အထန သိယာ၊ အကယ်၍ မဖြစ်အံ့။
(ဧဝံ သတိ)၊
သင်္ခါရက္ခန္ဓေ၊ ၌။
ဇာတိအာဒီနံ၊ ဇာတိ အစရှိသည်တို့၏။
ဝါ၊ တို့ကို။
သင်္ဂဟိတတ္တာ၊ သိမ်းယူအပ်ကုန်သည်၏ အဖြစ်ကြောင့်။
ဝိညာဏံ၊ ဝိညာဉ်သည်။
နာမဿ၊ နာမ်၏၎င်း။
နာမံ၊ နာမ်သည်။
အတင်္ခဏိက သဗ္ဘာဝါ၊ ထိုခဏ၌ မရှိသည်၏ အဖြစ်၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့်။
ဆဋ္ဌာယတနဿစ၊ ၏၎င်း။
အဝိဂတပစ္စယော၊ သည်။
န သိယာ၊ မဖြစ်တော့ရာ။
ဣတိ၊ ကြောင့်။
ဣဓ ဝိယ၊ ဤဥပါဒါန်ကြောင့် ဘဝဖြစ်ရာ၌ကဲ့သို့။
တတ္ထာပိ၊ ထို ဝိညာဉ်ကြောင့် နာမ်, နမ်ကြောင့် ဆဋ္ဌာယတန ဖြစ်ရာ၌လည်း။
ဟေတုကဂ္ဂဟဏံ၊ ဟေတုကသဒ္ဒါကို။
န က တ္တဗ္ဗံ၊ မပြုထိုက်သည်။
ယထာ ။ပေ။ ပဝတ္တနကမ္ပိ။ ။ ဤယထာစသော စကားဖြင့် အဋ္ဌကထာ၌ ပြအပ်သော "နိယမာဘာဝတော, အဝီဂတပစ္စယဿ အဘာဝတော" ဟူသော အကြောင်းတို့သည် ဟဒယဝတ္ထုနှင့် ပဋိသန္ဓေဝိညာဉ်တိ အပေါ်၌ မပြန့်နှံ့ရကား "အဋ္ဌကထာ၌ အကျယ်ပြသည့်အတိုင်း သင့်မြတ်သော ကြောင်းမဟုတ်ကြ" ဟု ပြသည်။ ထိုတွင် "ယထာ ။ပေ။ ပဝတ္တနကမ္ပိ" သည် ဥပမာန စကားတည်း။ ပဋိသန္ဓေအခါ၌ ဟဒယဝတ္ထု သည် ပဋိသန္ဓေဝိညာဉ်အား အဝိဂတသတ္တိဖြင့် ကျေးဇူးပြုရာ၌ ဟဒယဝတ္ထုသည် စိတ္တ က္ခဏ ၁၇ ချက် တည်၍, ပဋိသန္ဓေဝိညာဉ်က စိတ္တက္ခဏတချက်သာ တည်သောကြောင့် ပစ္စည်းတရားတည်သလောက် ပစ္စယုပ္ပန်တရားက မတည်နိုင်ဘဲ ကျေးဇူးပြုသကဲ့သို့။
ဧဝံ ဥပါဒါနံ ။ပေ။ သိယာ။ ။ ဤအတူ ဥပါဒါန်ကလည်း မိမိ တည်သလေဘာက် မတည်ကြသော ဇာတိဇရာမရဏတို့အား၎င်း, ဘဝကလည်း ဇာတိအား၎င်း အဝိဂတ သတ္တိဖြင့် ကျေးဇူးပြုခွင့် ရှိနေသည်။ [တကယ် ကျေးဇူးပြုသည်ဟုကား မဆိုလိုပါ၊ အဋ္ဌကထာပြသော အကြောင်း၏ မခိုင်လုံးကြောင်းကိုသာ ပြလိုရင်းဖြစ်သည်။]
အထ န သိယာ ။ပေ။ န ကတ္တဗ္ဗံ သိယာ။ ။ အဋ္ဌကထာပြအပ်သော အကြောင်းကို အမှန်ဟုယူ၍ ထိုအကြောင်းကြောင့် "ဥပါဒါန်စသည်က ဘဝစသည်အား အဝိဂတ သတ္တိဖြင့် ကျေးဇူးပြုခြင်းသည် မဖြစ်နိုင်ပါ" ဟု ဆိုလျှင် ဝိညာဉ်က နာမ်အားကျေးဇူးပြုရာ၌ နာမ်အရတွင် သင်္ခါရက္ခန္ဓာ ပါဝင်ရကား ထို သင်္ခါရက္ခန္ဓာတွင် ဇာတိ ဇရာမရဏ တို့လည်း ပါဝင်နေစရာရှိသောကြောင့် ဝိညာဉ်က နာမ်အား၎င်း , နာမ်ကလည်း မနာယတနဟူသော ဝိညာဉ်အား၎င်း အဝိဂတသတ္တိဖြင့် ကျေးဇူးပြုခြင်းသည် မဖြစ်နိုင်တော့ရာ ၊ ထို့ကြောင့် ထို ဝိညာဉ်က နာမ်အား ကျေးဇူးပြုရာ စသည်၌လည်း ဟေတုကသဒ္ဒါကို မဟောထိုက်သကဲိ့သု့ ဖြစ်နေ၏။ စင်စစ်ကား ဟောထားပါသည် ဟူလို။
သိယာ၊ ဖြစ်ရာ၏။ တသ္မာ၊ ကြောင့်။ ယာဝ၊ အကြင်မျှလောက်။ ဥပါဒါနံ၊ သည်။ အတ္ထိ၊ ၏။ တာဝ၊ ထို ဥပါဒွန်တည်သလောက်။ ဇာတိအာဒီနံ၊ ဇာတိ အစရှိသည်တို့ကို။ အနုပလဗ္ဘော၊ မရခြင်းသည်၎င်း။ ဇာတိက္ခဏမတ္တေဧဝ၊ ဇာတိ၏ ခဏမျှ၌သာ။ ဘဝဿ၊ ဘဝ၏။ အဘာဝေါစ၊ မရှိခြင်းသည်၎င်း။ ဝါ၊ ကို၎င်း။ ကာရဏန္တိ၊ အကြောင်းဟူ၍။ ကာတုံ၊ ငှာ။ န သက္ကာ၊ မတတ်ကောင်း။ပန၊ ကား။
(အယုတ္တိမှ တပါး ယုတ္တိကား)။
သင်္ခတလက္ခဏာနံ၊ သင်္ခတတရားတို့၏ အမှတ်အသားဖြစ်ကုန်သော။
အသဘာဝဓမ္မာနံ၊ သဘာဝဓမ္မ မဟုတ်ကုန်သော။
ဇာတိအာဒီနံ၊ တို့၏။
ဝါ၊ တို့ကို။
ဘဝေန၊ ဘဝဖြင့်။
သင်္ဂဟိတတ္တာ၊ သွင်းယူအပ်ကုန်သည်၏ အဖြစ်ကြောင့်၎င်း။
အသဘာဝဓမ္မဿ၊ သဘာဝဓမ္မမဟုတ်သော။
ပရမတ္ထတော၊ ပရမတ္ထအားဖြင့်။
ဘဝန္တရဿ၊ ဘဝတမျိုး၏။
အဘာဝတောစ၊ မရှိခြင်းကြောင့်၎င်း။
ဟေတုအာဒိပစ္စယာ၊ ဟေတု အစရှိသော ပစ္စည်းတို့သည်။
န သန္တိ၊ မရှိကုန်။
ဣတိ၊ ကြောင့်။
ဘဝဿ၊ အား။
ဥပါဒါနံ၊ သည်။
နိယမေန၊ အမြဲအားဖြင့်။
အဝိဂတပစ္စယော၊ သည်။
န (ဟောတိ)၊ မဖြစ်။
တသ္မာ ။ပေ။ န သက္ကာ ကာတုံ။ ။ ထို ဆိုအပ်ပြီးသော လဒ္ဓဒေါသကြောင့်ဥပါဒါန်တည်သလော ဇာတိ စသည်တို့ကို မရနိုင်ခြင်းသည်၎င်း, ဘဝက ဇာတိ၏ ခဏလောက်သာ မဖြစ်ခြင်း (ဇာတိခဏထက် လွန်၍ဖြစ်ခင်း) သည်၎င်း, ဟေတုက သဒ္ဓါကို မပြခြင်း၏ အကြောင်းဟု မဆိုသင့်ပါ ဟူလို။
သင်္ခတလက္ခဏာနံ ပန။ ။ "အဋ္ဌကထာ၏ အကျယ်ပြအပ်သော အကြောင်းပြပုံက ယုတ္တိမရှိလျှင် ယုတ္တိရှိသော အဘယ်အကြောင်းကို ပြမည်နည်း" ဟု မေးဘွယ်ရှိသောကြောင့် "သင်္ခတလက္ခဏာနံ ပန" စသည်ကို မိန့်သည်။ ဇာတိစသော တရားတို့သည် ပရမတ္တ သဘာဝဓမ္မ မဟုတ်ကြ, သင်္ခတလက္ခဏာတို့သာ ဖြစ်သည့်အတွက် သင်္ခတဖြစ်သောဘဝ၌ သွင်းယူထားသောကြောင့်၎င်း။
အသဘာဝဓမ္မဿ စ ။ပေ။ အဘာဝတော။ ။ ဇာတိ ဇရာ မရဏတို့အတွက် သဘာဝဓမ္မ မဟုတ်သော ဘဝတမျိုးလည်း ပရမတ္ထအားဖြင့် မရှိသောကြောင့်၎င်း, [ဘဝကို ၂ မျိုးခွဲ၍ နာမ်ခန္ဓာ ၄ ပါးအတွက် သဘာဝဓမ္မဘဝ, ဇာတိ စသည်တို့အတွက် အသဘာဝဓမ္မဘာဝအားဖြင့် ဘဝ ၂ မျိုး မရှိ ဟူလို။]
ဟေတုအာဒီပစ္စယာန သန္တီတိ။ ။ ဇာတိ အစရှိသည်တို့မှာ အဝိဂတပစ္စည်းကို မဆိုထားဘိ ဟေတုစသော ရိုးရာပစ္စည်းများဖြင့်ပင် ကျေးဇူးပြု မခံကြရ၊ ထို့ကြောင့် ဇာတိ စသည်တို့ ပါနေသောဘဝမှာ အဝိဂပစ္စည်းဖြင့် ဥပါဒါန်၏ ကျေးဇူးပြုကို မခံရ။ ["ဥပါဒါန်က ဘဝအား ကျေးဇူးပြုရာ၌ ဇာတိ စသည်မှ ခွဲ၍ နာမ်ခန္ဓာ သက်သက်အား အဝိဂတသတ္တိဖြင့် ကျေးဇူးပြုလေသလော" ဟု တွေးတောဘွယ်ရှိသောကြောင့် "န နိယမေန အဝိဂတပစ္စယော" ဟု ဆို၍, ဘဝက ဇာတိအား, ဇာတိက ဇရာ မရဏအား ကျေးဇူးပြုရာ၌ကား ထိုသို့ တွေးတောယုံမှားဘွယ် မရှိသောကြောင့် နေဝ အဝိဂတပစ္စယော" ဟု သန္နိဋ္ဌာန် ဧဝသဒ္ဒါဖြင့် ဆိုသည်ဟု မှတ်ပါ။]
ပန၊ ကား။ ဘဝေါ၊ သည်။ ဇာတိယ၊ ဇာတိ၏၎င်း။ ဇာတိ၊ သည်။ ဇရာမရဏဿ၊ ၏၎င်း။ အဝိဂတပစ္စယော၊ သည်။ နေဝ (ဟောတိ)၊ မဖြစ်နိုင်သည်သာ။ ဣတိ တသ္မာ, အဝိဂတပစ္စယနိယမာဘာဝတော၊ ဤသို့ အဝိဂတပစ္စည်း၏ အမြဲအားဖြင့် မရှိခြင်းကြောင့်၎င်း။ အဝိဂတ ပစ္စယဿ၊ ၏။ ဣတိ တသ္မာ အဘာဝတောစ၊ ဤသို့ လုံးလုံးမရှိခြင်းကြောင့်၎င်း။ ဘဝါဒီသု၊ ဘဝအစရှိသည်တို့၌။ ဟေတုကဂ္ဂဟဏံ၊ ဟေတုကသဒ္ဒါကို။ န ကတံ၊ ပြုတော်မမူအပ်။ ဣတိ၊ ဤ အကြောင်းကား။ ယုတ္တံ၊ သင့်သောအကြောင်းတည်း။ဟိ (ယသ္မာ)၊ ကြောင့်။
နာမသင်္ဂဟိတာနံ၊ နာမ၌ သွင်းယူအပ်ကုန်သော။
ဇာတိအာဒီနံ၊ ဇာတိ အစရှိသည်တို့၏။
အဝိဂတပစ္စယော (စ)၊ သည်၎င်း။
အညဿ၊ အခြားသော ပစ္စယုပ္ပန် တရား၏။
အဝိဂတ ပစ္စယဘာဝေါ စ၊ အဝိဂတပစ္စည်း၏ အဖြစ်သည်၎င်း။
န အတ္ထိ၊ မရှိ။
(ကသ္မာ၊ နည်း)။
(ဇာတိ အာဒီနံ၊ တို့၏)။
အသဘာဝဓမ္မတ္တာ၊ သဘာဝဓမ္မ မဟုတ်ကုန်သည်၏အဖြစ်ကြောင့်တည်း။
ဣတိ၊ ကြောင့်။
နာမံ ။ပေ။ နာမဟေတုကန္တိဝစနံ၊ ကို။
န ဝတ္တဗ္ဗံနနု၊ ဟောတော်မမူထိုက်သည် မဟုတ်ပါလော။
(ဣတိ၊ ဤကား စောဒနာ တည်း)။
ဣတိ အဝိဂတ ။ပေ။ ယုတ္တံ။ ။ ဤဝါကျ၌ "အဝိဂတပစ္စယနိယမာဘာဝတော, အဘာဝတော စ အဝိဂတပစ္စယဿ" တို့သည် အဋ္ဌကထာ၌ ပြအပ်သော အကြောင်းတို့ပင်တည်း။ သို့သော် ထိုအကြောင်းတို့၏ အကြောင်းကား အဋ္ဌကထာ၌ အကျယ်ပြပုံနှင့် မတူ။ ဤ၌ အကြောင်းပြပုံကို "သင်္ခလက္ခဏာနံ ပန" မှ စ၍ "န သန္တိ" တိုင်အောင် ကြည့်ပါ။
နနု ဧဝံ ။ပေ။ န ဝတ္တဗ္ဗံ။ ။ ဤစကားတို့သည် စောဒက တပါးပါးက မိမိဋီကာ စကားကို ပြန်၍စောဒနာဘွယ်ရှိပုံကို ပြသော စကားတည်း။ ဒီလိုဆိုလျှင် "နာမံ ဝိညာဏ ဟေတုကံ, ဆဋ္ဌာယတနံ နာမဟေတုကံ" ဟုဟောတော်မမူထိုက်ရာ ရောက်နေသည် မဟုတ်ပါလော ဟု စောဒနာသည်။
န ဟိ ။ပေ။ အဿဘာဝဓမ္မတ္တာ။ ။ ဤဝါကျကား ထိုသို့ စောဒနာခြင်း၏ အကြောင်းကိုပြသော စကားတည်း။ ထိုစကားရပ်၌ "န နာမသင်္ဂဟိ ဇာနံ ဇာတိအာဒီနံ အဝိဂပစ္စယော အတ္ထိ" ဖြင့် နာမအရတွင် ပါတင်သော ဇာတိ အစရှိသည်တို့မှာ အဝိဂတပစ္စယ သတ္တိဖြင့် ကျေးဇူးပြုမခံရဟု ဆိုလိုသည်။ ထို့ကြောင့် "ဆဋ္ဌာယတနံ နာမ ဟေတုုကံ" ဟု မဟောထိုက်သည် မဟုတ်ပါလော" ဟူလို" န အညဿ အဝိဂတ ပစ္စယဘာဝေါ စ အတ္ထိ" ဖြင့် ဇာတိ အစရှိသည်တို့က တပါးသော ပစ္စယုပ္ပန်တရားအား အဝိဂတသတ္တိဖြင့် ကျေးဇူးမပြုနိင်ဟု ဆိုလိုသည်။ ထို့ကြောင့် "နာမံ ဝိညာဏဟေတု ကံ" ဟု မဟောထိုက်သည် မဟုတ်ပါလော ဟူလို။ ထိုသို့ ပစ္စည်း ပစ္စယုပ္ပန် မဖြစ်နိုင်ခြင်း၏ အကြောင်းကိုကား "အဿဘာဝဓမ္မတ္တာ" ဟူသော ပါဌ်ဖြင့် ပြသည်။
ဣဒံ ဝုစ္စတိ ရူပန္တိစ၊ ဟူ၍၎င်း။
ယံ နာမရူပံ၊ အကြင်နာမ်ရုပ်သည်။
ဖဿဿစ၊ ဖဿ၏၎င်း။
သဠာယတနဿစ၊ သဠာယတန၏၎င်း။
ဝုတ္တံ သတိပိ ။ပေ။ ဝုတ္တံ။ ။ အဋ္ဌကထာ၌ ဝတ္တဗ္ဗပဒေသေ မရှိသောကြောင့် "ဌပေတွာ ဇာတိ ဇရာမရဏာနိ" ဟု ဟောတော်မမူကြောင်းကို ဆိုထား၏။ သို့သော် ဟောဘို့ရန် ပဒေသရှိသော်လည်း ဥပါဒါန်ကဲ့သို့ ဇာတိ စသည်တို့က သဘာဝဓမ္မ မဟုတ်ကြ၊ ထိုသို့ သဘာဝဓမ္မမဟုတ်ကြသည့် အတွက် တမင်္ဂလာ ဖယ်ထားထိုက်သော သဘာဝ တမျိုး မရှိသောကြောင့်သာ "ဌပေတွာ ာတိ ဇရာမရဏာနိ" ဟု ဖယ်ထားမှုကို မပြုထိုက်၊ ဤသို့ ပြုအပ်သော အကြောင်းသာ ယုတ္တ( အသင့်) ဖြစ်သည်။ ဆိုလိုရင်းကား ဇာတိ ဇရာမရဏတို့က သဘာဝဓမ္မ မဟုတ်ကြသောကြောင့်ဖယ်ထားဘွယ် မလိုသည့်အတါက် "ဌပေတွာ ဇာတိဇရာ မရဏာနိ" ဟု တမင်္ဂလာ မဖယ်ဘဲထားသည် ဟူသော အဋ္ဌကထာ၏ အကြောင်းသည် အယုတ္တဖြစ်သည် ဟူလို။
ဇာယမာနာနံ ။ပေ။ ဝုတ္တံ။ ။ ဤသို့ သဘာဝဓမ်မ မဟုတ်ကြလျှင် "ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ" ဟု အဘယ့်ကြောင့် ဟောတော်မူသေးသနည်း လုံးလုံးမဟောဘဲ ထားသင့်သည် မဟုတ်လောဟု မေးဘွယ်ရှိသောကြောင့် "ဇာယ မာနာနံ ပန" စသည်ကို မိန့်သည်။ ဖြစ်ဆဲတရားတို့၏ ဇာတိ, ဇြစ်ပြီးသော တရားတို့၏ ဇရာမရဏ ဖြစ်သောကြောင့် "ဘဝပစ္စယာ ဇာတိ ။ပေ။ မရဏံ " ဟု ဟောတော်မူရပါသည်။ လုံးလုံးမထားဘဲထားလို့ မဖြစ်နိုင်ပါ ဟူလို။
ပစ္စယော၊ အကြောင်းသည်။ (ဟောတိ၊ ၏)။ တဿ၊ ထို နာမ်ရုပ်၏။ ဝတ္တဗ္ဗပဒေသော၊ ဟောတော်မူထိုက်သော အရပ်ကို။ တဿ၊ ထို နာမ်ရုပ်၏။ ဝတ္တဗ္ဗပဒေသော၊ ဟောတော်မူထိုက်သော အရပ်ကို။ နိဒ္ဒိဋ္ဌောယထာ၊ ညွှန်ပြအပ်သကဲ့သို့။ ဧဝံ၊ တူ။ ယော ဘဝေါ၊ အကြင်ဘဝသည်။ ဇာတိယာ၊ ဇာတိ၏။ ပစ္စယော၊ အကြောင်းသည်။ (ဟောတိ၊ ၏)။ တဿပိ၊ ထိုဘဝ၏လည်း။ ဌပေတဗ္ဗံ ဂဟေတဗ္ဗ ဝိသေသေ၊ ချန်ထားထိုက်သော ဇာတိ ဇရာ မရဏ, ယူထိုက်သော နာမ်ခန်ဓာ ၄ ပါးဟူသော အထူးသည်။ သတိ၊ သော်။ ဝတ္တဗ္ဗပဒေသော၊ ဟောတော်မူထိုက်သော ပါလိ၏အရပ်သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ သို့။ ဝတ္တုံ၊ ဆိုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။