Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

10. Vasabhattheragāthā

Author: နိဿယ @ IAPT

သောတု တကောပုဂ္ဂလော၊ ကြင်မိမိကိုယ်ကို အံ့ဘွယ်သရဲဖြစ်အောင် ပြုတတ်သော ပုဂ္ဂိုလ်သည်။ ပုဗ္ဗေပဋ္ဌမမေဝ၊ အံ့ဘွယ်သရဲဖြစ်သော အသက်မွေးခြင်းဖြင့် လူအပေါင်းကို လှည့်စားလျက် ယုတ်မာသောအလိုရမက်စသော ပါပဓမ္မတို့ဖြင့် ရှေးဦးစွာသာလျှင်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဟနတိ၊ ကုသိုလ်အစုကို ဖျက်ဆီးသော အားဖြင့် သတ်၏။
သောကုဟကပုဂ္ဂလော၊ ထိုမိမိကိုယ်ကို အံ့ဘွယ်သရဲရှိအောင် ပြုတတ်သော ပုဂ္ဂိုလ်သည်။ ပစ္ဆာ၊ နောက်ဒါယကာတို့က သီလကို ချစ်သော ရဟန်းအရိယာပေတည်းဟူ၍ လှူဒါန်းသော အခါ၌။ ပရံ၊ သူတပါးကို။ ဟနတိ၊ အကျိုးမများခြင်းစသော အားဖြင့် ပစ္စည်းကို ဖျက်ဆီး၏။ သောကုဟကော၊ ထိုနှစ်ပါးလုံးကို ဖျက်ဆီးတတ်သော ကုဟကပုဂ္ဂိုလ်သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ သုဟတံ၊ ကောင်းစွာသတ်သည်ကို ပြု၍။ ဟန္တိဝိနာသေတိ၊ ဖျက်ဆီး၏။ ယထာကိံ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ဝိတံသေနေဝ၊ ငှက်တိမ်ညှင်းသည်သာလျှင်။ ပက္ခိမာ၊ အတောင်ရှိသော ငှက်အပေါင်းကို။ ဝဉ္စေတွာ၊ လှည့်စား၍။ ဟနတိယထာ၊ သတ်သကဲ့သို့။ အတ္တာနံပိ၊ မိမိကိုယ်ကိုလည်း။ ဟနတိ၊ ဤပစ္စုပ္ပန်ဘဝ၌ သတ်၏။ သမ္ပရာယေပိ၊ တမလွန်ဘဝ၌လည်း။ ဟနတိ၊ အပါယ်လေးပါးသို့လားကြောင်းဖြစ်သော ကိလေသာသည် သတ်၏။
ဗဟိဝဏ္ဏော၊ ဣရိယာပုလ်ကို ပြုပြင်ခြင်းစသော အပ၌ ဖြစ်သော ပုဏ္ဏား အသွင်မျှဖြင့်။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ နဟောတိ၊ မဖြစ်။ ဟိယသ္မာ၊ အကြင့်ကြောင့်။ အန္တောဝဏ္ဏောအန္တောဝဏ္ဏေန၊ အတွင်း၌ သီလ သမာဓိစသော ပုဏ္ဏားအသွင်နှင့် ပြည့်စုံခြင်းဖြင့်။ ဗြာဟ္မဏော၊ ပုဏ္ဏားမည်သည်။ ဟောတိ၊ ဖြစ်၏။
ယသ္မိံ၊ အကြင်ပုဂ္ဂိုလ်၌။ ပါပါနိ၊ ယုတ်မာကုန်သော။ ကမ္မာနိ၊ အမှုတို့သည်။ သံဝိဇ္ဇန္တိ၊ ရှိကုန်၏။ သုဇမ္ပတိ၊ သုဇာတာ၏ ခင်ပွန်းဖြစ်သော သိကြားမင်း။ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို။ ဝေဧကံသေန၊ စင်စစ်သဖြင့်။ ကဏှောနိဟီနာ ပုဂ္ဂလော၊ အလွန်ယုတ်သော ပုဂ္ဂိုလ်မည်၏ ဟူ၍။ ဇာနာတိ၊ ကိလေလော။
ဣတိ၊ ဤသို့။ ဝသဘောထေရော၊ ဝသဘထေရ်သည်။ ဣမာဒွေဂါထာယော၊ ဤနှစ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဝသဘထေရဂါထာ အနက်ပြီး၏။
ပဌမော၊ ရှေးဦးစွာသော။ ဝဂ္ဂေါ၊ ဝဂ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်ပြီ။
တတြ၊ ထိုပဌမဝဂ်၌။ ဥဒါနံ၊ ဥဒါန်းကား။
ဥတ္တရောစေဝ၊ ဥတ္တရထေရ်လည်းကောင်း။ ပိဏ္ဍောလော၊ ပိဏ္ဍောလထေရ်လည်းကောင်း။ ဝလ္လိယော၊ ဝလ္လိယထေရ်လည်းကောင်း။ တိရိယောဣတိ၊ တိရိယထေရ်လည်းကောင်း။
အဇိတော၊ အဇိတထေရ်လည်းကောင်း။ မေဠဇိနော၊ မေဠဇိနထေရ်လည်းကောင်း။ ရာဓော၊ ရာဓထေရ်လည်းကောင်း။ သုရာဓော၊ သုရာဓထေရ်လည်းကောင်း။ ဂေါတမောပိစ၊ ဂေါတမထေရ်လည်းကောင်း။
ဝသဘေန၊ တသဘထေရ်နှင့်။ သဟ၊ တကွ။ မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးရှိကုန်သော။ ဣမေဒသထေရာ၊ ဤတကျိပ်သော မထေရ်တို့သည်။ ‌ဟောန္တိ၊ ဖြစ်ကုန်၏။ ပဌမဝဂ်ပြီး၏။