Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Vibhaṅga-mūlaṭīkā
Vibhaṅga-mūlaṭīkā

1. Abhidhammabhājanīyavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၇ဝ၃။ ပတိဋ္ဌာနဋ္ဌေနာတိ၊ ကား။ သမ္ပယောဂဝသေန၊ သမ္ပယောဂ၏ အဖြစ်ဖြင့်၎င်း။ ဥပနိဿယဝသေနစ၊ ပကတူပနိဿယ၏အဖြစ်ဖြင့်၎င်း။ ဩကာသဘာဝေန၊ တည်ရာ၏အဖြစ်ကြောင့်။ (“ပဒံ၊ မည်၏” ၌စပ်။) [အချို့ အကုသိုလ်တရားတို့သည် ပါဏာတိပါတ စသော စေတနာနှင့် သမ္ပယုတ် ဖြစ်ကြ၏။ သမ္ပယုတ်ဖြစ်လျှင် သဟဇာတနိဿယ ပစ္စယသတ္တိဖြင့် တည်ရာဖြစ်နိုင်၏။ အချို့ အကုသိုလ်တရားတို့ကား ပါဏာတိပါတ စသည်တို့၏ ဥပနိဿယ ဖြစ်၏။ ဥပမာ- အပျိုတယောက်ကို အတူလှည့်ရာဝယ် ပြိုင်ဘက်ကိုသတ်ခြင်း စသည်မျိုးတည်း။ ထိုသို့ ပကတူပနိဿယဖြစ်လျှင်လည်း စေတနာ၏တည်ရာအကြောင်းပင်တည်း။]
ပိဋ္ဌ။ ပေ။ နာနာသမ္ဘာရေ၊ မုန့်မှုန့်, မုန့်, ထမင်း, တစေးအမျိုးမျိုးသော အဆောက်အဦတို့ကို။ ပက္ခိပိတွာ၊ ထည့်၍။ မဒ္ဒိတွာ၊ ရေဖြင့်နယ်၍။ ကတာ၊ ပြုအပ်သော သေရည်သည်။ သုရာ နာမ၊ မည်၏။
မဓုကာဒိပုပ္ဖ။ ပေ။ နာနာသမ္ဘာရာနံ၊ သစ်မည်စည် အစရှိသောအပွင့်, ပိန္နဲသီး အစရှိသော အသီး, ကြံ, သပျစ် အစရှိသော အရည် အမျိုးမျိုးသော အဆောက်အဦတို့၏။ ရသာ၊ အရည်တို့သည်။ စိရပရိဝါသိတာ၊ ကြာမြင့်စွာ ထုံအပ်ကုန်သည်။ (သမာနာ၊ ကုန်လသော်။) မေရယံ နာမ၊ မည်၏။ အာသဝေါ၊ အရက်တည်း။ ဣတိအတ္ထော။