Issues
Select Version
နိဿယ
မြန်မာဘာသာ
(DN)Sīlakkhandhavaggaabhinavaṭīkā
(DN)Sīlakkhandhavaggaabhinavaṭīkā

ဒုတိယဣဗ္ဘဝါဒဝဏ္ဏနာ

Author: နိဿယ @ IAPT

ဒုတိယဣဗ္ဘဝါဒဝဏ္ဏနာ

၂၆၅။ သန္ဓာဂါရပဒနိဗ္ဗစနံ၊ သန္ဓာဂါရပုဒ်၏ ဝိဂြိုလ်ကို။ ဟေဋ္ဌာ၊ အောက်၌။ ဝုတ္တမေဝ၊ ဆိုအပ်ပြီးသည်သာလျှင်တည်း။
တဒါ၊ ထိုအခါ၌။ အဘိသိတ္တသကျရာဇူနမ္ပိ၊ အဘိသိက်သွန်းအပ်ပြီးသော သာကီဝင်မင်းတို့၏လည်း။ ဗဟုတံ၊ များသည်၏အဖြစ်ကို။ သန္ဓာယ၊ ၍။ အဘိသိတ္တသကျရာဇာ‌နောတိ၊ ဟူ၍။ အာစရိယော၊ သည်။ အာဟ၊ ၏ ။
ဟိ သစ္စံ၊ ၏ ။ သကျရာဇကုလေ၊ သာကီဝင်မင်းမျိုး၌။ ယော၊ အကြင်သူသည်။ သဗ္ဗေသံ၊ တို့ထက်။ ဝုဒ္ဓတရော စ၊ ကြီးသည်လည်းကောင်း။ သမတ္ထော စ၊ တိုင်းပြည်ကို အုပ်ချုပ်ခြင်း၌ စွမ်းနိုင်သည် လည်းကောင်း။ ဟောတိ၊ ၏ ။ သော ဧဝ၊ ထိုသူသည်သာလျှင်။ အဘိသေကံ၊ အဘိသိက်ကို။ (နှာ-၂၅၃) ကာမဉ္စ လဘတိ၊ အကယ်၍ကား ရ၏ရှင့်။
ပန တထာပိ၊ သော်လည်း။ ဧကစ္စော၊ အချို့သောသူသည်။ အဘိသိတ္တော၊ အဘိသိက်သွန်းအပ်သည်။ သမာနော၊ ဖြစ်လျက်။ ဣဒံ ရဇ္ဇံ နာမ၊ ဤမင်းအဖြစ်မည်သည်။ ဗဟုကိစ္စံ၊ များသောကိစ္စရှိ၏ ။ ဗဟုဗျာပါရံ၊ များစွာသော ကြောင့်ကြဗျာပါရရှိ၏ ။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ တတော၊ ထိုမင်းအဖြစ်မှ။ နိဗ္ဗိဇ္ဇ၊ နုတ်ထွက်၍။ ရဇ္ဇံ၊ မင်း၏အဖြစ်ကို။ ဝယသာ၊ အရွယ်အားဖြင့်။ အနန္တရဿ၊ အခြားမရှိသောသူအား။ နိယျာတေတိ၊ ဆောက်နှင်း၏ (ဝါ) အပ်နှင်း၏ ။ ကဒါစိ၊ တစ်ရံတစ်ခါ။ သောပိ၊ ထိုအပ်နှင်းခြင်းကို ခံရသောမင်းသည်လည်း။ အညဿ၊ တစ်ပါးသောသူအား။ နိယျာတေတိ၊ ၏ ။ ဣတိ ဧဝံ၊ သို့။ ပရမ္ပနိယျာတနဝသေန၊ အဆက်ဆက် ဆောက်နှင်းသည်၏ အစွမ်းဖြင့်။ တဒါ၊ ၌။ ဗဟူ၊ များကုန်သော။ အဘိသိတ္တပုဗ္ဗာ၊ အဘိသိက်သွန်းဖူးကုန်သော။ သကျရာဇာနော၊ သာကီဝင်မင်းတို့သည်။ ဟောန္တိ၊ ကုန်၏ ။ ဣတိ၊ သို့။ ဣဒံ ဝစနံ၊ ကို။ အာစရိယဿ၊ အရှင်ဓမ္မပါလ ဋီကာဟောင်း ဆရာသည်။ အဘိမတံ၊ အလိုရှိအပ်၏ ။ (တစ်နည်း) ဣဒံ ဝစနံ၊ သည်။ အာစရိယဿ၊ ၏ ။ အဘိမတံ၊ အလိုတည်း (ဝါ) နှစ်အပ်သောအယူတည်း။
အပိစ အပရော နယော မယာ ဝုစ္စတော၊ (အနက်ပေးမြဲ) ။ ယထာရဟံ၊ စွာ။ ဌာနန္တရေသု၊ ရာထူးတို့၌။ အဘိသိတ္တသကျရာဇူနမ္ပိ၊ အဘိသိက်သွန်းအပ်ကုန်သော သာဝကီဝင်မင်းတို့၏လည်း။ ဗဟုကံ၊ ကို။ သန္ဓာယ၊ ၍။ ဧဝံ ဣဒံ ဝစနံ၊ ဤအဘိသိတ္တသကျရာဇာနော-ဟူသော စကားကို။ အာစရိယော၊ သည်။ အာဟ၊ ၏ ။ ဣတိပိ အတ္ထော၊ သည်လည်း။ ယုဇ္ဇိတိ၊ ၏ ။
ဟိ သစ္စံ၊ ၏ ။ တေ၊ ထိုသာကီဝင်မင်းတို့ကို။ ရာဇာနောတိ၊ ဟူ၍။ ဝစ္စန္တိ၊ ကုန်၏ ။
ယထာဟ၊ (ပေးမြဲ) ။
ရာဇာနော နာမ ပထဗျာရာဇာ။ ပ။ ဧတေ ရာဇာနော နာမာတိ၊ နာမဟူ၍။ ပါရာဇိကကဏ္ဍပါဠိယံ၊ ပါရာဇိကဏ်ပါဠိတော်၌။ ဘဂဝါ၊ သည်။ အာဟ၊ ၏ ။ (အနက်ကား) ရာဇာနော နာမ၊ မင်းတို့မည်သည်ကား။ ပထဗျာရာဇာ၊ လေးကျွန်းလုံး မြေအပြင်ကို အစိုးရသော စကြာမင်း, တစ်ကျွန်းလုံး မြေအပြင်ကို အစိုးရသော ဧကရာဇ်မင်းသည်လည်းကောင်း။ ပဒေသရာဇာ၊ တစ်ကျွန်း၏ တစ်စိတ်သောအရပ်ကို အစိုးရသော မင်းသည်လည်းကောင်း။ မဏ္ဍလိကာ၊ ကျွန်းတစ်စိတ်အရပ်တွင် တစ်ခုတစ်ခုသော အရပ်အဝန်းကိုသုံးဆောင်ခံစားရသော မင်းတို့သည်လည်းကောင်း။ အန္တရဘောဂိကာ၊ မင်းနှစ်ယောက်တို့၏ အကြား၌ နှစ်ရွာသုံးရွာကို အစိုးရသော မင်းတို့သည်လည်းကောင်း (ဝါ) တိုင်း ကြပ်ရွာစားမင်းတို့သည်လည်းကောင်း (ဝါ) နယ်ကြားဝန်တို့သည်လည်းကောင်း။ အက္ခဒဿာ၊ တရားဆုံးဖြတ်တတ်ကုန်သော တရားသူကြီးတို့သည်လည်းကောင်း။ မဟာမတ္ထာ၊ အမတ်ကြီးတို့သည်လည်း‌ကောင်း။ ရာဇာနော နာမ၊ ကုန်၏ ။ (တစ်နည်း) အတ္ထိ သန္တိ၊ ရှိကုန်၏ ။ ဝါ ပန၊ တစ်နည်းသော်ကား။ ယေ၊ အကြင်ရာထူးသို့ရောက်ကုန်သော သူတို့သည်။ ဆေဇ္ဇဘေဇ္ဇံ၊ လက်ခြေကိုဖြတ်ခြင်း, ဝမ်းကိုဖောက်ခွဲခြင်းကို။ ကရောန္တာ၊ ပြုကုန်သည်ဖြစ်၍။ အနုသာသန္တိ၊ ဆုံးမကုန်၏ ။ ဧတေ သဗ္ဗေ၊ ထိုအလုံးစုံသော သူတို့သည်။ ရာဇာနော နာမ၊ မင်းတို့မည်ကုန်၏ ။
သံဟာရိမေဟိ၊ ပြောင်းရွှေ့ခြင်းငှာ ထိုက်တန်ကုန်သော (သံဟရိတုံ အရဟတီတိ သံဟာရိမော- ဟု ဝစနတ္ထပြု) ။ ဝါဠရူပေတိ၊ သားရဲရုပ်တို့ဖြင့်။ ကတော၊ ပြုအပ်သောညောင်စောင်းသည်။ ပလ္လင်င်္ကော၊ ပလ္လင်မည်၏ ။ ဘဒ္ဒပီဌံ၊ ကြိမ်ဖြင့်ခက်သော အင်းပျဉ်သည်။ ဝေတ္တာသနံ၊ မည်၏ ။
မိဟိတမတ္တံ၊ ပြုံးကာမျှသည်။ ဟသိတမတ္တံ၊ မည်၏ ။
အနုဟသန္တီတိ၊ ကား။ မမ၊ ငါ့အား။ ဥဒ္ဒေသိကံ၊ ရည်ညွှန်းအပ်သော (ဝါ) ရည်ညွှန်းသည်ကိုပြု၍။ မဟာဟသိတံ၊ ပြင်းထန်စွာ ရယ်မောသည်ကို။ ကရောန္တိ၊ ပြုကုန်၏ ။ ဟိ သစ္စံ၊ ၏ ။ ဣဒံ ပဒံ၊ ဤအနုဟသန္တိ- ဟူသော ပုဒ်သည်။ အနုဇဂ္ဃန္တာတိ ဧတဿ၊ အနုဇဂ္ဃန္တာ- ဟူသောပုဒ်၏ ။ သံဝဏ္ဏနာပဒံ၊ သံဝဏ္ဏနာပုဒ်တည်း။
စ၊ ဆက်ဦးအံ့။ ဇဂ္ဃသဒ္ဒေါ၊ သည်။ မဟာဟသနေ၊ ကျယ်စွာရယ်ခြင်း၌ (ဝါ) ပြင်းစွာရယ်ခြင်း၌။ ပဝတ္တတိ၊ ၏ ။ ကိံ သုဝိယ၊ အဘယ်ပါဌ်တို့၌ ကဲ့သို့နည်းဟူမူကား။ န ဥဇ္ဇဂ္ဃိကာယ အန္တရဃရေဂမိဿာမီတိအာဒီသု ဝိယ၊ တို့၌ကဲ့သို့တည်း။
ကဏှာယနတော၊ ကဏှာယနအနွယ်မှ။ ပဋ္ဌာယ၊ စ၍။ ပရမ္ပရာဂတံ၊ အဆက်ဆက်မှလာသော။ ကုလဝံသံ၊ အမျိုးအနွယ်ကို။ အနုဿဝဝသေန၊ အဆင့်ကြားသည်၏အစွမ်းဖြင့်။ ဇာနန္တိ၊ သိကုန်၏ ။
ဟိ သစ္စံ၊ ၏ ။ ကုလာဘိမာနိနော၊ အမျိုး၌ မာန်ရှိကုန်သောသူတို့သည်။ ယေဘုယျေန၊ များသောအားဖြင့်။ ပရေသံ၊ သူတစ်ပါးတို့၏ ။ ဥစ္စာဝစံ၊ အမြတ်အယုတ်ဖြစ်သော။ ကုလံ၊ အမျိုးကို။ တထာ တထာ၊ ထိုထိုသို့သော အခြင်းအရာအားဖြင့်။ ဥဒါဟရန္တိ၊ ထုတ်ဆောင်ကုန်၏ ။ အတ္တနော စ၊ မိမိ၏လည်း။ ကုလဝံသံ၊ အမျိုးအနွယ်ကို။ ဇာနန္တိ၊ ကုန်၏ ။ ဧဝံ၊ သို့ (ဝါ) ဤအတူ။ အမ္ဗဋ္ဌောပိ၊ သည်လည်း။ အတ္တနော၊ ၏ ။ ကုလဝံသံ၊ ကို။ ဇာနာတိ၊ ၏ ။ တထာ ဟိ တတော ဧဝ၊ ထိုသို့ မိမိ အမျိုးအနွယ်ကိုသိသောကြောင့်သာလျှင်။ ဧသ ဧသော အမ္ဗဋ္ဌော၊ သည်။ ပရတော၊ နောက်မှ။ ဘဂဝတာ၊ သည်။ ပုစ္ဆိတော၊ မေးတော်မူအပ်သည်ဖြစ်၍။ ဝဇိရပါဏိဘယေန၊ ဝရဇိန်လက်နက်၌ရှိသော ဘီလူးကိုကြောက်သောကြောင့်။ အတ္တနော၊ ၏ ။ ကုလဝံသံ၊ ကို။ ယာထာဝတော၊ ဟုတ်မှန်သောအားဖြင့်။ ကထေသိ၊ ဆိုပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ ၏ ။
ဩလမ္ဗေတွာတိ၊ ကား။ ဟတ္ထိသောဏ္ဍသဏ္ဌာနာဒိနာ၊ ဆင်နှာမောင်းသဏ္ဌာန် အစရှိသည်ဖြင့်။ သာဋကံ၊ ဝတ်ဆည်းသော ပုဆိုးကို။ အဝလမ္ဗေတွာ၊ တွဲရရွဲဆွဲ၍။
တ‌တောတိ၊ ကား။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ ဇာနနတော စ၊ သိသောကြောင့်လည်းကောင်း။ ဂမနတော စ၊ သွားခြင်းကြောင့်လည်းကောင်း။
မမညေဝ မညေတိ၊ ကား။ မမမေဝ၊ ငါ့ကိုသာလျှင်။ ဥဒ္ဒိဿ၊ ရည်ရွယ်၍ (ထည့်)။ အနုဇဂ္ဃန္တာ မညေ၊ ရယ်ကုန်ရောင်တကား။