Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

9. Candanattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ င့ါရှင်တို့။ ဇာတရူပေန၊ ရွှေငွေဖြင့် ပြီးသော ဥက္ခောင်းတန်ဆာစသော တန်ဆားဖြင့်။ သဉ္ဆန္နာ၊ တန်ဆာဆင်သည်၏ အစွမ်းဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိထသော။ ဒါသီဂဏပုရက္ခတာ၊ မိမိတို့နှင့်လျော်သောတန်ဆာဆင်သော မိမိ၏ ကျွန်အပေါင်းဖြင့် ခြံရံအပ်ထသော။
အင်္ဂေန၊ ရင်ခွင်ဖြင့်။ ပုတ္တံ၊ မိမိသားကို။ အာဒါယ၊ ယူ၍။ ဘရိယာ၊ မယားသည်။ မံ၊ င့ါသို့။ ဥပါပမိ၊ ကပ်၏။
အလင်္ကတံ၊ ဥက္ခောင်းတန်ဆာစသော တန်ဆာဖြင့် တန်ဆာဆင်အပ်သော။ သုဝသနံ၊ ကောင်းသော အဝတ်ကို တတ်လျက်။ အာယန္တိံ၊ လာလတ်သော။ သကပုတ္တဿ၊ မိမိသား၏။ မာတရံ၊ အမိကို။ ဒိသွာန၊ မြင်လတ်၍။ ဩဋ္ဋိတံ၊ ထောင်အပ်သော။ မစ္စုပါသံမစ္စုပါသံဣဝ၊ သေမင်း၏ ကျော့ကွင်းကဲ့သို့။ ဥဒပါဒီ၊ ထင်၏။
တတော၊ ထိုနောက်မှ။ ယောနိသော၊ အသင့်အားဖြင့် ။ မနသိကာရော၊ ဤအရိုးစုကား အကြောဖြင့် ဖွဲ့အပ်၏ အားဖြင့် လိမ်းကျံအပ်၏ အရေဖြင့် ဖုံးလွှမ်းအပ်၏ မစင်ကြယ်သော မကောင်းသော အနံ့ဖြင့် စက်ဆုပ်ရွံရှာဘွယ်ရှိ၏ အမြဲပွတ်သတ်ရခြင်းနယ်ရခြင်းပေါက်ပြဲခြင်း ပျက်စီးခြင်း သဘောရှိ၏ ဤသို့ စသော သင့်သော နှလုံးသွင်းခြင်းသည်။ ဥဒပဇ္ဇထ၊ ဖြစ်လတ်၏။
အာဒီနဝေါ၊ ဤကိုယ်၏ အဖြစ်ကို ဆောင်ခြင်းကို အရင်းပြုသဖြင့် ထိုကိုယ်၌ မှီကုန်သော စိတ်စေတသိက်တို့၏ ဖြစ်ခြင်းပျက်ခြင်းရှိသော အဖြစ်အားဖြင့် ထင်ကုန်သော များစွာသော အခြင်းအရာရှိသော အပြစ်သည်။ ပါတုရဟု၊ ထင်ရှားဖြစ်ပြီ။ နိဗ္ဗိဒါ၊ အပြစ်ကိုရှုသော ဘာဝနာကိစ္စအားဖြင့် ပြီးသော ဝဋ်၌ ငြီးငွေ့သော ဉာဏ်သည်။ သမ္ပတိဋ္ဌထ၊ ငါ၏ နှလုံး၌ ကောင်းစွာတည်ပြီ။
တတော၊ ထိုဝိပဿနာ ဉာဏ်ဖြစ်သည်မှ။ ပရံ၊ နောက်၌။ မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ ဝိမုစ္စိ၊ လောကုတ္တရာဘာဝနာကို ပွါးစေသည်၏ အဖြစ်ဖြင့် ဖြစ်သော မဂ်၏ အစဉ်ဖြင့် အလုံးစုံကုန်သော ကိလေသာတို့မှ လွတ်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဓမ္မသုဓမ္မတံ၊ တရားတော်၏ကောင်းသော တရား၏ အဖြစ်ကို။ ပဿ၊ ရှုလော။
မယာ၊ ငါသည်။ တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။ အနုပ္ပတ္တာ၊ အစဉ်အတိုင်းရအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော အကျင့်ကို။ ကတံကရဏီယံ၊ ပြုအပ်ပြီ။
ဣတိ၊ ဤသို့။ စန္ဒနောထေရော၊ စန္ဒနထေရ်သည်။ ဣမံဂါထာ စတုက္ကံ၊ ဤဂါထာလေးခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ စန္ဒနထေရဂါထာ အနက်ပြီး၏။