Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Pañcakanipāta-aṭṭhakathā
Pañcakanipāta-aṭṭhakathā

5-6. Patthanāsuttadvayavaṇṇanā

Author: miuthi-မိုးထိ @ IAPT

ပဉ္စမေ၊ ငါးခုမြောက်သောသုတ်၌။ နေဂမဇာနပဒဿာတိ၊ နေဂမဇာနပဒဿဟူသည်ကား။ နိဂမဝါသိနောစ၊ နိဂုံး၌နေလေ့ရှိသည်လည်းဖြစ်သော။ ရဋ္ဌဝါသိနောစ၊ တိုင်း၌နေလေ့ရှိသည်လည်းဖြစ်သော။ ဇနဿ၊ လူအပေါင်းသည်။
ဟတ္ထိသ္မိန္တိအာဒီဟိ၊ ဟတ္ထိသ္မိံဤသို့အစရှိသည်တို့ဖြင့်။ ဟတ္ထိအဿရထဓနုလေခါမုဒ္ဒါဂဏနာဒီဟိ၊ ဆင်အတတ် မြင်းအတတ် ရထားအတတ် လေးအတတ် စာရေးအတတ် လက်ဆစ်ချိုးရေတွက်သောအတတ် ဂဏန်းအတတ်အစရှိကုန်သော။ သောဠသ၊ တစ်ဆယ့်ခြောက်ပါးကုန်သော။ မဟာသိပ္ပါနိ၊ အတတ်ကြီးတို့ကို။ ဒဿိတာနိ၊ ပြအပ်ကုန်၏။
အနဝယောတိ၊ အနပယောဟူသည်ကား။ သမတ္ထော၊ စွမ်းနိုင်၏။ ပရိပုဏ္ဏော၊ ပြည့်စုံ၏။
ဧတ္ထ၊ ဤပဉ္စမသုတ်၌။ သေသံ၊ ကြွင်းသောစကားရပ်ကို။ ဟေဋ္ဌာ၊ အောက်၌။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင်။ ဝေဒိတဗ္ဗံ၊ သိအပ်၏။
ဆဋ္ဌေပိ၊ ခြောက်ခုမြောက်သောသုတ်၌လည်း။ ဥပရဇ္ဇန္တိ၊ ဥပရဇ္ဇံဟူသည်ကား။ ဥပရာဇဘာဝံ၊ အိမ်ရှေ့မင်း၏အဖြစ်ကို။