Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Vibhaṅga-mūlaṭīkā
Vibhaṅga-mūlaṭīkā

Kusalābyākataniddesavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ပသာဒေါတိ၊ ကား။ သဒ္ဓါ၊ သဒ္ဓါတည်ဂ။
အလောဘော၊ အလောဘသည်။ ကမ္မာနံ၊ ကံတို့၏။ သမုဒယာယ၊ ဖြစ်ခြင်းငှာ။ နိဒါနံ၊ အကြောင်းတည်း။ ဣတိ အာဒိဝစနတော၊ ဤသို့ အစရျိသော စကားတော်ကို ဟောတော်မူခြင်းကြောင့်။ (အင်္ဂုတ္တရနိကာယ်, တိကနိပါတ်, ဒေဝ ဒူတဝဂ်, နိဒါနသုတ်၌ ဟောတော်မူခြင်းကြောင့်)။ သဗျာပါရာနိ၊ ဗျာပါရနှင့်တကွဖြစ်ကုန်သော။ ကုသလမူလာနိ၊ ကုသိုလ်မူလတို့သည်။ သင်္ခါရာနံ၊ တို့၏။ နိဒါနာနိ၊ အကြောင်းတို့သည်။ ဟောန္တိ၊ ကမ္မဝေဂက္ခိတ္တေသု၊ ကံအဟုန်သည် ပစ်ချအပ်ကုန်သော။ ဝိပါကေသု၊ ဝိပါက်စိတ်တို့၌။ အလောဘာဒိ သဟဂတ ကမ္မပဋိဗိမ္ဗဘူတာ ဝိယ၊ အလောဘ အစရှိသည်တို့နှင့် တကွဖြစ်သော ကံ၏ အရိပ်သဘွယ်ဖြစ်၍ ဖြစ်ကုန်သကဲ့သို့။ ပဝတ္တမာနာ၊ ဖြစ်ကုန်သော။ အလောဘာဒယော၊ အလောဘ အစရှိသည်တို့သည်။ (သင်္ခါရာနံ၊ တို့၏။ နိဒါနာ၊ တို့သည်)။ န (ဟောန္တိ)၊ ဣတိ၊ ကြောင့်။ ပဉ္စဝိညာဏေသု ဝိယ၊ နိဒါန်းမှ ကင်းသော ပဉ္စဝိညာဉ်စိတ်တို့၌ကဲ့သို့။ နိဒါနရဟိတတာ၊ နိဒါန်းမှ ကင်းကုန်သည်၏ အဖြစ်ကို။ သောတပတိတတာတိ၊ ဒေသနာတော်အယဉ်၌ ကျကုန်သည်၏ အဖြစ်ဟူ၍။ ဒဋ္ဌဗ္ဗာ၊ ကုန်၏။
ကြိယဓမ္မာ၊ ကြိယာတရားတို့ကို။ ကြိယမတ္တတ္တာ၊ ပြုအပ်ကာမျှ တို့၏ အဖြစ်ကြောင့်။ ကမ္ပနိဒါနရဟိတာ၊ ကံ၏ အကြောင်းဖြစ်သော မူလတို့မှ ကင်းကုန်၏။ **သောတပတိတတာ**။ ။ သောတသဒ္ဒါသည် တသွင်သွင်စီးသွားသော ရေအယဉ်ဟူသော အနက်ကို ဟော၏။ အဆက်မပြတ် ဟောအပ်သော တရားတော်သည်လည်း ထို ရေအယဉ်နှင့်တူ၏။ ရေအယဉ်သည် တူသကဲ့သို့ ဤအဗျာကတတရားအယဉ်သည်လည်း အဆက်မပြတ် ဟောတော်မူအပ်ရကား ရေအယဉ်နှင့် တူ၏။ ဒွေးပဉ္စဝိညာဉ် (၁၀) တို့၌ နိဒါန်းမှကင်းသကဲ့သို့ ဤအဗျာကတစိတ်တို့၌လည်း နိဒါန်းမှ ကင်း၏။ ထို နိဒါန်းမှ ကင်းသည်၏အဖြစ်သည် နိဒါန်းမှကင်းသော ဒွေးပဉ္စဝိညာဉ် ဒေသနာတော်အယဉ်၌ ကျရောက်ခြင်းပင်ဖြစ်သည်။ ဣစ္စေဝ၊ ဤအကြောင်းကြောင့်သာ။ ပရိဟီနာဝိဇ္ဇာဋ္ဌာနာ၊ ယုတ်လျော့သော အဝိဇ္ဇာဋ္ဌာနရှိကုန်၏ဟူ၍။ ဝေဒိတဗ္ဗာ၊ ကုန်၏။ [ကြိယာစိတ်များ၌လည်း အဝိဇ္ဇာမပါ၊ "ဘာကြောင့် မပါသနည်း" ဟူမူ ကံ၏ အရင်းခံဖြစ်သော မူလမှ ကင်းသောကြောင့်တည်း။]
တတိယစတုတ္ထဝါရာ အသမ္ဘဝတောတိ ဧဝါတိ၊ ဟူ၍။ ကသ္မာ၊ ကြောင့်။ ဝုတ္တံ၊ ဆိုအပ်သနည်း။ စက္ခုဝိညာဏာဒီနိ၊ စက္ခုဝိညာဉ်စိတ် အစရှိသည်တို့သည်။ စက္ခာယတနုပစယာဒီနံ၊ စက္ခာယတန၏ တိုးပွားခြင်း, အစရှိသည်တို့အား။ (တိုးပါားသော စက္ခာယတန အစရှိသည်တို့အား)။ ပစ္ဆာဇာတ ပစ္စယာ၊ ပစ္ဆာဇာတ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုကုန်သည်။ န ဟောန္တိကိံ၊ မဖြစ်ကုန်သလော။ ဣတိ၊ ဤကား အမေးတည်း။ ဟောန္တိ၊ ကုန်၏။
ပန၊ ထိုသို့ ဖြစ်ပါကုန်သော်လည်း။ တဒုပတ္ထမ္ဘကဿ၊ ထို စက္ခာယတနုပစယ အစရှိသည်တို့ကို ထောက်ပံ့တတ်သော။ စိတ္တသမုဋ္ဌာနဿ၊ စိတ္တသမုဋ္ဌာန်ရုပ်ကို။ အသမုဋ္ဌာပနံ၊ မဖြစ်စေနိုင်ခြင်းကို။ (စက္ခုဝိညာဉ် စသည်တို့က မဖြစ်စေနိုင်ခြင်းကို)။ သန္ဓာယ၊ ၍။ အသမ္ဘဝတောတိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။ ဣတိ ဒဋ္ဌဗ္ဗံ၊
ပန၊ ဆက်။ သဟဇာတ ပစ္ဆဇာတ ဝိညာဏဿ၊ သဟဇာတဖြစ်သော ဝိညာဏ် ပစ္ဆာဇာတဖြစ်သော ဝိညာဏ်၏။ ဝသေန၊ အစွမ်းဖြင့်။ တဒါပိ၊ ထိုအခါ၌လည်း။ ဝိညာဏပစ္စယာ၊ ဝိညာဉ်ဟူသောအကြောင်းကြောင့်။ နာမရူပံ၊ နာမ်ရု်ကို။ (လဗ္ဘတိ)၊ ပစ္ဆာဇာတသဟဇာတနာမဿ၊ ပစ္ဆာဇာတ ဖြစ်သော နာမ် သဟဇာတဖြစ်သော နာမ်၏၎င်း။ သဟဇာတ ပုရေဇာတ ဘူတစက္ခာဒီရူပဿစ၊ သဟဇာတ ပစ္စည်း ပုရေဇာတ ပစ္စည်း ဖြစ်၍ဖြစ်သော စက္ခု အစရှိသော ရုပ်၏၎င်း။ ဝသေန၊ အစွမ်းဖြင့်။ နာမရူပပစ္စယာ၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့်။ သဠာယတနဉ္စ၊ ကိုလည်း။ လဗ္ဘတိ၊ ၏။ ဣတိ၊ ကြောင့်။ တတိယစတုတ္ထဝါရာ၊ တို့သည်။ န သမ္ဘဝန်တိ၊ အဖြစ်သင့်ကုန်သည်ကား။ န၊ မဟုတ်ကုန်။ (သမ္ဘဝနတိက၊ ဖြစ်သင့်ကုန်သော)၊ ဣတိ၊ ဤသို့ မှတ်အပ်၏။
ကုသလာဗျာကတနိဒ္ဒေသဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။