သာ ဝိပဿနာ၊ ထိုဝိပဿနာကို။ (ဝိဘာဝိတာ၌စပ်)။ နေဝသညာနာသညာယတနံ၊ ဝေနသညာနာသညာယတနဈာန်ကို။ ထပေတွာ၊ ၍။ အဝသေသ ရူပါရူပါဇ္ဈာနာနံ၊ ကြွင်းသော ရူပ် အရူပဈဈာန်တို့တွင်။ အညတရတော၊ တစ်ပါးပါးသော ဈာန်မှ။ ဝုဋ္ဌာယ၊ ထ၍။ ဣတိ အာဒိနာ၊ ဤသို့ အစရှိသည်ဖြင့်။ အနေကဓာ စ၊ တစ်ပါးမက များသောအပြားအားဖြင့် လည်းကောင်း။ အရူပမုခဝသေန၊ အရူပကို အဦးပြုသည်၏ အစွမ်းဖြင့်။ စတုဓာတုဝဝတ္ထာနေ၊ ဓာတ်လေးပါးကို ဉာဏ်ဖြင့် ဆုံးဖြတ်ပိုင်းခြားခြင်း၌။
မှတ်ချက်။ ။ ဤအရာ၌ ဝတ္တတ္တာနသဒ္ဒါသည် မှတ်ခြင်း သလ္ကက္ခဏ အနက်ကို မဟော။ သန္နိဋ္ဌာနဝိနိစ္ဆယ အနက်ကို ဟော၏။ ထို့ကြောင့် ဝိသုဒ္ဓိမဂ်၌ ဝတ္တတ္တာနန္တိ သဘာဝူပလက္ခဏဝသေန သန္နိဋ္ဌာနံ ဟု ဖွင့်၏။ ၎င်းဋီကာ၌လည်း သန္နီဋ္ဌာနန္တိဉာဏဝိနိစ္ဆယောဝေဒိ တဗ္ဗော၊ န ယေဝါပန ကဝိနိစ္ဆယော နာပိ ဝိတက္ကာဒိဝိနိစ္ဆယောဟု ဖွင့်၏။ ထိုကြေင့် ဉာဏ်ဖြင့် ဆုံးဖြတ် ပိုင်းခြားခြင်း၌ ဟု ယောဇနာသည်။
(တစ်နည်း) စတုဓာတုဝဝတ္ထာနေ၊ စတုဓာတု ဝဝတ္ထာန်ကမ္မဋ္ဌာန်း၌။ ဝုတ္တာနံ၊ ကုန်သော။ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ၊ ထိုထိုဓာတ်ကို သိမ်းဆည်း ခြင်းလျှင်အဦးရှိကုန်သော။ ဝိပဿနာနဉ္စ၊ ဝိပဿနာတို့တွင်လည်း။ အညတရမုခဝသေန၊ တစ်ပါးပါးကို အဦးပြုသည်၏ အစွမ်းဖြင့်။ အနေကဓာစ၊ တစ်ပါးမက များသော အပြားအားဖြင့်လည်းကောင်း။ ဝိသုဒ္ဓိမဂ္ဂေ၊ ၌။ နာနာနယတော၊ အထူးထူးသော နည်းအားဖြင့်။ ဝိဘာဝိတာ၊ ထင်စွာပြအပ်၏။ ပန၊ အထူးကို ဆိုဦးအံ့။ မဟာဗောဓိသတ္တာနံ၊ မြတ်သော ဘုရားလောင်းတို့အား။ စတုဝီသတိကောဋီသတသဟဿမုခေန၊ ကုဋေနှစ်ဆယ်လေးသန်းကို အဦးပြုသဖြင့်။ ပဘေဒဂမနတာ၊ အပြားသို့ ရောက်ခြင်းကြောင့်။ နာနာနယံ၊ အထူးထူးသော အနည်းရှိသော။ သဗ္ဗညုတဉာဏသန္တိဿယဿ၊ ၏။ အရိယမဂ္ဂဉာဏဿ၊ ဉာဏ်၏။ အဓိဋ္ဌာနဘူတံ၊ တည်ရာဖြစ်၍ဖြစ်သော။ ပုဗ္ဗဘာဂဉာဏံ၊ မဂ်ရှေးအဖို့၌ဖြစ်သော ဉာဏ်ဟု ဆိုအပ်သော။ ဂဗ္ဘံ၊ တိုက်ကို။ ဂဏှာပေန္တံ၊ ယူစေတတ်သော။ ပရိပါကံ၊ ရင့်ခြင်းသို့။ ဂစ္ဆန္တံ၊ ရောက်သော။ အပရမဂမ္ဘီရံ၊ အလွန်နက်နဲသော။ သဏှသုခုမတရံ၊ အလွန်သိမ်မွေ့သော။ အနညအသဝဓာရဏံ၊ ပစ္စေကဗုဒ္ဓါ သာဝကတို့နှင့် မဆက်ဆံသော။ ဝိပဿနာဉာဏံ၊ သည်။ ဟောတိ၊ ၏။ အယံ၊ အကြင်ဝိပဿနာဉာဏ်ကို။ အဋ္ဌကထာသု၊ တို့၌။ မဟာဝဇိရဉာဏန္တိ၊ ဟူ၍ (ဝါ) ဝရဇိန်လက်နက် မိုးကြိုးစက်နှင့်တူသော ဉာဏ်းဟူ၍။ ဝုစ္စတိ၊ ၏။ စ၊ ထိုမှတစ်ပါး။ ယဿ ဘဂဝတော၊ အား။ ပဝတ္တိဝိဘာဂေန၊ ဖြစ်ခြင်းကို ဝေဖန်သော အားဖြင့်။ စတုဝီသတိကောဋိသတသဟဿပ္ပဘေဒဿ၊ ကုဋေနှစ်ဆယ်လေးသန်း အပြားရှိသော ။ ဝိပဿနာဉာဏဿ၊ ၏။ (ထည့်)။ ပါဒကဘာဝေန၊ အခြေ၏ အဖြစ်ဖြင့်။ သမာပဇ္ဇိယမာနာ၊ ဝင်စားအပ်ကုန်သော။ စတုဝီသတိကောဋိသတသဟဿသင်္ခါ၊ ကုဋေ နှစ်ဆယ့်လေးသန်းဟု ဆိုအပ်ကုန်သော။ ဒေဝသိကံ၊ နေ့တိုင်းနေ့တိုင်း။ သတ္ထု၊ မြတ်စွာဘုရား၏။ ဝဠဉ္စနသမာပတ္တိယော၊ သုံးဆောင်တော်မူသော သမာသတ်တို့ဟူ၍။ ဝုစ္စန္တိ၊ ကုန်၏။
ဟိ သစ္စံ၊ ၏။ ပတိဋ္ဌာ၊ တည်ခြင်းတို့သည်။ ပရိညာမူလိကာ၊ ခန္ဓာတို့ကိုပိုင်းခြား၍ သိခြင်းလျှင် အကြောင်းမူလရှိကုန်၏ ။ (တစ်နည်း) ပရိညာမူလိကာ၊ ခန္ဓာတို့ကို ပိုင်းခြား၍ သိခြင်းလျှင် အကြောင်းမူလရှိကုန်သော။ ပတိဋ္ဌာ၊ တည်ခြင်း တို့သည်။ ဟောန္တိ၊ ကုန်၏။ ပန၊ ဗျတိရိက်ကိုဆိုဦးအံ့။ တဒဘာဝတော၊ ထိုပရိညာမူလမရှိသည်၏ အဖြစ်ကြောင့်။ အပ္ပတိဋ္ဌာဘာဝေါ၊ တည်ရာမရှိသည်၏ အဖြစ်သည်။ ဟောတိ၊ ၏။
မှတ်ချက်။ ။ ဋီကာဟောင်း၌ အပရိညာမူလိကာ ဟိ ပတိဋ္ဌာ ဟူ၍ ပါဌ်ရှိ၏။ ဝိနည်းသာရတ္ထဒီပနီဋီကာ၌လည်း အပ၇◌ိညာတမူလကာ ဟိ ပတိဋ္ဌာ ဟူ၍ ပါဌ်ရှိ၏။ ဤဋီကာသစ်၌ ပရိညာမူလိကာ ဟိ ပတိဋ္ဌာ ၊ တဒဘာဝတော ပန အပ္ပတိဋ္ဌာဘာဝေါ ဟူ၍ ပါဌ်ရှိ၏။ အဋ္ဌကထာ၌ ဣမေ ပန ပဉ္စက္ခန္ဓာ ပရိညာတာ တိဋ္ဌန္တိ ဆိနနမူလကာ ရုက္ခာ ဝိယ ဟူသော ပါဌ်ဖြင့် အမြစ်ပြတ်သော သစ်ပင်သည် အမြစ်ပင် မရှိသော်လည်း ကြီးပွားခြင်းမရှိတည်သေး၏ သို့။ ထို့အတူ ဤခန္ဓာတို့သည် ပိုင်းခြား၍ သိအပ်ပြီးသည်ဖြစ်၍ အမြစ်နင့်တူသော ခန္ဓာဖြစ်ခြင်း၏ အကြောင်းဖြစ်သော အဝိဇ္ဇာ, တဏှာ , ကံ, ကိလေသာတည်းဟူသော မူလအကြောင်းပင် မရှိသော်လည်း နောင်ဘဝ၌ ပဋိသန္ဓေဖြစ်အောင် ဝတ္ထုအာရုံ ကြီးပွားခြင်း မရှိဘဲ တည်ကုန်သေး၏ ဟူသော အဓိပ္ပါယ်ကို ပြတော်မူသည်။ ဤသို့သော အဓိပ္ပါယ်ကို ယူသင့်သောကြောင့်ပ၇◌ိညာမူလိကာ ဟိ ပတိဋ္ဌာ။ အပရိညာတမူလကာဟိ ပတိဋ္ဌာ ဟူသော ဋီကာ ဟောင်း ဝိနည်းဋီကာပါဌ်တို့သည်သာလျှင် သင်မြတ်သကဲ့သို့ ထင်ရပေ၏။ သို့သော် ပရိညာမူလိကာ ဟိ ပတိဋ္ဌာ ဟူသော ဋီကာသစ်၏ အနွယ စကားသည်။ ဣဗမ ပန ပဉ္စက္ခန္ဓာ ပရိညာတာ တိဋ္ဌန္တိ ဟူသော အဋ္ဌကထာစကားနှင့် သင့်လျော် ညီညွတ်စွာပြပြီး၍ တဒတာဝတာ ပန အပ္ပတိဋ္ဌာဘာဝေါဟူသော ဗျတိရေကဝါကျကို တစ်ဖန် အားထုတ်ပြန်သော ကြောင့် ဋီကာ သုံးစောင်ပြသော စကားသည် အချင်းချင်း အဓိပ္ပါယ်နှီးနှောညီညွတ်ကြ၏ ဟု မှတ်သင့်ပေသည်။