ပဿော၊ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော အရိယာဖြစ်သောသူသည်။
ပဿန္တံ၊ မဖေါက်မပြန် မြင်သိသောသူကို။
ပဿတိ၊ ဤသူကား မဖောက်မပြန် မြင်သိသော သူဟူ၍ ပညာမျက်စိဖြင့် မြင်သိ၏။
အပဿန္တဉ္စ၊ ပညာမျက်စိမှ ကင်းသည်ဖြစ်၍ တရားတို့ကို မဘောက်မပြန် မသိမမြင်သော ပုထုဇ္ဇဉ်ကိုလည်း။
ပဿတိ၊ ဤသူကား ပညာမျက်စိမှကင်းသော သူတည်းမှ မိမိပညာမျက်စိဖြင့် မြင်သိ၏။
အပဿန္တော၊ ပညာမျက်စိမှကင်းသော အလွန်မိုက်စွာသော ပုထုဇဉ် ပုဂ္ဂိုလ်သည်။
အပဿန္တဉ္စ၊ ပညာမျက်စိမှ ကင်းသော တရားဟုတ်သည် မဟုတ်သည် ကို မဘောက်မပြန်မသိသော သူကိုလည်း။
နပဿတိနဇာနာတိ၊ ဤသူကား တရားဟုတ်သည် မဟုတ်သည်ကို မဘောက်မပြန် မသိသော သူတည်းဟု မသိမြင်။
ပဿတ္တဉ္စ၊ ပညာမျက်စိနှင့် ပြည့်စုံသော တရားဟုတ်သည် မဟုတ်သည်ကို သိသော ပညာရှိကိုလည်း။
နပဿတိ၊ ဤသူကား ဟုတ်မှန်စွာ တရားကို သိသော ပညာရှိတည်းဟု မသိမြင်။
ဣတိ၊ ဤသို့။
ဝပ္ပေါထေရော၊ ဝပ္ပထေရ်သည်။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဝပ္ပထေရဂါထာ အနက်ပြီး၏။