Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

2. Sirimittattheragāthā

Author: နိဿယ @ IAPT

ယောဘိက္ခု၊ အကြင်ရဟန်းသည်။ အက္ကောဓနော၊ သူတပါးအားအမျက်ထွက်လေ့မရှိ။ အနုပနာတဟီ၊ သူတပါးတို့သည် ပြုအပ်သော အပြစ်ကို စွဲ၍ ရန်ငြိုးဖွဲ့လေ့မရှိ။ အမာယော၊ ထင်ရှားသော အပြစ်ကို ဖုံးလွှမ်းခြင်းလက္ခဏာ ရှိသော မာယာမှ ကင်း၏။ ရိတ္တပေသုဏော၊ သူတပါးတို့အား ဂုမ်းတိုက်ချောပစ်သော စကားမှကင်း၏။
တာဒိသကော၊ ထိုသို့ သဘောရှိသော။ ဘိက္ခု၊ ရဟန်းသည်။ သစေဟောတိ၊ အကယ်၍ ဖြစ်ငြားအံ့။ ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော ကျင့်နှင့် ပြည့်စုံသည်ရှိသော်။ ပေစ္စ၊ တမလွန်ဘောက၌။ နသောစတိ၊ မစိုးရိမ်ရ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။ အက္ကောဓနော၊ သူတပါးတို့အား အမျက်ထွက်လေ့မရှိ။ အနူပနဟီ၊ သူတပါးတို့သည် ပြုအပ်သော အပြစ်ကို စွဲ၍ ရန်ငြိုးဖွဲ့လေ့မရှိ။ အမာယော၊ ထင်ရှားရှိသောအပြစ်ကို ဖုံးလွှမ်းခြင်း လက္ခဏာရှိသော မာယာမှ ကင်း၏။ ရိတ္တပေသုဏော၊ သူတပါးတို့အား ဂုမ်းတိုက် ချောပစ်သော စကားမှ ကင်း၏။
သဒါ၊ အခါခပ်သိမ်း။ ဂူတ္တဒွါရော၊ စက္ခုဒွါရကာယဒွါရအစရှိသည်တို့ကို လုံခြုံစွာစောင့်ရှောက်ခြင်းရှိ၏။ သောဘိက္ခု၊ ထိုရဟန်းသည်။ ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့တိုင်းသော အခြင်းအရာဖြင့် ကျင့်သည်ရှိသော်။ ပေစ္စ၊ တမလွန်ဘဝ၌။ နသောစတိ၊ မစိုးရိမ်ရ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။ အက္ကောဓနော၊ သူတပါးအားအမျက်ထွက်လေ့မရှိ။ အနုပနာတိ၊ သူတပါးတို့ ပြုအပ်သော အပြစ်ကို စွဲ၍ ရန်ငြိုးဖွဲ့လေ့မရှိ။ အမာယော၊ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း လက္ခဏာရှိသောမယာမှ ကင်း၏။ ရိတ္တပေသုဏော၊ သူတပါးတို့အား ဂုမ်းတိုင်ချောပစ်သော စကားမှ ကင်း၏။
ကလျာဏသီလော၊ ကောင်းသော စင်ကြယ်သော သီလရှိ၏။ ယောဘိက္ခု၊ ထိုရဟန်းသည်။ ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ကျင့်သည်ရှိသော်။ ပေစ္စ၊ တမလွန်ဘဝ၌။ နသောစတိ၊ မစိုးရိမ်ရ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။ အက္ကောဓနော၊ သူတပါးအား အမျက်ထွက်လေ့မရှိ။ အနုပနာဟီ၊ သူတပါးကို ပြုအပ်သော အပြစ်ကို စွဲ၍ ရန်ငြိုးဖွဲ့လေ့မရှိ။ အမာယော၊ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း လက္ခဏာရှိသော မာယာမှ ကင်း၏။ ရိတ္တပေသုဏော၊ သူတပါးတို့အား ဂုမ်းတိုက်ချောပစ်သော စကားမှ ကင်း၏။
ကလျာဏမိတ္တော၊ ပိယောဂရု ဘာဝနိယောစ သော အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပါန်းကောင်းရှိ၏။ သောဘိက္ခု၊ ထိုရဟန်းသည်။ ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ကျင့်သည်ရှိသော်။ ပေစ္စ၊ တမလွန်ဘဝ၌။ နသောစတိ၊ မစိုးရိမ်ရ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။ အက္ကောဓနော၊ သူတပါးအား အမျက်ထွက်လေ့မရှိ။ အနုပနာဟီ၊ သူတပါးတို့သည်ပြုအပ်သော အပြစ်ကို စွဲ၍ ရန်ငြိုးဖွဲ့လေ့မရှိ။ အမာယော၊ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်းလက္ခဏာရှိသော မာယာမှ ကင်း၏။ ရိတ္တပေသုဏော၊ သူတပါးတို့အား ဂုမ်းတိုက်ချောပစ်သော စကားမှ ကင်း၏။
ကလျာဏေပညော၊ ဝဋ်မှ ထွက်မြောက်စေတတ်သော ကောင်းသော ပညာ နှင့် ပြည့်စုံ၏။ သောဘိက္ခု၊ ထိုရဟန်းသည်။ ဧဝံ၊ ဤသို ဆိုအပ်ခဲ့ ပြီးသော နည်းဖြင့် ကျင့်သည်ရှိသော်။ ပေစ္စ၊ တမလွန်ဘဝ၌ ။ နသောစတိ၊ မစိုးရိမ်ရ။
ယဿ ပုဂ္ဂလဿ၊ အကြင်ပုဂ္ဂိုလ်အား။ တထာဂတေ၊ ဝိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ ကောင်းသော လာခြင်းရှိသောဘုရားသခင်၌။ အစလာ၊ တုန်လှုပ်ခြင်း မရှိသော။ သဒ္ဓါ၊ ဣတိပိသော ဘဂဝါ အရဟံ စသော နည်းဖြင့် မဂ်၌ ဖြစ်သော ကြည်ညိုခြင်းသည်။ သုပ္ပတိဋ္ဌိတာ၊ ကောင်းစွာတည်သည်။ ဟောတိ၊ ဖြစ်၏။
ယဿ ပုဂ္ဂလဿ၊ အကြင် ပုဂ္ဂိုလ်အား။ ကလျာဏံ၊ ကောင်းသော။ အရိယကန္တံ၊ အရိယာတို့သည် နှစ်သက်အပ်သော။ ပသံသိတံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်ချီးမွမ်းအပ်သော။ သီလံ၊ မကျိုးမပေါက်မပြောက်မကျားသော သီလသည်။ အတ္ထိ၊ ရှိ၏။ သောပုဂ္ဂလော၊ ထိုဆိုအပ်ခဲ့ပြီးသော အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်။ ပေစ္စ၊ တမလွန်ဘဝ၌။ နသောစတိ၊ မစိုးရိမ်ရ။
ယဿ ပုဂ္ဂလဿ၊ အကြင်ပုဂ္ဂိုလ်အား။ သံဃေ၊ သုပ္ပဋိပန္နတာစသော ကျေးဇူးနှင့် ပြည့်စုံသော သံဃာတော်၌။ ပသာဒေါ၊ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော စသော နည်းဖြင့် သံဃာတော်တို့၏ ဂုဏ်၌ ကြည်ညိုခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဥဇူဘူတံ၊ ဒိဋ္ဌိဝဋ်ကိလေသာဝဋ်မှ ကင်းသော ကြောင့် ဖြောင့်မတ်စွာ ဖြစ်၍ ဖြစ်သော။ ဒဿနဉ္စ၊ ကမ္မသကတဉာဏ်အမြင်အကြောင်းနှင့်တကွသော နာမ်ရုပ်တို့ကို မြင်ခြင်းသည်။ အတ္ထိ၊ ရှိ၏။
တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အဒလိဒ္ဒေါတိ၊ သဒ္ဓါသီလသုတစာဂ စသောအလွန်စင်ကြယ်သော ဥစ္စာတို့၏ ရှိခြင်းကြောင့် မဆင်းရဲသော သူဟူ၍။ ဗုဒ္ဓါဒယော၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။ အာဟု၊ ဆိုကုန်ပြီ။ တဿ ပုဂ္ဂလဿ၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်၏။ ဇိဝိတံ၊ အသက်ရှည်ခြင်းကို။ အမောဃံ၊ ပစ္စုပ္ပန်အကျိုး သံသရာ အကျိုးနှစ်ပါးကို ရသောကြောင့် အချည်းစည်း မဟုတ်သော အသက်ရှည်ခြင်းဟူ၍။ ဗုဒ္ဓါဒဟော၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။ အာဟု၊ ဆိုကုန်ပြီ။
တသ္မာ၊ ထိုကြောင့်။ သဒ္ဓဉ္စ၊ ဆိုအပ်ခဲ့ပြီးသော သဒ္ဓါတရားနှင့် ပြည့်စုံခြင်းကိုလည်းကောင်း။ သီလဉ္စ၊ ဆိုအပ်ခဲ့ပြီးသော အပြားရှိသော သီလကို လည်းကောင်း။ ပသာဒဉ္စ၊ ဆိုအပ်ခဲ့ပြီးသော အပြားရှိသော ကြည်ညိုခြင်းကို လည်းကောင်း။ ဓမ္မဒဿနဉ္စ၊ မြင်ခြင်း၏ အကြောင်ဖြစ်သော တရားတို့၌ ဆုံးဖြတ်သိမြင်ခြင်းကိုလည်းကောင်း။ မေဓာဝီ၊ မိုဃ်းကြိုးစက်နှင့် တူသော ပညာရှိသော အမျိုးသားသည်။ ဝရံ၊ မြတ်သော။ ဗုဒ္ဓါနံ၊ မြတ်စွာဘရားတို့၏။ သာသနံ၊ သဗ္ဗပါပဿ အကရဏံ အစရှိသည်ဖြင့် ဟောတော်မူအပ်သော အဆုံးအမတော်ကို။ အနုယုဉ္ဇေထ၊ အဘန်တလဲလဲ အောက်မေ့သဖြင့် အားထုတ်ရာ၏။
ဣတိ၊ ဤသို့။ သိရိမိတ္တော ထေရော၊ သိရိမိတ္တထေရ်သည်။ ဣမာအဋ္ဌဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ရှစ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ သိရိမိတ္တထေရဂါထာအနက်ပြီး၏။