အာဝုသော၊ ငါ့ရှင်တို့။
ဟိယသ္မာ၊ အကြင်ကြောင့်။
ယောဒဗ္ဗော၊ အကြင်ဒဗ္ဗသည်။
ဒုဒ္ဒမယော၊ ဆုံးမခက်သော ကိလေသာရှိ၏။
သောဒဗ္ဗော၊ ထိုဆုံးမခက်သော ကိလေသာ ရှိသော ဒဗ္ဗသည်။
ဒမေန၊ အရဟတ္တမဂ်ဟူသော ဆုံးမခြင်းဖြင့်။
ဒန္တော၊ ဣန္ဒြေကို စောင့်ရှောက်ခြင်းဖြင့် ယဉ်ကျေး၏။
သန္တုဿိတော၊ ရရသမျှ သော ပစ္စည်းဖြင့် ရောင့်ရဲခြင်းစသော သုံးပါးသော သန္တောသဖြင့် ရောင့်ရဲ၏။
ဝိတိဏ္ဏကင်္ခေါ၊ တဆဲ့ခြောက်ပါးသော အရာစသည်၌ ယုံမှားကို လွန်မြောက်ပြီးသော ယုံမှားခြင်း ရှိ၏။
ဝိဇိတာဝီ၊ အောင်အပ်ပြီးသော ကိလေသာ တည်းဟူသော အပင်းအသင်းရှိ၏။
အပတဘေရဝေါ၊ နှစ်ဆဲ့ငါးပါးသော ဘေးမှလည်းကင်း၏။
ဋ္ဌိတတ္တော၊ တည်ကြည်သော သဘောရှိသည်ဖြစ်၍ လောကဓံ တရားတို့ကြောင့် တုန်လှုပ်ခြင်း မရှိ။
တသ္မာ၊ ထို့ကြောင့်။
ပရိနိဗ္ဗုတော၊ ကိလေသာ ပရိနိဗ္ဗာန် ဖြင့် ငြိမ်း၏။
ဣတိ၊ ဤသို့။
ဣတ္ထံ ဣမံ ပကာရံ၊ ဤသို့ ဆိုအပ်ပြီးသော အပြားရှိသော။
ဣမံဂါထံ၊ ဤဂါထာကို။
အာယသ္မာဒဗ္ဗောထေရော၊ အရှင်ဒဗ္ဗထေရ်သည်။
အဘာသိတ္တ၊ ဆိုပြီ။
အရှင်ဒဗ္ဗထေရဂါထာ အနက်ပြီး၏။