Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

9. Yasojattheragāthā

Author: နိဿယ @ IAPT

ဘိက္ခဝေ၊ ရဟန်းတို့။ အယံဘိက္ခု၊ ဤရဟန်းကား။ ကာလပင်္ဂသင်္ကာသော၊ အသားတို့၏ ပွါးခြင်းမှ ကင်းသဖြင့် ကြုံသော မကောင်းသော ဘဏ္ဍာန်ရှိသော ကိုယ်အစုရှိသော ကြောင့်ရှိုင်းသော ကိုယ်အသားအရေအစိတ်ရှိ၏။
အန္နပါနမှိ၊ ထမင်းအဖျော်၌။ အတ္တညု၊ အတိုင်းရှည်ကို သိသည်ဖြစ်၍။ ကိသော၊ ကြုံသော ကိုယ်လည်းရှိ၏။ ဓမနိသန္ထတော၊ အကြောပြိုင်းပြိုင်းထသော ကိုယ်တည်းရှိ၏။ သောနရော၊ ထိုယောင်္ကျားဟု ဆိုအပ်သော ရဟန်းသည်။ အဒိနမသော၊ ပျင်ခင်း အစရှိသည်တို့ မနှိပ်စက်အပ်သောကြောင့် မတွန့်တိုသော စိတ်လည်းရှိ၏။
သံဂါမသီသေ၊ စစ်ဦး၌။ နာဂေါ၊ ဆင်ပြောင်သည်။ အဓိပါသေတွာ၊ သန်လျက်လှံခက်ရင်း စသည်တို့ဖြင့် ပုတ်ခတ်ခြင်း ကိုလည်းခံ၍။ ဝိမံသေတိ ယထာ၊ သူတပါး စသည်ကို ဖျက်ဆီးသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ဘိက္ခု၊ ရဟန်းသည်။ ဗြဟာဝနေ၊ ကြီးစွာသော တော၌တည်သော။ အရညသ္မိံ၊ တောကျောင်း၌။ ဍံသေဟိစ၊ ခြင်တို့ဖြင့် လည်းကောင်း။ မကသေဟိစ၊ မှတ်တို့ဖြင့်လည်းကောင်း။ ဖုဋ္ဌော၊ တွေ့အပ်သော ကိုက်ခဲခြင်းကို။ သတော၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍။ သမ္ပဇာနော၊ အဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။ တတြ၊ ထိုခြင်မှတ် စသည်တို့၏ ကိုက်ခဲခြင်း စသော အတွေ့၌။ အဓိဝါသယေ၊ သည်းခံရာ၏။ အဓိဝါသေတွာ၊ သည်းခံပြီး၍။ ဝိဓမေယျ၊ ဘာဝနာ ၏ အစွမ်းအားဖြင့် မာရ်၏ အားကို ဖျက်ဆီးရာ၏။
ဗြဟ္မာ၊ ဗြဟ္မာမင်းသည်။ ဧကော၊ တယောက်အထည်းတည်း။ ဈာနသုခေန၊ ဈာန်၏ ချမ်းသာခြင်း။ သုခိတော၊ ချမ်းသာစွာ။ ဝိတုရတိယထာ၊ နေသကဲ့သို့။ တထာ၊ ထို့အတူ။ ဘိက္ခူပိ၊ ရဟန်းသည်လည်း။ ဧကော၊ တယောက်တည်းလည်း။ ဗြူဟန္တော၊ ဝိဝေကသုခကို ပွါးစေလျက်။ သုခံ၊ ချမ်းသာစွာ။ ဝိဟရတိ၊ နေ၏။ ဒေဝါ၊ နတ်သည်။ ဒုဝေ၊ နှစ်ယောက်နှစ်ယောက် အစုံနေရာ၌။ စိတ္တပ္ပကောဓေါပိ၊ အကြားအကြား၌ စိတ်၏ မျက်ထွက်ခြင်းသည်လည်း။ သိယာယထာ၊ ဖြစ်ရာသကဲ့သို့။ တထာ၊ ထိုအတူ။ ဒုဝေ၊ ရဟန်းနှစ်ယောက်တို့နှင့်တကွ နက်နေရာ၌။ ဃဋ္ဋေန္တောပိ၊ တယောက်သည် တယောက်အား ထိခိုက်သောအားဖြင့် အမျက်ထွက်ခြင်းသည်လည်း။ ဘဝေယျ၊ ဖြစ်ရာ၏။
ဂါမော၊ ရွာ၌ နေသောသူသည်။ တယော၊ သုံးယောက်သော သူနှင့်တကွနေခြင်းသည်။ ဝိဝေကဝါသော၊ ဆိတ်ငြိမ်သော နေခြင်းသည်။ နဟောတိယထာ၊ မဖြစ်သကဲ့သို့ လည်းကောင်း။ တိဏ္ဏံဘိက္ခူနံ၊ သုံးယောက်သော ရဟန်းတို့၏။ ဝါသော၊ တကွနက်နေခြင်းသည်။ ဝိဝေကော၊ ရွာ၌နေသော သူတို့နှင့်တူသောကြောင့် ဆိတ်ငြိမ်ခြင်းမည်သည်။ နဟောတိ၊ မဖြစ်။ တတုတ္တရိ၊ ထိုသုံးယောက်ထက် အလွန်များစွာသော သူတို့နှင့် နေမူကား။ ကောလာဟလံ၊ များသော သူတို့၏ အစည်းအဝေး၌ ကျယ်သော ကြီးသော အသံဖြင့် အုတ်အုတ်ကျက်ကျက်သည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထိုကြောင့်။ ဧကာဝိဟာရိနာ၊ တယောက်အတည်းတည်းနေလေ့ရှိသည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။
ဣတိ၊ ဤသို့။ ယသောဇတ္ထေရော၊ ယသောဇထေရ်သည်။ ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခု တို့၏ အပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ယသောဇထေရဂါထာ အနက်ပြီး၏။