ကုလ္လော၊ ကုလ္လရဟန်း။
သီတထိကံ၊ သင်္ချိုင်းကို။
ဂန္တွာ၊ သွား၍။
ဥဇ္ဈိတံ၊ စွန့်အပ်သော။
ဣတ္ထိံ၊ ပြည့်တန်ဆာ မိန်းမ အသေကောင်ကို။
အဒ္ဒသံ၊ မြင်ရ၏။
သုသာနသ္မိံ၊ သုသာန်၌။
အပဝိဋ္ဌံ၊ စွန့်အပ်သော။
ခိတ္တံ၊ ငဲ့ကွက်ခြင်းမရှိပစ်ချ အပ်သော။
ကိမီဟိ၊ ပိုးလောက်တို့ဖြင့်။
ဖုဋံပူရိထံ၊ ပြည့်သည်။
ဟုတွာ၊ ဖြစ်၍။
ခဇ္ဇန္တိံ၊ ခဲသော။
ဣတ္ထိံ၊ မိန်းမအသေကောင်ကို။
အဒ္ဒသံ၊ ငါမြင်ရပြီ။
ကုလ္လ၊ ကုလ္လရဟန်း။
အာတုရံ၊ အထူးထူးအပြားပြား ဆင်းရဲခြင်းတို့ဖြင့် မပြတ်နှိပ်ုစက်အပ်သော။
အသုစိံ၊ စင်ကြယ်ခြင်းမှ ကင်းသော။
ပူတိံ၊ မကောင်းသော အနံ့ရှိသော။
ဥဂ္ဃရန္တံ၊ အမာဝတို့မှ မစင်ဖြင့်ယိုစီးခြင်းရှိသော။
ပဂ္ဃရန္တံ၊ အောက်အမာဝ၌ ထက်ဝန်းကျင်မှ မစင်ဖြင့် ယိုစီးသော။
ဗာလနံ၊ မိုက်စွာကုန်သော ပုထုဇဉ်တို့သည်။
အဘိနန္ဒိတံ၊ တဏှာဒိဋ္ဌိတို့ဖြင့် ငါ၏ ကိုယ်ဟု ဝင်၍ အလွန်နှစ်သက်ခြင်းရှိသော။
ဣမံဿမုဿယံ၊ ဤကိုယ်ကို။
ပဿ၊ ရှုလော။
ဓမ္မာဒါသံ၊ တရားတည်းဟူသော ကြေးမုံကို။
ဂဟေတွာန၊ ယူ၍။
ဉာဏဒဿနပတ္တိယာ၊ ဝိပဿနာ ဉာဏ်အမြင် မဂ်ဉာဏ်အမြင်ကို ရခြင်းငှါ။
တုစ္ဆံ၊ နိစ္စသာရ အစရှိသည်မှ ကင်း၍ အချည်းနှီးသော။
သန္တရဗာဟိရံ၊ မိမိသန္တာန် သူတပါးသန္တာန်နှင့် တကွဖြစ်သော။
ဣမံကာယံ၊ ဤအကောင်းပုပ်ကို။
ပစ္စဝေက္ခိံ ပစ္စဝေက္ခထ၊ ဉာဏ်မျက်စိဖြင့် အဘန်တလဲလဲကြည့်ရှုလော။
ဣမံယထာ၊ ဤငါ၏ အကောင်းဟု ဆိုအပ်သော မတင့်တယ်သော ဇီဝိတိန္ဒြေဝိညာဉ်တို့၏ ကပ်ရာဖြစ်သော အထူးထူး အပြားပြားသော မျက်လှည့်သည် တံလျှပ်ဥပမာရှိသော ကိုယ်ကဲ့သို့။
တထာ၊ ထိုအတူ။
ဧတံ၊ ဤသေသော အကောင်သည်။
အနုပဂမနံ၊ ရှေး၌ ထိုဆိုခဲ့ပြီးသော အသက်ဝိညာဏ်တို့၏ မကပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဧတရဟိ၊ ယခုအခါ၌။
ဧတံသရိရံ၊ ထိုကိုယ်သည်။
တေသံဓမ္မာနံ၊ ထိုအသက်ဝိညာဉ် စသည်တို့၏။
အပဂမနတံ၊ ဖဲအပ်သော စိတ်ရှိသည်။
ဟောတိယထာ၊ ဖြစ်သကဲ့သို့။
တထာ၊ ထိုအတူ။
ဣဒံသရိရံ၊ ဤငါ၏ ကိုယ်သည်လည်း။
အပဂမနတံ၊ ထိုအသက်ဝိညာဉ်စသော တရားတို့၏ ဖဲ့အပ်သည့် အဖြစ်သည်။
ဟောတိ၊ ဖြစ်၏။
အဓော၊ ချက်မအောက်၌။
အယံကာယော၊ ဤကိုယ်သည်။
အသုစိ၊ မစင်ကြယ်သည်။
ဒုဂ္ဂန္တော၊ မကောင်းသော အနံ့ရှိသည်။
ဇေဂုစ္ဆာဒိကော၊ စက်ဆုပ်ရွံရှာဘွယ် အမြဲမရှိဆင်းရဲခြင်း အစိုးမရခြင်းသဘောရှိသည်။
ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။
ဥဒ္ဓံ၊ ချက်မှ အထက်၌ ဖြစ်သော ကိုယ်သည်။
အသုစိအာဒိသဘာဝေါ၊ မစင်ကြယ်ခြင်းစသော သဘောရှိသည်။
ဟောတိ၊ ဖြစ်၏။
ဥဒ္ဓံ၊ ချက်မှ အထက်၌ ဖြစ်သော ကိုယ်သည်။
အသုစိအာဒိသဘာဝေါ၊ မစင်ကြယ်ခြင်းစသော သဘောရှိသည်။
ဟေတိယထာ၊ ဖြစ်သကဲ့သို့။
တထာ၊ ထို့အတူ။
အဓော၊ ချက်မှ အောက်ဖြစ်သော ကိုယ်သည်။
အသုစိအာဒိသဘာဝေါ၊ မစင်ကြယ်ခြင်းစသော သဘောရှိသည်။
ဟောတိ၊ ဖြစ်၏။
ဒိဝါ၊ နေ့အခါ၌။
အယံကာယော၊ ဤကိုယ်သည်။
အသုစိပဂ္ဃရတိယထာ၊ မျက်စိမှ မစင်ကြယ်သော မျက်ချေးယိုသကဲ့သို့ ။
တထာ၊ ထိုအတူ။
ရတ္တိံ၊ ညဉ့်အခါ၌။
အသုစိပဂ္ဃရတိ၊ မျက်စိမှ မစင်ကြယ် မျက်ချေးသည်ယို၏။
ရတ္တိံ၊ ညဉ့်အခါ၌။
အယံကာယော၊ ဤကိုယ်သည်။
အသုစိပဂ္ဃရတိယထာ၊ မျက်စိမှ မစင်ကြယ်သော မျက်ချေးသည် ယိုသကဲ့သို့။
တထာ၊ ထိုအတူ။
ဒိဝါ၊ နေ့အခါ၌။
အသုစိပဂ္ဃရတိ၊ မျက်စိမှ မစင်ကြယ်သော မျက်ချေးယို၏။
ပုရေ၊ ရှေးပျိုးနုစဉ်ကာလ၌။
အယံကာယော၊ ဤကိုယ်သည်။
အသုစိအာဒိသတာဝေါ၊ မစင်ကြယ်ခြင်း စသော သဘောရှိသည်။
ဟောတိယထာ၊ ဖြစ်သကဲ့သို့။
တထာ၊ ထိုအတူ။
ပစ္ဆာ၊ နောက်အိုမင်းသောကာလ၌။
အသုစိအာဒိသဘာဝေါ၊ မစင်ကြယ်ခြင်းစသော သဘောရှိသည်။
ဟောတိ၊ ဖြစ်၏။
ပစ္ဆာ၊ နောက်အိုမင်းသော ကာလ၌။
အသုစိအာဒိ သဘောဝေါ၊ မစင်ကြယ်ခြင်းစသော သဘောရှိသည်။
ဟောတိယထာ၊ ဖြစ်သကဲ့သို့။
တထာ၊ ထိုအတူ။
ပုရေ၊ ရှေးပျိုးနုစဉ်ကာလ၌။
အသုစိအာဒိ သဘာဝေါ၊ မစင်ကြယ်ခြင်း စသော သဘောရှိသည်။
ဟောတိ၊ ဖြစ်၏။
သမ္မာ၊ ကောင်းြစွာ။
ဓမ္မံ၊ တေဘုမ္မကအင်္ခါရတရားကို။
ဝိပဿတော၊ သမထဝိပဿနာအစုံကို ပြု၍ ဣန္ဒြေတို့၏ တူသောသဘောရှိသော ဝိပဿနာဖြင့် အဖြစ်အပျက်ကို ရှုသော ယောဂါဝစရပုဂ္ဂိုလ်အား။
ဧကဂ္ဂစိတ္တဿ၊ တည်ကြည်သော စိတ်ရှိသော။
ယာဒိသာ၊ အကြင်သို့ သဘောရှိသော။
ရတိ၊ မွေ့လျော်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
တာဒိသီ၊ ထိုသို့ သဘောရှိသော သူသည်။
ရတိယာ၊ တရား၌ မွေ့လျော်ခြင်း၏။
ကလံ၊ တဆဲ့ခြောက်စိတ်စိတ်၌ တစိတ်မျှကိုလည်း။
နဥပေတိယထာ၊ မမှီမကပ်သကဲ့သို့။
တထာ၊ ထိုအတူ။
ပဉ္စင်္ဂီကေနတူရိယေန၊ အင်္ဂါငါးပါးနှင့် ပြည့်စုံသော တူရိယာ မျိုးဖြင့် ။
ပရိစာရိယမာနဿ၊ မွေ့လျော်စမွယ်သော။
ကာမသုခါဒါနော၊ ကာမဂုဏ်ချမ်းသာနှင့် ပြည့်စုံခံစားသော ။
ဣဿရိယဇနဿ၊ စည်းစိတ်ရှိသော သူ၏။
တာဒိသံ၊ ထိုရူပါရုံ၌ မွေ့လျော်သော ချမ်းသာသည်။
နဟောတိ၊ ထိုတရား၌ မွေ့လျော်ခင်းကဲ့သို့ ကောင်းသော မွေ့လျော်ခြင်းမည်သည်မဖြစ်။
ဣတိ၊ ဤသို့။
ကုလ္လောထေရော၊ ကုလ္လထေရ်သည်။
ဣမာဆဂါထာ၊ ဤခြောက်ဂါထာ တို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
ကုလ္လထေရဂါထာ အနက်ပြီး၏။