ဥပါသကာ၊ ဥပါသကာ။
တုယှံ၊ သင်အား။
ပုရေ၊ ရှေးအခါ၌။
သဒ္ဓါ၊ ငါ၌ အရှင်ကား တရားကို ကျင့်၏ တရားနှင့် ညီညွတ်သော အကျင့်ရှိ၏ဟု သဒ္ဓါခြင်းရှိသည်။
အဟုအဟောသိ၊ ဖြစ်၏။
သာ၊ ထိုငါ၌ သဒ္ဓါခြင်းသည်။
တေဘဝ၊ သင်အား။
အဇ္ဇ၊ ယခုအခါ၌။
နဝိဇ္ဇတိ၊ မရှိ။
တုယှံ၊ သင်၏။
ယံပစ္စယံ၊ အကြင် ပစ္စည်းလေးပါးသည်။
ဟောတိ၊ ဖြစ်၏။
ဧတံ၊ ဤပစ္စည်းလေးပါးသည်။
တုယှမေဝ၊ သင်ဒါယကာ အားသာလျှင်။
ဟောတု၊ ဖြစ်လေလော။
တေန၊ ထိုသင်၏ ပစ္စည်းဖြင့်။
မယှံ၊ ငါ့အား။
နအတ္ထော၊ အလိုမရှိ။
မမ၊ ငါ့အား။
ဒုစ္စရိတံ၊ မကောင်းသော အကျင့်သည်။
နတ္ထိ၊ မဂ်ဖြင့် ပယ်ပြီးသောကြောင့် မရှိ။
သဒ္ဓါ၊ ပုထုဇဉ်တို့၏ သဒ္ဓါသည်။
အနိစ္စာ၊ မမြဲသည်။
ဟိယသ္မာ၊ အကြင်ကြောင့်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
စပလာ၊ ဖွဲ့စု၌ စိုက်သော တံသင်းကဲ့သို့ မမြဲတုန်လှုပ်လျှပ်ပေါ်၏။
ဧဝံဘူတာ၊ ဤသို့ ဖြစ်သော။
သာသဒ္ဓါ၊ ထိုမမြဲသော သဒ္ဓါခြင်းကို။
မယာ၊ ငါသည်။
ဒိဋ္ဌာ၊ ဆင်ခြင်သဖြင့် မြင်အပ်ပြီ။
ဧဝံ၊ ဤသို့။
တဿ၊ ထိုပုထုဇဉ်တို့၌ ဖြစ်သော သဒ္ဓါတရား၏။
အနဝဋ္ဌိတတ္တာဧဝ၊ မတည်တန့်သောကြောင့် သာလျှင်။
ကဒါစိ၊ ရံခါ။
ရဇ္ဇန္တိ၊ အဆွေခင်ပွန်းဖွဲ့သည်၏ အစွမ်းဖြင့် ချစ်ခြင်းကို ပြုတတ်ကုန်၏။
ကဒါစိ၊ ရံခါ။
ဝိရဇ္ဇန္တိပိ၊ တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်ကုန်၏။
တတ္ထ၊ ထိုပုထုဇဉ်တို့ တပ်ခြင်းရှိသည် မရှိသည်၌။
မုနိ၊ ရဟန်းသည်။
ကိံဇိယတေ၊ အဘယ်အကျိုးယုတ်ပါသနည်း။
မုနိနော၊ ရဟန်းအား။
ဘတ္တံ၊ ဆွမ်းသည်။
ထောကံထောကံ၊ အနည်းငယ် အနည်းငယ်။
ကုလေကုလေ၊ အမျိုးယုတ်သည် အမျိုးမယုတ်သည်၌။
ပစ္စတိ၊ အိမ်စဉ်အားဖြင့် နေ့တိုင်းနေ့တိုင်း အနည်းငယ်အနည်းငယ်သော ဆွမ်းသည် ကျက်၏။
တုယှဝေ၊ သင်၏သာလျှင်။
ဂေဟေ၊ အိမ်၌။
ပိဏ္ဍိကာယ၊ ဆွမ်းအလို့ငှါ။
နစရိဿာမိ၊ ငါမလာအံ့။
မမ၊ ငါ့အား။
ဇင်္ဃဗလံ၊ သွားစွမ်းနိုင်သော သလုံးမြင်းခေါင်း အားသည်။
အတ္ထိ၊ ရှိ၏။
တသ္မာ၊ ထိုကြောင့်။
ပိဏ္ဍိကာယ၊ အရောရောသော ဆွမ်းအလို့ငှါ။
စရိဿာမိ၊ သွားလေအံ့။
ဣတိ၊ ဤသို့။
သာဋိမတ္တိယတ္ထေရော၊ သာဋိမတ္ထိယထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
သာဋိမတ္တိယထေရဂါထာ အနက်ပြီး၏။