အာဝုသော၊ ငါ့ရှင်တို့။
သံသရံသံသရန္တော၊ ကံကိလေသာတို့ဖြင့်ငါးပါးသော ဂတိတို့၌ စုတေခြင်းပဋိသန္ဓေနေခြင်း၏ အစွမ်းဖြင့် အဘန်တလဲလဲကျင်လည်ရသည်ရှိသော်။
နိရယံ၊ သိဉ္ဇိုးကာဠသုတ် စသော ရှစ်ပါးသော ငရဲကြီးကုက္ကုဋစသော တဆဲ့ ခြောက်ပါး အပြားရှိသော ဥဿဒငရဲသို့။
အဂစ္ဆိဿံ၊ ပဋိသန္ဓေ၏ အစွမ်းဖြင့် အဘန်တလဲလဲ ကပ်ရပြီ။
ပေတလောကံ၊ ခုပ္ပိပါသစသော အပြားရှိိသော ပြိတ္တာ၏ အဖြစ်သို့။
ပုနပ္ပုနံ၊ အဘန်တလဲလဲ။
အဂမံဥပဂစ္ဆိံ၊ ပဋိသန္ဓေ၏ အစွမ်းဖြင့် ကပ်ရပြီ။
တိရစ္ဆာနယောနိယံ၊ တိရစ္ဆာန်အမျိုး၌။
အနေကဓာ၊ ကုလားအုပ်နွားမြည်းစသည်၏ အဖြစ်ဖြင့်လည်းကောင်း ကျီးဗြိုင်းစွန်ရဲ စသည်၏ အဖြစ်ဖြင့်လည်းကောငး်များသော အပြားရှိသော။
စီရံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး။
မယာ၊ ငါသည်။
ဝုသိတံ၊ အမြဲထိတ်လန့်ခြင်း စသည်၏ အစွမ်းဖြင့် ဆင်းရဲကို ခံစားဘူးပြီ။
ဧတံသဗ္ဗံ၊ ဤအလုံးစုံသည်။
ဒုက္ခမံ၊ ထက်စွာသော မကောင်းမှုသည် သတ်ခြင်းစသော ဆင်းရဲတို့ဖြင့်သည်းခံနိုင်ခဲသည်။
အမှိ၊ ဖြစ်၏။
မာနုသောပိစ ဘဝေါ၊ လူ၏ အဖြစ်ကိုလည်း။
အဘိရာဓိတော၊ ထိုသို့ သဘောရှိသော ကုသိုလ်ကံ၏ ညီညွတ်ခြင်းဖြင့် ရအပ်ပြီ။
သဂ္ဂကာယံ၊ သုဂတိဟု ဆိုအပ်သော ကာမာဝစရနတ်ပြည်သို့။
သကိံ သကိံ၊ တကြိမ်တကြိမ်။
အဂမံအာဂစ္ဆိံ၊ ရံခါပဋိသန္ဓေနေသည်၏ အစွမ်းအားဖြင့် ရောက်ပြီ။
ရူပဓာတူသုစ၊ ရူပဘဝတို့၌၎င်း။
အရူပဓာတူသူစ၊ အရူဘဘဝတို့၌လည်းကောင်း။
နေဝသညီသုစ၊ နေဝသညာနာသညာယတန ဘုံတို့၌လည်းကောင်း။
အသညီသု၊ အသညသတ်ပုံတို့၌လည်းကောင်း။
မယာ၊ ငါသည်။
ဋ္ဌိတံ၊ ပဋိသန္ဓေနေသည်၏ အစွမ်းအားဖြင့် တည်ပြီ။
သမ္ဘဝါ၊ ကာမဘဝစသော ဘဝတို့ကို။
အသာရကာ၊ နိစ္စသာရစသော အနှစ်မှ ကင်းကုန်၏ ဟူ၍။
သုဝိဒီတာ၊ ဝိပဿနာ ပညာနှင့် တကွသော မဂ်ပညာဖြင့် ကောင်းစွာသိအပ်ကုန်ပြီ။
သံခတာ၊ အကြောင်းတရားတို့ကို ကောင်းစွာကပ်အပ်ပြုအပ်သောကြောင့်။
ပစလိတာ၊ ဖြစ်ခြင်း ရင့်ခြင်းစသော အပြားအားဖြင့် တုန်လှုပ်ခြင်း ရှိကုန်၏။
သဒေရိတာ၊ အခါခပ်သိမ်းရာဂဖြင့် တုန်လှုပ်စေအပ်နှိပ်စက်အပ်ကုန်သည် ဖြစ်၍ ပျက်စီးခြင်းသို့ ရောက်ကုန်ပြီ။
တဉ္စ၊ ထိုဆိုအပ်ပြီးသော သင်္ခတ သတောကိုလည်းကောင်း။
အတ္တသမ္ဘဝဉ္စ၊ မိမိ၌ ကောင်းစွာဖြစ်သော အတ္တဘောကိုလည်းကောင်း။
အဟံ၊ ငါသည်။
ဝိဒိတွာ၊ မိမိနှင့် စပ်သော အစိုးရခြင်းစသော အစွမ်းသူတပါးနှင့်စပ်သော ပရိညာတိ သမယ အစွမ်းအားဖြင့် သိ၍။
သန္တိမေဝ၊ ငြိမ်းသော နိဗ္ဗာနဓာတ်သို့သာလျှင်။
သတိမာ၊ မဂ်ပညာနှင့် တကွသော သတိရှိသည်ဖြစ်၍။
သမဇ္ဈဝံ အဓိဂစ္ဆိံ၊ အရိယမဂ်ကို ပွါးစေအပ်သည်၏ အစွမ်းအားဖြင့် ရပြီ။
ဧဝံ၊ ဤသို့။
ထေရော၊ ဂေါတမထေရ်သည်။
ဉာတကာနံ၊ အဆွေအမျိုးတို့အား။
ဓမ္မဒေသနာမုခေန၊ တရားဟောခြင်း အရင်းပြုသဖြင့်။
အညံ၊ အရဟတ္ထဖိုလ်ကို။
ဗျာကာသိ၊ ကြားပေ၏။
ဣတိ၊ ဤသို့။
ဂေါမောထေရော၊ ဂေါတမထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဂေါတမထေရဂါထာ အနက်ပြီး၏။