Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Pañcakanipāta-aṭṭhakathā
Pañcakanipāta-aṭṭhakathā

2. Dutiyacakkānuvattanasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

ဒုတိယ၊ နှစ်ခုမြောက်သောသုတ်၌။ ပိတရာပဝတ္တိတံစက္ကန္တိ၊ ပိတရာပဝတ္တိတံစက္ကံဟူသည်ကား။ စက္ကဝတ္တိမှိ၊ စကြာဝတေးမင်းသည်။ ပဗ္ဗဇိတေဝါ၊ ရဟန်းပြုသော်လည်းကောင်း။ ကာလင်္ကတေဝါ၊ သေလွန်သော်လည်းကောင်း။ စက္ကရတနံ၊ စကြာရတနာသည်။ သတ္တာဟမတ္တံ၊ ခုနစ်ရက်မျှ။ ဌတွာ၊ တည်၍။ အန္တရဓာယတိ၊ ကွယ်ပျောက်၏။ ဧသဧသော၊ ဤစကြာဝတေးမင်း၏သားကြီးသည်။ ကထံ၊ အဘယ်သို့လျှင်။ တံ၊ ထိုအဘစကြာဝတေးမင်းသည်ဖြစ်စေအပ်သောစကြာရတနာကို။ အနုပတ္တေတိနာမ၊ တဖန်ဖြစ်စေအပ်သည်မည်သနည်း။
ပိတု၊ အဘ၏။ ပဝေဏိယံ၊ အစည်အဆက်၌။ ဌတွာ၊ တည်၍။ စက္ကဝတ္တိဝတ္တံ၊ စကြာမင်း၏အဖြစ်ကိုဆောင်တတ်သောဆယ်ပါးသောအကျင့်ဝတ်ကို။ ပူရေတွာ၊ ပြည့်စေ၍။ စက္ကဝတ္တိရဇ္ဇံ၊ စကြာဝတေးမင်း၏အဖြစ်ကို။ ကရောန္တောပိ၊ ပြုသော်လည်း။ ပိတရာ၊ အဘသည်။ ပဝတ္တိတမေဝ၊ ဖြစ်စေအပ်သောစကြာရတနာကိုသာလျှင်။ အနုပဝတ္တေတိနာမ၊ တဖန်ဖြစ်စေသည်မည်၏။