အာဇညော၊ ခပ်သိမ်းသော အရာ၌ သိတတ်သော ဉာဏ်နှင့်ပြည့်စုံသော။
ဘဒ္ဒေါ၊ ကောင်းသောလျှင်ခြင်းအားနှင့်ပြည့်စုံသော နွားလားဥသဘသည်။
ခလိတွာ၊ သွားမြဲခရီးမှ ချော်၍။
အညထာ၊ တပါးသော အရပ်၌။
တိဋ္ဌန္တောဝိ၊ တည်သော်လည်း။
ပဋိတိဋ္ဌတိယထာ၊ မိမိရှေ့တည်ရာအရပ်၌ တဘန်တည်ပြန်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
သံဝေဂံ၊ ဇာတိဗလဝီရိယနှင့် ပြည့်စုံသော ငါ့အားရောက်သော ဝန်ကို ဆောင်ခြင်းသည် လျောက်ပတ်၏ ဟု ထိတ်လန့်ခြင်းကို။
လဒ္ဓါလဘိတွာ၊ ရ၍။
ဘိယျော၊ အလွန်။
ဓာရိနော၊ ဆောင်အပ်သည်တာဝန်ကို ဆောင်လျက်တွန့်တိုသော စိတ်မရှိသည်ဖြစ်၍။
ဓုရံ၊ ဆောင်အပ်သော ဝန်ကို။
ဝဟတေယထာ၊ ရွက်ဆောင်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
ဒဿနသမ္ပန္နံ၊ မဂ်ဉာဏ်အမြင်နှင့်ပြည့်စုံသော။
သမ္မသမ္ဗုဒ္ဓသာဝကံ၊ မြတ်စွာဘုရား၏ သာဝကဖြစ်သော။
မံ၊ ငါ့ကို။
အာဇာနိယံ၊ ခပ်သိမ်းသော အရာတို့၌ သိသော စိတ်ရှီသော ဝန်ကို မချွတ်မယွင်း လုံ့လကျိုးကုတ်အားထုတ်၍ ရွက်ဆောင်သော နွားလား ဥသဘနှင့်တူ၏ ဟူ၍။
ဓာရေထ၊ မှတ်ကုန်ရာ၏။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
ဩရသံ၊ ရင်၌ဖြစ်သော။
ပုတ္တံ၊ သားဖြစ်သော အရိယာပုဂ္ဂိုလ် အပေါင်းကိုလည်း။
အာဇာနိယံယထာ၊ အာဇာနည်မည်သော နွားလားဥသဘကဲ့သို့ ဝိပဿနာဘာဝနာတည်းဟူသော ဝန်ကို ရွက်ဆောင်သော သူချည်းဟူ၍။
ဓာရေထ၊ မှတ်ကုန်လော။
ဣတိ၊ ဤသို့။
နန္ဒကောထေရော၊ နန္ဒကထေရ်သည်။
ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
နန္ဒကထေရဂါထာ အနက်ပြီး၏။