အာဝုသော၊ ငါ့ရှင်တို့။
အဟံ၊ ငါသည်။
ပါတော၊ နံနက်နေထွက်အခါ၌လည်းကောင်း။
မဇ္ဈန္တိကံ၊ မွန့်တည့်အခါ၌လည်းကောင်း။
သာယံ၊ ညချမ်းသောအခါ၌လည်းကောင်း။
ဣတိ၊ ဤသို့။
ဒိဝသဿ၊ နေ့အတို့၏။
တိက္ခတ္တုံ၊ သုံးကြိမ်။
ဥဒကံ၊ ရေသို့။
ဩတရိံ၊ သက်ပြီ။
ဩတရန္တောစ၊ သက်တော်လည်း။
သောအဟံ၊ ထိုငါသည်။
ဂယာယ၊ လူအပေါင်းတို့သည် အကုသိုလ်ကို မျှောရာဟု သမုတ်အပ်သော ဂယာမည်သော ဆိပ်၌။
ဂယဖဂ္ဂုယာ၊ ဖဂ္ဂုအမည်ရှိသော တပေါင်းလ၏ ဥတ္တရာဘဂ္ဂုနိနက္ခတ်၌။
အနုသံဝစ္ဆရံ၊ နှစ်တိုင်းနှစ်တိုင်း။
အနုယုတ္တာ၊ ရေသို့ သက်ခြင်းနှင့် ယှဉ်သည်။
အဟောသိံ၊ ဖြစ်ပြီ။
မယာ၊ ငါသည်။
ပုဗ္ဗေ၊ ရှေး၌။
အညာသုဇာတီသု၊ ဤဘဝမှ တပါးသော ဘဝတို့၌။
ယံကမ္မံ၊ အကြင်မကောင်းမှုကံကို။
ပကတံ၊ ဆည်းဘူးအပ်၏။
ပါပံ၊ ယုတ်မာသော။
တံကမ္မံ၊ ထိုမကောင်းမှုကံကို။
ဒါနိဣဒါနိ၊ ယခုအခါ၌။
ဣဓ၊ ဤဂယာမည်သော ဆိပ်၌။
ပဝါဟေမိ၊ ဥတ္တရာဘဂ္ဂုနိနက္ခတ်၌ ရေသို့ သက်သဖြင့် ဆေးလျော်၏။
ပုရေ၊ ဘုရားသခင် အဆုံးအမသို့ ကပ်သည်မှ ရှေး၌။
ဧဝံဒိဋ္ဌိ၊ ဤသို့ ဖေါက်ပြန်သော အယူရှိသည်။
အဟုံ၊ ဖြစ်ပြီ။
ဓမ္မတ္ထသတိတံပဒံ၊ အကြောင်းအကျိုးနှင့် တကွဖြစ်သော အစအလယ်အဆုံးအားဖြင့်ဖြစ်သော တရားအစုနှင့် စပ်သော ။
သုဘာသိတံ၊ စင်စစ််ဝဋ်မှ ထွက်မြောက်ခြင်းကို ပြု၍ ကောင်းစွာဟောအပ်သော။
ပါစံ၊ မြတ်စွာဘုရားစကားတော်ကို။
သုတွာ၊ သောဘဒွါရကို အစဉ်မှီးသဖြင့် မှတ်ရဆောင်ရသောကြောင့်။
တထံ၊ ထို မြတ်စွာဘုရားသည် ပြအပ်သော ပရမတ္ထသဘောဖြင့် မှန်သော။
ယထာဝကံ၊ လျော်စွာ ဖြစ်စေအပ်သော အကြောင်း၏ အဖြစ်ကို ထင်ရှားပြတတ်သော။
အတ္ထံ၊ ဒုက္ခသစ္စာစသည်၏ အနက်ကို။
ယောနိသော၊ အသင့်အားဖြင့်။
ပစ္စဝေက္ခိဿံ၊ ပရိညေယျ စသော အဖြစ်ဖြင့် ဆင်ခြင်အံ့။
နိနှာတသဗ္ဗပါပေါ၊ ဤသို့ ထိုးထွင်း၍ သိအပ်သော သစ္စာဟူသော အနက်ရှိသောကြောင့် အရိယမဂ်ဟူသော ရေစင်ဖြင့် ဆေးအပ်သော အလုံးစုံသော မကောင်းမှုရှိသည်။
အမှိ၊ ဖြစ်၏။
တတောဧဝ၊ ထိုကြောင့်သာလျှင်။
နိမ္မလော၊ ရာဂစသော အညစ်အကြေး မရှိသည်။
အမှိ၊ ဖြစ်၏။
တတောဧဝ၊ ထိုသို့ ကောင်းသော အကျင့်ရှိသည်၏ အဖြစ်ကြောင့်သာလျှင်။
ပရဓော၊ နောက်၌။
သုစိ၊ သန့်ရှင်စင်ကြယ်သည်။
အမှိ၊ ဖြစ်၏။
သုဒ္ဓဿ၊ ရာဂစသော အလုံးစုံသော ကိလေသာအညစ်အကြေးမှ စင်ကြယ်တော်မူသော မြတ်စွာဘုရား၏။
သုဒ္ဒေါ၊ ပစ္စည်းအမွေအခံနှင့် မရောသော အားဖြင့် စင်ကြယ်သော။
ဒါယာဒေါ၊ လောကုတ္တရာ တရား၏ အမွေခံသည်။
အမှိ၊ ဖြစ်ပြီ။
ဗုဒ္ဓဿ၊ သဗ္ဗညုဘုရားရှင်၏။
ဩရသော၊ ဒေသနာဉာဏ်၏ ဖြစ်ရာ ဟဒယဝတ္ထုမှ ဖြစ်သော တရားဒေ သနာသံကြောင့် အရိယာဇာတ်အဖြစ်ဖြင့် ဖြစ်သော ရင်တော်အနှစ်ဖြစ်သော။
ပုတ္တော၊ သားတော်သည် ။
အမှိ၊ ဖြစ်ပြိ။
အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။
သောတံ၊ မဂ်ဟူသော အယဉ်ကို။
ဩဂယှ၊ သက်၍။
သဗ္ဗပါပံ၊ အလုံးစုံအကြွင်းမရှိသော မကောင်းမှုကို။
ပဝါဟယိံ၊ ဆေးလျှော်ပြီ။
မယာ၊ ငါသည်။
တိဿော ဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။
အဇ္ဈဂမိံ၊ ရပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမဖြစ်သော မဂ်ဟူသော သီတင်းသုံးခြင်းကို။
ကတကရဏီယံ၊ ပြုအပ်ပြီ။
ဣတိ၊ ဤသို့။
ဂယာကဿပေါ၊ ဂယာကဿပ အမည်ရှိသော။
ထေရော၊ မထေရ်သည်။
ဣမာပဉ္စဂါထာ၊ ဤငါးဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဂယာကဿပထေရ ဂါထာ အနက်ပြီး၏။