အာဝုသော၊ ငါ့ရှင်တို့။
အဟံ၊ ငါသည်။
ဇာတိမဒေန၊ ဥဒိစ္စပုဏ္ဏားမျို့၌ ဖြစ်သော မိဘနှစ်ပါးစုံမှ ကောင်းစွာဖွါးသော ငါနှင့်တူသော တပါးသော သူမရှိဟု ကုလမာန်ဖြင့်။
မတ္တော၊ ခက်ထန်သော မာန်ဖြင့် ယစ်သည်ဖြစ်၍။
အာစရိံ၊ ကျင့်ပြီ။
ဘောဂဣဿရိယေနစ၊ စည်းစိမ်ချမ်းသာကို အစိုးရခြင်းဟူသေ ာအကြောင်းကြောင့်လည်း။
မတ္တော၊ ထောင်လွှားသော မာန်ရှိသည်ဖြစ်၍။
အစရိယ၊ သွားပြီ။
သဏ္ဌာနဝဏ္ဏရူပေန၊ အလုံးအရပ်၏ ပြည့်စုံခြင်းဖြူသော ရွှေသော အဆင်းစသောအရေ၏ ပြည့်စုံခြင်း အင်္ဂါကြီးငယ်၏ ပြည့်စုံခြင်းဖြင့်လည်း။
မာဒိသော၊ ငါနှင့်တူသော သူသည်။
နအတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့။
ဒဒမတ္တော၊ အဆင်းကို စွဲ၍ မာန်ယစ်ခြင်းရှိသည်ဖြစ်၍။
ဝိစရိတံ အစရိံ၊ သွားပြီ။
အတ္တနော အတ္တနာ၊ မိမိနှင့်။
သမကံ၊ တူသော။
ကိဉ္စိ၊ တစုံတယောက်သော သူသည်။
နအတ္ထိ၊ မရှိ။
အတိရေကဉ္စ၊ ငါထက်လွန်သော တစုံတယောက်သော သူသည်လည်း။
နမညိဿနမညိ၊ ရှိမည်မထင်။
ဣတိ၊ ဤသို့။
ဗာလော၊ မိုက်သည်ဖြစ်၍။
အတိမာနတတော၊ လွန်သော မာန်ဖြင့်တူးဖြိုဖျက်ဆီးအပ်သည်။
ပတ္ထဒ္ဓေါ၊ အလေးပြုထိုက်သော သူတို့အားမပြုသောကြောင့် အလွန်ခက်ထန်သည်။
ဥဿိတဓဇော၊ ထောင်အပ်သော မာန်တည်းဟူသော တံခွန်ရှိသည်။
ဟုတွာ၊ ဖြစ်၍။
မာတရံ၊ အမိကိုလည်းကောင်း။
ပီတရဉ္စာပိ၊ အဘကိုလည်းကောင်း။
ဂရုသမ္မတေ၊ အလေးအမြတ် ပြုရာသော သူဟု သမုတ်အပ်ကုန်သော။
အညေပိ၊ တပါးလည်းဖြစ်ကုန်သော။
ကိဉ္စိ၊ တစုံတယောက်သော သူတို့ကိုမျှ။
မာနတ္တဒ္ဓေါ၊ ခက်ထန်သော မာန်ရှိသည်ဖြစ်၍။
အနာဒရော၊ ရိုသေခြင်းမရှိသည်ဖြစ်၍။
နအဘိဝါဒေသိံ၊ ရှိမခိုး။
ဧဝံ၊ ဤသို့။
မာနတ္ထဒ္ဓေါ၊ မာန်ခက်ထန်သည်။
ဟုတွာ၊ ဖြစ်၍။
ဝိစရန္တော၊ သွားသည်ရှိသော်။
ဝိနာယကံ၊ ဝေနေယျ သတ္တဝါတို့ကို ဆုံးမတော်မူတတ်ထသော။
အဂ္ဂံ၊ သီလသမာဓိစသော ဂုဏ်တို့ဖြင့် မြတ်ထသော။
သာရထိနံ ငရုတ္တံ၊ ဆုံးမထိုက်သော သူတို့ကို စင်စစ်ဆုံမတတ်သော သူတို့တက် အလွန်အားဖြင့်မြတ်သော ရထားထိန်းဖြစ်တော်မူထသော။
အာဒိစ္စံဝအာဒိစ္စံဣဝ၊ နေမင်းကဲ့သို့။
ဇာပန္တံ၊ တလံမျှလောက်သော ရောင်ခြည်တော်ဝန်းစသည်ဖြင့် ထွန်းပတော်မူထသော။
ဘိက္ခုသံဃ ပုရက္ခတံ၊ ရဟန်းအပေါင်းတို့၏ ရှေးရှုသော အရပ်၌ နေတော်မူသော။
သတ္ထာရံ၊ တရားကိုဟောတော်မူသော မြတ်စွာဘုရားကို။
ဒိသွာ၊ မြင်ရသောကြောင့်။
မာနံမဒဉ္စ၊ မာန်ယစ်ခြင်းကိုလည်းကောင်း။
ဆဋ္ဋေတွာ၊ စွန့်၍။
ဝိပ္ပသန္နေန၊ အထူးသဖြင့် ကြည်ညိုစွာသော။
စေတသာ၊ စိတ်ဖြင့်။
သဗ္ဗသတ္တာနံ၊ ခပ်သိမ်းသော သတ္တဝါတို့ထက်။
ဥတ္တမံ၊ မြတ်တော်မူသော မြတ်စွာဘုရားကို။
သိရသာ၊ ဦးဖြင့်။
အဘိဝါဒေသိံ၊ ရှိခိုးပြီ။
အတိမာနောစ၊ လွန်သော မာန်ကိုလည်းကောင်း။
ဩမာနောစ၊ ယုတ်သော မာန်ကို လည်းကောင်း။
ပဟီနာ၊ အယ်အပ်ကုန်ပြီ။
သုမသူဟတာ၊ ကောင်းစွာ မဂ်ဖြင့် ဖြတ်အပ်ကုန်ပြီ။
အသ္မိမာနော၊ ငါဟူသော မာန်ကို။
သမုစ္ဆိန္နော၊ အကြွင်းမဲ့ဖြတ်အပ်ပြီ။
သဗ္ဗေ၊ အလုံးစုံကုန်သော။
မာနဝိဓာ၊ အတိမာန ဩရမာနသဒိသမာနတို့ကို။
တတာ၊ သတ်အပ်ကုန်ပြီ။
ဣတိ၊ ဤသို့။
ပုရောဟိတပုတ္တော၊ ပုရောဟိတ်ပုဏ္ဏား၏ သားဖြစ်သော။
ဇေန္တောထေရော၊ ဇေန္တထေရ်သည်။
ဣမာဆဂါထာယော၊ ဤခြောက်ဂါထာ တို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဇေန္တထေရဂါထာ အနက်ပြီး၏။