**အနုဗန္ဓတိနာမ**။ ။ မိမိကို ဖြစ်စေတတ်သော ပဌမ မဟာကုသိုလ်သည် ရှေးရှေးဘဝကဖြစ်ခဲ့သော ပဌမမဟာကုသိုလ်ဖြစ်၍ ယခုမှဖြစ်သော မဟာကုသိုလ်ကိုပင် သဒိသူ ပစာရအားဖြင့် "ဇနကံ၊ မိမိကို ဖြစ်စေတသော ပဌမမဟာကုသိုလ် " ဟု ဆိုသည်။ ဇနကံ အနုဗန္ဓတိ နာမာတိ တံသဒိသေ တဗ္ဗောဟာရံ ကတွာ ဝုတ္တံ။ အနု။
ဇဝနေ၊ ဇောသည်။
ဇဝိတေ၊ စောလသော်။
တဒါရမ္မဏံ၊ ထိုဇော၏ အာရုံကို။
တဿ ဇဝနဿ၊ ထိုဇော၏။
အာရမ္မဏံ၊ အာရုံကို။
န ဂဏှန္တိ၊ မယူနိုင်ကုန်။
နာလမ္ဗန္တိ၊ အာရုံမပြုကုန်။
ဣတိ အတ္ထော၊ နက်။**ဘာဝနာယ သိဒ္ဓါ**။ ။ ဘာဝနာအရ ကုသိုလ်ဘာဝနာကို မယူရ။ အကိုလ်ဘာဝနာကို ယူရသည်။ အကုသိုလ်တရားတို့လည်း ထပ်ကာထပ်ကာဖြစ်လျှင် ကိလေသာတွေကို တိုးပွါးစေသောကြောင့် "ဘာဝနာ" အမည် ရနိုင်၏။ ထို့ကြောင့်ပင် လောဘသဟဂုတ်, ဒေါသသဟဂုတ် စိတ္တုပ္ပါဒ်ကို ပြရာ၌ သမာဓိကို "အဝဋ္ဌိတိ၊ သက်ဝင်၍ တည်သော တရား ဟု၎င်း, အဝိသာဟာရော, ဖောက်ဖောက်ပြန်ပြန် ကြဲသကဲ့သို့ မဖြစ်သော တရား ဟု၎င်း, အဝိက္ခေပေါ, မပျံ့လွင့်သောတရား ဟု၎င်း" ဓမ္မသင်္ဂဏီ ပါဠိတော်၌ ညွှန်ပြတာ်မူသည်။ ဘာဝနာယာတိ အကုသလဘာဝနာယ သံကိလေသ ဝဍ္ဎနေန။ သံကိလိဋ္ဌ သမာဓာနေနာတိ အတ္ထော။ အနု။
တဒါရမ္မဏဿ၊ တဒါရုံ၏။
အဝတ္ထုဘာဝဒဿနတ္ထံ၊ တည်ရမဟုတ်သည်၏ အဖြစ်ကို ပြခြင်းအကျိုးရှိ၏။
[အညမညပဋိပက္ခဘာဝေါစ အတိဗလဝဘာဝေါစ တထာ။ မဓု။]**တသ္မာ ။ပေ။ အာဝဋ္ဋေတိ**။ ။ ဤ တသ္မာ၏ အနက်ကို "တီသု ဇဝနဝါရေသု အပ္ပဝတ္တေသွေဝ ကမ္မာဒိဥပဋ္ဌာနေန ဘဝိတဗ္ဗံ" ဟုသော ရှေ့ဝါကျကိကို လှမ်း၍စွဲရိုးရှိသည်။ "တသ္မာ ၊ထိုသို့ ၃ ပါးသော ဇောဝါရတို့ မဖြစ်ကုန်မီသာလျှင် ကံအစရှိသော အာရုံတခုခု၏ ထင်ခြင်းသည် ဖြစ်ရာသည်၏ အဖြစ်ကြောင့်" ဟု အနက်ပေးပါ။ အနုဋီကာ၌လည်း ထိုစကားကိုပင် ကောက်ချက်ချ၍ "တသ္မာတိ ယသ္မာ ဧကဇဝနဝါရဿေ ကမ္မာဒိဥပဋ္ဌာနေန မရဏံ န သမ္ဘဝတိ၊ တသ္မာ" ဟုဖွင့်သည်။
တတော၊ ထို မနောဒွါရဝီထိမှ နောက်၌။
ဖောဋ္ဌဗ္ဗဿ၊ ဖောဋ္ဌဗ္ဗာရုံ၏။
(လက်ရိုက်ဖြင့် ပုတ်ခတ်ခြင်းကြေင့်ဖြစ်သော ဖောဋ္ဌာဗ္ဗာရုံ၏)။
ဗလဝတ္တာ၊ အားရှိသည်၏ အဖြစ်ကြောင့်။
ဒုတိယဝါရေ၊ ၌။
ကာယဝိညာဏဝီထိ၊ သည်။
ပစ္စုပ္ပန္နေ၊ သော။
ဖောဋ္ဌဗ္ဗေ၊ ဖောဋ္ဌဗ္ဗာရုံ၌။
ပဝတ္တတိ၊ ၏။
တတော၊ ထိုမှ နောက်၌။
ပုရိမဇဝနဝါရဂဟိတေသွေဝ၊ ရှေးဖြစ်သော ဇောဝါရသည် ယူအပ်ပြီးသည်သာလျှင်ဖြစ်ကုန်သော။
(ကာယဒွါရဝီထိ မဖြစ်မီ မနောဒွါရဇောဝါဝီထိသည် ယူအပ်ပြီးသည်သာလျှင်ဖြစ်ကုန်သော)။
ကမ္မာဒီသု၊ ကံအစရှိသော အာရုံတို့၌။
ဝါ၊ ကံ အစရှိသော အာရုံတို့တွင် တပါးပါး၌။
ကမေန၊ အစဉ်အားဖြင့်။
မနောဒွါရဇဝနံ၊ မနောဒွါရဇောသည်။
ဇဝိတွာ၊ စောပြီး၍။
ဝါ၊ စောပြီးခြင်းကြောင့်။
မူလ ဘဝင်္ဂသင်္ခါတံ (ဝါ)၊ မူလဘဝင်ဟု ဆိုအပ်သည်မူလည်ဖြစ်သော။
(မူလပဋိသန္ဓေနှင့်တူသော ဝိပါက်စိတ်က တဒါရုံကိစ္စတပ်လျှင် "မူလဘဝင်" ဟု ဆိုအပ်သည်မူလည်းဖြစ်သော)။
အာဂန္တုကဘဝင်္ဂသင်္ခါတံ ဝါ၊ အာဂန္တုကဘဝင် ဟု ဆိုအပ်သည်မူလည်းဖြစ်သော။
[ထို ဘဝမူလဘဝင်နှင့် မတူသော တဒါရုံကို အာဂန္တုကဘဝင်ဟု ဆိုသည်။]
တဒါရမ္မဏံ၊ တဒါရုံဖြစ်သော။
ဘဝင်္ဂံ သည်။
ဩတရတိ၊ သက်၏။
ဝါ၊ တနည်း။
တဒါရမ္မဏာဘာဝေ၊ တဒါရုံ၏ မရှိခြင်းကြေင့်။
(သတိ၊ သော်)။
ဘဝင်္ဂမေဝ၊ ဘဝင်သည်သာ။
(ဩတရတိ၊ သက်၏)။တေန၊ ထို့ကြောင့်။
လဟုကမ္မာဒီသု၊ လျင်မြန်သော ကံ အစရှိသော အာရုံတို့၌။
စိတ္တပ္ပဝတ္တိတော၊ စိတ်၏ဖြစ်ခြင်းကြောင့်။
ဝိသယဿ၊ အာရုံ၏။
လဟုဂဟဏီယထာ၊ လျင်စွာ ယူထိုက်သည်၏ အဖြစ်သည်။
လဟုကတာ၊ လဟုက၏အဖြစ် မည်၏။
["အာရုံက အထူးမြန်သည် မဟုတ်, ထိုအာရုံကို ယူနိုင်သော စိတ်ဖြစ်ခြင်းက အထူးမြန်သောကြောင့် အာရုံကို "လဟုက" ဟု ဆိုပါသည် ဟူလို။]
ရူပါနံ ဝိသယဘာဝေပိ။ ။ စာအုပ်တို့၌ "ဝိသယာ ဘာဝေပိ" ဟု ရှိသာ်လည်း အနုဋီကာ၌ "ရူပါနန္တိ စက္ခာဒိ ရူပဓမ္မာနံ။ ဝိသယ ဘာဝေပီတိ ရူပါယတနာဒိဝိသယသဗ္ဘာဝေပိ၊ ရူပါရုံ အစရှိသော အာရုံ၏ ထင်ရှားရှိသည်၏ အဖြစ်သည် ဖြစ်ပါသော်လည်း" ဟု ဖွင့်၏။ ထို့ကြောင့် "ဝိသယဘာဝေပိ" ဟု ပါဌ်မှန်ရှိပါစေ။ "စက္ခုစသော ရုပ်တရားတို့မှာ ရူပါရုံစသော အာရုံရှိပါသော်လည်း" ဟူလို။
အရူပဓမ္မာနန္တိ ဝစနံ။ ။ အဋ္ဌကထာ၌ "အရူပဓမ္မာနံ ဝိသယော နာမ" ဟု အရူပဓမ္မာနံ ဟူသော ဝိသေသန သမ္ဗန္ဓီစကားကို ဆိုထား၏။ ထိုသို့ ဆိုခြင်းသည် အဘယ်အကျိုးငှာနည်းဟု မေးဘွယ်ရှိသောကြောင့် "ယေသံ ။ပေ။ တံ ဒဿနတ္ထမေဝ" ဟု မိန့်သည်။ စက္ခုစသော ရုပ်တရားတို့မှာ ရူပါရုံစသော အာရုံရှိသည်ဟု ဆိုရသော်လည်း အနာရပ္ပဏတရားဖြစ်သောကြောင့် မုချအရှိမဟုတ်။ မြင်တတ်သော ဌာနီဝက္ခုဝိညာဉ်ကို လောက်၍ ဌာနျူပစာရအားဖြင့် "အာရုံရှိသည်" ဟု ဆိုရသ်။ ဤ "အရူပတရားတို့၏ အာရုံ" ဟု ဆိုရာ၌ကား မုချဖြစ်သော အာရုံတည်း။ ထို့ကြောင့် "ယေသံ ။ပေ။ တံ ဒဿနတ္ထမေဝ" ဟု မိန့်သည်။ "မုချအားဖြင့် အာရုံရှိသော နာမ်တရားများ" ဟူလို။
ဟိ၊ မှန်။
သန္တာနေ၊ စိတ်အစဉ်ကို။
ဝိနာမိတေ၊ ညွတ်စေအပ်ြီးသော်။
တဒေကဒေသဘူတံ၊ ထို စိတ်အစဉ်၏ တစိတ်ဒေသဖြစ်၍ ဖြစ်သော။
ပဋိသန္ဓိစိတ္တဉ္စ၊ သည်လည်း။
ဝါ၊ ကိုလည်း။
ဝိနာမိတမေဝ၊ ညွတ်စေအပ်သည်သာ။
ဘူမိ စတ္တုပ္ပါဒါဒိဝသေန။ ။ ဘူမိ စိတ္တုပ္ပါဒါဒိဝသေနာတိ ဣဒံ ဣမံ သန္ဓာယ ဝုတ္တံ။ ကမ္မ နိမိတ္တဿပိ ဝသေန လဗ္ဘတေဝ။ တဿ ဆဠာရမ္မဏဘာဝတော (အာရုံ ၆ ပါးရှိသောကြေင့် ကမ္မနိမိတ်အတွက်လည်း ဘူမိဘေဒ ရနိုင်၏) ဂတိနိမိတ္တဿ ပန ပဘေဒေါ နီလာဒိကောယေဝ (ဂတိနိမိတ်အပြားကား နီလ ပီတ လောဟိတ အစရှိသော အဆင်းအပြားသာတည်း) အနု။ [ဂတိနိမိတ်ကို "ရူပါရုံ တမျိုးသာ" ဟု ဆိုသောလည်း "သဒ္ဒ ဂန္ဓစသော အာရုံများလည်း ရနိုင်၏" ဟူ ယူကြသေးသည်။]
သန္တာနေဟိ ။ပေ။ ဟောတိ။ ။ သေခါနီး၌ ကံစသော အာရုံတစ်ခု ထင်လာသော အခါ ထိုအာရုံကို အာရုံပြု၍ မသေခါနီး စိတ်အစဉ်သည် လာမည့်ဘဝ၌ ညွတ်ယိမ်းကိုင်းရှိုင်း၍ နေ၏။ ဥပမာ ခရီးသွားစရာရှိ၍ ပြင်ဆင်နေပါသော်လည်း စိတ်အစဉ်သည် သွားရမည့်ခရီးသို့ ညွတ်၍ နေသကဲ့သို့တည်း။ စိတ်အစဉ်တတန်းလုံး ဘဝသစ်သို့ ညွတ်၍နေလျှင် ထိုစိတ်အစဉ်တွင်ပါဝင်သော ပဋိသန္ဓေ စိတ်ကိုလည်း ဘဝအသစ်၌ ညွတ်စေအပ်သည်ပင် ဖြစ်တော့၏။ မှန်၏ စိတ်အစဉ်တွင် ပါဝင်သော ပဋိသန္ဓေစိတ်ကို မညွတ်စေဘဲ စိတ်အစဉ် တစဉ်လုံး ညွတ်စေရာ မရောက်နိုင်။
ဆက်ဦးအံ့။ ။ ဝိနာမိတ (ညွတ်စေအပ်) ဟူရာ၌ ဘဝကို တောင့်တသော တဏှာက ထိုသို့ ညွတ်စေလောက်အောင် ပြင်ဆင်ထားအပ်သည် အဖြစ်တည်း။ မှန်၏- ပုထုဇဉ်သေက္ခတို့၏ အကြင် စိတ်အစဉ်၌ ပုညာဘိသင်္ခါရစသော စေတနာကဲ့သို့ ဘဝကို တောင့်တတ်သော တဏှာဖြင့် ထုံမွှမ်းမှုသည်လည်း မပြတ်မစဲ ရှိနေသေး၏။ ထိုစိတ်အစဉ်၌သာ ဘဝတပါး၌ အကျုံးဝင်သော ပဋိသန္ဓေ စိတ် ဖြစ်၏။ ထိုစိတ်သည် ထိုဘဝသစ်၌ ဖြစ်လသော် ထိုတဏှာသည် ညွတ်စေအပ်သကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် "အနုပစ္ဆိန္န ကိလေသဗလ ဝိနာမိတ" ဟု ဆိုသည်။ အနု။
ဟောတိ၊ ၏။ စ၊ ဆက်။ ဧကဒေသ ဝိနာမိတဘာဝေန၊ တစိတ်တဒေသကို ညွတ်စေအပ်သည်၏ အဖြစ်နှင့်။ ဝိနာ၊ ကင်း၍။ သန္တာနဝိနာမိတတာ၊ စိတ်အစဉ် တတန်းလုံး၏ ညွတ်စေအပ်သည်၏ အဖြစ်သည်။ န အတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့ မှတ်အပ်၏။ ["ကသ္မာ ဟောတိ။ ဟိ (ယသ္မာ)" ဟု ပေး၍ "ဣတိ ဟောတိ။ ဣတိ ဝိညာယတိ" ဟု လည်း ပေးပါ။]**ဒွိန္နံ ဂတီနံ အညတရံ**။ ။ ဤ သဠာယတနသံယုတ်, သမုဒ္ဒဝဂ်, အာဒီတ္တပရိယာယ သုတ်တော်ဝယ် "မရဏာသနူဇော၌ သာယာဘွယ်ကော်းသော အာရုံများ (လောဘဆိုင်ရာ) ကပ်နေလျှင် ဧကန်မုချ ငရဲနှင့် တိရစ္ဆာန်ဂတိ ၂ ပါးတွင် တပါးပါး၌ ဖြစ်ရမည်" ဟု မိန့်တော်မူ၏။ ငရဲနှင့် တိရစ္ဆာန်ကို တိုက်ရိုက်ပြသဖြင့် ပေတဂတိ၌လည်း ဖြစ်ခွင့်ရှိကြောင်းကို သိပါ။ အာတပ်နှင့် တကွ သေသောရဟန်း (ဒဏ်နှင့် တကွသေသော သာမဏေ) များလည်း သေခါနီး၌ ထိုအာပတ် ထင်လာလျှင် ထိုအတိုင်းပင် ဖြစ်နိုင်ကြောင်းကို "သာပတတိတဿ ဘိက္ခဝေ နိရယံ ဝါ ဝဒါမိ တိရစ္ဆာနယောနိံ ဝါ" ဟု ဟောတော်မူသည်။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
တသ္မာ၊ ကြောင့်။
အာသန္နံ၊ နီးကပ်သော။
အကုသလံ၊ အကုသိုလ်ဇောသည်။
ဒုဂ္ဂတိယံ၊ ၌။
(ပဋိသန္ဓိယာ ဥပနိဿယော ဟောတိ)၊
ကုသလဉ္စ၊ ကုသိုလ်ဇောသည်လည်း။
သုဂတိယံ၊ ၌။
ပဋိသန္ဓိယာ ဥပနိဿယော ဟောတိ၊
ဣတိ၊ ဤသို့ မှတ်အပ်၏။**သင်္ကပ္ပဝသေန**။ ။ ဣဋ္ဌဟူရာ၌ သဘာဝဣဋ္ဌ, အစစ်အမှန် ဣဋ္ဌာရုံလည်းရှိ၏။ ပရိကပ္ပဣဋ္ဌ ကြံစပ်အပ်သော ဣဋ္ဌာရဒ့လည်း ရှိ၏။ ထို ပရိကပ္ပဋ္ဌဟူသည် အနိဋ္ဌာရုံ ပင်တည်း။ ထို့ကြောင့် "တမ္ပိ ဟိ သင်္ကပ္ပဝသေန။ ပေ။ ဟောတိ" ဟု ဆိုသည်။ ခွေးမသည် ခွေးသတ္တဝါတို့၏ ဣဋ္ဌာရုံဖြစ်သကဲ့သို့တည်း။
ဝိပါကော၊ သည်။
ကမ္မနိမိတ္တာရမ္မဏော၊ ကမ္မနိမိတ်ဟူသော အာရုံရှိသည်။
န ဘဝေယျ၊ မဖြစ်နိုင်ရာ။စ၊ ဆက်။
ပဉ္စဒွါရေ၊ မရဏာသန္န ပဉ္စဒွါရ၌။
အာပါတံ၊ ရှေ့ရှုကျခြင်းသို့။
အာဂစ္ဆန္တံ၊ ရောက်သော။
ပစ္စုပ္ပန္နံ၊ ပစ္စုပ္ပန်ဖြစ်သော။
ကမ္မနိမိတ္တံ၊ ကမ္မနိမိတ်ကို။
အာသန္နကတ ကမ္မာရမ္မဏ သန္တတိယံ၊ သေခါနီးကာလ၌ ပြုအပ်သော ကံ၏ အာရုံအစဉ်၌။
ဥပ္ပန္နံ၊ ဖြစ်၏ဟူ၍၎င်း။
(သန္တတိ ပစ္စုပ္ပန်ကိုဆိုသည်)။
တံ သဒိသဉ္စ၊ ထို ကမ္မနိမိတ်အာရုံနှင့် အလားတူ၏ ဟူ၍၎င်း။
ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။
[ပဉ္စဒွါရမရဏာသန္နဇောဝီထိ၏ အာရုံကို သန္တတိပစ္စုပ္ပန်ဖြစ်သော သဒိသ ကမ္မနိမိတ်ဟု မယူဘဲ ခဏပစ္စုပ္ပန်ဖြစ်သော မုချကမ္မနိမိတ်ဟု ယူလျှင် အဘယ်အပြစ်ရှိပါသနည်းဟု မေးဘွယ်ရှိသောကြောင့် "အညထာ" စသည် မိန့်။]
အညထာ၊ ဤ ဆိုအပ်ပြီးသော အခြင်းအရာမှ တပါးသော အခြင်းအရာအားဖြင့်။
(မရဏာသန္နဇောဝီထိ၏ အာရုံဖြစ်သော ကမ္မနိမိတ်ကို သန္တတိပစ္စုပ္ပန်ဟု၎င်း, သဒိသူပစာရဟု၎င်း မှတ်ထိုက်၏ ဟူသော အခြင်းအရာမှတပါးသော ခဏပစ္စုပ္ပန်ဟူသော အခြင်းအရာ, မုချကမ္မနိမိတ်ဟူသော အခြင်းအရာအားဖြင့်)။
(အတ္ထေ၊ အနက်အဓိပ္ပါယ်ကို။
ဂယှမာနေ၊ ယူအပ်သော်)။
ဒဉ္စဒွါရေစ ။ပေ။ ဒဋ္ဌဗ္ဗံ။ ။ မနောဒွါရ၌ ကံ , ကမ္မနိမိတ် ထင်ပုကို ဖွင့်ပြပြီး၍ ပဉ္စဒွါရ ကမ္မနိမိတ်ထင်ပုံကို ပြလိုသောကြောင့် "ပဉ္စဒွါရေစ" စသည်ကိုမိန့်။ စက္ခုစသော ငါးဒွါရ၌ ပစ္စုပ္ပန် ကမ္ပနိမိတ် တမျိုးသာ ထင်နိုင်၏ဟု ယူဆသောကြောင့် "ပစ္စုပ္ပန္နံ ကမ္မနိမိတ္တံ" ဟု ဆိုသည်။ ကမ္မနိမိတ္တ( ကံ၏အာရုံ)ဟူရာ၌ ပဉ္စဒွါရမရဏာ သန္နဝီထိ၏ ရှေ့အနီးအပါး၌ဖြစ်သော မနောဒွါရဝီထိ၌ ပါသော စေတနာကို "ကံ" ဟု ခေါ်၍ ထိုကံ၏ အာရုံကို "ကမ္မနိမိတ်" ဟု ခေါ်သည်။ ထို ကမ္မနိမိတ်သည် ဆရာမိ ဘတို့က ယူဆောင်၍ ပြအပ်သော ပန်းစသော အာရုံဖြစ်လျှင် စက္ခုဒွါရမရဏာသန္နဇောဝီထိဖြစ်ရာအခါ၌လည်း ထင်ရှားရှိဆဲ ပစ္စုပ္ပန်ပင် ဖြစ်၏။ ရှေ့ မနောဒွါရဝီထိ၏ အာရုံအစဉ်၌ ဖြစ်မြဲ ဖြစ်နေသောကြောင့် ထို စက္ခုဒွါရဝီထိ၏ အာရုံကို "အာသန္နကတ ကမ္မာရမ္မဏ သန္တတိယံ ဥပ္ပန္နံ" ဟု၎င်း, မနောဒွါရဇောဝီတိ၏ ကမ္မနိမိတ်နှင့် မရဏာသန္န စက္ခုဒွါရဇောဝီထိ၏ အာရုံသည် ပန်းစသော အာရုံချင်းတူသောကြောင့် "တံသဒိသဉ္စ" ဟု ၎င်ဆိုသည်။
မှတ်ချက်။ ။ ဤစကားအရ မရဏာသန္န ပဉ္စဒွါရာဇောဝိထိ ဖြစ်ရာ၌ ထိုဝီထိ၏ အာရုံသည် မုချ ပစ္စုပ္ပန် ကမ္မနိမိတ် မဟုတ်, ရှေး ကမ္မနိမိတ်၏ အစဉ်၌ဖြစ်သောကြောင့် သန္တတိပစ္စုပ္ပန်ဖြစ်သော , ထို ကမ္မနိမိတ်နှင့် တထပ်တည်း တူသောကြောင့် သဒိသူပစာ လည်းဖြစ်သော ကမ္မနိမိတ်ဟု မှတ်ပါ။ ဘာကြောင့်နည်း ပဉ္စဒွါရဇော စေတနာတို့က ပဋိသန္ဓေအကျိုးကို ဖြစ်စေနိုင်လောက်အောင် ကံ အထ မမြောက်သည့်အတွက် ထို ပဉ္စ ဒွါရဖော၏ အာရုံကို မုချအားဖြင့် "ကမ္မနိမိတ်" ဟု မခေါ်နိုင်သောကြောင့်တည်း။
တဒေဝ၊ ထို မဏာသန္နဇောသည်ပင်။ ပဋိသန္ဓိအာရမ္မဏူပဋ္ဌာပကံ၊ ပဋိသန္ဓေ၏ အာရုံကို တင်စေတတ်သည်၎င်း။ တဒေဝ၊ ထို မရဏာသန္နဇောသည်ပင်။ ပဋိသန္ဓိဇနကံ၊ ပဋိသန္ဓအကျိုးကို ဖြစ်စေတတ်သည်၎င်း။ ဘဝေယျ၊ ဖြစ်ရာ၏။ [ထို ဆိုအပ် ပြီးသော အဓိပ္ပါယ်ကို မယူဘဲ ပဉ္စဒွါရမရဏာသန္နဇော၏ အာရုံကို ခဏပစ္စုပ္ပန်ဖြစ်သော မုချကမ္မနိမိတ် ဟုယူလျှင် ထို ပဉ္စဒွရိကမရဏာသန္နဇောသည်ပင် နောက်ဘဝအတွက် ပဋိသန္ဓေအသစ်၏ အာရုံကိုလည် ထင်စေတတ်, ပဋိသန္ဓေ အကျိုးကိုလည်း ပေးတတ်သော ကံ အထမြောက်သော စေတနာသာ ဖြစ်စရာ ရှိသည် ဟူလို။] စ၊ ဆက်။ ပဋိသန္ဓိယာ၊ ပဋိသန္ဓေ၏။ ဥပစာရဘူတာနိဝိယ၊ အနီးဥပစာကဲ့သို့ ဖြစ်၍ ဖြစ်ကုန်သည်၎င်း။ တယာ၊ သင် ပဋိသန္ဓေသည်။ ဧတသ္မိံ၊ ဤအာရုံ၌။ ပဝတ္တိတဗ္ဗံ၊ ဖြစ်ထိုက်၏။ ဝါ၊ ဖြစ်ရမည်။ ဣဝိ၊ သို့။ ပဋိသန္ဓိယာ၊ အား။ (ပဋိသန္ဓေ စိတ် စေတသိက်အား)။ ဝါ၊ ၏။ အာရမ္မဏံ၊ ကို။ အနုပ္ပါဒေန္တာနိ ဝိယစ၊ လျော်စွာ ဖြစ်စေကုန်သကဲ့သို့၎င်း။ ဝါ၊ အပ်နှင့်း ကုန်သကဲ့သို့၎င်း။ (ဟုတွာ) ပဝတ္တာနိ၊ ဖြစ်ကုန်သော။ စုတိအာသန္နာနိ၊ စုတိ၏ အနီးဖြစ်ကုန်သော။ ဇဝနာနိ၊ မရဏာသန္နဇောတို့သည်။ ပဋိသန္ဓိဇနရာနိ၊ ပဋိသန္ဓေကို ဖြစ်စေနိုင်ကုန်သည်။ န ဘဝေယျုံ၊ မဖြစ်နိုင်ကုန်ရာ။ ["မရဏာသန္နဇောတို့သည် ပဋိသန္ဓေ ကျိုးကို ဖြစ်စေနိုင်သော ဇောများမဖြစ်ရာ" ဟူသော စကားအရ သာဓကပြလို၍ "ကတတ္တာ ဥပစာတတ္တာ ဟိ" စသည်ကို မိန့်သည်။]**နစ ။ပေ။ ဝုတ္တံ**။ ။ ထို မရဏာသန္နပဉ္စဒွါရိက ဇောစေတနာသည် ပဋိသန္ဓေ၏ အာရုံကို ထင်စေတတ်သော ဇောလည်းမဖြစ်နိုင်, ပဋိသန္ဓေကျိုးကို ပေးတတ်သော ဇောလည်းဖြစ်နိုင်သည် မဟုတ်လောဟု မေးဘွယ်ရှိသောကြောင့် "နစ" စသည်ကိုမိန့်။ ဤဘဝ မရဏာသန္နဇော ဟူသည် နောက်ဘဝ ပဋိသန္ဓေနှင့် တဆက်တည်းဖြစ်သောကြောင့် နောက်ဘဝ ပဋိသန္ဓေ၏ ဥပစာကဲ့သို့ ဖြစ်ကုန်၏။ "အသင် ပဋိသန္ဓေသည် ဤ အာရုံ၌ ဖြစ်ရမည်" ဟု ပဋိသန္ဓေ၏ အာရုံကို အပ်နှင့်းသကဲ့သို့လည်း ဖြစ်ကုန်၏။ ထို့ကြောင့် စုတေခါနီးဖြစ်သော မရဏာသန္နဇောတို့သည် ပဉ္စဒွရိကဇောပင်ဖြစ်စေ, မနောဒွါရိကဇောပင်ဖြစ်စေ ပဋိသန္ဓေကျိုးကို မဖြစ်စေနိုင်ကုန်။ ဘာကြောင့်နည်း "ကတတ္တာ ဥပစိတတ္တာ ဥပ္ပန္နံ ဟောတိ စက္ခုဝိညာဏံ" စသည်ဖြင့် ဥပစိတဖြစ်သော ကံသည်သာ အထပ်ထပ် အဆည်းပူးအပ်သော ကံဖြစ်၍ ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်သော ကြောင့်တည်း။ အဿ၊ ထို သတ္တဝါ၏။
ဝါ၊ သည်။
ပုဗ္ဗေဝါ၊ ရှေးရှေးဘဝ၌သော်လည်း။
ဒုက္ခ ဝေဒနိယံ၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော။
တံ ပါပကမ္မံ၊ ထို မကောင်းမှုကံသည်။
ဝါ၊ ကို။
ကတံ၊ ပြုအပ်ပြီးသည်။
ဟောတိ၊
အဿ၊ ထို သတ္တဝါသည်။
ပစ္ဆာဝါ၊ နောက်ဖြစ်သော ပစ္စုပ္ပန်ဘဝ၌သော်လည်း။
ဒုက္ခဝေဒနိယံ၊ သော။
တံ ပါပကမ္မံ၊ သည်။
ဝါ၊ ကို။
ကတံ၊ သည်။
ဟောတိ၊
အဿ၊ ထို သတ္တဝါသည်။
မရဏကာလေဝါ၊ သေခါနီး အခါ၌သော်လည်း။
မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာအယူသည်။
ဝါ၊ ကို။
သမတ္တာ၊ ပြည့်စုံလုံးလောက်ပြီးသည်။
ဝါ၊ အကျိုးပေးလောက်အောင် စွမ်းနိုင်သည်။
သမာဒိန္နာ၊ ဆောက်တည်အပ်ပြီးသည်။
တဒါဝ ။ပေ။ သိယုံ။ ။ "မရဏာသန္နဇောဝီထိ အံခိုက်၌ ကတ ဥပစိတ ကံ မဖြစ်နိုင်ပါသလော" ဟု မေးဘွယ်ရှိသာကြောင့် "တဒါ။ပေ။ သိယုံ" ဟု မိန့်သည်။ ထို မရဏာသန္နဝိထိ၌ ဖြစ်သော ဇောတို့သည်ထို ပဋိသန္ဓေနှင့် တဝိထိကဲ့သို့ (တဆက်တည်း) ဖြစ်နေရကား အဘယ်မှာ ထိုဇောတို့သည် (ကတတ္တာ ဥပစိတတ္တာနှင့် ညီအောင်ကတကံ ဥပစိကတံများ ဖြစ်နိုင်ကုန်အံ့နည်း။ "တဝီထိမျှသာ ဖြစ်သောကြောင့် ကတကံ ဥပစိတကံများ မဖြစ်နိုင်ပါ" ဟူလို ။ ["ကတ" ဟူရာ၌ ဥပစိတနှင့်တွဲနေသောကြေင့် အထပ်ထပ်ပြုအပ်ပြီးဖြစ်မှ "ကတ" အမည်ရနိုင်သည်။ ဥပစိတဟူသည်ကား အထပ်ထပ်ဆည်းပူးအပ်သော ကံတည်း။]
န ဝ အဿာဒိတာနိ တဒါ။ ။ လောကိကဲ့သို့ အကျိုးပေးရာ၌ ထင်လာသော အာရုံကို တဏှာဖြင့် သာယာမှ အကျိုးပေးနိုင်သည်။ "နိမိတ္တဿာဒဂဓိတံဝါ ဘိက္ခဝေ ဝိညာဏံတိဋ္ဌာနံ တိဋ္ဌတိ" စသည်ကို ထောက်ပါ။ ပဉ္စဒွါရဝီထိ အခိုက်အတန့်၌ ထိုကဲ့သို့ သာယာနိုင်မည်လည်း မဟုတ်။
န ဝ လောကိယာနိ။ ။ လောကုတ္တရာဇောတို့သည် မဂ္ဂဝီထိနှင့် တူမျှသော ဝီထိမှာပင်ဖိုလ်ဇောအကျိုးကို ပေးသကဲ့သို့, လောကီဇောတို့သည် ထိုသို့ တူသော ဝီထိ၌ အကျိုးပေးနိုင်သော ဇောများလည်း မဟုတ်ကြ။
[သမတ္တထိ ပုရိပုဏ္ဏာ။ ပရိယတ္တာဝါ ။အနု။] ဟောတိ၊ တေန၊ ထို့ကြောင့်။ သော၊ ထို သတ္တဝါသည်။ ကာယဿ၊ ၏။ ဘေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ ၌။ အပါယံ၊ သော။ ဒုဂ္ဂတိံ၊ သော။ ဝိနိပါတံ၊ သော။ နိရယံ၊ ၌။ ဥပပဇ္ဇတိ၊ ၏။စ၊ သာဓကကား။
သဗ္ဗမ္ပိ ဟေတံ ။ပေ။ ပဋိက္ခိတ္တာနီတိ၊ ဟူ၍။
ဝက္ခတိ၊ တ္တံ့။
[ဟိ၊ မှန်။
သဗ္ဗမ္ပိ၊ သော။
ကုသလာကုသလဓမ္မပဋိဝိဇာနနာဒိစဝနပရိယောသောနံ၊ ကုသလဓမ္မအကုသလဓမ္မကို သိခြင်းအစရှိသည်ဖြစ်၍ စုတိအဆုံးရှိသော။
ဧတံ ကိစ္စံ၊ သည်။
မနောဒွါရိကစိတ္တေနေဝ၊ မနောဒွါရိကဇောစိတ်ဖြစ်သော။
ဟောတိ၊
ပဉ္စဒွါရိကေန၊ ဖြင့်။
န ဟောတိ၊
ဣတိ၊ သို့။
သဗ္ဗဿပိ၊ အလုံးစုံလည်း ဖြစ်သော။
ဧတဿ ကိစ္စဿ၊ ကုသလဓမ္မ အကုသလဓမ္မကို သိခြင်းအစ စုတိ အဆုံးရှိသော ဤကိစ္စကို။
ကရဏေ၊ ပြုခြင်း၌။
သဟဇဝနကာနိ၊ ဇောနှင့်တကွဖြစ်ကုန်သော။
ဝီထိစိတ္တာနိ၊ ပဉ္စဒွါရိကဝီထိစိတ်တို့ကို။
ပဋိက္ခိတ္တာနိ၊ ပယ်မြစ်အပ်ကုန်ပြီ။]
ပုဗ္ဗေဝါဿ ။ပေ ။ ဥပပဇ္ဇတိ။ ။ ဤသုတ်သည် ဥပရိပဏ္ဏာသ, မဟာကမ္မဝိဘင်္ဂ သုတ်တည်း။ ထိုသုတ်၌ သေခါနီးကာလဝယ် အပြည့်အစုံ ကောင်းစွာယူအပ်ပြီးသော မိစ္ဆာဒိဋ္ဌိ, သို့မဟုတ် သမ္မာဒိဋ္ဌိနှင့် တကွဖြစ်သော စေတနာက ပဋိသန္ဓေအကျိုးပေးပုံကို ဟောတော်မူထား၏။ ဒုဗ္ဗလဖြစ်ကား ပဉ္စဒွါရိကဇောတို့သည် မိစ္ဆာဒိဋ္ဌိကို ဖြစ်စေ, သမ္မာဒိဋ္ဌိကို ဖြစ်စေ အပြည့်အစုံ မယူနိုင်ကြ။ [ပုဗ္ဗေတိ အတီတဘဝေ။ ပစ္ဆာတိ ပစ္စုပ္ပန္န ဘဝေ။ မရဏကာလေတိ မရဏာသန္န ဇဝနကာလ ။ မဓု။]
ဝက္ခတိ စ။ ။ ပဉ္စဒွါရိကဇောတို့၏ မိစ္ဆာဒိဋ္ဌိကို ဖြစ်စေ, သမ္မာဒိဋ္ဌိကို ဖြစ်စေပြည့်ပြည့်စုံစုံ မဆောက်တည်နိုင်ပုံကို သာဓကပြလို၍ "ဝက္ခတိစ" စသည်ကို မိန့်။ ဤပါိသည် ဤဉာဏဝိဘင်္ဂ ဧကနိဒ္ဒေသကို ထောက်ပြသော သာဓကတည်း။ ထို အဋ္ဌကထာ၌ "န ကိဉ္စိ ဓမ္မံ ပဋိဝိဇာနာတီတိ မနောပုဗ္ဗင်္ဂမာ ဓမ္မာတိ ဧဝံ ဝုတ္တံ ဧကမ္ပိ ကုသလံ ဝါ အကုသလံ ဝါ န ပဋိဝိဇာနာတိ" ကို အစပြု၍ "န ဘဝတော ဝစတိ" တိုင်အောင် ပြထား၏။ ထိုသို့ပြပြီးလျှင် "သဗ္ဗမ္ပိ ။ပေ။ ကိစ္စံ မနောဒွါရိကစိတ္တေနေဝ ဟောတိ။ န ပဉ္စ ဒွါရိကေန" စသည်ဖြင့် ပဉ္စဒွါရိကဇောဝီထိ၏ ထို အလုံးစုံသော ကိစ္စကို ပြခြင်း၌ မစွမ်းနိုင်ပုံကို ဆိုထားသည်။
ပန၊ ဆက်။
တဒါရမ္မဏာနန္တရံ၊ (ပဉ္စဒွါရ မရဏာသန္နဝီထိဝယ်) တဒါရုံ၏ အခြားမဲ့၌။
ဝစနံ၊ စုတိသည်၎င်း။
တဒနန္တရာ၊ ထိုစုတိ၏ အခြားမဲ့ဖြစ်သော။
ဥပပတ္တိစ၊ ပဋိသန္ဓေသည်၎င်း။
မနောဒွါရိကာဧဝ၊ မနောဒွါရ၌ ဖြစ်သည်သာလျှင်။
ဟောတိ၊ ၏။
[ဧဝဖြင့် ပဉ္စဒွါရိကကို ကန့်။]
သဟဇဝနက ဝီထိစိတ္တေ၊ ဇောနှင့်တကွဖြစ်သော ဝီထိစိတ်၌။
န ပရိယာပန္နာ၊ အကျုံးမဝင်။
ဣတိ ဣမိနာ အဓိပ္ပါယေန၊ ဤအလိုဖြင့်။
ဣဓ၊ ဤပဋိသန္ဓေ၏ အာရုံကိုပြရာ၌။
ပဉ္စဒွါရိက တဒါရမ္မဏာနန္တရံ၊ ပဉ္စဒွါရ၌ဖြစ်သော တဒါရုံ၏ အခြားမဲ့၌။
စုတိ၊ စုတိကို၎င်း။
တဒနန္တရံ၊ ထိုစုတိ၏ အခြားမဲ့၌။
ပဋိသန္ဓိစ၊ ပဋိသန္ဓေကို၎င်း။
ဝုတ္တာ၊ အဋ္ဌကထာ၌ဆိုအပ်ပြီ။
ဣတိ၊ ဤသို့။
ဒဋ္ဌဗ္ဗံ၊ ၏။
[ဣမိနာ အဓိပ္ပါယေနဖြင့် "မနောဒွါရိကဇဝန" အရ မနောဒွါရကိ အစင်မဟုတ်, ဒွါရဝိမုတ်သာဟု ပြသည်။]
ယေသံ ပဋိဝိနဘာဝနပ္ပဝတ္တိယာ။ ။ ရှေး၌ ဆိုအပ်ပြီးသော ဉာဏဝိဘင်္ဂ အဋ္ဌကထာစကားကို အကျယ်ဖွင့်ပြလို၍ "ယေသံ" စသည်ကိုမိန့်။ ယေသန္တိ ကုသလာ ကုသလာနံ၊ ပဋိဝိဘာဝနပ္ပဝတ္တိယာတိ ပဋိဇာနန သင်္ခါတာယ ဟေတုဘူတာယ၊ သုခံ ဝါ ဒုက္ခံ ဝါ အနွေတီတိ ပဒေန ယတော ပစ္စုပ္ပန္နံ ပဋိသန္တိံ နိဒဿေတိ၊ သာ ပဝတ္တီတိ ပဋိဝိဇာနနပဝတ္တိ။ မဓု။ တာဒိသမေဝါတိ ကုသလာကုသလဓမ္မ ပဋိဝိဇာနန သဒိသ မေဝ။ အနု။ "ပဉ္စဒွါရ၌ ကုသလာကုသလ ပဋိဝိဇာနနကို ပယ်သကဲ့သို့ ကုသလာကုသလ ကမ္မသမာဒါနကိုလည်း ပဘ်အပ်သည်သာ" ဟူလို။
တဒါရမ္မဏာနန္တရံ ပန။ ။ ယဒိ ပဉ္စဒွါရေ ယထာဝုတ်တကိစ္စဿ ကရဏေ သဟ ဇဝန ကာနိ ဝီထိစိတ္တာနိ ပဋိက္ခိတ္တာနိ၊ ကထံ တတ္ထ (ထို ပဉ္စဒွါရ၌) ဝစနုပပဇ္ဇနာနိ (စုတေခြင်း ပဋိသန္ဓေနေခြင်း တို့သည်) သမ္ဘဝတိ (ဖြစ်နိုင်ကုန်တော့အံ့နည်း) ဣတိ စောဒနံ သန္ဓာယာဟ တဒါရမ္မဏာနန္တရံ ပနာတိ အာဒိ။ "တဒါရုံ၏ အခြားမဲ့၌ ဝုတိ, စုတိ၏ အခြားမဲ့၌ ပဋိသန္ဓသည် ပဉ္စဒွါရ၌ မဖြစ်၊ မနောဒွါရ၌သာ ဖြစ်သည်" ဟူလို။
ပန၊ ဝါဒန္တရကား။
ကေစိ၊ အချို့ဆရာတို့သည်။
(ဓမ္မသီရိထေရ်တို့သည်)။
တံ ဝီထိံ၊ ထိုဝီထိကို။
မဟဂ္ဂတာဝသာနံ၊ မဟဂ္ဂုတ်ဇော အဆုံးရှိ၏ဟူ၍။
ဝဒန္တိ၊
တတ္ထ အဝသေသ ပဉ္စဝိတ္တက္ခဏာယုကေ ။ပေ။ ဝုတ္တံ။ ။ မရဏာသန္န မနောဒွါရ ဝီထိ၌ ရူပါရုံစသည် ထင်လာရာဝယ် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်းမှ ဝ၍ ရေတွက်လျှင် စုတိတိုင်အောင် ၁၁ ချက် လွန်ခဲ့ပြီးဖြစ်သောကြောင့် "အဝသေသပဉ္စစိတ္တက္ခဏာယုဂေ ရူပါဒိမှိ ဥပ္ပန္နံ ပဋိသန္ဓိံ သန္ဓာယ" ဟု ဆိုသည်။ ထိုဝီထိ၌ ပဋိသန္ဓေစိတ်သည်၎င်း, ဘဝင်စိတ်သည်၎င်း ပစ္စုပ္ပန် ရူပါရုံ စသည်ကို အာရုံပြုသည်။
အဝသေသေက ဝိတ္တက္ခဏာယုကေ။ ။ ဤ၌လည်း ရူပါဒိမှိ လိုက်ပါ၊ မရဏာသန္နပဉ္စဒွါရဝီထိဖြစ်သောကြောင့် ဘဝင်္ဂစလနမှ စ၍ ရေတွက်လျှင် ၁၅ ကြိမ်ရှိပြီ၊ ပဋိသန္ဓေစိတ်သည် စိတ္တက္ခဏတစ်ချက်ခန့် အသက်ကြွင်းသေးသော ပစ္စုပ္ပန်ရူပါရုံစသည်ကို အာရုံပြု၍ ပဋိသန္ဓေ နောင် ဘဝင်စိတ်က အတိတ်ရူပါရုံ စသည်ကို အာရုံ ပြသည်။
မဟဂ္ဂတာဝသာနံ။ ။ ယထာ ပစ္စယံ မဟဂ္ဂတသမာပတ္တိံ သမာပဇ္ဇိတွာ ဝုဋ္ဌိတဿ သာ ဝီထိ ဥပ္ပဇ္ဇတိ- အကြောင်းအားလျော်စွာ မဟဂ္ဂုတ်သမာပတ်ကို ဝင်စားပြီး၍ ထို သမာပတ်မှ ထသော ပုဂ္ဂိုလ်၏ သန္တာန်၌ထို မရဏာသန္နဝီထိဖြစ်၏။ ကတော စုတိစိတ္တံ ဟောတီဝိ ဝဒန္တိ- ထိုဝီထိနောက် စုတိစိတ်ဖြစ်၏။ ထို့ကြောင့် ထိုဝီထိကို မဟဂ္ဂုတ် ဇော အဆုံးရှိသော ဝီထိဟူ၍ ဆိုကြသည်။
**နနု ။ပေ။ အဝရုဒ္ဓါ**။ ။ "ပထဝီကသိဏဇ္ဈာနာဒိဝသေန ပဋိလဒ္ဓမဟဂ္ဂတဿ သုဂတိယံ" ဟူသော စကားရပ်၌ ပထဝီကသိဏာဒိဝယ် အာဒိဖြင့် အာရုပ္ပဇ္ဈာတို့၏ အာရုံကိုလည်း ယူ၍ "ပဋိလဒ္ဓမဟဂ္ဂတဿ သုဂတိယံ" ၌ အရူပမဟဂ္ဂုတ် သုဂတိကို ပါယူလျှင် အရူပစုတိ၏ အခြားမဲ့ဖြစ်သော ပဋိသန္ဓေလည်း ပါဝင်သည် မဟုတ်ပါလော" ဟု စောဒနာသည်။ [အဝရုဒ္ဓါ၌ "ရုဓ၊ အာဝရဏေ" ဟု ဓာတ်ကျမ်း ရှိ၏။ "အဝ၊ အတွင်းသို့ သွင်း၍ ၊ ရုဒ္ဓါ၊ ပိတ်ဆို့အပ်" ဟု ဆိုလျှင် "အတွင်း၌ ပါဝင်စေအပ်" ဟု အဓိပ္ပါယ်ရ၏။] တေန၊ ထို့ကြောင့်။
တတော၊ ထို စတုတ္ထာရုပ္ပစုတိမှ။
(အနန္တရံ၊ ၌)။
တတ္ထေဝ၊ ထို စတုတ္ထာရုပ္ပဘုံ၌ပင်။
အတီတာရမ္မဏာ၊ အတိတ်အာရုံရှိသော။
(ပဋိသန္ဓိစ၊ ပဋိသန္ဓေကို၎င်း)။
တတော၊ ထို စတုတ္ထာရုပ္ပစုတိမှ။
(အနန္တရံ၊ ၌)။
ကာမာဝစရေ၊ ကာမဘုံ၌။
အတီဝပစ္စုပ္ပန္နာရမ္မဏာ၊ အတိတ်အာရုံ, ပစ္စုပ္ပန်အာရုံရှိသော။
ပဋိသန္ဓိ စ၊ ကို၎င်း။
(ယောဇေတဗ္ဗာ)၊
အထာပိ ။ပေ။ နတ္ထိ။ ။ "ပထဝီကသိဏာဒိကံ ဝါ နိမိတ္တံ" စသော ဝါကျ၌ အရူပစုတိ၏ အခြားမဲ့ ပဋိသန္ဓေကိုပါ ယူ၍ "စက္ခုသောတာနံ ဝါ" စသော ဝါကျ၌ ရူပါဝစရ စုတိ၏ အခြားမဲ့ ပဋိသန္ဓေကိုသာ ဆိုအပ်သည်ဟု ယူလျှင် ယထာသမ္ဘဝယောဇနာနည်းအားဖြင့် ဤအရူပပဋိသန္ဓေလည်း ပါဝင်ပြီဟု မဆိုနိုင်ပါသလောဟု ထပ်၍ စောဒနာ ဘွယ်ရှိသောကြောင့် "အထာပိ" စသည်ကို မိန့်သည်။ ["ယထာသမ္ဘဝ၊ ဖြစ်သင့်သည် အားလျော်စွာ (အနက်ကို) ။ယောဇနာ၊ ယှဉ်စေခြင်းကို ယထာသမ္ဘဝယောဇနာ" ဟု ခေါ်၏။ ယော ယတ္ထ သမ္ဘဝတိ, တဿ ယောဇနာ ယထာသမ္ဘဝယောဇနာ၊ အကြင်ဝါကျ၌ အကြင် အနက်သည် ဖြစ်သင့်၏။ ထိုဝါကျ၌ ထိုအနက်ကို ယှဉ်စေခြင်းသည် "ယထာသမ္ဘဝယောဇနာ" မည်၏။ အနု။ အခြားနေရာ၌ ယထာလာဘယောဇနာ ဟု သုံးစွဲခြင်းနှင့် သဘောတူပင်တည်း။]
တေန တတော ။ပေ။ ပဋိသန္ဓိ။ ။ တေနာဟိ တသ္မာ ("ဝိသုံ ဥဒ္ဓရဏံ ကတံ" ၌ စပ်)။ တတောတိ စတုတ္ထာရုပ္ပစုတိတော။ တတ္ထေဝါတိ စတုတ္ထာရုပ္ပေ ဧဝ။ အတီဝါ ရမ္မဏာ ပဋိသန္ဓိ။ တတော စတုတ္ထာရုပ္ပစုတိတော ကာမာဝစရေ အတီတ ပစ္စုပ္ပန္နာရမ္မဏာ ပဋိသန္ဓိ ယောဇေတဗ္ဗာ။ အနု။
စ၊ ဆက်။ ဣတရာဟိ၊ စတုတ္ထာရုပ္၌စုတိမှတပါးသော ပဌမ ဒုတိယ တတိယာ ရုပ္ပစုတိတို့မှ။ (အနန္တရံ၊ ၌)။ ယထာသမ္ဘဝံ၊ ဖြစ်သင့်သည်အား လျော်စွာ။ အတီတနဝတ္တဗ္ဗာရမ္မဏာ၊ အတိတ်အာရုံ, ပညတ်အာရုံရှိသော။ အာရုပ္ပပဋိသန္ဓိ၊ အာရုပ္ပပဋိသန္ဓေကို။ (ယောဇေတဗ္ဗာ)၊ ဣတရာဟိ၊ ပဌမ ဒုတိယ တတိယာ ရုပ္ပစုတိတို့မှ။ (အနန္တရံ၊ ၌)။ အတီတ ပစ္စုပ္ပန္နာရမ္မဏာ၊ အတိတ်အာရုံ, ပစ္စုပ္ပန် အာရုံရှိသော။ ကာမာဝစရ ပဋိသန္ဓိ စ၊ ကာမာဝစရပဋိသန္ဓေကိုလည်း။ ယောဇေတဗ္ဗာ၊ ၏။ ဣတိ ဣမဿ ဝိသေသဿ၊ ဤအနက်အထူးကို။ ဒဿနတ္ထံ၊ ပြခြင်း အကျိုးငှာ။ ဝိသုံ၊ သီးခြား။ (ပထဝီကသိဏာဒိကံဝါစသော ဝါကျတို့မှ သီးခြား)။ ဥဒ္ဓရဏံ၊ ထုတ်ဆောင်ခြင်းကို။ (ဧတေနာနုသာရေန စသော စကားကို ထုတ်ဆောင်ခြင်းကို)။ ကတံ၊ ပြုအပ်ပြီ။[အဋ္ဌကထာ၌ ပြအပ်ပြီးသော စုတိ ပဋိသန္ဓေတို့ကို၎င်း, ပြအပ်ပြီး မဟုတ်သော စုတိ ပဋိသန္ဓေတို့၏ အနုသန္ဓေကို၎င်း ပြလို၍ "ဧဝံ အာရမ္မဏဝသေန" စသည်ကို မိန့်။]
ဧဝံ၊ ဤဆိုအပ်ပြီးသော နည်းဖြင့်။
အာရမ္မဏဝသေန၊ အာရုံ၏ အစွမ်းဖြင့်။
ဝါ၊ စပ်သဖြင့်။
(ဧကဝိဓာယ, ဒုဝိဓာ တို့၌ စပ်)။
ဧကဝိဓာယ၊ တပါးသာ အဘို့ရှိသော။
ကာမာဝစရသုဂတိစုတိယာ၊ ကာမာဝစရ သုဂတိ စုတိ၏။
(အနန္တရံ၊ ၌)။
ဒုဝိဓာ၊ ၂ ပါးအပြားရှိသော။
ဒုဂ္ဂတိပဋိသန္ဓိ၊ ဒုဂ္ဂတိပဋိသန္ဓေကို၎င်း။
(ဒဿိတာ၌ စပ်)။
(ဧကဝိဓာယ၊ သော)။
ဒုဂ္ဂတိစုတိယာ၊ ဒုဂ္ဂတိ စုတိ၏။
(အနန္တရံ၊ ၌)။
ဒုဝိဓာ၊ သော။
သုဂတိ ပဋိသန္ဓိ၊ ကို၎င်း။
ဣတရာဟိ စ ယထာသမ္ဘဝံ။ ။ စတုတ္ထတာရုပ္ပစုတိမှ တပါးသော အာရုပ္ပစုတိ ၃ ပါးကို "ဣတရာဟိ" ဟုဆိုသည်။ [မဓုဋီကာ၌ "ဣတရေဟိ" ဟု ပါဌ်တွေ့ရ၏။ ဣတရေဟီတိ ပဌမာဒီဟိ တီဟိ အာရုပေဟိ။] ဒုတိယ အာရုပ္ပပဋိသန္ဓေသည် အတိတ်ဖြစ်သော အာကာသာနဉ္ဇာယတနဈာန်ကို အာရုံပြု၍ ပဌမ တတိယ အာရုပ္ပပဋိသန္ဓေတို့က ကောင်းကင်ပညတ် အာရုံ, နတ္ထိ ဘောပညတ်ကို အာရုံပြုသောကြောင့် "ယထာ သမ္ဘဝံ အတီဝ န ဝတ္တဗ္ဗာရမ္မဏာ" ဟု ဆိုသည်။ ကာမာဝစရပဋိသန္ဓေကား အတိတ် ဖြစ်သော အာရုံကိုလည်း အာရုံပြုနိုင်, ပစ္စုပ္ပန်ကိုလည်း အာရုံပြုနိုင်သောကြောင့် "အတီတ ။ပေ။ ကာမာဝစရပဋိသန္ဓိ" ဟု ဆိုသည်။ ယောဇေတဗ္ဗာပုဒ်ကို ရှေ့ဝါကျများ၌လည်း လိုက်စေ၍ စပ်ခဲ့ရသည်။
ဧဝံ ။ပေ။ ဒုဂ္ဂတိပဋိသန္ဓိ။ ။ အတိတ်အာရုံ တပါးတည်းဖြစ်သောကြောင့် "အာရမ္မဏဝသေန ဧကဝိဓာယ" ဟု ဆိုသည်။ ထို ဧကဝိဓစုတိ၏ နောက်၌ဖြစ်သော ပဋိသန္ဓေက အတီတာရမ္မဏာ, ပစ္စုပ္ပန္နာရမ္မဏဟု ၂ မျိုးရှိသောကြောင့် "ဒုဝိဓာ ဒုဂ္ဂတိ ပဋိသန္ဓိ" ဟုဆိုသည်။ သေယျထိဒံ "ကာမာဝစရသုဂတိယံ တာဝ" ဟု အဋ္ဌကထာ၌ ပြအပ်သော ဝါရမှ စ၍ "သေ တာဝ ။ပေ။ ဒုဂ္ဂတိပဋိသန္ဓိယာ ပဝတ္တနာကာရာ" တိုင်အောင် ဝါရကို ရည်ရွယ်သော အဖွင့်တည်း။
["ဒုဂ္ဂဟိတံ ဌိတဿပန" မှ စ၍ "အတီတပစ္ဏုပ္ပန္နာရမ္မဏာယ သုဂတိ ပဋိသန္ဓိယာ ပဝတ္တနာကာရော" ဟူသော ဝါကျ၌ ပြအပ်သော အတိတ်အာရုံ, ပစ္စုပ္ပန်အာရုံ ၂ မျိုးရှိသော ပဋိသန္ဓေကို ရည်ရွယ်၍ "ဒုဝိဓာ သုဂတိပဋိသန္ဓိ" ဟု ဖွင့်သည်။] ကာမာဝစရ သုဂတိ စုတိယာ၊ ၏။ (အနန္တရံ၊ ၌)။ ဒွိဧကဒွိပ္ပကာရာနံ၊ ၂ ပါးအပြားရှိကုန် တပါးအပြားရှိကုန်, တဖန် ၂ ပါးအပြားရှိကုန်သော။ ကာမရူပါရုပ္ပါနံ၊ ကာမပဋိသန္ဓေ, ရူပပဋိသန္ဓေ, အာရုပ္ပပဋိသန္ဓေတို့၏။ ဝသေန၊ အပြားအားဖြင့်။ ပဉ္စ ဝိဓာ၊ ၅ ပါးအပြားရှိသော။ သုဂတိပဋိသန္ဓိ၊ ကို၎င်း။ ရူပါဝစရ စုတိယာ၊ ၏။ (အနန္တရံ၊ ၌)။ တထေဝ၊ ထို့အတူသာလျှင်။ ပဉ္စဝိဓာ၊ သော။ (သုဂတိ ပဋိသန္ဓိ) စ၊ ကို၎င်း။ ဒုဝိဓာယ၊ သော။ အာရုပ္ပစုတိယာ၊ ၏။ (အနန္တရံ၊ ၌)။ ပစ္စေကံ၊ အသီးအသီး။ ဒွိန္နံ ဒွိန္နံ၊ ၂ ပါးကုန်, ၂ ပါးကုန်သော။ ကာမာရုပ္ပါနံ၊ ကာမပဋိသန္ဓေ, အာရုပ္ပပဋိသန္ဓေတို၏။ ဝသေန၊ အပြားအားဖြင့်။ အဋ္ဌဝိဓာ၊ သော။ ပဋိသန္ဓိစ၊ ကို၎င်း။ ဒဿိတာ၊ ပြအပ်ပြီ။ ပန၊ ကား။ ဧကဝိဓာယ၊ သော။ ဒုဂ္ဂတိစုတိယာ၊ ၏။ (အနန္တရံ၊ ၌)။ ဒုဝိဓာ၊ သော။ ဒုဂ္ဂတိပဋိသန္ဓိ၊ ကို။ န ဒဿိတာ၊ မပြအပ်သေး။ တံ၊ ထို ဒုဂ္ဂတိစုတိ၏ အခြားမဲ့ဖြစ်သော ဒုဂ္ဂတိပဋိသန္ဓေကို။ ဒဿေတုံ၊ ငှာ။ ဒုဂ္ဂတိယံ ဌိတဿ ပနာတိ အာဒိံ၊ အစရှိသော စကားကို။ (သင်္ဂဟကာရော) အာဟ၊ဒွိဧကဒွိပ္ပကာရာနံ။ ။ ဤပုဒ်ကိုကာမရူပါရုပ္ပါနံ ၌ စပ်၍ ကာမဋိသန္ဓေအတွက် ၂ ပါးကို၎င်း, ရူပပဋိသန္ဓေအတွက် တပါးကို၎င်း, အရူပပဋိသန္ဓေအတွက် အတိတ်ကို အာရုံပြုသော ပဋိသန္ဓေ, ပညတ်ကို အာရုံပြုသော ပဋိသန္ဓေအားဖြင့် ၂ ပါးကို၎င်း ပြ၍ အားလုံးပေါင်းချုပ် ပဋိသန္ဓေ ၅ ပါးရှိသောကြောင့် "ပဉ္စဝိဓာ သုဂတိပဋိသန္ဓိ" ဟု ဆိုသည်။ "သုဂတိယံ ဌိတဿ ပန" မှ စ၍ "ဧတေနာနုသာရေန အာရုပ္ပစုတိယာပိ" ဝါကျတိုင်အောင် စကားရပ်ကို ရည်ရွယ်သည်။
ဒုဝိဓာယ အာရုပ္ပစုတိယာ။ ။ ပဌမာ ရုပ္ပဝိညာဉ်, တတိယာရုပ္ပဝိညာဏ် ဟူသော အတိတ်ကို အာရုံပြုသော စုတိ, ကောင်းကင်ပညတ် နတ္ထိ ဘောပညတ်ကို အာရုံပြုသော စုတိအားဖြင့် အာရုပ္ပစုတိ ၂ မျိုးရှိသောကြောင့် "ဒုဝိဓာယ အာရုပ္ပစုတိယာ" ဟု ဆို၍ ထို ၂ မျိုးတွင် ကာမဘုံ၌ ဖြစ်မည့် ပဋိသန္ဓေ, အရူပဘုံ၌ ထပ်၍ ဖြစ်မည့် ပဋိသန္ဓေ အားဖြင့် ၂ မျိုးစီ ရှိပြန်သောကြောင့် "အဋ္ဌဝိဓာ စ ပဋိသန္ဓိ" ဟု ဆိုသည်။
ဒုဂ္ဂတိစုတိယာ ပေ။ န ဒဿိတာ။ ။ ရှေ့၌ ဒုဂ္ဂတိယံ ပန" ဟု ပြခဲ့သော်လည်းအဋ္ဌကထာဝယ် ဒုဂ္ဂတိဘုံမှဘေ၍ သုဂတိဘုံ၌ဖြစ်သော ပဋိသန္ဓကိုသာ ပြခဲ့၏။ ဒုဂ္ဂတိ ဘုံး၌ဖြစ်မည့် ပဋိသေန္ဓကို မပြခဲ့ရသေး။ထိုထိုပြခြင်းငှာ အဋ္ဌကထာ၌ "ဒုဂ္ဂတိယံ ပန" ဟု ဆိုရကြေငးကို အနုသန္ဓေပြသည်။ ဒုဂ္ဂတိဝုတိသည် အဟိတ်သန္တီရဏ တပါးသရှိ၏။ ထို ဒုဂ္ဂတိစုတိနောင် ဒုဂ္ဂတိအာရံကို၎င်း, ပစ္စုပ္ပန်အာရံကို၎င်း အာရုံပြုနိုင်သောကြောင့် "ဒုဂ္ဂတိပဋိသန္ဓိ ဒုဝိဓာ" ဟု ဆိုသည်။
ဟိ၊ မှန်။
အနေကဂါဝုတပ္ပမာဏေ၊ များစွာသော ဂါဝုတ် အတိုင်းအရှည်ရှိသော။
ဗြဟ္မတ္တဘာဝေပိ၊ ဗြဟ္မာ၏ အတ္တဘော၌လည်း။
အနေကေ၊ များစွာကုန်သော။
ကလာပါ၊ ရုပ်ကလာပ်တို့သည်။
သဟ၊ တကွ။
ဥပ္ပဇ္ဇန္တိ၊
ဣတိ၊ ကြောင့်။
တိံ သတော၊ ရုပ်၃၀ ထက်။
[တယော ဝါဒသက အရ ပြအပ်သော ရုပ် ၃၀ ထက်။]
အဓိကာနေဝ၊ ပိုလွန်သည်သာလျှင် ဖြစ်ကုန်သော။
ရူပါနိ၊ ရုပ်တို့သည်။
ဟောန္တိ၊
(ကသ္မာ၊ ကြောင့်။
ဝိညာယတိ၊ နည်း)။
ဒွိ ဒွိ ပဉ္စပ္ပကာရာ စ။ ။ ဤ ဂါထာသည် ဆိုအပ်ပြီးသော ပဋိသန္ဓေများကို အကျဉ်းချုပ်ပြသော ဂါထာတည်း။ ထို့ကြောင့် "ဒုဝိဓာ ဒုဂ္ဂတိပဋိသန္ဓိ" စသည်ဖြင့် ပြအပ်ပြီးသော ပဋိသန္ဓေမျာကိုပင် "ဒွိ+ဒွိ+ပဉ္စ+ ပဉ္စ+ အဋ္ဌ+ ဒုဝိဓာ" ဟု ဆို၍ ထိုအားလုံးကို "စတုဝီသတိ သဗ္ဗာပိ" ဟု ဆိုသည်။
ဝုတ္တဉှေတံ။ ။ အဋ္ဌကထာ၌ ကမ္မပဏ္စည်း ဥပနိဿယပစ္စည်းအားဖြင့် ပစ္စည်း ၂ မျိုးပြထားပါလျက် အဘယ့်ကြောင့် ကမ္မပစ္စည်းထက် သာဓက မပြဘဲ ဥပနိဿယ ပစ္စည်းအတွက်သာ သာဓက ပြရပါသနည်း" ဟု မေးဘွယ်ရှိသောကြောင့် "ကာမာဝစရ ကမ္မဿ ။ပေ။ ဒဿိတပ္ပကာရော " ဟုမိန့်သည်။ ကမ္မပစ္စည်းအတွက် "ယထာဟ ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပဝိတတ္တာ" စသည်ဖြင့် ဝိညာဏပဒ နိဒ္ဒေသ၏ အစနား၌ ပြအပ်ခဲ့သော သာဓကအတိုင်းပင် ဖြစ်သောကြောင့် အထူးအပြတော့ဘဲ ဥပနိဿယ ပစ္စည်းအတွက်သာ သာဓကပြသည် ဟူလို။
ဂန္ဓရာသာဟာရာနံ၊ ဂန္ဓ ရသ အာဟာရတို့၏။ ဝါ၊ တို့ကို။ ပဋိက္ခိတ္တတ္တာ၊ ရူပဘုံ၌ ပယ်အပ်ကုန်သည်၏ အဖြစ်ကြောင့်။ ဝါ၊ အတွက်။ (ဘာဝေပိ ၌စပ်)။ စက္ခုသောတဝတ်ထုသတ္တကဇိဝိဆက္ကဘာဝေ၊ စက္ခုသတ္တက၏ အဖြစ်, သောတသတ္တက၏အဖြစ်, ဝတ္ထုသတ္တက၏ အဖြစ်, ဇီဝိတဆက္က ၏အဖြစ်သည်။ (သတိ) ပိ၊ ဖြစ်ပါသော်လည်း။ တေသံ၊ ထို စက္ခုသတ္တက အစရှိသော ရုပ်တို့၏။ ဗဟုတ္တာ၊ များကုန်သည်၏ အဖြစ်ကြောင့်။ (ဝိညာယတိ)၊ပန၊ ဆက်။
အဋ္ဌကထာယံ၊ အဋ္ဌကထာ၌။
တတ္ထာပိ၊ ထို ဗြဟ္မာ့အတ္တဘော၌လည်း။
စက္ခုသောတ ဝတ္ထုဒသကာနံ၊ စက္ခုဒသက, သော တဒသက, ဝတ္ထု ဒသကတို့၏၎င်း။
ဇီဝိတနဝကဿ စ၊ ဇီဝိတနဝက၏၎င်း။
ဥပ္ပတ္တိ၊ ဖြစ်ခြင်းကို။
ဝုတ္တာ၊ ဆိုအပ်ပြီ။
ပန၊ ထိုသို့ပင် ဆိုအပ်ပါသော်လည်း။
ပါဠိယံ၊ ဓမ္မဟဒယဝိဘင်း ပါဠိတော်၌။
ရူပဓာတုယာ၊ ရူပဓာတ်၏။
ဥပပတ္တိက္ခဏေ၊ ပဋိသန္ဓေခဏ၌။
အသညသတ္တာနံ၊ အသညသတ်ဖြစ်ကုန်သော။
ဒေဝါနံ၊ ဗြဟ္မာတို့၏။
(ဥပပတ္တိက္ခဏံ၊ ပဋိသေန္ဓခဏကို)။
ဌပေတွာ၊ ထား၍။
ပဉ္စ၊ ငါးပါးကုန်သော။
အာယတနာနိ၊ အာယတနတို့သည်။
ပါတုဘဝန္တိ၊ ထင်ရှားဖြစ်ကုန်၏။
ပဉ္စဓာတုယော ပါတုဘဝန္တိ၊
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
တထာ၊ ထိုမှ တပါး။
ရူပဓာတုယာ ။ပေ။ ဓာတုယောတိ၊ ဟူ၍။
သဗ္ဗသင်္ဂဟဝသေန၊ အလုံးစုံရထိုက်သော အာယတနဓာတ်တို့ကို သိမ်းယူခြင်း၏ အစွမ်းဖြင့်။
တတ္ထ၊ ထို ရူပဓာတ်၌။
ဝိဇ္ဇမာနာယတနဓာတုယော၊ ထင်ရှားရှိသော အာယတနဓာတ်တို့ကို။
ဒဿေတုံ၊ ပြခြင်းငှာ။
ဝုတ္တံ၊ ဆိုအပ်ပြီ။
ဂန္ဓရသာဟာရာနံ ။ပေ။ ဗဟုတ္တာ။ ။ အာယတန ယမိုက် စသည်၌ ဂန္ဓရသဩဇာ (အာဟာရ) တို့ကို မဟောခြင်းကိုပင် ပယ်သည်ဟု ယူဆ၍ "ဂန္ဓရသာဟာရာနံ ပဋိက္ခိတ္တတ္တာ" ဟု မိန့်၏။ ထို ၃ မျိုး မရှိလျှင် ရူပဘုံ၌ ရုပ်ကလာပ်တို့သည် စက္ခုပဒက မဖြစ်ကြ, စက္ခုသတ္တကသာ ဖြစ်၏။ ထို့အတူ သောတသတ္တက, ဝတ္ထုသတ္တကတို့သာ ဖြစ်ကြ၏။ ဇီတိတနဝက နေရာ၌ "ဇီဝိတဆက္ကသာ ဖြစ်၏" ဟု ယူဆလေသည်။
ပါဠိယံ ပန။ ။ အဋ္ဌကထာဝယ် ထို ဗြဟ္မာ့အတ္တတော၌ စက္ခုဒသက, သောတ ဒသက, ဝတ္ထုဒသက, ဇီဝိတနဝကတို့၏ ဖြစ်ခြင်းကို ဆိုအပ်သော်လည်း နောက်၌ လာမည့် ဓမ္မဟဒဝီဘင်းပါဠိတော်ဝယ် ရူပဓာတ်၏ ပဋိသေန္ဓခဏ၌ ပဉ္စာယတနာနိ စသည်ဖြင့်၎င်း, ပဝတ္တိအခါ၌ ရူပဓာတ်ဝယ် ရထိုက်သမျှ တရားအားလံးကို သိမ်းကျုံး၍ "ဆ အာယတနာနိ နဝ ဓာတုယော" ဟု ၎င်း ဟောတော်မူသည်။ [ပဉ္စ အာယတန ဟူသည် စက္ခာယတန, သောက, မန, ရူပ ဓမ္မာယတနတို့တည်း။ ဓာတ် ၅ ပါးလည်း နည်းတူ။ ဆ အာယတနဟူသည် ထို ၅ ပါးနှင်သဒ္ဒါယတနတည်း။ နဝဓာတု ဟူသည် စက္ခု, ရူပ, စက္ခုဝိညာဏ၊ သောတ သဒ္ဒ , သောတဝိညာဏ, မနော၊ ဓမ္မ, မနော ဝိညာဏတို့တည်း။ ဤ၌ ဂန္ဓ, ရဿ, ဖောဋ္ဌဗ္ဗာယတနတို့ကိ မပါပုံကို သတိပြုပါ။]
စ၊ ဆက်။
အဖောဋ္ဌဗ္ဗာယတနာနံ၊ ဖောဋ္ဌဗ္ဗာယတနအဖြစ် မရှိကုန်သော။
ပထဝီဓာတု အာဒီနံ၊ ပထဝီဓာတ် အစရှိသည်တို့၏။
(တတ္ထ၊ ထို ရူပဗြဟ္မာ့ဘုံ၌။
ဘာဝေါ၊ ရှိခြင်းသည်။
ဝါ၊ ကို။
ဝတ္တုံ၊ ဆိုခြင်းငှာ။
သက္ကာ) ဝိယ၊ တတ်ကောင်းသကဲ့သို့။
(တထာ၊ ထို့အတူ)။
အဂန္ဓ ရသာယတနာနံ၊ ဂန္ဓာယတန, ရသာယတနအဖြစ် မရှိကုန်သော။
ဂန္ဓာရသာနံ၊ ဂန္ဓ ရသတို့၏။
တတ္ထ၊ ထို ရူပဗြဟ္မာ့ ဘုံ၌။
ဘာဝေါ၊ သည်။
ဝါ၊ ကို။
ဝတ္တုံ၊ ငှာ၎င်း။
ဖုသိတုံ၊ တွေ့ထိခြင်းငှာ၎င်း။
န သက္ကာ၊ မတတ်ကောင်း။
(ကသ္မာ၊ နည်း)။
အသက္ကုဏေယျတာဝိနိမုတ္တဿ၊ မတတ်ကောင်းသည်၏ အဖြစ်မှ လွတ်သော။
(တွေ့ထိခြင်းငှာ တတ်ကောင်းသော)။
ပထဝိ အာဒိသဘာဝဿ၊ ပထဝီ အစရှိသော သဘော၏။
(ဘာဝေါ) ဝိယ၊ ဖြစ်ခြင်းကဲ့သို့။
(တထာ၊ ထို့အတူ)။
ဂန္ဓရသဘာဝ ဝိနိမုတ္တဿ၊ ဂန္ဓ အဖြစ် , ရသအဖြစ်မှ လွတ်သော။
ဂန္ဓရသ သဘာဝဿ၊ ဂန္ဓ ရသသဘော၏။
အဘာဝါ၊ ဗြဟ္မာဘုံ၌ မရှိခြင်းကြောင့်တည်း။
**ကထာ ဝတ္ထုမှိစ **။ ။ "ဓမ္မဟဒယဝိဘင်း၌သာ ဂန္ဂစသည်ကို ပယ်အပ်ကုန်သည် မဟုတ်သေး။ ကထာဝတ္ထု၌လည်း ပယ်အပ်ကု်နသည်သာ " ဟု ပြလို၍ "ကထာဝတ္ထုမှိ စ" စသည်ကို မိန့်သည်။ "အတ္ထိ တတ္ထ ဂန္ဓာယတနံ" သည် သကဝါဒီ၏ အမေးတည်း။ ပရဝါဒီသည် ဗြဟ္မာတို့၌ နှာခေါင်းပုံသဏ္ဌာန် ရှိနေသည်ဖြစ်၍ ရှိနေသည်ဖြစ်၍ "အာမန္တာ" ဟု ဖြေသည်။ ["အဖြေမှား ဟူလို။] ထို့နောက် သကဝါဒီက "အတ္ထိ ဂန္ဓာယတနံ" ဟု မေးရာ၌ "န တေဝံ ဝတ္တဗ္ဗေ- ဒီလိုတော့ မဆိုနိုင်" ဟု ပရဝါဒီက အမှန်အတိုင်း ဖြေသည်။ ဤအဖြေရ "ရူပ ဗြဟ္မာဘုံ၌ ဂန္ဓာယတနစသည်မရှိ" ဟု ဆိုလိုသည်။
န ဝ အဖောဋ္ဌဗ္ဗာယတနာနံ ။ပေ။ ဝိယ။ ။ ဝိသဒိသူပမာတည်း။ ရူပဘုံ၌ ဖောဋ္ဌဗ္ဗာယတနအပြစ်မှ ကင်းသော ပထဝီစသော ဓာတ်ကြီး ၃ ပါး ရှိသကဲ့သိ့ "ဂန္ဓာယတန စသည်ဖြစ်မှကင်းသော ဂန္ဓာရုံ ရသာရုံတို့၏ ရှိခြင်းကို "မဆိုသင့်။ ဘာ့ကြောင့်နည်း- ဟု မေးဘွယ်ရှိသောကြောင့် "အသက္ကုဏေယျတာ ဝိနိမုတ္တသာ" စသည်ကို မိန့်သည်။
အာမန္တာတိ၊ ဟူ၍။
ဝုတ္တော၊ ဟောတော်မူအပ်ပြီ။
[ဓမ္မော၊ ဓမ္မမည်၏။
အာယတနံ၊ အာယတနမည်သလော။
ဣတိ၊ ဤကား အမေး။
အာမန္တာ၊ အိမ်း။
ဣတိ၊ ဤကား အဖြေ။]
ယဒိ စ ။ပေ။ ဝုစ္စေယျုံ။ ။ အာယတန သဒ္ဒါသည် အကြောင်းဟူသော အနက်ကို ဟော၏။ "ဗြဟ္မာ့ပြည်၌ ဂန္ဓ ရသတို့ ရှိပါလျက် (ဃာနပသာဒ စသည်တို့ မရှိသည့်အတွက်) ဃာန သမ္ဖဿ စသည်တို့၏အကြေကာင်း မဟုတ်သောကြောင့် ထို ဂန္ဓ ရသတို့ကို အာယတန အမည်ဖြင့် မဟောအပ်ကုန်" ဟု ဆိုလျှင် အဘယ်အပြစ် ရှိသနည်း ဟု မေးဘွယ်ရှိသောကြောင် "ယဒိစ " စသည်ကို မိန့်သည်။ [မဓုကျမ်းတက်၊ အနု၌ပါဌ်ပျက်သည်ဟု ထင်သည်။]
ဓာတုသဒ္ဒေါ ပန ။ပေ။ နတ္ထိ ကာရဏံ။ ။ ဂန္ဓာယတနစသည်ဖြင့် နာမည်တပ်၍ မဟောနိုင်လျှင် ရှိပါစေဦးတော့။ ဓာတုသဒ္ဒါကား နိဿတ္တ, နိဇ္ဇီဝအနက်ကို ဟော၏။ ဂန္ဓရသတို့လည် နိဿတ္တ နိဇ္ဇီဝတို့ပင် ဖြစ်သောကြောင့် "ဂန္ဓဓာတု, ရသဓာတု" ဟု မဟောနိုင်စရာ အကြောင်းမရှိ။ ဓမ္မဟဒယဝိဘင်း ပါဠိတော်၌ "ပဉ္စ ဓာတုယော" ဟု ဟောတော်မူရာဝယ် ထို ဂန္ဓဓာတု ရသဓာတုကိ မပါဝင်ပါ။ ထိုသို့ မပါဝင်သည့်အတွက် ဗြဟ္မာ့ပြည်၌ "ဂန္ဓ ရသ မရှိ" ဟု သိနိုင်ပါသည် ဟူလို။
ဓမ္မဘာဝေါစ ။ပေ။ ဝုတ္တော။ ။ အခြားနည်းအားဖြင့်လည်း မရှိပုံကို ပြလို၍ "ဓမ္မဘာဝေါ စ" စသည်မိန့်။ ဗြဟ္မာ့ပြည်၌ ဂန္ဓ ရသရှိလျှင် မိမိသဘောကို ဆောင်နိုင်သော သဘာဝဓာရဏလက္ခဏာ ရှိရမည်ဖြစ်သောကြောင့် ဂန္ဓဓမ္မ, ရသဓမ္မတို့၏ အဖြစ်ကိုကား ဧကန် အလိုရှိထိုက်၏။ ဂန္ဓဓမ္မ, ရသဓမ္မ ဖြစ်လျှင်လည်း ဓမ္မ ဟူသမျှကို ဓမ္မယတနအဖြစ်ဖြင့် ယမိုက်၍ ဟောတော်မူအပ်ပြီးဖြစ်သည်။
ပန၊ ဆက်။
ဂန္ဓ ရသဘာဝေ၊ ဂန္ဓ ရသ၏ အဖြစ်သည်၎င်း။
အာယတန ဘာဝေစ၊ အာယတန၏ အဖြစ်သည်၎င်း။
သတိ၊ ရှိလသော်။
ဂန္ဓော စ၊ ဂန္ဓလည်းဟုတ်၏။
သော၊ ထို ဂန္ဓဟူသည်။
အာယတနဉ္စ၊ အာယတနလည်း ဟုတ်၏။
(ဣတိ၊ ထို ၂ ပါးသော သတ္တိကြောင့်)။
ဂန္ဓာယတနံ၊ ဂန္ဓာယတနမည်၏။
။ပေ။ ရသာယတနံ၊ ရသာယတန မည်၏။
ဣတ ဣဒံ (အတ္ထဇာတံ)၊ သည်။
အာပန္နမေဝ၊ ရောက်တော့သည်သာ။
ဣတိ၊ ကြောင့်။
ဂန္ဓ ရသာယတနာဘာဝေါစ၊ ဂန္ဓာယတန,, ရသာယတန၏ အဖြစ်သည်လည်း။
ဝါ၊ ကိုလည်း။
နိဝါရေတုံ၊ ငှာ။
န သက္ကာ၊ မတတ်ကောင်းတော့။
တသ္မာ ။ပေ။ ဝတ္တဗ္ဗော။ ။ ထိိုသို့ ဓမ္မမှန်လျှင် ဓမ္မာယတနအဖြစ်ဖြင့် ဟောတော်မူအပ်ပြီးဖြစ်သောကြောင့် ဂန္ဓရသတို့အတွက်လည်း ဂန္ဓာယတန, ရသာယတနအဖြစ်မရှိစေကာမူ ဓမ္မာယတန အဖြစ်ကိုကား ဟောတော်မူထိုက်၏။ ထိုသို့လည်း ဟောတော်မမူအပ်၊ ထို့ကြောင့် ရူပဘုံ၌ ဂန္ဓ, ရသတို့ မရှိဟုသာ ဆုံးဖြတ်ထိုက်သည် ဟူလို။
ယဒိ စ ။ပေ။ သင်္ဂဟော။ ။ ပြအပ်ပြီးသော စကားကို အပြစ်ပြလိုသောကြောင့် "ယဒိစ" စသည်ကို မိန့်။ "န္ဓ ရသတို့သည် ရူပဘုံ၌ ဂန္ဓ ရသအဖြစ်ဖြင့် မရှိဘဲ ဓမ္မအဖြစ်ဖြင့် ရှိသည်" ဟု ယူလျှင် ထို ဂန္ဓရသတို့ကို ဓမ္မာယတန၌ သွင်းယူစရာ ရှိ၏။ ဥပမာ ဖောဋ္ဌဗ္ဗအပြစ်မှ တပါးသော ပထဝီဓာတ် စသည်ကို ဓမ္မာယတန၌ သွင်းယူရသကဲ့သို့တည်း။
ဂန္ဓ ရသဘာဝေ ပန ။ပေ။ နိဝါရေတုံ။ ။ ဓမ္မအဖြစ်ဖြင့် ရှိသည်မဟုတ်ဘဲ ဂန္ဓရသအဖြစ်ဖြင့် ရှိလျှင် (ဓမ္မာယတန၌ အာယတနအဖြစ် ရှိသကဲ့သို့) အာယတနအဖြစ်လည်းရှိရာ၏။ ထိုသို့ ဂန္ဓအဖြစ် အာယတနအဖြစ် ၂ မျိုးလုံးရှိလျှင်ကား ဂန္ဓ ရသတို့နှင့် အာယတနကို ကမ္မဓာရည်းသမာသ်တွဲ၍ "ဂန္ဓာယတန, ရသာယတန" ဟူသော ဤအမည်သည် အတ္ထာပန္နနည်းအားဖြင့် ကျရောက်ပြီးဖြစ်တော့၏။ ထိုသို့ ကျရောက်လျှင် ဗြဟ္မာ့ဘုံ၌ ဂန္ဓာယတန, ရသာယတနရှိခြင်းကိလည်း မတားမြစ်သင့်တော့။
စ၊ ဆက်။ တယော အာဟာရာတိ၊ ဟူ၍။ ဝစနတော၊ ဟောတော်မူခြင်း ကြောင့်။ ကဗဠီကာရာဟာရဿ၊ ကဗဠီကာရ အာဟာရ၏ ။ တတ္ထ၊ ထို ရူပဘုံ၌။ အဘာဝေါ၊ မရှိခြင်းကို။ ဝိညာယတိ၊ သိအပ်၏။ဟိ၊ လဒ္ဓဂုဏ်ကို ဆိုဦးအံ့။
ဧဝံ၊ ဤသို့ ရုပ်တို့ကို ရေတွက်မှုကို ပြုလသော်။
ဓမ္မတာ၊ ပါဠိတရားတော်သည်။
(တနည်း) ဓမ္မတာ၊ ရူပဘုံ၌ဖြစ်နိုင်သော ရုပ်တရားသဘောသည်။
န ဝိလောမိတာ၊ လွန်စွာဖြစ်သော ဆန့်ကျင်ခြင်းရှိသည်။
န ဟောတိ၊ မဖြစ်။
ဣတိ၊ ဤသို့ မှတ်အပ်၏။
[ဓမ္မဘာဝိ ပါဠိဓမ္မော၊ ရူပဘဝေ ဝါ ပဝတ္တနကရူပဓမ္မတာ ။အနု။]
တယော အာဟာရာ။ ။ ဤဝါကျသည် ဗြဟ္မာ့ပြည်၌ ဩဇာဟူသော အာဟာရ ရုပ်မရှိပုံကို သိစေသော စကားတည်း။ "တယော အာဟာရာ" ဟု ဟောတော်မူသော ကြောင့် ဗြဟ္မာ့ပြည်၌ ဂန္ဓ ရသ ၂ မျိုးသာမက, ကဗဠီကာရာဟာရဟူသော ဩဇာရုပ်လည်း မရှိပါ ဟူလို။
တသ္မာ, ဧဝဉှိ။ ။ တသ္မာစသော ဝါကျသည် ပြအပ်ပြီးသော အဓိပ္ပါယ်အားလုံး၏ နိဂုံတည်း။ ဧဝံ ဟိ စသော ဝါကျကား မိမိပြအပ်ပြီးသော အဓိပ္ပါယ်များ၏ လဒ္ဂဂုဏ်ကို ပြသော ဝါကျတည်း။ [တသ္မာတိ ယဿ္မာ ဂန္ဓရသာ ဓမ္မဟဒယဝိဘင်္ဂေ န ဝုတ္တာ။ ကထာ ဝတ္ထုမှိ စ တေသံ ဘာဝေါ (ရှိခြင်းကို) ပဋိက္ခိတ္တော ဖုသိတုံ အသက္ကုဏေယျာ ပထဝီအာဒယော ဝိယ (ထိခြင်းငှာ မတတ်ကောင်းကုန်သော ပထဝီစသော ရုပ်များ ရှိသကဲ့သို) ဃာယိတုံ သာယိတုံ စ အသက္ကုဏေယျာ တ (ဂန္ဓရသတို့သည်) နတ္ထိ။ ဓာတုသဒ္ဒေန စတေ ဂဟိတာ, ဓမ္မဘာဝေါ စ တေသံ ဧကန္တိကော, တသ္မိံ စ သတိ( ထိုသို့ ဓမ္မ အဖြစ်ဖြစ်လသော်) သိဒ္ဓေါအာယတန ဘာဝေါ (အာယတနအဖြစ် ပြီးတော၏) တသ္မာ,ဟု အနု၌ တ၏စွဲနက်ကို ဆိုအပ်ပြီး အားလုံးကို ပြသည်။]
အနုဋီကာ။ ။ အနုဋီကာ၌ကား ရူပဘုံ၌ စက္ခုသတ္တကစသော မူလဋီကာစကားကိုလက်မခံဘဲ အဋ္ဌကထာအတိုင်း "ဧတ္ထ စ ရူပါဝစရ သတ္တာနံ ဃာန ဇိဝှါ ယတနာ ကာဝတော ဝိဇ္ဇမာနပိ ဂန္ဓရသာ အာယတနကိစ္စံ န ကရောန္တီတိ တေ အနာမသိတွာ ပါဠိယံ "ပဉ္ဏာယတနာနိ ပါတုဘဝန္တိ, ဆအာယတနာနီတိ အာဒိ ဝုတ္တံ။ ယော အာဟာရာတိ စ အဇ္ဈောဟရိတဗ္ဗဿ အာဟာရဿ အဘာဝေန ဩဇာဋ္ဌမက ရူပ သမုဋ္ဌာပန သင်္ခါတဿ အာဟာရကိစ္စဿ အကရဏတော။ န သဗ္ဗေန သဗ္ဗံ ဂန္ဓ ရသာနံ, ဩဇာယ စ အဘာဝတော" ဟု "ဂန္ဓ ရသ ဩဇာတို့ရှိပါလျက် ဆိုင်ရာ ကိစ္ဏကို မပြုသောကြောင့် ဟောတော်မမူ" ဟု ဖွင့်သည်။
သံသေဒဇောပပါတီသု အဝကံသတော တိံ သာတိ ဧတံ၊ ဟူသော ဤစကားကို။
ဝိဝရန်ေတာ၊ ဖွင့်ပြလိုသည်။
(ဟုတွာ)၊
အဝကံသတော ပနာတိ အာဒိ၊ သော။
(ယံ ဝစနံ, အတ္ထိ၊
တံ ဝစနံ, သင်္ဂဟကာရော) အာဟ၊
ပန၊ ဆက်။
တံ ဧတံ၊ ထို အဝကံသတော ပန အစရှိသော စကားသည်။
ပါဠိယာ၊ ဓမ္မဟဒယ ဝိဘင်းပါဠိတော်နှင့် ။
န သမေတိ၊ မညီညွတ်။
ဣတိပိ ဝဒန္တိ။ ။ ဣတိပိဟု ပိ သဒ္ဒါဖြင့် ဆိုသောကြောင့် "ပဌမ နည်းတမျိုးရှိသေး၏" ဟု သိသာ၏။ ထို့ကြောင့် အနုဋီကာ၌ "ဧဠကဿ ဇာတကာလေ+ ဥဏ္ဏာ ဇာတိ ဥဏ္ဏာတိ ပဌမော အတ္ထော" ဟု ဖွင့်သည်။ ဤအလို "ဇာတိယံ- သိုးကလေး၏ မွေးဖွားရာ အခါ၌+ ဥဏ္ဏဦ- အမွေးတည်း၊ ဇာတိဥဏ္ဏာ- မွေး" ဟု ပြုပါ။ ဝဒန္တိ ဝါဒအားဖြင့် "ဇာတိယံ- အမိဝမ်းဝယ် ဖြစ်ရာအခါ၌+ ဥဏ္ဏဦ ဇာတိဥဏ္ဏာ" ဟု ပြုရလိမ့်မည်။
သမ္ဘဝဘေဒေါ။ ။ "အတ္ထ ဘာဘေဒေါ" ဟု ဖွင့်ရာ၌ "ဘု သတ္တာယံ" ဟူသော ဓာတ်နက်ကို ဖွင့်ပြခြင်းတည်း။ "သမ္ဘဝနံ- ထင်ရှားရှိခြင်း၊ သမ္ဘဝေါ- ခြင်း" ဟု ပြု။ "ယောနီနံ ဂတိဝသေန သမ္ဘဝသေဒေါ- ဂတိ ၅ ပါးနှင့် စပ်၍ ယောနိတို့၏ ထင်ရှား ရှိသော အပြား" ဟူလို၊ အနုဋီကာ၌ "သမ္ဘဝနဿ- ဖြစ်သင့်ခြင်း၏+ဘေဒေါ သမ္ဘဝဘေဒေါ၊ ပဝတ္တိဘေဒေါတိ အတ္ထော" ဟု တနည်းဖွင့်သေး၏။
ဩပပါတိက ။ပေ။ နိဒ္ဓါရေတိ။ ။ ဤ၌ နိဒ္ဓါရေတိကို ကြည့်၍ "ဩပပါတိကယောနိကေသု" ကို နိဒ္ဓါရဏသမုဒါယ အနက်, "ရူပီဗြဟ္မေသု" ကို နိဒ္ဓါရဏီယအနက်ဟု သိသာ၏။ ရူပီဗြဟ္မေသု၌ သုဝိဘတ်ကိုကား အဓိကရဏအနက်ပေးရသည်။
တံ ပနေတံ ။ပေ။ န သမေတိ။ ။ ဂါထာ၌ "အဝကံသတော တိံ သ" ၏ အကျယ်ဖြစ်သော "အဝကံသတော ပန ။ပေ။ တိံ သရူပါနိ ဥပ္ပဇ္ဇန္တိ" ဟူသော စကားရပ်သည် ပါဠိတော်နှင့် မညီပါ၊ ပါဠိတော်၌ ကာမဝစရ သံသေဒဇ ဩပပါတိ ကတိတို့အတွက် "ဃာနပသာဒ မရှိသော သတ္တဝါတို့၏ ပဋိသန္ဓေကို ဟောတော်မမူပါ" ဟူလို၊ ထိုပါဠိတော်ကို ပြလို၍ "ဓမ္မဟဒယဝိဘင်္ဂေ ဟိ" စသည်ကို မိန့်သည်။
ဓာတုပါတုဘာဝါဒိပဉှေသု၊ ဓာတ်တို့၏ ထင်ရှားဖြစ်ပုံ အစရှိသည်ကို ပြရာ ပြဿနာတို့၌လည်း။
ကဿစိ ဧကာ ။ပေ။ ပါတုဘဝန္တိ။ ။ ပဋိသန္ဓေခဏ၌ သဒ္ဒါယတန မပါသော ကြောင့် ဧကာဒသဟု၎င်း, စက္ခုချို့သူ, သို့မဟုတ် သော တချို့သူကို ရည်ရွယ်၍ ဒဿ ၂ ကြိမ်၎င်း, ၂ မျိုးလုံး ချို့သူကို ရည်ရွယ်၍ နဝါယတနာနိ ဟု ၎င်း, ဂဗ္ဘသေယျက အတွက် စက္ခုသောတဃာနဘာဝ ၄ မျိုးချို့သူကို ရည်ရွယ်၍ "ရူပ, ဂန္ဓ, ရသ, ကာယ ဖောဋ္ဌဗ္ဗ, မန, ဓမ္မအားဖြင့် အာယတန ၇ ပါးဟု၎င်း ဟောတော်မူသည်။
နဝုတ္တံ ။ပေ။ န စ တံ ဝုတ္တံ။ ။ စက္ခု သောတ ဃာန ၃ မျိုးလုံး အချို့သူရှိလျှင် "အဋ္ဌာယတနာနိ" ဟု ဟောတော်မူရာ၏။ ဤသို့ကားမဟောပါ၊ အဃာနက ပဋိသန္ဓေ ရှိလျှင် ဒသာယတနာနိကို ၃ ကြိမ် ဟောတော်မူထိုက်၏၊ ထိုသို့ ၃ ကြိမ် ဟောတော်မမူဘဲ စက္ခုချို့သူအတွက်နှင့် သောတချို့သူအတွက် ၂ ကြိမ်သာ ဟောတော်မမူဘဲ စက္ခုချို့သူအတွက်နှင့် သောတချို့သုအတွက် ၂ ကြိမ်သော ဟောတော်မူသည်၊ ဃာန ချို့သူရှိလျှင် စက္ခုသောတ, သောတဃာန ချို့သူတို့အတွက် နဝါယတနာနိ ကိုလည်း ၃ ကြိမ် ဟောတော်မူသင့်၏။ ဤသို့လည်း ဟောတော်မမူဘဲ စက္ခု သောတ ချို့သူအတွက် ၁ ကြိမ်သာ ဟောတော်မူသည် ဟူလို။
ဧဝံ ။ပေ။ ပဉှေသု။ ။ "ကဿစိ ဧကာဒသ ဓာတုယော ပါတုဘဝန္တိ" စသော ပါဠိတော်ကို ရည်ရွယ်၍ "ဧဝံ ဓာတုပါတုဘာဝါဒိပဉှေသု" ဟု ဆိုသည်။ [သိခြင်းငှာ အလိုရှိထိုက်သော အနက်ကို "ပဉှံ" ဟု ခေါ်၏။] အာဒိဖြင့် "ကဿစိ စုဒ္ဒသိန္ဒြိယာနိ" စသော ဣန္ဒြိယ ပြဿနာတို့ကို ယူပါဟု အနုဋီကာဖွင့်သည်။
ဧဝံ၊ ဤအတူတည်း။ ယမကေပိ၊ ယမိုက်၌လည်း။ ဃာနဇိဝှါကာယာနံ၊ တို့၏။ သဟစာရိတာ၊ အတူတကွဖြစ်ကုန်သည်၏ အဖြစ်ကို။ ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ကြောင့်။ (ပါဠိယံ ။ပ။ ဥပပတ္တိ, န ဝုတ္တာ။ ဣတိ, ဝိညာယတိ၊ )ရူပါရူပါဝစရာနံ၊ ရူပါဝစရ အရူပါဝစရ ဗြဟ္မာတို့၏။
ဥပစာရဿ၊ ဥပစာရဈာန်၏။
(ပရိကမ်, ဥပစာ, အနုလုံဟူသော ကာမာဝစရ ဈာန်၏)။
ဗလဝတာယ၊ အားရှိသည်၏ အဖြစ်ကြောင့်။
တတော၊ ထို ရူပ အရူပဘုံမှ။
စဝိတွာ၊ စုတေပြီး၍။
ဒုဂ္ဂတိယံ၊ ၌။
ဥပပတ္တိ၊ ပဋိသန္ဓေသည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ကြောင့်။
ဧကစ္စသုဂတိစုတိယာတိ၊ ဟူ၍။
(သင်္ဂဟကာရော) အာဟ၊
ယမကေပိ ။ပေ။ ဝုတ္တာ။ ။ယမိုက်ပါဠိတော်၌လည်း မချို့တဲ့ကောင်းသော ဇိဝှါကာယတို့နှင့် တွဲ၍ ဃာနကို ဟောတော်မူထား၏။ ထို့ကြောင့် အဋ္ဌကထာ၌ ဆိုအပ်သော စကးသည် ယမိုက်ပါဠိတော်နှင့်မညီပါ ဟူလို။
အနုဋီကာ။ ။ အဋ္ဌကထာ၌ "သံသေဒဇောပပါတီသု" ။ပေ။ တီသု" ဟု တလုံးတည်း ဆိုသောလည်း သတ္တတိ ဥက္ကံသဂတာဝ တွဲ့ခိုက် "သံသေဒဇောပပါတီသု" ဟု ယောနိ ၂ ပါးလုံးနှင့်တွဲရ၏။ "အဝက့ဿ တောတိံ သ"နှင့်တွဲသောအခါ ဩပပါတိကနှင့် မတွဲရ, သံသေဒဇနှင့်သော တွဲရသည်။ ဩပပါတိကအတွက် အဃာနက မရှိကြောင်းကို "ကာမဓာတုယံ ပန အဃာနကော ဩပပါတိကော နတ္ထိ" ဟု ယမိုက် အဋ္ဌကထာ၌ ဖွင့်ထားပါသည် ဟု အနုဋီကာ၌ ရှင်းပြထားသည်။ ဤအဓိပ္ပါယ် အားလုံးကိုချုံး၍ "စက္ခု သောဘ, ဃနဘာဝါ" အချို့ ကောင်းရာကား" စသည်ဖြင့် ဆရာတို့၏ နိယာမ်ကို အခြေပြုသင်္ဂြိုလ်, ရူပပဝတ္တိက္ကမ၌ ပြခဲ့သည်။
**တဏှာ နာမေတိ**။ ။ တဏှာဟူသည် အဘယ်တဏှာနည်း, အဘယ်တရားကို အဘယ်သို့ ညွတ်ဝေသနည်းဟု မေးဘွယ်ရှိ၏။ အဖြေကား "တဏှာယ အပ္ပဟီနတ္တာ ဧဝ" ကို ထောက်၍ မဂ်ဖြင့် မပယ်အပ်သေးသည့်အတွက် မိမိသန္တာန်၌ ရှိနေသေးသော တဏှာတည်း။ ထိုတဏှာသည် ဝိညာဏံကို ထောက်၍ စုတိပဋိသန္ဓေသို့ မရောက်မီ စုတေခါနီး၌ ဖြစ်နေသော ဝိညာဏ် အစဉ်ကို၎င်း" ပဋိသန္ဓိဋ္ဌာနာဘိမုခံ" ဟု ဆိုသောကြောင့် ပဋိသန္ဓေတည်နေခြင်း၏ အကြောင်းဖြစ်သော ကံစသော အာရုံတပါးတပါးသို့ ၎င်း ညွတ်စေသည်ဟု သိသာ၏။ **တဿာ ။ပေ။ တံကိရိယာကရဏမတ္တ**။ ။ပါဋိဘောဂကိရိယာယကိုပင်" ဘဏ္ဍကီဏနကိရိယာယ ဣဏး္ဂဟဏာဒိ ကိရိယာယ" ဟု ထပ်ဖွင်သည်။ ထို့ကြောင့် နောက်တဒတ္ထနိယျာတနေအရ၌ ပါဠိဘောဂကရိယာယအတါက် မပါတော့ဘဲ ဘဏ္ဍကီဏန ကိရိယာအတွက် "ပဋိဘဏ္ဍဒါနေ" ဟု၎င်း, ဣဏဂ္ဂဟဏာဒိကရိယာယ အတွက် "ဣဏဒါနေ" ဟု၎င်း နောက် ၂ မျိုးတွက်သ ပါတော့သည်။
ပိဏ္ဍဝသေန၊ တပေါင်းတည်း၏ အစွမ်းဖြင့်။
(ပစ္စယော ၌စပ်)။
ဣတိ အတ္ထော၊ နာက်။