问题
选择版本
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Vibhaṅga-mūlaṭīkā
Vibhaṅga-mūlaṭīkā

2. Abhidhammabhājanīyavaṇṇanā

作者: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

စက္ခုဿာတိ၊ စက္ခုဿ ဟူသော ပါဌ်ဖြင့်။ (နိဒ္ဒိဋ္ဌံ ၌စပ်)။ ဝိသေသကာရဏံ၊ ထူးသော အကြောင်းကို။ အသာဓာရဏသာမိဘာဝေန၊ မဆက်ဆံသော သာမီ၏ အဖြစ်ဖြင့်။ နိဒ္ဒိဋ္ဌံ၊ ညွှန်ပြအပ်ပြီ။
ဟိ၊ မှန်။ တံ၊ ထို စက္ခုပသာဒသည်။ ပုဂ္ဂလန္တရာသာဓာရဏံ၊ တပါးသော ပုဂ္ဂိုလ်နှင့် မဆက်ဆံသည်၎င်း။ နီလာဒိသဗ္ဗရူပသာဓာရဏဉ္စ၊ နီ လ အစရှိသော အလုံးစုံသော ရူပါရုံနှင့် ဆက်ဆံသည်၎င်း။ ဟောတိ၊ ဖြစ်၏။ အသာဓာရဏသာမိဘာဝေန။ ။အသာဓာရဏသာမိဘာဝေနာတိ စ္ဆေ ဘေရှိ- သဒ္ဓေါ ယဝကိုရောတိအာဒီသု ဝိယ အသာဓာရဏသာမိဘာဝေန ပုတ္တန္တိ အဓိပ္ပါယော။- မရ။ စည်ကြီးကို တီးခတ်ရာ၌ “ကောဏ”ဟု ခေါ်အပ်သောပုတ်ဖြင့် တီးခတ်မှ အသံမြည် သော်လည်း ထို ကောဏသည် အခြားတူရိယာကို တီးခတ်ရာ၌လည်း ပါနိုင်သောကြောင့် အများနှင့် ဆက်ဆံ၍နေရကား “ကောဏသဒ္ဓေါ”ဟု မဆိုဘဲ အခြား တူရိယာများနှင့် မဆက်ဆံအောင် “ဘေရိသန္ဓေါ”ဟု ဆိုသကဲ့သို့ စက္ခုဝိညာဏ်ဖြစ်ရာ၌လည်း စက္ခုပသာဒ၌ အာရုံထိခိုက်သောကြောင့်လည်း ဖြစ်နိုင်၏၊ မနောဒွါရဟူသော ဘဝင်၌ အာရုံထင်ခြင်း ကြောင့်လည်း ဖြစ်နိုင်၏။ သို့သော် မနဟူသော ဘဝင်က အခြားဝိညာဏ်များ ဖြစ်ရာ၌ လည်း အကြောင်းဖြစ်နိုင်သောကြောင့် အများနှင့် ဆက်ဆံနေ၏၊ စက္ခုကား အခြား ဝိညာဏ်များနှင့် မဆက်ဆံ၊ ထို့ကြောင့် အသာဓာရဏနည်းအားဖြင့် “စက္ခုဿ+ဝိညာဏံ” ဟု ဆိုသည်။ ယဝကိုရ ဥပမာ၌လည်း “ဗီဇကိုရ၊ မျိုး၏ အညွှန့်”ဟု မဆိုဘဲ အများနှင့် မဆက်ဆံအောင် “ယဝကိုရယော၏ အညွန့်”ဟု ဆိုပုံကိုလည်း သိပါ။
ဝိဒဟတီတိ (ပဒဿ)၊ ဟူသော ပုဒ်၏။ တယာ၊ သင်သည်။ (အသင် သံသရာ ဒုက္ခသည်)။ ဧဝံ ဧဝဉ္စ၊ ဤသို့ ဤသို့လည်း။ ဝါ၊ သည်ပုံသည်ပုံလည်း။ ပဝတ္တိတဗ္ဗံ၊ ဖြစ်ထိုက်၏။ ဣတိ၊ ဤသို့။ ဝိနိယုဇ္ဇမာနံ ဝိယ၊ စေခိုင်းတိုက်တွန်းအပ်သကဲ့သို့။ ဥပ္ပါဒေတိ၊ ဖြစ်စေတတ်၏။ ဣတိ အတ္ထော၊ နက်။
စ၊ ဆက်။ ဝိဒဟတီတိ၊ ဟူသောပါဌ်ဖြင့်။ (ဒီပိတော ၌စပ်)။ ဥပသဂ္ဂေန၊ ဝိဥပသာရပုဒ်ဖြင့်။ ဝိသိဋ္ဌော၊ အထူးပြုအပ်သော။ ဓာတုအတ္ထောဧဝ၊ ဓာတုသဒ္ဒါ၏ အနက်ကိုပင်။ ဒီပိတော၊ ပြအပ်ပြီ။ ဣတိ၊ ထို့ကြောင့်။ ဥပသဂ္ဂေန၊ ဝိဥပသာရပုဒ်နှင့်။ ဝိနာပိ၊ ကင်း၍လည်း။ (ဝိဥပသာရပုဒ် မပါဘဲလည်း)။ ဓာဣတိ၊ ဓာဟူသော။ ဧသောသဒ္ဒေါ၊ ဤသဒ္ဒါသည်။ တမတ္ထံ၊ မှတ်ထိုက်၏။ [ဥပသာရ ပုဒ်တို့သည် ဓာတုဇောတကသာဖြစ်သာကြောင့် ဝိဥပသာရပုဒ် မပါသော်လည်း ဓာဓာတ်ကိုယ်တိုင်က ထိုစေခိုင်းတိုက်တွန်းခြင်း အနက်ကို ဟောနိုင်ပါသည် ဟူလို။]
ကတ္တု ကမ္မဘာဝကရဏအဓိကရဏေသု၊ ဝိဒဟတိ ဟူသော ကတ္တားအနက်, ဓီယတေ ဟူသော ကံအနက်, ဝိဓာနံ ဟူသော ဘောအနက်, ဝိဓီယတေ ဧတာယ ဟူသော ကရိုဏ်းအနက်, ဓီယတိ ဧတ္ထ ဟူသော အဓိကရဏ အနက်တို့၌။ ဓာတုပဒသိဒ္ဓိ၊ ဓာဓာတ် ပုဒ်၏ ပြီးခြင်းသည်။ ဟောတိ၊ ဖြစ်နိုင်၏။ ဣတိ၊ ကြောင့်။ ပဉ္စပိ၊ ငါးပါးလည်းဖြစ်ကုန်သော။ ဧတေ အတ္ထော၊ ဤ ဝိဒဟတိ စသော အနက်တို့ကို။ (သင်္ဂဟကာရေန) ဝုတ္တာ၊ ကုန်ပြီ။
သုဝဏ္ဏရဇတာဒိဓာတုယော၊ ရွှေဓာတ်, ငွေဓာတ် အစရှိသော ဓာတ်တို့ ဟူသည်။ သုဝဏ္ဏာဒီနံ၊ ရွှေ အစရှိတို့၏။ ဗီဇဘူတာ၊ မျိုးဖြစ်၍ ဖြစ်ကုန်သော။ သေလာဒယော၊ ကျောက် အစရှိသော ဓာတ်တို့တည်း။ [ကျောက်တောင်တည်းက ကျောက် အစရှိသော ဓာတ်တို့သည် အကြောင်းအားလျော်စွာ "သုဝဏ္ဏံ ရဇတံ မုတ္တာ မဏိ ဝေဠုရိယာနိ" စသော ရတနာတို့ကို ဖြစ်စေနိုင်ကြသည် ဟူလို။]
အတ္တနော သဘာဝံ ဓာရေန္တီတိ ဓာတုယောတိ ဧတ္ထာပိ၊ ဟူသော ဤပါဌ်၌လည်း။ ဓာတိ၊ ဆောင်တတ်၏။ ဣတိ၊ ကြောင့်။ ဓာတု၊ မည်၏။ ဣတိ၊ ဤသို့။ ပဒသိဒ္ဓိ၊ ဓာတုပုဒ်၏ ပြီးခြင်းသို့။ ဝေဒိတဗ္ဗာ၊ သိထိုက်၏။ [ဓာ ဓာတ်+ တုပစ္စည်း ဟူလို။]
ဟိ၊ မှန်။ (တနည်း) ကသ္မာ၊ အဘယ့်ကြောင့်။ အတ္တနော သဘာဝံ ဓာရေန္တီတိ ဓာတုယောတိ ဧတ္ထာပိ၊ ၌လည်း။ ဓာတိ၊ ၏။ ဣတိ၊ ကြောင့်။ ဓာတု၊ မည်၏။ ဣတိ၊ သို့။ ပဒသိဒ္ဓိ၊ ကို။ ဝေဒိတဗ္ဗာ၊ ၏။ ဣတိ၊ သို့။ ဝိညာယတိ၊ နည်း။ ဟိ (ယသ္မာ)၊ ကြောင့်။ ဓာတုသဒ္ဒေါယေဝ၊ ဓာတုသဒ္ဒါသည်ပင်။ ဓာရဏတ္ထောပိ၊ ဆောင်ခြင်းအနက်ရှိသည်လည်း။ ဟောတိ၊ ၏။ ဣတိ၊ ကြောင့်။ (အတ္တနော သဘာဝံ ဓာရေန္တီတိ ဓာတုယောတိ ဧတ္ထာပိ ဓာတီတိ ဓာတူတိ ပဒသိဒ္ဓိ, ဝေဒိတဗ္ဗာ၊ ၏။ ဣတိ၊ ဤသို့။ ဝိညာယတိ၊ ၏)။
စ၊ ဆက်။ အယံ၊ ဤအတ္တနော သဘာဝံ ဓာရေန္တိ ဟူသော အနက်သည်။ ကတ္တုအတ္ထော၊ ဝိဒဟတိ ကဲ့သို့ ကတ္တား အနက်ရှိသည်။ (သမာနော) ပိ၊ ဖြစ်ပါသော်လည်း။ ပုရိမေန၊ ဝိဒဟတိ ဟူသော ရှေ့အနက်နှင့်။ အသဒိသော၊ မတူ။ ဣတိ၊ ထို့ကြောင့်၎င်း။ (ဝိသုံ ဝုတ္တော ၌စပ်)။ နိဿတ္တ သဘာဝမတ္တဓာရဏံ၊ သတ္တဝါ မဟုတ်သည်ဖြစ်၍ မိမိသဘောမျှကို ဆောင်ခြင်းအနက်သည်။ ဓာတုသဒ္ဒဿ၊ ဓာတုသဒ္ဒါ၏။ ပဓာနော အတ္ထော၊ ပဓာနအနက်တည်း။ ဣတိ စ၊ ထို့ကြောင့်၎င်း။ ဝိသုံ၊ သီးခြား။ (သင်္ဂဟကာရေန) ဝုတ္တော၊ ပြီ။ ["အပိစ စသည်မှ ခွဲ၍ သီးခြား ဆိုထားသည် " ဟူလို။]
ဓာတုယော ဝိယ ဓာတုယောတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ (ဥပစရိတော ဒဋ္ဌဗ္ဗော ၌စပ်)။ ကေသရိမှိ၊ ခြင်္သေ့၌။ နိရုဠှော၊ တက်ရောင် ထင်ရှားသော။ သီဟသဒ္ဒေါ၊ သီဟသဒ္ဒါကို။ ပုရိသေသု၊ ခြင်္သေ့အလား ရဲရင့်သော ယောင်္ကျားတို့၌။ (ဥပစရိတော) ဝိယ၊ ဥပစာရတင်စားအပ်သကဲ့သို့။ (တထာ၊ ထို့အတူ)။ သေလာဝယဝေသု၊ ဆေးဒန်းမြင်းသိလာ အစရှိသော ကျောက်၏ အစိတ်အပိုင်း တို့၌။ နိရုဠှော၊ သော။ ဓာတုသဒ္ဒေါစ၊ ဓာတုသဒ္ဒါကိုလည်း။ စက္ခာဒီသု၊ စက္ခု အစရှိသော ဓာတ်တို့၌။ ဥပစရိတော၊ ဥပစာတင်စားအပ်၏ ဟူ၍။ ဒဋ္ဌဗ္ဗော၊ ၏။
ဉာဏဉ္စ၊ သိတတ်သော ဉာဏ်လည်း။ ညေယျဉ္ဇ၊ သိထိုက်သော တရားလည်း။ ဉာဏဉေယျာနိ၊ တို့။ တေသံ၊ ထို ဉာဏဉေယျတို့၏။ အဝယဝါ၊ အစိတ်ဖြစ်ကုန်သော။ တပ္ပဘေဒဘူတာ၊ ထို ဉာဏဉေယျ တို့၏ အထူးအပြားဖြစ်၍ ဖြစ်ကုန်သော။ ဓာတုယော၊ စက္ခု အစရှိသော ဓာတ်တို့သည်။ ဉာဏဉေယျာဝယဝါ၊ ဉာဏညေယျ ဝယဝတို့မည်၏။

တတ္ထ၊ ထို ဉာဏဉေယျာ ဝယဝတို့တွင်။ ဉာဏပ္ပဘေဒေါ၊ ဉာဏ် အထူးအပြားတို့သည်။ ဓမ္မဓာတု ဧကဒေသော၊ ဓမ္မဓာတ်တစိတ်တပိုင်းတည်း။ ["ဓမ္မဓာတ်တွင် ပညာစေတသိက် တည်းဟူသော ဉာဏ်အမျိုးအစား အများအပြားပါဝင်သည် " ဟူလို။] ဉေယျပ္ပဘေဒါ၊ သိထိုက်သော တရား အထူးအပြားတို့သည်။ အဋ္ဌရသပိ၊ ဓာတ် ၁၈ ပါးလုံးတို့သည်လည်း။ (ဟောန္တိ)၊ ဣတိ၊ ကြောင့်။ ဉာဏဉေယျာဝယဝမတ္တာ၊ ဉာဏဉေယျ အစိတ်အပိုင်းမျှဖြစ်ကုန်သော။ ဓာတုယော၊ ဓာတ်တို့သည်။ ဟောန္တိ၊ ၏။

စာတုယော ဝိယ။ ။ဝိယသဒ္ဒါဖြင့် ဆိုသော်လည်း ဥပမာတဒ္ဓိတ်ပြဟု မမှတ်ရ သီဟသဒ္ဒါသည် ခြင်္သေ့အနက်ကို မုချအားဖြင့်ဟော၍ ရဲရင့်သော ယောက်ျားအနက်ကို သဒိသူပစာရအားဖြင့် ဟောသကဲ့သို့ ဓသဒ္ဒါလည်း ကျောက်၏ အစိတ်အပိုင်းအနက်ကို မုချ စက္ခု စသော အစိတ်အပိုင်းအနက်ကို သဒိသူစာရအားဖြင့် ဟောသည်။

ဉာဏဉ္စ ဉေယျဉ္စ။ ။ဉာဏ်၏အစိတ်အပိုင်းဖြစ်သော ဉာဏ်အပြား ထိုဉာဏ်ဖြင့် သိထိုက် သော ဉေ ယျတရားတို့၏ အစိတ်အပိုင်းဖြစ်သော ဉေယျအပြားကို "ဉာဏဉယျာဝယဝ ဟု ယူရသည်၊ ဉာဏ်အပြားသည် ဓမ္မဓာတ်၏ တစိတ်ဘပိုင်းဖြစ်သော ဉာဏ်အများတည်း၊ ဉေယျတရားကား ဓာတ် ၁-ပါးလုံးပင်ဖြစ်သည်။

အထဝါ၊ ထို့ပြင်တနည်းကား။ ဉာဏေန၊ ဉာဏ်ဖြင့်။ ဉာတဗ္ဗော၊ သိထိုက်သော။ ဘသာဝေါ၊ သဘောသည်။ ဝါ၊ ထင်ရှားရှိသော အရာဝတ္ထုသုည်။ ဓာတုသဒ္ဒေန၊ ဓာတုသဒ္ဒါဖြင့်။ ဝုစ္စမာနော၊ ဆိုအပ်သော်။ အဝိပရီတတော၊ မဖောက်မပြန်သော အားဖြင့်။ ဉာဏဉေယျော၊ ဉာဏ်ဖြင့် သိထိုက်သော သဘောတည်း။ ဝိပရီတဂ္ဂါဟေကဟိ၊ ဖောက်ဖောက်ပြန်ပြန် ယူတတ်ကုန်သော။ ဒိဋ္ဌိ အာဒီဟိ၊ ဒိဋ္ဌိ အစရှိသည်တို့ဖြင့်။ ဝါ၊ တို့သည်။ န ဉေယျော၊ သိထိုက်သော သဘောမဟုတ်။ ဣတိ အတ္ထော၊ နက်။ [စက္ခု၏ သဘောအမှန်ကို ဒိဋ္ဌိဖြင့် မသိနိုင်၊ အာဒိဖြင့် တဏှာမာန စသည်တို့ဖြင့်လည်း မသိနိုင် ဟု မှတ်ပါ။]
တဿ ဉာဏဉေယျဿ၊ ထိုဉာဏ်ဖြင့် သိထိုက်သော သဘော၏။ အဝယဝေါ၊ အစိတ်တို့ ဟူသည်။ စက္ခာဒယော၊ စက္ခု အစရှိသော ဓာတ်တို့တည်း။

ဝိသဘာဂလက္ခဏာ ဝယဝေသု၊ သဘောမတူသော လက္ခဏာရှိသော အစိတ်အပိုင်းဖြစ်ကုန်သော။ ရသာဒီသု၊ ရသ အစရှိသော ဝတ္ထုတို့၌။ နိရုဠှော၊ သော။ ဓာတုသဒ္ဒေါ၊ ကို။ (ဥပစရိတော ဒဋ္ဌဗ္ဗော ၌စပ်)။ တာဒိသေသု၊ ထိုကဲ့သို့ ရှုအပ်ကုန်သော။ ဝါ၊ ထိုကဲ့သို့ သဘောမတူသော လက္ခဏာ ရှိကုန်သော။ အညာဝယဝေသု၊ ရသ စသည်တို့မှ တပါးသော အစိတ်အပိုင်းဖြစ်ကုန်သော။ စက္ခာဒီသု၊ စက္ခု အစရှိသော ဓာတ်တို့၌။ ဥပစရိတော၊ ဥပစာတင်စားအပ်၏ ဟူ၍။ ဒဋ္ဌဗ္ဗော၊ မှတ်ထိုက်၏။ ဝါ၊ တနည်း။ ရသာဒီသု၊ ရသ အစရှိသော ဝတ္ထုတို့၌။ (ဓာတုသဒ္ဒေါ၊ သည်။ နိရုဠှော ) ဝိယ၊ သကဲ့သို့။ (တထာ)၊ စက္ခာဒီသု၊ စက္ခု အစရှိသော ဓာတ်တို့၌။ နိရုဠှောဝ၊ သည်သာ။ [ဧဝဖြင့် ဥပစာတင်ခြင်းကို ကုန်သည်။]

အထဝါ။ ။ဤနည်း၌ကား ဉာဏနှင့် ဉေယျကို တပ္ပုရိသ်သမာသ်တွဲ၍ ဉာဏ်ဖြင့် မဖောက်မပြန် အမှန်အတိုင်း သိထိုက်သော သဘောကို “ဉာဏယျာဝယဝ” ဟု ဆိုသည်။

ဝိသဘာဂလက္ခဏာဝယဝေသု။ ။ဤဝါကျသည် အဋ္ဌကထာ၌ “ယထာ ဝါ”စသော ဝါကျ၏အဖွင့်တည်း။ထို၌ဝိသဘာဂလက္ခဏာဟူသည် ရသဓာတ်နှင့် သောကိတဓာတ် စသည် တို့၏ အချင်းချင်းမတူသောသဘောရှိခြင်းတည်း။ ထိုသို့ဝိသဘာဂလက္ခဏာရှိသော ရသစ သောဓာတ်တို့၌ ဓာတုသဒ္ဒါသည် တက်ရောက်ထင်ရှား၏၊ ထိုဓာတုသဒ္ဓါကိုပင် စက္ခုစသည် တို့၌ သင်္ခသူပစာရအားဖြင့် တင်စားထားသည်ဟူလို။ [ဝိသဘာဂလက္ခဏာ ဝိသဒိသ- သဘာဝါ အဝယဝဘာဂါ၊ တေသု။--အနု။]

ရသာဒီသု ဝိယ ဝါ။ ။ဤနည်း၌ကား စက္ခုစသည်တို့၌ သဒိသူပစာ တင်ဘွယ်မလို၊ ရသဓာတ် အစရှိသောဓာတ်တို့၌ ဓာတုသဒ္ဓါထင်ရှားသကဲ့သို့ စက္ခုစသောဓာတ်တို့၌လည်း ထင်ရှားသည်ဟု ဆိုလိုသည်။

နိဇ္ဇီဝမတ္တဿေတံ အဓိဝစနန္တိ ဧတေန၊ ဟူသော ဤပါဌ်ဖြင့်။ နိဇ္ဇီဝမတ္တ ပဒတ္ထေ၊ ဇီဝ မဟုတ်သည်၏ အဖြစ်မျှဖြစ်သော ပုဒ်အနက်၌။ ဓာတုသဒ္ဒဿ၊ ၏။ နိရုဠှတံ၊ ကို။ ဒဿေတိ၊ ၏။
ဧတဿ၊ ဤ သတ္တဝါ၏။ ဆ၊ ၆ ပါးကုန်သော။ ဓာတုယော၊ တို့သည်။ သန္တိ၊ ရှိကုန်၏။ ဣတိ၊ ကြောင့။ သော၊ ထို သတ္တဝါသည်။ ဆ ဓာတုရော၊ မည်၏။ [အဿတ္တိ အနက်၌ ရ ပစ္စည်းသက်] လောကေ၊ လောက၌။ ယော ဓမ္မသမုဒါယော၊ အကြင် တရားအပေါင်းကို။ ပုရိသောတိ၊ ပုရိသ ဟူ၍။ ဝုစ္စတိ၊ ခေါ်ဝေါ်ပြောဆိုအပ်၏။ သော၊ ထို ပုရိသ ဟု ခေါ်ဝေါ်ပြောဆိုအပ်သော တရားအပေါင်းသည်။ ဆ ဓာတုရော၊ ၆ ပါးသော ဓာတ်ရှိသော။ ဆန္နံ၊ ခြောက်ပါးကုန်သော။ ပထဝီအာဒီနံ၊ ပထဝီဓာတ် အစရှိကုန်သော။ နိဇ္ဇီဝမတ္တသဘာဝါနံ၊ ဇီဝ မဟုတ်ကုန်သည်၏ အဖြစ်မျှဖြစ်သော သဘောတရားတို့၏။ သမုဒါယမတ္တော၊ အပေါင်းမျှသာတည်း။ ဧတ္ထ၊ ဤ ပထဝီ အစရှိသည်တို့၏ အပေါင်း၌။ ဇီဝေါ၊ အသက်ကောင်သည်၎င်း။ ပုရိသော ဝါ၊ သတ္တဝါသည်၎င်း။ န အတ္ထိ၊ မရှိ။ ဣတိ အတ္ထော၊ နက်။
စက္ခာဒီနံ၊ စက္ခုအစရှိသည်တို့၏။ ကမော၊ အစဉ်ကို။ ပုဗ္ဗေ၊ ရှေ့အာယတန ဝီဘင်္ဂအဋ္ဌကထာ၌။ ဝုတ္တော၊ ဆိုအပ်ပြီ။ (စက္ခုနောင် သောတ, သောတနောင် ဃာန စသော အစဉ်မျိုးကို ဆိုခဲ့ပြီ)။ ဣတိ၊ ကြောင့်။ ဣဓ၊ ဤ ဓာတုဝိဘင်္ဂ အဋ္ဌကထာ၌။ ဧကေကသ္မိံ၊ တပါးတပါးသော။ တိကေ၊ တိက်၌။ တိဏ္ဏံ တိဏ္ဏံ၊ ၃ ပါး ၃ ပါးကုန်သော။ (စက္ခုပသာဒ ရူပါရုံ စက္ခု ဝိညာဏ် စသော အားဖြင့် ၃ ပါး ၃ ပါးကုန်သော)။ ဓာတူနံ၊ ဓာတ်တို့၏။ ကမံ၊ အစဉ်ကို။ ဒဿေန္တော၊ ပြလိုသည်၏ အဖြစ်ကြောင့်။ ဟေတုဖလာနုပုဗ္ဗ ဝဝတ္ထာနဝသေနာတိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊ ပြီ။
ဟေတုဖလာနံ၊ အကြောင်းဖြစ်သော စက္ခု ရူပ အစရှိသော ဓာတ်, အကျိုးဖြစ်သော စက္ခုဝိညာဏ် အစရှိသော ဓာတ်တို့ကို။ အနုပုဗ္ဗဝဝတ္ထာနံ၊ အစဉ်အားဖြင့် ပိုင်းခြားသတ်မှတ်ကြောင်းသည်။ ဟေတုဖလ ဘာဝေါဝ၊ အကြောင်းဓာတ်, အကျိုးဓာတ်တို့၏ ဖြစ်ကြောင်း ဖြစ်ရာသာတည်း။ [အကြောင်းဓာတ် ဖြစ်သောကြောင့် စက္ခုနှင့်ရူပကို ရှေ့ကထား၍ အကျိုးဓာတ်ဖြစ်သောကြောင့ စက္ခုဝိညာဏဓာတ်ကို နောက်၌ ထားသည်။ " အခြား အကြောင်းတမျိုး ရှာဘွယ်မလို" ဟူလို။]
တတ္ထ၊ ထို ဟေတုဖလာနုပုဗ္ဗဝဝတ္ထာနဝသေန ဟူသော ပါဌ်၌။ ပစ္စယော၊ ပစ္စည်းကို။ ဟေတူတိ၊ ဟေတုဟူ၍။ အဓိပ္ပေတော၊ အလိုရှိအပ်၏။ [လောဘ စသော ဟိတ်ကို ဆိုလိုသည် မဟုတ်။ အကြောင်း ပစ္စည်း ဟူသမျှကို "ဟေတု" ဟု ဆိုလိုသည်။]
ပစ္စယုပ္ပန္နံ၊ ပစ္စယုပ္ပန်ကို။ ဖလန္တိ၊ ဖလဟူ၍။ (အဓိပ္ပေတံ၊ ၏)။ ဣတိ၊ ကြောင့်။ စက္ခုဓာတူတိ အာဒိ၊ အစရှိသော။ (ယံ ဝစနံ အတ္ထိ, တံ ဝစနံ သင်္ဂဟကာရော) အာဟ၊ ပြီ။
မနောဓာတု ဓမ္မဓာတူနဉ္စ၊ မနောဓာတ်, ဓမ္မဓာတ်တို့၏လည်း။ မနောဝိညာဏဿ၊ မနောဝိညာဏဓာတ်၏။ ဟေတုဘာဝေါ၊ အကြောင်းပစ္စည်း၏ အဖြစ်ကို။ ယထာ သမ္ဘဝံ၊ ဖြစ်သင့်သည်အားလျော်စွာ။ ယောဇေတဗ္ဗော၊ ယှဉ်စေထိုက်၏။ ဝါ၊ တနည်း။ ဒွါရဘူတမနောဝသေန၊ ဒွါရဖြစ်၍ဖြစ်သော မနော၏ အစွမ်းဖြင့်။ တဿာ မနောဓာတုယာ၊ ထို မနောဓာတ်၏။ (မနောဝိညာဏဿ၊ ၏။ ဟေတုဘာဝေါ၊ ကို။ ယထာသမ္ဘဝံ၊ စွာ။ ယောဇေတဗ္ဗော၊ ၏။)
သဗ္ဗာသံ ဝသေနာတိ၊ ကား။ ယထာဝုတ္တာနံ၊ အကြင်အကြင် ဆိုအပ်ပြီးကုန်သော။ (အဋ္ဌကထာ၌ ဆိုအပ်ပြီးကုန်သော)။ အာဘာဓာတု အာဒီနံ၊ အာဘာဓာတ် အစရှိကုန်သော။ ပဉ္စတိံ သာယ၊ ၃၅ ပါးသော. ဓာတူနံ၊ တို့၏။ ဝသေန၊ အပြားအားဖြင့်။ ("ပရိစ္ဆေဒံ အကတွာ" ၌စပ်။)
အပရမတ္တသဘာဝဿ၊ ပရမတ္ထသဘော မဟုတ်သော တရား၏။ အန္တောဂဓတာ၊ အတွင်းဝင်နိုင်သည်၏ အဖြစ်သည်။ န အတ္ထိ၊ မရှိ။ ဣတိ၊ ကြောင့်။ သဘာဝတော ဝိဇ္ဇမာနာနန္တိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊ ပြီ။

စန္ဒာဘာ သူရိယာဘာဒိကာ၊ လရောင်, နေရောင် အစရှိသော အရောင်တို့သည်။ ဝဏ္ဏနိဘာ ဧဝ၊ အဆင်း အရောင်တို့သာတည်း။ ဣတိ၊ ကြောင့်။ ရူပဓာတုယေဝ ဟိ အာဘာဓာတူတိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊ ပြီ။

မနောဓာတု။ ပေ ။ ယောဇေတဗ္ဗော။ ။စက္ခုဓာတ်, ရူပဓာတ်တို့၏ စက္ခုဝိညာဏ ဓာတ်၏ အကြောင်းပစ္စည်းဖြစ်ပုံသည်၎င်း။ ပေ။ ကာယဓာတ် ဖောဋ္ဌဗ္ဗဓာတ်တို့၏ ကာယ- ဝိညာဏဓာတ်၏ အကြောင်းပစ္စည်း ဖြစ်ပုံသည်၎င်း,အာရမ္မဏပစ္စည်းဝတ္ထုပုရေဇာတ- နိဿယပစ္စည်းတို့ကို ထောက်၍ ထင်ရှားပါ၏။ မနောဓာတ်, ဓမ္မဓာတ်တို့က မနောဝိညာဏ- ဓာတ်၏ အကြောင်းပစ္စည်းဖြစ်ပုံကို အဘယ်သို့ ယှဉ်စေရပါမည်နည်းဟု မေးဘွယ်ရှိသော ကြောင့် “မနောဓာတု။ ပေ။ ယောဇေတဗ္ဗော” ဟု မိန့်သည်။ ဖြစ်သင့်သလို ယှဉ်စေပါ” ဟူလို။

ယထာသမ္ဘဝံ။ ။ဖြစ်သင့်သလို ယှဉ်စေပုံကို အနုဋီကာ၌ – ယထာသမ္ဘဝန္တိ ကိရိယာ- မနောဓာတု (ပဉ္စဒ္ဓါရာဝဇ္ဇန်း) ဥပနိဿယကောဋိယာ, ဝိပါကမနောဓာတု (သမ္ပဋိစ္ဆိန်း ဒွေး) ဝိပါက မဒောဝိညာဏ (သန္တီရဏ ၃-ခု) အနန္တရာဒိနာပိ (ပီဖြင့် ဥပနိဿယ- ကောဋိကို ပေါင်း) ဣတရဿ သဗ္ဗာပိ (အလုံးစုံသော မနောဓာတ်သည်လည်း) ဥပနိဿယကာဋိယာဝ” ဤသို့ စသည်ဖြင့် ယထာသမ္ဘဝဖြစ်ပုံကို ဖွင့်ပြထားသည်။

ဒါရဘူတမနောဝသေန ဝါ။ ။အဘိဓမ္မာ နည်းအားဖြင့် မနောဓာတ် ၃-ခုကို ဒွါရ” ဟု မခေါ်နိုင်၊ အချို့ သုတ္တန်၌လာသောနည်းအားဖြင့်ကား မနောဓာတ်ကို “ဒါရ”ဟု ”ဟု ခေါ်နိုင်၏၊ ထို့ကြောင့် “ဒါရဘူတ မနောဝသေန ဝါ တာ မနောဓာတု- ယာ” ဟု ဆိုသည်။ မနောဝိညာဏဿ ဟေတုဘာဝေါ စသည်ကို လိုက်စေ၍ စပ်ပါ။

ရူပါဒိ ပဋိဗဒ္ဓါတိ၊ ဟူသော ဤပါဌ်၌။ ("ပဋိဗဒ္ဓဝစနံ အာဟ" ၌စပ်။) ရာဂဝတ္ထုဘာဝေန၊ ရာဂ၏ တည်ရာအကြောင်း၏ အဖြစ်ဖြင့်။ ဂဟေတဗ္ဗာကာရော၊ ယူထိုက်သော အခြင်းအရာသည်။ သုဘနိမိတ္တံ၊ သုဘနိမိတ်တည်း။ ဣတိ၊ ဤအနက်ကို။ သန္ဓာယ၊ ရည်ရွယ်၍။ ရူပါဒယော ဝါတိ၊ ဟူ၍။ အဝတွာ၊ မဆိုဘဲ။ ပဋိဗဒ္ဓဝစနံ၊ ပဋိဗဒ္ဓသဒ္ဒါကို။ (သင်္ဂဟကာရော) အာဟ၊ ပြီ။
ရာဂဝတ္ထုဘာဝေ၊ ရာဂ၏ တည်ရာ အကြောင်း၏ အဖြစ်သည်။ အသတိပိ၊ မရှိပါသော်လည်း။ ကုသလဝိပါကာရမ္မဏာ၊ ကုသလဝိပါတ်၏ အာရုံဖြစ်သော ဓာတ်တို့သည်။ သုဘာ၊ သော။ ဓာတု၊ တည်း။ ဣတိ၊ ကြောင့်။ ဒုတိယော၊ ၂ ခုမြောက်ဖြစ်သော။ ဝိကပ္ပေါ၊ ဝိကပ်ကို။ ဝုတ္တော၊ ပြီ။
ဝိဟိံ သာဓာတု၊ ဟူသည်။ စေတနာ၊ ညှဉ်းဆဲ ကြောင်းစေတနာတည်း။ ဝါ၊ တနည်း။ ပရဝိဟေဋ္ဌနဆန္ဒေါ၊ သူတပါးကို ညှဉ်းဆဲလိုကြောင်းဆန္ဒတည်း။ ဝါ၊ သူတပါးကို ညှဉ်းဆဲလိုသော ဆန္ဒတည်း။
အဝိဟိံ သာ၊ ဟူသည်။ ကရုဏာ၊ ကရုဏာတည်း။
ဥဘောပီတိ၊ ကား။ ဓမ္မဓာတု မနောဝိညာဏဓာတုယော၊ ဓမ္မဓာတ်, မနောဝိညာဏဓာ်တို့သည်၎င်း။ (မဇ္ဈီမဓာတု ၌စပ်)။
ဟီနာဒီသု၊ ဟီန အစရှိသော ဓာတ်တို့၌။ ပုရိမနယေန၊ ရှေ့နည်းဖြင့်။ ဟိီဠိတာ၊ ရှုတ်ချအပ်ကုန်သော။ စက္ခာဒယော၊ စက္ခု အစရှိသော ဓာတ်တို့သည်။ ဟီနာ၊ ဟီနတို့မည်၏။ [ဟီန အစရှိသည်တို့ကို ဖွင့်ရ၌ အဋ္ဌကထာဆိုသော နည်း၏ ရှေ့ဝယ် တနည်းဖွင့်သေး၏။ ထို နည်းကို ရည်ရွယ်၍ "ပုရိမနယေန" ဟု ဆိုသည်။] သမ္ဘာဝိတာ၊ ချီးမွမ်းအပ်ကုန်သော။ (စက္ခာဒယော၊ တို့သည်)။ ပဏီဘာ၊ တို့မည်၏။ နာတိဟီဠိတာ၊ အလွန်ရှုတ်ချအပ်သည်လည်း မဟုတ်ကုန်သော။ နာတိသမ္ဘာဝိတာ၊ အလွန်ချီးမွမ်းအပ်သည်လည်း မဟုတ်ကုန်သော။ (စက္ခာဒယော၊ တို့သည်)။ မဇ္ဈိမာ၊ တို့မည်၏။ ဣတိ၊ သို့။ ခန္ဓဝိဘင်္ဂေ၊ ၌။ (တုန်းက)။ အာဂတဟီနဒုကတောယေဝ၊ လာသော ဟီနဒုက်မှာပင်။ နီဟရိတွာ၊ ထုတ်ဆောင်၍။ မဇ္ဈိမာ ဓာတု၊ ကို။ ဝုတ္တာ၊ ပြီ။ ဣတိ ဝေဒိတဗ္ဗာ၊ [ခန္ဓဝိဘင်းပါဠိတော်၌ ပြအပ်ခဲ့သော ဟီန ပဏီတဒုက်ဝယ် ဟီန ပဏီတ တို့၏ အလယ်အလတ်ကို "မဇ္ဈိမဓာတု" ဟု ဆိုသည်။] **ရာဂဝတ္ထုဘာဝေန ။ပေ။ပဋိဗဒ္ဓဝစနံ**။ ။ရူပ သပ္ပ စသော အာရုံတို့၌ စက္ခုဒွါရဝီထိ စသည်တို့ဖြင့် ယူပြီးနောက် လောဘဇောစိတ် (ရာဂဗောစိတ်)ဖြင့်သာ ယူထိုက် ယူနိုင် သော အခြင်းအရာတမျိုး ရှိသေး၏၊ ရူပါရုံ၏ လှပုံအခြင်းအရာ သဒ္ဒါရုံ၏ အသံကောင်း ပုံ အခြင်းအရာ,ဂန္ဓာရုံ၏ မွှေးပုံအခြင်းအရာ -ဤသို့ စသည်ဖြင့် အာရုံငါးပါး တိုက်ရိုက် မဟုတ်ဘဲ အာရုံငါးပါး၏ ကောင်းပုံအခြင်းအရာတမျိုးကို “သုဘနိမိတ်”ဟု ဆိုသည်။ [“သုတံ ဣတိ နိမိနာတိ သဉ္ဇာနာတိ ဧတေနာတိ သုဘနိမိတ္တံ”ဟု ပြု။] ထိုသုဘနိမိတ် သည် ရူပါရုံစသောအာရုံ မဟုတ်, ရူပါရုံ စသည်နှင့် ဆက်သွယ်၍ဖြစ်သော အခြင်းအရာ တမျိုးသာတည်း။ ထို့ကြောင့် “ရူပါဒိပဋိဗဒ္ဓါ”ဟု ဆိုသည်။
ဝိညာဏဓာတု၊ ဝိညာဏဓာတ်ကို။ ဆဝိညာဏဓာတုဝသေန၊ ၆ ပါးသော ဝိညာဏဓာတ်၏ အပြားအားဖြင့်။ ယဒိပိ ဝိဘတ္တာ၊ အကယ်၍ကား ဝေဘန်အပ်ပါပေပြီ။ ("တတ္ထ ကတမာ ဝိညာဏဓာတု၊ စက္ခုဝိညာဏဓာတု ။ပေ။ မနောဝိညာဏဓာတု" ဟု ပါဠိတော် သုတ္တန္တ ဘာဇနီယနည်း၌ ဝေဘန်အပ်ပါပေပြီ။) တထာပိ၊ ထိုသို့ ဝေဘန်အပ်ပါသော်လည်း။ ဝိညာဏဓာတုဂ္ဂဟဏေန တဿာ ပုရေစာရိက ပစ္ဆာစာရိကတ္တာ မနောဓာတု ဂဟိတာဝ ဟောတီတိ၊ ဟူ၍။ ဝုတ္တတ္တာ၊ ဆိုအပ်ခဲ့ပြီး၏ အဖြစ်ကြောင့်။ ဝိညာဏဓာတု ။ပေ။ သတ္တဝိညာဏ သင်္ခေပေါယေဝါတိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊
အနေကေသံ၊ တပါးမက များစွာကုန်သော ။ စက္ခုဓာတု အာဒီနံ၊ စက္ခုဓာတ် အစရှိသော ဓာတ်တို့၏၎င်း။ တာသု၊ ထို စက္ခုဓာတ် အစရှိသော ဓာတ်တို့တွင်။ ဧကေကိဿာ၊ တပါးတပါးသော ဓာတ်၏။ နာနပ္ပကာရတာယ၊ အထူးထူးသော အပြားရှိသည်၏ အဖြစ်ကြောင့်။ နာနာဓာတူနံ စ၊ အထူးထူးသော ဓာတ်တို့၏ ၎င်း။ ဝသေန၊ အပြားအားဖြင့်။ အနေကဓာတု နာနာဓာတုလောကော၊ အနေကဓာတ်, နာနာဓာတ်ရှိသောလောကကို။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ကြောင့်။ အဋ္ဌာရသဓာတုပ္ပဘေဒမတ္တမမေဝါတိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊ ["အဋ္ဌာရသဓာတု မတ္တမေဝ" ဟု မဆိုဘဲ အဋ္ဌာရသဓာတ် တို့တွင် တပါး တပါး၏ အမျိုးမျိုးသော အပြားရှိသောကြောင့် ပဘေဒသဒ္ဒါထည့်၍ ဆိုသည်။]
စက္ခာ သောတ ဃာန ဇိဝှါ ကာယ မနော မနောဝညာဏဓာတုဘေဒေနာတိ၊ ဟူ၍။ အဋ္ဌကထာယံ၊ အဋ္ဌကထာ ရှေးစာအုပ်၌။ လိခိတံ၊ ရေးအပ်ပြီ။
တတ္ထ၊ ထို ပါဠိရပ်၌။ စက္ခာဒီနံ၊ စက္ခု အစရှိသော သဒ္ဒါတို့၏။ ကေဝလေန၊ ဝိညာဏ မဖက်သက်သက်သော။ ဓာတုသဒ္ဒေန၊ ဓာတုသဒ္ဒါနှင့်။ သမ္ဗန္ဓော၊ ယှဉ်စပ်ခြင်း ကို။ န အဓိပ္ပေတော၊ အလိုမရှိအပ်။ (ကသ္မာ၊ နည်း)။ ဝိဇာနနသဘာဝဿ၊ ဝိဇာန န သဘောရှိသော ဝိညာဏ်၏။ ပဘေဒဝစနတော၊ အပြားကို ဆိုရာဌာန၏ အဖြစ်ကြောင့်တည်း။ ["စက္ခု ဝိညာဏဓာတု "ဟု ဝိဉာဏသဒ္ဒါပါမှ ဖြစ်မည် ဟူလို။]
ဝိညာဏဓာတုသဒ္ဒေန၊ နှင့်။ သမ္ဗန္ဓေ၊ ယှဉ်စပ်ခြင်းကို။ **စက္ကူ။ပေ။မနော မနောဝိညာဏဓာတုဘေဒေန**။ ။စက္ခုမနောဝိညာဏတိုင်အောင် ဇွန်တဲ့ပါ၊ “ဒွန်၏နောက်၌ ရှိသောပိုဒ်, ယှဉ်လိုက် ပုဒ်တိုင်းသာနှင့် အညီ ဂျွန်၏နောက် က ဓာတုပုဒ်ကို ရွှေပုဒ်များနှင့် တွဲသောအခါ စက္ခုဓာတု သောဘဓာတု စသည်ဖြင့် ရုပ်ဓာတ်ဖြစ်၏။ ဌာနကလည်း ဝိညာဏဟူသော နာမ်ဓာတ်ကို ပြရာဌာနတည်း။ ထိုသို့ မစပ်ဘဲ ဝိညာဏဓာတုသဒ္ဒါနှင့် စပ်လိုက်ပြန်လျှင် စက္ခုဝိညာဏဓာတု စသည်မှာ ဖြစ်သင့် သော်လည်း ရွှေမနော၏ မနောဝိညာဏဓာတု အမည်ကား မသင့်တော့၊ ဘာ့ကြောင့် နည်း— မနောဝိညာဏခာတ် ၂.ဓာတ် မရှိသောကြောင့်တည်း။ ဤပြခဲ့သော အပြစ် များကြောင့် “မနော မနောဝိညာဏဓာတု”ဟု မနော ၂-ထပ် ပါခြင်းကို မသင့်ဟု ဆို လိုသည်၊ သို့သော် ယခုစာအုပ်များ၌ကား မနော ၂-ထပ် မပါတော့ပါ။ ကရိယမာနေ၊ ပြုအပ်သော်။ ဒွေ၊ ၂ ပါးကုန်သော။ မနောဂဟဏာနိ၊ မနောသဒ္ဒါတို့ကို။ နကတ္တဗ္ဗာနိ၊ မပြုထိုက်ကုန်။ (ကသ္မာ၊ နည်း)။
ဟိ (ယသ္မာ)၊ ကြောင့်။ ဒွေ၊ ကုန်သော။ မနောဝိညာဏဓာတုယော၊ တို့သည်။ န အတ္ထိ၊ မရှိကုန်။ ဣတိ၊ ထို့ကြောင့်တည်း။
ဝါ၊ တနည်း။ စက္ခု ။ပေ။ ကာယမနောဝိညာဏ မနောဓာတူတိ၊ ဟူ၍။ ဝတ္တဗ္ဗံ၊ ဟောတော်မူထိုက်၏။ (ကသ္မာ၊ နည်း)။ အတုလျယောဂေ၊ မတူသော ပုဒ်နှင့် ယှဉ်စပ်ခြင်း၌။ ဒွန္ဒသမာသာဘာဝတော၊ ဒွန်သမာသ်၏ မဖြစ်ခြင်းကြောင့်တည်း။

ပန၊ ဆက်။ အယံ၊ ဤ ဆိုအပ်လတ္တံ့ကား။ ဧတ္ထ၊ ဤစက္ခု ။ပေ။ မနောဝိညာဏဓာတုဘေဒေန ဟူသော ပါဌ်၌။ စက္ခု ။ပေ။ ကာယဝိညာဏ မနော မနောဝိညာဏဓာတုဘေဒေနာတိ၊ ဟူသော။ ပါဌော၊ ပါဌ်ရင်းသည်။ သိယာ၊ ရာ၏။

အတုလျယောဂေ။ ။ “ယှဉ်ဘက်မတူလျှင် ဂျွန်သမာသ် မတို့, ယှဉ်ဘက်တူမှ ဒွန်သမာသ် တွဲရသည်” ဟူလို၊ “စက္ခု၊ သောတ ဃာန ဇိဝှါ ကာယ မနော မနော- ဝိညာဏဓာတုဘေဒေန”ဟု ပဌမပြအပ်သေးပါဠိ၌ စက္ကူ။ပေ။ ကာယတို့သည် ဝိညာဏ ဓာတုနှင့် ယှဉ်ရသောကြောင့် တုလျယောဂ (တူသောယှဉ်ခြင်း) ဖြစ်၏။ ထို့ကြောင့် ဇွန်သမာသ်တို့နိုင်၏။ ရွေမနောပုဒ်ကား ဝိညာဏနှင့်တွဲ၍ မဖြစ် ဓာတုနှင့်သာ တွဲနိုင်၏၊ ဤသို့ တုလျယောဂမဖြစ်ရာ၌ ဇွန်သမာသ် မဖြစ်နိုင်၊ ထို့ကြောင့် တုလျယောဂဖြစ်အောင် “စက္ခု စ။ပေ။ မနော စ စက္ခု။ပေ။ မနာနိ”ဟု သီးခြားတွဲပြီး၍ ထို့နောင် “စက္ခု၊ပေ။ မနာနံ+ဝိညာဏာနိ စက္ခု ။ပေ။ မနောဝိညာဏာနိ”ဟု တွဲပါ၊ ဤသို့တဲ့လျှင် စက္ခု။ပေ။ မနုတို့သည် ဝိညာဏ၌စပ်ရသောကြောင့် တုလျယောဂဖြစ်ကြ၏၊ ထို့ နောင် “စက္ခု။ပေ။ မနောဝိညာဏာနိ စ+မနော စ စက္ခု။ပေ။ မနောဝိညာဏမနာနိ”ဟု တွဲပါ၊ ဤသို့တွဲလျှင် စက္ခုဝိညာဏ။ပေ။ မနောဝိညာဏနှင့် မနောတို့သည် နောက်ဓာတု၌ စပ်ရသောကြောင့် တူလျယောဂ ဖြစ်ကြ၏၊ ထို့ နောက် “စက္ခု။ပေ။ မနောဝိညာဏ မနာနိယေဝ+ဓာတု- ယော စက္ကူ။ပေ။ မနောဝိညာဏ မနောဓာတုယော”ဟု တွဲပါ။

အယံ ပနေတ္ထ ပါဌော။ ။ဝါသဒ္ဒါဖြင့်ပြအပ်သော ဒုတိယနည်း၌ ကုလျယောဂ ဖြစ်သောကြောင့် ဂျွန်သမာသ်ဖြစ်နိုင်သော်လည်း မနောဝိညာဏနှင့် မနောကို ရွှေနောက် စဉ်ရသောကြောင့် ပါဠိရိုးရာ အစဉ်မတဲ့ရကား ပါဠိအစဉ်တဲ့သောပါဌ်ကို ပြလို၍ “အယံ ပနေတ္ထ ပါဌော သိယာ”ဟု ဋီကာဆရာ၏ မိမိသဘောကျပါဌ်ကို ထုတ်ပြသည်။ ထို ပါဌ်၌ကား “စက္ကူ။ပေ။ကာယ”ကို ရှေးဦးစွာ ဒွန်တွဲ၊ ထို့နောက် ဝိညာဏနှင့် တပ္ပုရိသ် တွဲ၍ “စက္ခု။ ပ။ ကာယဝိညာဏာနိ”ဟု တပုဒ်ခဲ့ပါ။ ထို့နောက် မနောနှင့် မနော- ဝိညာဏကို ဂျွန်ကွဲ၊ ထို ့နောက် စက္ခု ။ပေ။ ကာယဝိညာဏနှင့် မနော မနောဝိညာဏပုဒ် တို့ကို ဒွန်တွဲ၊ ထို ့နောက် စက္ကူ။ပေ။ မနောဝိညာဏာနိပုဒ်ကို ဓာတုနှင့် ကမ္မဓာရဲတို့ပါ၊ ထို့နောက်မှ “စက္ကူးပေ။ မနောဝိညာဏခာတူနီ+ဘေဒေါ စက္ကူ။ပေ။ ဘေဒေါ” တပ္ပုရိသ်တို့ပါ၊ ဤသို့တွဲလျှင် “မနောဓာတု မနောဝိညာဏဓာတု” ဟု ပါဠိအစဉ်လည်း ရိုးရာကျ၏၊ ယှဉ်ဘက်ပုဒ် တူသောကြောင့် တုလျယောဂလည်းဖြစ်သည်။

ခန္ဓာယတန ဒေသနာ၊ ခန္ဓဒေသနာ အာယတနဒေသနာတို့သည်။ သင်္ခေပဒေသနာ၊ တို့တည်း။ ဣန္ဒြိယ ဒေသနာ၊ သည်။ ဝိတ္ထာရေဒေသနာ၊ တည်း။ ဣတိ၊ ကြောင့်။ တဒုဘယံ၊ ထို ၂ ပါးစုံသော ဒေသနာတော်ကို။ အပေက္ခိတွာ၊ ရှုငဲ့၍။ ဝါ၊ လသော်။ ဓာတုဒေသနာ၊ သည်။ နာတိ သင်္ခေပဝိတ္ထာရာ၊ သည်။ (ဟောတိ)၊
အထဝါ၊ ကား။ သုတ္တန္တဘာဇနီယေ၊ ၌။ ဝုတ္တဓာတု ဒေသနာ၊ ဟောတော်မူအပ်သော ဓာတုဒေသနာသည်။ အတိသင်္ခေပဒေသနာ၊ သည်။ (ဟောတိ)၊ အာဘာ ဓာတုအာဒီနံ၊ အာဘာဓာတ် အစရှိကုန်သော။ အနေကဓာတု နာနာဓာတု အန္တာနံ၊ အနေကဓာတု, နာနာဓာတု အဆုံးရှိကုန်သော ဓာတ်တို့၏။ ဝသေန၊ ဖြင့်။ ဒေသေတဗ္ဗာ၊ ဟောတော်မူထိုက်သော ဒေသနာသည်။ [တိုက်ရိုက်မရှိသောကြောင့် ဒေသိတာဟု မဆိုဘဲ ဒေသေတဗ္ဗာဟု ဆိုသည်။] အတိဝိတ္ထာရဒေသနာ၊ သည်။ (ဟောတိ)၊ ဣတိ၊ ကြောင့်။ တဒုဘယံ၊ ကို။ အပေက္ခိတွာ၊ ၍။ အယံ၊ ဤဓာတုဒေသနာသည်။ နာတိသင်္ခေပဝိတ္ထာရာ၊ သည်။ (ဟောတိ)၊ ဣတိ၊ ဤသို့ မှတ်အပ်၏။
သဒ္ဒသ ဝိယ၊ စည်သံကံသို့သော။ ဝါ၊ စည်သံနင့်တူသော။ ဝိညာဏဿ၊ စက္ခုဝိညာဏ်၏။ နိဿယဘာဝတော၊ မှီရာ၏ အဖြစ်ကြောင့်။ စက္ခုဓာတု၊ စက္ခု ဓာတ်ကို။ ဘေရီတလံ ဝိယ၊ စည်မျက်နှာပြင်ကိုကဲ့သို့။ (ဒဋ္ဌဗ္ဗာ၊ ရှုမှတ်ထိုက်၏)။
စ၊ ဆက်။ ဧတာဟိ ဥပမာဟိ၊ ဤ ဥပမာတို့ဖြင့်။ (ဒဿေတိ ၌စပ်)။ နိဇ္ဇီဝါနံ၊ အသက် ဇီဝ မဟုတ်ကြကုန်သော။ ဘေရီတလဒဏ္ဍာဒီနံ၊ စည်မျက်နှာပြင်, လက်ခတ်ဒုက် အစရှိသည်တို့၏။ သမာယောဂေ၊ ပေါင်းဆုံခြင်းသည်။ (သတိ၊ သော်)။ နိဇ္ဇီဝါနံ၊ ကုန်သော။ သဒ္ဒါဒီနံ၊ စည်သံ အစရှိသည်တို့၏။ ပဝတ္တိဝိယ၊ ဖြစ်ခြင်းကဲ့သို့။ (တထာ၊ တူ)။ နိဇ္ဇီဝါနိံ၊ ကုန်သော။ စက္ခုရူပါဒီနံ၊ စက္ခုပသာဒ, ရူပါရုံ အစရှိသည်တို့၏။ သမာယောဂေ၊ သည်။ (သတိ၊ သော်)။ နိဇ္ဇီဝါနံ၊ ကုန်သော။ စက္ခုဝိညာဏာဒီနံ၊ တို့၏။ ပဝတ္တိ၊ သည်။ (ဟောတိ၊ ၏)။ ဣတိ၊ သို့။ ကာရဏဖလာနံ၊ စက္ခုပသာဒ ရူပါရုံ အစရှိသော အကြောင်းတရား, စက္ခုဝိညာဏ် အစရှိသော အကျိုးတရားတို့၏။ ဓာတုမတ္တတ္တာ၊ ဓာတ်သဘောမျှတို့၏ အဖြစ်ကြောင့်။ ကာရက ဝေဒကဘာဝဝိရဟံ၊ ပြုလုပ်တတ်သော ကာရက၏ အဖြစ်, ခံစားတတ်သော ဝေဒက၏ အဖြစ်တို့မှ ကင်းခြင်းကို။ ဒဿေတိ၊ ပြ၏။
ပုရေစရာနုစရာ ဝိယာတိ (ပဒဿ)၊ ၏။ နိဇ္ဇီဝဿ၊ အသက်ဇီဝ မဟုတ်သော။ ကဿစိ၊ တစုံတခု၏။ နိဇ္ဇီဝါ၊ အသက်ဇီဝ မဟုတ်ကြကုန်သော။ ကေစိ၊ အချို့တို့သည်။ ပုရေစရာနုစရာ ဝိယ၊ ရှေ့သွားနောက်လိုက်ဖြစ်ကုန်သကဲ့သို့။ (ဒဋ္ဌဗ္ဗာ ၌စပ်)။ ဣတိ အတ္ထော၊
ဝါ၊ တနည်း။ မနောဓာတုယေဝ၊ ကိုပင်။ အတ္တနော၊ မိမိ၏။ ခဏံ၊ ခဏကို။ အနတိဝတ္တန္တီ၊ မလွန်သေးမီ။ အတ္တနော၊ မိမိ၏။ ခဏံ၊ ခဏကို။ အနတိဝတ္တန္တာနံယေဝ၊ မလွန်သေးသည်သာလျှင်ဖြစ်ကုန်သော. စက္ခု ဝိညာဏာဒီနံ၊ တို့၏။ ပုရေဂစရာနုစရဘာဝေ၊ ရှေ့သွား နောက်လိုက်တို့၏ အဖြစ်သည်။ အဝိဇ္ဇမာနေပိ၊ မရှိပါသော်လည်း။ ပုဗ္ဗကာလာပရကာလတာယ၊ ပုဗ္ဗကာလ, အပရကာလ၏ အဖြစ်အားဖြင့်။ [အာဝဇ္ဇန်းသည် စက္ခုဝိညာဏ်စသည်တို့၏ ပုဗ္ဗကာလ၌ဖြစ်ခြင်း, သမ္ဖဋိစ္ဆိုင်းသည် စက္ခုဝိညာဏ် စသည်တို့၏ အပရဒကာလ၌ ဖြစ်ခြင်းကို ရည်ရါယ်သည်။] ပုရေစရာနုစရာဝိယ၊ ကိုကဲ့သို့။ ဒဋ္ဌဗ္ဗာ၊ ၏။ ဣတိ အတ္ထော၊ နက်။
တိဝိဓဒုက္ခတာ သမာယောဂတော၊ ဒုက္ခ ဒုက္ခ, သင်္ခါရဒုက္ခ, ဝိပရၕိဏမဒုက္ခ ဟူသော ၃ ပါး အပြားရှိသော ဒုက္ခတာနှင့်ယှဉ်ခြင်းကြောင့်။ သလ္လမိဝ၊ ငြောင့်ကို ကဲ့သို့၎င်း။ သူလမိဝ၊ တံကျင်ကို ကဲ့သို့၎င်း။ ဒဋ္ဌဗ္ဗော၊ ၏။
အာသာယေဝ၊ မြှော်လင့်တောင့်တခြင်းသည်ပင်။ ဒုက္ခံ၊ ဒုက္ခတည်း။ အာသာဒုက္ခံ၊ မြှော်လင့်တောင့်တခြင်းသည်ပင် ဒုက္ခ။ ဝါ၊ တနည်း။ အာသာဝိဃာတံ၊ အာသာကြောင့် ပင်ပန်းခြင်းဟူသော။ ဒုက္ခံ၊ တည်း။ (အာသာဒုက္ခံ၊ အာသာကြောင့် ပင်ပန်းခြင်း ဒုက္ခ။)
ဟိ၊ မှန်။ သညာ၊ သည်။ အဘူတံ၊ သုဘ အစရှိသည်၏ အဖြစ်အားဖြင့် ထင်ရှားမရှိသော။ ဒုက္ခ ဒုက္ခမ္ပိ၊ ဒုက္ခ ဒုက္ခကိုလည်း။ သုဘာဒိတော၊ သုဘ အစရှိသော အားဖြင့်။ သဉ္ဇာနန္တီ၊ မှတ်သိသိသည်။ (ဟုတွာ)၊ တံ အာသံ၊ ထို အာသာတည်းဟူသော ဒုက္ခကို၎င်း။ [အာသာယေဝ ဒုက္ခံကို ရည်ရွယ်သည်။] တဿာ၊ ထိုအာသာ၏။ ဝါ၊ ကြောင့်။ ဝိဃာတံ စ၊ ပင်ပန်းခြင်းကို၎င်း။ [အာသာဝိဃာတံ ဒုက္ခံကို ရည်ရွယ်သည်။] အာသီတိတသုဘာဒိ အသိဒ္ဓိယာ၊ တောင့်တအပ်သော သုဘ အစရှိသည်၏ မပြီးစီးခြင်းအားဖြင့်။ ဇနေတိ၊ ဖြစ်စေ၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။ ["ကသ္မာ အာသာယေဝ ဒုက္ခံ" ဟု ပုစ္ဆာထုတ်၍ "ဟိ ယသ္မာ" ဟုလည်း ပေးပါ။]
သင်္ခါရာ၊ တို့သည်။ ကမ္မပ္ပဓာနာ၊ ကံဟူသော စေတနာလျှင်ပဓာနရှိကုန်၏။ ဣတိ၊ ကြောင့်။ ပဋိသန္ဓိယံ ပက္ခိပနတောတိ အာဒိံ၊ အစရှိသော စကားကို။ (သင်္ဂဟကာရော) အာဟ၊
ဇာတိ ဒုက္ခာနုဗန္ဓနတောတိ၊ ကား။ အတ္တနာ၊ မိမိဟူသော သင်္ခါရသည်။ နိဗ္ဗတ္တိယမာနေန၊ ဖြစ်စေအပ်လတ္တံ့သော။ ဇာတိဒုက္ခေန၊ သည်။ အနုဗန္ဓတ္တာ၊ အစဉ်လိုက်အပ်သည်၏ အဖြစ်ကြောင့်။ (ရာဇ ပုရိသာနုဗန္ဓစောရာ ဝိယ ဒဋ္ဌဗ္ဗာ ၌စပ်)။
ဟိ၊ မှန်။ ဘဝ ပစ္စယာ၊ ကမ္မဘဝ ဟူသော အကြောင်းကြောင့်။ (သမ္ဘဝန္တိ၊ ဖြစ်သော)။ ဇာတိ၊ ဇာတိ ဟူသည်။ ဇာတိ ဒုက္ခံ၊ ပင်တည်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။
ပဒုမံ ဝိယ၊ ပဒုမ္မာကြာကိုကဲ့သို့။ ဒိဿမာနံ၊ ရှုမြင်အပ်သော။ ခုရစက္ကံ၊ သင်ဓုန်းစက်သည်။ နာနာဝိဓုပဒ္ဒဝံ၊ အထူးထူးသော အပြားရှိသာ ဥပဒ္ဒဝေါကို။ ဇနေတိ ဝိယ၊ ဖြစ်စေသကဲ့သို့။ (တထာ၊ တူ)။ ရူပမ္ပိ၊ ရူပက္ခန္ဓာသည်လည်း။ ဣတ္ထိယာ ဒိဘာဝေန၊ မိန်းမ အစရှိသည်၏ အဖြစ်ဖြင့်။ ဒိဿမာနံ၊ ရှုမြင်အပ်သော်။ နာနာဝိဓုပဒ္ဒဝံ၊ ကို။ ဇနေတိ၊ ၏။
သဗ္ဗေ၊ အလုံးစုံကုန်သော။ အနတ္ထာ၊ စီးပွါးမဲ့ဖြစ်ကုန်သော။ ရာဂါဒယော၊ ရာဂ အစရှိသော အကုသိုလ်တရားတို့သည်၎င်း။ ဇာတိအာဒယော စ၊ ဇာတိ အစရှိသော တရားတို့သည်၎င်း။ ဝိသဘူတာစ၊ အဆိတ်သဘွယ် ဖြစ်၍လည်း ဖြစ်ကုန်၏။ အသန္တာ စ၊ မငြိမ်သက်လည်း ဖြစ်ကုန်၏။ သပ္ပဋိဘယာ စ၊ ဘေးကျမ်းနျင့် တကွလည်းဖြစ်ကုန်၏။ ဣတိ၊ ကြောင့်။ (အသင်္ခတ ဓာတုယာ၊ အသင်္ခတဓာတ်၏။ ဝါ၊ က။) တပ္ပဋိပက္ခဘူတတ္တာ၊ ထို ရာဂ ဇာတိ အစရှိသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်သည်၏ အဖြစ်ကြောင့်။ အမတာဒိတော၊ အမတ အစရှိသည်၏ အဖြစ်အားဖြင့်။ ဒဋ္ဌဗ္ဗာ၊ ၏။
မုဉ္စိတွာပိ အညံ ဂဟေတွာတိ ဧတေန၊ ဟူသော ဤပါဌ်ဖြင့်။ (ဒဿေတိ ၌စပ်)။ မက္ကဋဿ၊ မျောက်၏။ (အသမတ္တတာ ၌စပ်)။ ဝါ၊ မျောက်သည်။ ဂဟိတံ၊ ယူအပ်ပြီးသော။ သာခံ၊ သစ်ကိုင်းကို။ မုဉ္စိတွာတိ၊ လွတ်ပြီး၍လည်း။ အာကာသေ၊ ကောင်းကင်၌။ ဌာတံ၊ တည်ခြင်းငှာ။ အသမတ္ထတာဝိယ၊ မစွမ်းနိုင်သည်၏ အဖြစ်ကဲ့သို့။ (တထာ၊ တူ)။ ဂဟိတာ ရမ္မဏံ၊ ယူအပ်ပြီးသော အာရုံကို။ မုဉ္စိတွာပိ၊ ၍လည်း။ အညံ၊ အခြားသော အာရုံကို။ အဂ္ဂဟေတွာ၊ မယူမူ၍။ ပဝတ္ထိတုံ၊ ဖြစ်ခြင်းငှာ။ အသမတ္ထတာယ၊ မစွမ်းနိုင်သည်၏ အဖြစ်ကြောင့်။ မက္ကဋသမာနတံ၊ မျောက်နှင့်တူသည်၏ အဖြစ်ကို။ ဒဿေတိ၊ ၏။
အဋ္ဌိဝေဓဝိဒ္ဓေါ၊ အရိုးထိအောင် ထိုးအပ်သည်။ ဝါ၊ အရိုးခိုက်အောင် ထိုးခြင်းဖြင့် ထိုးအပ်သည်။ (သမာနော ) ပိ၊ ဖြစ်ပါသော်လည်း။ (အပေါ် အသားမျှသာ မက, အရိုးထိအောင် ထိုးအပ်ပါသော်လည်း)။ ဒမထံ၊ ယဉ်ကျေးခြင်းကို။ အနုပဂစ္ဆန္တော၊ မကပ်ရောက်သော။ ဒုဋ္ဌဿော (ဒုဋ္ဌ+ အဿော)၊ ပျက်သော မြင်းသည်။ အဿခဠုင်္ကော၊ မြင်းကြမ်းမြင်းယုတ်မာတည်း။
ရင်္ဂဂတော၊ ပွဲသဘင်၌ ရောက်သော။ န ဋော၊ ဇာတ် သမား သည်။ ရင်္ဂနဋော၊ မည်၏။
ဧကနာနာသန္တာနဂတာနံ၊ တယောက်၏ သန္တာန်၌ဖြစ်ကုန်သော စက္ခု အစရှိသော ဒွါရ, အမျိုးမျိုးသော သန္တာန်၌ဖြစ်ကုန်သော ရူပ အစရှိသော အာရုံတို့၏။ ဧကသန္တာနဂတဝိညာဏပစ္စယဘာဝတော၊ တယောက်၏ သန္တာန်၌ ဖြစ်သော ဝိညာဏ်အား ကျေးဇူးပြုနိုင်သည်၏ အဖြစ်ကြောင့်၎င်း။ ဧကနာနာ ဇာတိကတ္တာ စ၊ စက္ခုစသည်၏ တခုတည်းသော ဇာတ် ရှိသည်၏ အဖြစ်, ရူပါရုံ စသည်၏ နီလ ပီတ စသော အားဖြင့် အမျိုးမျိုးသော ဇာတ်ရှိသည်၏ အဖြစ်ကြောင့်၎င်း။ စက္ခုဉ္စ ပဋိစ္စ ရူပေ စာတိအာဒိနာ၊ စသော စကားရပ်ဖြင့်။ ဒွါရာရမ္မဏေသု၊ စက္ခုစသော ဒွါရ, ရူပ စသော အာရုံတို့၌။ ဧကဝစန ဗဟုဝစန နိဒ္ဒေသာ၊ ဏကဝုစ်ဖြင့် ညွန်ပြခြင်း, ဗဟုဝုစ်ဖြင့် ညွှန်ပြခြင်းတို့သည်။ ("စက္ခုံ သောတ" စသည်ဖြင့် ဧကဝုစ် ညွှန်ပြခြင်း၊ "ရူပေ သဒ္ဒေ" စသည်ဖြင့် ဗဟုဝုစ်ဖြင့် ညွန်ပြခြင်းတို့သည်)။ ဟောန္တိ၊ ဖြစ်ကုန်၏။
သဗ္ဗဓမ္မေသူတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ သဗ္ဗသဒ္ဒေါ၊ သဗ္ဗသဒ္ဒါသည်။ အဓိကာရဝသေန၊ အနက်အားဖြင့် လိုက်လာသည်၏ အစွမ်းဖြင့်။ ယထာဝုတ္တဝိညာဏသင်္ခါတေ၊ အကြင် အကြင် ဆိုအပ်ပြီးသော ဝိညာဏ် ဟု ဆိုအပ်သည်မူလည်း ဖြစသော။ အာရမ္မဏသင်္ခါတေ ဝါ၊ ရူပါရုံ အစရှိသော အာရုံဟု ဆိုအပ်သည်မူလည်းဖြစ်သော။ ပဒေသသဗ္ဗသ္မိံ၊ တစိတ်တပိုင်းဖြစ်သော သဗ္ဗသဒ္ဒါ၌။ တိဋ္ဌတိ၊ တည်၏။ ဣတိ ဒဋ္ဌဗ္ဗော၊ [ဤအဖွင့်အတိုင်း ပါဠိတော နိဿယ၌ အနက်ပေးထားသည်။]

မနောဝိညာဏဓာတုနိဒ္ဒေသေ၊ ၌။ စက္ခုဝိညာဏဓာတုယာ ဥပ္ပဇ္ဇီတွာ ။ပေ။ ဥပ္ပဇ္ဇတိ စိတ္တန္တိ၊ ဟူသော ဤပါဌ်၌။ စက္ခုဝိညာဏဓာတာ နန္တရံ၊ စက္ခုဝိညာဏဓာတ်၏ အခြားမဲ့၌။ မနောဓာတု၊ သမ္ပဋိစ္ဆိုန်းဟူသော မနောဓာတ် သည်။ (ဥပ္ပဇ္ဇတိ) ဝိယ၊ ဖြစ်သကဲ့သို့။ (တထာ၊ တူ)။ မနောဓာတု နန္တရမ္ပိ၊ မနောဓာတ်၏ အခြားမဲ့၌လည်း။ စိတ္တံ၊ သန္တီရဏဟူသော စိတ်သည်။ ဥပ္ပဇ္ဇတိ၊ ဣတိ၊ သို့။ ယာဝ၊ အကြင်မျှလောက်။ အညာ၊ အခြားသော။ မနောဓာတု၊ သည်။ (နောက်ဝီထိ၌ ပါသော ပဉ္စဒွါရာဝဇ္ဇန်းဟူသော မနောဓာတ်သည်)။ ဥပ္ပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့။ တာဝ၊ ထိုမျှလောက်။ (အခြားမနောဓာတ်ဖြစ်သည့်တိုင်အောင်)။ ပဝတ္တံ၊ သော။ သဗ္ဗံ၊ သော။ စိတ္တံ၊ မနောဝိညာဏဓာတ်ဟူသော စိတ်ကို။ ဧကတ္တေန၊ တပါးတည်း၏ အဖြစ်ဖြင့်။ ဂဟေတွာ၊ ၍။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣတိ ဧဝမ္ပိ၊ ဤသို့လည်းဖြစ်သော။ အတ္ထော၊ ကို။ လဗ္ဘတိ၊ ၏။ [အဋ္ဌကထာဖွင့်အပ်သော အနက်သာမက ဤအနက်ကိုလည်း ရနိုင်သည် ဟူလို။]

အဓိကာရဝသေန။ ။ပါဠိတော်ဝယ် မနောဓာတုနိဒ္ဒေသ၌ “ စက္ခုဝိညာဏဓာတု- ယာ ဥပ္ပဇ္ဇိတာ နိရုဒ္ဓသမနန္တရာ ဥပ္ပဇ္ဇတိ စိတ္တံ ”စသည်ဖြင့် ပဉ္စဝိညာဏဓာတ်တို့၏ အခြား မဲ့၌ မနောဓာတ်ဟူသော သမ္မဋ္ဌိစိန်းစိတ်၏ ဖြစ်ပုံကို ပြတော်မူ၏။ ထို ့နောက်မှ “သဗ္ဗ- ဓမ္မေသု ဝါ” စသည်ဖြင့် မနောဓာတ်ဖြစ်ပုံကို တနည်း ပြတော်မှုသည်။ ထိုကြောင့် “သဗ္ဗ” အရ၌ ရွှေမှ အဓိကာရနည်း၏အစွမ်းဖြင့် လိုက်လာသော ပဉ္စဝိညာဏ်ကို၎င်း, ထိုဝိညာဏ် များ၏ အာရုံတို့ကို၎င်း ယူရသည်။ ဤသို့ ယူရသောကြောင့် စိတ်လည်း မကုန် အာခံလည်း မကုန်ရကား ထိုသဗ္ဗသည် ပဒေသ (တစိတ်တချို့)ကို ဟောသော သဗ္ဗဖြစ်သည်။ [မဋီကာ၌ကား အဓိကာရာသေန နေရာဝယ် “ အဓိကရဏဝသေန ” ဟု တွေ့ရ၏။ “ပဌမ- သမန္နာဟာရသင်္ခါတပကရဏဝသေန” ဟုလည်း ဖွင့်သည်၊ စဉ်းစားပါ။]

ဧကတ္တေန ဂဟေတွာ။ ။သမ္ပဋိစ္ဆိန်းဟူသော မနောဓာတ်၏ အခြားမဲ့၌ ပြည့်ကြ သော စိတ်ဟူသမျှသည် နောက်ဝီထိ၏ အစ ပဉ္စဒ္ဓါရာဝဇ္ဇန်းဟူသော မနောဓာတ်တိုင်အောင် မနောဓာတ်နှင့် ဆန့်ကျင်ဘက်အဖြစ်၌ တခုတည်းဖြစ်၏။ ထို ့ကြောင့် ထိုစိတ်အာ လုံးကို မနောဓာတုယာ ဥပ္ပဇ္ဇိက္ခာ နိရုဒ္ဓသမနန္တရာ ဥက္ကဋ္ဌ စိတ္တံ” အရ၌ ယူရသည်။ စိတ္တ၌ ဇာတျာပေက္ခ ဧကတ္တနည်းဟု ဆိုလိုဟန်တူသည်။

ဟိ၊ လဒ္ဓဂုဏ်ကို ဆိုဦးအံ့။ ဧဝံ၊ ဤသို့သော အက်သည်။ (နောက်ထပ် မနောဓာတ်ဖြစ်သည့်တိုင်အောင် အတွင်း၌ ဖြစ်သမျှစိတ်အားလုံးကို မနောဝိညာဏဓာတ်ဟူသော အနက်သည်)။ သတိ၊ ဖြစ်လသော်။ မနောဝိညာဏဓာတာနန္တရံ၊ ၌။ (ဘဝင်ဟူသော မနောဝိညာဏဓာတ်၏ အခြားမဲ့၌)။ ဥပ္ပန္နာယ၊ ဖြစ်သော။ မနောဓာတုယာ၊ ၏။ (ပဉ္စဒွါရာဝဇ္ဇန်းဟူသော မနောဓာတ်၏)။ မနောဝိညာဏ ဓာတုဘာဝပ္ပသင်္ဂေါ၊ မနောဝိညာဏဓာတ်၏ အဖြစ်၌ ကပ်ငြိဘွယ်သည်။ ဝါ၊ လျဉ်းပါးဘွယ်သည်။ န ဟောတိ ယေဝ၊ မရှိတော့သည်သာ။
ဟိ၊ ထင်ရှားအောင် ပြအံ့။ ပဉ္စဝိညာဏဓာတု မနောဓာတုက္ကမဒဿနံ၊ ပဉ္စ ဝိညာဏဓာတ်, မနောဓာတ် ဟူသော အစဉ်ကို ညွှန်ပြခြင်းသည်။ [ပါဠိတော်ကို ကြည့်ပါ၊ စာအုပ်တို့၌ "နိဒဿနံ" ဟု ရှိ၏။ ညွှန်ပြခြင်းမဟုတ်၊ ပါဠိတော်၌ တိုက်ရိုက်ပြခြင်း ဖြစ်သောကြောင့် "ဒဿနံ" ဟု ရှိမှကောင်းမည်။] တဗ္ဗိဓုရသဘာဝေန၊ ထို ပဉ္စဝိညာဏဓာတ်, မနောဓာတ်တို့နှင့် ဆန့်ကျင်ဘက်သဘော အားဖြင့်၎င်း။ ဥပ္ပတ္တိဋ္ဌာနေနစ၊ ဖြစ်ရာဌာနအားဖြင့်၎င်း။ ပရိစ္ဆိန္နဿ၊ ပိုင်းခြားအပ်ပြီးသော။ စိတ္တဿ၊ ၏။ (သန္တီရဏမှ စ၍ ဘဝင်ကုန်အောင်သော စိတ်၏)။ မနောဝိညာဏဓာတုဘာဝဒဿနတ္ထံ၊ မနောဝိညာဏဓာတ်၏အဖြစ်ကို ပြရခြင်း အကျိုးရှိ၏။ အနန္တရုပ္ပတ္တိမတ္တေန၊ အခြားမဲ့၌ ဖြစ်ခြင်းမျှဖြင့်။ (ပရိစ္ဆိန္နဿ၊ သော။ စိတ္တဿ၊ ၏။ မနောဝိညာဏဓာတုဘာဝ ဒဿနတ္ထံ၊ သည်)။ န၊ မဟုတ်။ ဣတိ၊ ကြောင့်။ တဗ္ဗိဓုရသဘာဝေ၊ ထို ပဉ္စဝိညာဏဓာတ်, မနောဓာတ်တို့နှင့် ဆန့်ကျင်ဘက်သဘောရှိသော စိတ်အားလုံး၌။ (သန္တီရဏမှ စ၍ ဘဝင်ကုန်အောင်သော စိတ်အားလုံး၌)။ ဧကတ္တံ၊ တစိတ်တည်း၏ အဖြစ်ကို။ ဥပနေတွာ၊ ကပ်ဆောင်၍။ ဒဿနံ၊ သည်။ ယုဇ္ဇတိ၊ ၏။ **ပဉ္စဝိညာဏ။ ပေ။ ဒဿနံ ဟိ**။ ။ရွှေစကားကို ထင်ရှားပြသော တပ္ပါကဋီကၡဏ ဝါကျတည်း။ ဣဒါနိ တမေဝတ္ထိ ပဉ္စဝိညာဏဓာတု မနောဓာတူတိ အာဒိနာ ပါကဋတရံ ကရောတိ။’အနု။] ပဉ္စဝိညာဏဓာတ်, မနောဓာတ်တို့နှင့် မနောဝိညာဏဓာတ်၏ သိပုံ သည် မတူကြ။ မနောဓာတ်သည် သာမန်သာသိ၏၊ ပဉ္စဝိညာဏဓာတ်သည် အထူးသိ၏၊ မနောဝိညာဏဓာတ်ကား ထို့ထက်ပင် သာလွန်ထူးခြား၍ သိ၏။ ဤသို့ ဆန့်ကျင်ဘက် သဘောအားဖြင့်လည်း ပဉ္စဝိညာဏဓာတ် မနောဓာတ်တို့နှင့် မနောဝိညာဏဓာတ်ကို ပိုင်းခြားထား၏။ သမ္ပဋိစ္ဆိန်းဟူသော မနောဓာတ်၏ ဖြစ်ရာဌာနသည် ပဉ္စဝိညာဏ်၏ အခြားမဲ့ ဌာနတည်း၊ ပဉ္စဒွါရာဝဇ္ဇန်းဟူသော မနောဓာတ်၏ဖြစ်ရာဌာနသည် ပဉ္စဝိညာဏ်၏ ရွှေဌာနတည်း။ ဤသို့ ရွှေဌာန နောက်ဌာနဖြင့် ပိုင်းခြားအပ်သောဌာနသည် သန္တီရဏ စသော မနောဝိညာဏ်၏ ဖြစ်ရာဌာနတည်း။ ဤသို့ ဥပ္ပတ္တိဌာနအားဖြင့်လည်း မနော- ဝိညာဏဓာတ်ကို ပိုင်းခြားထားသည်။ ဤသို့ ပိုင်းခြားအပ်သော စိတ်အားလုံး၏ မနော- ဝိညာဏဓာတ် မည်ကြောင်းကို ပြခြင်းအကျိုးငှါ ပါဠိတော်၌ ပဉ္စဝိညာဏဓာတ်နှင့် မနော- ဓာတ်ကို ရွှေနောက်စဉ်၍ ပြတော်မူသည်။ မနောဓာတ်၏အခြားမဲ့၌ သန္တီရဏဟူသော မနောဝိညာဏဓာတ်တပါး၏ ဖြစ်ခြင်းမျှကို ပြခြင်းအကျိုးငှါ ထိုသို့ ရွှေ့နောက်စဉ်သည် မဟုတ်ပါ။
ဧကတ္တေ၊ တစိတ်တည်း၏ အဖြစ်ကို။ အနုပနီတေပိ၊ မကပ်ဆောင်အပ်ပါသော်လည်း။ တဗ္ဗီဓုရသဘာဝေ၊ ရှိသော။ ဧကသ္မိံ၊ တပါးတည်းသော သန္တီရဏကို။ ဒဿိတေ၊ သော်။ သာမညဝသေန၊ တူသည်၏ အဖြစ်၏ အစွမ်းဖြင့်။ အညမ္ပိ၊ သန္တီရဏမှ တပါးလည်းဖြစ်သော။ သဗ္ဗံ၊ သော။ တံ သဘာဝံ၊ ထို ပဉ္စ ဝိညာဏဓာတ်, မနောဓာတ်တို့နှင့် ဆန့်ကျင်ဘက်သဘောရှိသော စိတ်အားလုံးသည်။ ဝါ၊ ကို။ ဒဿိတံ၊ ပြတော်မူအပ်ပြီးသည်။ ဟောတိ၊ ၏။ ဣတိ ဒဋ္ဌဗ္ဗံ၊
စ၊ ဆက်။ ပိ သဒ္ဒေန၊ ပိသဒ္ဒါဖြင့်။ (မနောဓာတုယာပိ၌ ပိသဒ္ဒါဖြင့်)။ မနောဝိညာဏဓာတု သမ္ပိဏ္ဍနေ၊ မနောဝိညာဏဓာတ်ကို ပေါင်းခြင်းသည်။ သတိ၊ သော်။ [ပိသဒ္ဒေနကို ဤ သမ္ပိဏ္ဍနေ သတိ၌စပ်။ "ပိသဒ္ဒါဖြင့် ပေါင်းသည်ရှိသော်" ဟူလို။] မနောဝိညာဏဓာတုယာပိ သမနန္တရာ ဥပ္ပဇ္ဇတိ စိတ္တံ ။ပေ။ တဇ္ဇာမနောဝိညာဏဓာတူတိ၊ ဟူ၍။ (ပဝတ္တေန၊ ဖြစ်သော)။ [ပြအပ်ခဲ့သော သတိနှင့် ဤ မနောဝိညာဏဓာတူတိ၏ စပ်ပုဒ် မရှိသောကြောင့် "ပဝတ္တေန" ဟု မဓု၌ ထည့်သည်။ "ပိသဒ္ဒါဖြင့် ပေါင်းသည်ရှိသော် ဤသို့ဖြစ်သော မနောဝိညာဏ ဓာတုသဒ္ဓါဖြင့် " ဟူလို။] မနောဝိညာဏဓာတုဂ္ဂဟဏေန၊ မနောဝိညာဏဓာတု သဒ္ဒါဖြင့်။ ဘဝင်္ဂါနန္တရံ၊ ဘဝင်၏ အခြားမဲ့၌။ ဥပ္ပန္နံ၊ သော။ မနောဓာတု စိတ္တံ၊ မနောဓာတ်ဟူသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည်။ ဝါ၊ ကို။ နိဝတ္တိတံ၊ နစ်စေအပ်ပြီးသည်။ ဟောတိ၊ ဖြစ်သည်မဟုတ်လော။ ဣတိစေ၊ ဤသို့ မေးအံ့။

(မနောဝိိညာဏဓာတုဂ္ဂဟဏေန၊ ဖြင့်။ ဘဝင်္ဂါနန္တရံ၊ ၌။ ဥပ္ပန္နံ၊ သော။ မနောဓာတုစိတ္တံ၊ သည်။ ဝါ၊ ကို။ နိဝတ္တိတံ၊ သည်)။ န၊ မဖြစ်။ (ကသ္မာ၊ နည်း)။ တဿာ၊ ထို မနောဓာတ်၏ ။ အမနောဝိညာဏဓာတုဘာဝါသိဒ္ဓိတော၊ မနော ဝိညာဏဓာတ် မဟုတ်သည်၏ အဖြစ်၏ မပြီးခြင်းကြောင့်တည်း။

အနုပနီတေပိ ။ပေ။ ဒဋ္ဌဗ္ဗံ။ ။ဤနည်းသည် ဧကတ္တနည်းမဟုတ်၊ သာမညနိဒ္ဒေသ နည်းတည်း။ “သမ္ပဋိစ္ဆိန်းဟူသော မနောဓာတ်၏ အခြားမဲ့၌ သန္တီရဏတခုမျှကို ပြလိုက် လျှင် ထိုမနောဓာတ်နှင့် ဆန့်ကျင်ဘက်သဘောအားဖြင့် တူသော ဝုဋ္ဌောစသော စိတ်များ ကိုလည်း ပြအပ်ပြီးဖြစ်တော့သည်” ဟူလို။

ပိသဒ္ဒေန။ပေ။ ဣတိ စေ။ ။မနာဓာတုယာပိ၌ ပိသဒ္ဒါ၏အကျိုးအဖြစ်ဖြင့် ယူအပ် သော မနောဝိညာဏဓာတုသဒ္ဒါက ဘဝင်၏ အခြားမဲ့၌ဖြစ်သော ပဉ္စဒွါရာဝဇ္ဇန်း ဟူသော မနောဓာတ်စိတ်ကို တားမြစ်နိုင်သည် မဟုတ်ပါလော၊ ထိုသို့ တားမြစ်နိုင်လျှင် မနော ဝိညာဏဓာတ်၏အခြားမဲ့၌ နောက်ထပ် မနောဝိညာဏဓာတ်တမျိုးဖြစ်ပုံကို ပြရာဝယ် ထို ပဉ္စဒွါရာဝဇ္ဇန်းဟူသော မနောဓာတ်မပါကြောင်း ထင်ရှားသည်’ဟူလို။

န အမနောဝိညာဏဓာတုဘာဝါသိဒ္ဓိတော။ ။ထို အမေး၏ အဖြေကို ပြလို၍ “န ။ပေ။သိဒ္ဓိတော”ဟု မိန့်သည်။ ထို မနောဝိညာဏဓာတုသဒ္ဓါဖြင့် မနောဓာတ်၏ မနော- ဝိညာဏဓာတ် မဟုတ်ကြောင်း မပြီးစီးနိုင်သောကြောင့် မနောဝိညာဏဓာတုသဒ္ဓါကပဉ္စဒ္ဓါရာဝဇ္ဇန်းဟူသော မနောဓာတ်ကို မတားမြစ်နိုင်ပါ’ဟူလို။ ဋီကာစာအုပ်၌ “မနော” ဝိညာဏဓာတုဘာဝါသိဒ္ဓိတော”ဟု အ-အက္ခရာ မပါသောပါဌ်ကို တွေ့ရ၏၊ သို့သော် အ- သဒ္ဒါပါမှ အနုဋီကာအဖွင့်နှင့်လည်း ညီမျှ အဓိပ္ပါယ်မှန်လည်း ရနိုင်ပါသည်။]

(ကသ္မာ တဿာ မနော ဝိညာဏဓာတုဘာဝါသဒ္ဓိ၊ သည်။ ဟောတိ၊ နည်း)။
ဟိ (ယသ္မာ)၊ ကြောင့်။ ယံ၊ အကြင်စကားကို။ စောဒီယတိ၊ စောဒက ပုဂ္ဂိုလ်သည် စောဒနာအပ်၏။ တဒေဝ၊ ထို စကားသည်ပင်။ ပရိဟာရာယ၊ မနောဓာတ်၏ မနောဝိညာဏဓာတ်၏ အမည်ကို ပယ်ရှားခြင်းငှာ။ န ဟောတိ၊ မဖြစ်။ ဣတိ၊ ကြောင့်။ (တဿာ အမနောဝိညာဏဓာတုဘာဝါသိဒ္ဓိ ဟောတိ)။
မနောဓာတုယာပိ မနောဝိညာဏဓာတုယာပီတိ၊ ဟူသော။ မနဒွယဝစနေန၊ မန ၂ ပါး အပေါင်းကို ဟောတော်မူကြောင်းစကားဖြင့်။ ဒွိန္နံ၊ ၂ ပါးကုန်သော မနတို့၏။ အညမညဝိဓုရသဘာဝတာ၊ အချင်းချင်းဆန့်ကျင်ဘက်သ ဘောရှိသည်၏ အဖြစ်ကို။ အနုဋီကာ။ ။ အမနောဝိညာဏဓာတုဘာဝါသိဒ္ဓိတောတိ မနောဓာတုဘာဝါသိဒ္ဓိ- တော။ “အမနောဝိညာဏဓာတုဘာဝ၊ မနောဝိညာဏဓာတ် မဟုတ်သည်၏ အဖြစ်”ဟု ဆိုလျှင် “မနောဓာတ်၏အဖြစ်”ဟု အနက်ဖြစ်သောကြောင့် အမနောဝိညာဏဓာတုကို “မနောဓာတု”ဟု ဖွင့်သည်။ မဋီကာစာအုပ်၌လည်း သံဝဏ္ဏေတဗ္ဗတုန်းက အ-သဒ္ဓါမပါ စေကာမူ သံဝဏ္ဏနာ၌ “မနောဝိညာဏဓာတုယာ(အညဘာဝဿ)အသိဒ္ဓိတော”ဟု ဖွင့်၏။ ဤ၌ “အညဘာဝဿ”သည် အမနောဝိညာဏဓာတုဘာဝ၌ အ-သဒ္ဒါ၏ အဖွင့်ပင်တည်း။ ထို့ကြောင့် "အမနောဝိညာဏဓာတုဘာဝါသိဒ္ဓိတော”ဟု ပါဌ်မှန်ရှိပါစေ။ ဒဿိတာ၊ ပြတော်မူအပ်ပြီ။ (ပြတော်မူအပ်ပြီး ဖြစ်၏)။ ဣတိ၊ ကြောင့်။ တေနေဝ၊ ထို မနဒွယ စကားဖြင့်ပင်။ မနောဓာတုဝဇ္ဇနဿ၊ မနောဓာတ်ဟူသော ပဉ္စဒွါရာဝဇ္ဇန်း၏။ မနောဝိညာဏဓာတုဘာဝေါ၊ မနောဝိညာဏဓာတ်၏ အဖြစ်ကို။ နိဝတ္တိတော၊ နစ်စေအပ်ပြီ။ ဝါ၊ တားမြစ်အပ်ပြီ။ ဣတိ ဒဋ္ဌဗ္ဗော၊ [ပဉ္စဒွါရာဝဇ္ဇန်း၏ မနောဓာတ် အဖြစ်ကို ပြသော စကားက တိုက်ရိုက်မရှိသောကြောင့် ဤကဲ့သို့ စောဒနာ သောဓနာ လုပ်နေရသည်။]
ဟိ၊ သာဓကကား။ တဿ၊ ထို မနောဓာတ်ဟူသော အာဝဇ္ဇန်း၏။ မနောဝိညာဏဓာတုဝိဓုရော၊ မနောဝိညာဏဓာတ်၏ သဘောနှင့် ဆန့်ကျင်သော။ မနောဓာတု သဘာဝေါ၊ မနောဓာတ်၏ သဘောကို။ သဗ္ဗဓမ္မေသု ဝါ ပန ပဌမ သမန္နာဟာရော ဥပ္ပဇ္ဇတီတိ အာဒိနာ၊ အစရှိသော ပါဠိရပ်ဖြင့်။ ဝုတ္တော၊ ပြီ။
သာ သဗ္ဗာပီတိ ဧတံ၊ ဟူသော ဤစကားသည်။ မုခမတ္တနိဒဿနံ၊ အမြွက် မျှကို ညွှန်ပြကြောင်း စကားတည်း။ (ကသ္မာ သာ သဗ္ဗာပီတိ ဧတံ, မုခမတ္တ နိဒဿနံ၊ တည်း။ ဣတိ, ဝိညာယတိ၊ နည်း)။
ဟိ (ယသ္မာ)၊ ကြောင့်။ ဇဝန ပရိယောသာနာဧဝ၊ ဇော အဆုံးရှိသော ဓာတ်သည်သာ။ မနောဝိညာဏဓာတု၊ သည်။ န၊ မဟုတ်သေး။ ပန၊ အဟုတ်ကား။ တဒါရမ္မဏာဒီနိပိ၊ တဒါရုံ အစရှိသည်တို့သည်လည်း။ [အာဒိဖြင့် ဘဝင်ကိုယူ။] (မနောဝိညာဏဓာတု၊ သည်)။ ဟောန္တိယေဝ၊ ဖြစ်ကုန်သည်သာ။ ဣတိ၊ ကြောင့်။ (သာ သဗ္ဗာပီတိ ဧတံ မုခမတ္တနိဒဿနံ၊ ဣတိ ဝိညာယတိ၊ )
ဧဝံ၊ ဤသို့။ ပဉ္စဝိညာဏဓာတု မနောဓာတု ဝိသိဋ္ဌ သဘာဝဝသေန၊ ပဉ္စဝိညာဏ ဓာတ်ထက်လည်း ထူး, မနောဓာတ်ထက်လည်း ထူးသော သဘော၏ အစွမ်းဖြင့်။ သဗ္ဗံ၊ သော။ မနောဝိညာဏဓာတုံ၊ ကို။ ဒဿေတွာ၊ ပြတော်မူပြီး၍။ **ဝုတ္တော ဟိ။ပေ။အာဒိနာ**။ ။ထိုဓာတ် ၂-မျိုး၏ အချင်းချင်း သဘောမတူ ကြောင်းကို သာဓကပြလို၍ “ဝုတ္တော ဟိ” စသည်ကို မိန့်။ “သဗ္ဗဓမ္မေသု ပဌမသမန္နာ ဟာရော ဥပ္ပဇ္ဇတိ”စသည်ဖြင့် ပဉ္စဒွါရာဝဇ္ဇန်းကို “ပဌမသမန္နာဟာရ”ဟု ဟောတော်မူပုံ ကို ထောက်၍ ထို ပဉ္စဒွါရာဝဇ္ဇန်း၏ သဘောသည် မနောဝိညာဏဓာတ်တို့၏ သာ ဆန့်ကျင်ဘက်ဖြစ်ကြောင်းကို သိနိုင်ပါသည်-ဟူလို။ ပုန၊ တဖန်။ မနောဒွါရဝသေန၊ ဖြင့်။ သာတိသယံ၊ အလွန်အကဲနှင့် တကွဖြစ်သော။ ဇဝနမနောဝိညာဏဓာတုံ၊ ဇောဖြစ်သော မနောဝိညာဏဓာတ်ကို။ ဒဿေန္တော၊ ပြတော်မူလိုသည်၏ အဖြစ်ကြောင့်။ မနဉ္စ ပဋိစ္စာတိအာဒိံ၊ အစရှိသော ပါဠိရပ်ကို။ အာဟ၊ ဟောတော်မူပြီ။
[အဋ္ဌကထာ၌ မနောဝိညာဏဓာတ်ကို ပြရာဝယ်" ဇဝနကိစ္စာ မနောဝိညာဏဓာတု ၊ဿာ သ‌္ဗောပိ ကထိတာ ဟောတီတိ ဝေဒိတဗ္ဗာ" ဟု ဆိုခဲ့၏။ ဤသို့ ဇော အဆုံးရှိသော စိတ်တို့ကိုသာ မနောဝိညာဏဓာတ်ဟုဆိုလျှင် အဘယ်အပြစ်ရှိပါသနည်ဟု မေးဘွယ်ရှိသောကြောင့် "ယဒိ ပန" စသည်ကို မိန့်။] ပန၊ လဒ္ဓဒေါသ ထင်ရှားပြအံ့။ ဆန္နံ၊ ကုန်သော။ ဒွါရာနံ၊ တို့၏။ ဝါ၊ တို့နှင့်။ ဝသေန၊ စပ်သဖြင့်။ ဇဝနာဝသာနာနေဝ၊ ဇော အဆုံးရှိသည်သာလျှင် ဖြစ်ကုန်သော။ စိတ္တာနိ၊ တို့ကို။ ဣဓ၊ ဤ မနောဝိညာဏဓာတုနိဒ္ဒေသ၌။ မနောဝိညာဏဓာတု တိ၊ ဟူ၍. ဒဿိတာနိ၊ ပြတာ်မူအပ်ကုန်ပြီ။ ဣတိ အယံ အတ္ထော၊ ကို။ ယဒိ ဂယှယျ၊ အကယ်၍ ယူအပ်ငြားအံ့။ (အဋ္ဌကထာ ဆိုသည့်အတိုင်း ယူအပ်ငြားအံ့)။ (ဧဝံ သတိ၊ သော်)။ စုတိပဋိသန္ဓိဘဝင်္ဂါနံ၊ တို့၏။ ဝါ၊ တို့ကို။ [ဘဝင်္ဂါနံဖြင့် တဒါရုံကို ပါ ယူပါ။] အဂ္ဂဟိတတ္တာ၊ မယူအပ်ကုန်သည်၏ အဖြစ်ကြောင့်။ သာဝသေသာ၊ အကြွင်းအကျန်နှင့် တကွဖြစ်သော။ ဒေသနာ၊ အဘိဓမ္မဘာဇနီယ ဒေသနာသည်။ အာပဇ္ဇတိ၊ ဖြစ်၏။ [ထိုသို့ သာဝသသ ဖြစ်ခြင်းဟူသော အပြစ်ရောက်၏ ဟူလို။] တသ္မာ၊ ကြောင့်။ ယထာဝုတ္တေန၊ သော။ နယေန၊ ဖြင့်။ အတ္ထော၊ ကို။ ဝေဒိတဗ္ဗော၊ ["သာ သဗ္ဗာပီတိ ဧတံ မုခမတ္တနိဒဿနံ" စသည်ဖြင့် မိမိဖွင့်ဆိုအပ်သော နည်းအတိုင်း ယူပါ ဟူလို။]
ဝါ၊ တနည်း။ ဆဒွါရိကစိတ္တေဟိ၊ ခြောက်ဒွါရ၌ဖြစ်သော စိတ်တို့ဖြင့်။ (ဒဿိတာနိ ၌စပ်)။ ဝါ၊ တို့နှင့်။ သမာနလက္ခဏာနိ၊ တူသော လက္ခဏာရှိကုန်သော။ အညာနိပိ၊ ဇောတိုင်အောင်သော စိတ်တို့မှ တပါးလည်းဖြစ်ကုန်သော တဒါရုံ ဘဝင်စိတ်တို့ကိုလည်း။ မနောဝိညာဏဓာတူတိ၊ ဟူ၍။ ဒဿိတာနိ၊ ကုန်ပြီ။ ဣတိ ဝေဒိတဗ္ဗာနိ၊ **ဧဝံ။ပေ။ပဋိစ္စၥတိ အာဒိမာဟ**။ ။မနောဝိညာဏဓာတ်သည် “ မနော ” ဟု၎င်း, “ဝိညာဏ”ဟု၎င်း ၊ နာမည် ၂-မျိုးရသောကြောင့် သိပ္ပံအားဖြင့် ပဉ္စဝိညာဏဓာတ်ထက် လည်း ထူးကဲ၏၊ မနောဓာတ်ထက်လည်း ထူးကဲ၏။ ထို ့ ကြောင့် “ဝိသိဋ္ဌသဘာဝသေန” ဟု ဆိုသည်။ ထို မနောဝိညာဏဓာတ်ကို ပါဠိတော်၌ “တတ္ထ ကတမာ မနောဝိညာဏ- ဓာတု"စသည်ဖြင့် ပဉ္စဝိညာဏဓာတ် မနောဓာတ်တို့၏ အခြားမဲ့၌ သန္တီရဏ, ဝုဋ္ဌော ဇောတဒါရုံ ဘဝင် အဖြစ်ဖြင့် ပြခဲ့ပြီးသည်ကို – သဗ္ဗ မနောဝိညာဏဓာတုံ စတာ ဟု မိန့်သည်။ ယခုအခါ၌ကား “ မနဉ္စ ပဋိစ္စ” စသည်ဖြင့် မနောဂါရိက ဇောဖြစ်သော မနောဝိညာဏဓာတ်ကို ပြတော်မူသည်။

ပဋိစ္စာတိ အာဂတဋ္ဌာနေတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ (အဓိပ္ပါယော ၌စပ်)။ မနောစ၊ ဇော စိတ်သည်ကား။ ဝါ၊ ဇော စိတ်သည်သာလျှင်။ နေသံ၊ ထို ပဉ္စဝိညာဏဓာတ်တို့၏။ ဂေါစရဝိသယံ၊ ကျက်စားရာ ဖြစ်သော အာရုံကို။ ပစ္စနုဘောတိ၊ ခံစား၏။ ဣတိ အာဒီသု၊ ဤသို့ အစရှိသော ပါဠိရပ်တို့၌။ (အာဝဇ္ဇနံ၊ ကို)။ ဝိသုံ၊ မနမှ သီးခြား။ ကာတုံ၊ ငှာ။ ယုတ္တံ၊ ၏။

ဣဓ ပန၊ ဤ ပဋိစ္စ ဟု လာရာ၌ကား။ စက္ခုဉ္စ ပဋိစ္စာတိအာဒီသု၊ တို့၌။ စ သဒ္ဒေန၊ ဖြင့်။ သမ္ပိဏ္ဍေတွာ၊ ပေါင်း၍။ [သဒ္ဒါကျမ်းတို့၌ " အဝုတ္တ သမုစ္စည်း" ဟု ဆိုသည်။] အာဝဇ္ဇနဿပိ၊ ၏လည်း။ စက္ခာဒိသန္နိ ဿိတတာကရဏံ ဝိယ၊ စက္ခုအစရှိသည်တို့၌ စွဲမှီသည်၏ အဖြစ်ကို ပြုခြင်းကဲ့သို့။ (တထာ) မနဉ္စ ပဋိစ္စာတိ၊ ဟူ၍။ အာဂတဋ္ဌာနေ၊ ၌။ အာဝဇ္ဇနံ၊ ကို။ မနောဒွါရသင်္ခါတ ဘဝင်္ဂသန္နိဿိတ မေဝ၊ မနောဒွါရ ဟု ဆိုအပ်သော ဘဝင်၌ စွဲမှီသည်ကို သာလျှင်။ ကာတဗ္ဗံ၊ ၏။ ဣတိ (အယံ)၊ ကား။ အဓိပ္ပါယော၊ မဟာဓမ္မရက္ခိတထေရ်၏ အလိုတည်း။

အဘိဓမ္မ ဘာဇနီယ ဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။