Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Pañcakanipāta-aṭṭhakathā
Pañcakanipāta-aṭṭhakathā

2. Dutiyacetovimuttiphalasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

ဒုတိယေ၊ နှစ်ခုမြောက်သောသုတ်၌။ အနိစ္စသညာတိ၊ အနိစ္စသညာဟူသည်ကား။ ခန္ဓပဉ္စကံ၊ ဥပါဒါနက္ခန္ဓာငါးပါးအပေါင်းသည်။ ဟုတွာ၊ ဖြစ်ပြီး၍။ အဘာဝါကာရေန၊ မရှိခြင်းဟူသောအခြင်းအရာဖြင့်။ အနိစ္စံ၊ အနိစ္စမည်၏။ ဣတိ၊ ဤသို့။ ဥပ္ပန္နသညာ၊ ဖြစ်သောသညာသည်။
အနိစ္စေဒုက္ခသညာတိ၊ အနိစ္စဒုက္ခသညာဟူသည်ကား။ ယံ၊ အကြင်ဥပါဒါနက္ခန္ဓာငါးပါးအပေါင်းသည်။ အနိစ္စံ၊ အနိစ္စမည်၏။ တံ၊ ထိုအနိစ္စဖြစ်သောဥပါဒါနက္ခန္ဓာငါးပါးအပေါင်းသည်။ ပဋိပီဠနာကာရေန၊ ဖြစ်ခြင်းပျက်ခြင်းတို့ဖြင့်နှိပ်စက်ခြင်းဟူသောအခြင်းအရာဖြင့်။ ဒုက္ခံ၊ ဒုက္ခမည်၏။ ဣတိ၊ ဤသို့။ ဥပ္ပဇ္ဇနသညာ၊ ဖြစ်သောသညာသည်။
ဒုက္ခေအနတ္တသညာတိ၊ ဒုက္ခအနတ္တသညာဟူသည်ကား။ ယံ၊ အကြင်ဥပါဒါနက္ခန္ဓာငါးပါးအပေါင်းသည်။ ဒုက္ခံ၊ ဒုက္ခမည်၏။ တံ၊ ထိုဒုက္ခဖြစ်သောဥပါဒါနက္ခန္ဓာငါးပါးအပေါင်းသည်။ အဝသဝတ္တနာကာရေန၊ အလိုသို့မလိုက်ခြင်းဟူသောအခြင်းအရာဖြင့်။ အနတ္တာ၊ အနတ္တမည်၏။ ဣတိ၊ ဤသို့။ ဥပ္ပဇ္ဇနသညာ၊ ဖြစ်သောသညာတည်း။
သေသံ၊ ကြွင်းသောစကားရပ်သည်။ ဟေဋ္ဌာ၊ အောက်၌။ ဝုတ္တနယမေဝ၊ ဆိုအပ်ပြီးသောနည်းရှိသည်သာလျှင်တည်း။
ဒွီသုပိ၊ နှစ်ပါးလည်းဖြစ်ကုန်သော။ ဣမေသုပနသုတ္တေသု၊ ဤသုတ်တို့၌။ ဝိပဿနာဗလံနာမ၊ ဝိပဿနာတည်းဟူသောအစွမ်းမည်သည်ကို။ ကထိတံ၊ ဟောအပ်၏။ ဣတိ၊ ဤသည်လျှင်ဒုတိယသုတ်အပြီးတည်း။