ဝါ၊ တနည်း။
သမ္မပ္ပဓာနာနံ၊ တို့၏။
တဒါ၊ မဂ်ဥပါဒ်ရာ ထိုအခါ၌။
မဂ္ဂသင်္ခါတ အဓိပတိဘာဝတော၊ မဂ်ဟု ဆိုအပ်သော အဓိပတိ၏ အဖြစ်ကြောင့်။
န မဂ္ဂါဓိပတီနီတိ၊ ဟူ၍။
န ဝတ္တဗ္ဗတာ၊ မဆိုထိုက်သည်၏ အဖြစ်ကို။
ဝုတ္တာ၊ ပြီ။
ဣတိ၊ သို့။
ဝေဒိတဗ္ဗာ၊ သိထိုက်၏။
မဂ္ဂါဓိပတိနိ န ဝတ္တဗ္ဗတာယ ဧဝ။ ။ ဧဝဖြင့် "န မဂ္ဂါခိပတီနိ" ဟု မဆိုထိုက် ခြင်း၏ အကြောင်းကို ကန့်၊ မဂ္ဂင် ၈ ပါးတွင် ပါဝင်သော ဝီရိယ၏ အဓိပတိတပ်ခိုက်၌ အခြား ဝီရိယတပါး မရှိတော့၊ ထိုသို့ မရှိခြင်းကို အဋ္ဌကာထ၌ "န ဝတ္တဗ္ဗာနိ မဂ္ဂါဓိပတီနိဝါ န မဂ္ဂါဓိပတီနိဝါ" ဟု ၂ မျိုးလုံး မဆိုထိုက်ခြင်း၏ အကြောင်း လုပ်ထားသော်လည်း မဂ္ဂါဓိပတိီနိဟု မဆိုထိုက်ခြင်း၏ အကြေင်းသာ ဖြစ်သည်ဟု မှတ်ပါ ဟူလို။
ဆန္ဒဿ ပန ။ပေ။န ဝတ္တဗ္ဗာနီတိ ဝုတ္တံ။ ။ န မဂ္ဂါဓိပတိဟု မဆိိုထိုက်ခြင်း၏ အကြောင်းကိုကား ဝီရိယ အဓိပတိဖြစ်ခိုက် ဆန္ဒစိတ္တဘို့က အဓိပတ် မဖြစ်နိုင်ကြသော ကြောင့် အထူးအကြောင်းပြဘွယ် မလိုရကား "န မဂ္ဂါဓိပတီနိ န ဝတ္တဗ္ဗာနိ" ကိုပါပေါင်း၍ အဋ္ဌကထာ၌ ဆိုထားသည်။
ဆန္ဒစိတ္တာနံ ဝိယ ။ပေ။ အဓိပ္ပါယော။ ။ ဤနည်း၌ကား ဝီရိယ အဓိပတိတပ်ခိုက်မဂ္ဂင်မဟုတ်သော ဆန္ဒစိတ္တတို့၏ အဓိပတိမဖြစ်ကြကြောင်းမှာ ထင်ရှားပြီးဖြစ်၍ အထူးမဆိုတော့ဘဲ မဂ္ဂမမည်သော အခြားဝီရိယမရှိခြင်းကိုသာ အကြောင်းပြသည်ဟု မှတ်ပါ။
သမ္ပပ္ပဓာနာနံ ။ပေ။ ဝုတ္တာ။ ။ ဤနည်း၌ကား လောကုတ္တရာမဂ်ခဏ၌ သမ္မပ္ပဓာန် ဝီရိယဖြစ်လျှင် အမြဲအဓိပတိတပ်နေသောကြောင့် ထို သမ္မပ္ပဓာန်ဝီရိယတို့ကို "န မဂ္ဂါ ဓိပတိ" ဟု မဆိုထိုက်ကြောင်းကို အဋ္ဌကထာဆိုသည်ဟု မှတ်ပါ။