ဟိယသ္မာ၊ အကြင်ကြောင့်။
မေ၊ ငါ၏။
မာတာ၊ အမိသည်။
ပတောဒံ၊ အဆံဒးအမဟု ဆိုအပ်သော တုတ်လှံဒဏ်ကို။
ဥပဒံသယိ၊ ပြပေးသည်ကား။
သာဓုကိရ၊ ကောင်းပေစွတကား။
တေန၊ ထိုကြောင့်။
မေ၊ ငါ၏။
ဝီရိယံ၊ ဝီရိယသည်။
ဥပဒံသယိ၊ မြတ်သော အင်္ဂါဟု ဆိုအပ်သော ပညာဥက္ခေါင်း၌ ထိုးပေသည်ကား။
သာဓုကိရ၊ ကောင်းပေစွ။
ယဿ၊ အကြင်အမိ၏။
ဝစနံ၊ စကားကို။
သုတွာ၊ ကြား၍။
ဇနေတ္တိယာ၊ အမိ၏။
အနုသိဋ္ဌော၊ ဆုံးမသော အတိုင်းငါကျင့်ပြီ။
အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍။
ပဟိတတ္တော၊ ကိုယ်အသက်ကို မငဲ့ဘဲ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍။
ဥတ္တမံ၊ မြတ်သော။
သမ္ဗောဓိံ၊ အရဟတ္တဖိုလ်သို့။
ပတ္တော၊ ရောက်ပြီ။
အဟံ၊ ငါသည်။
အရဟာ၊ ကိလေသာတိုမှ ဝေးပြီးသော။
ဒက္ခိဏေယျော၊ မြတ်သော အလှူကို ခံထိုက်သော ပုဂ္ဂိုလ်သည်။
အမှိ၊ ဖြစ်ပြီ။
တေဝိဇ္ဇော၊ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသည်။
အမတဒ္ဒဿော၊ နိဗ္ဗာန်ကို မျက်မှောက်ပြုသော အားဖြင့် မြင်ပြီးသည်။
အမှိ၊ ဖြစ်ပြီ။
နမုစိနော၊ မာရ်နတ်မင်းသည်။
သေနံ၊ ကိလေသာ တည်းဟူသော မာရ်စစ်သည်ကို။
ဇိတွာ၊ ဗောဓိပက္ခယ တရား တည်းဟူသော စစ်သည်ဖြင့်အောင်၍။
အနာသဝေါ၊ ကင်းပြီးသော အာသဝေါရှိသည်ဖြစ်၍။
ဝိဟရာမိ၊ ချမ်းသာစွာနေရ၏။
အဇ္ဈတ္တဉ္စ၊ အဇ္ဈတ္တသန္တာန်၌ လည်းဖြစ်ကုန်သော။
ဗဟိဒ္ဓါစ၊ ဗဟိဒ္ဓသန္တာန်၌လည်းဖြစ်ကုန်သော။
ယေအာသဝါ၊ အကြင်အာသဝေါ တရားတို့ကို။
ဝိဇ္ဈိံသု၊ အရိယမဂ်ကို ရသည်မှ ရှေး၌ ထိုးပစ်အပ်ကုန်ပြီ။
သဗ္ဗေ၊ အလုံးစုံကုန်သော။
အသေသာ၊ အကြွင်းမရှိသော ကိလေသာတို့ကို။
ဥစ္ဆိန္နာ၊ အရိယာမဂ်ဖြင့် ဖြတ်အပ်ကုန်ပြီ။
ပုန၊ တဘန်။
နစ ဥပ္ပဇ္ဇရေ၊ ထိုကိလေသာတို့သည် တဘန်မဖြစ်ကုန်လတ္တံ့။
ဘဂိနိ၊ နှမ။
ဝိသာရဒါ၊ ကင်းသော ရွံရှာခြင်းရှိသည်ဖြစ်၍။
ဧတမတ္ထံ၊ ထိုအကြောင်းကို။
မမ၊ ငါ့အား။
အဘာသယိ၊ ဆုံးမပေ၏။
မယိပိ၊ သင်၏ သားဖြစ်သော ငါ၌လည်း။
အပိဟာနူန၊ အဆွေခင်ပွန်းမဖွဲ့ယောင်တကား။
တေ၊ သင်အမိ၏။
သဏ္ဃာနေ၊ သဏ္ဃာန်၌။
ဝနတော၊ အဝိဇ္ဇာအစရှိသောတောအုပ်သည်။
နိဝိဇ္ဇတိနနု၊ မရှိယောင်တကား။
မေမယာ၊ ငါသည်။
ဒုက္ခံ၊ သံသရာဝဋ်ဆင်းရဲကို။
ပရိယန္တံကတံ၊ အဆုံး၏ အဖြစ်ဖြင့် ပြုအပ်ပြီ။
အယံသမုဿယော၊ ဤအတ္တဘောသည်။
အန္တိမော၊ အဆုံးဖြစ်သော အတ္တဘောတည်း။
ဇာတိမရဏသံသာရော၊ ပဋိသန္ဓေနေခင်းသေခြင်းအကြောင်းရှိသော အားဖြင့် ကျင်လည်ခြင်းရှိသော။
ပုနဗ္ဘဝေါ၊ တဘန်ဘဝသစ်၌ ဖြစ်ခြင်းသည်။
ဒါနိဣဒါနိ၊ ယခုအခါ၌။
နတ္ထိ၊ မရှိပြီ။
ဣတိ၊ ဤသို့။
ဝဍ္ဎောထေရော၊ ဝဍ္ဎထေရ်သည်။
ဣမာပဉ္စဂါထာ၊ ဤငါးဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဝဍ္ဎထေရဂါထာ အနက်ပြီး၏။