အာဝုသော၊ ငါ့ရှင်တို့။
စိတ္တကတံ၊ အဝတ်တန်ဆာပန်းအခင်း အစရှိသည်တို့ဖြင့် ဆန်းကြယ်စွာ ပြုအပ်သော။
အရုကာယံ၊ ကိုးပါးသော အဝတို့ မှ ယိုစီးသော အလုံးစုံသော အနာဝဖြစ်၍ဖြစ်သော ကိုယ်ဟုဆိုအပ်သော။
သရဿိတံ၊ အရိုးအပေါင်းတို့၏ စုဝေးရာဖြစ်သော။
အတုရံ၊ အမြဲနာကျင်ခြင်းရှိသော။
ဗဟုသင်္ကပ္ပံ၊ လူမိုက်သည်မဟုတ်သည်သို့ တင်၍ များစွာကြံအပ်သော။
ဗိမ္ဗံ၊ အနိမ့်အမြင့်အစရှိသော အင်္ဂါကြီးငယ်တို့ဖြင့် တန်ဆာဆင်အပ်သော အတ္တဘောကို။
ပဿ၊ ရှုလော။
ယဿ၊ အကြင်ကိုယ်အား။
ဓုတံ၊ မြဲသော သဘောရှိသည်လည်းကောင်း။
ဋ္ဌိတိ၊ မြဲမြံစွာတည်ကြည်သော သဘောသည်လည်းကောင်း။
နတ္ထိ၊ မရှိ။
စိတ္တကတံ၊ အဝတ်တန်ဆာပန်းအခင်းစသည်တို့ဖြင့် ဆန်းကြယ်စွာ ပြုအပ်သော ။
မဏိနာကုဏ္ဍလေနစ၊ ပတ္တမြားနားဍောင်းဖြင့်လည်းကောင်း။
အဋ္ဌိတစေနဝ၊ စိုသော အရေဖြင့်လည်းကောင်း။
ဩနဒ္ဓံ၊ မြှေးအပ်ဖွဲ့အပ်သော။
ရူပံ၊ ဤကိုယ်ကို။
ပဿ၊ ရှုလော။
အယံကာယော၊ ဤကိုယ်သည်။
ဝတ္ထေဟိ၊ ပုဆိုးအဝတ်တို့နှင့်။
သဟ၊ တကွဖုံးလွှမ်းမှ။
သောဘတိ၊ တင့်တယ်၏။
အဘတ္တကကတာ၊ ချိတ်ရည်ဖြင့် ကောင်းစွာဆိုးအပ်ကုန်သည်ဖြစ်၍။
ပါဒါ၊ ခြေတို့သည်။
သောဘန္တိ၊ တင့်တယ်ကုန်၏။
မုခဏ္ဏစုကမက္ခိတံ၊ မျက်နှာချေမှုန့်ဖြင့် လိမ်းအပ်တန်ဆာအပ်သော်သာလျှင်။
မုခံ၊ မျက်နှာသည်။
သောဘတိ၊ တင့်တယ်၏။
အယံကာယော၊ ဤကိုသည်။
ဗာလဿ၊ မိုက်စွာသော ပုထုဇဉ်အား။
မောဟာယ၊ စိတ်ကို မိုက်စေခြင်းငှါ။
အလံ၊ စွမ်းနိုင်၏။
ပါရဂဝေသိနော၊ နိဗ္ဗာန်ကို ရှာမှီးလေ့ရှိသောသူတော်ကောင်းအား။
နောအလံ၊ မစွမ်းနိုင်။
အဋ္ဌာပဒကတာ၊ ရှစ်ခုသော အခြင်းအရာရှိသော ဖြီးဖြင့် ဖြီးအပ်စီရင်အပ်ပြီးစေအပ်သော အဘို့ရှိသော်သာလျှင်။
ကေသာ၊ ဆံတို့သည်။
သောဘန္တိ၊ တင့်တယ်ကုန်၏။
အဉ္ဇနမက္ခိတာ၊ မျက်ရေးကွင်းခြင်း စသည်ဖြင့် တန်ဆာဆင်အပ်သော်သာလျှင်။
နေတ္တာ၊ မျက်စိတို့သ်ည။
သောဘန္တိ၊ တင့်တယ်ကုန်၏။
အယံကာယော၊ ဤကိုယ်သည်။
ဗာလဿ၊ ပုထုဇဉ်မိုက်အား။
မောဟာယ၊ စိတ်ကို မိုက်စေခြင်းငှါ။
အလံ၊ စွမ်းနိုင်၏။
ပါရဂဝေသိနော၊ ဝဋ်ကင်းခြင်းကို ရှာလေ့ရှိသော သူအား။
နောအလံ၊ မစွမ်းနိုင်။
အဉ္ဇနီဝနဝါ၊ အသစ်အသစ်သော မျက်ရေးကွင်းခြင်းရှိသော။
စိတ္တာ၊ ဆန်းကြယ်သော ။
အလင်္ကတော၊ ဥက္ခောင်းတ်နဆာစသည်ဖြင့်တန်ဆာ ဆင်အပ်သော။
အယံ ပုတိကာယော၊ ဤအကောင်ပုပ်သည်။
ဗာလဿ၊ ပုထုဇဉ်မိုက်အား။
မောဟာယ၊ စိတ်ကိုမိုက်စေခြင်းငှါ။
အလံ၊ စွမ်းနိုင်၏။
ပါရဂဝေသိနော၊ ဝဋ်ကင်းခြင်းကို ရှာလေ့ရှိသော သူအား။
နောအလံ၊ မစွမ်းနိုင်။
မိဂဝေါ၊ မုတ်ဆိုးသည်။
ပါသံ၊ တုတ်လံကန်ပိုက်စသော ကျော့ကွင်းကို။
ဩဒဟိ၊ ထောင်၏။
ဝါကုရံ၊ ကျော့ကွင်းကို။
မိဂေါ၊ သမင်သည်။
နာသာဒါနသံဃဋ္ဋေတိ၊ မတိုးမဝှေ့။
နိဝါပံ၊ သမင်တို့၏ အစာအလို့ ငှါ ပစ်ချအပ်သော မြက်စသော အစာကို။
ဘုတွာ၊ စား၍။
မိဂဗန္ဓကေ၊ မုတ်ဆိုးသည်။
ကန္ဒန္တေ၊ မည်တမ်းစဉ်။
မိဂေါ၊ သမင်သည်။
ဂစ္ဆာမိဂစ္ဆတိ၊ ထိုမုတ်ဆိုးကိုလှည့်ပတ်၍ သွား၏။
မိဂါဝဿ၊ မုတ်ဆိုး၏။
ပါသာ၊ ထောင်သောကျော့ကွင်းတို့ကို။
ဆန္နာဆိန္ဒိတွာ၊ ဖြတ်၍။
ဝါကုရံ၊ ထောင်သော တုတ်လှံကန်ပိုက်ကနု်.
အနာသဒါအနဃဋ္ဋေန္တော၊ မထိခိုက်မူ၍။
မိဂေါ၊ သမင်သည်။
နိဝါပံ၊ သမင်တို့စားစိမ့်သောငှါ ထားသော အစာကို။
ဘုတွာ၊ စား၍။
မိဂလုဒ္ဒကေ၊ မုတ်ဆိုးသည်။
သောစန္တေ ဝီရဝန္တေ၊ ဤသမင်သည် ငါ့ကို လှည့်ပတ်လေစွဟု မြတ်တမ်းစဉ္။
ဂစ္ဆာမဂစ္ဆတိ၊ သွား၏။
မဟာရာဇ၊ မြတ်သော မင်းကြီ။
အဟံ၊ ငါသည်။
ဣမသ္မိံ လောကေ၊ ဤလောက၌။
သဓနေ၊ ဥစ္စာနှင့်တကွ ဖြစ်ကုန်သော။
မနုဿေ၊ ကြွဝသော သူတို့ကို။
ပဿာမိ၊ မြင်၏။
တေပန၊ ထိုလူတို့သည်ကား။
ဝိတ္တံ၊ ဥစ္စာကို။
လဒ္ဓါလဘိတွာ၊ ရကုန်လျက်။
မောဟော၊ ကမ္မဿ ဘတပညာမရှိသောကြောင့်။
နဒဒန္တိ၊ စည်းစိမ် ဥစ္စာ ပြည့်စုံပါလျက် ရဟန်းပုဏ္ဏားစသော တစုံတယောက်သော သူအား မပေးမလှူဒါန်းကုန်။
လုဒ္ဓါ၊ မုဆိုးတို့သည်။
ဘိယျော၊ အလွန်။
ကာမေ၊ ရမြဲတိုင်းသော ကာမဂုဏ်ထက်လွန်သော ကာမဂုဏ်တို့ကို။
အ ဘိပတ္ထယန္တာ၊ တောင့်တကုန်သည်ဖြစ်၍။
မိဂေ၊ သားတို့ကို။
ဟန္တွာ၊ သတ်၍။
ဓနံ၊ ဥစ္စာကို။
သန္နိစယံ၊ ဆည်းပူးခြင်းကို။
ကရောန္တိ၊ ပြုကုန်၏။
ရာဇာ၊ မင်းသည်။
ပသယှ၊ သူတပါးကိုနှိပ်စက်၍။
ပထဝိံ၊ မိမိ၏ အနွယ်သို့ လိုက်သောမြေကို။
ဝိဇေတွာ အ ဘိဝိဇိယ၊ အနိုင်အထက်ပြုသဖြင့် အောင်၍။
အာဝသန္တော၊ ရွှင်လန်းလျက်။
သာဂရန္တံ၊ သမုဒ္ဒရာ အဆုံးရှိသော။
မတိံ၊ မြေကြီးကို။
အာဝသန္တော၊ စိုးအုပ်သဖြင့်နေလျက်။
သမုဒ္ဒဿ၊ အကြွင်းမရှိသော သမုဒ္ဒရာ၏။
ဩရံ၊ ဤဘက်အဘို့ကို။
လဘိတွာပိ၊ ရသော်လည်း။
အတိတ္တရူပေါ၊ မရောက်ရဲသေးသော သဘောရှိသည်ဖြစ်၍။
သမုဒ္ဒဿ၊ သမုဒ္ဒရာ၏။
ပါရံ၊ ထိုမှာဘက်၌ ဖြစ်သော ကျွန်းအထူးကို။
ပထ္ထယေထ၊ တောင့်တရာ၏။
ရာဇာစ၊ မင်းသည်လည်းကောင်း။
အညေ၊ မင်းမှ တပါးကုန်သော။
ဗဟူ၊ များစွာ ကုန်သော။
မနုဿာစ၊ လူတို့သည်လည်းကောင်း။
အဝီတတဏှာ၊ မကင်းသေးသော တဏှာရှိသည်ဖြစ်၍။
မရဏံ၊ သေခြင်းသို့။
ဥပေန္တိ၊ ကပ်ရကုန်၏။
တေ၊ ထိုမင်းမှတပါးသောလူတို့သည်။
ဥနာဝ၊ ယုတ်ကုန်သည်သာလျှင်။
ဟုတွာန၊ ဖြစ်ကုန်၍။
ဒေဟံ၊ ဤလူ၏ ကိုယ်ကို။
ဇဟန္တိ၊ စွန့်ရကုန်၏။
ဧတ္ထလောကမှီ၊ ဤလောက၌။
တဏှာဝိပ္ပန္နာနံ၊ တဏှာသည်ဖျက်ဆီးအပ်ကုန်သော သူတို့အား။
ကာမေဟိ၊ ဝတ္ထုကာမဂုဏ်ကိလေသာကာမဂုဏ်တို့ဖြင့်။
တိတ္တိ၊ ရောက်ရဲခြင်းသည်။
နအတ္ထိ၊ မရှိ။
တေ၊ ထိုရာဂမကင်းသေးသော မင်းနှင့်တကွကုန်သော လူတို့သည်။
နံဉာဘိံ၊ ထိုအဆွေအမျိုးကို။
ပဋိစ္စ၊ စွဲ၍။
ကေသေ၊ ဆံတို့ကို။
ပကိရိယ၊ ကြဲကုန်လျက်။
ကန္ဒန္တိ၊ သေလေသော သူကို ရည်၍ တို့သူ၏ ဂုဏ်ကို ကြားကုန်လျက် ငိုခြင်းကို ပြုကုန်၏။
နော၊ ငါတို့၏။
ဉာတယော၊ ဆွေမျိုးတို့သည်။
အမရာ၊ မသေကုန်သည်။
အဟု၊ ဖြစ်လေကုန်မူကား။
အဟောဝတ၊ ဪကောင်းလေစွ။
နံ၊ ထိုသေလေသော သူ၏ အသေကောင်ကို။
ဝတ္ထေန၊ ပုဆိုးဖြင့်။
ပါရုတံ၊ ရုံအပ်သည်ကို ပြု၍။
နိဟရိတွာ၊ အိမ်မှထုတ်၍။
စိတံ၊ ထင်းပုံထက်သို့။
သမောဓာယ၊ တင်၍။
တတော၊ ထိုသို့တင်ပြီးသည်နောင်မှ။
ဒဟန္တိ၊ မီးတိုက်၍ ပစ်ကုန်၏။
သော၊ ထိုသူသေသည်။
သုလေဟိ၊ တစူးဝါ တို့ဖြင့် ။
တုဇ္ဇမာနော၊ ထိုးလျက်။
ဋယှတိ၊ မီးတိုက်၏။
ဧတေနဂတ္တေန၊ ဤကိုယ်ဖြင့်။
ဘောဂေ၊ စည်းစိမ်ချမ်းသာတို့ကို။
ပဟာယ၊ စွန့်၍။
ဂစ္ဆန္တိ၊ သွားရကုန်၏။
မိယျမာနဿ၊ သေသော သူအား။
ပေစ္စ၊ တမလွန်ဘဝ၌။
ဉာတီစ၊ ဆွေမျိုးမိဘတို့သည်လည်းကောင်း။
မိတ္တာစ၊ ချစ်ကျွမ်းဝင်သော သူတို့သည်လည်းကောင်း။
အထဝါ၊ ထိုမှတပါး။
သဟာယာစ၊ ချမ်းသာဆင်းရဲ၌ အတူတကွ ဖြစ်ကုန်သော သူငယ်ချင်းတို့သည်လည်းကောငး်။
တာဏာ၊ စောင့်ရှောက်ခြင်းကို ပြုတတ်ကုန်သည်.
နဘဝန္တိ၊ မဖြစ်ကုန်။
တဿ၊ ထိုသူသေ၏။
ဒါယာဒကာ၊ အမွေခံတို့သည်။
ဓနံ၊ ဥစ္စာကို။
ဟရန္တိ၊ သိမ်းဆည်းယူလေကုန်၏။
သတ္တော ပန၊ သေသော သတ္တဝါမူကား။
ယေနယထာကမ္မံ၊ မိမိပြုသော ကုသိုလ်အကုသိုလ်ကံအားလျော်စွာ။
ဂစ္ဆတိ၊ ထိုထိုသော ဘဝသို့ သွားရ၏။
မိယျမာနံ၊ သေသောသူကို။
ဓနံ၊ ဥစ္စာနှင့်စပ်သော။
ကိဉ္စိ၊ အလုံးစံဒသော ဝတ္ထုသည်။
နအနွေဒိ၊ အစဉ်နောက်သို့ မလို။
ပုတ္တာစ၊ သားသ္မီးတို့သည်လည်းကောင်း။
ဒါရာစ၊ မယားသည်လည်းကောင်း။
ရဋ္ဌံ၊ တိုင်းနိင်ငံ၌ နေသော။
ဇနဉ္စ၊ လူအပေါင်းသည်လည်းကောင်း။
နအနွေတိ၊ အစဉ်နောက်သို့ မလိုက်။
ဓနေန၊ ဥစ္စာဟူသော တစိုးထိုးသဖြင့်။
ဒီဃမာယုံ၊ အသက်ရှည်ခြင်းကို။
နလဘတေ၊ မရ။
ဝိတ္တေန၊ ဥစ္စာတစိုးထိုးသဖြင့်။
ဇရံ၊ အိုခြင်းကို။
နာစာပိဝိဟန္တိ၊ မဖျောက်မထားနိုင်ကုန်။
ဟိသစ္စံ၊ မှန်၏။
ဣမေသံသတ္တာနံ၊ ဤသတ္တဝါတို့၏။
နံဇီဝိတံ၊ ထိုအသက်ရှည်ခြင်းကို။
အပ္ပံအပ္ပံဣတိ၊ တိုသောကာလရှိသောကြောင်းနည်း၏ ဟူ၍။
ဓိရာ၊ မြဲမြံသော သမာဓိနှင့် ပြည့်စုံသော ပညာရှိတို့သည်။
အာဟ၊ ဆိုကုန်၏။
တံဇီဝိတံ၊ ထိုအသက်ရှည်ခြင်းသည်။
အသဿတံ၊ အမြဲမရှိ။
ဝိပရိဏာမဓမ္မံ၊ ပြကတော့မှ ဘောက်ပြန်သော သဘောရှိ၏။
အဍ္ဎာစ၊ ကြွယ်ဝသော သူတို့သည်လည်းကောင်း။
ဒလိဒ္ဒါစ၊ သူဆင်းရဲတို့သည်လည်းကောင်း။
ဖဿံ၊ အလိုမရှိအပ်သော သေခြင်းဟူသော အတွေ့သို့။
ဖုသန္တိပါပုဏန္တိ၊ ရောက်ကုန်၏။
ဗာလောစ၊ သူမိုက်သည်လည်းကောင်း။
ဓီရောစ၊ ပညာရှိသည်လည်းကောင်း။
တထေဝ၊ ထိုအတူသာလျှင်။
ဖုဋ္ဌော၊ သေခြင်းဖြင့် တွေ့အပ်၏။
ဟိသစ္စံ၊ မှန်၏။
ဗာလော၊ သူမိုက်သည်။
ဗာလျာဝဋ္ဌိတောဝ၊ စိုးရိမ်ပူပန်ခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍ သူမိုက်အဖြစ်၌ တည်လျက်သာလျှင်။
သေတိသယတိ၊ ထိုမှ ဤမှလူးသည်လျက် အိပ်၏။
ဓီရော၊ ပညာရှိသည်။
ဖဿံ၊ ဣဋ္ဌအနိဋ္ဌဖြစ်သော အတွေ့ကို။
ဖုဋ္ဌော၊ တွေ့အပ်သည်ရှိသော်။
နဝေဓတိ၊ မတုန်လှုပ်။
တသ္မာ၊ ထိုကြောင့်။
ဓနေန၊ ဥစ္စာထက်။
ပညာဝ၊ ပညာသည်သာလျှင်။
သေယျောပသတ္ထတရော၊ အထူးသဖြင့် ချီးမွမ်းအပ်၏။
ဣဓလောကေ၊ ဤလောက၌။
ကာယပညာယ၊ အကြင်ပညာဖြင့်။
ဝေါသာနံ၊ ဘဝ၏ အဆုံးဖြစ်သောနိဗ္ဗာန်ကို။
အမိဂစ္ဆတိ၊ ရ၏။
ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။
အဗျောသိတံတ္တာ၊ မရသေးသော နိဗ္ဗာန်တရားကို ပြီးစေတတ်သောကြောင့်တည်း။
မောဟော၊ မိုက်သော သူသည်။
ဘဝါဘဝေသု၊ ဘဝကြီးငယ်တို့၌။
ပါပါနိကမ္မာနိ၊ မကောင်းသော ကာယဒုစရိုက်စသောအမှုတို့ကို။
ကရောတိ၊ ပြု၏။
သောဗာလော၊ ထိုသူမိုက်သည်။
ပါပါနိ၊ မကောင်းမှုတို့ကို။
ကတွာ၊ ပြု၍။
ပရလောကဉ္စ၊ တမလွန်လောကကိုလည်းကောင်း။
ပရမ္ပရာယ၊ အဘန်ဘန်အားဖြင့်။
သံသာရံ၊ ကျဉ်လည်ခြင်းသို့။
အာပဇ္ဇ၊ ရောက်၍။
ဂဗ္ဘဉ္စ၊ ပဋိသန္ဓေနေခြင်းသို့လည်းကောင်း။
ဥပေတိ၊ ကပ်ရ၏။
တဿပုဂ္ဂလဿ၊ ထိုမကောင်းမှုကို ပြုသောသူ၏။
အဘိသဒ္ဒဟန္တော၊ အပြုအကျင့်ကို ယုံကြည်သော ။
အပ္ပမညော၊ ငါ့အားကိုယ်သည်ဖြစ်လတ္တံ့ဟုတောင့်တသော သူမိုက်သညိ။
ပရဉ္စလောကံ၊ တမလွန်ဘဝ၌လည်း။
ဂဗ္ဘံ၊ ပဋိသန္ဓေနေရခြင်းသို့။
ဥပေ၊ ကပ်ရပြန်၏။
တတော၊ ပဋိသန္ဓေနေခြင်းမှ။
နမုစ္စတိ၊ မလွတ်။
ယထာကိံ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
သန္ဓိမုခေ၊ အိမ်တိုက်စပ်ကို ဖေါက်သော အနီး၌။
ဂဟိတော၊ အစောင့်အရှောက်ဖြစ်သော ယောင်္ကျားတို့ဖမ်းသော။
စောရောယထာ၊ ခိုးသူကဲ့သို့။
ပါပဓမ္မော၊ မကောင်းသော သဘောရှိသော ယောင်္ကျားသည်။
သကမ္မုနာ၊ မိမိ၏ မကောင်းမှုကံဖြင့်။
ဟညတိ၊ ကြိမ်လုံးဖြင့် ရိုက်လတ်ခြင်းဓားလှံတို့ဖြင့်ခုတ်ခြင်းထိုးခြင်းစသည်တို့၏ အစွမ်းဖြင့် ညှဉ်းဆဲ၏။
ဧဝံ၊ ဤသို့။
ပဇာ၊ သတ္တဝါသည်။
ပရမှိလောကေ၊ တမလွန်လောက၌။
ပေစ္စ၊ နှိပ်စက်၍။
ပါပဓမ္မော၊ မကောင်းသောသ ဘောရှိသော သူသည်။
သကမ္မုနာ၊ မိမိပြုသော မကောင်းမှုကံဖြင့်။
ဝိဟညတိ၊ ငါးပါးအပြားရှိသော ဖွဲ့ခြင်းကမ္မကရဏ အစရှိသည်တို့၏ အစွမ်းဖြင့်နှိပ်စက်၏။
စိတြာ၊ ရူပါရုံစသော အပြားဖြင့် ဆန့်ကြယ်ကုန်သော။
မဓုရာ၊ လူတို့သည် သာယာသည်၏ အစွမ်းဖြင့် အလိုရှိအပ်ကောင်းမြတ်ကုန်ထသော။
မနောရမာ၊ ပုထုဇဉ်မိုက်တို့ ၏ နှလုံးကို မွေ့လျော်စေတတ်ကုန်ထသော။
ကာမာ၊ ရူပါရုံအစရှိသော ဝတ္ထုကာမဂုဏ်တို့သည်။
ဝိရူပရူပေန၊ ထိုအညိုအရွှေစသော အထူးထူးအပြားပြားသော အဆင်းဖြင့်။
စိတ္တံ၊ ပုထုဇဉ်မိုက်တို့၏ စိတ်ကို။
မထေန္တိ၊ ကပ်သည်ရှိသော် အလွန်မွေ့လျော်ခြင်းကို မပေးကုန်။
ကာမဂုဏေသု၊ ကာမဂုဏ်တို့၌။
အာဒီနဝံ၊ မြွေဥက္ခေါင်းမီးကျီးစုလှံ သွာအဆိပ်နှင့် တူကုန်၏ ဟူသော အပြစ်ကို။
ဒိသွာ၊ ဝိပဿနာ ပညာမဂ်ပညာဖြင့် မြင်၍။
တသ္မာတံနိမိတ္တံ၊ ထိုကာမဂုဏ်တို့၌အပြစ်ကို မြင်သောကြောင့်။
ရာဇ၊ မင်းမြတ်။
အဟံ၊ ငါသည်။
ပဗ္ဗဇိတော၊ ရဟန်းပြုသည်။
အမှိ၊ ဖြစ်၏။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
ဒုမပ္ဖလာနိ၊ သစ်ပင်အသီးတို့သည်။
ပတန္တိဣဝ၊ နုသောကာလရင့်သော ကာလ၌ သူတပါးလုံ့လအမှုဟူသော အကြောင်းကြောင့် ကြွေကျကုန်သကဲ့သို့။
ဒဟာရာစ၊ ငယ်သေးသည်လည်း ဖြစ်ကုန်ထသော။
ဝုဒ္ဓါစ၊ ကြီးပြီးသည်လည်းဖြစ်ကုန်ထသော။
မာဏဝါ၊ သတ္တဝါတို့သည်။
သရိရဘေဒါ၊ ဤကိုယ်၏ ပျက်ခြင်းကြောင့်။
ပဘန္တိဂစ္ဆန္တိယေဝ၊ ရောက်ရကုန်သည်သာလျှင်တည်း။
ရာဇ၊ ကောရဗျမင်းမြတ်။
ဧတမ္ပိ ကာရဏံ၊ ဤကိုယ်ခန္ဓာ၏ အမြဲမရှိသော အဖြစ်ကိုလည်း။
ဒိသွာ၊ ပညာစက္ခု ဖြင့်မြင်၍။
အဟံ၊ ငါသည်။
ပဗ္ဗဇိတော၊ ရဟန်းပြုသည်။
အမှိ၊ ဖြစ်၏။
အာပဏ္ဏကံ၊ ပညတ်မှ ကင်းသော ပရမတ္ထအားဖြင့်ဖြစ်သော ။
သာမညမေဝ၊ ရဟန်း၏ အဖြစ်သည်သာလျှင်။
သေယျောသုန္ဒရတရော၊ အထူးသဖြင့် ကောင်းမြတ်၏။
ရာဇ၊ ကောရဗျမင်းမြတ်။
အဟံ၊ ငါသည်။
သဒ္ဓါယ၊ ဘုရား၌ယုံကြည်ခြင်း ကံကံ၏ အကျိုးကို ယုံကြည်ခြင်းဖြင့်။
ပဗ္ဗဇိတော၊ ရဟန်းပြု၏။
ဇိနသာသနေ၊ မြတ်စွာဘုရားသာသနာတော်၌။
ဥပေတော၊ ကောင်းသော အကျင့်နှင့် ပြည့်စုံ၏။
မယှံ၊ ငါ၏။
ပဗ္ဗဇ္ဇာ၊ ရဟန်း၏အဖြစ်သည်။
အဝဉ္ဇာ၊ အရဟတ္တဖိုလ်တည်းဟူသော သားမွေးသောကြောင့်မမြုံ။
တတော၊ ထိုသို့ မမြုံသော ကြောင့်။
အနဏော၊ ကိလေသာ ဟူသော မြီမရှိသည်ဖြစ်၍။
ဘောဇနံ၊ ဘောဇဉ္ကို။
ဘုဉ္ဇာမိ၊ သုံးဆောင်၏။
ကာမေ၊ ဝတ္ထုကာမဂုဏ်ကိလေသာ ကာမဂုဏ်တို့ကို။
အာဒိတ္တတော၊ တဆဲ့တပါးသော မီးတို့ဖြင့် ပြောင်ပြောင့် တောက်လောင်သည်၏ အဖြစ်ဖြင့်။
ဒိသွာစ၊ မြင်၍လည်းကောင်း။
ဇာတရူပါနိ၊ ရွှေငွေတို့ကို။
သတ္ထတော၊ သွေးအပ်သော ထက်စွာသော လက်နက်နှင့်တူသော အားဖြင့်။
ဒိသွာစ၊ ဉာဏ်ဖြင့် မြင်၍လည်းကောင်း။
ဂဗ္ဘေ၊ အမိဝမ်း၌။
ဝေါက္ကန္တိတော၊ ပဋိသန္ဓေနေရသောအားဖြင့်။
ဒုက္ခံ၊ ဆင်းရဲခြင်းကို။
ဒိသွာစ၊ ဉာဏ်ဖြင့် မြင်၍ လည်းကောင်း။
နိရယေသု၊ သိန်းဇိုးကောဠသုတ် စသော ရှစ်ပါးသော ငရဲကြီးတို့၌။
မဟဗ္ဘယံ၊ ကြီးစွာသောဘေးကို။
ဒိသွာ၊ ပညာဖြင့် မြင်၍လည်းကောင်း။
အဟံ၊ ငါသည်။
ပဗ္ဗဇိတော၊ ရဟန်းပြုသည်။
အမှိ၊ ဖြစ်၏။
ရာဇ၊ ကောရဗျမင်းမြတ်။
တဒါ၊ ထိုအခါ၌။
ဧဝံဤဒိသံ၊ ဤဆိုအပ်ခဲံပြီးသော သဘောရှိသော။
အာဒီနဝံ၊ အပြစ်အပေါင်းကို။
ဉတွာ၊ ဉာဏ်ဖြင့် သိ၍။
သံဝေဂံ၊ ဘဝစသည်၌ ဖြစ်သော ထိတ်လန့်ခြင်းကို ။
အလတိံ၊ ရပြီ။
တဒါ၊ ထိုလူဖြစ်သော ကာလ၌။
ဝိဒ္ဓေါ၊ ရာဂဟူသော ငြောင့်တံသင်းစသည်တို့သည် စူးအပ်သည်။
သန္တော၊ ဖြစ်လျက်။
ဣဒါနိ၊ ယခုအခါ၌။
အာသဝက္ခယံ၊ အာသဝေါတရားတို့၏ ကုန်ခြင်းသို့။
သမ္ပတ္တော၊ ရောက်ပြီ။
မေ၊ ငါသည်။
သတ္တာ၊ သတ္တဝါအပေါင်းတို့ကို။
ပရိစိဏ္ဏော၊ မေတ္တာစသည်ကို ပွါးစေသော အားဖြင့်အလေ့အလာ ပြုအပ်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမဖြစ်သော မဂ်ဟူသော အကျင့်ကို။
ကတံ၊ ပြုကျင့်အပ်ပြီ။
ဂရုကောဘာရော၊ လေးစွာသော ခန္ဓာဟူသော ဝန်ကို။
ဩဟိတော၊ ချအပ်ပြီ။
ဘဝနေတ္တိ၊ ဘဝသုံးပါးသို့ ဆောင်တတ်သော တဏှာဟူသော ကြိုးကို။
သမူဟတာ၊ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ဖြတ်အပ်ပြီ။
ယဿ၊ အကြင်အရဟတ္တဖိုလ်နိဗ္ဗာန်၏။
အတ္ထာယ၊ အကျိုးငှါ။
အဂါရသ္မာ၊ အိမ်ရာထောင်သော လူ၏ ဘောင်မှ။
အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်းဘောင်၌။
ပဗ္ဗဇိတော၊ ရဟန်းပြု၏။
မေမယာ၊ ငါသည်။
သောအတ္ထော၊ ထိုအရဟတ္တမဂ်ဟူသော အကျိုးကို။
အနုပ္ပတ္တော၊ ရပြီ။
သဗ္ဗသံယောဇနက္ခယော၊ အလုံးစုံသော သံယောဇဉ်တရားတို့ ၏ကုန်ခြင်းသို့။
အနုပ္ပတ္တော၊ ရောက်ပြီ။
ဣတိ၊ ဤသို့။
ရဋ္ဌပါလောထေရော၊ ရဋ္ဌပါလထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော နှစ်ဆဲ့ငါးဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ရဋ္ဌပါလထေရဂါထာ အနက်ပြီး၏။