**ကိဉ္စိတိ။ပေ။နိဒဿနံ**။ ။ကိဉ္စိကို အနုဋီကာ၌ ဧကစ္စံနှင့် အနက်တူဟု ဆို၏၊ ရှေး ဆရာတို့ကလည်း “အမှတ်မရှိ. တစုံတခု”ဟုပင် အနက်ပေးတော်မူကြ၏၊ “တစုံတခု” ဟူသည်နှင့် “ကေတ္တံ၊ တချို ့”ဟူသည် သဘောတူပင်တည်း၊ တချို့ ဟု ဆိုသဖြင့် “အမျိုး အစား အပြားတို့တွင် တဘို့တစုသာတည်း”ဟု သိသာ၏၊ ထို့ကြောင့် “ကာရန္တရ- ဘေဒံ၊ အမျိုးအစား အပြားအထူး”ဟု ဖွင့်သည်။ [ပသဉ္ဇတိ၊ ကပ်ငြိ (ပါဝင်လာ) တတ်၏၊ ဣတိ ပသင်္ဂေါ၊ မလိုရာအနက်၏ ကပ်ငြိ ပါဝင်လာခြင်း။] ဘိဇ္ဇတီတိ (ဣဒံ)၊ ဘိဇ္ဇတိ ဟူသော ဤပုဒ်ကို။
("အာဟ" ၌စပ်)။
သီတာဒိသန္နိပါတေ၊ သီတ အစရှိသော ဆန့်ကျင်ဘက် အကြောင်းတို့၏ ပေါင်းဆုံကျရောက်ခြင်းသည်။
(သတိ၊ သော်)။
ဝိသဒိသသန္တာနုပ္ပတ္တိ ဒဿနတော၊ ရှေးရုပ် အစဉ်နှင့် မတူသော နောက်ရုပ် အစဉ်၏ ဖြစ်ပုံကို မြင်ရခြင်းကြောင့်။
ပုရိမသန္တာနဿ၊ ရှေး၌ဖြစ်သော ရုပ်အစဉ်၏။
ဘေဒံ၊ ပျက်ခြင်းကို။
သန္ဓာယ၊ ရည်ရွယ်၍။
အထဝါ ။ပေ။ ၀ဒေထာတိ အတ္ထော။ ။ဤနည်း၌ “ကိဉ္စ ဘိက္ခဝေ ရူပံ”ကို တဝါကျ၊ “ကိဉ္စ”ပုဒ်ကို လိုက်စေ၍ “ဝဒေထ”ကို တဝါကျဟု ၂-ဝါကျခွဲပါ၊ ဒုတိယ ဝါကျ၌ “အတ္ထဝသာ ဝိဘတ္တိဝိပရိဏာမော ကာတဗ္ဗော” ပရိဘာသာနှင့်အညီ ကိကို ဟိတ်အနက် မပေးဘဲ ဥပယောဂအနက် ပေးရသည်။ ... ဒုတိယဝိကပ္ပ ပန ဝုတ္တ- နယေနေဝ ကာရဏတ္ထ ပဝတ္တံ ကိ“သဒ္ဒံ “ဝဒေထာ”တိ ကိရိယာပဒသမ္ဗုဒ္ဓနေန ဥပ- ယောဂဝသေန ပရိဏာမေၻာ (ဝိဘတ်ပြောင်းလွဲ၍) ဝဒတိ “ကံ ကာရဏံ ၀ဒေထ” တိ။’အနုဋီကာ။] ယခုစာအုပ်များ၌ “ကံ ကာရဏံ”ဟု မရှိဘဲ “တံ ကာရဏံ”ဟု ရှိသောကြောင့် အနုဋီကာ၏ အဓိပ္ပါယ်ကို နားမလည်ဘဲ ရှိရသည်။
ဘိဇ္ဇတိတိ။ပေ။ဒဿနတော။ ။အအေးကြောင့် ရုပ်အစဉ်ဖြစ်နေရာဝယ် အပူနှင့် တွေ့သောအခါ ထို အအေးကြောင့်ဖြစ်သော ရုပ်အစဉ်နှင့် မတူသော အပူရုပ်အစဉ် ဖြစ်လာခြင်းကို မျက်မြင်အားဖြင့် တွေ့နိုင်၏၊ ဥပမာ’အအေးမှ အပူသို့ ထွက်သောအခါ အတော်ကြာလျှင် မျက်နှာ၏ နီခြင်းစသော အပူရုပ်အစဉ်ကို မျက်မြင် တွေ့ရသကဲ့သို့ တည်း၊ ထိုသို့ ရုပ်၏ ပြောင်းလွဲခြင်းအကျိုးကို မြင်ရသဖြင့် “ရှေးရုပ်အစဉ်သည် ပျက်ခဲ့ ပေါ့”ဟု မှန်းဆ၍ သိနိုင်၏၊ အကျိုးကိုမြင်ရသဖြင့် အကြောင်းကို မှန်းဆ၍ သိရသော “ဒလာနုမာန” နည်းတည်း၊ “ပျက်” ဟူသည် ရှေးရုပ်အစဉ်၏ ” ပျက်ခြင်းတည်း၊ ထို့ကြောင့် “ပုရိမသန္တာနဿ ဘေဒံ သန္ဓာယ”ဟု ဆိုသည်။
(သင်္ဂဟကာရော) အာဟ၊**အထဝါ ရုပ္ပတိ။ပေ။ဘိဇ္ဇတိ**။ ။ကမ္မကတ္တား၏ အဓိပ္ပါယ်ကို သဒ္ဒါကျမ်းတို့၌ ရှုပါ၊ ထို သံဒ္ဒါကျမ်းတို့ဝယ် “ကုသူလော သယံ ဘိဇ္ဇတိ”စသည်ဖြင့် ဘိ၊ တိကြိယာ၏ ကမ္မကတ္တား အနက်ဟောကြောင်းမှာ ထင်ရှားပြီးဖြစ်သည်။ ဤ၌ “ရုပ္ပတိ” သဒ္ဒါလည်း “သီတ” အစရှိသော ဆန့်ကျင်ဘက် အကြောင်းတို့က ထိခိုက်အပ်စေကာမူ သူ ့နဂို ကပင် ဖောက်ပြန်ချင်သော သတ္တိရှိသောကြောင့် “ဘိဇ္ဇတိ၊ ဖောက်ပြန်တတ်၏” ဟု အနက်ပေးရသည်၊ “ရုပ္ပတိ ဘိဇ္ဇတိ”တို့ကို ကမ္မရုပ် တက်ရသည်။
[ဤအလို ဝိဇ္ဇတိသည် "ရုပ္ပတိ" ဟ အနက်ဖွင့်တည်းဟု မှတ်ပါ။]ယေန ပကာရေန၊ အကြင် မဟာဘုတ်, ဥပါဒါရုပ် အပြားအားဖြင့်။
ဂဏနံ၊ ရေတွက်အပ်သည်၏ အဖြစ်သို့။
ဂတံ၊ ရောက်ပြီ။
တံ (ပကာရံ)၊ ထို ရေတွက်ရခြင်း၏ အကြောင်းဖြစ်သော အပြားကို။
ဒဿေတုံ၊ ပြတော်မူခြင်းငှာ။
စတ္တာရောစ မဟာဘူတာတိ အာဒိ၊ အစရှိသော စကားကို။
(ဘဂဝတာ) ဝုတ္တံ၊
ဣတိ၊ ဤသို့။
ဣမသ္မိံ အတ္ထေ၊ ဤအနက်သည်။
သတိ၊ သော်။
မဟာဘူတုပါဒါယရူပဘာဝေါ၊ မဟာဘုတ်, ဥပါဒါရုပ်တို၏ အဖြစ်သည်။
အတီတကောဋ္ဌာသေ၊ အတိတ်အဘို့၌။
ဂဏနဿ၊ ရေတွက်ရခြင်း၏။
ကာရဏံ၊ အကြောင်းတည်း။
ဣတိ၊ ဤအနက်သည်။
အာပဇ္ဇတိ၊ ဖြစ်၏။
ဘုမ္မတ္ထ ကရုဏဝစနံ။ ။ သင်္ဂဟိတံ၊ သိမ်းယူရေတွက်အပ်၏”ဟု ဆိုလျှင် ထို သင်္ဂဟိတံပုဒ်က “ မည်သည့်အရာ၌ + သိမ်းယူရေတွက်အပ် ” ဟု အာမာရှကို ငဲ့၏။ ထို ့ကြောင့် “အတီတံသေန”ကို “ဘုမ္မတ္ထ၌ ကရိုဏ်းဝိဘတ်”ဟု ဖွင့်သည်။ ထို ့ကြောင့် သင်္ဂဟောပုဒ်ကို ဝိဂြိုဟ်ပြုရာ၌ “သင်္ဂယှန္တိ ဧတ္ထ တေန”ဟု သာဓန ၂-မျိုး ပြုကြသည်။ ထိုတွင် သိမ်းယူကို ငဲ့ခိုက် ကရိုဏ်းအနက်နှင့် လျော်၏။ ထို ့ကြောင့် “ ဧကေန ခန္ဓေန သင်္ဂဟိတံ ” စသည်ဖြင့် ဓာတုကထာ၌ သုံးစွဲ၏။ ရေတွက်ကို ငဲ့ရာ၌ကား “ အတိတ်အဘို့ ထဲ၌ ထည့်သွင်း ရေတွက်ရသောကြောင့် ဘုမ္မတ္ထနှင့် လိုက်လျောသည်။
ယေန ပကာရေန။ပေ။ဒဿတုံ ဝုတ္တံ။ ။ပါဠိတော်ဝယ် ... “ အတီတံသေန သင်္ဂဟိတံ”၏ နောက်၌ “စတ္တာရော စ မဟာဘူတာ၊ စတုဒိ မဟာဘူတာနံ ဥပါဒါယ ရူပံ”ဟု ရှိ၏။ ထို“စတ္တာရော စ မဟာဘူတ၊ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယ ရူပံ” ဟူသောစကားသည် အတိတ်အဘို့၌ ရေတွက်ရခြင်း၏ အကြောင်းပြစကားဟု အဓိပ္ပါယ် ရ၏။ ထို ့ကြောင့် “ ဣမသ္မိံ” အတ္ထေ။ပေ။ကာရဏန္တိ အာပဗ္ဗကိ” ဟု ကောက်ချက်ချ၍ ပြသည်။
ဣတိ အာပဇ္ဇတိ။ ။အတ္ထာပန္နနည်းအားဖြင့် ဤအနက် အဓိပ္ပါယ်ရောက်နေသော ကြောင့် “ ဣတိ အာပဇ္ဇတိ ”ဟု မိန့်သည် ၊ မဟာဘူတုပါဒါယရူပါနံ+ဘာဝေါ မဟာ- ဘူတုပါဒါယရူပဘာဝေါ။ – မဟာဘုတ်, ဥပါဒါရုပ်”ဟု ၂-မျိုးကွဲပြားခြင်းကို “မဟာ- ဘူတုပါဒါယရူပဘာဝေါ၌ ဘာဝ အရကောက်ပါ၊ ထို မဟာဘုတ် ဥပါဒါရုပ် ၂-မျိုး ကွဲပြားခြင်းသည် “ အတိတံသေန သင်္ဂဟိတံ” အရ အတိတ်အဆို့၌ ရေတွက်ရခြင်း၏ အကြောင်းဖြစ်သည် ဟူသော အနက်သည် အတ္ထာပန္နနည်းအားဖြင့် ရောက်နေသည်’ ဟူလို။]
(ကသ္မာ၊ ကြောင့်။ ဣမသ္မိံ အတ္ထေ၊ သည်။ သတိ၊ သော်။ မဟာဘူတုပါဒါယ ရူပဘာဝေါ၊ သည်။ အတီတတော ဋ္ဌာသေ၊ ၌။ ဂဏနဿ၊ ၏။ ကာရဏံ၊ တည်း။ ဣတိ၊ သည်။ အာပဇ္ဇတိ၊ နည်း။) ဟိ (ယသ္မာ)၊ ကြောင့်။ ဣဒံ ဝစနံ၊ "စတ္တာရောစ မဟာဘူတာ, စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယ ရူပံ " ဟူသော ဤစကားသည်။ အတီတံသာနံ၊ အတိတ်အဘို့ဖြစ်ကုန်သော။ ဝေဒနာဒီနံ၊ ဝေဒနာ အစရှိသော တရားတို့ကို။ နိဝတ္တနတ္ထံ၊ နစ်စေခြင်း အကျိုးရှိသော စကားသည်။ န၊ မဟုတ်။ (ကသ္မာ၊ နည်း)။ ယံ ရူပနတိ ဧတေနေဝ၊ "ယံ ရူပံ" ဟူသော ဤစကားဖြင့်ပင်။ တေသံ၊ ထို ဝေဒနာ အစရှိသော တရားတို့၏။ ဝါ၊ တို့ကို။ နိဝတ္တိတတ္တာ၊ နစ်စေအပ်ကုန်ပြီး၏ အဖြစ်ကြောင့်တည်း။
(ဣဒံ ဝစနံ၊ သည်)။
ရူပဿ၊ ရုပ်၏။
အညပ္ပကာရ နိဝတ္တနတ္ထံပိ၊ မဟာဘုတ် ဥပါဒါရုပ်မှတပါးသော အပြားကို တားမြစ်ခြင်း အကျိုးရှိသော စကားသည်လည်း။
န၊ မဟုတ်။
(ကသ္မာ)၊
သဗ္ဗပ္ပကာရဿ၊ အလုံးစုံသော စက္ခာယတန အစရှိသော ပြား၏။
ဝါ၊ ကို။
တတ္ထ၊ ထို အတိတ် အဘို့၌။
ဂဏိတတ္တာ၊ ရေတွက်အပ်ပြီး၏ အဖြစ်ကြောင့်တည်း။
န ဟိ။ပေ။တံနိဝတ္တနတော။ ။ဤ၌ သုံးဝါကျရှိ၏၊ ထို သုံးဝါကျလုံးပင် ရွှေ ဝါကျ၏ ဗျတိရေက ဉာပကဟေတု ဝါကျတည်း။ ရွှေဝါကျကား ဉာပေတဗ္ဗဖလဝါကျ ဖြစ်၏။ “ဤသုံးဝါကျတို့၌ ပြအပ်သော နိဝတ္တေတဗ္ဗ အနက်တို့၏ မဖြစ်ခြင်းကြောင့် မဟာဘုတ် ဥပါဒါရုပ်အပြားသည် အတိတ်အဆို့၌ ရေတွက်ရခြင်း၏ အကြောင်း ဖြစ်၏— ဟူသော အနက်သာ ရောက်နေသည်”ဟူလို။ [ န ဟီတိ အာဒိနာ ဓမ္မန္တရ နိဝတ္တနတ္တတာ (မဟာဘုတ် ဥပါဒါရုပ်တရားမှ တပါးသော ဝေဒနာ,သည, သင်္ခါရ ဝိညာဉ်တို့ကို တားမြစ်ခြင်းအကျိုးရှိသည်၏အဖြစ်သည်၎င်း၊) ပကာရန္တရ နိဝတ္တနတ္ထတာ စ (မဟာ ဘုတ် ဥပါဒါရုပ်အပြားမှ တပါးသော စက္ခာယတန စသော အပြားကို တားမြစ်ခြင်း အကျိုးရှိသည်၏အဖြစ်သည်၎င်း)ဘူဘုပါဒါယဂဟဏဿ နတ္ထိတိ ဒတိ။---ဘနုဋီကာ။]
နဟိပေ။နိဝတ္တိတတ္တာ။ ။ဤစကားဖြင့် “ဓမ္မန္တရ နိဝတ္တနတ္ထကာ” မရှိခြင်းကို ပြ၏။ “စတ္တာရော စ မဟာဘူတာ၊ စတုနဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ”ဟူသော စကား သည် အတီတံသဖြစ်သော ဝေဒနာ အစရှိသည်တို့ကို တားမြစ်ခြင်းအကျိုးရှိသော စကား မဟုတ်။ အကြောင်းကား- ထိုဝေဒနာစသည်တို့ကို ပါဠိတော်-ယ် – ယံ ရူပံ အတိတံ နိရုဒ္ဓံ” စသည်၌ “ယံ ရူပံ”ပုဒ်ဖြင့် တားမြစ်ပြီးဖြစ်သောကြောင့်တည်း။
နာမိ။ပေ။ဂဏိတတ္တာ။ ။ဤစကားဖြင့် “ပကာရန္တရနိဝတ္တနတ္တတာ” မရှိခြင်းကို ပြ၏။ 'စတ္တာရော စ' မဟာဘူတာ၊ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယ ရူပံ” ဟူသော ဤစကားသည် မဟာဘုတ် ဥပါဒါရုပ်အပြားမှတပါးသော စက္ခာယတန စသော အာ တားမြစ်ခြင်းအကျိုးရှိသော စကားလည်းမဟုတ်။ အကြောင်းက ’ထို အတိအဘို့၌ စက္ခာယတန စသော အပြားတို့ကိုလည်း ရေတွက်နိုင်ခြင်းကြောင့်တည်း။
စ၊ သည်သာမကသေး။ (ဣဒံ ဝစနံ၊ သည်)။ အနာဂတ ပစ္စုပ္ပန္နာကာရ နိဝတ္တနတ္ထံ၊ အနာဂတ် ပစ္စုပ္ပန် အခြင်းအရာကို တားမြစ်ခြင်းအကျိုးရှိသော စကားသည်လည်း။ န၊ မဟုတ်။ (ကသ္မာ)၊ အတီတံ သဝစနေန၊ အတီတံ သသဒ္ဒါဖြင့်။ တံ နိဝတ္တနတော၊ ထို အနာဂတ် ပစ္စုပ္ပန် အခြင်းအရာကို တားမြစ်ခြင်း ကြောင့်တည်း။ [ဤ ပြအပ်ခဲ့သော ဟေတုဝါကျ ၃ မျိုး၌ ဉာပကဟေတု ဝါကျ လုပ်၍လည်း အနက်ပေးပါ။] ဣတိ၊ ထိုကြောင့်။ (ဣမသ္မိ အတ္ထေ၊ သည်။ သတိ၊ သော်။ မဟာဘူတုပါဒါယ ရူပဘာဝေါ ။ပေ။ ကာရဏံ၊ တည်း။ ဣတိ၊ ဤအနက်သည်။ အာပဇ္ဇတိ၊ ဖြစ်၏)။[အခြားအနက်၌ အခြားအပြစ်ကို ပြလို၍ "အထ ပန" စသည်ကိုမိန့်။ အညသ္မိံ အတ္ထေ အညံ ဒေါသံ ဒဿေတုံ" အ ထ ပနာ" တိ အာဒိမာဟ။ မဓုဋီကာ။]
ပန၊ သို့မဟုတ်။
ယံ၊ အကြင်ရုပ်ကို။
အတီတံသေန၊ အတိတ်အဘို့၌။
ဂဏိတံ၊ ရေတွက်အပ်ပြီ။
တံ၊ ထို ရုပ်ကို။
စတ္တာ ရော စ ။ပေ။ ယံ ရူပန္တိ၊ ဟူ၍။
ဧဝံ၊ ဤသို့။
ဂဏိတံ၊ ပြီ။
ဣတိ အယံ အတ္ထော၊ ဤအနက်ကို။
အထ အဓိပ္ပေတော၊ အကယ်၍ အလိုရှိအပ်သည်ဖြစ်အံ့။
ဧဝံ သတိ၊ ဤသို့ ဖြစ်လသော်။
ဣဒံ၊ "စတ္တာရော စ မဟာဘူတာ၊ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယ ရူပံ " ဟူသော ဤစကားသည်။
ဂဏနန္တရဒဿနံ၊ ရေတွက်ပုံနည်းတမျိုးကို ပြကြောင်းစကားသည်။
သိယာ၊ ဖြစ်ရာ၏။
အတီတံသေန၊ အတိတ် အဘို့၌။
ဂဏိတပ္ပကာရ ဒဿနံ၊ ရေတွက်အပ်သော တရား အပြားကို ပြကြောင်းစကားသည်။
န (သိယာ)၊ မဖြစ်ရာ။
စ ပေ။ တံနိဝတ္တနတော။ ။ [အာကာရနှင့် ပကာရသည် သဘောတူ၏။ ထို့ကြောင့် အနုဋီကာ၌ ပေါင်း၍ ပြထားသည်။] ဤစကားဖြင့် “ စတ္တာရော စ မဟာ ဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ”ဟူသော ဤစကားသည် အနာဂတ် ပစ္စုပ္ပန် အခြင်းအရာကို တားမြစ်ခြင်းအကျိုးရှိသော စကားလည်း မဟုတ်၊ အကြောင်းကား “ အတိတံဒသန သင်္ဂဟိတံ”ဝယ် “ အတီတံသ ” သဒ္ဒါဖြင့် အနာဂတ် ပစ္စုပ္ပန် အခြင်း အရာကို တားမြစ်ပြီး ဖြစ်သောကြောင့်တည်း။ ထို သုံးမျိုးလုံး မဟုတ်နိုင်သောကြောင့် “စတ္တာရော စ မဟာဘူတာ” စသော စကားသည် “အတိတ်အဘို့၌ ရေတွက်ရခြင်း၏ အကြောင်းပြစကားသာ ဖြစ်၏ ”ဟု ဆိုရာရောက်ကြောင်းကို ကောက်ချက်ချသည်။
ယံ အတီတံသေန။ပေ။ အဓိပ္ပေတော။ ။အတိတ်အဘို့၌ ရေတွက်အပ်သော ရူပ ဟူသည် “ မဟာဘုတ် ၄-ပါး ဥပါဒါရုပ် ”ဟူ၍ ရေတွက်အပ်သော ရုပ်တည်း။ ဤအနက် အဓိပ္ပါယ်ကို အလိုရှိအပ်သည်ဖြစ်အံ့။ ဤ အနက်အဓိပ္ပါယ်ရနေပုံကို ပါဠိတော် အနက် ပေးကြည့်ပါ။ “ အတီတံသေန၊ အတိတ်အဘို့ဖြင့်။ သင်္ဂဟိတံ၊ သင်္ဂြိုဟ်ရေတွက်အပ်ပြီ။ (ကိ ံ၊ အဘယ်သို့ သင်္ဂြိုဟ် ရေတွက်အပ်သနည်း။) စတ္တာရော၊ ကုန်သော။ မဟာဘူတာ စ၊ တို့၎င်း။ စတုန္နံ၊ ကုန်သော။ မဟာဘူတာနံ၊ တို့ကို။ ဥပါဒါယ ရူပစ၊ စွဲမှီ၍ဖြစ်သော ရုပ်၎င်း။ (ဣတိ၊ သို့။) သင်္ဂဟိတံ၊ ပြီ။”] ဤသို့ အနက်ပေးလျှင် “စတ္တာရော စ မဟာ- ဘူတာ ” စသော စကားသည် ဂဏနန္တရဒဿန စကားဖြစ်ကြောင်း ထင်ရှား၏။
[အနက်တမျိုးကို ပြပြီး၍ အပြစ်ကို ပြလိုသောကြောင့် "တံ ဒဿန" စသည်ကို မိန့်။] ပန၊ ဆက်။ တံ ဒဿနေ (တံ ဂဏနန္တရဒဿနေ)၊ ထို ရေတွက်နည်းတမျိုးကို ပြကြောင်း စကားသည်။ သတိ၊ လသော်။ ဘူတုပါဒါယရူပပ္ပကာရေန၊ ဘူတရုပ် ဥပါဒါရုပ် အပြားအားဖြင့်။ အတီတံသေ၊ အတိတ်အဘို့၌။ ဂဏိံ၊ ပြီ။ (ကသ္မာ၊ အဘယ်ကြောင့်နည်း။ အတီတံသေ၊ ၌။ ဂဏိတဿ၊ ရေတွက်အပ်သော ရုပ်၏)။ (ဟိတ်၏ သမ္ဗန်ခံသည်)။ တံ သဘာဝတ္တာ၊ ထို ဘူတရုပ် ဥပါဒါရုပ် အပြားဟူသော သဘောရှိသည်၏ အဖြစ်ကြောင့်တည်း။ ဣတိ၊ ဤအနက်သည်။ အာပန္နမေဝ၊ ရောက်မြဲ ရောက်သည်သာ။ ဟောတိ၊ ဖြစ်၏။စ၊ ထိုသို့ပင် ရောက်မြဲရောက်ပါသော်လည်း။
ဧဝံ သဘာဝတာ၊ ဤ ဘူတရုပ် ဥပါဒါရုပ် အပြားဟူသော သဘောရှိသည်၏ အဖြစ်သည်။
အတီတံသေ၊ အတိတ်အဘို့၌။
ဂဏိတတာယ၊ ရေတွက်အပ်သည်၏ အဖြစ်၏။
ကာရဏံ၊ အကြောင်းသည်။
ဘဝိတုံ၊ ဖြစ်ခြင်းငှာ။
န အရဟတိ၊ မထိုက်။
(ကသ္မာ၊ နည်း)။
ဧဝံ သဘာဝဿေဝ၊ ဤသို့ ဘူတရုပ် ဥပါဒါရုပ် အပြားဟူသော သဘောရှိသော ရုပ်၏ပင်။
ဝါ၊ ကိုပင်။
ပစ္စုပ္ပန္နာနာဂတေသု၊ ပစ္စုပ္ပန် အနာဂတ် အဘို့တို့၌။
ဂဏိတတ္တာစ၊ ရေတွက်အပ်သည်၏ အဖြစ်ကြောင့်၎င်း။
သုခါဒိသဘာဝဿ၊ သုခ အစရှိသော သဘောရှိသော တရား၏။
ဝါ၊ ကို။
[အာဒိဖြင့် "ဒုက္ခဝေဒနာ, အဒုက္ခမသုခဝေဒနာ" စသည်ကိုယူ။]
အတီတံသေ၊ ၌။
ဂဏိဘတ္တာစ၊ ၎င်းတည်း။
တံဒဿနေ ပနးပေ။အာပန္နမေ၀။ ။ ထို ဂဏနန္တရဒဿန စကားဖြစ်လျှင် “ဘူတရုပ် ဥပါဒါရုပ် အပြားအားဖြင့် အတိတ်အဘို့၌ ရေတွက်အပ်၏၊ ဘာ့ကြောင့် နည်း’တံသဘာဝ ် ဖြစ်ခသာကြောင့်တည်း၊ ထို့ကြောင့် ဘူတရုပ် ဥပါဒါရုပ်အားဖြင့် ကွဲပြားခြင်းသည် အတိတ်အဘို့၌ ရေတွက်ရခြင်း၏ အကြောင်းဖြစ်၏ဟူသော ရွှေ၌ပြအပ် ခဲ့သောအပြစ်သည် ရောက်မြဲရောက်၍ နေတော့၏။ [ပဌမနည်း၌ပြခဲ့သော “မဟာဘူတု” ပါဒါယ ရူပဘာဝေါ အတိတ်ကောဋ္ဌာသော ဂဏနဿ ကာရဏံ” ဟူသော အပြစ် သည်ပင် ထပ်၍ရောက်သောကြောင့် ဧဝသဒ္ဒါဖြင့် “အာပန္နမေဝ”ဟု ဆိုသည်။]
တံသဘာဝတ္တာ။ ။သော (ဘူတုပါဒါပကာရော) သဘာဝေါ ယဿ ဂဏိ- တဿာတိ တံသဘာဝံ (ထို ဘူတရုပ် ဥပါဒါရုပ် အပြားဟူသော သဘောရှိသော ရေတွက်အပ်သောရုပ်။) တဿ+ဘာဝေါ တံသဘာဝတ္တံ (ထိုဘူတရုပ် ဥပါဒါရုပ်အပြား ဟူသော သဘောရှိသော ရေတွက်အပ်သော ရုပ်၏အဖြစ်။) တသ္မာ တံသဘာဝတ္တာ။
န စ တံသဘာဝတာ။ပေ။အရဟတိ။ ။ဤသို့ ဘူဘရုပ် ဥပါဒါရုပ်ဟု ကွဲပြားခြင်း သဘောရှိသည်၏အဖြစ်သည် ရေတွက်ရခြင်း၏အကြောင်း မဖြစ်ထိုက်၊ ထိုသို့ မဖြစ်ထိုက် ခြင်း၏ အကြောင်းကို ပြလို၍ “ဧဝံ သဘာဝဿဝ။ပေ။ ဂဏိတတ္တာဟု မိန့်သည်။ ဘူတရုပ် ဥပါဒါရုပ်အားဖြင့် ကွဲပြားသောသဘောရှိသောရုပ်ကို ပစ္စုပ္ပန်အဘို့ အနာဂတ် အဘို့၌လည်း ရေတွက်အပ်သောကြောင့်၎င်း သုခဝေဒနာ အစရှိသော သဘောရှိသော တရားကိလည်း အတိတ်အဘိ၌ ရေတွက်အပ်သောကြောင့်၎င်းတည်း။
တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ ဤအနက်ဖြစ်လသော် မဟာဘုတ် ဥပါဒါရုပ် အဖြစ်သည် အတိတ် အဘို့၌ ရေတွက်ရခြင်း၏ အကြောင်းတည်းဟူသော အနက်၏ ရောက်သည်၏ အဖြစ်, ထို ဂဏနန္တရ ဒဿနဖြစ်လသော် မဟာဘုတ် ဥပါဒါရုပ်အဖြစ်သည် အတိတ်အဘို့၌ ရေတွက်အပ်သည်၏ အဖြစ်၏ ရောက်မြဲ ရောက်သည်၏ အဖြစ်ကြောင့်)။ ပုရိမနယော ဧဝ၊ ရှေ့နည်းသည်သာ။ ယုတ္တော၊ သင့်၏။အဇ္ဈတ္တ ဗဟိဒ္ဓ နိဒ္ဒေသေသုပိ၊ အဇ္ဈတ္တနိဒ္ဒေသ, ဗဟိဒ္ဓနိဒ္ဒေသတို့၌လည်း။
တာဒိသောဝ၊ ထို ပဌမနည်း၌ ဆိုအပ်ခဲံသော အနက်ကဲ့သို့ ရှုအပ်သည်သာလျှင်ဖြစ်သော။
အတ္ထော၊ ကို။
လဗ္ဘတိ၊ ရအပ်၏။
ဣတိ၊ ဤသို့ မှတ်အပ်၏။
တသ္မာ ပုရိမနယော ဧဝ ယုတ္တော။ ။အဋ္ဌကထာ၌ အပရော နယော ရွှေက တနည်း အပရော နယောဟု နောက်တနည်းအားဖြင့် ၂-နည်းပြခဲ့ရာဝယ် ရွှေနည်းသာ သင့်၏၊ “အပရော နယော”ဟု ပြအပ်သော နောက်နည်းမသင့်ပါ’ဟူလို။
တာဒိသော ဧဝတ္ထော။ ။အဇ္ဈတ္တ ဗဟိဒ္ဓနိဒ္ဒေသတို့၌ အဋ္ဌကထာဝယ် ပြအပ် သော ရွှေနည်းအတိုင်းသာ အနက်အဓိပ္ပါယ် ရနိုင်သောကြောင့် "တာဒိသော ဧဝ”ဟု အဝေးဟော “တ” ါဖြင့် ညွှန်ပြသည်။ ပါဠိတော်ဝယ် အနက်ပေးသောအခါ နောက်နည်းအတိုင်း မရနိုင်သောကြောင့် “တာဒိသော ဝေ”ဟု ဝေဖြင့် ကန့်သည်၊ မရနိုင်ပုံမှာလည်း အဇ္ဈ,ဗဟိဒ္ဓနိဒ္ဒေသတို့၌ ပါဠိတော်ငယ် “အတိတံသေန သင်္ဂဟိတံ” ပုဒ်မျိုး မပါသောကြောင့်တည်း။ ပါဠိတော်ကြည့်ပါ။ ဤသို့ ၊ နောက်နည်းအရ အဇ္ဈတ္တ နိဒ္ဒေသ စသည်တို့၌ အနက်ပေး၍ မရသောကြောင့် “အဋ္ဌကထာ၌ပြအပ်သော နောက် နည်းသည် အနက်အဓိပ္ပါယ် မသင့်ခြင်းဟူသော အယုတ္တိဒေါသအပြင် အဗျာပိတဒေါသ လည်း ရောက်နေ၏”ဟု ပြသည်။
အနုဋီကာ။ ။အဇ္ဈတ္တ။ပေ။ လဗ္ဘတီကိ ဧတေန ဒုတိယနယေန ကေဝလံ ယထာ- ဝုတ္တောဝ ဒေါသော၊ အထ ခေါ အဗျာပိတောပိ ဒေါသောတိ ဒတိ၊ (“အဗျာပိတ- ဒေါသ” ဟူသည် ... နောက်နည်း၌ ပြအပ်သောအနက်၏ အဇ္ဈတ္တ, ဗဟိဒ္ဓနိဒ္ဒေသတို့၌ မပြန့်နှံ့ခြင်းတည်း။) ဤကားမူလဋီကာ၏အလိုကို အနုဋီကာ ဖွင့်ပြခြင်းသာ ဖြစ်၏၊ အနုဋီကာ အလိုမှာ “အတ္တ, ဗဟိဒ္ဓနိဒ္ဒေသတို့၌ နောက်နည်း အတိုင်းလည်း ပါဠိ တော်မှာ အနက်ပေး၍ဖြစ်နိုင်သည်”ဟု ယူဆသည်၊ ထိုအတိုင်းဖြစ်နိုင်ပုံကို အဋ္ဌကထာ အဓိပ္ပါယ်၌ ပြထားသည်။
အနုဋီကာ၏ ချေပချက်။ ။ပန၊ ထိုသို့ပင် အပြစ် တင်အပ်ပါသော်လည်း။ တဒေတံ (တံ+ဧတံ)၊ ထိုကဲ့သို့ ပြအပ်ပြီးသော ဤ အကြောင်းသည်။ အကာရဏံ၊ သင့်သောအကြောင်း မဟုတ်။ (ကသာ၊ ကြောင့်နည်း။) ကာရဏ - ဘာဝဝ၊ အကြောင်း၏ အဖြစ်၏ပင်။ ဝါ၊ ကိုပင်။ အနဓိတတ္တာ၊ အလိုမရှိအပ်သည်၏ အဖြစ် ကြောင့်တည်း။ မဟာဘုတ် ဥပါဒါရုပ် အပြားအားဖြင့် ရေတွက်ရခြင်းသည် အတီတံသ၌ ရေတွက်ရခြင်း၏ အကြောင်း အဖြစ်ကို အဋ္ဌကထာဆရာသည် ... အလိုမရှိအပ်သည်၏ အဖြစ်ကြောင့်တည်း။] ဟိ၊ မှန်၏။ ဧတ္ထ၊ ဤ “အတီတံသေန သင်္ဂဟိတံ” အစရှိသော ပါဌ်၌။ ဘူတုပါဒါယရူပဘာဝေါ၊ ဘူတရုပ် ဥပါဒါရုပ်၏ အဖြစ်သည်။ အတီတံသေ၊အတိတ်အဘို့၌။ ဂဏနဿ၊ တွက်ရခြင်း၏။ ကာရဏံ၊ အကြောင်းတည်း။ ဣတိ၊ ဤ အနက်ကို။ အဓိတံ၊ အလိုရှိသည်။ နီ၊ မဟုတ်။ ယတော၊ ယင်းကဲ့သို့ ဘူတရုပ် ဥပါဒါရုပ်အပြား၏ အတိတ်အဆို့၌ ရေတွက်ရခြင်း၏ အကြောင်းဟု အလိုရှိခြင်းကြောင့်။ ယထာဝုတ္တဒေါသာပတ္တိ၊ အကြင်အကြင် ဋီကာ ဆိုအပ်ပြီးသောအပြစ်သို့ ရောက် ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။ [ ဘူးရုပ် ဥပါဒါရုပ် ကွဲပြားခြင်းကို အတိတ်အဘို့၌ ရေတွက်ရခြင်း၏အကြောင်းဟူ၍ အလိုရှိအပ်လျင် ဋီကာဆရာ ဆိုအတိုင်းောအပြစ် သည် ရောက်စရာရှိ၏။ ထိုကဲ့သို့ အကြောင်းအဖြစ်ကို အဋ္ဌကထာဆရာ အလိုမရှိအပ်ပါ၊ ထိုသို့ အလိုမရှိအပ်သောကြောင့် ဋိကာရာ အပ်သော အကြောင်းသည် သင့်မြတ် သောအကြောင်း မဟုတ်ပါ ဟူလို။)
ကိဉ္စာပီတိ အာဒီသု၊ ကိဉ္စာပိ အစရှိသော ပါဠိရပ်တို့၌။
အယံ၊ ဤဆိုအပ်လတ္တံ့ကား။
အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
သုတ္တန္တဘာဇနီယတ္တာ၊ သုတ္တန္တဘာဇနီယ၏ အဖြစ်ကြောင့်။
"အတီတံ နနွာဂမေယျာ" တိ အာဒီ သု၊ အစရှိသော ပါဠိရပ်တို့၌။
အဒ္ဓါနဝသေန ဧဝ၊ အဓွန့်ဖြစ်သော ဘဝ၏ အစွမ်းဖြင့်သာ။
ပရိယာယ ဒေသနတ္တာ။ ။ပရိယာယပုဒ်၏ ဝိဂြိုဟ်ကို အဋ္ဌကထာနိဿယ၌ ပြခဲ့ပြီ။ ပရိယာယန+ဒေသနာ+ဧတ္ထာတိ ပရိယာယဒေသနံ၊ (တနည်း) ပရိယာယ ဘူတာ+ ဒေသနာ+ဧတ္ထာတိ ပရိယာယဒေသနံ (သုတ္တံ)၊ နိဿယအနက်တိုင်း အဓိပ္ပါယ်သိပါ။ [ပရိယာယဒေသနတ္တာတိ သဘာဝတော ပရိယယနံ ပရိဝတ္တနံ ပရိယာယော၊ ဥကံ အပ္ပဝတ္တိတိ အတ္ထော။--အနုဋီကာ၊]
အဘိဓမ္မနိဒ္ဒေသတော။ ။နိစ္ဆယေန+ဒေသာ နိဒ္ဒေသော၊ အဘိဓမ္မေ၊ နိဒ္ဒေသော အဘိဓမ္မနိဒ္ဒေသော။ နိစ္ဆယေန ဒေသောတိ ဝဝတ္ထာနတော (ပိုင်းခြားသတ် မှတ် ဆုံးဖြတ်သောအားဖြင့်) ကထနံ။’အနုဋီကာ။
[အတီတာဒိဘာဝေါမှ ဧဝ ကိုယူသည်။] အတီတာဒိဘာဝေါ၊ အတိတ် အစရှိသည်၏ အဖြစ်ကို။ ဝုတ္တော ယထာ၊ ဟောတော်မူအပ် သကဲ့သို့။ [မဇ္ဈီမ ပဏ္ဏာသ ဘဒ္ဒေကရတ္တသုတ် အစရှိသည်တို့၌ ဟောတော်မူအပ်သကဲ့သို့။] တထာ၊ ထို့အတူ။ ဣဓာပိ၊ ဤ သုတ္တန္တဘာဇနီယ၌လည်း။ (အဒ္ဓါနဝသေနဧဝ၊ ဖြင့်သာ။ အတိတာဒိဘာဝေါ၊ ကို)။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်ပြထိုက်သည်။ သိယာ၊ ဖြစ်ရာ၏။**အနူနံ အနဓိကံ**။ ။ပုဗ္ဗေန၊ ရှေးရုပ်အစဉ်နှင့်။ အပရဿ၊ နောက်ရုပ် အစဉ်၏။ သမဂ္ဂမာဏတာယ၊ တူမျှသော ပမာဏရှိသည်၏ အဖြစ်ကြောင့်။ အနူနံ၊ လျော့လည်း မလျော့။ အနဓိကံ၊ ပိုလည်း မပိုလွန်။ တတောဝေ၊ ထိုသို့ မလျော့ မလွန်သည်၏အဖြစ် ကြောင့်ပင်။ ဧကာကာရံ၊ တခုဘည်းသောအခြင်းအရာရှိ၏။ ဝါ၊ တနည်း။ ပဝတ္တိကာလ- ဝသေန၊ ဖြစ်ရာကာလ၏ အစွမ်းဖြင့်။ အနူနံ၊ လျော့လည်း မလျော့။ အန ိကံ၊ ပိုလည်း မပိုလွန်။ (ဥပမာ--သီတရုပ်အစဉ် တနာရီလောက် ဖြစ်နေလျှင် ထိုကာလအတွင်း၌ လျော့လည်း မလျော့, ပိုလည်း မပိုလွန်-ဟူလို။) သမာနသဘာဝတာယ၊ တူသော သဘောရှိသည်၏ အဖြစ်ကြောင့်။ ဧကာကာရံ၊ တခုတည်းသော အခြင်းအရာ ရှိ၏။ တေန၊ ထို“ဧကောကာရံ” ဟူသော ပါဌ်ဖြင့်။ ဝိသဘာဂဥတုနာ၊ သဘောမတူသော ဥတုသည်။ အနန္တရှိတတံ၊ မခြားကွယ်အပ်သည်၏အဖြစ်ကို။ ဒတိ၊ ၏။-အနုဋီကာ။
တံ၊ ထို ဥတုကို။
ဧကော ဥတူတိ၊ တမျိုသော ဥတုဟူ၍။
ဝုစ္စတိ၊ ၏။
[ခန္ဓာကိုယ်၌ ကျရောက်သော ဥတုသည် အစဉ်အတန်းအားဖြင့် ဖြစ်၍ နေရာဝယ် ပြဒါးတိုင်ဖြင့် တိုင်းကြည့်သောအခါ လျော့လည်း မလျော့ ပိုလည်း မပိုဘဲ တသမတ်တည်းနေသော ဥတုကို "ဥတုတခု" ဟု ခေါ်ရသည် ဟူလို။]**ဧဝံ အာဟာရေပိ**။ ။ ဧဝံ အာဟာရေပီတိ ဧတ္ထ၊ ၌။ ဝိသဘာဂါဟာရေန၊ သဘောမတူသော အာဟာရသည်။ အနန္တရိတော၊ မခြားကွယ်အပ်သော။ အနေကဝါရံ၊ အကြိမ်များစွာ။ အနေကဒိဝသမ္ပိ၊ နေ့ပေါင်းများစွာလည်း။ ဘုတ္တော၊ စားအပ်သော အာဟာရသည်။ သဘာဂေကာဟာရံ နာမ၊ သဘောတူသော တခုသော အာဟာရ မည်၏။ အနုဋီကာ။ **အာမေဍိတဝစနေန**။ ။“တေသံ တေသံ” ဟူသော စကားမျိုးကို သဒ္ဒါကျမ်း တို့၌ “ဝိစ္ဆာ”ဟု ခေါ်၏၊ ထို့ကြောင့် “အဘိဗျာပနတ္ထန၊ ပြန့်နှံ့ ခြင်း အနက်ရှိသော” ဟု ဆို၏၊ အဘိဗျာပနသည် ဝိစ္ဆာနှင့် သဘောတူ၏၊ ထို့ကြောင့် တချို့ နေရာ၌ ဝိစ္ဆာကို “ဗျာပနိစ္ဆာ”ဟုလည်း သုံးစွဲသည်၊ ထိုဝိစ္ဆာ၌ ၂-ကြိမ်ဆိုရိုး ရှိ၏။ ထိုသို့ ၂-ကြိမ်ဆိုခြင်း ကိုပင် “အာမေဍိတ်”ဟုလည်း သုံးစွဲသည်၊ အာပုဗ္ဗ+မေဍ-ဓာတ်သည် ရူးသွပ်ခြင်း အနက်ကို ဟော၏၊ အာမေဍန၊ ရူးသွပ်သူသည်။ အာစရိယတေ၊ ပြုကျင့်အပ်၏။ ဣတိ အာမေဍိတံ' အာမေဍ နာမ်နောင် အာစာရအနက်၌ ဣ-ပစ္စည်းသက်ထားသော နာမ ဓာတ်တည်း၊ ထို့နောက်မှ တ-ပစ္စည်းသက်သည်-ဟု ကြံပါ၊ သူရူးသည် စကားကို ထပ်ကာ ထပ်ကာ ပြောဆိုသကဲ့သို့ ၂-ကြိမ် ၃-ကြိမ် ပြောအပ်သော စကားကိုလည်း “အာမေဋိတ်”ဟု ခေါ်သည်။ သဒ္ဓါကျမ်းတို့၌ ဝိစ္ဆာနှင့် အာမေဍိတ်ကို ခွဲခြားသော် လည်း ဤ၌ကား မခွဲခြားတော့။
[ကမ္မဒေါသေနအတွက်။]
ဥမ္မတ္တကာဒယောစ၊ အရူးအစရှိသော သတ္တဝါတို့သည်၎င်း။
[စိတ္တဝိပလ္လာသဒေါသေနအတွက်။]
ပရိယေသေယျုံ၊ ရှာမှီးကုန်ရာ၏။
စ၊ သည်သာမကသေး။
ဒိဋ္ဌိဝိပလ္လာသေန၊ အယူ၏ ဖောက်ပြန်စွာဖြစ်ခြင်းကြောင့်။
ယောနကာဒယော၊ ယောန ကတိုင်းသား အစရှိသူတို့သည်။
(ပရိယေသေယျုံ)။
အာရမ္မဏဿ၊ အနိဋ္ဌာရုံ၏။
ပရိယေသိတဗ္ဗသဘာဝတ္တာ၊ ရှာမှီးထိုက်သည်၏ အဖြစ်ဟူသော သဘော ရှိသည်၏ အဖြစ်ကြောင့်။
[ပရိယေသိ တဗ္ဗနှင့် သဘာဝကို အရမတူသောကြောင့် အရတူအောင် ပရိယေသိတဗ္ဗ၌ ဘာဝပ္ပဓာန ဘာဝလောပကြံရသည်။ နေရာတိုင်းနည်းတူ။]
န ပရိယေသေယျုံ၊ ရှားမှီးကုန်သည် မဟုတ်ရာ။
[အာရုံက ရှာထိုက်သော သဘော ရှိသောကြောင့် ရှာသည်မဟုတ်၊ ကမ္မဒေါသ စသည်ကြောင့် ရှာကြသည် ဟူလို။]
ပန၊ အနွယကား။
အပရိယေသိတဗ္ဗ သဘာဝတ္တာ၊ မရှာမှီးထိုက်သည်၏ အဖြစ်ဟူသော သဘောရှိသည်၏ အဖြစ်ကြောင့်။
ဧတဿ၊ ဤ အနိဋ္ဌာရုံ၏။
အနိဋ္ဌမိစ္စေဝ၊ အနိဋ္ဌ ဟူ၍သာ။
နာမံ၊ အမည်သည်။
ဟောတိ၊ ၏။
ဣတိ အတ္ထော၊
["ပရိယေသိတဗ္ဗံ" စသည်ကို ထောက်၍ အနိဋ္ဌ၍ တ ပစ္စည်း၏ တဗ္ဗအနက်ဟောကြောင်း သိသာ၏။]**တေသံယေဝ ဂစ္ဆန္တိ**။ ။တေသံယေ၀ဖြင့် – ထို ဆင် အစရှိသည်တို့မှာသာ သုခ၏ အကြောင်းအဖြစ်သို့ မရောက်ကြ၊ ဆင် အစရှိသည်ကို မြင်ရသော အခြားလူတို့မှာကား သုခ၏ အကြောင်းအဖြစ်သို့ ရောက်နိုင်သည်”ဟု ဝသဒ္ဒါဖြင့် အနုညာတတ္ထကိုပြသည်။ မှန်၏။-- ဆင် စသည်တို့မှာ ရုပ်အဆင်း လှနေသော်လည်း မိမိဘဝကို ပြန်၍ ဟွေးလျှင် ချမ်းသာခြင်းကို မဖြစ်စေနိုင်။ ထို ့ကြောင့် အနုဋီကာ၌ “ တေသံယေဝ ဟတ္ထိအာဒိခံ သုခဿ ဟေတုဘာဝံ န ဂစ္ဆန္တိ, သာရဏာဒိဝသေန ဒုက္ခပစ္စယတ္တာ” ဟု မိန့်သည်။
ဣတိ၊ ကြောင့်။
တေသံ၊ ထို သောဘန ဟတ္ထိရူပ အစရှိသည်တို့ကို။
သင်္ဂဏှနတ္ထံ၊ သိမ်းယူခြင်း အကျိုးငှာ။
အကန္တန္တိ၊ ဟူ၍။
(ဘဂဝတာ) ဝုတ္တံ၊ ပြီ။ပန၊ ဆက်။
တိရစ္ဆာနဂတာနံ၊ တိရစ္ဆာန်ဖြစ်ကုန်သော။
ကေသဉ္စိ၊ အချို့သော သတ္တဝါတို့၏။
မနုဿရူပံ၊ လူ ၏ အဆင်, လူ၏ ပုံသဏ္ဌာန်ကို။
အမနာပံ၊ မမြတ်နိုးအပ်။
ယတော၊ ယင်းသို့ မမြတ်နိုးအပ်သည်၏ အဖြစ်ကြောင့်။
တေ၊ ထို တိရစ္ဆာန် သတ္တဝါတို့သည်။
တသ္မာ။ပေ။သိယာ။ ။တသာဖြင့် “တဿ တာဝ သတ္တ” စသော ရွှေ ဝါကျကို ပြန်၍ညွှန်းသည်။ ထို့ကြောင့် ပါဌ်ရှိအတိုင်း စွဲလျှင် “ ထိုထို သတ္တဝါအတွက် မိမိပြုအပ်သော ကုသိုလ် အကုသိုလ်ကံကြောင့် ဖြစ်သော ရုပ်သည်သာ သုခ ဒုက္ခ၏ အကြောင်း၏အဖြစ်ကြောင့်”ဟု `စွဲရလိမ့်မည်။ အနုဋီကာ၌ကား ထိုဝါကျကိုပင် ချုံး၍ “တသ္မာတိ ယသ္မာ ကမ္မံ ယသ္မိံ သန္တာနေ နိဗ္ဗတ္တံ၊ တတ္ထေဝ (ထိုကံ၏ဖြစ်ရာ သန္တာန် ၌သာ။) သုခဒုက္ခာနံ ပစ္စယော ဟောတိ၊ န အညတ္တ၊ တသ္မာ”ဟု ဖွင့်သည်။“ယောဇနာ- ရဟာ သိယာ”ဟု ဆိုသောကြောင့် ဣဋ္ဌ အနိဋ္ဌအဓိပ္ပါယ်ကို ပြောရာ၌“ကံပြုသောသတ္တဝါ နှင့်စပ်၍ ပြောရမည်ကဲ့သို့ ဖြစ်နေ၏” ဟု အဓိပ္ပါယ်ရ၏။ “ကံပြုသော သတ္တဝါနှင့်စပ်၍ ပြောရမည်”ဟူကား အတိကျ မဆိုလိုပါ။ ထို ့ကြောင့် “သိယာ” ဟု ဆိုသည်။
အဋ္ဌကထာယံ ပန။ ။ဤ “အဋ္ဌကထာယံ ပန” စသော စကားသည် မူလဋီကာ ဆရာ၏အလိုကိုပြသော စကားမဟုတ်။ ၀ဒန္တိအရ အချို့ ဆရာတို့၏အလိုကို ပြသော စကားတည်း။ ထိုစကားကို ဋီကာဆရာက ပယ်လိမ့်မည်။ [အဋ္ဌကထာယံ ပနာတိ ဧကစ္စမတဒဿနံ။’အနုဋီကာ။ ]
ဒိသွာဝ၊ လူ့အဆင်းကို မြင်လျှင် မြင်ခြင်းပင်။ ပလာယန္တိ၊ ပြေးကြကုန်၏။ပန၊ ဆက်။
ကုသလကမ္မဇဿ၊ ကုသလကမ္မဇဖြစ်သော။
အနိဋ္ဌဿ၊ အနိဋ္ဌရုပ်၏။
အဘာဝေါ၊ မရှိခြင်းကို။
(ဝုတ္တော) ဝိယ၊ ဆိုအပ်သကဲ့သို့။
(တထာ၊ ထို့အတူ)။
အကုသလကမ္မဇဿ၊ သော။
သောဘနဿ၊ သော။
ဣဋ္ဌဿ၊ ဣဋ္ဌရုပ်၏
အဘာဝေါ၊ မရှိခြင်းကို။
ဝတ္တဗ္ဗော၊ ဆိုထိုက်၏။
တိရစ္ဆာနဂတာနံ ပန။ပေ။အဓိပ္ပါယော။ ။ဤစကားသည် မူလဋီကာ၏ အလိုကို ပြသော စကားမဟုတ်။ ကေစိဆရာတို့၏ အလိုကိုပြသော စကားတည်း။ [ဣတိ ကေ- သဒ္ဓိ အာစရိယာနံ အဓိပ္ပါယော။−မဓူ။]“ ကုသလကမ္မ ံ ပန သဗ္ဗေသံ ဣတ္တံ့ ” ဟူသော စကားနှင့်စပ်၍ အချို့ ပုဂ္ဂိုလ်တို့၏ မနုဿရူပ, ဒေဝတာရူပတို့၌ အမနာပ ဖြစ်ပုံကို ရှင်း ၍ ပြလိုသောကြောင့် "တိရစ္ဆာနဂတာနံ ပန”စသည်ကို မိန့်သည်။ ဆိုလိုရင်းကား’ကုသ- လကမ္မဇ မှန်လျှင် ဣဋ္ဌရုပ်ချည်းသာတည်း၊ သို့သော် ထို ဣဋ္ဌရုပ်ကို ခံစားနိုင်သောဘုန်းကံ မရှိခြင်းကြောင့်သာ အမနာပဖြစ်၍ မမွေ့လျော်ဘဲ ဖြစ်ရပါသည်-ဟူလို။
ကုသလကမ္မဇဿ ပန။ ။ဤဆိုအပ်လတ္တံ့ သော စကားတို့သည်ကား မူလဋီကာ ဆရာ၏ အလိုတည်း။ [အတ္တနော အဓိပ္ပါယံ ဝိဘာဝေတုံ ကုသလကမ္မဿ ပနာတိ အာဒိ ဝုတ္တံ။’မခု။ ဤစကားရပ်၌ “ကုသလကမ္မဿ အနိဋ္ဌဿာဘာဝေါ”သည် “ကုသ လကမ္မ အနိင္ငံ နာမ နတ္ထိ ကို ရည်ရွယ်သော စကားတည်း။ ဤစကားသည် အဋ္ဌက- ထာ၌ တိုက်ရိုက်ရှိသောကြောင့် ထိုစကားကို ဥပမာအဖြစ်ဖြင့် ပြ၏။ “အကုသလကမ္မ- ဖဿ သောဘနဿ”စသော စကားကား အဋ္ဌကထာ၌ တိုက်ရိုက်မပါ။ သို့သော် “ကုသ- လကမ္မဇ အနိဋ္ဌဿ အဘာဝေါ”ကို နည်းယူ၍ “ အကုသလကမ္မဿ သောဘနဿ ဣဋ္ဌသာ အဘာဝေါ”ဟုလည်း ဆိုထိုက်သည်ဟု ပြသည်။
ပန၊ ဆက်။
ကတ္ထစိ၊ တစုံတခုသော အာရုံ၌။
(မည်သည့် အာရုံ၌ မဆို)။
ဝိပါကံ၊ ဝိပါက်ဝိညာဉ်ကို။
ဝဉ္စေတုံ၊ လှည်ပတ်ခြင်းငှာ။
န သက္ကာ၊ မတတ်ကောင်း။
ဣတိ၊ ထို့ကြောင့်။
သက္ကာ ဝတ္ထုံ။ ။ကုသလကမ္မဿ ပန။ပေ။သက္ကာ ဝတ္ထုန္တိ ကို ဋီကာဆရာက မိမိအလိုကို ထင်ရှားပြသော စကားဟု မဓု၌ ဖွင့်၏၊ ဤအဖွင့်သည် သဘာဝကျသော ကြောင့် ဋီကာဆရာ၏ အလိုလည်း ဖြစ်သင့်၏။ ရွှေ၌ “အဋ္ဌကထာယံ ပန” စသော အဖွင့်သည် ဧကစ္စေဆရာတို့၏ အလိုပြဟု ဖွင့်ကြ၏၊ ထိုစကားနှင့် ဋီကာဆရာ၏စကား သည် အဓိပ္ပါယ် အယူအဆချင်း မတူသောကြောင့် ထိုဖွင့်သည့်အတိုင်းပင် ဆရာ ၂-ဦး ကွဲပြားကြောင်း ထင်ရှား၏။
စဉ်းစားဘွယ်။ ။ အဋ္ဌကထာယံ ပန”၏ ရွှေက “သောဘနာနိ စ။ပေ။ယောဇ- နာရဟာ သိယာ” တိုင်အောင်သော စကားသည် ဘယ်သူ၏ စကားပါနည်း။ ဋီကာ ဆရာ၏ အလိုကိုပြသော စကားဖြစ်လျှင် “ သောဘနာနိ။ပေ။အကုသလကမ္မနိဗ္ဗတ္တာနိ ဟူသော ရွှေစကားသည် “အကုသလကမ္မဿ သောဘနဿ ဣဋ္ဌဿအဘာဝေါ ဝတ္တဗ္ဗော ဟူသော နောက်စကားနှင့် ဆန့်ကျင်နေသည်။ ထို ့ကြောင့် “ သောဘနာနိ ။ပေ။ယောဇနာရဟာ သိယာ”တိုင်အောင်သော စကားသည် ကေစိဆရာတို့၏ အလိုလိုက်၍ ဖွင့်ပြအပ်သော စကားတို့သာဟု ယူဆမိပါသည်။ ဘာ့ကြောင့်နည်း . အဋ္ဌကထာယံ ပန” စသော စကားနှင့်“ သောဘနာနိ စ အကုသလကမ္မနိဗ္ဗတ္တံာနိ”ဟူသော စကားသည် သဘောတူသောကြောင့်တည်း။ မှန်၏... “သောဘနာနိ။ပေ။ အကုသလကမ္မနိဗ္ဗတ္တာနိ သည် “အကုသလကမ္မဇမ္ပိ သောဘနံ”ဟူသော စကားနှင့် ထပ်တူဖြစ်၏။ ထို ့ကြောင့် “အဋ္ဌကထာယံ ပနစသော စကားသည် ကေစိဆရာတို့၏ သူတို့အယူနှင့်ကိုက်ညီအောင် ကြံစည်အပ်သော အဓိပ္ပါယ်သာဖြစ်၏။ စင်စစ် အဋ္ဌကထာဆရာ၏ အလို မဟုတ်ဟု မှတ်ပါ။
ဝိပါကဝသေန၊ ဝိပါက်၏ အစွမ်းဖြင့်။ ဝါ၊ ဝိပါက်နှင့် စပ်သဖြင့်။ ဣဋ္ဌာနိဋ္ဌာရမ္မဏ ဝဝတ္ထာနံ၊ ဣဋ္ဌာရုံ, အနိဋ္ဌာရုံ ပိုင်းခြားသတ်မှတ် ဆုံဖြတ်ခြင်းကို။ သုဋ္ဌု၊ ကောင်းစွာ။ ဝုတ္တံ၊ ဆိုအပ်ပြီ။ကာမဂုဏသဒိသေသု၊ ဣဋ္ဌကာမဂုဏ်နှင့်တူသော အနိဋ္ဌရူပါရုံ အစရှိသည်တို့၌။
ကာမဂုဏ ဝေါဟာရတော၊ "ကာမဂုဏ" ဟု ခေါ်ဝေါ်နိုင်ခြင်းကြောင့်။
(အနိဋ္ဌာ ပဉ္စ ကာမဂုဏာတိ သင်္ဂဟကာရေန ဝုတ္တံ)၊
[ဤအလို "အနိဋ္ဌာ ပဉ္စ ကာမဂုဏာ" ၌ "ကာမဂုဏ" သဒ္ဒါသည် သဒိသူပစာ သဒ္ဒါဖြစ်သည် ဟူလို။ သို့မဟုတ် 'ကာမဂုဏ ဝိယာတိ ကာမဂုဏာ" ဟု ဥပမာတဒ္ဓိတ် ပြုစေလိုသည်။]
စ၊ ဆက်။
သဒိသတာ၊ တူကုန်သည်၏ အဖြစ်သည်။
ရူပါဒိဘာဝေါယေဝ၊ ရူပါရုံ အစရှိသည်တို့၏ အဖြစ်သာတည်း။
ဣဋ္ဌတာ၊ ဣဋ္ဌတို့၏ အဖြစ်သည်။
န၊ မဟုတ်။
[အနဋ္ဌ ပဉ္စကာမဂုဏာဝယ် အနိဋ္ဌဖြင့် ဣဋ္ဌ အဖြစ်ကို တားမြစ်ပြီးဖြစ်သောကြောင့် ကာမဂုဏ သဒိသေသု၌ သဒိသအဖြစ်ဟူသည် ရူပါရုံ, သဒ္ဒါရုံ စသည်တို့၏ (အနိဋ္ဌ ရူပါရုံ စသည်နှင့် ဣဋ္ဌ ရူပါရုံ စသည်တို့၏) ရူပါရုံ စသည်၏ အဖြစ်အားဖြင့် တူမျှခြင်းတည်း။]
သုဋ္ဌု ဝုတ္တံ။ ။ဤ ဝိပါက်၏အစွမ်းအားဖြင့် ဣဋ္ဌ အနိဋ္ဌ ခွဲခြားမှုကို အဋ္ဌကထာ၌ တိပိ- ဋကစူဠာဘယထေရ် မိန့်ဆို၏။ ထိုအဆိုသည် ကောင်းပါပေသည်’ဟူလို။ အဋ္ဌကထာ၌"ရုစိ ၏အစွမ်းအားဖြင့်၎င်း, ဇော၏အစွမ်းအားဖြင့်၎င်း ဣဋ္ဌ အနိဋ္ဌ ခွဲခြားပုံကို ပြသေး၏၊ ခြားခြင်းကား မကောင်း”ဟု ဆိုလိုသည်။ ဝိပါကဝသေန သုန္ဒရံ ဝုတ္တန္တိ ဝိပါကဝသေန တိပိဋကစူဠာဘယတ္ထေရေန ဝုတ္တံ သုန္ဒရံ၊ ရုစိဝသေန ဇဝနဝသေန ဝါ ဝုတ္တံ န သုန္ဒရန္တိ ဝါဝုတ္တံ အဓိပ္ပါယေ။-မရ။]
အနိဋ္ဌားပေ။ဝုတ္တာနီတိ။ ။မူလပဏ္ဏာသ သီဟနာဒဝဂ် မဟာဒုက္ခက္ခန္ဓသုတ် စသည်၌ ကာမဂုဏ်မှန်လျှင် “ဣဋ္ဌ”ဟူ၍ ဟောတော်မူအပ်ကုန်သည် မဟုတ်ပါလော၊ သို့ပါလျက် .. အဘယ့်ကြောင့် “အနိဋ္ဌာ ကာမဂုဏာ”ဟု ဆိုရပါသနည်း။ [“အနိဋ္ဌာ၊ အလိုမရှိထိုက် မရှာ မှီးထိုက်”ဟုလည်း ဆို၏။ “ကာမ၊ အလိုရှိအပ်ဟုလည်း ဆို၏။ ထို ့ကြောင့် ရွှေနောက် ဆန့် ကျင်နေသည်’ဟူလို။]
**အတိသယေန။ပေ။ဝုတ္တာနိ**။ ။ပြအပ်ပြီးသော အဖွင့်အတိုင်းဆိုလျှင် ဣဋ္ဌ အနိဋ္ဌအာရုံ ၂-မျိုးလုံးပင် “ကာမဂုဏ”အမည်ရထိုက်ပါလျက် အဘယ့်ကြောင့် သုတ္တန်ပါဠိတော်တို့၌ စက္ခုဝိညေယျာနိ ရုပါနိ ဣဋ္ဌာနိ” စသည်ဖြင့် ဣဋ္ဌရူပါရုံစသည်တို့ကိုသာ“ကာမဂုဏ”ဟု ဟော တော်မူအပ်ပါသနည်း၊ ဤသို့မေးဘွယ်ရှိသောကြောင့် “အတိသယေန ပန ကာမနီယတ္တာ” ဟု မိန့်သည်။ တဏှာဖြင့် အနိဋ္ဌာရုံတို့ကို အလိုရှိသလောက်မက အလွန်အကဲ အလိုရှိအပ် သောကြောင့် ဣဋ္ဌရူပါရုံ စသည်တို့ကိုသာ “ကာမဂုဏ”ဟု ဟောတော်မူရပါသည်...ဟူလို။ ယဒီ ဧဝံ ကထံ (အဘယ်နည်းဖြင့်)။ စက္ခုဝိညေယျာနိ ရူပါနိ ဣဋ္ဌာနီတိ အာဒိ သုတ္တပဒံ နီယတိ(ဆောင်ယူအပ်မည်နည်း။) ဣတိ အာဟ"အတိသယေနာ”တိအာဒိ။’အနုဋီကာ။] [ပြခဲ့သော အဖွင့်သည် အဋ္ဌကထာဆရာအလိုတည်း။ ယခုအခါ ဋီကာဆရာက မိမိအလိုကို ဖွင့်ပြလိုသောကြောင့် "ယဒိပန ။ပေ။ ယောဇေတဗ္ဗာ" ဟုမိန့်သည်။ ]
ပန၊ အတ္တနောမတိကို ပြဦးအံ့။
တေဟိ တေဟီတိ ဧတသ္မိံ အတ္ထေ၊ တေဟိ တေဟိဟူသော ဤကတ္တားအနက်၌။
အဝယဝယောဂ သာမိဝစနံ။ ။[ပါဠိတော်ကြည့်ပါ၊ “ယံ ရူပံ တေသံ တေသံ သတ္တာနံ ဥညာတံ အပညာတံ”စသည်ဖြင့် တွေ့လိမ့်မည်။ ]ထို၌ “ယံ ရူပံ ဥညာတံ”စသည်ဖြင့် ဆိုအပ်သောရုပ်သည် သတ္တဝါတို့၏ခန္ဓာကိုယ်တွင် အစိတ်အပိုင်းအဖြစ်ဖြင့် ပါဝင်သောရုပ် တည်း။စာစပ်သောအခါ“တေသံ တေသံ သတ္တာနံ”ကို“အဝယဝီ”၊“ယံ ရူပံ ဥညာတံ”စသည် ကို “အဝယဝ”အဖြစ်ဖြင့် စပ်ရသည်၊ ထို့ကြောင့် “တေသံ တေသံ”သည်“ယံ ရူပံ ဥညာတံ စသောအဝယဝနှင့်ယှဉ်ရာ၌ ဆိုအပ်သော သာမီဝိဘတ်ရှိသော သဒ္ဓါတည်း။
ထို့ကြောင့် “ယံ ရူပံ”စသည်သည် သတ္တဝါ၏ အပြင်ပ ဗဟိဒ္ဓ၌ဖြစ်သော ရုပ်မဟုတ်၊ သတ္တဝါ၏အတွင်း၌ ပါဝင်နေသောရုပ်ဟု သိရသည်။ ဤစကားအလို သတ္တဝါသန္တာန်၌ သော စတုသမုဋ္ဌာန်ရုပ်နှင့် ဆိုင်ပါပေ၏၊ သို့သော် သတ္တဝါသန္တာန်၌ ရှိသမျှ သမုဋ္ဌာန်ရုပ်တို့ တွင် ပဋိသန္ဓေတည်နေစက ပါလာသော ကမ္မဇရုပ်သည် ထူးခြားသောရုပ်တည်း။ ထို့ကြောင့် “အကုသလကမ္မဇဝသေန ကုသလကမ္မဇဝသေန”စသည်ဖြင့် ကမ္မဇရုပ်ကိုသာ အဋ္ဌကထာ ဆိုသည်။
တေဟိ တဟီတိ ဧတသ္မိံ အတ္ထေ။ ။အဋ္ဌကထာဆရာသည်“တေသံ တေသံ”ကို “အဝ ဝယယောဂ”၌သာမီဝိဘတ်ရှိသော သဒ္ဒါဟုဆို၏၊ဋီကာဆရာကား“ဆဋ္ဌိကတ္တားအနက်ဟော” ဟု တနည်းကြံ၏၊ ထိုသို့ကြံသောအခါဥညာတံ”စသောရုပ်သည်“တေသံ တေသံ သတ္တာနံ”ဟု ဆိုအပ်သောသတ္တဝါတို့၏ရုပ်မဟုတ်၊ အခြားသော သတ္တဝါတို့၏ရုပ်တည်း။ ဥပမာအရုပ် ဆိုးသူကို မြင်ရာ၌ မြင်တတ်သူကို “တေသံတေသံ”အရယူ၍ “ဥညာတံ”စသည်အရ အရုပ် ဆိုးသူ၏ရုပ်ကို ယူရသကဲ့သို့တည်း၊ ထို့ကြောင့် “ယံ ရူပံ”အရ ကမ္မဇရုပ်သာမက ဣန္ဒြိယဗုဒ္ဓ ရုပ်အားလုံးကိုပင် ဘုရားရှင်ဝေဘန်တော်မူအပ်၏”ဟု သိသာသည်။ ဣန္ဒြိယဗဒ္ဓရုပ်ဟူသည် ဇီဝိတိန္ဒြေနှင့် (တနည်း)စက္ခုစသော ဣန္ဒြေနှင့်ဆက်စပ်၍နေသော ကမ္မသမုဋ္ဌာန့်, စိတ္တ သမုဋ္ဌာန်, ဥတုသမုဋ္ဌာန်, အာဟာရသမုဋ္ဌာန်ဖြစ်သော သက်ရှိရုပ်အားလုံးတည်း။]
တေသံ တေသနတိ၊ တေသံ တေသံ ဟူသော ဤသဒ္ဒါသည်။ သာမိဝစနံ၊ သာမီဝိဘတ်ရှိသော သဒ္ဒါသည်။ ယဒိ (ဟောတိ)၊ အကယ်၍ ဖြစ်အံ့။ (ဧဝံ သတိ၊ သော်)။ ဝါ၊ တနည်း။ ဝိသယ ဝိသယီသမ္ဗန္ဓေ၊ ဝိသယ ဝိသယီ သမ္ဗန်၌။ (တေသံ တေသန္တိ၊ သည်။ သာမိဝစနံ၊ သည်။ ယဒိဟောတိ၊ အံ့။ ဧဝံ သတိ၊ သော်)။ ကမ္မဇဝသေနေဝ၊ ကမ္မဇရုပ်နှင့် စပ်သဖြင့်သာ။ ရူပါဒီနိ၊ ရူပါရုံ အစရှိသည်တို့ကို။ ဝိဘတ္တာနိ၊ ဝေဘန်အပ်ကုန်သည်။ န၊ မဟုတ်ကုန်။ ပန၊ အဟုတ်ကား။ သဗ္ဗေသံ၊ အလုံးစုံကုန်သော။ ဣန္ဒြိယဗဒ္ဓါနံ၊ စက္ခုန္ဒြေ စသော ဣန္ဒြေနှင့်စပ်သော စတုဇရုပ်တို့၏။ ဝါ၊ တို့နှင့်။ ဝသေန၊ စပ်သဖြင့်။ ဝိဘတ္တာနိ၊ ဝေဘန်တော်မူအပ်ကုန်ပြီ။ ဣတိ၊ ဤသို့။ ဝိညာယတိ၊ သိအပ်ကုန်၏။**ဝိသယဝိသယီ သမ္မန္ဓေဝါ**။ ။“တေသံ တေသံ သတ္တာနံ”အရ သတ္တဝါဟူသည် အာရုံ ရှိသော ဝိသယီတည်း၊ “ယံ ရူပံ ဥညာတံအရ ရုပ်ကား အာရုံဖြစ်သော ဝိသယတည်း၊ ထို ဝိသယ ဝိသယီသမ္ဗန်အနက်၌ “တေသံ တေသံ သတ္တာနံ” ဟုသာမီပိဘတ်သက်ထားသည်။ ဤနည်းအလို “ထိုထို သတ္တဝါတို့၏”ဟု သမ္ဗန်အနက်ပင် ပေးရမည်၊ ထိုသို့ သမ္မန်အနက် ပေးသော်လည်း “ယံ ရူပံ”အရ သတ္တဝါတိုင်း၏ အာရုံဖြစ်သောကြောင့် ကတ္တားအနက်ပေး တုန်းကကဲ့သို့ အဓိပ္ပါယ်ယူရသည်။ **ဓာတုက္ခောဘ။ပေ။အာဒိနာ**။ ။“တထာ ဟိ”ဟု အကျယ်ပြလတ္တံ့ အတိုင်း ဆောင်း း အခါ၌ သီတတေဇောလွန်ကဲခြင်း နွေအခါ၌ ဥဏှတေဇောလွန်ကဲခြင်း, သလိပ်သည်းခြေ စသော ဓာတ်တို့၏ ဖောက်ပြန်ခြင်းသည် ဓာတုက္ခောဘတည်း။ စက္ခုစသော ဣန္ဒြေ ချို ့တဲ့၍ (မျက်စိမှုန်၍, နားထိုင်း၍ ယာန-စသည် ပျက်၍ အိုမင်းမစွမ်းဖြစ်၍) ဣဋ္ဌာရုံ ကိုလည်း “အနိဋ္ဌာရုံဟု ထင်တတ်, အနိဋ္ဌာရုံကိုလည်း “ဣဋ္ဌာရုံ”ဟုထင်တတ်ရကား ကုသလဝိပါက် အကုသလဝိပါက်များ အမျိုးမျိုး ဖြစ်ရပြန်သည်။
(ဗုဒ္ဓရူပ စသော အာရုံ, ဂူထစသော အာရုံ၏)။
ဣဋ္ဌာနိဌတံ၊ ဣဋ္ဌာရုံ, အနိဋ္ဌာရုံ၏ အဖြစ်ကို။
နိဒဿေတိ၊ ညွှန်ပြ၏။
[စာအုပ်တို့၌ "ဒဿေတိ" ဟု ရှိသော်လည်း အနုဋီကာ၌ "နိဒဿေတိ" ဟု ရှိ၏။ ဒဿေန္တောနှင့် ဆက်နေသောကြောင့် "နိဒဿေတိ" ဟု ရှိခြင်းလည်း ကောင်း၏။ အဋ္ဌကထာ၌ ကုသလဝိပါက် အကျိုးကို တိုက်ရိုက် ပြလိုက်လျှင် အကြောင်းအာရုံ၏ ဣဋ္ဌ ဖြစ်ကြောင်းကို၎င်း, အကုသလဝိပါက် အကျိုးကို တိုက်ရိုက်ပြလိုက်လျှင် အကြောင်းအာရုံ၏ အနိဋ္ဌဖြစ်ကြောင်းကို၎င်း ပြပြီးဖြစ်တော့သည် ဟူလို။]ဟိ၊ မှန်။
သညာ ဝိပလ္လာသေ၊ သည်။
ဝိဇ္ဇမာနေပိ၊ ထင်ရှားရှိပါသော်လည်း။
အာရမ္မဏေန၊ အာရုံဖြင့်။
ဝိပါကနိယမဒဿနံ၊ ဝိပါက်၏ မြဲပုံကို ပြကြောင်းစကားကို။
အာရမ္မဏနိယမနိဒဿနတ္ထမေဝ၊ အာရုံ၏ မြဲပုံကို ညွှန်ပြခြင်းအကျိုးငှာသာ။
ကတံ၊ ပြုအပ်ပြီ။
ဣတိ၊ ဤသို့ မှတ်အပ်၏။
[တနည်း" ဉာပကဟေတု" ဝါကျကြံ၍ အနက်ပေးပုံကို အဓိပ္ပါယ်၌ ပြထားသည်။]
ဝိဇ္ဇမာနေပိ (ဟိ)။ ။“အာရမ္မဏဿဣဋ္ဌာနိဋ္ဌတံ နိဒဿေဘိ”ဟူသော ရွှေစကား ကို ထောက်ခံသော ဝါကျဖြစ်သောကြောင့် ဒဋီဗောတက ဟိသဒ္ဓါ ပါသင့်၏။ ထို ဟိကို ပင် ဉာပကဟေတုဇောတက လုပ်၍ ဣတိဖြင့် ရွှေဝါကျကို ဉာပေတဗ္ဗဖလအဖြစ်ဖြင့် ပြန် လှည့်နိုင်၏။ ထို့ကြောင့် “ကသာ သတိပိ သညာဝိပလ္လာသေ။ပေ။ဒသောန္တော တေန ့ကေန အာရမ္မဏဿဣဋ္ဌာနိဋ္ဌတံ နိဒတိ၊ (ညွှန်ပြ၏။) ဣတိ ဝိညာယတိ၊ နည်း။ ဟိ (ယသ္မာ) ဝိဇ္ဇမာနေပိ သညာဝိပလ္လာသေ။ပေ။ အာရမ္မဏနိယမ နိဒဿနတ္ထမေ၀ ကတံ၊ ဣတိ(တသ္မာ) သတိပိ သညာဝိပလ္လာသေ ဗုဒ္ဓရူပ။ပေ။ စူဋ္ဌာနိဋ္ဌတံ နိဒတိ၊ ဣတိ ဝိညာယတိ” ဟုလည်း ပေးပါ။
အာရမ္မဏေန ဝိပါကနိယမဒဿနံ။ ။“စေ အာရမ္မဏံ ဣဋ္ဌံ ဟောတိ၊ ကုသလ- ဝိပါကံ ဥပ္ပဇ္ဇတိ၊ သစေ အနိဋ္ဌံ အကုသလဝိပါကံ ဥပ္ပဇ္ဇတိ” ဟူသော အဋ္ဌကထာကို ရည် ရွယ်၍ အနုဋီကာ၌ “ဣဋ္ဌာရမ္မဏေ ကုသလဝိပါကောဝ ဥပ္ပဇ္ဇတိ အနိဋ္ဌာရမ္မဏေ အကု- သလဝိပါကော ဝါတိ”ဟု ဝေသဒ္ဒါထည့်၍ နိယမဖြစ်ပုံကို ပြသည်။
အာရမ္မဏနိယမ နိဒဿနတ္ထမေဝ။ ။ [ယခုစာအုပ်တို့၌ နိသဒ္ဒါ မပါသော်လည်း မဓုဋီကာ၌ “နိဒဿနတ္ထမေဝ”ဟု နိသဒ္ဒါ ပါသည်။] “ယံ ကုသလဝိပါကဿ အာရမ္မဏံ, တံ ဣဋ္ဌံ နာမ၊ ယံ အကုသလဝိပါက အာရမ္မဏံ တံ အနိဋ္ဌံ နာမာတိ နိဒဿနတ္ထံ။ အနုဋီကာ။ မှန်၏’“သူ မေတ္တာရှိမှ ငါ့မေတ္တာရှိ”ဟူသော စကားပုံကဲ့သို့ အာရုံဖြင့် မိမိ ၏ ကုသလဝိပါက်, အကုသလဝိပါက် အဖြစ်ကို သတ်မှတ်ခံရသော ဝိပါက်သည် မိမိ အား ကျေးဇူးပြုသော အာရုံကိုလည်း မိမိက ပြန်၍ ဣဋ္ဌ, အနိဋ္ဌအဖြစ်ကို သတ်မှတ်ရ ပြန်သည်။ ထိုသို့ အပြန်အလှန် သတ်မှတ်ရာ၌ ဌာနက ဣဌာရုံ အနိဋ္ဌာရုံကို ခွဲခြား၍ ပြရာဌာန ဖြစ်သောကြောင့် အာရုံ၏ ဣဋ္ဌ အနိဋ္ဌအဖြစ်ကို သတ်မှတ်ခြင်းသာ (ပကရ- ဏအားလျော်စွာ) လိုရင်းပခာနဖြစ်ကြောင်းကို သိစေလို၍ – အာရမ္မဏနိယမ နိဒ- နတ္ထမေဝ”ဟု ဧဝသဒ္ဒါဖြင့် ပြသည်။
ဒွါရန္တရေ၊ ဒွါရတပါး၌။
ဒုက္ခဿ၊ ဒုက္ခ၏၎င်း။
သုခဿ စ၊ သုခ၏၎င်း။
ပစ္စယဘူတဿ၊ အကြောင်းဖြစ်၍ဖြစ်သော အာရုံ၏။
ဒွါရန္တရေ၊ ၌။
သုခဒုက္ခဝိပါကုပ္ပါဒနတော၊ ကောင်းသော ကုသလဝိပါက်, မကောင်းသော အကုသလဝိပါက်ကို အာရုံ၏ ဖြစ်စေနိုင်ခြင်းကြောင့်။
ဝိပါကေန၊ ဝိပါက်ဖြင့်။
အာရမ္မဏနိယမဒဿနေန၊ အာရုံ၏ မြဲသည်၏ အဖြစ်ကို ပြကြောင်းဖြစ်သော။
အပိစ ဒွါရဝသေနာပီတိ အာဒိနာ၊ အစရှိသော စကားဖြင့်။
ဝိပါကဝသေန၊ ဝိပါက်၏ အဟွမ်းဖြင့်။
ဝါ၊ ဝိပါက်နှင့် စပ်သဖြင့်။
ဣဋ္ဌာနိဋ္ဌတာ၊ ဣဋ္ဌာရုံ, အနိဋ္ဌာရုံတို့၏ အဖြစ်ကို။
ဒဿိတာ၊ ပြုအပ်ပြီ။
ဣတိ စ၊ ဤသို့၎င်း။
ဧတသ္မိံ ယေဝ၊ တခုတည်းသာလျှင်ဖြစ်သော။
ဒွါရေ၊ ဒွါရ၌။
သမာနဿေဝ၊ တူသည်သာလျှင်ဖြစ်သော။
ဝိပါကေန။ပေ။ဒဿနေန။ ။ဤစကားသည် ရွှေဝါကျ၌ ပြအပ်ခဲ့သော “ဗုဒ္ဓရူပ ဒဿနာဒီသုပေ။ ဥပ္ပတ္တိ ဒန္တော”၏ နောက်၌ “တေန ဝိပါကေန အာရမ္မဏဿ ဣဋ္ဌာနိဋ္ဌတံ ဒတိ”နှင့် သဘောတူပင်ဘည်း။ ထို့ကြောင့် အဓိပ္ပါယ်ကို ထိုဝါကျ၌ ပြခဲ့သည့်အတိုင်း သိပါ။ ဆိုလိုရင်းမှာ--အကြောင်းအာရုံအလိုက် အကျိုးဝိပါက်ဖြစ်ရ၏။ ထိုအကျိုးဝိပါက်ဖြစ်ပုံကို ထောက်၍ အကြောင်းအာရုံ၏ ဣဋ္ဌ အနိဋ္ဌ အဖြစ်ကိုလည်း သတ်မှတ်နိုင်ရကား “အပိ စ ” စသော စကားသည် ဝိပါက်ဖြင့် ဣဋ္ဌ, အနိဋ္ဌ အဖြစ်ကို ခွဲခြား၍ ပြသော စကားဖြစ်၏-ဟု သိနိုင်ပါသည်။
အမိ စ ဒွါရဝသေနာပီတိ အာဒိနာ။ ... ။မဓုဋီကာ၌ “ နိယမဒဿနေန+အာဒိနာ စွ ဒဿိတာတိ သမ္မန္ဓော”ဟု အစပ်ပြသောကြောင့် “ အာရမ္မဏနိယမဒဿနေန” ကို ဒွါရ- ဝသေနာပီတိအာဒိနာ၏ `ဝိသေသနအဖြစ်ဖြင့် ပြန်၍ စပ်ရသည်။ ထိုအာဒိနာကိုလည်း ဒဿိတာ၌ စပ်ပါ။ နိဿယ၌ မဓုဋီကာအတိုင်း ပေးထား၏။ " တနည်း။ ။“ အပိစဒါရဝသေနာပီတိ အာဒိနာ၊ အစရှိသော။ပေ။ ဝိပါကေန၊ ဖြင့်။ အာရမ္မဏနိယမ ဒဿနေန၊ အာရုံ၏ မြဲပုံကို ပြကြောင်း စကားဖြင့် ”ဟု ပေးလျှင်လည်း ထိုအဓိပ္ပါယ်အတိုင်းပင် ရနိုင်ပါ၏။ အနုဋီကာ၌ “ဒွါရန္တရေ ဒုက္ခဿ ပစ္စယဘူတဿ အာရမ္မဏဿာ ဒါရန္တရေ သုခဝိပါကုပ္ပါဒနတော ဒါရန္တရေ သုခဿ ပစ္စယဘူတဿ အာ- ရမ္မဏဿာ ဒွါရန္တရေ ဒုက္ခဝိကုပါဒနတော ဝိပါကေန အာရမ္မဏနိယမဒဿနေန (အာရုံ၏ မြဲပုံကို ပြကြောင်း စကားဖြင့်။) ဝိပါကဝသေန ဣဋ္ဌာနိဋ္ဌတာ နိဒဿိတာတိ ယောဇနာ” ဟု ဆို၏။ ထိုအဆိုနှင့်လည်း ညီပါသည်။
ဧကသ္မိ ံယေဝ စ ဒါရေ။ ။ရွှေ့၌ ပြအပ်ပြီးသော စကားသည် ဒါရန္တရ၌ သုခ, ဒုက္ခ (ကုသလဝိပါက်, အကုသလဝိပါက်) ပြောင်းလွှဲပုံ ပြသော စကားတည်း။ “ ဧကသ္မိ ံ ယေဝ။ပေ။သုခဒုက္ခုပ္ပါဒနတော”ဟူသော ဤစကားကား ဒါရတခုတည်း၌ပင် သုခ ဒုက္ခ (ကုသလဝိပါက်, အကုသလဝိပါက်) ပြောင်းလွှဲနိုင်ပုံကို ပြသော စကားတည်း။ ဤသုခ-ဒုက္ခုပ္ပါဒနတော၏ နောက်၌လည်း “ ဝိပါကေန အာရမ္မဏနိယမဒဿနေန အပိစ ဒွါရ- ဝသေနာပီတိ အာဒိနာ ”ကို လိုက်စေ၍ – ဣဋ္ဌာနိဋ္ဌတာ ဒဿိတာ ” ၌ စပ်ပါ။
မဏိရတနာဒိဖောဋ္ဌဗ္ဗဿ၊ ပတ္တမြား ရတနာ အစရှိသော ဖောဋ္ဌဗ္ဗာရုံ၏။ သဏိကံ၊ ဖြေးဖြေး။ ဖုသနေ၊ သိခြင်း၌၎င်း။ ပေါထနေစ၊ ပေါက်ခြင်း၌၎င်း။ သုခဒုက္ခပ္ပါဒနတော၊ သုခ၊ ဒုက္ခကို ဖြစ်စေနိုင်ခြင်းကြောင့်။ (ကောင်းသော ကုသလ ဝိပါက်, မကောင်းသော အကုသလဝိပါက်ကို ဖြစ်စေနိုင်ခြင်းကြောင့်)။ ဝိပါက ဝဗသန၊ ဖြင့်။ ဝါ၊ ဖြင့်။ ဣဋ္ဌာနိဋ္ဌဝါ၊ ကို။ ဒဿိတာ၊ ပြီ။ ဣတိ စ၊ ၎င်း။ ["ဧကသ္မိံ ယေဝ စ" မှ စကို ယူသည်။] ဝိညာယတိ၊ သိအပ်၏။သမ္မုတိ မနာပန္တိ၊ ကား။
မဇ္ဈီမကသတ္တဿ၊ ၏၎င်း။
ဝါ၊ နှင့်၎င်း။
ဝိပါကဿစ၊ ၏၎င်း။
ဝါ၊ နှင့်။
ဝသေန၊ ဖြင့်။
ဝါ၊ ဖြင့်။
သမ္မတံ၊ သမုတ်အပ်သေ။
ဝဝဝ္ထိတံ၊ ပိုင်းခြားသတ်မှတ် အပ်သေဦ။
မနာပံ၊ မြတ်နိုးဘွယ်ရုပ်ကို။
ဟေဋ္ဌိမနယော။ ။ပါဠိတော်အစဉ်ကို ကြည့်ပါ။ ရွှေ့၌ “ယံ ရူပံ တေသံ တေသံ သတ္တာနံ ဥညာတံ။ပေ၊ ဣဒံ ဝုစ္စတိ ရုပ် ဟိနံ။ပေ။ဣဒံ ဝုစ္စတိ ရူပံ ပဏီတံ”ဟု ဟောတော်မူပြီးမှ “တံ တံ ဝါပန ရူပံ ဥပါဒါယုပါဒါယ ရူပံ ဟီနံ ပဏီတံ ဒဋ္ဌဗ္ဗေဟု တနည်းဟောတော်မူ ပြန်၏။ ထို့ကြောင့် “ယံ ရူပံ ပေ။ပဏီတံ” တိုင်အောင် ဟောတော်မူအပ်ပြီးသော ပဌမနည်းကို “ ဟေဋ္ဌိမ နယ ”ဟု ဆိုသည်။ “တံ တံ ဝါ ပန”စသည်ဖြင့် ဟီန ပဏီတကို ဟောတော်မူရာ ဤဥပရိမနည်း၌ အောက်နည်းနှင့် မတူသောကြောင့် “ထိုအောက်နည်း ကို မကြည့်ထိုက်”ဟု ဆိုသည်။
မှန်၏။ ထို့အောက်နည်း၌ မဇ္ဈိမက သတ္တဝါတို့နှင့် စပ်၍၎င်း ဝိပါက်နှင့်စပ်၍၎င်း ဟီန ပဏီတအဖြစ်ကို အမြဲသတ်မှတ်အပ်ပြီး ဖြစ်၏။ “ တံ တံ ဝါ ပန” စသော ဤအထက် နည်း၌ကား အမြဲသတ်မှတ်အပ်ပြီး မဟုတ်။ နေရယိကတို့၏ ရုပ်ကိုထောက်၍ တိရစ္ဆာန် တို့၏ ရုပ်သည် ပဏီတဖြစ်၏၊ ထို“ပဏီဘ” ဟု သတ်မှတ်အပ်ပြီးသော ရုပ်သည်ပင် ဝေမာနိကပေတတို့၏ ရုပ်ကိုထောက်၍ ဟီနဖြစ်ပြန်၏။ ဤသို့ အမြဲသတ်မှတ်အပ်ပြီး မရှိ ရှကား ဟေဋ္ဌိမနည်းမှ တမျိုးတခြားသောနည်းဟု မှတ်ပါ။
သမ္မုတိမနာပံ။ ။မဇ္ဈိမကသတ္တဝါနှင့် စပ်၍၎င်း, ဝိပါက်နှင့် စပ်၍၎င်း အများက “ ပဏီတ”ဟု သမုတ်အပ်သော မနာပ (ဣဋ္ဌ) ရုပ်ကို – သမ္မုတိမနာ”ဟု ခေါ်သည်။ ဟေဋ္ဌိမနယ်၌ ပြုအပ်သော မနာပ (ဣဋ္ဌ) ရုပ်သည် သမ္မုတိမနာပတည်း။ ထို သမ္မုတိမနာပသည် အစစ်အမှန် သဘာဝကျသောကြောင့် ဟေဋ္ဌိမနယ၌ ပြအပ်သော သမ္မုတိ မနာပကို ဘုရားရှင်သည် “တံတံ ဝါ ပန”စသော နောက်နည်းဖြင့် ပယ်ဖျက်တော်မမူဘဲ လိုက်လျောတော်မူသည်။
(နိ ဘိဇ္ဇတိ၊ ၌စပ်)။ ပန၊ ဆက်။ တံ၊ ထို သမ္မုတိမနာပရုပ်ကို။ သဘာဝေနေဝ၊ သဘောအားဖြင့်ပင်။ ဝဝတ္ထိတံ၊ အပ်ပြီ။ ဣတိ၊ ထိုသို့ သဘာဝအားဖြင့်ပင် ပိုင်းခြားအပ်ပြီး၏ အဖြစ်ကြောင့်။ ဝါ၊ အတွက်။ အဘိန္ဒိတဗ္ဗတောဝ၊ မဖျက်ထိုက်သည်၏ အဖြစ်ကြောင့်သာလျှင်။ န ဘိန္ဒတိ၊ ဖျက်တော်မမူ။ ဣတိ၊ ဤဆိုအပ်ပြီးကား။ အဓိပ္ပါယော၊ အဋ္ဌကထာ ဆရာ၏ အလိုတည်း။**ပုဂ္ဂလမနာပံ**။ ။အများအလိုအားဖြင့် မနာပမဟုတ်သော်လည်း သညာဝိပလ္လာသ ကြောင့် ငရဲသားစသော ပုဂ္ဂိုလ်တို့က မနာပ(ဣဋ္ဌ)ဟု ယူဆအပ်သောအာရုံကို “ပုဂ္ဂလ မနာပ”ဟု ခေါ်၏၊ ထို ပုဂ္ဂလမနာပကိုကား အစစ်အမှန် သဘာဝမဟုတ်သောကြောင့် “တံတံ ဝါ ပန”စသော နောက်နည်းဖြင့် ပယ်ဖျက်တော်မူသည်။ ပယ်ဖျက်ပုံကား’နာဂ သုပဏ္ဏတို့၏ ရုပ်သည် ထိုပုဂ္ဂိုလ်တို့၏ အလိုအားဖြင့် မနာပဖြစ်၏။ သို့သော် ဝေမာနိက ပေတတို့၏ရုပ်ကို ထောက်၍ ဟီနဖြစ်ပြန်၏။ ဤသို့ 'စသည်ဖြင့် ပဏီဘရုပ်ကိုပင် ဟီနရုပ် အဖြစ်ဖြင့် ပယ်ဖျက်တော်မူခြင်းတည်း။"
လက္ခဏဒုပ္ပဋိဝိဇ္ဈတာ၊ မှတ်သားအပ်သော သဘော၏ ခဲယဉ်းစွာထိုးထွင်း၍ သိအပ်ကုန်သည်၏ အဖြစ်ကို။
ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။**ပုရိမနယေန။ပေ။ အတ္ထော**။ ။ အဋ္ဌကထာ၌ "န လက္ခဏတော ဒူရံ ဘိန္ဒတိ" ကို သုံးနည်း ခွဲ၍ ဖွင့်သည်။ ထိုသုံးနည်းလည်း ရှေ့၌ ဘိန္ဒမာနောဝယ် ဖွင့်ပြခဲ့သော သုံနည်း၏ ပြောင်းပြန်တည်း။ သို့သော် အစဉ်အတိုင်းကား မဟုတ်ပါ။ ဝါ၊ တနည်း။
ဣဓ ပန ။ပေ။ ဘိန္ဒတီတိ ဧတ္ထာပိ၊ "ဣဓ ပန။ ပေ။ ဘိန္ဒတိ" ဟူသော ဤပါဌ်၌လည်း။
ပုဗ္ဗေ၊ ရှေး၌။
ဝုတ္တနယေန၊ ဆိုအပ်ပြီးသော နည်းဖြင့်။
တိဓာ၊ ၃ ပါး အပြားအားဖြင့်။
ဘေဒဿ၊ ဘေဒကို။
နဟိဩကာသတော။ ။“တိဓာ အတ္ထာ ဒဋ္ဌဗ္ဗော”တိ သင်္ခပေ။ ဝုတ္တမတ္ထ န ဟိတိ- အာဒိနာ ဝိဝရတိ။’အနု။ ဤအဖွင့်ကိုထောက်၍“နဟိ”ဟု တက်ရာ၌ “ဟိတ်အနက် ဗဂ္ဂီ အနက်အပြင် ဝိတ္ထာရအနက်လည်း ရနိုင်သေး၏ဟု မှတ်ပါ၊ ဤနေရာ၌ကား “ဝေါမိသာ ကန္တ”ဟု ဣတိသဒ္ဓါ ပါသောကြောင့် ရွှေသို့ပြန်၍ လှည့်ဘို့ရန် “ကသ္မာ”ဟု ပုစ္ဆာဝါကျထည့် ၍ ““ဟိ(ယသ္မာ)”ဟု ဟေတုဝါကျလည်း ဖြစ်နိုင်ပါ၏။
ဧတ္ထာပိ ဝါ။ ။ရွှေနည်း၌ လက္ခဏနှင့် ဩကာသကို တွဲ၍ ဘိန္နနမပြုပုံကို ပြခဲ့၏။ ဤ၌ကား လက္ခဏအားဖြင့်သာ ဘိန္နနမပြုပုံကိုပြ၏၊ ထိုသို့ပြရာ၌ ဘိန္နနအတွက် အနက်သုံး မျိုးလည်းမရ၊ ဝိနာသန အနက်တမျိုးသာ ရသည်၊“လက္ခဏတော ရဿ။ပေ။အဘေဖနန္တ” ကိုထောက်ပါ။ [အဘေဒနံ အဝိနာသနံ။’အနု။]
(ရောနှောခြင်းကို။ တနည်း ခွဲခြားခြင်းကို။ တနည် ဖျက်ခြင်းကို)။ အကရဏံ၊ မပြုခြင်းကို။ န ဝုတ္တံ၊ ဆိုအပ်သည်မဟုတ်။ ပန၊ အနွယကား။ လက္ခဏတော၊ အားဖြင့်။ သန္တိကဒူရာနံ၊ သန္တိက ရုပ်, ဒူရရုပ်တို့၏။ လက္ခဏတော၊ အားဖြင့်။ ဥပါဒါယုပါဒါယ၊ ၍။ ဝါ၊ ၍။ ဒူရသန္တိကဘာဝေါ၊ ဒူရရုပ်၏ အဖြစ်, သန္တိကရုပ်၏ အဖြစ်သည်။ (သန္တိကရုပ်က ဒူရရုပ်ဖြစ်ခြင်း၊ ဒူရရုပ်က သန္တိကရုပ်ဖြစ်ခြင်းသည်)။ နတ္ထိ၊ မရှိ။ နတိ၊ ထို့ကြောင့်။ လက္ခဏတော၊ အားဖြင့်။ ဒူရဿ၊ ဒူရရုပ်ကို။ လက္ခဏတောဝ၊ အားဖြင့်ပင်။ သန္တိကဘာဝါကရဏံ၊ သန္တိကရုပ်၏ အဖြစ်ကို မပြုခြင်းကို။ လက္ခဏတော၊ အားဖြင့်။ ဒူရဿ၊ ဒူရရုပ်ကို။ အဘေဒနန္တိ၊ မဖျက်ခြင်းဟူ၍။ ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။ဟိ၊ မှန်။ ပုရိမနယောဝိယ၊ ရှေးနည်းသည်ကဲ့သို့။ အယံ နယော၊ ဤနည်းသည်။ န ဟောတိ၊ မဟုတ်။ ဣတိ၊ ထို့ကြောင့်။ ဧတ္တကမေဝ၊ ဤမျှအတိုင်းအရှည်ရှိသော မဖျက်ခြင်းအနက်ကိုသာ။ ဒဿေတိ၊ ပြတော်မူ၏။ ဣတိ၊ ဤသို့ မှတ်ထိုက်၏။ [ဧတ္တကမေဝ၌ ဧဝဖြင့် ရှေးနည်း၌ကဲ့သို့ ၃ မျိုမပြ "ဟု ကန့်သည် ဟူလို။]
စ၊ ဆက်။
ဘိန္ဒမာနောတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။
(ဟူသော အဲဒီပါဌ်တုန်းက)။
အညထာ၊ ဤ၌ ပြအပ်သော ဘေဒနမှ တမျိုး တခြားသော အခြင်းအရာအားဖြင့်။
ဘေဒနံ၊ ဘေဒနကြိယာ ၃ မျိုးကို။
ဝုတ္တံ၊ ဆိုအပ်ခဲ့ပြီ။
ဣဓစ၊ ဤ ဣဓ ပန အစရှိသော ပါဌ်၌လည်း။
ဘေဒနံ၊ ဝိနာသန အနက်ဟော ဘေဒနကြိယာကို။
အညထာ၊ တပါးသော အခြင်းအရာအားဖြင့်။
**ဘိန္ဒမာနောတိ ဧတ္ထ စ**။ ။ရွှေ – ဘိန္နမာနော ဂတော” တုန်းက ဘိန္ဒမာနော အတွက် ဘိန္နနဖြစ်ပုံကို အနက် ၃-မျိုး ခွဲပြခဲ့၏။ ထိုအနက်သည် ဤနေရာ၌ ပြအပ် သော အနက်မှ တမျိုးဖြစ်၏။ ထို့ကြောင့် “အညထာဘေဒနံ ဝုတ္တံ့”ဟု ဆိုသည်။ ဤ၌ ဘေဒနလည်း “ ဧတ္ထာပိ ဝါ” စသည်ဖြင့် ပြအပ်ခဲ့သော ဝိနာသနအနက်ရှိသော ဘေဒန တည်း။ သို့သော် ထို ဘိန္ဒမာနောတုန်းကကဲ့သို့ လက္ခဏာအားဖြင့် သန္တိကရုပ်ကို ဩကာ သအားဖြင့် ဒူရရုပ်ဖြစ်အောင်၎င်း လက္ခဏာအားဖြင့် ဒူရုရုပ်ကို ဩကာသအားဖြင့် သန္တိက ရုပ်ဖြစ်အောင်၎င်း ဖျက်ခြင်းမဟုတ်၊ လက္ခဏာအားဖြင့် ဒူရရုပ်ကို လက္ခဏာအားဖြင့်ပင် သန္တိကရုပ်ဖြစ်အောင် ဖျက်ခြင်းကို “ဘေဒန” ဟု ဆိုလိုသည်။ ထို့ကြောင့် “ဘေဒနံ ဣဓ စ အညထာ ဝုတ္တံ”ဟု ဆိုသည်။
(ဘိန္ဒမာနောတုန်းက ပြအပ်ခဲ့သော ဘေဒန မှတပါးသော အခြင်းအရာအားဖြင့်)။
ဝုတ္တံ၊ ပြီ။
ဣတိ၊
ရူပက္ခန္ဓနိဒ္ဒေသ အပြီးတည်း။