အာဝုသော၊ ငါ့ရှင်တို့။
အစ္စဟန္တိ၊ လျှင်စွာကုန်လွယ်ပျက်လွယ်ကုန်၏။
အဟောရတ္တော၊ နေ့ညဉ့်တို့ပတ်လုံး။
ဇီဝိတံ၊ အသက်သည်။
ဥပရုဇ္ဈတိ၊ ခဏနှင့် လျှင်စွာချုပ်၏။
ပစ္စာနံ၊ သတ္တဝါတို့၏။
အာယု၊ အသက်သည်။
ခီယတိ၊ လျှင်စွာလျှင်စွာ ချုပ်၏။
ကိံဝိယ၊ အဘယ်ကဲ့သို့ နည်းဟူမူကား။
ကုနဒီနံ၊ တောင်ထက်မှ စီးသော မြစ်ငယ်စသည်တို့၏။
ဩဒကံ၊ ရေသည်။
စိရံ၊ ကြာမြင့်စွာ။
နတိဋ္ဌတိ၊ မတည်။
ဝိဂစ္ဆတိယထာ၊ လာကာမျှနှင့် ပင်ကင်းခြင်းသို့ရောက်သကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
သတ္တာနံ၊ သတ္တာဝါတို့၏။
အာယု၊ အသက်သည်။
ခိယတိ၊ လျှင်စွာ ကုန်ခြင်းသို့ ရောက််တတ်၏။
ဗာလော၊ သူမိုက်သည်။
ပါပါနိ၊ မကောင်းကုန်သော။
ယာနိကမ္မာနိ၊ အကြင်ကံတို့ကို။
ကရံကရောန္တော၊ ပြုသည်ရှိသော်။
အဘနဗုဇ္ဈတိ၊ ဤသို့ သဘောရှိသော ကံကား ဤမည်သော ဆင်းရဲသော အကျိုးကို ပေး၏ ဟု မသိသည်ဖြစ်အံ့။
ဧဝံပိ၊ ဤသို့မသိသော်လည်း။
ဂစ္ဆာ၊ နောက်၌။
အဿဗာလဿ၊ ထိုငရဲစသည်၌ဖြစ်သော လူမိုက်အား။
ကဋုကံ၊ အလိုမရှိအပ်သော ဆင်းရဲသော အကျိုးသည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
ဟိယသ္မာ၊ အကြင့်ကြောင့်။
အဿကမ္မဿ၊ ထိုမကောင်းသော ကံ၏။
ပါပကော၊ ယုတ်မာစွာသော။
ဝိပါကော၊ ငရဲစသည်၌ဖြစ်ခြင်းစသော မကောင်းစွာသော အလိုမရှိအပ်သော အကျိုးသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဟေရညိကာနိထေရော၊ ဟေရညိကာနိထေရ်သည်။
ဣမာဂါထာယော၊ ဤဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဟေရညိကာနိထေရဂါထာ အနက်ပြီး၏။