တတ္ထ ။ပေ။ အယံ မာတိကာတိ (ပဒဿ)၊ ၏။ (အတ္ထော ၌စပ်)။ နိဒ္ဒေသဝါရအာဒိမှိ၊ နိဒ္ဒေသဝါရ၏ အစ၌။ ဝုတ္တေ၊ ဟောတော်မူအပ်သော။ ဇာတိအာဒိနိဒ္ဒေသေ၊ ဇာတိ အစရှိသည်တို့၏ နိဒ္ဒေသ၌။ တေသံ ဇာတိအာဒီနံ၊ ထို ဇာတိ အစရှိသည်တို့၏။ ဝါ၊ တို့ကို။ နိဒ္ဒေသဝသေန၊ အကျယ်ညွှန်ပြခြင်း၏ အစွမ်းဖြင့်။ (ကထနတ္ထာယ ၌စပ်။ မဓု၌ကား "ဝုတ္တဿ" ဟု ထည့်၍ စပ်လေ၏)။ ဒုက္ခဿ၊ ဒုက္ခဖြစ်သော။ အရိယ သစ္စဿ၊ အရိယ သစ္စာကိ။ ကထနတ္ထာယ၊ ဟောတော်မူခြင်းအကျိုးငှာ။ ဒုက္ခဒုက္ခန္တိ အာဒိကာ၊ ဒုက္ခ ဒုက္ခံ အစရှိသော။ (အယံ) ဒုက္ခမာတိကာ၊ ဤဒုက္ခ၏ မာတိကာကို။ ဝေဒိတဗ္ဗာ၊ ၏။ ဣတိ (အယံ)၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ဝါ၊ တနည်း။ တေသု ဇာတိအာဒီသု၊ တို့၌။ ဝေဒိတဗ္ဗေ၊ သိထိုက်သော။ ဒုက္ခဋ္ဌေ၊ ဒုက္ခ၏ အဖြစ်ဟူသော အနက်၌။ တေသံ ဇာတိအာဒီသံ၊ တို့၏။ ဝါ၊ တို့ကို။ နိဒ္ဒေသဝသေနစ၊ ဖြင့်လည်း။ ဝါ၊ အားဖြင့်လည်း။ ဒုက္ခဿ၊ သော။ အရိယ သစ္စဿ၊ ကို။ ကထနတ္ထာယ၊ ငှာ။ ဒုက္ခဒုက္ခန္တိအာဒိကာ၊ သော။ အယံ ဒုက္ခမာတိကာ၊ ကို။ ဝေဒိတဗ္ဗာ၊ ၏။ ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း။
ဇာတိပိ ဒုက္ခာ ။ပေ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာတိ၊ ဟူသော။
အယံ၊ ဤစကားရပ်သည်။
ဒုက္ခဿ, အရိယ သစ္စဿ, ကထနတ္ထာယ, မာတိကာ၊ တည်း။
တတ္ထ။ပေ။မာတိကာ။ ။ကတ္ထုကို “ဇာတိအာဒိနိဒ္ဒေသေ”ဟု ပဌမဖွင့်၏၊ အဋ္ဌကထာ၌ “ဇာတိပိ ဒုက္ခာတိ နိဒ္ဒေသဝါရော အာရဒ္ဓေါ”ဟု ရွှေ၌ ပြအပ်ခဲ့သော စကားကို ရည်ရွယ်၍ ဖွင့်ခြင်းတည်း၊ “နိဒ္ဒေသဝါရဏာဒိမှိ ဂုတ္တေ"ကား ဇာတိအာဒိနိဒ္ဒေသ၏ ဝိသေသနထည့် အပ်သောပုဒ်တည်း၊ ဤဘတ္ထကို “အယံ မာတိကာ”၌ ဝပ်ပါ။
တေသု ဝါ ဇာတိအာဒီသု။ ။တတ္ထကို “တေသု ငာတိအာခီသု”ဟု တနည်းဖွင့်သည်။ “ဒုက္ခဋ္ဌ ဝေဒိတဗ္ဗေ” သိထိုက်သောဒုက္ကဋ္ဌဟူသည် ဒုက္ခဒုက္ခဝိပရိဏာမဒုက္ခစသော အနက် တည်း၊ ဤ ၂-နည်း၌ “အယံ မာတိကာ”ဟူသည် အဋ္ဌကထာ၌ပြသော“ဒုက္ခဒုက္ခ ဝိပရိ- ဏာမဒုက္ခ ”စသော ဒုက္ခသဒ္ဒါ၏ အနက်ကိုပြသော မာတိကာတည်း၊ ထို့ ကြောင့် “ဒုက္ခ- ဒုက္ခအာဒိကာ ဒုက္ခမာတိကာ”ဟု ဋီကာဖွင့်သည်။
အထ ဝါတတ္ထာတိ။ တစ္ဆေကို “တသ္မိံ နိဒ္ဒေသဝါရ”ဟု ဖွင့်ဟ်၊ “နိဒ္ဒေသဝါရာ အာရဒ္ဓေါ”ဟူသော ရွှေစကားကို ရည်ရွယ်၍ ဖွင့်ခြင်းတည်း၊ ထို နိုဒ္ဒေသဝါရ၌ (ဒေသခါင္ ထဲက)မာတိကာဟုသည် ဤပြအပ်သော “ဒုက္ခဒုက္ခ ဝိပရိဏာမဒုက္ခ သော မာတိကာ မဟုတ်၊ ဇာတိပိ ဒုက္ခာ, ဇရာပိ ဒုက္ခာပေ။သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ”ဟု ပါဠိတော် ၌ တိုက်ရိုက်လာသော ဒုက္ခ မာတိကာတည်း။
ဣတိ၊ ဤစကားရပ်ဖြင့်။ ယထာဒဿိတဿ၊ အကြင်အကြင် ပါဠိတော်၌ ပြအပ်ပြီးသော ဇာတိပိ ဒုက္ခာ အစရှိသော စကားရပ်၏။ (ဘာဝ ၌စပ်)။ ဇာတိအာဒိနိဒ္ဒေသဿ၊ ဇာတိ အစရှိသည်တို့၏ နိဒ္ဒေသ၏။ (မာတိကာ၌စပ်)။ မာတိကာဘာဝံ၊ မာတိကာ၏ အဖြစ်ကို။ ဒီပေတိ၊ ပြ၏။တေန၊ ထို သဘောအားဖြင့် ရအပ်သော နာမည်၏ အဖြစ်ကြောင့်။
အညေန၊ သဘာဝမှ တပါးသော။
ပရိယာယေန၊ ပရိယာယ်အားဖြင့်။
ဣဒံ၊ ဤ ကာယိကဒုက္ခ, စေတသိကဒုက္ခသည်။
ဒုက္ခံ နာမ၊ ဒုက္ခမည်၏။
န၊ မဟုတ်။
အထခေါ၊ အဟုတ်ကား။
ဒုက္ခတ္တာယေဝ၊ ဒုက္ခ၏ အဖြစ်ကြောင့်သာ။
(ဒုက္ခံ နာမ၊ ၏)။
ဣတိ၊ ဤသို့။
သဘာဝေန၊ ဒုက္ခဝေဒယိတသဘောအားဖြင့်။
နာမံ၊ ဒုက္ခနာမည်ကို။
ဝိသေသေတိ၊ အထူးပြု၏။
(ဣတိ ဝိညာယတိ၊ အပ်၏)။
[တေန၏ စပ်ပုဒ် မရှိသောကြောင့် "ဝိညာယတိ" ဟု ထည့်သည်။]
တံ ဒီပေက္ခာ ပုန။ ။ဤနည်းအလိုအားဖြင့် အဋ္ဌကထာ၌ပြအပ်သော “ဒုက္ခဒုက္ခ ဝိပရိ ဏာမဒုက္ခ” စသောစကားသည် မာတိကာမဟုတ်လျှင်“အဘယ်အကျိုးငှါ ထိုစကားကိုဆိုပါ သနည်း”ဟု မေးဘွယ်ရှိသောကြောင့် “တံ ပီပေတွာ ပုန” စသည်ကို မိန့်သည်။ ဤပုနကို “ယသို့” တဿ”တို့၏အပြင်၌ရှိသော “နိဒ္ဓါရဏတ္ထ”၌စပ်ပါ။ တဖန် ထိုပုဒ် ၂-ပါးအပေါင်းကို ထုတ်ဆောင်ခြင်းငှါ “ဣဒံ ဟိ ဒုက္ခံ နာမ”စသည်ကို မိန့်သည် ။
သဗ္ဗ သင်္ကဍ္ဎေန္တော။ ။“ထိုပရိယာယဒုက္ခ, နိပ္ပရိယာယဒုက္ခကို ထုတ်လိုလျှင် ထို ၂-ပါးကို သာ ပြပါတော့လော၊ အဘယ့်ကြောင့် ဒုက္ခဒုက္ခ စသည်ကို ပြရပါသေးသနည်း”ဟု မေးဘွယ် ရှိသောကြောင့် “သဗ္ဗ သင်္ကန္တော”ဟု မိန့်သည်၊ ဒုက္ခအားလုံးကို သိမ်းကျုံးလိုသော ကြောင့် (ဤနေရာ၌ ပြလိုရင်းမဟုတ်စေကာမူ)ဒုက္ခဒုက္ခ စသည်ကို ဆိုရပါသည်’ဟူလို။
**သာမိအတ္ထေပိ ဟိ။ပေ။သိဇ္ဈတိ**။ ။အပရတ္ထသည် အပရနောင် ..ထ-ပစ္စည်းသက်၍ ပြီးသောပုဒ်တည်း။ ထိုပစ္စည်းသည် “တြထ သတ္တ၀ိယာ သဗ္ဗနာမေဟိ နှင့်အညီ သက္ကမီ အနက်ကို ဟောရိုးတည်း၊ ဤနေရာ၌ကား သတ္တမိအနက်ဟောမဟုတ်, သာမီအနက် ဟောတည်း၊ ဥပမာ႕ “သဗ္ဗတ္ထပါဒကံ၊ အလုံးစုံသော ကမ္မဋ္ဌာန်းတို့၏ အခြေခံ” ဟူရာ၌ ထ-ပစ္စည်းသည် သာမီအနက်ကို ဟောသကဲ့သို့တည်း၊ ဤအဓိပ္ပါယ်ကို ပြလို၍ “သာမိ အတ္ထပိ ဟိ။ပေ။ သိ ု့တိ"ဟု မိန့်သည်၊ ဤအဖွင့်အတိုင်းဆိုလျှင် အပရတ္ထနှင့် ဒီပနီသည် သမာသ်မဟုတ်, ဝါကျဟု သိပါ၊ “အပရဿ အပရဿ”ဟု ဖွင့်သောကြောင့် အပရတ္ထ၌ ဝိစ္ဆာလောဟုလည်း မှတ်ပါ။
["ကသ္မာ ။ပေ။ အပရတ္ထဒီပနံ ၊ ဣတိ ဝိညာယတိ" ဟု ပုစ္ဆာဝါကျ ထည့်၍ ဟိ ယသ္မာ ။ပေ။ သိဇ္ဈတိ ။ဣတိ၊ ကြေင့်။ (အပရသ အပရဿာတိ ဒီပန အပရတ္ထဒီပနံ။ ဣတိ, ဝိညာယတိ) ဤသို့လည်း အနည်းပေးပါ။]**တိဏာကာရော**။ ။“တိပိကပ္ပေါ။ တမျိုးတဖုံပြုအပ်သော မြက်အထူးသည်။ တိဏဝိသေသော၊ တည်း။” ဤသို့ အနုဋီကာဖွင့်၏။ ထို့ကြောင့် တိဏာကရော၌ အာကာရဟူသည် တိရိယာမြက်မျိုး၏ အခြားမြက်မျိုးမှ ထူးခြားသော အခြင်းအရာ တည်း၊ ထို အခြင်းအရာသည်ပင် မြက်ထည်း၌ သီးခြား အမျိုးအစား ဖြစ်သောကြောင့် “တိဏဇာတိ” ဟု ပရိယာယ်ပြုသည်။ ထို တိရိယဟူသော မြက်မျိုး၏ ထူးခြားသော အမူအရာကိုစွဲ၍ ပညတ်အပ်သော နာမည် ဖြစ်သောကြောင့် ဇာတိါ၏ ပည အနက်ဟောကြောင်းကို ဆိုသည်။ အနက်ပေးသောအခါ “ဇာတိပညတ်”” ဟု မမီမှ “အမျိုးဇာတ်” ဟု ပေးရသည်။ **ဇာယနဋ္ဌေနာတိအာဒိ။ပေ။ ဝုတ္တံ**။ ။ “ ဇာတိ, သဉ္ဇာတိ ” ဟူ သော ၂-ပုဒ်ဖြင့် ပရိပုဏ္ဏ, အပရိပုဏ္ဏ အာယတနနှင့်စပ်၍ အလုံးစုံသော သတ္တဝါတို့ကို ကုန်အောင် သိမ်းကျုံး၍ ယူတော်မူ၏၊ “သက္ကန္တိ အဘိနိဗ္ဗတ္တိ” ဟူသော ၂-ပုဒ်ဖြင့် အဏ္ဍဇစသော ယောနိ ၄-ပါးနှင့် စပ်၍ အလုံးစုံသောသတ္တဝါတို့ကို ကုန်အောင် သိမ်းကျုံး၍ ယူတော် မူ၏၊ ဤသို့ ကုန်အောင် သိမ်းကျုံးယူတော်မူ၍ သတ္တဝါအားလုံး၏ ဇာတိ အားလုံးကို ပြတော်မူသည်။
ဝါ၊ ကုန်အောင် သိမ်းကျုံး၍။
ဇာတိံ၊ ကို။
ဒဿေတုံ၊ ငှာ။
(သင်္ဂဟကာရေန) ဝုတ္တံ၊ သမ္ပတ္တိဘဝ ခန္ဓေဟိ၊ သမ္ပတ္တိဘဝ၌ဖြစ်သော ခန္ဓာတို့နှင့်။
ဝိယောဇေဟိ၊ ကွေကွင်းစေတတ်၏။
ဣတိ၊ ကြောင့်။
ဝိယောဂရသံ၊ မည်၏။
[ဤစကားဖြင့် ကိစ္စရသကို ပြသည်။]
တမ္ဘာဝတောပေ။ ဒေသဘာဝတော။ ။အဋ္ဌကထာ၌ “ဣမသ္မိံ" ပနတ္ထ သမ္မုတိ- မရဏံ အဓိပ္ပတံ” ၏ နောက်ဝယ် ဇာတိက္ခယမရဏ။ပေ။ ပုညက္ခယမရဏ” ဟု မရဏ ၅- မျိုးကို ဆိုထား၏။ ထိုမရဏ ၅ မျိုးသည် ခဏိကမရဏလည်း မဟုတ်၊ သမုစ္ဆေဒမရဏလည်း မဟုတ်၊ သမ္မုတိ မရဏသာ ဖြစ်သောကြောင့်၎င်း, အပေါင်းသမ္မုတိမရဏတွင် အစိတ် အပိုင်းအဖြစ်ဖြင့် ပါဝင်သောကြောင့်၎င်း “ တာဝ နာမံ” ဟု ဆိုသည်။ – ပရဏ ၅-မျိုး လုံးပင် သမ္မုတိမရဏ၏ အမည်ချည်းဖြစ်သည်” ဟူလို။
ဆက်ဦးအံ့။ ။မရဏ ၅-မျိုးတွင် ဇာတိက္ခယမရဏသည် တဘဝ၏ ကုန်ခြင်းတည်း။ ထိုကုန်ခြင်းကို သေခြင်းဟု သမုတ်သောကြောင့် သမ္မုတိမရဏဟု ခေါ်၏။ ထိုဇာတိက္ခယ မရဏသည် ဥပက္ကမမရဏ (သေကြောင်းလုံ့လကို ပြုခြင်းကြောင့် သေခြင်း), သရသမရဏ (မိမိသဘာဝအတိုင်း သေခြင်း) အားဖြင့် ၂-မျိုး ပြား၏၊ ထို သရသမရဏလည်း အာယုက္ခယမရဏ ပုညက္ခယမရဏအားဖြင့် ၂-ပါး ရှိပြန်၏။ ထို ့ကြောင့် ဇာတိက္ခယမရဏ စသော မရဏ ၅-မျိုးသည် သမ္မုတိမရဏချည်းသာ ဖြစ်၏၊ သမ္မုတိမရဏတွင် အစိတ်အပိုင်း အဖြစ်ဖြင့် ပါဝင်ကြသည်’ဟူလို။
မရဏသဒ္ဒ ဗဟုတ္တေ။ ။“ဇာတိက္ခယမရဏံ, ဥပက္ကမပရဏံ” စသည်ဖြင့် မရဏဒ္ဓါ “ ဥပက္ကမပဏံ”စသည်ဖြင့် တွေ များစွာ ဆိုသင့်သည် မဟုတ်ပါလော၊ အဘယ့်ကြောင့် “ ခဏိကမရဏ သမ္မုတိပရဏ သမုစ္ဆေဒမရဏ ” ဟု - သုံးမျိုးကိုသာ ဆိုထားရပါသနည်း” ဟု မေးဘွယ်ရှိသောကြောင့် “တာဝနာ”” ဟု ဆိုသည်။ မရဏသဒ္ဒါတွေများနေလျှင် အများကို မှတ်နေရသော ကြောင့် တွေဝေစရာ ရှိ၏၊ ထိုသို့ မတွေဝေစေခြင်းအကျိုးငှါ များစွာ ဆိုဘဲ သမ္မုတိမရဏ တွင် ဤ ၅-မျိုးလုံးကို သွင်းလိုက်သည်’ဟူလို။ မရဏသဒ္ဒဗဟုတ္တေဟိ မရဏါနီ ဗဟုဘာဝေ၊ တံ ပန သဗ္ဗော ကာရဏံ။
ဝါ၊ တနည်း။ ဝိယောဂကိရိယာဘူတတာယ၊ ကွေကွင်းခြင်း ကြိယာဖြစ်၍ ဖြစ်သည်၏ အဖြစ်ကြောင့်။ ဝိယောဂရသန္တိ၊ ဟူ၍။ ဝုတ္တံ၊ [ဤစကားဖြင့် ကွေကွင်းခြင်း အမူအရာ ကြိယာ ဟူသော "သမ္ပတ္တိရသ" ကို ပြသည်ဟု ယူလိုသည်။ မဓု၌ကား ကိစ္စရသကို ပြသည်ဟု ဆိုသည်။]အတ္ထာနတ္ထေစ၊ စီးပွား , စီးပွားမဲ့တို့ကို၎င်း။ ဟိရိယိတဗ္ဗဇနေ စ၊ ရှက်ထိုက်သော လူတို့ကို၎င်း။ အဝိစာရေတွာ၊ မစိစစ်မူ၍။ ပုဂ္ဂလဿ၊ ပရိဒေဝဖြစ်ရာ ပုဂ္ဂိုလ်၏။ သမ္ဘမဘာဝေါ၊ မရပ်မတပ် လည်တတ်သူ၏ အဖြစ်ကြောင်းဖြစ်ရာ သည်။ ဟုတွာ၊ ၍။ ပရိဒေဝနသဒ္ဒေါ၊ ငိုကြွေးသံသည်။ ဥပဋ္ဌာတိ၊ ထင်လာ၏။ (ငိုသံကြားရသူတို့မှာ ထင်လာ၏)။ ဣတိ၊ ကြောင့်။ သမ္ဘမပစ္စုပဋ္ဌာနောတိ၊ ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တော၊
ဝါ၊ တနည်း။ သောကဝတ္ထုအဝိဃာတေန၊ သောက၏ တည်ရာအကြောင်းအဖြစ်သော ဉာတိဗျသန အစရှိသည်တို့၏ မပျက်သေးခြင်း မပျောက်သေးခြင်းကြောင့်။ သမ္ဘမော၊ မရပ်မတည် လည်ခြင်းတည်း. ဥတ္တာသသမ္ဘမော၊ ထိတ်လန့်ခြင်းကြောင့် မရပ်မတည် လည်ခြင်းသည်။ န၊ မဟုတ်။ သောစ၊ ထိုသမ္ဘမသည် လည်း။ ပရိဒေဝနသဒ္ဒေန၊ ငိုကြွေးသံကြောင့်။ ပါကဋော ဟောတိ၊ ဣတိ၊ ကြောင့်။ ပရိဒေဝေါ၊ ကို။ သမ္ဘမပစ္စုမဋ္ဌာနောတိ၊ သမ္ဘမအကျိုးကို ဖြစ်စေတတ်၏ ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တော၊
**သောကဝတ္ထု။ပေ။ပစ္စုပဋ္ဌာနံ**။ ။“ သောကော နာမ ဉာတိဗျသနာဒယော မရ။ စိတ်ထဲ၌ ထို ဉာတိဗျသန စသည်တို့၏ ပျောက်မသွားသေးဘဲ တည်ရှိနေခြင်းသည် “သောကဝတ္ထု အင်္ဂယာတ” မည်၏။ ထို သောကဝတ္ထု အဝိယာတကြောင့် တနေရာ တည်း၌ ငြိမ်သက်စွာမတည်နိုင်ဘဲ မရပ်မတည် ဟိုဟိုဒီဒီ လည်၍နေခြင်းသည် “သမ္ဘ” မည်၏။ ဤသမ္ဘသည်.ထိတ်လန့်ခြင်းကြောင့်ဖြစ်သော ဥတ္တာသသမ္ဘမမျိုးမဟုတ်၊ သတ္တမသည် ပရိဒေဝသဒ္ဒကြောင့် ထင်ရှားရကား ပရိဒေဝကို “သမ္ဘမအကျိုးကိုဖြစ်စေ တတ်သောတရား” ဟု ဆိုသည်။ ဤနည်း၌ ပစ္စုပဋ္ဌာန်ဟူသည် ဖလပစ္စုပဌာန်တည်း။
ဘိယျော၊ အလွန်။
(အဓိမတ္တံ ပုဒ်၌စပ်)။
ဝါ၊ တနည်း။
ကဏ္ဌောဋ္ဌတာလုအာဒိသောသဇတောပိ၊ လည်းချောင်း, နှုတ်ခမ်း, အာစောက် အစရှိသည်တို့၏ ခြောက်သွေ့ခြင်းကြောင့်ဖြစ်သော ဒုက္ခထက်လည်း။
ဘိယျော၊ အလွန်။
ဣတိ၊ ဤသို့။
အညံ၊ အခြားသော။
ကာယိကံစ၊ ကိုယ်၌လည်းဖြစ်သော။
စေတသိကံ စ၊ သော။
တံ နိဒါနဒုက္ခံ၊ ထို ပရိဒေဝလျှင် အကြောင်းရင်းရှိသော ဒုက္ခကို။
သင်္ဂဏှာတိ၊ သိမ်းယူ၏။ဟိ၊ မှန်။
(တနည်း) ကသ္မာ ယံ လဗ္ဘတိ, တံ ဂဟေတဗ္ဗံ၊ ၏။
ဣတိ ဝိညာယတိ၊ နည်း။
ဟိ (ယသ္မာ)၊ ကြောင့်။
သင်္ခါရာနံ၊ တို့၏။
ဌာနနိသဇ္ဇာဒယော၊ ဌာန, နိသဇ္ဇ အစရှိသော ဣရိယာပုထ်တို့သည်။
န (ဝိဇ္ဇန္တိ)၊ မရှိကုန်။
[ဤစကားဖြင့် "သမောဓာန" ပုဒ် မရနိုင်ပုံကို ပြသည်။]
ဘောဇနာဒိကိစ္စေသု၊ ဘောဇန အစရှိသော ကိစ္စတို့၌။
သဟကရဏံ ဝါ၊ အတူတကွပြုရခင်းသည်လည်း။
န ဝိဇ္ဇတိ၊ မရှိ။
[ဤစကားဖြင့် "မိဿီဘာဝ" ပုဒ် မရနိုင်ပုံကို ပြသည်။]
ဣတိ၊ ကြောင့်။
ပစ္ဆိမ ဒွယံ၊ နောက်၌ဖြစ်သော သမောဓာန, မိဿီဘာဝ ပုဒ် ၂ ပါးအပေါင်းကို။
တဒတ္ထ ဝသေန၊ ထို အနက်၏ အစွမ်းဖြင့်။
အရိယပဿာနိ။ ။အသူရိယမှအသဒ္ဒါသည် သူရိယကို တားမြစ်သည် မဟုတ်၊ ပဿကို တားမြစ်သော သဒ္ဒါတည်း၊ ထို့ကြောင့် အ သဒ္ဒါနှင့်စပ်သင့်သော အနက် ရှိသော ပုဒ်သည် ပါတည်း၊ ဤသို့စပ်သင့်သော အနက်မရှိသော သူရိယသဒ္ဒါနှင့် သမာသ်စပ်သောကြောင့် “အသူရိယပဿာနိ” ကို “အသမတ္ထသမာသ်” ဟုဆိုသည်။ ဤ သမာသ်မျိုး၌ – န + သူရိယော အသူရိယော” ဟု ကမ္မဓာရည်းသမာသ် ဖြစ်ခိုက် အနက် မပေးရ၊ ပေး၍လည်း မဖြစ်၊ “ အသူရိယံ + ပဿာနိ အသူရိယပဿာနိ ” ဟု သမာသ်ပြီးမှ အ-ကို ပဿနှင့် တွဲ၍ အနက်ပေးရသည်။
အသမတ္တသမာသော။ ။သမတ္ထ၌ သံ + အသ-ဓာတ် + တ-ပစ္စည်းဖြင့် “ သမတ္ထ” ဟု ဖြစ်၏၊ “ အသတိ ဘဝတီတိ အတ္ထော ” ဟု ဝိဂြိုဟ်ပြုရာ၌ အတ္ထောပုဒ်၏ ရုပ်ပြီးပုံကဲ့သို့ ပြီးပါစေ။ သမသိတဗ္ဗော၊ စပ်ထိုက်၏။ ဣတိ သမဏ္ဏော။ သမတ္တေန၊ စပ်ထိုက်သော ပုဒ်နှင့်တကွ + သမာသော၊ စပ်အပ်သော သမာသ်တည်း။ သမတ္ထသမာသော၊ မည်။ အသမခတ္ထန၊ မစပ်ထိုက်သောပုဒ်နှင့်တကွ + သမာသော အသမတ္ထသမာသော။
(အဋ္ဌကထာ၌ ဖွင့်ပြအပ်သော အနက်၏ အစွမ်းဖြင့်)။ လဗ္ဘတိ၊ ၏။ ဣတိ၊ ဤသို့။ ဝတ္ထုံ၊ ဆိုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ကြောင့်။ (ယံ လဗ္ဘတိ၊ တံ ဂဟေတဗ္ဗံ၊ ဣတိ, ဝိညာယတိ၊ ၏)။ဟိ၊ မှန်။
ယတ္ထ၊ အကြင် အဇာတိ ဓမ္မတ္တ အစရှိသော ဝတ္ထု၌။
သာ ဣစ္ဆာ၊ ထို အလိုသည်။
ဝါ၊ ထို တောင့်တတတ်သော တဏှာသည်။
အပါပုဏန္တီ၊ မရောက်နိုင်, မရနိုင်သည်။
ဟုတွာ၊ ဖြစ်၍။
ဂယှတိ၊ ယောဂီတို့ဉာဏ်ဖြင့် ယူအပ်၏။
ဣတိ၊ ဤသို့ မှတ်အပ်၏။
[ဣစ္ဆာကိုငဲ့၍ "အပါပုဏန္တီ" ထားသည်။]
ယဒါပိ ပန။ပေ။အလာဘဝိသိဋ္ဌာ ဣစ္ဆာ။ ။“ယမ္ပိန္တံ န လဘတိ ” ဟူသော အနိ- ယမဝါကျ၌ ယံကို ဣစ္ဆနှင့်တွဲ၍ “ယမ္ပိန္တံ၊ အကြင်အလိုကိုလည်း”ဟု အနက်ပေးသော အခါ န လဘတိသည် ပဓာန မဟုတ်၊ အပဓာန ဝိသေသနမျှသာ ဖြစ်သည်။ ထို့ကြောင့် “တဒါပိ အလာဘပိသိဋ္ဌာ ဣစ္ဆာ ဝုတ္ထာ ဟောတိ”ဟု မိန့်သည်။ ဤအဖွင့်အတိုင်း ပါဠိတော် နိဿယ၌ ကနည်း အနက်ပေးထားသည်။
ယဒါ န လဘတီတိ။ ဤနည်း၌ ယံသဒ္ဒါကို န လဘတိနှင့်တွဲ၍ “ယံ န လဘတိ၊ အကြင်မရ”ဟု ကြိယာပရာပသန အနက်ပေးပါ၊ ထိုသို့ အနက်ပေးသောအခါ ဣစ္ဆာသည် န လဘတိကို အထူးပြုသော ဝိသေသနဖြစ်၏။ ထို ့ကြောင့် “တဒါဣစ္ဆာဝိသိဋ္ဌော အလာဘော ဝုတ္တော ဟောတိ”ဟု. မိန့်သည်။ ဤ အဖွင့်အတိုင်း ပါဠိတော်နိသာယ၌ နောက်တနည်း အနက်ပေးထားသည်။
သော ပနတ္ထတော။ပေ။ဝုတ္ထာ ဟောတိ။ ။ ဤ ဒုတိယနည်း၌ “ယမ္ပိ န လဘတိ”ဟု ဆိုသောကြောင့် ဣစ္ဆာကိုမရဘဲ အလာဘကို ရသည့်အတွက် တရားကိုယ်တိုက်ရိုက်မရှိရ ကား “သော ပနတ္ထတော” စသည်ကို မိန့်သည်။ ထို မရခြင်းဟူသည် တရားကိုယ်အားဖြင့် ဣစ္ဆာ ဟူသော တဏှာမှတပါး အခြားတရား မရှိ၊ ထို ့ကြောင့် ဣစ္ဆာကိုပင် အရကောက် ရတော့သည်။ [ယဒါပိ စသော ၂-နည်းသည် အဋ္ဌကထာကို ဖွင့်သောနည်း မဟုတ်၊ ဋီကာ ဆရာ၏ မိမိအလိုကျ ဖွင့်အပ်သောနည်းတည်း။]