ဟိ၊ မှန်။
တံ၊ ထို စက္ခုပသာဒသည်။
တေ၊ ထို စက္ခုဒွါရိကတရားတို့ကို။
ရူပဂ္ဂဟဏေ၊ ရူပါရုံကို ယူခြင်းကိစ္စကြောင့်။
အတ္တာနံ၊ မိမိဟူသော စက္ခုပသာဒကို။
အနုဝတ္တေတိ၊ အစဉ်လိုက်စေ၏။
တေစ၊ ထို စက္ခုဒွါရိက တရားတို့သည်လည်း။
တံ၊ ထို စက္ခုပသာဒသို့။
စက္ခုဒွါရဘာဝေ။ ။ "စက္ခုမေဝ စက္ခုဒွါရံ" နှင့် အညီ စက္ခုပသာဒသည် စက္ခုဒွါရမည်၏။ သို့သော် ဤနေရာ၌ စက္ခုပသာဒကို ဆိုလိုရင်းမဟုတ်၊ စက္ခုဒွါရ အမည်ရနိုင်ခြင်း၏ အဖြစ်ကြောင်းဖြစ်ရာ ရူပါရုံကို ခံယူခြင်းတိုင်အောင် ယူစေလိုသည်။ ထို့ကြောင့် စက္ခုဒွါရေကို "စက္ခုဒွါရဘာဝေ" ဟု ဖွင့်သည်။ "စက္ခုဒွါရေ၌ ဘာဝပ္ပဓာန ဘာဝလောပ ကြံပါ" ဟူလို။ သ္မိံ ဝိဘတ်ကိုလည်း နိမိတ်အနက်၌ သက်ပါ။ ထို့ကြောင့် "စက္ခဒွါရေဘာဝဟေတု" ဟု အနုဋီကာဖွင့်သည်။ [ရှေးအဋ္ဌသာလိနီ၌ကား"၌" ဟု အနက်ပေးကြသည်။]
တံဒွါရိကေဟိ။ ။ တံဒွါရိကေဟိသည် ကာရယတိ၌ ကာရိတ်ကံ, ဓာတ်ကတ္တားတည်း။ ချဲ့ဦးအံ့- ရူပါရုံကို ယူခြင်းကိစ္စ၌ စက္ခုပသာဒ မပါလျှင် မဖြစ်သောကြောင့် သမ္ပယုတ်တရားတို့က စက္ခုပသာဒကို အကြီးအကဲစိုးရအဖြစ်သို့ ပြုကြရသည်။ ဤအလို "တံဒွါဝိကေဟိ" စသည် ကရဓာတ်၏ ကတ္တားတည်း။ ထိုကဲ့သို့ ပြုကြရအောင် စက္ခုပသာဒက "ငါမပါလျှင် သင်တို့ချည်းသက်သက် ရူပါရုံကို ယူခြင်းကိစ္စ မဖြစ်နိုင်။ ထို့ကြောင့် "င့ါကို အစိုးရအဖြစ်ကို ပြုကြ" ဟု မပြောသော်လည်း ပြောသကဲ့သို့ မိမိ၏အစိုးရအဖြစ်ကို ပြုစေရာရောက်သည်။ ဤအလို "တံဒွါရိကေဟိ" သည် သက္ခုပသာဒ၏ စေခိုင်းမှုကို ခံရသော ကာရိတ်ကံတည်း။
ပရမိဿရဘာဝံ။ ။ ဣန္ဒကို "ပရမိဿရ" ဟု ဖွင့်၏။ ထိုသို့ဖွင့်ခြင်းသည် "ဣဒိပရမိဿရိယေ" ဟူသော ဓာတ်နက်ကို ဖွင့်ခြင်းတည်း။ "ပရမိဿရ" ဟူသည် ရူပါရုံကို ယူခြင်းကိစ္စ၌ မိမိထက်သာလွန်သော တရားမရှိ၊ မိမိသာလျှင် အသာဆုံးဖြစ်ခြင်းတည်း။ ထို့ကြောင့် "ပရမဣဿရ" ဟု ဆိုသည်။ အချုပ်မှာ "စက္ခုဒွါရေ ဣန္ဒဋ္ဌံ ကာရေတိ" ဟူသော အဖွင့်သည် သဒ္ဒတ္ထမဟုတ်၊ စက္ခုန္ဒြေ၏ သဘောကို ဖွင့်ပြသော သဘာဝတ္ထတည်း။ သဒ္ဒတ္ထကို နောက်၌ ပြလတ္တံ့။ [အဋ္ဌသာလိနီနိဿယံ၌" အဓိမောက္ခလက္ခဏေ။ အဓိမောက္ခလက္ခဏာ၌" စသည်ဖြင့် အာဓာရ အနက်ပေးခဲ့၏။ သူ့နည်းနှင့်တူ အဓိပ္ပါယ်ရပါသည်။]
အနုဝတ္တန္တိ၊ အစဉ်လိုက်ကုန်၏။ ဣတိ၊ ဤကား အဓိပ္ပါယ်တည်း။**နိဿရဏုပါယာဒိဘာဝတော**။ ။ နိဿရဏပါယာဒိဘာဝတောတိ ဧတ္ထ လောကုတ္တရေသု မဂ္ဂပရိယာပန္နာနိ နိဿရဏံ (ထွက်မြောက်ကြောင်း) ဣတရာနိ နိဿရဏဗလံ၊ ဝိဝဋ္ဋသန္နိဿတေန နိဗ္ဗတ္တိတာနိ သဒ္ဓိန္ဒြိယာဒီနိ နိဿရဏုပါယော၊ ဣတရေသု ကာနိစိ ပဝတ္တိဘူတာနိ, ကာနိစိ ပဝတ္တိ ဥပါယောတိ ဝေဒိတဗ္ဗာနိ ။အနုဋီကာ။
ဝုတ္တံ၊ ဆိုအပ်ပြီ။
[ခီဏာသဝဿ ဘာဝဘူတောတိ ဆဠင်္ဂုပေက္ခာဝိယ (ဆဠင်္ဂုပေက္ခာသည် ရဟန္တာဖြစ်ပြီး ပုဂ္ဂိုလ်၌သာ ဖြစ်သကဲ့သို့) ခီဏာသဝဿေဝ ဓမ္မဘူတော ။ အနု။]**လိင်္ဂံ**။ ။ လိဂိဓာတ်သည် "ဂတိအနက်" ကို ဟော၏။ ကာရိတ် ဏေပစ္စည်းဖြင့် "လိင်္ဂေတိ" ဟု ဖြစ်၏၊ "ဂမေတိ" ကား ဓာတ်နက်အဖွင့်တည်း ၊ ဂတိ အနက်ရှိသော ဓာတ်တို့သည်"သိခြင်းအနက်" ကိုလည်း ဟောနိုင်သောကြောင့် "ဉာပေတိ" ဟု ထပ်ဆင့်၍ ဖွင့်ပြန်သည်။ ဤအလို "လိဂိ" ဓာတ်နောင် ကာရိတ် ဏေ ပစ္စည်း ကြေသောကတ္တားဟော အ ပစ္စည်းတည်း၊ "လိင်္ဂီယတိ ဝါ" ဟူသော ဒုတိယဝီဘင်း၌ကား ကရဏသာဓန အ ပစ္စည်းတည်း။ ဤအဓိပ္ပါယ်ကို ရည်ရွယ်၍ ရှေးဆရာတို့က "ဟေတုကတ္တုသာဓ်, ရလတ်က, ကရဏသာဓ်, ရမြဲမှတ်" ဟု ဥပဒေ ပြုကြသည်။
လိင်္ဂါနိ၊ သိစေတတ်သော ဣန္ဒြေတို့တည်း။
တေနစ၊ ထို ရှေးကံသည်လည်း။
သိဋ္ဌာနိ၊ ပြုစီမံတတ်သော ဣန္ဒြေတို့တည်း။
ဣတိ၊ ဤအနက်၌။
ကမ္မဇာနေဝ၊ စက္ခုစသော ကမ္မဇဣန္ဒြေတို့ကိုသာ။
ယောဇေတဗ္ဗာနိ၊ ယှဉ်စေထိုက်ကုန်၏။
အညာနိ၊ ကမ္မဇဣန္ဒြေမှ တပါးသော ဣန္ဒြေတို့ကို။
န (ယောဇေတဗ္ဗာနိ)၊ ကုန်။**ဧတ္ထ စ**။ ။ ယာ သုခ ဒုက္ခိန္ဒြိယာနံ ဣဋ္ဌာနိဋ္ဌာကာရ သမ္ဘောဂရသတာ ဝုတ္တာ၊ သာ အာရမ္မဏသဘာဝေနေဝ ဝေဒိတဗ္ဗာ၊ န ဧကစ္စ သောမနဿိန္ဒြိယာဒီနံ ဝီိယ ပရိကပ္ပဝသေနာတိ ဒဿေန္တော "ဧတ္ထ စာ" တိ အာဒိမာဟ။ အနု။ သောမနဿသည် သဘာဝဣဋ္ဌသာမက ပရိကမ္မဣဋ္ဌကိုလည်း သုံးဆောင်ခံစား၏။ သုခိန္ဒြေအား ပရိကပ္ပဣဋ္ဌကို မသုံးဆောင် မခံစားနိုင်။ ဘာ့ကြောင့်နည်း ဝိပါက်တရားဖြစ်ရကား ကံပေးသည့်အတိုင်းသာ ခံစားနိုင်သောကြောင့်တည်း။ ဒုက္ခန္ဒြေ၌လည်း နည်းတူ။
(ပရိကပ္ပ ဣဋ္ဌာရံ, ပရိကပ္ပ အနိဋ္ဌာရုံ၌လည်း)။
ဣဋ္ဌာကာရေန၊ ဣဋ္ဌ အခြင်းအရာအားဖြင့်၎င်း။
အနိဋ္ဌာကာရေန စ၊ အနိဋ္ဌအခြင်းအရာအားဖြင့်၎င်း။
သမ္ဘောဂရသတာ၊ ကို။
န ဝေဒိတဗ္ဗာ၊ မသိထိုက်။
ဣတိ၊ ဤသို့ မှတ်အပ်၏။**တဿ ။ပေ။ ပဝတ္တတ္တာ**။ ။ တဿာတိ ဣန္ဒြိယ ပစ္စယဘာဝဿ၊ အနညာသာဓာရဏတ္တာတိ အညေဟိ အနိန္ဒြိယေဟိ အသာဓာရဏတ္တာ။ ဧဝံ သာမတ္တိယတော ကိစ္စ ဝိသေသံ ဝဝတ္ထပေတွာ ပကရဏတောပိ (အရာဋဌာနအားဖြင့်လည်း) တံ (ထို ကိစ္စအထူးကို) ဒဿေတိ။ ဣန္ဒြိယကထာယ စ ပဝတ္တတ္တာတိ။ အနု။
ဣတိ၊ ဤသို့ မှတ်ထိုက်၏။
[ကသ္မာထည့်၍လည်း ဉာပကဝါကျ တနည်းပေးပါ။]အနုပ္ပါဒနေ၊ ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေတို့က နိမိတ္တစသည်ကို မဖြစ်စေခြင်းသည်၎င်း။
အနုပတ္ထမ္ဘေစ၊ ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေတို့က နိမိတ္တစသည်ကို မထောက်ပံ့ခြင်းသည်၎င်း။
(သတိ၊ ရှိလသော်။
ဝါ၊ ရှိပါလျက်)။
တပ္ပစ္စယာနံ၊ ထို ဣတ္ထိ နိမိတ္တ, ပုရိသနိမိတ္တ အစရှိသည်တို့၏ အကြောင်းဖြစ်သော ကံ အစရှိသည်တို့၏။
ဝါ၊ တို့က။
တပ္ပဝတ္တနေ၊ ဣတ္ထိနိမိတ္တ အစရှိသော အခြင်းအရာရုပ်ကို ဖြစ်စေခြင်း၌။
နိမိတ္တဘာဝေါ၊ အကြောင်း၏အဖြစ်သည်။
အနုဝိဓာနံ၊ လျော်စွာ စီမံခြင်းတည်း။
သဗ္ဗတ္ထ စ ။ပေ။ ဒဋ္ဌဗ္ဗော။ ။ သဗ္ဗတ္ထာတိ ဝသဝတ္တာပနံ သဟဇာတ ဓမ္မာနုပါလနန္တိ ဧဝံ ယာဝ အမတာဘိမုခဘာဝပစ္စယတာ စ သမ္ပယုတ္တာနန္တိ တံ ကိစ္စနိဒ္ဒေသေ။ အနု။ အဋ္ဌကထာ၌ "မနိန္ဒြိယဿ ပန သဟဇာတ ဓမ္မာနံ အတ္တနော ဝသဝတ္တာပနံ၊ ဇီဝိတိန္ဒြိယဿ သဟဇာတ ဓမ္မာနုပါလနံ ။ပေ။ အညာတာဝိန္ဒြိယဿ သဗ္ဗကိစ္ဏေသု ဥဿုက္ကပဟာနဉ္စေဝ အမတာဘိမုခဘာဝပစ္စယတာ စ သမ္ပယုတ္တာနံ" ဟု ရှိ၏။ထိို ကိစ္စ အားလုံးကို "သဗ္ဗတ္ထ" ဟု ဆိုသည်။ စက္ခုန္ဒြေ၏ ကိစ္စကို ပြရာ၌ "ဣန္ဒြိယပစ္စယဘာဝေန သာဓေတဗ္ဗံ" ဟု စကားတရပ်ရှိ၏။ ထိုစကားရပ်သည် နောက်ဣန္ဒြေတို့၌လည်း အဓိကာရနည်းအားဖြင့် လိုက်လာသည် " ဟူလို။
အနုပ္ပါဒေန အနုပတ္ထမ္ဘေ။ ။ ပစ္စည်းတရားမည်သည် ပစ္စယုပ္ပန် တရားကို ဖြစ်စေနိုင်သော ဥပ္ပါဒန (ဇနက) သတ္တိသော်လည်း ရှိရ၏။ သို့မဟုတ် ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကသတ္တိသော်လည်း ရှိရ၏။ ဣတ္ထိန္ဒြေ ပုရိသန္ဒြေတို့မှာ ဣတ္ထိနိမိတ္တ စသည်ကို ဖြစ်စေနိုင်, ထောက်ပံ့နိုင်သော ထို သတ္တိ ၂ မျိုးလုံး မရှိပါဘဲလျက် (ဣန္ဒြိယ ပစ္စည်း မတပ်ပါဘဲလျက် ) အဘယ်သုိ့လည်း ဣတ္ထိ နိမိတ္တ စသည်တို့ကို စီမံနိုင်ပါသနည်းဟု မေးဘွယ်ရှိသောကြောင့် အနုပ္ပါဒနေ စသည်ကို မိန့်သည်။
ဆိုလိုရင်းကား။ ။ ဣတ္ထိလိင်္ဂ နိမိတ္တစသည်တို့သည် ဣတ္ထိဘာဝရုပ်ကြောင့် ဖြစ်ရသည် မဟုတ်ဘဲ ကံ စသော အကြောင်းတိ့ကြောင့် ဖြစ်ကြရသော်လည်း ဣဝ္ထိဘာဝရုပ်ရှိရာ သန္တာန်ဝယ် ကံ စသည်တို့က မိန်းမ၏ သေးငယ်သော လက်ခြေသဏ္ဌာန်, မိန်းမ၏ အင်္ဂါဇာတ်, မိန်းမ၏ အမူအရာကိုသာ ဖြစ်စေကြရသည်။ ထိုသို့ဖြစ်အောင် စီမံဘို့ရန် ဣတ္ထိဘာဝရုပ်က ကံ စသည်ကို အမိန့်ပေးနေသကဲ့သို့ဖြစ်၏။ ထို့ကြောင့် "တပ္ပစ္စယာနံ တပ္ပဝတ္တနေ နိမိတ္တဘာဝေါ အနုဝိဓာနံ" ဟု ဆိုသည်။ ပုရိသိန္ဒြေက စီမံရာ၌လည်း နည်းတူ။
အသန္တဿ၊ မငြိမ်သက်သည်လည်းဖြစ်သော။
အပဏီတဿပိ၊ မမွန်မြတ်သည်လည်းဖြစ်သော။
အကုသလတဗ္ဗိပါကာဒိသမ္ပယုတ္တဿ၊ အကုသိုလ်, ထို အ ကုသိုလ်၏အကျိုး အစရှိသည်တို့နှင့် သမ္ပယုတ်ဖြစ်သော ဥပေက္ခိန္ဒြေအတွက်။
မဇ္ဈတ္တာကာရာနုပါပနံ၊ မဇ္ဈတ္တ အခြင်းအရာသို့ ရောက်စေခြင်းကို။
ယောဇေတဗ္ဗံ၊ ယှဉ်စေထိုက်၏။
ဝါ၊ တနည်း။
သမာနဇာတိယံ၊ တူသော ဇာတ်၌။
သုခ ဒုက္ခေဟိ၊ သုခ ဒုက္ခတို့ထက်။
ဆာဒေတွာ ဖရီတွာ။ ။ သုခ (သောမနဿ) ဒုက္ခ(ဒေါမနဿ) ဝေဒနာတို့သည် သတ္တဝါတို့သန္တာန်၌ ဖြစ်သည်ရှိသော် သုခစသည်တို့က သမ္ပယုတ်တရားတို့ကို ဖုံးလွှမ်းသကဲ့သို့ (လွှမ်းမိုးသကဲ့သို့) ဖြစ်၏။ ထို သမ္ပယုတ်တရားတို့အပေါ်၌ မိိမိ၏ သုခသဘောကို ဖြန်သကဲ့သို့ ဖြစ်၏။ ထို့ကြောင့် သုခ၏ ခံစားပုံ အခြင်းအရာသည် ဩဠာရိက (ပေါ်လွင်ထင်ရှား) ၏။ ဒုက္ခဝေဒနာဖြစ်ရာ၌လည်း ထို့အတူ ပေါ်လွင်၏။ သောမနဿ ဒေါမနဿဖြစ်ရာ၌လည်း ပေါ်လွင်ထင်ရှားသည်ပင်။ ထိုသို့ သုခစသည်တို့က သမ္ပယုတ် တရားများအပေါ် လွှမ်းမိုးထားသောကြောင့် သမ္ပယုတ်တရားတို့လည်း သုခသဘောသို့ လိုက်ကြရသည်။ မိမိ၌ သုခ ဒုက္ခဖြစ်ပုံကို သထိထား၍ ကြည့်လျှင် ဤအဓိပ္ပါယ်အတိုင်း ထင်ရှားပါလိမ့်မည်း။
အသန္တဿ ။ပေ။ ယောဇေတဗ္ဗံ။ ။ ဥပေက္ခန္ဒြေ၏ ကိစ္စကို ပြရာ၌ "သန္တပဏီတ မဇ္ဈတ္တာကာရာနုပါပနံ" ဟု ဆို၏။ "ဥပေက္ခာ ပန သန္တတ္တာ" စသည်ဖြင့် ဥပေက္ခာ ဝေဒနာ၏ သန္တဖြစ်ကြောင်း, သန္တဖြစ်လျှင် ပဏီတလည်းဖြစ်ကြောင်းကိ ုထိုထိုနေရာ၌ ပြထား၏။ အကုသိုလ်နှင့် အကုသိုလ်၏ အကျိုးဝိပါက်သည် သန္တ ပဏီတ မဟုတ်ရကား " ထို အကုသိုလ်, အကုသလဝီပါက်တို့နှင့် ယှဉ်သော ဥပေဥ္ခိန္ဒြေအတွက် အဘယ်သို့ သန္တ ပဏိတ အခြင်းအရာအားဖြင့် ယောဇနာရမည်နည်း" ဟု မေးဘွယ်ရှိသောကြောင့် အသန္တဿ စသည်မိန့်။ အခြင်းအရာသည် "သန္တာ ပဏီတ, မဇ္ဈတ္တ" ဟု ၃ မျိုးရှိ၏။ ထို့ကြောင့် အကုသိုလ်, ထို၏ အကျိုးနှင့်ယှဉ်သော ဥပေက္ခိန္ဒြေအတွက် မဇ္ဈတ္တာကာရာနုပါပန အနက်ကိုသာ ယှဉ်စေပါ ဟူလို။
သန္တ ပဏီဝါကာရာနုပါပနဉ္ဏ၊ ငြိမ်သက်သော အခြင်းအရာ , မွန်မြတ်သော အခြင်းအရာသို့ အစဉ် ရောက်စေခြင်းကိုလည်း။ (ယောဇေတဗ္ဗံ)၊အာဒိသဒ္ဒေန၊ ဖြင့်။
ဥဒ္ဓံဘာဂိယ သံယောဇနာနိ၊ ဥဒ္ဓံ ဘာဂိယ သံယောဇဉ် တို့ကို။
ဂဟိတာနိ၊ ယူအပ်ကုန်ပြီ။
[ကာမာရာဂ ဗျာပါဒါဒိ၌ အာဒိ သဒ္ဒါကို ဆိုသည်။ ထို အာဒိဖြင့် ဥဒ္ဓံဘာဂိယ သံယောဇဉ်တို့ကို ယူပါ။ အရဟတ္တမဂ် တည်းဟူသော အညိန္ဒြေသည် ဥဒ္ဓံဘာဂိယသံယောဇဉ်တို့ကို ပယ်သည်။]
စ၊ ဆက်။
မဂ္ဂသမ္ပယုတ္တဿေဝ၊ မဂ်နှင့်ယှဉ်သည်သာလျှင်ဖြစ်သော။
ဣန္ဒြိယဿ၊ အညိန္ဒြေ၏။
ကိစ္စံ၊ ကိစ္စကို။
ဒဿိတံ၊ အဋ္ဌကထာ၌ ပြအပ်ပြီ။
တေနေဝ၊ ထို မဂ္ဂသမ္ပယုတ္တ အညိန္ဒြိယ၏ ကိစ္စကို ပြခြင်းဖြင့်ပင်။
ဖလသမ္ပယုတ္တဿ၊ ဖိုလ်နှင့် ယှဉ်သော အညိန္ဒြေ၏။
တံ တံ သံယောဇနာနံယေဝ၊ ထိုထိုမဂ်သည် ပယ်အပ်ပြီးသော သံယောဇဉ်တို့၏ပင်။
ပဋိပဿဒ္ဓိ ပဟာနကိစ္စတာ၊ တဖန် ငြိမ်းစေခြင်း အားဖြင့် ပယ်ခြင်းကိစ္စရှိသည်၏ အဖြစ်သည်။
ဝါ၊ ကို။
ဒဿိတာ၊ ပြအပ်သည်။
ဟောတိ၊ ၏။
ဣတိ၊ ဤသို့ မှတ်အပ်၏။
သမာနဇာတိယံ ဝါ။ ။ ဤနည်း၌ သန္တာ ပဏီတ ဖြစ် မဖြစ်ကို ဇာတ်တူ စိတ် ချင်းသာ နှိုင်းယှဉ်ထိုက်၏။ ထို့ကြောင့် အကုသိုလ်သုခ, ဒုက္ခတို့ထက် အကုသိုလ် ဥပေက္ခာသည် သန္တ, ပဏီတ ဖြစ်၏။ ထို အကုသိုလ်ဥပေက္ခာက မိမိ၏ သမ္ပယုတ်တရားတို့ကို မိမိကဲ့သို့ သန္တ, ပဏီတ, မဇ္ဈတ္တ အခြင်းအရာသို့ ရောက်စေသည် ဟူလို။ အကုသလ ဒိပါဌ်၌ရှိသော ဥပေက္ခာက သန္တ, ပဏီတအဖြစ်သို့ ရောက်စေပုံ၌လည်း နည်းတူ။
ပသန္န ။ပေ။ သဒ္ဓါဒီနံ။ ။ သဒ္ဓိန္ဒြေသည် မိမိက ကြည်လင်ခြင်း အခြင်းအရာ ရှိ၏။ ထိုအခြင်းအရာကို ယှဉ်ဘက် သမ္ပယုတ်တရားသို့ ရောက်စေ၏။ သမ္ပယုတ်တရားတို့၏ ကြည်လင်ခြင်းသည် သဒ္ဓိန္ဒြေက သမ္ပယုတ်တရားတို့ကို မိမိသဘောသို့ လိုက်စေခြင်းပင် တည်း။ ဝီရိယိန္ဒြေ၏ ပဂ္ဂဟိတာကာရ, သတိန္ဒြေ၏ ဥပဋ္ဌိတာကာရ, သမာဓိန္ဒြေ၏ သမာဟိတာကာရ, ပညိန္ဒြေ၏ ဒဿနာကာရသို့ ရောက်စေပုံကိုလည်း သိပါ။