နာမရူပ ပရိစ္ဆေဒကထာ၊ နာမ်တရား, ရုပ်တရားကို ပိုင်းခြားကြောင်း ဖြစ်သော စကားသည်။
အဘိဓမ္မကထာ၊ အဘိဓမ္မကထာတည်း
ဣတိ၊ ကြောင့်။
သုတ္တန္တေဝိယ၊ သုတ္တန္တဘာဇနီယ၌ကဲ့သို့။
ပစ္စယယုဂဠဝသေန၊ စက္ခုဝိညာဏ် အစရှိသည်တို့၏ အကြောင်းဖြစ်သော ဒွါရအာရုံ အစုံ၏ အဖြစ်ဖြင့်။
အကထေတွာ၊ ဟောတော်မမူဘဲ။
အဇ္ဈတ္တိကဗာဟိရဝသေန၊ အဇ္ဈတ္တိကာယတန, ဗာဟိရာ ယတနတို့၏ အဖြစ်ဖြင့်။
အဘိညေယျာနိ၊ ထူးသော ဉာဏ်ဖြင့် သိထိုက်ကုန်သော။
အာယတနာနိ၊ အဇ္ဈတ္တိကာယတန, ဗာဟိရာယတနတို့ကို။
အဗ္ဗောကာရတော၊ မရောယှက်သော အားဖြင့်။
အဘိဓမ္မဘာဇနီယေ၊ အဘိဓမ္မဘာဇနီယနည်း၌။
ကထိတာနိ၊ ဟောတော်မူအပ်ကုန်ပြီ။
အာဂမ္မာတိ (ပဒဿ)၊ ဟူသော ပုဒ်၏။
သဗ္ဗသင်္ခါရေဟိ၊ အလုံးစုံသော သင်္ခါရတို့မှ။
နိဗ္ဗိန္ဒဿ၊ ငြီးငွေ့သော။
ဝိသင်္ခါရနိန္နဿ၊ သင်္ခါရတို့၏ ကင်းရာနိဗ္ဗာန်သို့ ကိုင်းညွတ်သော။
ဂေါတြဘုနာ၊ ဂေါတြဘုဉာဏ်ဖြင့်။
ဝိဝဋ္ဋိတမာနသဿ၊ သင်္ခါရတို့မှ ဆုတ်နစ်စေအပ်ပြီးသော စိတ်ရှိသော ယောဂီ ပုဂ္ဂိုလ်၏။
မဂ္ဂေန၊ မဂ်ဖြင့်။
သစ္ဆိကရဏေန၊ မျက်မှောက်ပြုခြင်းကြောင့်။
ဣတိ အတ္ထော၊ နက်။
ဟိ၊ မှန်။
သစ္ဆိကိရိယမာနံ၊ မျက်မှောက်ပြုအပ်သော။
တံ၊ ထို နိဗ္ဗာန်ကို။
အဓိဂန္တွာ၊ သိရ၍။
အာရမ္မဏပစ္စယဘူတံ၊ အာရမ္မဏ ပစ္စည်း ဖြစ်၍ ဖြစ်သော နိဗ္ဗာန်ကို။
ပဋိိစ္စ စ၊ ရှေးရှုရောက်၍၎င်း။
ဝါ၊ စွဲမှီ၍၎င်း။
(ပတိဋ္ဌာယနှင့်တွဲ။)
အဓိပတိပစ္စယဘူတေ စ၊ အာရမ္မဏာဓိပတိ ပစ္စည်း ဖြစ်၍လည်း ဖြစ်သော။
(ပတိဋ္ဌာနဘူတေနှင့်တွဲ)။
ပရမဿာသဘာဝေန၊ အလွန်သက်သာရာရသည်၏ အဖြစ်ကြောင့်။
ဝိနိမုတ္တသင်္ခါရဿ၊ လွတ်ပြီးသော သင်္ခါရရှိသော ယောဂီ ပုဂ္ဂိုလ်၏။
ဂတိဘာဝေန၊ လည်းလျောင်းရာ၏ အဖြစ်ဖြင့်။
ပတိဋ္ဌာနဘူတေ စ၊ တည်ရာဖြစ်၍လည်း ဖြစ်သော။
(တမှိ၊ ထို နိဗ္ဗာန်၌)။
ပတိဋ္ဌာယ စ၊ တည်၍၎င်း။
[နိဗ္ဗာန်သည် နိရယ စသော ဂတိ ၅ ပါးမှ အလွတ်ဖြစ်သော်လည်း ရဟန္တာများအတွက်ကား ဂတိအထူး ဖြစ်၍ နေ၏။ ထို့ကြောင့် "ဂတိဘာဝေန စ" ဟု ဆိုသည်။]
ခယ သင်္ခါတော၊ ခယဟု ဆိုအပ်သော။
မဂ္ဂေါ၊ မဂ်သည်။
ရာဂါဒယော၊ ရာဂ အစရှိသော ကိလေသာတို့ကို။
ခေပေတိ၊ ကုန်စေ၏။
ဣတိ၊ ကြောင့်။
တံ သစ္ဆိက ရဏာဘာဝေ၊ ထို နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၏ မရှိခြင်းသည်။
(သတိ၊ သော်)။
ရာဂါဒီနံ၊ ရာဂ အစရှိသော ကိလေသာတို့၏။
အနုပ္ပတ္တိနိရောဓ ဂမနာဘာဝါ၊ နောက်ထပ် ဖြစ်ခြင်းမရှိသော ချုပ်ခြင်းသို့ ရောက်ခြင်း၏ မရှိခြင်းကြောင့်။
(နိဗ္ဗာန်သို့ မျက်မှောက် မပြုလျှင် ကိလေသာတို့၏ နောက်ထပ်ဖြစ်ခြင်း မရှိသော ချုပ်ခြင်းသို့ မရောက်နိုင်သေးခြင်းကြောင့်)။
တံ အာဂမ္မ ရာဂါဒယော ခီယန္တီတိ၊ ဟူ၍။
(သင်္ဂဟကာရေန) ဝုတ္တံ၊
သုတ္တတော မုဉ္စိတွာတိ၊ ကား။
သုတ္တပဒါနိ၊ သုတ်ပုဒ်တို့ကို။
မုဉ္စိတွာ၊ လွှတ်၍။
(ပိုဒ်ရှိသည်မှာ ပိုသည်)။
မာတရံ ပိတရံ ဟန္တွာတိ အာဒီသုဝိယ၊ အစရှိသော ပါဠိရပ်တို့၌ကဲ့သို့။
အာဟရိတဗ္ဗော၊ ဆောင်ထိုက်သော။
အညော၊ သုတ်၌ တိုက်ရိုက် ဆိုအပ်သော အနက်မှ တပါးသော။
သုတ္တဿ၊ သုတ်၏။
အတ္ထော၊ အနက်သည်။
နတ္ထိ၊ မရှိ။
[အာဟရိတဗ္ဗောနောက်၌ ပိုဒ်ရှိနေ၏။ နတ္ထိနောက်၌ သာ ရှိရမည်။]
သုတ္တပဒေဟေဝ၊ သုတ်ပုဒ်တို့ဖြင့်သာ။
နီတော၊ ဆောင်အပ်ပြီးဖြစ်သော။
အတ္ထော၊ အနက်သည်။
ဟောတိ၊
ဣတိ (အယံ)၊ ကား။
အတ္ထော၊ အဓိပ္ပါယ်အနက်တည်း။
ဧကံ နာနန္တိ၊ ဧကံ နာနံ ဟူ၍။
ဝါ၊ တူသလော, ထူးသလော ဟူ၍။
စုဏ္ဏိတံ၊ မှုန့်မှု့န်ညက်ညက် ကြိတ်ချေခြင်းသည်။
ဝါ၊ မှုန့်မှုန့်ညက်ညက်ဖြစ်အောင် ခွဲခြားခြင်းသည်။
စုဏ္ဏီကရဏံ၊ စုဏ္ဏီကရဏမည်၏။
ဝါ၊ တနည်း။
ခုဒ္ဒကံ၊ သေးငယ်သိမ်ဖျင်းအောင်။
ကရဏံ၊ ပြုခြင်းသည်။
စုဏ္ဏိကရဏံ၊ မည်၏။
ဣတိ၊ ဤစကားကို။
(ကိံ ပန နိဗ္ဗာနဉ္စ အရဟတ္တဉ္စ ဧကံ, ဥဒါဟု နာနံ ဟူသော ဤ စကားကို)။
အဗဟုမာနေန၊ များစွာမမြတ်နိုးခြင်းကြောင့။
(ဂရုမစိုက်ခြင်းကြောင့်)။
ဝဒတိ၊ သကဝါဒီ ဆို၏။
န တွံ ဧကံ နာနံ ဇာနာသီတိ (ပဒဿ)၊ ဟူသော ပုဒ်၏။
ကိံ၊ အသို့နည်း။
တွံ၊ သင်သည်။
ဧတ္တကံ၊ ဤမျှလောက်ကို။
နေယျတ္ထ နီတတ္ထ။ ။ဤဋီကာအဖွင့်၌ အညော သုတ္တဿ အတ္ထော အာဟရိတဗ္ဗော သည် နေယျတ္ထသဒ္ဒါ၏ အဓိပ္ပါယ်ပြတည်း၊ နေယျောကို “အာဟရိတဗေဒ”ဟု ဖွင့်၏၊ ထို ကြောင့် နေတဗ္ဗောတိ နေယျော။ ယော အတ္ထော၊ အကြင် အနက်ကို။ နေတဗ္ဗော၊ တိုက်ရိုက်မရှိသဖြင့် ဆောင်ပြဆိုက်၏။ ဣတိ သော အတ္ထော နေယျော၊ (နီ-ဓာတ်+ကျ ပစ္စည်း။)နေယျော+အတ္ထော ယဿံ သုတ္တာတိ နေယျတ္တံ၊ တိုက်ရိုက်အားဖြင့် အနက် အဓိပ္ပါယ် မပြည့်စုံသောကြောင့် ဆောင်ပြထိုက်သော (ဆောင်ပြမှ ပြည့်စုံမည်ဖြစ်သော) အနက်အဓိပ္ပါယ်ရှိသော သုတ်။ ဤဋီကာ၌ပင် “သုတ္တပဒေဟေဒ နီတော အတ္တော"သည် နိုတတ္တပုဒ်၏ အနက်အဖွင့်တည်း။ နီယိတ္ထ၊ ဆောင်သင့်သော အနက်အဓိပ္ပါယ်ကို ဆောင် ယူအပ်ပြီ။ ဣတိ နီတော။ “ပြည့်စုံနေပြီ ဖြစ်သောကြောင့် အခြားနရာမှ ဆောင်ယူဘွယ် အနက် မလိုပါ'ဟူလို။ နီတော အတ္ထော ယာတိ နီတတ္တံ (သုတ္တံ)။
(နိဗ္ဗာန်နှင့် အရဟတ္တဖိုလ်၏တူပုံ ထူးပုံမျှလောက်ကို )။
န ဇာနာသိဧဝ၊ မသိသူသာဖြစ်သလော။
ဣတိ အတ္ထော၊ ဤကား အဓိပ္ပါယ်နက်။
နနု ဉာတေတိ၊ ကား။
ပုဗ္ဗေ၊ ရှေး၌။
(သင်မဖြေမီ ရှေးက။)
န ဉာတံ၊ မသိအပ်ည်။
ယဒိပိ ဟောတိ၊ အကယ်၍ မူလည်း ဖြစ်စေဦးတော့။
(ဧဝံ သတိပိ၊ ဤသို့ ဖြစ်ပါသော်လည်း)။
အဓုနာပိ၊ ယခုမှလည်း။
(သင်ကဖြေလိုက်မှလည်း။)
ဉာတေ၊ သိအပ်သော်။
သာဓု၊ ကောင်းသည်။
ဟောတိနနု၊ ဖြစ်သည် မဟုတ်လော။
ဣတိ၊ သို့။
အတ္တနော၊ မိမိဟူသော သကဝါဒီ၏။
ဇာနနံ၊ သိခြင်းကို။
(နိဗ္ဗာန်နှင့် အရဟတ္တဖိုလ်၏ အသီးသီး ဖြစ်မှန်းသိခြင်းကို)။
ပဋိစ္ဆာဒေတွာ၊ ဖုံးထား၍။
(မသိဟန်ဆောင်၍)။
ဝိက္ခေပံ၊ အထူးအထူး အပြားပြား ပစ်လွှင့်မှုကို။
(ပြန့်လွင့်အောင်) ကရောန္တံ၊ ပြုနေသော ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်ကို။
နိဗန္ဓတိ၊ စကားဖြင့် နှောင်ဖွဲ့၏။
["ကိံ ပန နိဗ္ဗာနဉ္စ အရဟတ္တဉ္စ ဧကံ , ဥဒါဟု နာနံ" စသည်ဖြင့်ပြန့်လွင့်အောင် ပြုနေသော ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်ကိ သကဝါဒီက "ရှေးတုန်းက မသိလျှင် ရှိပါစေတော, ယခု အသင်ဖြေလိုက်မှ သိရလျှင် ကောင်းသည် မဟုတ်လော" ဟု မဖြေဘဲ မနေနိုင်အောင် စကားဖြင့် နှောင်ဖွဲံသည် ဟူလို။]
ဝိဘဇိတွာတိ (ပဒဿ)၊ ဟူသော ပုဒ်၏။
အက္ခရတ္ထမတ္တေ၊ ရာဂက္ခယော စသော အက္ခရာ ပုဒ်တို့၏ အနက်မျှ၌။
အဋ္ဌတွာ၊ မတန့်ရပ်မူ၍။
လီနံ၊ လျှို့ဝှက် တိမ်မြုပ် ငုပ်နေသော။
အတ္ထံ၊ အနက်ကို။
(ရာဂ၏ ကုန်ကြောင်းကုန်ရာ မဂ်၏ အဆုံး၌ဖြစ်သောကြောင့် အရဟတ္တဖိုလ်ကို ရာဂက္ခယ စသည်ဖြင့် ခေါ်ဝေါ် ရခြင်းဟူသော အနက်ကို)။
ဝိဘဇိတွာ၊ ခွဲခြားဝေဘန်၍။
ဥဒ္ဓရိတွာ၊ ၍။
နီဟရိတွာ၊ ထုတ်ဆောင်၍။
ကထိတံယထေဝ၊ ဆိုအပ်သကဲ့သို့သာလျှင်။
ဣတိ အတ္ထော၊
ရာဂါဒီနံ၊ ရာဂ အစရှိသည်တို့၏။
ခယောနာမ၊ ကုန်ခြင်း မည်သည်။
အဘာဝမတ္တော၊ ရာဂ စသည်တို့၏ မရှိခြင်းမျှသာတည်း။
စ၊ ဆက်။
အဘာဝဿ၊ မရှိခြင်း၏။
ဗဟုဘာဝေါ၊ များသည်၏ အဖြစ်သည်။
န အတ္ထိ၊ မရှိပါ။
(ကသ္မာ၊ နည်း)။
အတ္တနော၊ မိမိ၏။
အဘာဝတ္တာ၊ မရှိခြင်း၏ အဖြစ်ကြောင့်တည်း။
ဣတိ၊ သို့။
ဝဒနတဿ၊ ပြောဆိုမည့် ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်၏။
ဝစနပစ္ဆိန္ဒနတ္ထံ၊ ပြောမည့်စကားကို ဖြတ်တောက်ခြင်းအကျိုးငှာ။
ရာဂက္ခယော နာမ ရာဂဿေဝ ခယောတိ အာဒိ၊ အစရှိသော။
(ယံ ပဉှံ၊ အကြင် ပြဿနာသည်။
အတ္ထိ၊
တံ ပဉှံ သင်္ဂဟကာရော) ပုစ္ဆတိ၊ မေး၏။
ဟိ၊ လဒ္ဓဒေါသ ထင်ရှားပြအံ့။
ရာဂက္ခယော၊ ရာဂ၏ ကုန်ခြင်းသည်။
ဒေါသာဒီနံ၊ ဒေါသ အစရှိသည်တို့၏။
ခယော၊ ကုန်ခြင်းသည်။
ယဒိ န ဟောတိ၊ အကယ်၍ မဖြစ်အံ့။
ဒေါသက္ခယာဒယော စ၊ ဒေါသ၏ ကုန်ခြင်း အစရှိသည်တို့သည်လည်း။
ရာဂါဒီနံ၊ ရာဂ အဏရှိသည်တို့၏။
ခယာ၊ ကုန်ခြင်းတို့သည်။
(ယဒိ န ဟောန္တိ၊ အကယ်၍ မဖြစ်ကုန်အံ့။
ဧဝံ အဟောန္တေသု၊ ဤသို့ မဖြစ်ကုန်လသော်)။
အညမညဝိသိဋ္ဌာ၊ အချင်းချင်း အထူးပြုအပ်ကုန်သည်။
ဘိန္နာ၊ မထူးထူးခြား ကွဲပြားသော တရားတို့သည်။
အာပန္နာ၊ ဖြစ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိ၊ ကြောင့်။
ဗဟုနိဗ္ဗာနတာ၊ များသော နိဗ္ဗာန်တို့၏ အဖြစ်သည်။
အာပန္နာဧဝ၊ ရောက်မြဲရောက်နေသည်သာလျှင်။
ဟောတိ၊ ၏။
စ၊ ဆက်။
အညမညဝိသေသောနာမ၊ အချင်းချင်းထူးသော တရားမည်သည်။
နိဿဘာဝဿ၊ သဘာဝ မဟုတ်သော ပညတ်၏။
ဝါ၊ အတွက်။
နတ္ထိ၊ မရှိ။
ဣတိ၊ ကြောင့်။
နိဗ္ဗာနဿ၊ ၏။
သသဘာဝတာ စ၊ မိမိ၏ သဘာဝ၏ အဖြစ်သည်လည်း။
(အာပန္နာ၊ ဖြစ်သည်။
ဟောတိ၊ ၏)။
နဝတဏှာမူလကာ၊ နဝတဏှာမူလကတို့ ဟူသည်။
တဏှံ ပဋိစ္စ ပရိယေသနာတိ အာဒယော၊ တဏှံ ပဋိစ္စ ပရိယေသနာ အစရှိကုန်သော ၉ ပါးတို့တည်း။
[ ၉ ပါးတို့၏ သရုပ်ကို ခုဒ္ဒကဝတ္ထုဝိဘင်္ဂ နဝကပါဠိတော်ကို လှမ်းကြည့်ပါ။]
စ၊ ဆက်။
တေသု၊ ထို နဝတဏှာမူလကတရားတို့၌။
ပရိယေသနာဒယော၊ ပရိယေသန အစရှိသည်တို့ကို။
ပရိယေသနာဒိကရ ကိလေသာ၊ ရှာမှီးခြင်း အစရှိသည်ကို ပြုတတ်သော ကိလေသာတို့ ဟူ၍။
ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်ကုန်၏။
ဒိယဍ္ဎကိလေသသဟဿံ၊ အခွဲအားဖြင့် နှစ်ထောင်သော ကိလေသာကို။
(တထောင့် ငါးရာ ကိလေသာကို)။
နိဒါနကထာယံ၊ နိဒါနကထာ၌။
(အဋ္ဌသာလိနီ နိဒါန ကထာ၌)။
ဝုတ္တံ၊ ဆိုအပ်ပြီ။
ဩဠာရိကတာယ ကရောတဗ္ဗောတိ၊ ကား။
အတိသုခုမဿ၊ အလွန်သိမ်မွေ့သော။
နိဗ္ဗာနဿ၊ ၏။
ဩဠာရိကဘာဝ ဒေါသာပတ္တိယာ၊ ကြမ်းတမ်းသည်၏ အဖြစ် ဟူသော အပြစ်သို့ ရောက်ခြင်းအားဖြင့်။
ဗောဓေတဗ္ဗော၊ သိစေ ထိုက်၏။
ဝါ၊ တနည်း။
နိဂ္ဂဟေတဗ္ဗော၊ နှိပ်ထိုက်၏။
(ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်ကို နှိပ်ထိုက်၏)။
ဝတ္ထုန္တိ၊ ကား။
ဥပါဒိန္နကဖောဋ္ဌဗ္ဗံ၊ ဥပါဒိန္နကဖောဋ္ဌဗ္ဗာရုံဖြစ်သော။
အညမညဝိသိဋ္ဌာ။ ။ရာဂက္ခသည် ဒေါသက္ခယ မောဟက္ခမဟုတ်လျှင်၎င်း, ဒေါသက္ခယသည် ရာဂက္ခယ မောဟက္ခ မဟုတ်လျှင်၎င်း, မောဟက္ခသည် ရာဂက္ခယ ဒေါသက္ခယမဟုတ်လျှင်၎င်း အချင်းချင်းအထူးပြုအပ်ရာ ရောက်၏၊ ထိုသို့ အထူးပြုအပ်လျှင် အချင်းချင်းမတူ ထူးခြားကွဲပြားရာလည်း ရောက်သည်၊ မတူထူးခြားကွဲပြားလျှင်“ရာဂက္ခယ နိဗ္ဗာန်, ဒေါသက္ခယနိဗ္ဗာန်, မောဟက္ခယနိဗ္ဗာန်စသောအားဖြင့် နိဗ္ဗာန်တွေများနေစရာရှိ သည်”’-ဟူလို။
အညမညဝိသေသော စနာမ။ ။အဘာဝပညတ်မှန်လျှင် မရှိခြင်းတမျိုးသာ ဖြစ်သော ကြောင့် အချင်းချင်းထူးဘွယ်မလို၊ အချင်းချင်းထူးနေပြန်လျှင်လည်း အဘာဝပညတ်မဖြစ် နိုင်၊ အထည်ကိုယ်ထင်ရှားသော သဘာဝတရားသာဖြစ်ထိုက်သည်၊ ဤသို့ ကောက်ချက်ချ လိုက်သည်ရှိသော် နိဗ္ဗာန်သည် ဝိဘဏ္ဍဝါဒီ ဆိုလိုသော အဘာဝပညတ်မဟုတ်၊ သဘာဝဓမ္မ အဖြစ်သို့ ရောက်မြဲရောက်နေတော့သည်။
မေထုနံ၊
မေထုန်ကို။
(ပဋိသေဝန္တိ ၌စပ်)။
အစ္ဆာဒီနမ္ပိ၊ ဝံ သတ္တဝါ အစရှိသည်တို့၏ သော်မှလည်း။
နိဗ္ဗာနပတ္တိ၊ ငြိမ်းအေးခြင်းသို့ ရောက်ခြင်းကို။
ကသ္မာ၊ ကြောင့်။
ဝုတ္တာ၊ ဆိုအပ်ပါသနည်း။
ကိလေသာနံ၊ တို့၏။
အစ္စန္တံ၊ စင်စစ်။
အနုပ္ပတ္တိ နိရောဓော၊ နောက်ထပ်ဖြစ်ခြင်း မရှိသော ချုပ်ခြင်းသည်။
နိဗ္ဗာနံ၊ တည်း။
ဣတိ၊ သို့။
ဣစ္ဆန္တဿ၊ အလိုရှိသော ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်၏။
(ဝါဒေ၊ ၌)။
ကိလေသာနံ၊ တို့၏။
ဝိနာသော၊ ပျက်ခြင်းသည်။
ကိဉ္စိကာလံ၊ စိုးစဉ်း အနည်းငယ်သော ကာလ မျှ။
အပ္ပဝတ္တိ၊ မဖြစ်ခြင်းသည်။
နိဗ္ဗာနံ၊ သည်။
န ဟောတိ နနု၊ မဟုတ်သည် မဟုတ်ပါလော။
ဣတိ၊ ဤသို့ ပရဝါဒီဘက်ကဆိုအံ့။
(ဧဝံ သတိ၊ သော်။
ကိလေသာနံ၊ တို့၏။
ဝိနာသော၊ သည်။
ကိဉ္စိကာလံ၊ မျှ။
အပ္ပဝတ္တိ၊ သည်။
နိဗ္ဗာနံ၊ သည်။
န ဟောတိ၊ မဟုတ်သည်ကား)။
န၊ မဟုတ်။
(ကသ္မာ၊ နည်း)။
အဘာဝ သာမညတော၊ ကိလေသာတို့၏မဖြစ်ခြင်းအားဖြင့် တူမျှသည်၏အဖြစ်ကြောင့် တည်း။
ဟိ၊ မှန်။
အစ္စန္တာပဝတ္တိစ၊ စင်စစ် မဖြစ်ခြင်သည်၎င်း။
ကိဉ္စိကာလံ၊ မျှ။
အပ္ပဝတ္တိ စ၊ မဖြစ်ခြင်းသည်၎င်း။
အဘာဝေါယေဝ၊ ကိလေသာတို့၏ မဖြစ်ခြင်းပင်တည်း။
ဣတိ၊ ကြောင့်။
ဝိသေသော၊ အထူးသည်။
နတ္ထိ၊ မရှိ။
ဝါ၊ အဋ္ဌကထာနည်းမှ တနည်းကား။
သဝိသေသံ၊ ရာဂက္ခယော ဒေါသ က္ခယော စသော အထူးနှင့်တကွ။
ဝဒန္တဿ၊ ပြောဆိုသော ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်၏။
(ဝါဒေ၊ အယူ၌)။
အဘာဝတာ၊ နိဗ္ဗာန်၏ အဘာဝပညတ်၏ အဖြစ်သည်။
အာပဇ္ဇတိ၊ ဖြစ်နေ၏။
ဣတိ၊ ဤသို့ မှတ်အပ်၏။
နနု။ပေ။န ဟောတိ။ ။ဝိတပ္ပဝါဒီပုဂ္ဂိုလ်သည် ကိလေသာတို့၏မဖြစ်ခြင်း သာမညကို နိဗ္ဗာန်ဟုဆိုလိုသည် မဟုတ်၊ နောက်ထပ်မဖြစ်သောအားဖြင့် ချုပ်ခြင်းကိုသာ နိဗ္ဗာန်ဟု ဆို လို၏၊ ထို့ကြောင့် အစ္စစသော တိရစ္ဆာန်တို့၏ အချိန်အနည်းငယ်ကာလ၌ ကိလေသာမဖြစ် ခြင်းသည် နိဗ္ဗာန်မဟုတ်လော”ဟု စောဒနာထိုက်ပါသည်။
နအဘာဝသာမညတော။ ။ကိလေသာတို့၏ နောက်ထပ် မဖြစ်သောအားဖြင့် စင်စစ်မဖြစ်ခြင်းသည်၎င်း အချိန်အနည်းငယ်ကာလ၌ မဖြစ်ခြင်းသည်၎င်း အဘာဝချင်းတူ နေသောကြောင့် ကိလေသာတို့၏အနည်းငယ်ကာလမျှ မဖြစ်ခြင်းကို နိဗ္ဗာန်မဟုတ်ဟု မဆို နိုင်၊ “အဘာဝဟူသည် တခဏမျှ မဖြစ်ခြင်းတည်းဟူသော အဘာဝဖြစ်စေ နောက်ထပ်ဖြစ် ခြင်းမရှိအောင် ချုပ်ခြင်းဟူသော အဘာဝဖြစ်စေ အဘာဝချင်းတူသည်သာ ဖြစ်၍ အထူး မရှိပါ”ဟူလို။
သဝိသေသံ ဝါ။ ။ဤနည်းသည် ဋီကာဆရာ၏နည်းတည်း၊ နိဗ္ဗာန်ကို ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယောဟု အထူးနှင့်တကွဆိုသော ဝိဘဏ္ဍဝါဒီပုဂ္ဂိုလ်၏အလို အားဖြင့် နိဗ္ဗာန်အများကို မဆိုလိုဘဲ နိဗ္ဗာန်တပါးတည်းသာဆိုလိုလျှင် အဘာဝပညတ်ဖြစ် ခြင်းဟူသောအပြစ်သို့ ရောက်သည် ဟူလို၊ ရာဂ၏ကုန်ခြင်းဟူသည်လည်း .. ရာဂမရှိခြင်း အဘာဝပညတ်, ဒေါသစသည်တို့၏ မရှိခြင်းဟူသည်လည်း ဒေါသစသည်တို့၏မရှိခြင်း အဘာဝပညတ်ပင်တည်း။
တိရစ္ဆာနဂတေဟိပိ၊ တိရစ္ဆာန်သတ္တဝါတို့သော်မှလည်း။
ပါပုဏိတဗ္ဗတ္တာ၊ ရောက်နိုင်သည်၏ အဖြစ်ကြောင့်။
တေသမ္ပိ၊ ထို တိရစ္ဆာန်တို့အားသော်မှလည်း။
ပါကဋံ၊ ထင်ရှား၏။
ပိဠန္ဓနံဝိယ၊ နားတန်ဆာသည်ကဲ့သို့။
ဩဠာရိကံ၊ ထင်ရှား၏။
ထူလံ၊ ကြမ်းတမ်း၏။
ပန၊ ထိုသို့ပင် နားတန်ဆာကဲ့သို့ ထင်ရှားပါသော်လည်း။
ကေဝလံ၊ သက်သက်။
ကဏ္ဏေ၊ နား၌။
ဝါ၊ နားတို့ဖြင့်။
ပိဠန္ဓိတုံ၊ ပန်ဆင်ခြင်းငှာ။
န သက္ကာ၊ မတတ်ကောင်း။
ဣတိ၊ ဤသို့ မှတ်အပ်၏။
[စာအုပ်တို့ ၌ န သေက္ကာတိ ဟု ရှိ၏။ အဋ္ဌကထာ စာအုပ်တို့၌ကား န သက္ကာတိ ဟု ရှိသည်။ ကဏ္ဏေပုဒ်ဝယ် ကရိုဏ်းအနက်ယူဘို့ရန် "ကဏ္ဏေဟိ" ဟု မဓု၌ တနည်းဖွင့်သေး၏။ ထိုအဖွင့်သည် အဋ္ဌကထာ၌ ကဏ္ဏေဟိဟု မရှိသောကြောင့်တည်း။]
ဝါ၊ တနည်း။
ပိဠန္ဓနတောပိ၊ နားတန်ဆာထက်လည်း။
ထူလတ္တာ၊ ကြမ်းတမ်းသည်၏အဖြစ်ကြောင့်။
(ပိဠန္ဓိတုံ၊ ပန်ဆင်ခြင်းငှာ)။
န သက္ကာ၊ မတတ်ကောင်း။
ဣတိ၊ ဤသို့။
(ဝိတဏ္ဍဝါဒိံ၊ ကို)။
ဥပ္ဖဏ္ဍေန္တော ဝိယ၊ ပြောင်လှောင်သကဲ့သို့။
နိဂ္ဂဏှာတိ၊ နှိပ်၏။
[သင်တို့၏ အလိုအားဖြင့် နိဗ္ဗာန်သည် နာတန်ဆာကဲ့သို့ ထင်ရှားပါသော်လည်း။ (နာတန်ဆာထက်ပင် ထင်ရှားပါသော်လည်း)။ နားတန်ဆာ အဖြစ်ဖြင့် ပန်ဆင်လို့ မရကောင်း" ဟူသော စကားသည် ဝိတဏ္ဍဝါဒီကို ပြောင်သလို လှောင်သလိုပြော၍ နိပ်သော စကားဖြစ်သည် ဟူလို။]
ပန၊ ဆက်။
နိဗ္ဗာနာရမ္မဏကရဏေန၊ ဂေါတြဘုက နိဗ္ဗာန်ကို အာရုံပြုခြင်းကြောင့်။
ဂေါတြဘုက္ခဏေ၊ ဂေါတြဘုခဏ၌။
အဿ၊ ထို တဏ္ဍဝါဒီ ပုဂ္ဂိုလ် ၏။
(ဝါဒေ၊ အယူ၌)။
ကိလေသက္ခယပ္ပတ္တိ၊ ကိလေသာ၏ ကုန်ခြင်းသို့ ရောက်ခြင်းသည်။
အာပန္နာ၊ ဖြစ်၏။
(နိဗ္ဗာန်က ကိလေသက္ခယဖြစ်သောကြောင့် နိဗ္ဗာန်ကို အာရုံပြုသော ဂေါတြဘုခဏ၌ ကိလေသာ၏ ကုန်ခြင်းသို့ ရောက်နေသည် ဟူလို)။
ဣတိ၊ သို့။
မညမာနော၊ သိသည်။
(ဟုတွာ၊ ၍)။
တွံ အခီဏေသုယေဝါတိ အာဒိ၊ အစရှိသော.
(ယံ ဝစနံ အတ္ထိ, တံ ဝစနံ သင်္ဂဟကာရော) အာဟ၊
အာရမ္မဏ ကရဏမတ္တေန၊ အာရုံပြုခြင်းမျှကြောင့်။
ကိလေသက္ခယော၊ ကိလေသာတို့၏ ကုန်ခြင်းသို့။
အနုပ္ပတ္တော၊ အစဉ်ရောက်အပ်ပြီ။
ဣတိ၊ ဤသို့။
ဝတ္တုံ၊ ငှာ။
န သက္ကာ နနု၊ မတတ်ကောင်းသည် မဟုတ်လော။
ဟိ၊ မှန်။
စိတ္တံ၊ စိတ်သည်။
(ဂေါတြဘု အပါအတွင် စိတ်ဟူသမျှသည်)။
အတီတာနာဂတာဒိသဗ္ဗံ၊ အတိတ် အနာဂတ် အစရှိသော အလုံးစုံကို။
အာလမ္ဗေတိ၊ ဆွဲကိုင်နိုင်၏။
(အာရုံပြုနိုင်၏)။
နိပ္ဖန္နမေဝ၊ ပြီးပြီးသော အာရုံကိုသာ။
နာ အာလမ္ဗေတိ၊ ဆွဲကိုင်သည်မဟုတ်။
(အာရုံပြုနိင်သည် မဟုတ်)။
ဣတိ၊ ကြောင့်။
ဂေါတြဘုပိ၊ သည်လည်း။
(ပဝတ္တိဿတိ ၌စပ်)။
မဂ္ဂေန၊ မဂ်သည်။
ကိလေသာနံ၊ တို့၏။
ယာ အနုပ္ပတ္တိဓမ္မတာ၊ အကြင် နောက်ထပ်ဖြစ်ခြင်း သဘော မရှိသည်၏ အဖြစ်ကို။
ကာတဗ္ဗာ၊ ပြုထိုက်၏။
တံ (အနုပ္ပတ္တဓမ္မတံ)၊ ထို နောက်ထပ်ဖြစ်ခြင်း သဘောမရှိသည်၏ အဖြစ်ကို။
အာရဗ္ဘ၊ အာရုံပြု၍။
ပဝတ္တိဿတိ၊ ဖြစ်လတ္တံ့ မဟုတ်လော။
ဣတိ၊ ဤကား စောဒနာတည်း။
န၊ ဖြစ်လတ္တံံ မဟုတ်။
(ကသ္မာ၊ နည်း)။
အပ္ပတ္တနိဗ္ဗာနဿ၊ မရောက်အပ်သေးသော နိဗ္ဗာန်ရှိသော ပုဂ္ဂိုလ်၏။
(နိဗ္ဗာန် မရသေးသော ပုဂ္ဂိုလ်၏)။
နိဗ္ဗာနာရမ္မဏဉာဏာဘာဝတော၊ နိဗ္ဗာန်ဟူသော အာရုံရှိသော ဉာဏ်၏ မဖြစ်နိုင်ခြင်းကြောင့်တည်း။
ဟိ၊ မှန်။
(တနည် ) ဟိ ယဿ္မာ၊ ကြောင့်။
နိဗ္ဗာနံ၊ သည်။
အညဓမ္မာဝိယ၊ အခြားတရားတို့ကဲ့သို့။
န၊ မဟုတ်။
(အနာဂတ်အဖြစ်ဖြင့် မျက်မှောက်ပြုထိုက်သော တရားမျိုး မဟုတ်)။
ပန၊ အဟုတ်ကား။
တံ၊ ထို နိဗ္ဗာန်သည်။
ဝါ၊ ၏။
အတိဂမ္ဘီရတ္တာ၊ အလွန် နက်နဲသည်၏ အဖြစ်ကြာင့်။
အပ္ပတ္တေန၊ မရောက်သော ပုဂ္ဂိုလ်သည်။
အာလမ္ဗိတုံ၊ ဆွဲကိုင်ခြင်းငှာ။
(အာရုံပြုခြင်းငှာ)။
န သက္ကာ၊ မတတ်ကောင်း။
တသ္မာ၊ ကြောင့်။
တေန ဂေါတြဘုနာ၊ သည်။
ဝတ္တဗ္ဗေန၊ အာရုံပြုသော အားဖြင့် ရောက်ထိုက်သော နိဗ္ဗာန်သည်။
တိကာလိကသဘာဝါတိက္ကန္တ ဂမ္ဘီရဘာဝေန၊ တိကာလိက သဘောကို လွန်သော နက်နဲသော တရား၏ အြဖစ်သည်။
ဘဝိတဗ္ဗံ၊ ဖြစ်ထိုက်၏။
ဝါ၊ တနည်း။
ကိလေသက္ခယမတ္ထကံ၊ နိဗ္ဗာန်၏ိ ကိလသာသက္ခယမျှ၏ အဖြစ်ကို။
ဣစ္ဆတော၊ အလိုရှိသော ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်၏။
(ဝါဒေ၊ အယူ၌)။
ဂေါတြဘုတော၊ ဂေါတြဘုမှ။
ပုရေတရံ၊ ရှေးဦးစွာ။
နိပ္ဖန္နေန၊ ပြီးပြီးသော။
ကိလေသက္ခယေန၊ ကိလေသာတို့၏ ကုန်ခြင်းသည်။
(ဘဝိတဗ္ဗံ၊ ဖြစ်ထိုက်၏)။
တေန၊ ကြောင့်။
တွံ အခီဏေသုယေဝ ကိလေသေသု ကိလေသက္ခယံ နိဗ္ဗာနံ ပညပေသီတိ၊ ဟူ၍။
(သင်္ဂဟကာရော) အာဟ၊
ဟိ၊ လဒ္ဓဒေါသ ထင်ရှားပြအံ့။
အပ္ပတ္တကိလေသက္ခယာရမ္မဏကရဏေ၊ မရောက်အပ်သးသော ကိလေသက္ခယကို အာရုံပြုခြင်းသည်။
သတိ၊ သော်။
ဂေါတြဘုတော၊ မှ။
ပုရေတရစိတ္တာနိပိ၊ ရှေး၌ဖြစ်သော ပရိကမ် အစရှိသော စိတ်တို့သည်လည်း။
အာလမ္ဗေယျုံ၊ ဆွဲကိုင်နိုင်ကုန်ရာ၏။
(အာရုံပြုကုန်ရာ၏)။
ဣတိ၊ ဤကား အပြစ်တည်း။
အာရဗ္ဘ ပဝတ္တိဿတိ။ ။စိတ်ဟူသမျှသည် ပစ္စုပ္ပန်အာရုံသာမက အတိတ် အနာဂတ် အာရုံကိုလည်း ယူနိုင်၏။ - ထို ့ကြောင့် “ဂေါတြဘူလည်း မိမိနောက်မှဖြစ်သော မဂ်က ပြုမည့် ကိလေသာတို့၏ အနုပ္ပတ္တိဓမ္မဘာကို အာရုံပြု၍ ဖြစ်လတ္တံ့ ”ဟူလို။ ဤပဝတ္တိဿတိ သည် အနာဂတ်အစစ်မဟုတ်၊ မှန်းဆ၍ ဆိုရာ၌ သုံးလေ့ရှိသော အနာဂတ်သာတည်း။]
အပ္ပတ္တ။ပေ။ ကရဏေ။ ။ဂေါတြဘုစိတ်က မရောက်အပ်သေးသော ကိလေသက္ခ နိဗ္ဗာန်ကို အာရုံပြုနိုင်လျှင် ဂေါတြဘုရွှေက ပရိကမ် ဥပစာ အနုလုံစိတ်များလည်း ထိုနိဗ္ဗာန် ကို အာရုံပြုနိုင်ခြင်းဟူသော အပြစ်ရောက်စရာ ရှိ၏၊ စင်စစ်အားဖြင့် ထိုစိတ်များက နိဗ္ဗာန်ကို အာရုံမပြုနိုင်ကြပါ’ဟူလို။
မဂ္ဂဿ ကိလေသက္ခယံ နိဗ္ဗာနန္တိ (ပဒဿ)၊ ဟူသော ပုဒ်၏။
မဂ္ဂဿ၊ မဂ်၏။
အာရမ္မဏဘူတံ၊ နက်။
မဂ္ဂေါတိအာဒိနာ၊ အစရှိသော စကားရပ်ဖြင့်။
ပုရိမပုစ္ဆာ ကိလေသက္ခယ့ နိဗ္ဗာနံ ကတမံ, မဂ္ဂေန ခီယန ကိလေသာ ကတမေ " ဟူသော ပုစ္ဆာ ၂ ရပ်ကို "ပုရိမပုစ္ဆာဒွယ" ဟု ဆိုသည်။
န စ ကိဉ္စီတိ (ပဒဿ)၊ ၏။
ရူပါဒီသု၊ ရူပါရုံ အစရှိသည်တို့တွင်။
ဝါ၊ ရုပ်အစမဟုတ်။
ကဒါစိစ၊ အတိတ် အစရှိသည်တို့တွင် မည်သည့်အခါ၌မျှလည်း။
န ဟောတိ၊ မဖြစ်။
ကဒါစိစ၊ အတိတ် အစရှိသည်တို့တွင် မည်သည့်အခါ၌မျှလည်း။
န ဟောတိ၊ မဖြစ်။
အတီဝါဒိဘာဝေန၊ အတိတ် အစရှိသည်တို့၏ အဖြစ်ဖြင့်။
န ဝတ္တဗ္ဗံ၊ မဆိုထိုက်။
ဣတိ၊ ဤသို့။
ဝဒန္တိ၊ ဖွင့်ဆိုကြကုန်၏။
တံ၊ ထို နိဗ္ဗာန်သို့။
အာဂမ္မ၊ အာရုံပြုသော အားဖြင့် ရောက်၍.
ဝါ၊ ရောက်ခြင်းြောင့်။
အဝိဇ္ဇာတဏှာနံ၊ တို့၏။
ကိဉ္စိ၊ စိုးစဉ်းအနည်းငယ်မျှလည်း။
ဧကဒေသမတ္တမ္မိ၊ တစိတ်တဒေသမျှသည်လည်း။
န ဟောတိ၊ မရှိတော့။
တံ၊ ထို နိဗ္ဗာန်သို့။
အာဂမ္မ၊ ၍။
ဝါ၊ ကြောင့်။
တဒေဝ၊ ထို အဝိဇ္ဇာတဏှာတို့၏ စိုးစဉ်းအနည်းငယ်မျှသည်ပင်။
ကဒါစိစ၊ အတိတ် အစရှီသည်တို့တွင် မည်သည့်အခါ၌မျှလည်း။
န ဟောတိ၊ မရှိတော့။
ဣတိ အတ္ထော၊ သည်။
ယုတ္တော၊ သင့်၏။
[ဤအနက်သာ သင့်၏၊ ဝဒန္တိ ဆရာတို့ ဖွင့်ဆိုအပ်သော အနက်သည် မသင့် ဟူလို။]