့် လာသော မြစ်ရေအယဉ်သည်။ ဘဉ္ဇတိဣဝ၊ ဖျက်ဆီးသကဲ့သို့။ မာရော၊ ကိလေသာမာရ်မစ္စုမာရ်ဒေဝပုတ္တမာရ်ကို။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ဘဉ္ဇိ၊ ဖျက်ဆီးသော။ မာဘဉ္ဇတု၊ အရှင်ဘုရားတို့အား မဖျက်ဆီးစေလင့်။
ဗုဒ္ဓဝစနံ၊ ဘုရားမြတ်စွာ၏ စကားတော်ကို။ ကရောထသမ္ပာဒေထ၊ ဆုံးမတော်မူတိုင်းကျင့်ခြင်းနှင့် ပြည့်စုံစေကုန်လော။ ဝေ၊ စင်စစ်။ ခဏော၊ ဗုဒ္ဓုပ္ပါဒနဝမခဏသည်။ မာဥပ္ပဇ္ဈဂါမာတိက္ကမိ၊ မလွန်စေလင့်။ ဟိသစ္စံ၊ မှန်၏။
ခဏာတီတာ၊ ဗုဒ္ဓုပ္ပါဒနဝမခဏကို လွန်ကုန်သော ပုဂ္ဂိုလ်တို့သည်။ နိရယမှိ၊ ငရဲ၌။ သမပ္ပိဘာနိပ္ပတ္တိတာ၊ ဖြစ်ကုန်၍။ သောစန္တိ၊ ရှည်မြင့်စွာသော ကာလပတ်လုံး စိုးရိမ်ရကုန်၏။
ပမာဒေါ၊ ရူပါရုံ စသော အာရုံတို့၌ သတိလွတ်ခြင်းလက္ခဏာရှိသော မေ့လျော့ခြင်းသည်လည်းကောင်း။ ရဇော၊ ညစ်နွမ်းခင်းသဘောရှိသော ရာဂစသော မြူသည် လည်းကောင်း။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ပမာဒါနုပတိတော၊ ရာဂစသော အလုံးစုံသော မေ့လျော့ခြင်းသို့ ကျသော။ ရဇော၊ ရာဂစသော မြူသည်။ ရပ္ပဇ္ဇတိ၊ ဖြစ်၏။
အပ္ပမာဒေန၊ မမေ့မလျော့ခြင်းအကျင့်ဖြစ်သော။ ဝိဇ္ဇာယ၊ အရဟတ္တမဂ်ဟူသော ဝိဇ္ဇာဖြင့်။ အတ္တနော၊ မိမိ၏။ သလ္လံ၊ နှလုံးခွံကို မှီ၍ ဖြစ်သော ရာဂတည်းဟူသော ငြောင့် ကို။ အဗ္ဗုဟေဥဒ္ဓရေယျ၊ နှုတ်ရာ၏။
ဣတိ၊ ဤသို့။ မာလုကျပုတ္တောထေရော၊ မာလုကျ ပုတ္တထေရ်သည်။ ဣမာဆဂါထယော၊ ဤခြောက်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ မာလုကျပုတ္တထေရဂါထာ အနက်ပြီး၏။