သုဿုသာ၊ ဆရာထံ၌ ကောင်းစွာသင်ခြင်းနာခြင်းရှိသောသူသည်။
သုဘဝဍ္ဎနိ၊ သုဘပွါးခြင်းသည်။
ဟောတိ၊ ဖြစ်၏။
သုတံ၊ အကြားအမြင်သည်။
ပညာယ၊ ပညာကို။
ဝဍ္ဎနံ၊ ပွါးစေတတ်၏။
ပညာယ၊ ပညာဖြင့်။
အတ္ထံ၊ အနက်ကို။
ဇာနာတိ၊ သိ၏။
ဉာတော၊ သိအပ်သော။
အတ္ထော၊ အနက်သည်။
သုခါဝဟော၊ ချမ်းသာကို ဆောင်တတ်သည်။
ဟောတိ၊ ဖြစ်၏။
ပန္တာနိသေနသနာနိ၊ ဆိတ်ငြိမ်ရာဖြစ်သော ကျောင်းတို့ကို ။
သေဝေထ၊ မှီဝဲရာ၏။
သံယောဇနဝိပ္ပမောက္ခ၊ သံယောဇဉ်တရားတို့မှ လွတ်ကြောင်းဖြစ်သော မဂ်ကို ပွါးစေခြင်းကိုလည်း။
စရေယျပဋိပဇ္ဇေယျ၊ ကျင့်ရာ၏။
ကတ္ထတေသု ပန္တသေနာသနေသု၊ ထိုဆိတ်ငြိမ်သော ကျောင်းတို့၌။
ယတာလဒ္ဓေသု၊ အကြင်အခြင်းဖြင့် ရအပ်ကုန်သော။
အဓိကုသလေသုဓမ္မေသု၊ အလွန်သောကုသိုလ်တရားတို့၌။
သစေစရတိ၊ အကယ်၍ ကျင့်သည်ဖြစ်အံ့။
ဧဝံပိ၊ ဤသို့ကျင့်သော်လည်း။
ဝိသေသဿ၊ ရအပ်သော တရားအထူးကို။
အလာဘတော၊ မရသေးသောကြောင့်။
ရတိံ၊ မွေ့လျော်ခြင်းကို။
နဓိဂစ္ဆေယျ၊ မရရာ။
သံဃောဘိက္ခုသမူဟေ၊ ရဟန်းအပေါင်း၌။
ရက္ခိတတ္တော၊ ကမ္မဋ္ဌာန်းတည်းဟူသောခရီးဖြင့် စောင့်ရှောက်အပ်သော စိတ်ရှိသည်ဖြစ်၍။
သတိမာ၊ ခြောက်ပါးသော ဒွါရတို့၌ သတိဟူသော အစောင့်အရှောက်ဖြင့်ထင်သောသတိရှိသည်ဖြစ်၍။
ဝသေဝသေယျ၊ နေရာ၏။
ဣတိ၊ ဤသို့။
မဟာစုန္ဒောထေရော၊ မဟာစုန္ဒထေရ်သည်။
ဣမာဒွေဂါထာယော၊ ဤနှစ်ဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
မဟာစုန္ဒထေရဂါထာ အနှစ်ဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။
ယေဇနာ၊ အကြင်လူတို့သည်။
ဝေစမိဿေန၊ ကြိုးပိုင်းဖြင့် ဥက္ခောင်းစသည်၌ ရစ်အပ်သော။
နာနတ္ထေန၊ အထူးထူးအပြားပြားသော သတ်ခြင်းလက်ခြေဖြတ်ခြင်းအစရှိသော။
ကမ္မုနာစ၊ ပရူပဃာတကကံဖြင့်လည်း။
ပရုသပတ္ထမာဇနာ၊ ကြိမ်းကြုတ်သော လုံ့လဖြင့် ပြုအပ်သော အမှုရှိကုန်သော သူတို့သည်။
သန္တိ၊ ရှိကုန်၏။
တေ၊ ထိုလူတို့သည်။
မနုဿေ၊ လူမှတပါးသော သတ္တဝါတို့ကို။
ဥပရုဒ္ဓန္တိဝိဟေဋ္ဌေန္တိ၊ ညှဉ်းဆဲကုန်၏။
တေပိ၊ ထိုဆိုအပ်ပြီးသော အပြားရှိသော ပုဂ္ဂိုလ်တို့သည်လည်း။
ယာဟိကမ္မကရဏာဟိ၊ အကြင်လက်ဖြတ်ခြင်း ခြေဖြတ်ခြင်းစသောကမ္မကရဏတို့ဖြင့် ။
အညေ၊ တပါးသော သူတို့ကို။
ဗာဓိံသု၊ နှိပ်စက်ကုန်၏။
တတ္ထေဝတေသုဧဝကမ္မရဏေသု၊ ထိုဆိုအပ်ခဲ့ပြီးသော ကမ္မကရဏတို့၌သာလျှင်။
သယမ္ပိ၊ မိမိတို့သည်လည်း။
ကိရန္တိအနုဘဝန္တိ၊ ထိုသို့သဘောရှိသော လက်ခြေဖြတ်ခြင်း စသော ဆင်းရဲကိုခံရကုန်၏။
ဟိကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။
ကမ္မံပန၊ ဆည်းဘူးအပ်သော ကံသည်ကား။
ဝိပါကံ၊ အကျိုးကို။
အဒတွာ၊ မပေးမူ၍။
မုတ္တော၊ လွတ်ခြင်းသည်။
နအဿနဘဝေယျ၊ မဖြစ်ရာ။
အဝသေသပစ္စယသမဝါယေ၊ ကြွင်းသော အကြောင်း၏ညီညွတ်ခြင်းသည်။
သတိ၊ ရှိသော်။
ဝိပစ္စတေဝ၊ အကျိုးပေးလိမ့်သည်သာလျှင်တည်း။
ယောနရော၊ အကြင်သူသည်။
ကလျာဏံ၊ ကောင်းသော။
ယံကမ္မံဝါ၊ အကြင်ကံကိုလည်းကောင်း။
ယဒိ၊ ထိုမြို့။
ပါပကံအကုသလံ၊ အကုသိုလ်ဖြစ်သော။
ယံကမ္မံဝါ၊ အကြင်ကံကိုလည်းကောင်း။
ကရောတိ၊ ပြု၏။
တဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်အား။
တဿေဝ၊ ထိုကံ၏ အကျိုးကိုသာလျှင်။
ကဏှနတော၊ ယူခြင်းကြောင့်။
တေနတေနကမ္မေန၊ ထိုထိုသို့သော ကံသည်။
ဒါတဗ္ဗဝိပါကဿ၊ ပေးအပ်သော အကျိုး၏။
ဒါယာဒေါ၊ အမွေခံသည်။
ဟောတိ၊ ဖြစ်၏။
ယံယံကမ္မံ၊ အကြင်အကြင်သို့သော အကျိုးကို ပေးခြင်းငှါ စွမ်းနိုင်သော ကံသည်။
ဟောတိ၊ ဖြစ်၏။
တထာ၊ ထိုအခြင်းအရာဖြင့်။
ပကုဗ္ဗတိဥပစိနောတိ၊ ဆည်းဘူး၏။
တဿတဿေဝကမ္မဿ၊ ထိုထိုကံ၏ သာလျှင်။
ဒါယာဒေါ၊ အမွေခံသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဇောတိဒါသတ္ထေရော၊ ဇောတိဒါသထေရ်သည်။
ဣမာဂါထာယော၊ ဤနှစ်ဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဇောတိဒါသထေရနှစ်ဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။
အစ္စဟန္တိ၊ လျှင်စွာကုန်လွယ်ပျက်လွယ်ကုန်၏။
အဟောရတ္တော၊ နေ့ညဉ့်တို့ပတ်လုံး။
ဇီဝိတံ၊ အသက်သည်။
ဥပရုဇ္ဈတိ၊ ခဏနှင့် လျှင်စွာချုပ်၏။
ပစ္စာနံ၊ သတ္တဝါတို့၏။
အာယု၊ အသက်သည်။
ခီယတိ၊ လျှင်စွာလျှင်စွာ ချုပ်၏။
ကိံဝိယ၊ အဘယ်ကဲ့သို့ နည်းဟူမူကား။
ကုနဒီနံ၊ တောင်ထက်မှ စီးသော မြစ်ငယ်စသည်တို့၏။
ဩဒကံ၊ ရေသည်။
စိရံ၊ ကြာမြင့်စွာ။
နတိဋ္ဌတိ၊ မတည်။
ဝိဂစ္ဆတိယထာ၊ လာကာမျှနှင့် ပင်ကင်းခြင်းသို့ရောက်သကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
သတ္တာနံ၊ သတ္တာဝါတို့၏။
အာယု၊ အသက်သည်။
ခိယတိ၊ လျှင်စွာ ကုန်ခြင်းသို့ ရောက််တတ်၏။
ဗာလော၊ သူမိုက်သည်။
ပါပါနိ၊ မကောင်းကုန်သော။
ယာနိကမ္မာနိ၊ အကြင်ကံတို့ကို။
ကရံကရောန္တော၊ ပြုသည်ရှိသော်။
အဘနဗုဇ္ဈတိ၊ ဤသို့ သဘောရှိသော ကံကား ဤမည်သော ဆင်းရဲသော အကျိုးကို ပေး၏ ဟု မသိသည်ဖြစ်အံ့။
ဧဝံပိ၊ ဤသို့မသိသော်လည်း။
ဂစ္ဆာ၊ နောက်၌။
အဿဗာလဿ၊ ထိုငရဲစသည်၌ဖြစ်သော လူမိုက်အား။
ကဋုကံ၊ အလိုမရှိအပ်သော ဆင်းရဲသော အကျိုးသည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
ဟိယသ္မာ၊ အကြင့်ကြောင့်။
အဿကမ္မဿ၊ ထိုမကောင်းသော ကံ၏။
ပါပကော၊ ယုတ်မာစွာသော။
ဝိပါကော၊ ငရဲစသည်၌ဖြစ်ခြင်းစသော မကောင်းစွာသော အလိုမရှိအပ်သော အကျိုးသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဟေရညိကာနိထေရော၊ ဟေရညိကာနိထေရ်သည်။
ဣမာဂါထာယော၊ ဤဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဟေရညိကာနိထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။
မဟဏ္ဏဝေ၊ သမုဒ္ဒရာ၌။
ပရိတ္တံ၊ ငယ်သော။
ဒါရုံ၊ လှေသစ်ကို။
အာရုယှ၊ တက်စီး၍။
သီဒေသီဒေယျယထာ၊ နစ်မြှုပ်ရာသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
ကုသီတံ၊ ပျင်းရိသော သူကို။
အာဂမ္မ၊ စွဲ၍။
သာဓုဇီဝိပိ၊ ကောင်းစွာအားထုတ်သော အမျိုးသားသည်လည်း။
ဟိယသ္မာ၊ အကြင်ကြောင့်။
သီဒတိ၊ သံသရာ၌နှစ်၏။
တသ္မာ၊ ထိုကြောင့်။
ကုသီတံ၊ ပျင်းရိသော။
ဟီနဝီရိယံ၊ ယုတ်သော လုံ့လရှိသော။
တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။
ပရိဝဇ္ဇေယျ၊ ဝေးစွာကြဉ်ရှောင်ရာ၏။
ပဝိဝိတ္ထေဟိ၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ကုန်ထသော။
ပဟိတတ္တေတိ၊ ကိုယ်အသက်ကို မငဲ့မူ၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်ထသော။
ဈာယိဘိ၊ အာရမ္မဏူပနိဇ္ဈာနဈာန်လက္ခဏူပနိဇ္ဈာနံ ဈာန်ဖြင့် ဝင်စားခြင်းရှိကုန်ထသော။
နိစ္စံ၊ အမြဲ။
အာရဒ္ဓဝီရိယေဟိ၊ ချီးမြှောက်အပ်သော လုံ့လဖြင့် အားထုတ်ခြင်းရှိကုန်ထသော။
ပဏ္ဍိတေဟိ၊ လောကီလောကုတ္တရာပညာနှင့် ပြည့်စုံကုန်ထသော။
အရိယေဟိ၊ မြတ်သောသူတော်ကောင်းတို့နှင့်။
သဟ၊ တကွ။
အာဝသေအာဝသယျေ၊ ပေါင်းဖေါ်ရာ၏။
ဣတိ၊ ဤသို့။
သောမမိတ္တောထေရော၊ သောမမိတ္တထေရ်သည်။
ဣမာဂါထာယော၊ ဤဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
သောမမိတ္တထေရဂါထာ အနက်ပြီး၏။
ဇနော၊ မိုက်စွာသော သူသည်။
ဇနမှိ၊ တပါးသော သူ၌။
သမ္ဗန္ဓော၊ ဤသူကား ငါ့သား ဤသူကား င့ါအမိစသော တဏှာနှောင်ဖွဲ့ခြင်းဖွဲ့၏။
ဇနမေဝ၊ ဤသူကား င့ါသား ဤသူကား င့ါသ္မီးစသည်ဖြင့် တပါးသော သူကိုသာလျှင်။
အညောဇနော၊ တပါးသော မိဘစသော သူသည်။
အဿိတော၊ တဏှာဟူသော ကပ်ငြိခြင်းဖြင့် သိမ်းဆည်း၍တည်၏။
ဇနေန၊ တပါးသော သူသည်။
ဇနော၊ တပါးသော သူကို။
ဗာဓိယတိ၊ ဒေါသအစွမ်းဖြင့် နှိပ်စက်၏။
ဇနော၊ တယောက်သော သူသည်။
ဇနံ၊ တယောက်သော သူကို။
ဗာဓေတိစ၊ ငါ၏ အသက်၌ နှိပ်သော အစွမ်းဖြင့် ပြစ်ချ၏ ဟူ၍။
အဇာနန္တော၊ မသိသည်ဖြစ်၍။
ဗာဓေတိစ၊ တဖန်ပြန်၍ နှိပ်စက်၏။
တဿအညဇနဿ၊ ထိုတပါးသော သူအား။
ဇနေန၊ တပါးသောသူသည်။
ဗာဓိတေန၊ ပုတ်ခတ်သဖြင့်။
ကောအတ္တော၊ အဘယ်အကျိုးရှိပါသနည်း။
ဇနေန၊ ဖြစ်စေတတ်သော အမိအဘဖြစ်သောသူသည်။
ဇနိတေနဝါ၊ ဖြစ်စေအပ်သော သားသ္မီးဖြင့်လည်း။
ကော အတ္ထော၊ အဘယ်အကျိုးရှိအံ့နည်း။
ဇနံ၊ သားသ္မီးစသော သူကို။
ဩဟာသ၊ စွန့်၍။
ဂစ္ဆန္တံ၊ သွားသည်ရှိသော်။
ဗဟုံ၊ များစွာသော။
ဇနံ၊ သားသမီးစသော သူအပေါင်းကို။
ဗာဓယိဝွာ၊ နှိပ်စက်၍။
ဋ္ဌိတံ၊ တည်၏။
ဣတိ၊ ဤသို့။
သဗ္ဗမိတ္တောထေရော၊ သဗ္ဗမိတ္တထေရ်သည်။
ဣမာဂါထာယော၊ ဤဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
သဗ္ဗမိတ္တထေရဂါထာ အနက်ပြီး၏။
ကာဠီ၊ ကာဠီအမည်ရှိသော။
ဣတ္ထီ၊ မိန်းမကား။
ဗြဟတိ၊ အလုံးအရပ်နှင့် ပြည့်စုံသော ကိုယ်ရှိ၏။
ဓင်္ကရူပါ၊ ကျီးနှင့်တူသော မည်းနက်သော ကိုယ်အဆင်းရှိ၏။
ဧသာဣတ္ထီ၊ ထိုမိန်းမသည်။
မတသရိရဿ၊ သေသောအကောင်၏။
သတ္တိံစ၊ လှံရိုးနှင့် တူသော လင်္ကျာပုဆစ်ဒူးကိုလည်း။
ဘေတွာ၊ ဖျက်ဆီး၍။
အပရဉ္စ၊ တပါးလည်းဖြစ်သော။
ဗာဟုဉ္စ၊ လက်ဝဲလက်မောင်းရိုးကိုလည်း။
ဘေတွာ၊ ဖျက်ဆီး၍။
သီသဉ္စ၊ အသေကောင်၏ ဥခေါင်းကိုလည်း။
ဘေတွာ၊ ဖျက်ဆီး၍။
ဘိနတ္တာဧဝ၊ ပျက်သောကြောင့်သာလျှင်။
ဒမိသာလကံဝ၊ ကျောက်ခဲလှံတံတို့ဖြင့် ခွဲအပ်သည်ဖြစ်၍ ယိုသော နို့တမ်းအိုးသကဲ့သို့။
ပဂ္ဃရန္တံ၊ ယိုစီးသော။
မတ္တလုကံ၊ ဦးနှောက်ကို။
ကတွာ၊ ပြု၏။
အဘိသဒ္ဒဟိတွာ၊ ဖြတ်ခွဲအပ်သော အစိတ်ရှိသော အသေကောင်ကိုထားမြဲတိုင်းသော အရပ်၌ ထားသဖြင့် တပေါင်းတည်းပြု၍။
မံသာပဏံ၊ အသားဈေးကို။
ပသာရန္တီဣဝ၊ ဖြန့်သကဲ့သို့။
နိသန္နာ၊ ထိုင်နေ၏။
ဝေ၊ စင်စစ်။
ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။
အဝိဒွါ၊ ထင်တိုင်းသော ကမ္မဋ္ဌာန်း၌ မလိမ္မာသည်ဖြစ်၍။
ဥပဓိံ၊ ကမ္မဋ္ဌာန်းကိုစွဲ၍ မသင့်သော နှလုံးသွင်းခြင်းဖြင့် ကိလေသုပဓိကို။
ကရောတိဥပ္ပါဒေတိ၊ ဖြစ်စေ၏။
မန္ဒေါ၊ ပညာနန့်သော။
သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
ဒုက္ခံ၊ ငရဲစသည်၌ ဆင်းရဲခြင်းသို့။
ပုနပ္ပုနံ၊ အဘန်တလဲလဲ။
ယသ္မာ၊ အကြင်ကြောင့်။
ဥပေတိ၊ ရောက်၏။
တသ္မာ၊ ထိုကြောင့်။
ဣဒံဒုက္ခံ၊ ဤဆင်းရဲကို။
သမ္ဘောတီတိ၊ ခံစားရ၏ ဟူ၍။
ပဇာနန္တော၊ သိသည်ဖြစ်၍။
ဥပဓိံ၊ ကိလေသာဟု ဆိုအပ်သော ဥပဓိကို။
နကယိရာနဥပ္ပါဒေယျ၊ အသင့်နှလုံးသွင်းသော အားဖြင့် မဖြစ်စေရာ။
ကသ္မာ၊ အဘယ်ကြောင့်နည်း ဟူမူကား။
ဣဒံမတသရိရံ၊ ဤအသေကောင်ကို။
ဘိန္နသရိရံ၊ ပျက်သော ကိုယ်ရှိသည်ကို။
ပဿတိယထာ၊ မြင်ရသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
ကိလေသုပဓိဟိ၊ ကိလေသာတည်းဟူသော ဥပဓိတို့ဖြင့်။
ဘိန္နသိရောဘိန္နသိရံ၊ သံသရာ၌ အဘန်တလဲလဲဖြစ်ရသဖြင့်ကွဲသော ဥက္ခောင်းရှိသည်ကို။
ပုန၊ တဘန်။
အဟံ၊ ငါသည်။
မာပဿိဿံ၊ မမြင်လို။
ဣတိ၊ ဤသို့။
မဟာကာလောထေရော၊ မဟာကာလေထေရ်သည်။
ဣမာဒွေဂါထာယော၊ ဤနှစ်ဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
မဟာကာလထေရဂါထာ အနက်ပြီး၏။
မုဏ္ဍော၊ ဦးပြည်းသော။
သောသမဏော၊ ထိုရဟန်းသည်။
ဗဟူ၊ များစွာကုန်သော။
သပတ္ထေ၊ သင်္ကန်းသပိတ်တို့ကို ။
လဘတိ၊ ရ၏။
သောသမဏော၊ ထိုရဟန်းသည်။
သင်္ဃာဋိပါရုတော၊ ဒုကုဋ်ကိုရုံသော။
ပဗ္ဗဇ္ဇိတော၊ သူတပါးနှင့် စပ်၍ အသက်မွေးခြင်းရှိသော ရဟန်းသည်။
ဟုတွာ၊ ဖြစ်၍။
အန္နဿ၊ ထမင်းကိုလည်းကောင်း။
ပါနဿ၊ အဖျော်််််ကိုလည်းကောင်း။
ဝတ္ထဿ၊ သင်္ကန်းဝတ်ကိုလည်ကောင်း။
သယနဿ၊ ကျော်းအိပ်ရာနေရာကိုလည်းကောင်း။
လာဘီ၊ ရသည်။
ဟောတိ၊ ဖြစ်၏။
တဿ၊ ထိုပုဂ္ဂိုလ်အား။?
ဥဿုယန္တာ၊ ပြုစုကုန်သော သူတို့သည်။
ဗဟုံ၊ များစွာ။
ဘာန္တိ၊ ဖြစ်ကုန်၏။
တသ္မာ၊ ထိုကြောင့်။
သက္ကာရေသု၊ လာဘ်ပူဇော်သကာတို့၌။
မဟဗ္ဘယံ၊ များသောဘေးရှိသော။
ဧတံဥပါရူပံ၊ ဤသို့သဘေရှိသော။
အာဒီနဝိံဒေါသံ၊ အပြစ်ကို။
ဟုတွာ၊ သိ၍။
အပ္ပလာတော၊ နည်းသောလာဘ်ရှိသည်။
အနဝဿုတော၊ ထိုလာဘ်၌ တပ်သော တဏှာတည်းဟူသေ မိုဃ်းစွတ်ခြင်းမရှိသည်။
ဟုတွာ၊ ဖြစ်၍။
ဘိက္ခု၊ သံသရာဘေးကိုရှာလေ့ရှိသော ရဟန်းသည်။
သကော၊ ရောင့်ရဲလွယ်ခြင်း၌မှီသော သတိပညာနှင့် ပြည့်စုံသည်ဖြစ်၍။
ပရိဗ္ဗဇေ၊ ကျင့်ရာနေရာ၏။
ဣတိ၊ ဤသို့။
တိဿောထေရော၊ တိဿထေရ်သည်။
ဣမံဂါထာဒွယံ၊ ဤဂါထာ နှစ်ခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
တိဿထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ င့ါရှင်တို့။
ပါစီနဝံသဒါယမှိ၊ ပါစီနဝံ အမည်ရှိသော ရွာ၏ အနီးအပိုင်းအခြားရှိသော တော၌။
သကျဝုတ္တာ၊ အနုရုဒ္ဓါအစရှိကုန်သော သာကီဝင်မင်းသားတို့သည်။
သဟာသကာ၊ ရဟန်းတရားကို ပြုသဖြင့် အတူတကွ နေသော အပေါင်းအတော်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေ၊ ထိုအပေါင်းဖော်ဖြစ်ကုန်သော သာကီဝင်မင်းသားတို့သည်။
အနပ္ပကေ၊ ကောင်းမှုအာနုဘော်ကြောင့် ရအပ်သော အမျိုးဆက်ဆက်အားဖြင့်လာသော များစွာကုန်သော။
ဘောဂေ၊ စည်းစိမ်ချမ်းသာအစုတို့ကို။
ပဟာယ၊ စွန့်၍။
ဥဉ္ဆာပတ္တာဂတေ၊ သပိတ်လက်စွဲ၍ ဆွမ််းခံသဖြင့် ရအပ်သော ဆွမ်းကို သုဉ်းပေးခြင်း၌။
ရံတာ၊ အလွန်မွေ့လျော်ကုန်သသည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
အာရဒ္ဓဝီရိယာ၊ အထွတ်အထိပ်သို့ ရောက်သော အားထုတ်အပ်သော လုံ့လရှိကုန်သည်။
ပဟိတတ္တာ၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်သည်။
နိစ္စံ၊ အမြဲ။
ဒဠပရက္ကမာ၊ ဝတ်ကြီးဝတ်ငယ်ဟူသော အကျင့်မျက်မှောက်၌ ဖြစ်သောချမ်းသာစွာနေခြင်း၌ ယှဉ်သဖြ်င့ မလျော့သော လုံ့လရှိကုန်သည်။
ဓမ္မရတိယာ၊ လောကုတ္တရာတရား၌ မွေ့လျော်ခြင်းဖြင့်။
လောကိကံရတိံ၊ ရူပါရုံစသော လောကီတရား၌ မွေ့လျော်ခြင်းကို။
ဟိတွာ၊ စွန့်၍။
ရမန္တိ၊ မွေ့လျော်ကုန်၏။
ဣတိ၊ ဤသို့။
ကိမေလောထေရော၊ ကိမိလထေရ်သည်။
ဣမံဂါထာဒွယံ၊ ဤဂါထာ နှစ်ခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ကိမိလထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။
အယောနိသော၊ အသုဘကို သုဘဟူ၍မသင့်သော နှလုံးသွင်းခြင်းဖြင့်။
မနသိကာရာ၊ နှလုံးသွင်းခြင်းကြောင့်။
မဏ္ဍနံ၊ လက်ကောလက်ကြပ်စသည်ဖြင့် တန်ဆာဆင်ခြင်း ပန့်နံ့သာ စသည်ဖြင့် အတ္တဘောကို တန်ဆာဆင်ခြင်းကို။
အနုယုဉ္ဇိဿံ၊ ကိုယ်၏တင့်တယ်ခြင်း၌ လေ့လောသော အားဖြင့် ဖြစ်စေအံ့။
ဥဒ္ဓဋော၊ ဇာတ်အရွယ် အဆင်းတို့ကို စွဲ၍ တက်သော မာန်ဖြင့် မငြိမ်သက်သော စိတ်ရှိသည်ဖြစ်၍။
စပလော၊ တော၌ ဖြစ်သော မျောက်ကဲ့သို့ တည်တန့်သော စိတ်မရှိသည်ဖြစ်၍ ကိုယ်ကို တန်ဆာဆင်ခြင်းစသော လျှပ်ပေါ်ခြင်းနှင့်ယှဉ်သော ကြောင့်မတည်တန့်သော နေခြင်းရှိသည်။
အာသိံ၊ ဖြစ်ပြီ။
ကာမရာဂေန၊ ဝတ္ထုကာမဂုဏ်၌ ပြင်းစွာတပ်သော ရာဂဖြင့်။
အဋ္ဋိတော၊ နှိပ်စက်အပ်သည်။
အသိ၊ ဖြစ်ပြီ။
ဥပါယကုသလေန၊ ဝေဏေသတို့အားဆုံးမခြင်းအကြောင်း၌ လိမ္မာတော်မူသော ။
အာဒိစ္စဗန္ဓုနာ၊ နေမင်း၏ အဆွေဖြစ်တော်မူသော။
ဗုဒ္ဓေန၊ မြတ်စွာဘုရားကြောင့်။
အဟံ၊ ငါသည်။
ယောနိသော၊ အသင့်အားဖြင့်။
ပဋိပဇ္ဇိတွာ၊ သမထဝိပဿနာဖြင့် စင်ကြယ်သော အကျင့်ကိုကျင့်၍။
ဘဝေ၊ သံသရာတည်းဟူသော ညွန်ပြောင်း၌။
နိရဂ္ဂံ၊ နစ်သော။
စိတ္တံ၊ စိတ်ကို။
ဥဒဗ္ဗဟိ၊ အရိယမဂ်ဖြင့် မြင့်မြတ်သော နိဗ္ဗာန်ကြဉ်းထက်၌ တည်စေပြီ။
ဣတိ၊ ဤသို့။
နန္ဒောထေရော၊ နန္ဒထေရ်သည်။
ဣမံဂါထာဒွယံ၊ ဤဂါထာ နှစ်ခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
နန္ဒထေရဂါထာ အနက်ပြီး၏။
ပရေစ၊ ပညာရှိမှ တပါးသော သူမိုက်တို့သည်လည်း။
နံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။
ပသံသန္တိ၊ ချီးမွမ်းကုန်၏။
တေ၊ ထိုသူမိုက်တို့၏ ချီးမွမ်းခြင်းတို့သည်။
အပ္ပမာဏဘူတာ၊ ပမာဏမဟုတ်ကုန်။
အတ္တာ၊ မိမိသည်။
အသမာဟိတော၊ မတည်ကြည်သည်။
စေဟောတိ၊ အကယ်၍ ဖြစ်အံ့။
ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။
ပရေ၊ သူတပါးတို့သည်။
တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။
ပသံသန္တိ၊ ချီးမွမ်းကုန်၏။
တေပသံသာ၊ ထိုသို့ချီးမွမ်းခြင်းတို့သည်။
မောဃံ၊ အချည်းအနှီးအကြောင်း မရှိဘဲ။
ပသံသန္တိ၊ ချီးမွမ်းသည် မည်ကုန်၏။
ဟိကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။
အတ္တာအတ္တနော၊ မိမိ၏။
အသမာဟိတော အသမာဟိတတ္တာ၊ အဂ္ဂသမာဓိဖလသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဖြင့် မတည်ကြည်သော ကြောင့်တည်း။
ပရေ၊ သူတပါးတို့သည်။
နံပုဂ္ဂလံ၊ ထိုအရိယာဈာန်လာဘီဖြစ်သော ပုဂ္ဂိုလ်ကို။
ဂရဟန္တိ၊ ဤသူကားကိုယ်ကိုမွေးမြူခြင်းအိပ်ခြင်းများသော သူတည်းဟူ၍ ကဲ့ရဲ့ကုန်၏။
တေသံ၊ ထိုသူတို့၏။
ဂရဟာ၊ ကဲ့ရဲ့ခြင်းတို့သည်။
အပ္ပမာဏဘူတာ၊ ပမာဏမဟုတ်ကုန်။
အတ္တာ၊ မိမိသည်။
သုသမာဟိတော၊ မဂ္ဂသမာဓိဖလသမာဓိဥပစာရသမာဓိအပ္ပနာသမာဓိဖြင့် ကောင်းစွာ တည်ကြည်ခြင်းရှိသည်။
စေဟောတိ၊ အကယ်၍ ဖြစ်အံ့။
ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။
ယေ၊ အကြင်သူတို့သည်။
တံ ပုဂ္ဂလံ၊ ထိုမဂ္ဂသမာဓိစသည်ဖြင့် တည်ကြည်သော ပုဂ္ဂိုလ်ကို။
ဂရဟန္တိ၊ ကဲ့ရဲ့ကုန်၏။
တေဂရဟာ၊ ထိုကဲ့ရဲ့ခြင်းတို့သည်။
အမောဃံအမူလကံ၊ အချည်းနှီးအကြောင်းမရှိဘဲ။
ဂရဟန္တိ၊ ကဲ့ရဲ့သည် မည်ကုန်၏။
ဟိကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။
အတ္တာအတ္တနော၊ မိမိ၏။
သုသမာဟိတော သုသမာဟိတတ္တာ၊ မဂ္ဂသမာဓိစသည်ဖြင့် တည်ကြည်သောကြောင့်တည်း။
ဣတိ၊ ဤသို့။
သိရိမောထေရော၊ သိရိမထေရ်သည်။
ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
သိရိမထေရဂါထာ အနက်ပြီး၏။
ဒုတိယော၊ နှစ်ခုမြောက်သော။
ဝဂ္ဂေါ၊ ဝဂ်သည်။
နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။
တတြံ၊ ထိုဒုတိယဝဂ်၌။
ဥဒါနံ၊ ဥဒါန်းကား။
စုန္ဒောစ၊ စုန္ဒထေရ်လည်းကောင်း။
ဇောတိဒါသောစ၊ ဇောတိဒါသထေရ်လည်းကောင်း။
ဟေရညိကာ နိယောထေရော၊ ဟေရညိကာနိ အမည်ရှိသော မထေရ်လည်းကောင်း။
သောမမိတ္တော၊ သောမမတ္တထေရ်လည်းကောင်း။
သဗ္ဗမိတ္တော၊ သဗ္ဗမိတ္တထေရ်လည်းကောင်း။
ကာလော၊ ကာလထေရ်လည်းကောင်း။
တိဿောစ၊ တိဿထေရ်လည်းကောင်း။
ကိမိလော၊ ကိမိလထေရ်လည်းကောင်း။
နန္ဒောစ၊ နန္ဒထေရ်လည်းကောင်း။
သိရိမာစေဝ၊ သိရိမထေရ်လည်းကောင်း။
ဣတိ၊ ဤသို့။
မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးရှိကုန်သော။
ဒသထေရာ၊ တကျိပ်သော မထေရ်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဒုတိယဝဂ်ပြီး၏။