အာဝုသော၊ ငါ့ရှင်တို့။
အဟံ၊ ငါသည်။
ယသဿိနော၊ ဣတိပိသောဘဂဝါ အရဟံ အစရှိသည်ဖြင့် နတ်နှင့်တကွသော လူ၌ဟုတ်မှတ်သော အတိုင်းပြန့်နှံသော ကျော်စောခြင်းရှိတော်မူထသော။
ဂေါတမဿ၊ ဂါတမနွယ်ဖြစ်တော်မူသောဘုရားမြတ်စွာ၏။
ပါဋိဟိရာနိ၊ နဂါမင်းကို ဆုံးမခြင်းစသော သုံးထောင်ငါးရာသော တန်ခိုးပြာဋိဟာတို့ကို။
ဒိသွာန၊ မြင်ရသောကြော်င့။
ယာဝ၊ ကြင်မျှလောက်။
အရဟတ္တသမ္မာပန္နော၊ အရဟတ္တဖိုလ်သို့ရောက်သည်။
နဟောတိ၊ မဖြစ်သေး။
နတဇ္ဇေသိ၊ မခြိမ်းခြောက်သေး။
တာဝ၊ ထိုမျှလောက်။
အဟံ၊ ငါသည်။
ဣဿာ၊ ဤရဟန်းကြီး၏ တပြည့်အဖြစ်သို့ ရောက်ချေသော်ငါ့အား လတ်နည်းလတ္တံ့ရဟန်းကြီးလတ်များလတ်တံ့ဟု ငြူစူသောအားဖြင့်။
မာနေနစ၊ အမှူးအကြီးဟု လူတို့သမုတ်အပ်၏ ဤသို့ အစရှိသည်ဖြင့် ထောင်လွှားခြင်း လက္ခဏာရှိသော မာန်သည်။
ဝဉ္စိတော၊ လှည့်ပတ်အပ်သည်ဖြစ်၍။
ပဏိပါတံ၊ အရိုးအသေကိုးကွယ်ခြင်းကို။
နအကာသိ၊ မပြု။
မမ၊ ငါ၏။
သင်္ကပ္ပံ၊ မှားသော အကြံကို။
အညာယ၊ သိတော်မူ၍။
နရသာရသိ၊ လူနတ်တို့ကို ယဉ်ကျေးအောင်ဆုံးမတော်မူတတ်သော မြတ်သော ရထားထိန်းသဘွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်။
စောဒေတိ၊ သင်ကား ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု မိမိကိုယ်ကို အောက်မေ့၏ စသည်ဖြင့် ငါအားနှိပ်တော်မူ၏။
မမ၊ ငါ၏။
သက်ပ္ပံ၊ မှားသော အကြံကို။
အညာယ၊ သိတော်မူ၍။
နရသာရသိ၊ လူနတ်တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်သော ရထားထိန်းသဘွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်။
စောဒေသိ၊ သင်ကား ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု မိမိကိုယ်ကို အောက်မေ့၏ စသည်ဖြင့် ငါ့အားနှိပ်တော်မူ၏။
တတော၊ ထိုနောင်မှ။
မေ၊ ငါ့အား။
သံဝေဂါ၊ မဖြစ်ဖူးမြဲသော ထိန်လန့်ခြင်းသည်လည်းကောင်း။
အဗ္ဘုတော၊ မဖြစ်ဖူးမြဲသော။
လောမဟံသနော၊ ကြက်သီးမွှေးညှင်းထခြင်းသည်လည်းကောင်း။
အာသိ၊ ဖြစ်လတ်၏။
ပုဗ္ဗေ၊ ရှေးအခါ၌။
ဇဋိလဘူတဿ၊ ရသေ့ဖြစ်သော။
မေမမ၊ ငါ့အား။
သိန္ဓိ၊ လာဘ်ပူဇော်သကာ၏ ပြည့်စုံခြင်းသည်။
ပရိတ္တိကာ၊ ပြီးစေအပ်၏။
တံ၊ ထိုလာဘ်ပူဇော်သကာပြီးခြင်းကို။
အဟံ၊ ငါသည်။
တဒါ၊ ထိုဘုရားမြတ်စွာအပြစ်တင်တော်မူသော အားဖြင့် ထိတ်လန့်ခြင်းဖြစ်သော ကာလ၌။
နိရံကတွာ၊ ပယ်စွန့်၍။
ဇိနသာသနေ၊ မြတ်စွာဘုရားသာသနာ၌။
ပဗ္ဗဇိံ၊ ရဟန်းပြုပြီ။
ပုဗ္ဗေ၊ ရှေးရသေ့ဖြစ်သောအခါ၌။
ကာမဓာတုံပုရက္ခတော၊ ကာမသုဂတိခုနစ် ဘုံကို အကြောင်းပြု၍ ဖြစ်သော တဏှဖြင့် ယစ်ပူဇော်သောလူအပေါင်းသည် ကာမလောကကို ပြည့်စေလျက်တည်သည်ဖြစ်၍။
ယညေန၊ ယစ်ပူဇော်သောကြောင့် နတ်ပြည်ချမ်းသာကို ခံစားရလတ္တံ့ဟူသော အကျိုးသည်ဖြစ်ပြီးငှါ စွမ်းနိုင်စွဟု ဖြစ်သော ယစ်၏ ပူဇော်ခြင်းဖြင့်။
သန္တုဋ္ဌော၊ ပြီးသော ကိစ္စရှိ၏ ဟုမှာတ်သော အားဖြင့် နှစ်သက်ခြင်းသည်။
အဟောသိ၊ ဖြစ်၏။
ပစ္ဆာ၊ ရသေ့ရဟန်း ပြုသည်မှ နောက်ဘုရား အဆုံးအမဖြင့်ရသေ့တို့၏ အယူကို ပယ်၍ စတုသစ္စာကမ္မဋ္ဌာန်းကို အားထုတ်သော ကာလ၌။
ရာဂဉ္စ၊ ရာဂကိုလည်းကောင်း။
ဒေါသဉ္စ၊ ဒေါသကိုလည်းကောင်း။
မောဟဉ္စာပိ၊ မောဟကိုလည်းကောင်း။
သမူဟနိ၊ မဂ်ဖြင့် အကြွင်းမဲ့ဖြတ်ပြီ။
ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေဘူးသော ခန္ဓာအစဉ်ကို။
ဇာနာမိ၊ သိ၏။
ဒိဗ္ဗစက္ခုံ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ကို။
ဝိသောဓိတံ၊ သုတ်သင်အပ်ပြီ။
ဣဒ္ဓိမာ၊ ဣဒ္ဓိဝိဓ အဘိညာဉ်နှင့်ပြည့်စုံသည်။
ပရစိတ္တညူ၊ သူတပါးစိတ်ကို ပိုင်းခြား၍ သိနိုင်စွမ်းသော စတောပရိယ အဘိညာဉ်နှင့် ပြည့်စုံသည်။
အသိ၊ ဖြစ်ပြီ။
ဒိဗ္ဗသောတဉ္စ၊ ဒိဗ္ဗသောတ အဘိညာဉ် သို့လည်း။
ပါပုဏိံ၊ ရောက်ပြီ။
ယဿ၊ အကြင်အရဟတ္တဖိုလ်၏။
အတ္ထာယ၊ အကျိုးငှါ။
အဂါရသ္မာ၊ အိမ်ရာထောင်သော လူ၏ဘောင်မှ။
အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်း၏ဘောင်၌။
ပဗ္ဗဇိတော၊ ရဟန်းပြုသည်။
အမှိ၊ ဖြစ်၏။
မေမယာ၊ ငါသည်။
သောအတ္ထော၊ ထိုအရဟတ္တဖိုလ်နိဗ္ဗာန်ဟူသော အကျိုးကို။
အနုပ္ပတ္တော၊ ရပြီ။
သဗ္ဗသံယောဇနက္ခယော၊ အလုံးစုံသော သံယောဇည်တို့၏ ကုန်ခြင်းကိုလည်း။
အနုပ္ပတ္တော၊ ရောက်ပြီ။
ဣတိ၊ ဤသို့။
ဥရုဝေလကဿပေါထေရော၊ ဥရုဝေလကဿပထေရ်သည်။
ဣမာဆဂါထာ၊ ဤခြောက်ဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဥရုဝေလကဿပထေရဂါထာ အနက်ပြီး၏။