Issues
ဗားရှင်းရွေးချယ်ပါ
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Vibhaṅga-mūlaṭīkā
Vibhaṅga-mūlaṭīkā

1. Khandhavibhaṅgo

စာရေးဆရာ: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

စတုသစ္စ ဒဿောတိ၊ စတုသစ္စဒသော ဟူသည်ကား။ သမာဟဋာနိ၊ စိတ်ဖြင့် ပေါင်း၍ ဆောင်ယူအပ်ကုန်သော။ [သစ္စာ ၄ ပါးကို တခုတည်းဖြစ်အောင်စိတ်ဖြင့်ပေါင်း၍ ဆောင်ယူအပ်ကုန်သော။] စတ္တာရိ၊ ၄ ပါးကုန်သော။ သစ္စာနိ၊ သစ္စာတို့တည်း။ စတုသစ္စံ၊ ၄ ပါးသော သစ္စာ။ (ယော သတ္ထာ၊ အကြင်မြတ်စွာဘုရားသည်)။ စတုသစ္စံ၊ ၄ ပါးသော သစ္စာကို။ ပဿိ၊ သိမြင်တော်မူပြီ။ ဣတိ၊ ထိုသို့ ၄ ပါးသော သစ္စာကို သိမြင်တော်မူပြီး၏ အဖြစ်ကြောင့်။ (သော သတ္ထာ၊ သည်)။ စတုသစ္စဒသော၊ စတုသစ္စဒသမည်တော်မူ၏။

သာဝကာနံ၊ သာဝကတို့၏၎င်း။ ပစ္စေကဗုဒ္ဓါနဉ္စ၊ ပစ္စေကဗုဒ္ဓါတို့၏၎င်း။ စတုသစ္စဒဿနဘာဝေ၊ ၄ ပါးသော သစ္စာကို သိမြင်ခြင်း ရှိကုန်သည်၏ အဖြစ်သည်။ သတိပိ၊ ရှိပါသော်လည်း။ ဘဂဝတော၊ ၏။ စတုသစ္စဒဿနဿ၊ ၄ ပါးသော သစ္စာကို သိမြင်တော်မူခြင်း၏။

စတုသစ္စ။ ။သမာဟဋ္ဌာနိဖြင့် သမာဟာရဒိဂုသမာသ် ဖြစ်ကြောင်းကို ပြ၏။ သမာဟာရဒိဂူဖြစ်လျှင် နပုံလိန် ဧကဝုစ်ဖြစ်ကြောင်းမှာ ထင်ရှားပြီးပင်တည်း၊ သို့သော် ပဉ္စပူလီ(ပဉ္စမူလီ)စသော ပုဒ်တို့၌ သမာဟာရဒိဂုဖြစ်လျက် ဣတ္ထီဇောတက ဤ-ပစ္စည်း သက်၍ ဣတ္ထိလိန်ရှိသေး၏၊ ဤစတုသစ္စ၌ကား စတုပတ္တံ စသည်ကဲ့သို့ ပတ္တာဒိဂိုဏ်းတွင် သွင်း၍ နပုံလိန်သာရှိရ၏၊ ဤ အဓိပ္ပါယ်များကို မောဂ္ဂလ္လာန် သမာသကဏ္ဍ (၂၁) သုတ် ဆရာတော်၏နိဿာယ၌၎င်း, ကစ္စည်းဘာသာဋီကာ ဒိဂုသောကတ္တံ သုတ်အဖွင့်၌၎င်း မရဋီကာ မှားယွင်းပုံနှင့်တကွ ပြထားပြီ။

သတိပိ။ပေ။ဒဿနဘာဝ။ ။သတိပိသည် လက္ခဏအနက်နှင့် အရုစိအနက်ကို ဟောသော လက္ခဏာရုဈတ္ထ နိပါတ်ပုဒ် ၂-ခု အပေါင်းတည်း၊ ထိုသို့ လက္ခဏအရုစိ တွေ့သမျှဝယ် စောဒကာဘောဂနှင့်တကွ စောဒနာဝါကျ ထုတ်နိုင်သောကြောင့် အနု- ဋီကာ၌ “ကသ္မာ။ပေ။သတိပိသာဝကာနန္တိ အာဒိ”ဟု စောဒနာဝါကျကို ထုတ်ပြသည်။ [စတုသစ္စဿ+ ဒဿနံ စတုသစ္စဒဿနံ၊ စတုသစ္စဒဿနံ ယေသန္တိ စတုသစ္စဒဿနာ၊ စတုသစ္စဒဿနာနံ+ဘာဝေါ စတုသစ္စဒဿနဘာဝေါ။]

အနညပုဗ္ဗကတ္တာ။ပေ။ဒဿနဿ။ ။အညော+ပုဗ္ဗေဒ အညပုဗ္ဗော၊ နတ္ထိ+အည- ပုဗ္ဗော ယဿာတိ အနညဗ္ဗကော၊ အနညပုဗ္ဗကဿ+ဘာဝေါ အနညပုဗ္ဗကတ္တံ၊ မူလ ဋီကာဆရာသည် ဣတာတို့၏ သမ္ဗန်ကို များသောအားဖြင့် နောက်၌ ထားလေ့ရှိ၏၊ ထို့ကြောင့် “ဘဂဝတော စတုသစ္စဒဿနဿ”ဟု တ္ထသမ္မန်ကို နောက်၌ထားသည်။

အနညပုဗ္ဗကတ္တာ၊ အခြားသူ ဟူသောရှေ့သွားရှိသော် မမူသည်၏အဖြစ်ကြောင့်၎င်း။ တတ္ထ၊ ထို ၄ ပါးသော သစ္စာကို သိမြင်တော်မူခြင်း၌။ သဗ္ဗညုတာယ၊ သဗ္ဗညူ၏ အဖြစ်သို့။ (ပတ္တိတောစ၊ ရောက်တော်မူခြင်းကြောင့်၎င်း)။ ဒဿဗလေသု၊ ဒသဗလ ဉာဏ်တော်တို့၌။ (တနည်း) ဖလေသု၊ အကျိုးသစ္စာကို သိမြင်ခြင်းတို့၌။ ဝသိဘာဝဿ၊ စွမ်းရည်သတ္တိရှိသော ပုဂ္ဂိုလ်၏ အဖြစ်သို့။ ပတ္တိတောစ၊ ၎င်း။ ပရသန္တာနေသု၊ မြတ်စွာဘုရားမှ တပါးသော ဝိနေယတို့၏ သန္တာန်တို့၌။ ပသာရိတဘာဝေန၊ ဖြန့်အပ်သည်၏ အဖြစ်ကြောင့်။ ဝါ၊ ဖြန့်အပ်သည့်အတွက်။ သုပါကဋတ္တာစ၊ အလွန်ထင်ရှားသည်၏ အဖြစ်ကြောင့်၎င်း။ ဘဂဝါဝ၊ မြတ်စွာဘုရားသည်သာ။ ဝိသေသေန၊ သာဝက, ပစ္စေကဗုဒ္ဓါတို့မှ ထူးသောအားဖြင့်။ စတုသစ္စဒသောတိ၊ စတုသစ္စဒသော ဟူ၍။ ထောမနံ၊ ချီးမွမ်းခြင်းကို။ အရဟတိ၊ ထိုက်တော်မူ၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။

(ယော သတ္ထာ၊ သည်)။ နာထတိ၊ တာင့်တတော်မူတတ်၏။ ဝါ၊ လောင်ကျွမ်းစေတော်မူတတ်၏။ ဝါ၊ တောင်းပန်တော်မူတတ်၏။ ဝါ၊ အစိုးရတောမူတတ်၏။ ဣတိ၊ ဤ ဝစနတ္ထကြောင့်။ (သော သတ္ထာ၊ သည်)။ နာထော၊ နာထမည်တော်မူ၏။

ဆက်ဦးအံ့၊ – ဤ “အနညပုဗ္ဗကတ္တာ"ဟူသော ဟိတ်ဖြင့် မြတ်စွာဘုရား၏ စတု- သစ္စဒဿနအတွက် သာဝကတို့မှ ထူးခြားပုံကိုပြ၏၊ မှန်၏’မြတ်စွာဘုရား၏ စတုသစ္စကို မြင်တော်မူရာ၌ ကိုယ်တော်မြတ်၏ ရှေးဦးစွာမြင်သော ဆရာ မရှိ၊ သာဝကတို့ကား မြတ်စွာဘုရား မြင်တော်မူပြီးမှ စတုသစ္စကို မြင်ရသည့်အတွက် အညပုဗ္ဗကရှိသည်။

တတ္ထ စ။ပေ။ပတ္တိတော။ ။အနညပုဗ္ဗကတ္တာဟိတ်ဖြင့် ပစ္စေကဗုဒ္ဓါတို့မှ ထူးခြား ပုံကို မပြနိုင်သေးသောကြောင့် ပစ္စေကဗုဒ္ဓါတို့မှ ထူးခြားပုံကို ပြလိုသည့်အတွက် “တတ္ထ စ။ပေ။ပတ္တိတော”ဟု မိန့်သည်၊ ပစ္စေကဗုဒ္ဓါတို့သည် စတုသစ္စကို မြင်ရာ၌ အလုံးစုံ အကုန်အစင် မြင်နိုင်သော သဗ္ဗညူ မဟုတ်ကြ၊ ဗုဒ္ဓမြတ်စွာ၏မြင်ပုံကား သဗ္ဗညူ အဖြစ်ဖြင့် မြင်တော်မူ၏၊ အလိုရှိတိုင်းမြင်နိုင်သောကြောင့် ဝသိဘော်သို့လည်း ရောက်တော်မူသည်။

မူကွဲ။ ။စာအုပ်တို့၌ “ဒသဗလေသု စ”ဟု တွေ့ရှ၏၊ ဒသဗလဉာဏ်ဆယ်ပါးတွင် သစ္စာလေးပါးနှင့် တိုက်ရိုက်ဆိုင်သော သီးခြားဉာဏ် “မရှိပါ၊ ဌာနာဌာနဉာဏ်လည်း အကြောင်းအများနှင့်ဆိုင်သောဉာဏ်သာတည်း၊ ထို့ကြောင့် “ဒသဗလေသု ဟူသော ပါဌ်သည် အတ္ထယုတ္တိ မရှိ၊ ဒသဗလီပုဒ်လည်း ဒိဂုသမာသ်ဖြစ်သောကြောင့် ဗဟုဝုစ်လည်း မရှိနိုင်၊ ထို့ကြောင့် သဒ္ဒယုတ္တိလည်း မရှိ၊ “ဖလေသု”ဟု ရှိသောပါဌ် ကား အကျိုးသစ္စာ ၂-ဝါး၌ အလိုရှိတိုင်း အာရုံပြုနိုင်သောကြောင့် “အတ္ထယုတ္တိ သဒ္ဒယုတ္တိ ရှိ၏”ဟု ထင်ပါသည်၊ အကြောင်းသစ္စာ ၂-ပါးတွင် တဏှာဟူသော သမုဒယသစ္စာ၌ ဝသီဘော် မလို၊ မဂ္ဂသစ္စာလည်း ထပ်၍ မဖြစ်သောကြောင့် ဝသီဘော် မလိုပါ။

ပရသန္တာနေသူ။ပေ။သုပါကဋတ္တာ။ ၊ ဗုဒ္ဓမြတ်စ္စာ၏ ... စတုသစ္စဒဿနဉာဏ် တော်သည် ဓမ္မစကြာတရား ဟောတော်မူတုန်းကပင် ဝိနယတို့သန္တာန်၌ ဖြန့်လိုက် သောကြောင့် တဆဲ့ရှစ်ကုဋေ ဝိနေယတို့လည်း စတုသစ္စဒဿနဖြစ်ရကား ဗုဒ္ဓမြတ်စွာ၏ စတုသစ္စဒဿနသည် ကမ္ဘာလောက၌ အလွန်ထင်ရှားတော်မူခဲ့လေပြီ။

ဝိနေယာနံ (ဝေယျောနံ)၊ ဆုံးမထိုက်သူ နတ် လူ ဗြဟ္မာ သတ္တဝါတို့၏။ ဟိတသုခံ၊ စီးပွါးချမ်းသာကို။ အသီသတိ ပတ္ထေတိ၊ တောင့်တတော်မူတတ်၏။ ဝါ၊ တနည်း။ ပရသန္တာနဂတံ၊ မြတ်စွာဘုရားမှတပါး အခြားသော သတ္တဝါတို့သန္တာန်၌ဖြစ်သော။ ကိလေသဗျသနံ၊ စီးပွါးချမ်းသာကို ဖျက်ဆီးတတ်သော ကိလေသာကို။ ဥပတာပေတိ၊ လောင်ကျွမ်းစေတော်မူတတ်၏။ ဝါ၊ တနည်း။ ဘိက္ခဝေ၊ ဘိက္ခုတို့။ သာဓု၊ ငါဘုရား တောင်းပန်တော်မူ၏။ ဘိက္ခု၊ သည်။ ဝါ၊ ရဟန်းဆိုတာ။ ကာလေန ကာလံ၊ အခါတိုင်း အခါတိုင်း၌။ ဝါ၊ မကြာမကြာ။ [ကာလေန ကာလနတိ ကာလေ ကာလေ။ သီလက္ခန် အဋ္ဌကထာ သာမညဖလသုတ် ဒုတိယဇ္ဈာနကထာ အဖွင့်။] အတ္တသမ္ပတ္တိံ၊ မိမိ၏ သီလ စသော ပြည့်စုံပုံကို။ ပစ္စဝေက္ခိတာ၊ စဉ်းစားဆင်ခြင်လေ့ရှိသည်။ (ဟောတိ၊ ဖြစ်ရ၏)။ ဣတိ အာဒိနာ၊ ဤသို့ အစရှိသော နည်းဖြင့်။ [အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ် ပဌမပဏ္ဏာသက ၇ သုတ်၌ လာသော ကြွင်းသော ပါဠိရပ်ကို အာဒိဖြင့် ယူပါ။] တံတံ ဟိတပဋိပတ္တိံ၊ ထိုထိုအစီးအပွါးကို ကျင့်ခြင်းကို။ ယာစတိ၊ တောင်းပန်တော်မူတတ်၏။ ဣတိ အတ္ထော၊ နက်။

ဝါ၊ တနည်း။ ပရမေန၊ လွန်မြတ်သော။ စိတ္တိဿရိယေန၊ စိတ်၌ အစိုးရသူ၏ အဖြစ်နှင့်။ သမန္နာဂတော၊ ပြည့်စုံတော်မူသော။

ဝိနေယာနံ။ပေ။ပတ္ထေတိ။ ။“နာထ’ယာစနောပတာပိဿရိယာသီသာသု” ဟု ဓာတ်ကျမ်းတို့၌ရှိသောကြောင့် နာထ-ဓာတ်၏ – အာသီသ” အနက်ကို ဖွင့်သည်။ နောက်နောက်ဝါကျတို့၌လည်း ဥပတာပအနက်, ယာစနအနက်,ဣသာရိယအနက် ဖွင့်ပုံကို သိပါ။ [ ဝိနေတဗ္ဗာတိ ဝိနေယာ၊ ဝိပုဗ္ဗ+နီဓာတ်, ကျ -ပစ္စည်း ဖြစ်သောကြောင့် “ဝိနေယာ”ဟု သာ ရှိသင့်၏။ ယခု စာအုပ်တို့ဝယ်8၌ ဗုဒ္ဓိ ယ၌ ဗ္ဗေဘော်လာ၍ “ ဝေနေယျာ ”ဟု တွေ့ရသည်။ ] ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်မြတ်အတွက် ဟိတသုခ ပြည့်စုံပြီးဖြစ်သောကြောင့် ကြီးကျယ်သော မဟာကရုဏာတော်ဖြင့် ဝိနေယတို့၏ ဟိတ သုခကိုသာ တောင့်တတော်မူသည်။

ပရမေနု။ပေ။ဝုစ္စတိ။ ။ဤဝါကျ၌ အနုဋီကာဝယ်...၂-နည်း ယောဇနာထား၏။ ပဌမနည်း၌ – သမန္နာဂတော ဘဂဝါ နာထောတိ ဝုစ္စတိ” ဟု၎င်း, “ သဗ္ဗသတ္တေ။ပေ။ ဘဂဝါ နာထောတိ ဝုစ္စတိ” ဟု၎င်း ၂-ဝါကျခွဲ၍ အနက်ပေးရ၏။ နိဿယ၌ ဤနည်း ကိုသာ ပေးထားသည်။ ဒုတိယနည်း၌ “သမန္နာဂတော သဗ္ဗသတ္တိ ဂုဏေဟိ ဤသတိ” စသည်ဖြင့် တဝါကျတည်း အနက်ပေးရသည်။

စိတ္တိဿရိယေန။ ။ စိတ္တိဿရိယေနာတိ အရိယိဒ္ဓိအာဒိနာ စိတ္တေ ဝသီဘာဝေ- န။’အနုဋီကာ။ ဤဋီကာအရ စိတ္တိသာရိယဟူသည် အရိယိဒ္ဓိစသော ဣဒ္ဓိတည်း၊ ဣဋ္ဌာရုံ ကို အနိဋ္ဌဟု ရှုနိုင်ခြင်း, အနိဋ္ဌာရုံကို ဣဋ္ဌဟု ရှုနိုင်ခြင်းစသည်ကို အရိယာဖြစ်တော်မူသော ရဟန္တာတို့၏ တန်ခိုးဟု ခေါ်သည်။ အာဒိဖြင့် စိတ်၏ အစွမ်းသတ္တိဖြစ်သော ဝသီဘော် အားလုံးကို ယူပါ။ ဣဿရဿ + ဘာဝေါ ဣဿရိယံ၊ စိတ္တေ + ဣဿရိယံ စိတ္တိဿ- ရိယံ။ ]

ဘဂဝါ၊ ကို။ နာထောတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ဝါ၊ တနည်း။ သဗ္ဗသတ္တေ၊ အလုံးစုံသော သတ္တဝါတို့ကို။ ဂုဏေဟိ၊ သီလစသော ဂုဏ်တို့ဖြင့်။ ဤသတိ၊ အစိုးရတော်မူနိုင်၏။ အဘိဘဝတိ၊ လွှမ်းမိုးတော်မူနိုင်၏။ ဣတိ၊ ထို့ကြောင့်။ ပရမိဿရော၊ အလွန်မြတ်သော အစိုးရဖြစ်တော်မူသော။ ဘဂဝါ၊ ကို။ နာထောတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။
သဒ္ဓမ္မေ ဂါရဝံ ကတွာ ပရိဿာမီတိ၊ ဟူ၍။ (ဝတွာ ၌စပ်)။ သောတဗ္ဗဘာဝေ၊ ဤအဋ္ဌကထာ၏ နာယူထိုက်သည်၏ အဖြစ်၌။ ကာရဏံ၊ အကြောင်းကို။ ဝတွာ၊ ဆိုပြီး၍။ ပုန၊ တဖန်။ သဝဗန၊ ဤအဋ္ဌကထာကို နာယူခြင်း၌။ နိယောဇေန္တော၊ တိုက်တွန်းလိုသည်။ (ဟုတွာ)၊ တံ သုဏာထ သမာဟိတာတိ၊ ဟူ၍။ (သင်္ဂဟကာရော၊ အဋ္ဌကထာကျဉ်းကို ပြုစီရင်သော အရှင် ဗုဒ္ဓဃောသသည်)။ အာဟ၊ ဆိုပြီ။

ဝါ၊ တနည်း။ ပါရာဏဋ္ဌကထာနယံ ဝိဂါဟိတွာ ကရိဿာမီတိ ဧတေန၊ ဟူသော ဤပါဌ်ဖြင့်။ (ဝတွာ ၌စပ်)။ သက္ကစ္စ သဝနေ၊ ကောင်းစွာပြု၍ နာယူခြင်း၌။

ဂုဏေဟိ ဤသတိ။ ။ပရက္ကံသဂတေဟိ (အလွန် မြတ်သည်၏အဖြစ်သို့ ရောက် ကုန်သော) အတ္တနော သီလာဒိဂုဏေဟိ ဓမ္မေန ဣဿရိယံ ဝတ္တေတီတိ အတ္ထော၊ ဤ၌ “ဣဿရိယံ ၀တ္တေတိ၊ အစိုးရသည်၏ အဖြစ်ကို ဖြစ်စေတတ်” ဟူသော အနက်သည် အဓိပ္ပါယတ္ထတည်း။ “ ဤသတိ၊ အစိုးရ၏” ဟုသာ ပေးပါ။ ထိုသို့ အစိုးရလျှင် သတ္တဝါ တို့ကို လွှမ်းမိုးနိုင်သောကြောင့် “ အဘိဘဝတိ”ဟု အဓိပ္ပါယတ္ထဖွင့်သည်။ ထိုသို့ အစိုးရ သော ပုဂ္ဂိုလ်ကို – သဗ္ဗာဘိဘူ”ဟု ခေါ်၏။ [သဒေဝက ဘိက္ခဝေ လောကေးပေ။ အဘိဘူ အနဘိဘူတော၊ တသ္မာ တထာဂတောတိ ဝုစ္စတိ၊ အင်္ဂုတ္တိုရ် စတုက္ကနိပါတ် ပဌမံ, ၃-ဝဂ် ၃-သုတ်။]

နာထောတိ ဝုစ္စတိ။ ။နာထ သဒ္ဓါသည် ဣဿရှအနက်ကို ဟောသောကြောင့် လောက၌ အုပ်ချုပ်သူ အစိုးရ ဟူသမျှကို နာထသဒ္ဓါက ဟောနိုင်သော်လည်း ဤနေရာ၌ အလွန်အကဲ အစိုးရသော ဗုဒ္ဓမြတ်စွာကိုသာ အတိသယနည်းအားဖြင့် နာထသဒ္ဒါက ဟောကြောင်းကို ပြလိုသောကြောင့် “နာထောတိ ဝုစ္စတိ ” ဟု ဝုစ္စတိသဒ္ဒါဖြင့် မိန့်တော် မူသည်။ [“ဝုစ္စတိ ဝုတ္တံ နာမံ ပရိယာယ, ရှိလက ဥပစာ” နှင့်အညီ အပေါင်း၏ အမည်ကို အစိတ်၌ တင်စားထားသော ဧကဒေသျှူပစာတည်း။]

သဒ္ဓံမ္မေ။ပေ။အာဟ။ ။အဋ္ဌကထာ၌ သဒ္ဓမ္မ။ ပေ။ ကရိဿာမိ” သည် ဤ အဋ္ဌကထာ၏ နာယူထိုက်သည်၏ အဖြစ်၌ အကြောင်းပြစကားတည်း။ “သဒ္ဓမ္မဖြစ်သော ဝိဘင်းပါဠိတော်၌ ` အလေးဂရုပြု၍ စီရင်မည်ဖြစ်သောကြောင့် ဤအဋ္ဌကထာကို နာယူ ထိုက်ပါသည်” ဟူလို၊ ဤသို့ အကြောင်းပြပြီး၍ “တံ သုဏာထ သမာဟိတာ” ဟု တိုက်တွန်းသောစကားကို မိန့်သည်။ -

ပေါရာဏ။ ပေ။သုဏာထာတိ။ ။ဤနည်း၌ကား “မိမိ၏ အတ္တနောမတိဖြင့် စီရင်မည် မဟုတ်ပါ၊ အရှင်မဟာကဿပ အစရှိသော မထေရ်မြတ်တို့မှ ဆင်းသက်၍ လာသော ပေါရာဏဋ္ဌကထာနည်းကိုမှီး၍ စီရင်ပါမည်”ဟု ဆိုသဖြင့် ဤအဋ္ဌကထာ၏လေးလေးစားစား နာယူထိုက်သော အဋ္ဌကထာဖြစ်ကြောင်းကို ပြ၏။ ဤသို့ ပြပြီး၍ လေးလေးစားစား နာယူခြင်း၌ တိုက်တွန်းလိုခြင်းကြောင့် “သဒ္ဓမ္မ ဂါရဝံ ကတွာ သုဏာထ”ဟု ဆိုသည်။

ဝါ၊ ရိုသေစွာ နာယူခြင်း၌။ ကာရဏံ၊ အကြောင်းကို။ ဝတွာစ၊ ဆိုပြီး၍လည်း။ တတ္ထ၊ ထိုရိုရိုသေသေ နာယူခြင်း၌။ နိယောဇေန္တော၊ သည်။ (ဟုတွာ) သဒ္ဓမ္မေ ဂါရဝံ ကတွာ တံ သုဏာထာတိ၊ ဟူ၍။ (သင်္ဂဟကာရော၊ သည်)။ အာဟ၊ ဆိုပြီ။ [အခြားသော ချီးမွမ်းကြောင်း ဂုဏ်ကို မဆိုဘဲ စတုသစ္စဒသော စသော ဂုဏ် ကိုသာ ဆိုရခြင်း၏ အကြောင်းကို ပြလိုသောကြောင့် "ဟတ္ထ" စသည်ကို မိန့်သည်။]

စ၊ ဆက်။ ဧတ္ထ၊ ဤ စတုသစ္စဒယော အစရှိသော ဂါထာ၌။ စတုသစ္စဒယောတိ ဝစနံ၊ စတုသစ္စဒယော ဟူသော စကားသည်။ စတုပ္ပဘေဒါယ၊ ၄ ပါး အပြားရှီသော။ ဒေသနာယ၊ ဓမ္မသင်္ဂဏီ ဒေသနာတော်ကို။ (ထောမနံ ၌စပ်)။ သမာနဂဏန ဒဿန ဂုဏေန၊ တူမျှသော ၄ ဂဏန်းကိုပြသော ဂုဏ်ဖြင့်။ ထောမနမေဝ၊ ချီးမွမ်းကြောင်း စကားသာတည်း။ ["ဂဏန်းတူဂုဏ်ဖြင့် ချီးမွမ်းလိုခြင်းမှတပါး အခြားအဓိပ္ပါယ် မရှိပါ" ဟု ဧဝသဒ္ဒါဖြင့် ကန့်သည်။] အဋ္ဌရသဟိ ဗုဒ္ဓဓမ္မေဟိ ဥပေတောတိစ (ဝစနံ)၊ ဟူသော စကားသည်လည်း။ အဋ္ဌရသပ္ပဘေဒါယ၊ တဆယ့်ရှစ်ပါး အပြားရှိသော။ ဒေသနာယ၊ ဝိဘင်း ဒေသနာတော်ကို။ သမာန ဂဏန ဂုဏေဟိ၊ တူမျှသော ၁၈ ဂဏန်းရှိသော ဂုဏ်တို့ဖြင့်။ ထောမနမေဝ၊ တည်း။ ဣတိ ဒဋ္ဌဗ္ဗံ၊

ဝါ၊ တနည်း။ ယထာဝုတ္တေန၊ အကြင် အကြင် ဆိုအပ်ပြီးသော။ (အနညပုဗ္ကတ္တာ, တတ္ထ စ သဗ္ဗညုတာယ အစရှိသည်ဖြင့် ဆိုအပ်ပြီးသော)။ နိရတိသယေန (နိ+ အတိသယေန)၊ မိမိထက် အလွန်အကဲမရှိသော။ စတုသစ္စ ဒဿနေန၊ ၄ ပါးသော သစ္စာကို မြင်တော်မူခြင်းကြောင့်။ ဘဂဝါ၊ သည်။ စတုဓာ၊ အားဖြင့်။ ဓမ္မသင်္ဂဏိံ၊ ဓမ္မသင်္ဂဏီပါဠိတော်ကို။ ဒေသေတုံ၊ ငှာ။ သမတ္ထော၊ စွမ်းနိုင်သည်။ အဟောသိ၊ ပြီ။ အဋ္ဌာရသ ဗုဒ္ဓဓမ္မ သမန္နာဂမေန၊ တဆယ့်ရှစ်ပါးသော မြတ်စွာဘုရား၏ ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူခြင်းကြောင့်။

မှတ်ချက်။ ။ပဌမနည်း၌ “သဒ္ဓမ္မ ဂါရဝံ ကဗျာ”ကို “ကရိဿာမိ”၌ စပ်ရ၏။ ဤ ဒုတိယနည်းကား “သဒ္ဓမ္မ ဂါရဝံ ကတာ”ကို “သုဏာထ”၌ စပ်ရသည်။ ဤသို့ ၂-နည်းဖွင့်သောကြောင့် အဋ္ဌကထာနိဿယဉ် ၂-နည်းပေးထားပါသည်။

ယထာ ဝုတ္တေန ဝါ။ ။ဒဿနတ္တ စခသာ အနက်များကို တနည်း ထုတ်ပြလို သောကြောင့် “ယထာဝုတ္တေန ဝါ”အစရှိသော ပါဌ်ကို မိန့်သည်၊ ဤ၌ သစ္စာ ၄-ပါး တရားကို သိမြင်တော်မူခြင်းသည် “ စတုသစ္စဒသော”ပုဒ်၏ တိုက်ရိုက် ပြအပ်သော ဒဿနတ္ထတည်း၊ တဆယ့်ရှစ်ပါးသော ဗုဒ္ဓဂုဏ်တော်တို့နှင့်’ ပြည့်စုံတော်မူခြင်းသည် “ဥပေတော ဗုဒ္ဓဓမ္မေဟိ အဋ္ဌာရသဟိ”ပုဒ်တို့ဖြင့် တိုက်ရိုက်ပြအပ်သော ဒဿနတ္ထတည်း။

(ဘဂဝါ) အဋ္ဌာရသဓာ၊ အားဖြင့်။ ဝိဘင်္ဂံ၊ ဝိဘင်းပါဠိတော်၌။ (ဒေသေတုံ) သမတ္ထော၊ သည်။ (အဟောသိ)၊ ဣတိ၊ ကြောင့်။ စတုသစ္စဒယော ဥပေတော ဗုဒ္ဓဓမ္မေဟိ အဋ္ဌာရသဟီတိ ဧတံ (ဝစနဒွယံ)၊ "စတုသစ္စ ဒသော ၊ဥပေတော ဗုဒ္ဓဓမ္မေဟိ အဋ္ဌာရသဟိ" ဟူသော ဤစကား ၂ ရပ် အပါင်းသည်။ ယထာဝုတ္တဒေသနာ သမတ္ထတာ သမ္ပာဒကဂုဏနိဒဿနံ၊ အကြင်အကြင် ဆိုအပ်ပြီးသော ၄ ပါး အပြားသော ဓမ္မသင်္ဂဏီပါဠိတော်, တဆယ့်ရှစ်ပါးပြားသော ဝိဘင်းပါဠိတော်ကို ဟောတော်မူခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်ကို ပြီးစေတတ်သော ဂုဏ်တော်တို့ကို ပြကြောင်း စကားရပ်တည်း။

တေန (နိဒဿနေန)၊ ထိုသို့ ပြခြင်းကြောင့်။ ယထာဝုတ္တာယ၊ အကြင်အကြင်ဆိုအပ်ပြီးသေား။ ဒေသနာယ၊ ဓမ္မသင်္ဂဏီဒေသနာ, ဝိဘင်းဒေသနာတော်၏။ ဝါ၊ ကို။ သဗ္ဗညုဘာသိတတ္တာ၊ သဗ္ဗညုဘုရားရှင်သည် ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့်။ အဝိပရီတတံ၊ မဖောက်မပြန် မှန်ကုနသ်ည်၏ အဖြစ်ကို။ ဒဿေန္တော၊ ပြလျက်။ ဝါ၊ ပြခြင်းကြောင့်။ တတ္ထ၊ ထို ဒေသနာ ၂ ရပ်၌။ သတ္ထေ၊ သတ္တဝါတို့ကို။ ဥဂ္ဂဟာဒီသု၊ သင်ယူခြင်း အစရှိသည်တို့၌။ (သင်ယူလေ့ကျက် ဆောင်ရွက် မှတ်သားခြင်းတို့၌)။ (သင်္ဂဟကာရော၊ သည်)။ နိယောဇေတိ၊ တိုက်တွန်း၏။ စ၊ သည်သာမကသေး။ နိဋ္ဌာနဂမနံ၊ ကျမ်း၏ ပြီးဆုံးခြင်းသို့ ရောက်ကြောင်ဖြစ်သော။ အတ္တနော၊ မိမိ၏။ ဝါယာမံ၊ လုံ့လကို။ ဝါ၊ လုံ့လဖြင့် ပြုစီရင်အပ်သော အဋ္ဌကထာကို။ ဒဿေန္တော၊ လျက်။ ဝါ၊ ကြောင့်။

နိဒဿနမေတံ။ ။ထိုသို့ ပြသဖြင့် ၄-ပါး အပြားအားဖြင့် - ဓမ္မသင်္ဂဏီကျမ်းကို ဟောတော်မူခြင်းငှါ စွမ်းနိုင်၏ဟူသောအနက်, တဆယ့်ရှစ်ပါး အပြားအားဖြင့် ဝိဘင်း ကျမ်းကို ဟောတော်မူခြင်းငှါ စွမ်းနိုင်၏ဟူသောအနက်သည် ထို ၂-ပုဒ်တို့ဖြင့် ပြအပ်သော ဒီပနတ္ထတည်း၊ ထိုဒီပနတ္ထကိုပင် “နိဒဿနမေတံ”ဟု ဆိုသည်။

တေန။ပေ။ နို့ယောဇေတိ။ ။စတုသစ္စဒသ ဥပေတ ဗုဒ္ဓဓမ္မဖြစ်တော်မူခသာ သဗ္ဗညုဘုရားရှင်သည် ဟောတော်မူအပ်သည့်အတွက် အလွဲအမှား မရှိနိုင်ကြောင်းကို ပြလျက် ထိုဒေသနာ ၂-ရပ်၌ သင်ယူခြင်းစသည်ကို ပြုဘို့ရန် တိုက်တွန်းခြင်းသည် စတု- သစ္စဒသော စသည်ကို ဆိုရခြင်း၏အကျိုးကိုပြသော ပကာသနတ္ထတည်း၊ ထိုပကာသနတ္ထ ကိုပင် “နိယောဗေတိ”ဟု ဆိုထားသည်။

နိဋ္ဌာနဂမနဉ္စ။ပေ။ ဥပ္ပါဒယတိ။ ။ပါဠိတော်ကိုသင်ယူခြင်း စသည်၌ တိုက်တွန်း သဖြင့် ထိုပါဠိတော်ကို ပြီးအောင်ဖွင့်နိုင်သော မိမိလုံ ့လကိုပြလျက် အဋ္ဌကထာကို နာယူ ခြင်း၌ လေးလေးစားစား ဖြစ်စေခြင်းလည်း အကျိုးပကာသနတ္ထ တမျိုးပင်တည်း။ ထို ့ကြောင့် “ဥဂ္ဂဟာဒီသု”ကို ဆည်းသော စ-သဒ္ဓါဖြင့် “အဋ္ဌကထာသဝနေ စ”ဟု မိန့်သည်။ “ယထာဝုတ္တ။ပေ။ ဇနယတိ”ဟူသော ဤစကားသည် အကျိုးအဆက်ဆက်ကို ပြသော "အနုဘာဝတ္ထ”စကားတည်း’ဟု ကြံသင့်သည်။

အဋ္ဌကထာသဣျမစ၊ အဋ္ဌကထာကို နာယူခင်း၌လည်း။ အာဒရံ၊ ရိုသေ လေးစားခြင်းကို။ ဥပ္ပါဒယတိ၊ ဖြစ်စေ၏။ ယထာဝုတ္တဂုဏရဟိတေန၊ အကြင်အကြင်ဆိုအပ်ပြီးသော စတုသစ္စဒဿဂုဏ်, အဋ္ဌာရသ ဗုဒ္ဓဓမ္မဂုဏ်တို့မှ ကင်းသော။ အသဗ္ဗညုနာ၊ သဗ္ဗညူမဟုတ်သော ပုဂ္ဂိုလ်သည်။ ဓမ္မသင်္ဂဏီ ဝိဘင်္ဂပ္ပကရဏာနံ၊ ဓမ္မသင်္ဂဏီကျမ်း, ဝိဘင်းကျမ်းတို့၏။ ဝါ၊ တို့ကို။ ဒေသေတုံ၊ ငှာ။ အသက္ကုဏေယျတံ၊ မစွမ်းနိုင်ကုန်သည်၏ အဖြစ်ကို။ ဒဿေန္တော၊ လျက်။ ဝါ၊ ကြောင့်။ တတ္ထ၊ ထို ဓမ္မသင်္ဂဏီကျမ်း, ဝိဘင်းကျမ်းတို့၌၎င်း။ တဒဋ္ဌကထာယစ၊ ထို ဓမ္မဘင်္ဂဏီအဋ္ဌကထာ, ဝိဘင်္ဂအဋ္ဌကထာ၌၎င်း။ သာတိသယံ (သ+ အတိသယံ)၊ အလွန်အကဲနှင့်တကွ။ ဂါရဝံ၊ ရိုသေလေးစားသူ၏ အဖြစ်ကို။ ဝါ၊ ရိုသေလေးစားခြင်းကို။ ဇနယတိ၊ ဖြစ်စေ၏။ စ၊ သည်သာမကသေး။ ဗုဒ္ဓါဒီနံ၊ ဘုရုား အစရှိကုန်သော။ ရတနာနံ၊ တို့၏။ သမ္မာသမ္ဗုဒ္ဓတာဒိဂုဏေ၊ သမ္မာသမ္ဗုဒ္ဓတာ အစရှိသော ဂုဏ်တော်တို့ကို။ ဝိဘာဝေတိ၊ ထင်စွာဖြစ်စေ၏။
တတ္ထ၊ ထို စတုသစ္စဒယော ဥပတော ဗုဒ္ဓဓမ္မေဟိ အဋ္ဌာရသဟိ ဟူသော ပါဌ်၌။ (တနည်း) တတ္ထ၊ ထို သစ္စာ ၄ ပါး, တဆယ့်ရှစ်ပါးသော ဗုဒ္ဓဓမ္မတို့တွင်။ စတ္တာရိ၊ ကုန်သော။ သစ္စာနိ၊ တို့သည်။ ပါကဋာနေဝ၊ ထင်ရှားကုန်သည်သာ။ အဋ္ဌာရသ၊ ကုန်သော။ ဗုဒ္ဓဓမ္မာ ပန၊ ဘုရားဂုဏ်တော်တို့ကိုကား။ ဧဝံ၊ ဤဆိုအပ်လတ္တံ့သော နည်းဖြင့်။ ဝေဒိတဗ္ဗာ၊ (ကိံ၊ အဘယ်သို့ သိထိုက်ကုန်သတည်း)။

အတီတံသေ၊ အတိတ်ဖြစ်သော တရားအဘို့၌။ ဗုဒ္ဓဿ၊ အလုံးစုံသော တရားတို့ကိုသိတော်မူပြီးသော။ ဘဂဝတော၊ ၏။ အပ္ပဋိဟတံ၊ မောဟသည် မဆီးတားမနှောင့်ယှက်အပ် မနှောက်ယှက်နိုင်သော။ ဝါ၊ အလုံးစုံသော ကိလေသာသည် မဆီးတား မနှောင့်ယှက်အပ် မနှောင့်ယှက်နိုင်သော။

ဗုဒ္ဓါဒိန် ။ပေ။ ဝိဘာဝေတိ။ ။ဤစကားဖြင့် မူလအကြောင်းရင်း ဖြစ်သော “ဝိဘာဝတ္ထု”ကို ပြသည်ဟု မှတ်ပါ၊ စတုသစ္စဒသော စသော ဂုဏ်တော်ဖြင့် အကြောင်း အကျိုး အမျိုးမျိုးကို ပြပြီးဖြစ်ရကား သာသနာတော်၏ အရင်းအစဖြစ်သော ရတနာ ၃-ပါး၏ ဂုဏ်တော်များကိုလည်း ထင်ရှားပြပြီးဖြစ်တော့သည်’ဟူလို။ [“သမ္မာသမ္ဗုဒ္ဓ” တာဒိဂုဏေ၌ အာဒိဖြင့် တရားတော်၏ “သွာက္ခာတတာ” အစရှိသော ဂုဏ်တော်, အရိယသံဃာတော်၏ “သုပ္ပဋိပန္နတာ” အစရှိသော ဂုဏ်တော်တို့ကို ယူပါ။]

အတိတံသေ။ပေ။ဉာဏံ။ ။အံသ သဒ္ဒါသည် “ကောဋ္ဌာသ” အနက်ကို ဟော၏၊ ဉာဏ်ဟူရာ၌ အတီတံသဉာဏ်, အနာဂတံသဉာဏ် ပစ္စုပ္ပန္နံသဉာဏ် ၃-ပါးသည် တပါး နှင့်တပါး မတူသောဉာဏ် ၃-မျိုးတည်းဟု ဝဒန္တိဝါဒ၎င်း သဗ္ဗညုတဉာဏ်တပါးတည်း သာဟု၎င်း အနုဋီကာ၌ ၂-နည်းပြ၏၊ ထိုတွင် နောက်နည်းသည် အနုဋီကာဆရာ၏ အလိုရှိအပ်သော နည်းတည်း။

မိမိ၏အယူ။ ။မိမိကား ဗုဒ္ဓမြတ်စွာ၏ ဆိုင်ရာဉာဏ်အမျိုးမျိုး၌ ကာလ ၃-ပါးဝယ် အပိတ်အပင် အဆီးအတား မရှိကြောင်းကိုပြသောစကားဟု ထင်၏၊ ထို ကြောင့် သဗ္ဗ- ညုတဉာဏ်တော်သာမက ဒိဗ္ဗစက္ခု စသော ဉာဏ်တော်အားလုံးကိုပင် ယူလိုပါသည်။ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ပစ္စုပ္ပန်အာရုံကို မြင်တော်မူလိုသောအခါ အပိတ်အပင် အဆီးအတား မရှိဘဲ ချက်ခြင်း မြင်တော်မူနိုင်၏၊ ပရစိတ္တဝိဇာနနဉာဏ်တော်ဖြင့် သူဘပါး၏စိတ်ကို သိတော်မူလိုသောအခါ ကာလ ၃-ပါး၌ပင် အပိတ်အပင် အဆီးအတားမရှိ ချက်ခြင်း သိတော်မူနိုင်၏၊ ဣန္ဒိယပရောပရိယတ္တိဉာဏ် စသည်တို့၌လည်း နည်းတူ။

အမှာ။ ။ဆန္ဒ စသည်တို့၏အနက်ကို အနုဋီကာကြည့်၍ ပေးပါသည်၊ နတ္ထိ ဒဝါ စသည်တို့၏ အနက်ကို နောက်၌ ဖွင့်လတ္တံ့ သော မူလဋီကာအဖွင့်ကို ကြည့်၍ ပေးပါသည်။

ဉာဏံ၊ ဉာဏ်တော်သည်။ (အတ္ထိ)၊ အနာဂတံသေ၊ အနာဂတ်ဖြစ်သော တရားအဘို့၌။ ။ပေ။ ပစ္စုပ္ပန္နံသေ၊ ပစ္စုပ္ပန်ဖြစ်သော တရားအဘို့၌။ ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ အပ္ပဋိဟတံ၊ သော။ ဝါ၊ သော။ ဉာဏံ၊ သည်။ (အတ္ထိ)၊ တီဟိ၊ ကုန်သော။ ဣဗမဟိ ဓမ္မေဟိ၊ ဤ ဂုဏ်တော်တို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံတော်မူသော။ ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ သဗ္ဗံ၊ အလုံးစုံသော။ ကာယကမ္မံ၊ ကာယကံတော်သည်။ ဝါ၊ ကိုယ်ဖြင့် ပြုအပ်သမျှ အလုပ်သည်။ ဉာဏပုဗ္ဗင်္ဂမံ၊ ဉာဏ်တော်ရှေ့သွားရှိသည်။ ဉာဏာနုပရိဝတ္တံ၊ ဉာဏ်တော်သို့ အစဉ်လိုက်သည်။ (ဟောတိ၊ ၏)။ သဗ္ဗံ၊ သော။ ဝစီကမ္မံ၊ ဝစီကံတော်သည်။ ဝါ၊ နှုတ်တော်ဖြင့် ပြုအပ်သမျှ စကားတော်သည်။ ။ပေ။၊
သဗ္ဗံ၊ သော။ မနောကမ္မံ၊ မနောကံတော်သည်။ ဉာဏပုဗ္ဗင်္ဂမံ၊ ။ပေ။၊ (ဟောတိ)၊ ဆဟိ၊ ကုန်သော။ ဣမေဟိ ဓမ္မေဟိ၊ တို့နှင့်။ သမန္နာဂတဿ၊ သော။ ဗုဒ္ဓဿ၊ သော။ ဘဂဝဗတာ၊ ၏။ ဆန္ဒဿ၊ သတ္တဝါတို့၏ စီးပွါးချမ်းသာကို ပြုလိုသော ဆန္ဒတော်၏။ ယာနိ၊ ယုတ်လျော့နည်းပါး ပျက်ပြားခြင်းသည်။ နတ္ထိ၊ မရှိ။ ဓမ္မဒေသနာယ၊ တရားဟောတော်မူခြင်း၏။ ဝါ၊ ဟောတော်မူအပ်သော တရားတော်၏။ (ယာနိ၊ သည်)။ နတ္ထိ၊ ဝီရိယဿ၊ ပရဟိတပဋိပတ္တိ၌ အားထုတ်ကြောင်း လုံ့လတော်၏။ (ဟာနိ၊ သည်)။ နတ္ထိ၊ သမာဓိဿ၊ သမာဓိတော်၏။ (ဟာနိ၊ သည်)။ နတ္ထိ၊ ပညာယ၊ ပညာတော်၏။ (ဟာနိ)၊ ဝုတ္တာနိ၊ ဝိမုတ္တိယာ၊ ကိလေသာ တို့မှလွတ်သော အရဟတ္တဖိုလ်၏။ ဟာနိ၊ သည်။ နတ္ထိ၊
ဒွါဒသဟိ၊ ကုန်သော။ ဣမေဟိ ဓမ္မေဟိ၊ တို့နှင့်။ သမန္နာဂတဿ၊ သော။ ဗုဒ္ဓဿ၊ သော။ ဘဂဝတော၊ ၏။ ဒဝါ၊ အကျိုးမဖက် အပျက်အချော် အပျော်ပြုခြင်းသည်။ နတ္ထိ၊ ရဝါ၊ မဆင်မခြင် အဆောတလျှင်ပြုခြင်းသည်။ နတ္ထိ၊ ။ အဖုဋံ၊ ဉာဏ်ဖြင့် မဖြန့်အပ်သော အရာသည်။ နတ္ထိ၊ (တနည်း) အဖုဋ္ဌံ၊ ဉာဏ္ဖြင့် မတွေ့မထိ မသိအပ်သော အရာသည်။ နတ္ထိ၊ ဝေဂါယိတတ္တံ၊ အပြေးအလွှား အဟုန်အားဖြင့် ဖြစ်စေအပ်သည်၏ အဖြစ်သည်။ နတ္ထိ၊ အဗျာဝဋမနော၊ ကောင်းကျိုးမငဲ့ ကြောင့် ကြမဲ့စိတ်သည်။ နတ္ထိ၊ အပ္ပဋိသင်္ခါနုပေက္ခာ၊ စဉ်းစားသမှု ဉာဏ်မပြုဘဲ လျစ်လျူရှုခြင်းသည်။ နတ္ထိ၊ ဣတိ၊ ဤသို့။ (ဝေဒိတဗ္ဗာ၊ ကုန်၏)။
တတ္ထ၊ ထို ပါဠိရပ်၌။ နတ္ထိ ဒဝါတိ၊ ကား။ ခိဉ္ဍာဓိပ္ပါယေန၊ မြူးတူးပျော်ပါးခြင်း၌ဖြစ်သော အလိုဖြင့်။ ကိရိယာ၊ ပြုခြင်းသည်။ ဝါ၊ အမူအရာသည်။ နတ္ထိ၊
နတ္ထိ ရဝါတိ၊ ကား။ သဟသာ၊ အဆောတလျှင်။ ကိရိယာ၊ သည်။ ဝါ၊ သည်။ နတ္ထိ၊
နတ္ထိ အဖုဋနတိ၊ ကား။ ဉာဏေန၊ ဉာဏ်ဖြင့်။ အဖုသိတံ၊ မတွေ့ မထိ မသိအပ်သောအရာသည်။ နတ္ထိ၊ [ဖုဋံ၌ ဖရဓာတ် ဖြစ်သောကြောင့် "ဖုသိတံ" ကို အဓိပ္ပါယတ္ထဟု မှတ်ပါ။ သို့မဟုတ် ပါဠိရင်းမှာပင် "နတ္ထိ အဖုဋ္ဌ" ဟု ဖုသ ဓာတ် တ ပစ္စည်းဖြင့် ရှိသင့်သည်။ ထိုသို့ရှိလျှင် "အဖုသိတံ" သည် သဒ္ဒတ္ထ အဖွင့်ပင် တည်း။]
နတ္ထိ ဝေဂါယိတတ္တန္တိ၊ ကား။ တုရိတကိရိယာ၊ အပြေးအလွှား ပြုခြင်းသည်။ နတ္ထိ၊ [ဝေဂေန၊ အဟုန်အားဖြင့်။ အာယိတံ၊ ဖြစ်စေအပ်သော အမှုတည်း။ ဝေဂါယိတံ၊ အမှု။ ဝေါဂါယိတဿ+ဘာဝေါ ဝေဂါယိတတ္တံ၊ တုရိယ ကိရိယာ ကား အဓိပ္ပါယတ္ထ အဖွင့်တည်း။]
နတ္ထိ အဗျာဝဋမနောတိ၊ ကား။ နိရတ္ထကော၊ အကျိုးမရှိသော။ စိတ္တသမုဒါစာရော၊ စိတ်၏ဖြစ်ခြင်းသည်။ နတ္ထိ၊ ["တွေးချင်ရာတွေး ငေးချင်ရာ ငေးနေသော စိတ်မျိုး မရှိ" ဟူလို၊ ဤ စိတ္တသမုဒါစာရလည်း သဒ္ဒတ္ထ မဟုတ်, အဓိပ္ပါယတ္ထသာ၊ "နတ္ထိ ဗျာဝဋော ယဿာတိ အဗျာဝဋံ၊ အဗျာဝဋံ စ+တံ+မနော စာတိ အဗျာဝဋမနော" ဟု သဒ္ဒတ္ထ ဖြစ်သည်။ ]
နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာတိ၊ ကား။ အညာဏုပေက္ခာ၊ ဉာဏ်၏ ဆန့်ကျင်ဘက် မောဟနှင့်ယှဉ်သော ဥပေက္ခာသည်။ နတ္ထိ၊ [ပဋိသင်္ခါရသဒ္ဒါသည် စူးစမ်းဆင်ခြင် တတ်သော ဉာဏ်ကို ဟော၏။ နတ္ထိ+ ပဋိသင်္ခါနံ+ ယဿာတိ အပ္ပဋိသင်္ခါနာ (ဥပေက္ခာ)။]

ပန၊ ဝါဒန္တရကား။ ကတ္ထစိ၊ အချို့အရာ၌။ နတ္ထိ ဓမ္မဒေသနာယဟာနီတိ၊ ူ၍။ အလိခိတွာ၊ မရေးမူ၍။ နတ္ထိ ဆန္ဒဿ ဟာနိ ။ပေ။ နတ္ထိ သတ္တိယာ တိ၊ ဟူ၍။ လိခန္တိ၊ ရေးကြကုန်၏။ [သတ္တိယာ၊ သတ္တိ၏။ ဟာနိ၊ သည်။ နတ္ထိ၊ ]

ဂန္ထာရမ္ဘအဖွင့် ပြီး၏။

[ဂန္ထာရမ္ဘအဖွင့်ကို ပြပြီး၍ ယခုအခါ၌ အဋ္ဌကထာကျမ်းရင်းစာသားကို ဖွင့်ပြလိုသော ဋီကာဆရာသည် "ဓမ္မသင်္ဂဟေ" အစရှိသော ပါဌ်ကို မိန့်။] ဓမ္မသင်္ဂဟေ၊ ကုသိုလ် အစရှိသော တရားတို့ကို သိမ်းယူရာသိမ်းယူကြောင်းဖြစ်သော ဓမ္မသင်္ဂဏီပါဠိတော်၌။ ကုသလာဒိကေ၊ ကုသိုလ် အစရှိကုန်သော။ ဓမ္မေ၊ တရားတို့ကို။ တိကဒုကေဟိ၊ တိက်ဒုက်တို့ဖြင့်။ သင်္ဂဟေတွာ၊ သိမ်းယူပြီး၍။ သုတ္တန္တေ၊ သုတ္တန်ပါဠိတော်၌။ [ခန္ဓသံယုတ်ပါဠိတော် အစရှီသော သုတ္တာန်၌။] ခန္ဓာဒိဝသေန၊ ခန္ဓာ အစရှိသည်တို့၏ အပြားအားဖြင့်။ ဝုတ္တေ၊ ဟောတော်မူအပ်ကုန်သော။ တေ ဧဝ ဓမ္မေ၊ ထို ကုသိုလ် အစရှိသော တရားတို့ကိုပင်။ ဝိဘဇိတုံ၊ အကျယ်ဝေဘန်တော်မူခြင်းငှာ။ ဝိဘင်္ဂပ္ပကရဏံ၊ ဝိဘင်းကျမ်းကို။ (ဘဂဝတာ) ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
တတ္ထ၊ ထို သုတ္တာန်ပါဠိတော်၌။ (တနည်း) တတ္ထ၊ ထို ဓမ္မသင်္ဂဏီပါဠိတော်၌။ သင်္ခေပေန၊ အကျဉ်အားဖြင့်။ ဝုတ္တာနံ၊ ဟောတော်မူအပ်ပြီးကုန်သော။ ခန္ဓာဒီနံ၊ ခန္ဓာ အစရှိသော တရားတို့ကို။ ဝိဘဇနံ၊ အကျယ်ဝေဘန်ခြင်းသည်။ ဝိဘင်္ဂေါ၊ ဝိဘင်္ဂမည်၏။
ယဿာ ပါဠိယာ၊ အကြင် ပါဠိတော်၏။ ပကတော၊ အပြားအားဖြင့် ပြုအပ်ပြီးသော။ အဓိဂတော၊ သိအပ်ရအပ်ပြီးသော။ သော သော ဝိဘင်္ဂေါ၊ ထိုထို အကျယ်ဝေဘန်ခြင်းသည်။ (အတ္ထိ၊ ရှိ၏)။ ဿာ၊ ထို ပါဠိတော်ကို။ ဝိဘင်္ဂပ္ပကရဏန္တိ၊ ဝိဘင်းကျမ်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

စ၊ ဆက်။ အဓိဂတောတိ (ပဒဿ)၊ အဓိဂတော ဟူသော ပုဒ်၏။ ဝတ္တဗ္ဗဘာဝေန၊ ဟောတော်မူထိုက်သည်၏ အဖြစ်ဖြင့်။ ပရိဂ္ဂဟိတော၊ ပိုင်းခြား၍ ယူအပ်ပြီးသော။ (ဝိဘင်္ဂေါ ၌စပ်)။ ဣတိ အတ္ထော၊ ဤကား အနက်။

တတ္ထ ။ပေ။ဝိဘင်္ဂေါ။ ။တတ္ထုဖြင့် ရွှေဝါကျ၌ ဆိုအပ်ပြီးသော “သုတ္တ” ပုဒ် ကို၎င်း “ ဓမ္မသင်္ဂဟေ ”ပုဒ်ကို၎င်း ညွှန်ပြနိုင်၏။ ထိုတွင် သုတ္တန္တပုဒ်ကို ညွှန်ပြရာ၌ “ သင်္ခေပ ”ဟူသည် ပဋိနိဒ္ဒေသ မပါဘဲ ဟောတော်မူအပ်သော ဥဒ္ဒေသ နိဒ္ဒေသမျှသာ တည်း၊ တတ္ထဖြင့် ဓမ္မသင်္ဂဟေပုဒ်ကို ညွှန်ပြရာ၌ “သင်္ခေပ ”ဟူသည် ဓမ္မသင်္ဂဏီပါဠိတော် ကောဋ္ဌာသဝါရဝယ် “ တသ္မိံ”ခေါ ပန သမယေ စတ္တာရော ခန္ဓာ ဟောန္တိ၊ ဒါယတနာနိ ဟောန္တိ၊ ရှေ ဓာတုယော ဟောန္တိ ” စသည်ဖြင့် ဟောတော်မူအပ်သော အကျဉ်းတည်း၊ ဝိဘဇနံပါဌ်ဖြင့် ဝိဘင်္ဂပ္ပကရဏံ၌ ဝိဘင်္ဂပုဒ်ကို ဘာဝသာဓနပြုပါဟု ပြသည်။

သော သော။ ပေ။ ဝုစ္စတိ။ ။ဤဝါကျဖြင့် ဝိဘင်္ဂပ္ပကရဏံပုဒ်၏ ဝစနတ္ထကို ပြသည်၊“သော သော ဝိဘင်္ဂါ”ဟု ဝိစ္ဆာဖြင့်ဆိုခြင်းမှာ ဤကျမ်း၌ ခန္ဓာတို့ကို အကျယ် ဝေဘန်ခြင်း, အာယတနတို့ကို အကျယ်ဝေဘန်ခြင်း စသည်ဖြင့် ဝိဘင်္ဂတွေ များသော ကြောင့်တည်း၊ ပကတောဖြင့် ပကရဏပုဒ်၏အနက်ကိုပြင်၊ ပကတောကို “အဓိဂတော” ဟု အနက်ဖွင့်သည်။ ပကရီယိတ္ထ၊ အပြားအားဖြင့် ပြုအပ် (သိအပ်) ပြီ။ ဣတိ ပကရဏံ။ ဝိဘဇနံ ဝိဘင်္ဂေါ၊ ပကရဏံ+ဝိဘင်္ဂေါ ယဿာတိ ဝိဘင်္ဂပ္ပကရဏံ။ [“ပကရဏဝိဘင်္ဂ” ဟု ဆိုလိုလျက် ရွှေ့နောက်ပြန်ထားသည်။]

အဓိဂတောတိ။ပေ။အတ္ထော။ ။ဤဝါကျသည် ရွှေဝါကျ၌ပါသော အဓိဂတော ၏အဖွင့်တည်း၊ စာအုပ်တို့၌ ကဝဂ် ပဌမက္ခရာဖြင့် “အဓိကတော”ဟု တွေ့ရသော်လည်း မဓုဋီကာ၌ ပကရိတဗ္ဗေဒကို “အဓိဂန္တဗ္ဗော” ဟု ဖွင့်၏၊ ထိုအဖွင့်၌ အဓိဂန္ဓဗ္ဗောသည် အဓိဂတောနှင့် သဘောတူပင်တည်း။ ထို့ကြောင့် တတိယက္ခရာ ဂဖြင့် ပါဌ်မှန်ရှိပါစေ။ မှန်၏... “ပရိဂ္ဂဟိတော၊ ပိုင်းခြား၍ယူအပ်”ဟူသည် အဓိဂတော၊ သိအပ် ရတပ်ပင်တည်း၊ ခန္ဓဝိဘင်းစသော ပါဠိတော်ဝယ် – ခန္ဓာငါးပါး စသည်ကို ဟောတော်မူထိုက်သည်၏အဖြစ်ဖြင့် သိအပ် ရအပ် ပိုင်းခြား၍ယူအပ်”ဟူလို။

တဿ ဝိဘင်္ဂပ္ပကရဏဿ၊ ထို ဝိဘင်းကျမ်း၏။ [စာအုပ်တို့၌ "တတ္ထ ဝိဘင်္ဂပ္ပကရဏဿ" ဟု ရှိသော်လည်း တတ္ထ ဖြင့် စွဲဘို့ရန် နိဒ္ဓါရဏ သမုဒါယလည်း မရှိ၊ အာဓာရလည်း မရှိသောကြောင့်၎င်း, မဓုဋီကာ၌ "တဿ ဝိဘင်္ဂ ။ပေ။ သုတ္တန္တ ဘာဇနီယံ နာမ " ဟု ရှိသာကြောင့်၎င်း "တဿ ဝိဘင်္ဂပ္ပကာရဏဿ" ဟု ပါဌ်မှန်ရှိပါစေ။] အာဒိဘူတေ၊ အစဖြစ်၍ဖြစ်သော။ ခန္ဓဝိဘင်္ဂေ၊ ခန္ဓဝိဘင်း၌။ ပဉ္စက္ခန္ဓာ ရူပက္ခန္ဓော ။ပေ။ ဝိညာဏက္ခန္ဓောတိ၊ ဟူသော။ ဣဒံ၊ ဤစကားသည်။ သုတ္တန္တဘာဇနီယံ နာမ၊ သုတ္တန္တ ဘာဇနီယမည်၏။ (အာစရိယ၊ အရှင် ဋီကာဆရာ)။
ဧတ္တကမေဝ၊ ဤမျှအတိုင်းအရှည်ရှိသော ပဉ္စက္ခန္ဓာ ရူပက္ခန္ဓော ။ပေ။ ဝိညာဏက္ခန္ဓော ဟူသော စကားသည်သာ။ သုတ္တန္တဘာဇနီယံ၊ သုတ္တန္တဘာဇနီယ သည်။ န ဟောတိ နနု၊ မဖြစ်သည် မဟုတ်ပါလော။ ဣတိ၊ ဤကားစောဒနာတည်း။ (ဘဒြမုခ၊ ကောင်းသော မျက်နှာရှိသော ငါ့ရှင် စောဒက။)
သစ္စံ၊ မှန်၏။ [ပဉ္ဏက္ခန္ဓာ ရူပက္ခန္ဓော ။ပေ။ ဝိညာဏက္ခန္ဓော ဟူသော စကားသာ သုတ္တန္တ ဘာဇနီယ မဟုတ်သည်သာ မှန်၏။] ပန၊ ထိုသို့ပင် မှန်ပါသော်လည်း။ အာဒိသဒ္ဒတ္ထ ဇောတကေန၊ အာဒိသဒ္ဒါ၏ အနက်ကို ထွန်းပြတတ်သော။ ဣတိ သဒ္ဒေန၊ ဖြင့်။ သဗ္ဗံ၊ သော။ သုတ္တန္တဘာဇနီယံ၊ သုတ္တန္တဘာဇနီယနည်းကို။ သင်္ဂဟေတွာ၊ သိမ်းယူ၍။ ဝါ၊ တနည်း။ ပကာရတ္ထဇောတကေန၊ အတူအနက်ကို ထွန်းပြတတ်သော။ [မဓုဋီကာ "ပကာရတ္ထဒီပကေနာတိ သဒိသတ္ထ ဒီပကေန" ဟု ရှိ၏။] ဣတိသဒ္ဒေန၊ ဖြင့်။ သဗ္ဗံ၊ သော။ သုတ္တန္တဘာဇနိယံ၊ ကို။ သင်္ဂဟေတွာ၊ ၍။ ဝိညာဏက္ခန္ဓောတိ ဧဝမာဒိ၊ ဝိညာဏက္ခန္ဓောဤသို့ အစရှိသော။ ဝါ၊ တနည်း။ ဝိညာဏက္ခန္ဓောတိ ဧဝံ ပကာရံ၊ ဝိညာဏက္ခန္ဓော ဤသို့ အတူရှိသော။ ဣဒံ၊ ဤစကားရပ်သည်။ သုတ္တန္တဘာဇနီယံ၊ မည်၏။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။
အထဝါ၊ ထို့ပြင်တနည်းကား။ ဧကဒေသေန၊ ပဉ္စက္ခန္ဓာ ရူပက္ခန္ဓော ။ပေ။ ဝိညာဏက္ခန္ဓော ဟူသော တစိတ်တဒေသ စကားဖြင့် ။ သမုဒါယံ၊ အပေါင်းဖြစ်သော သုတ္တန္တဘာဇနီယကို။ (သင်္ဂဟကာရော) နိဒဿေတိ၊ ညွန်ပြ၏။ ကောဝိယ၊ အဘယ်သူကဲ့သို့နည်း။ ပဗ္ဗဘသမုဒ္ဒါဒိနိဒဿကော ဝိယ၊ တောင်, သမုဒြာ အစရှိသည်ကို ညွှန်ပြသူကဲ့သို့တည်း။ **ဝိဘင်္ဂပ္ပကရဏဿ**။ ။ဝိဘင်္ဂပ္ပကရဏံပုဒ်ကို ဤ မူလဋီကာ၌ “ဝိဘဇနံ ဝိဘင်္ဂေါ၊ ပကရဏံ ဝိဘင်္ဂေါ ယာတိ”ဟု ဗဟုဗွီဟိသမာသ်ကို ပြ၏၊ အနုဋီကာ၌ကား “ဝိဘဇီ- ယန္တိ ဧတ္ထု, ဧတေန ဝါ ခန္ဓာဒယောတိ ဝိဘင်္ဂေါ၊ခန္ဓာ အစရှိသည်တို့ကို အကျယ် ဝေဘန်ရာ ဝေဘန်ကြောင်းဖြစ်သော ကျမ်း၊ ပကရီယန္တိ ပဌပီယန္တိ ဧတ္ထု ဧတေန ဝါတိ ပကရဏံ၊ထိုခန္ဓာစသည်တို့ကို အပြားအားဖြင့် ပြုစီရင်အပ်ရာ အပြားအားဖြင့် ထားအပ် ရာ, အပြားအားဖြင့် ပြုစီရင်အပ်ကြောင်း, အပြားအားဖြင့် ထားအပ်ကြောင်းကျမ်း၊ ဝိဘင်္ဂေါ စ+သော+ပကရဏဉ္ဇာတိ ဝိဘင်္ဂပ္ပကရဏံ” ဟု တနည်းပြုသေး၏။ [ဤဋီကာအဖွင့်င်း အဋ္ဌကာနိဿယ၌ အဓိပ္ပါယ်ရေးထား၏။]
တတ္ထ၊ ထို ဝိဘင်းကျမ်း၌။ ခန္ဓာနံ၊ ခန္ဓာတို့၏။ ဝါ၊ ခန္ဓာတို့က။ နိဗ္ဗာနဝဇ္ဇာနံ၊ နိဗ္ဗာန်သည် ကြဉ်အပ်ကုနသော။ သဗ္ဗဓမ္မာနံ၊ အလုံးစုံသော တရားတို့ကို။ သင်္ဂဟကတ္တာ၊ သိမ်းယူတတ်ကုန်သည်၏ အဖြစ်ကြောင့်၎င်း။ သဗ္ဗသင်္ဂါဟကေဟိ၊ အလုံစုံသော တရားတို့ကို သိမ်းယူတတ်ကုန်သော။ အာယတနာဒီဟိ၊ အယတန အစရှိသည်တို့အောက်။ အပ္ပကတရပဒတ္တာ စ၊ သာ၍ နည်းသော ပုဒ် ရှိကုန်သည်၏ အဖြစ်ကြောင့်၎င်း။ ခန္ဓဝိဘင်္ဂေါ၊ ခန္ဓဝိဘင်းကို။ အာဒိမှိ၊ အစ၌။ (ဘဂဝတာ) ဝုတ္တော၊ ဟောတော်မူအပ်ပြီ။

န တတော ဟေဋ္ဌာတိ၊ န တတော ဟေဋ္ဌာ ဟူသော ဤစကားကို။ (ဝုတ္တံ ၌စပ်)။ ရူပါဒီနံ၊ အရုပ် အစရှိသော တရားတို့၏။ ဝေဒယိတာဒိ သဘာဝတ္တာ ဘာဝါ၊ ခံစားခြင်း အစရှိသော သဘောရှိကုန်သည်၏ အဖြစ်၏ မရှိခြင်းကြောင့်၎င်း။

တတ္ထ။ပေ။အာဒိမှိ ဝုတ္တော။ ။ဝိဘင်း ၁၈-ရပ်တို့တွင် အဘယ့်ကြောင့် ခန္ဓ ဝိဘင်းကို အစစ္စာ ဟောတော်မူအပ်ပါသနည်းဟု မေးဘွယ်ရှိသောကြောင့် “တတ္ထ။ပေ။ အာဒိမှိ ဝုတ္တော”ဟု မိန့်သည်၊ ခန္ဓာငါးပါးသည် နိဗ္ဗာန်မှတပါး အလုံးစုံ ပရမတ္ထတရား တို့ကို သိမ်းယူနိုင်၏၊ ထိုသို့ သိမ်းယူနိုင်သောကြောင့်၎င်း, အာယတနဓာတ်တို့ထက် အရေအတွက် နည်းသောကြောင့်၎င်း (အရေအတွက်နည်းသဖြင့် မှတ်၍ လွယ်သည်— ဟူလို၊) ခန္ဓဝိဘင်းကို အစစ္စာ ဟောတော်မူရပါသည်။

မေးဘွယ်။ ။ဤအကြောင်း ၂-ရပ်ကြောင့် ခန္ဓဝိဘင်းကို အခစ္စာ ဟောတော် မူလျှင် သစ္စဝိဘင်းသည် နိဗ္ဗာန်နှင့်တကွ အလုံးစုံသော တရားတို့ကို သိမ်းယူနိုင်သော ကြောင့်၎င်း, ခန္ဓာငါးပါးထက်ပင် ပုဒ်အရေအတွက် နည်းသောကြောင့်၎င်း သစ္စ ဝိဘင်းကို အစစ္စာ ဟောတော်မူထိုက်သည် .. မဟုတ်ပါလောဟု မေးဘွယ်ရှိ၏၊ အဖြေ ကား’သစ္စဝိဘင်း၌လည်း ခန္ဓာငါးပါးကို အကုန်မဟောပါ၊ သစ္စဝိမုတ်တွေ ကျန်နေပါ သည်၊ ဤသို့ ခန္ဓာငါးပါး မကုန်သောကြောင့် သစ္စဝိဘင်းကို အစစ္စာ မဟောထိုက်ပါ။

တနည်း။ ။ဝိနေယပုဂ္ဂိုလ်တို့သည် ရုပ်တရား၌ တွေဝေသောပုဂ္ဂိုလ်, နာမ်တရား၌ တွေဝေသောပုဂ္ဂိုလ် ရုပ်နာမ် ၂-ပါး၌ တွေဝေသောပုဂ္ဂိုလ် ဤသို့ ၃-မျိုးရှိ၏၊ ထိုတွင် နာမသမ္မုင္မွ ပုဂ္ဂိုလ်တို့အတွက် နာမ်တရားကို ခန္ဓာ ၄-ပါးခဲ့၍ ရှေးဦးစွာ ဟောတော် မူ၏၊ ရူပသမ္မူ ဋ ပုဂ္ဂိုလ်တို့အတွက် ရုပ်တရားကို ၁၀-ပါးနှင့် တစိတ်ခွဲ၍ အာယတန ဒေသနာကို ဟောတော်မူ၏၊ ဥဘယသမ္မူ ပုဂ္ဂိုလ်တို့အတွက် ရုပ်ဘရားကို ၁၀-ပါးနှင့် တစိတ်, နာမ်တရားကို ၇-ပါးနှင့် တစိတ်ခဲ့၍ ဓာတုဒေသနာကို ဟောတော်မူ၏၊ ဤသို့ သမ္မူပုဂ္ဂိုလ် ၃-မျိုးအစဉ်အားဖြင့် ခန္ဓ အာယတန ဓာတုဒေသနာတို့ကို အစဉ်အတိုင်း ဟောတော်မူပါသည်၊ ဤသို့ အနုဋီကာ၌ အကျယ်ပြထားသည်ကို ရှုပါလေတော့။

ရူပါဒိနံ။ပေ။ အဘာဝါ။ ။ရူပါဒိ၌ အာဒိဖြင့် ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်တို့ကို ယူပါ၊ ရုပ်မှာ ဝေဒယိတ စသော သဘောမရှိ ရုပ္ပနသဘောသာ ရှိ၏၊ ဝေဒနာမှာလည်း ရုပ္ပန စသော သဘောမရှိ ဝေဒယိတသဘောသာ ရှိ၏၊ ဤသို့စသည် ဖြင့် အခြားခန္ဓာ၏ သဘောမရှိပုံကို သိပါ၊ အကယ်၍ ရုပ်မှာ ဝေဒယိတသဘောရှိလျှင် ရုပ်နှင့်ဝေဒနာကို တပေါင်းတည်းပြု၍ ခန္ဓာတပါးတည်း ဖွဲ့ရာ၏။ ထိုသို့ ဖွဲ့ဘို့ရန် ရုပ်မှာ ဝေဒယိတသဘော မရှိပါ-ဟူလို၊ ဤစကားဖြင့် ခန္ဓာ ၅-ပါးအောက် လျှော့၍' မဖြစ် ကြောင်းကို ပြသည်။

ယသ္မိံ သဘာဝေ၊ အကြင် ကုသိုလ် အစရှိသော သဘော၌။ အတီတာဒယော၊ အတိတ်ကုသိုလ်အစရှိသော တရားတို့ကို။ ရာသီ၊ အစုတို့ကို။ ကတွာ၊ ၍။ ဝတ္တဗ္ဗာ၊ ဟောထိုက်ကုန်၏။ ရုပ္ပနာဒိတော၊ ရုပ္ပန အစရှိသော သဘောမှ။ အညဿ၊ အခြားသော။ တဿ၊ ထို ကုသိုလ် အစရှိသော သဘော၏။ အဘာဝါစ၊ မရှိခြင်းကြောင့်၎င်း။ ဟေဋ္ဌာ၊ ငါးပါးမှ အောက်၌။ ဂဏနေသု၊ ၃ ပါး ၄ ပါး စသော အရေအတွက်တို့၌။ သင်္ခတဓမ္မာနံ၊ သင်္ခတတရားတို့၏။ [အသင်္ခတနိဗ္ဗာန်ကား ခန္ဓာနှင့်မဆိုသောကြောင့်" သင်္ခတဓမ္မ" ဟု ဆိုသည်။] အနိဋ္ဌာနံ၊ မပြီးဆုံးသော။ သာဝသေသဘာဝံ၊ အကြွင်းအကျန်နှင့်တကွ ဖြစ်သည်၏ အဖြစ်ကို။ သန္ဓာယ၊ ရည်ရွယ်၍။ (သင်္ဂဟကာရေန) ဝုတ္တံ၊ ဆိုအပ်ပြီ။ ဟေဋ္ဌာ၊ ငါးပါးမှ အောက်၌။ ဂဏနမတ္တာဘာဝံ၊ အရေအတွက်မျှ၏ မရှိခြင်းကို။ သန္ဓာယ၊ ၍။ (သင်္ဂဟကာရေန) န ဝုတ္တံ၊ ဆိုအပ်သည်မဟုတ်။

ယသ္မိံ”သဘာဝေ။ပေ။ဝတ္တဗ္ဗာ။ ။“ယသို့” သဘာဝေ”ကို မဓုဋီကာ၌ “ယသ္မိံ ” သဘာဝေတိ အတီတာဒိသဘာ, ကုသလာဒိသဘာဝေ စ”ဟု ဖွင့်၏၊ ထိုအဖွင့်တွင် နောက်နည်းကို ယူ၍ နိဿယ၌ ပေးထားပါသည်၊ ကုသိုလ်တရားတို့သည် အတိတ် ကုသိုလ်, ပစ္စုပ္ပန်ကုသိုလ်, အနာဂတ်ကုသိုလ်ဟု ၃-မျိုးရှိရ၏၊ ထို ၃-မျိုးကိုပေါင်းလျှင် ကုသလက္ခန္ဓာ”ဟု တမျိုးဖြစ်နိုင်၏၊ ထို့အတူ အကုသလက္ခန္ဓာ, အဗျာကတက္ခန္ဓာ ဖြစ်နိုင်ပုံကိုလည်း သိပါ၊ ထိုသို့ ဖွဲ့လျှင် ခန္ဓာ ၃-မျိုးဖြင့် တရားအားလုံး ပြည့်စုံနိုင်သည် မဟုတ်ပါလောဟု မေးဘွယ်ရှိသောကြောင့်“ယသ္မိံ။ပေ။၀တ္တဗ္ဗာ”ဟု မိန့်သည်။

တဿ ။ပေ။အဘာဝါ စ။ ။ထို ကုသိုလ် အစရှိသော သဘောကလည်း ရုပ္ပန စသော သဘော ၅-မျိုးမှ တမျိုးတခြား မဟုတ်သောကြောင့် အခြား တရားတို့ကို ခန္ဓာ ဖွဲ့လျှင်လည်း ဤ ရူပက္ခန္ဓာ စသည်မှ တမျိုးတခြား မဟုတ်တော့-ဟူလို။

ဟေဋ္ဌာ။ပေ။သာဝသေသဘာဝံ။ ။ဤ ပြခဲ့သော အကြောင်း ၂-ရပ်ကြောင့် ခန္ဓာ ၅-ပါးကို ၂-ပါးစီစသည် ပေါင်း၍လည်း မဖွဲ့သင့်၊ အခြားနာမည်ဖြင့်လည်း ခန္ဓာ မဖွဲ့သင့်ရကား ရူပက္ခန္ဓာ စသော ၅-ပါးကိုသာ ဖွဲ့ရတော့မည်။ ထိုသို့ ဖွဲ့လျှင် ၅-ပါးလုံး အပြည့်အစုံမဖွဲ့ဘဲ ၄-ပါး ၃-ပါးစသည်သာ ဟောတော်မူလျှင် သင်္ခတတရား အားလုံး မဆုံး(မပြည့်စုံ)ဘဲ ကြွင်းကျန်နေဘွယ်ရှိသည်ကို ရည်ရွယ်၍ .. နေ တကော ဟေဋ္ဌာ” ဟု မိန့်ပါသည်။ ၅-ပါးအောက် ခန္ဓာ ၄-ပါး ခန္ဓာ ၃-ပါးမရှိနိုင်ရုံမျှကို ရည်ရွယ်၍ မိန့်တော် မူသည်မဟုတ်ပါ၊ [အနိဋ္ဌာနန္တိ အပရိယောသာနံ၊ ရူပါဒီသု ဟိ ု ကတိပယေ ဧကမ္ပိ ဝါ ၊ အဂ္ဂဟေတွာ ဝုစ္စမာနာ ခန္ဓဝသေန ဒေသနာ အနဝသေသ သင်္ခဘဓမ္မ သင်္ဂါဟိနီ န သမ္ဘဝတိ၊-အနုဋီကာ။

ပန၊ အဘို့တပါးကား။ ဆဋ္ဌဿ၊ ၆ ခုမြောက်ဖြစ်သော။ ခန္ဓဿ၊ ခန္ဓာ၏။ အဘာဝါ၊ မရှိခြင်းကြောင့်။ နဥဒ္ဓန္တိ၊ န ဥဒ္ဓံ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊ ဆိုပြီ။ (ကသ္မာ၊ အဘယ့်ကြောင့်။ ဆဋ္ဌဿ၊ သော။ ခန္ဓဿ၊ ၏။ အဘာဝေါ၊ မရှိခြင်းသည်။ ဟောတိ၊ ဖြစ်သနည်း)။
ဟိ (ယသ္မာ)၊ အကြင့်ကြောင့်။ ဘဝိဘာဂဓမ္မေဟိ၊ ဝေဘန်အပ်သော အတိတ် အနာဂတ် စသော ၁၁ ပါး အပြားရှိသော တရားတို့မှ။ [ရှေးစာအုပ်တို့၌ "သဗ္ဗဘဝိဘာဂဓမ္မေဟိ၊ အလုံစုံအားဖြင့် ဝေဘန်အပ်သော အပြားရှိသော တရားတို့မှ "ဟု ပါဌ်ရှိ၏။] နိဿဋဿ၊ လွတ်သော။ ဝါ၊ လွတ်သည်၏ အဖြစ်ကြောင့်။ (ဟေတုမန္တ ဝိသေသန)၊ အတီတာဒိဘာဝရဟိတဿ၊ အတိတ် အစရှိသည်၏ အဖြစ်မှ ကင်းသော။ ဧကဿ၊ တပါးတည်းသော။ နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။ ရသဋ္ဌော၊ အစုဟူသော အနက်သည်။ ဝါ၊ အစုသဘောသည်။ န အတ္ထိ၊ မရှိ။ ဣတိ၊ ထို့ကြောင့်။ (ဆဋ္ဌဿ၊ သော။ ခန္ဓဿ၊ ၏။ အဘာဝေါ၊ သည်။ ဟောတိ၊ ၏)။
ရာသိမှီတိ (ဣမိနာ)၊ ရာသိမှိ ဟူသော ဤပါဌ်ဖြင့်။ သဒ္ဒတ္ထ သဟိတံ၊ သဒ္ဒါ၏ အနက်နှင့်တကွဖြစ်သော။ ခန္ဓသဒ္ဒဿ၊ ခန္ဓသဒ္ဒါ၏။ ဝိသယံ၊ ဟောရာအနက်ကို။ (သင်္ဂဟကာရော) ဒဿေတိ၊ ၏။

ဂုဏေ ပဏ္ဏတ္တိယံ ရုဠှိယန္တိ (ဣမိနာ)၊ ဟူသော ဤပါဌ်ဖြင့်။

န ဟိ။ပေ။အတ္တီတိ။ ။“ဆဋ္ဌဿ ခန္ဓဿ အဘာဝါ” ဟူသော ဟိတ်ကိုပင် အကြောင်းပြလို၍ “န ဟိ။ပေ။အတ္တိ”ဟု မိန့်သည်။ နိဗ္ဗာန်သည် အတိတ် အနာဂတ် စသော ၁၁-ပါးအားဖြင့် ဝေဘန်အပ်သော အပြားရှိသော တရားမဟုတ်၊ ထို ဝေဘန် အပ်သော အပြားရှိသောတရားမှ အလွတ်ဖြစ်သော တပါးတည်းသောတရား ဖြစ်၏၊ ထိုသို့ အလွတ်ဖြစ်သောကြောင့်ပင် အစုသဘောမရှိရကား နိဗ္ဗာန်သည် “ရာသိ” အနက် ဟော ခန္ဓသဒ္ဒါဖြင့် ခြောက်ခုမြောက် ခန္ဓာမဖြစ်နိုင်’ဟူလို။

မှတ်ချက်။ န ဟိတက်, ဟိနက်မှာ, ဟိတ်ပါဒဋီစွဲ "ဟူသော ရှေးဆရာတို့ “န နိယာမ်နှင့်အညီ “ န ဟိ”ဟု ရှိရာ၌ ဒမ္ဘီအနက်, ဟိတ်အနက် ၂-မျိုးလုံးပင် ပေးလေ့ ရှိကြ၏၊ ဤဝါကျ၌ “အတ္တီတိ” ဟု ဣတိသဒ္ဒါ ပါ၏။ ထို ဣတိဖြင့် ရွှေသို့ လှည့်၍စပ်မှ အဓိပ္ပါယ် ပြည့်စုံသောကြောင့် ဣတိသဒ္ဓါ အဆုံးပါလျှင် ဟိတ်အနက် ပေးခြင်းသာ ကောင်းသည်။ ထိုသို့ ဟိတ်အနက်ပေးလိုလျှင် ရွှေဝါကျက ဖလစကားကို ကသ္မာထည့်၍ ပုစ္ဆာလုပ်ရပါသည်။ နိဿယ၌ ပုစ္ဆာဝါကျထည့်ထားပုံကို ကြည့်ပါ။ ဟိတ်အနက်မပေး လိုသော် – ဟိ (သစ္စံ)၊ မှန်၏”ဟု ဖဋ္ဋိပေး၍ “ဣတိ၊ ဤသို့ မှတ်အပ်၏” ဟုလည်း အလွယ်ပေးနိုင်ပါ၏။

သဒ္ဓတ္ထ။ပေ။ဝိသယံ ။ ။ခန္ဓနှင့်ရာသိသည် ပရိယာယ်တည်း။ ထို့ကြောင့် “ခန္ဓာ၊ အစု” ဟူသော အနက်သည် သဒ္ဒါအနက်လည်း ဟုတ်၏၊ ဝိသယ (ဟောရာ) အနက် လည်း ဟုတ်၏။ ထို့ကြောင့် “ သဗ္ဗတ္ထ။ပေ။ဝိသယံ ” ဟု မိန့်သည်။ [– ဝိသေသေန သေတိ ပဝတ္တတိ ဧတ္ထာတိ ဝိသယော”နှင့်အညီ သဒ္ဒါ၏အထူးသဖြင့် ဖြစ်ရာအနက်ကို “ ဝိသယ” ဟုခေါ်သည်)။

ခန္ဓဘဒ္ဒဿ၊ ခန္ဓသဒ္ဒါ၏။ ဝိသယမေဝ၊ ဟောရာအနက်ကိုသာ။ ဒဿေတိ၊ ပြ၏။ သဒ္ဒတ္ထံ၊ သဒ္ဒါ၏ အနက်ကို။ န ဒဿေတိ၊ ပြသည်မဟုတ်။
ဟိ၊ မှန်၏။ လောကိယ လောကုတ္တရဘေဒံ၊ လောကီ လောကုတ္တရာ အပြားရှိသော။ သီလာဒိဂုဏံ၊ ဒီလ အစရှိသော ဂုဏ်ကို။ နိပ္ပဒေသေန၊ အကြွင်းမရှိသော အားဖြင့်။ [လောကီ လောကုတ္တရာ အလုံးစုံအားဖြင့်။] ဂဟေတွာ၊ ယူ၍။ (ဟောရာ အနက်အားဖြင့် ယူ၍)။ ပဝတ္တမာနော၊ ဖြစ်သော။ ခန္ဓသဒ္ဒေါ၊ ခန္ဓသဒ္ဒါသည်။ သီလာဒိဂုဏဝိသိဋ္ဌံ၊ သီလ အစရှိသော ဂုဏ်တို့ဖြင့် အထူးပြုအပ်သော။ ရာသဋ္ဌံ၊ အစုဟူသော အနက်ကို။ ဒီပေတိ၊ ပြ၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။
ပန၊ ဝါဒန္တရကား။ ကေစိ၊ အချို့သော ဓမ္မသိရီဆရာတို့သုည်။ ဧတ္ထ၊ ဤ "သီလက္ခန္ဓော" အစရှိသော ပါဌ်၌။ ဂုဏဋ္ဌော၊ ဂုဏ်ဟူသော အနက်သည်။ ခန္ဓဋ္ဌော၊ ခန္ဓသဒ္ဒါ၏ အနက်တည်း။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ ဆိုကြကုန်၏။ [ကေစိဆရာတို့သာ ဆိုသည်မဟုတ်၊ အဋ္ဌကထာဆရာတို့လည်း ခန္ဓသဒ္ဒါ၏ အနက်ကို "ဂုဏဋ္ဌ" ဟုလည်း ဆိုခဲ့ကြ၏။ "သီလက္ခန္ဓော သမာဓိက္ခန္ဓောတိ အာဒီသု ဂုဏဋ္ဌေန" အဋ္ဌသာလိနီ စိတ္တုပ္ပါဒကဏ္ဍ, ကာမာဝစရကုသလ နိဒ္ဒေသဝါရကထာ။]
ပန၊ အဘို့တပါးကား။ ဒါရုက္ခန္ဓောတိ ဧတ္ထ၊ ဒါရုက္ခန္ဓော ဟူသော ဤပါဌ်၌။ ခန္ဓ သဒ္ဒေါ၊ ခန္ဓသဒ္ဒါသည်။ ပညတ္တိသဒ္ဒဿ၊ ပညတ္တိသဒ္ဒါ၏။ အတ္ထေ၊ အနက်၌။ န ဝတ္တတိ၊ ဖြစ်သည်မဟုတ်။ ["ဒါရုက္ခန္ဓော၊ သစ်သားဟူသော နာမည် ပညတ်" ဟု အနက်မပေးနိုင်" ဟူလို။] ပန၊ အဟုတ်ကား။ တာဒိသေ၊ ထိုကဲ့သို့ ရှုအပ်သော။ ပုထုလာယတေ၊ လုံးပတ်လည် တုတ်, အလျားလည်း ရှည်သော။ ဒါရုမှိ၊ သစ်သား၌။ ဒါရုက္ခန္ဓောတိ၊ သစ်တုံးဟူ၍။ ပညတ္တိ၊ ခေါ်ဝေါ်ပညတ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ထို့ကြောင့်။ ပညတ္တိယံ၊ နာမည်ပညတ်ဟူသော အနက်၌။ နိပတတိ၊ ကျရောက်၏။ ဣတိ၊ ဤသို့။ (သင်္ဂဟကာရေန) ဝုတ္တံ၊ ဆိုအပ်ပြီ။
တထာ၊ ထို့အတူ။ [ရာသိအနက် မပါခြင်းအားဖြင့် တူသည်ကို ရည်ရွယ်သည်။] (တနည်း) တထာ၊ ထိုမှတပါး။ [ပညတ်၌ ကျရောက်ပုံမှတပါး ရုဠှီအနက်၌ ကျရောက်ပုံကား။] ဧကသ္မိံပိ၊ တခုလည်းဖြစ်သော။ ဝိညာဏေ၊ ဝိညာဉ်၌။ ပဝတ္တော၊ ဖြစ်သော။ ဝိညာဏက္ခန္ဓောတိ၊ ဝီညာဏက္ခန္ဓော ဟူသော ပါဌ်၌။ ခန္ဓသဒ္ဒေါ၊ ခန္ဓသဒ္ဒါသည်။ ရုဠှီသဒ္ဒဿ၊ ရုဠှီသဒ္ဒါ၏။ အတ္ထံ၊ အနက်ကို။ န ဝဒတိ၊ ဟောသည်မဟုတ်။ ["ဝိညာဏက္ခန္ဓော၊ ဝိညာဏ်ရုဠီ" ဟု အနက်မပေးနိုင် ဟူလို။] ပန၊ အနွယကား။ သမုဒါယေ၊ အပေါင်း၌။ နိရုဠှော၊ တက်ရောက် ထင်ရှားသော။ **ဂုဏေ ။ပေ။ န သဒ္ဒတ္ထံ**။ ။ "ခန္ဓော၊ ဂုဏ်ဟု၎င်း, ပညတ်ဟု၎င်း , ရုဠှီ" ဟု၎င်း မပေးနိုင်။ ထို့ကြောင့် "ဂုဏေ" စသော အနက်သည် သဒ္ဒတ္ထ မဟုတ်၊ ဆိုင်ရာ ပြယုဂ် အားလျော်စွာ ဟောရာ (ဝိသယ) အနက်သာ ဖြစ်သည်။ ခန္ဓသဒ္ဒေါ၊ ခန္ဓသဒ္ဒါသည်။ တဒေကဒေသေ၊ ထု အပေါင်း၏ အစိတ်၌။ ပဝတ္တမာနော၊ ဖြစ်လသော်။ တာယ ရုဠှိယာ ဧဝ၊ ထို အတွင်း ရုဠှီအားဖြင့်ပင်။ ပဝတ္တတိ၊ ဖြစ်၏။ ဣတိ၊ ထို့ကြောင့်။ ခန္ဓသဒ္ဒေါ၊ ခန္ဓသဒ္ဒါသည်။ ရုဠှိယံ၊ ရုဠှီအနက်ကို နိပတတိ၊ ကျရော်၏။ ဣတိ၊ ဤသို့။ (သင်္ဂဟကာရေန) ဝုတ္တံ၊ ဆိုအပ်ပြီ။
ရာသိတော ဂုဏတောတိ၊ ရာသိတော ဂုဏတော အစရှိသော။ သဗ္ဗတ္ထ၊ အလုံးစုံသော စကားရပ်၌။ နိသက္ကဝစနံ၊ ပဉ္စမီဝိဘတ်ကို။ ဝိသယဿေဝ၊ ဟောရာအနက်၏ပင်။ ခန္ဓသဒ္ဒပ္ပဝဝ္တိယာ၊ ခန္ဓသဒ္ဒါဖြစ်ခြင်း၏။ ကာရဏဘာဝံ၊ အကြောင်း၏အဖြစ်ကို။ သန္ဓာယ၊ ရည်ရွယ်၍။ (သင်္ဂဟကာရေန) ကတံ၊ ပြုအပ်ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ ၏။
ရာသိတောတိ ဣမံ အတ္ထံ၊ ရာသိတော ဟူသော ဤအနက်ကို။ သဒ္ဒတ္ထဝသေနပိ၊ သဒ္ဒါ၏ အနက်၏ အဖြစ်ဖြင့်လည်း။ နိယမေတွာ၊ ပိုင်းခြားသတ်မှတ် ဆုံးဖြတ်၍။ ဒဿေတုံ၊ ပြခြင်ငှာ။ အယဉှိခန္ဓဋ္ဌောနာမ ပိဏ္ဍဋ္ဌောတိ အာဒိံ၊ အစရှိသော စကားရပ်ကို။ (သင်္ဂဟကာရော) အာဟ၊ ဆိုပြီ။
ခန္ဓဋ္ဌေ၊ ခန္ဓသဒ္ဒါ၏ အနက်သည်။ ကောဋ္ဌာသဋ္ဌေ၊ အဘို့ဟူသော အနက်သည်။ (သတိ၊ ဖြစ်လသော်)။ ဆဋ္ဌေန ခန္ဓေနပိ၊ ခြောက်ခုမြောက် ခန္ဓာသည်လည်း။ ဘဝိတဗ္ဗံ၊ ရှိရာ၏။ (ကသ္မာ၊ ကြောင့်။ ခန္ဓဋ္ဌေ ကောဋ္ဌာသဋ္ဌေ သတိ ဆဋ္ဌေန ခန္ဓေနပိ ဘဝိတဗ္ဗံ၊ ရှိရာသနည်း)။
ဟိ (ယသ္မာ)၊ ကြောင့်။ နိဗ္ဗာနမ္ပိ၊ နိဗ္ဗာန်သည်လည်း။ ဆဋ္ဌော၊ ခြောက်ခုမြောက်သော။ ကောဋ္ဌာသော၊ အဘို့တည်း။ ဣတိ၊ ထို့ကြောင့်။ (ခန္ဓဋ္ဌေ ကောဋ္ဌာသဋ္ဌေ သတိ ဆဋ္ဌေန ခန္ဓေနိပိ ဘဝိတဗ္ဗံ၊ ရှိရာ၏)။
တသ္မာ၊ ကြောင့်။ (ထိုသို ခန္ဓသဒ္ဒါ၏ အနက်သည် ကောဋ္ဌာသ အနက် ဖြစ်လသော် ဆဋ္ဌ ခန္ဓာ၏လည်း ရှိရာသည်၏ အဖြစ်ကြောင့်)။ ["တသ္မာရှေ့ ဟိတ်ကို တွေ့" စသော "တသ္မာထို၊ ဟိတ်၏ ဖိုလ်" စသော နိယာမ်နှင့် အညီ ပေးသည်။] ခန္ဓဋ္ဌောနာမ၊ ခန္ဓသဒ္ဒါ၏ အနက်မည်သည်။ ရာသဋ္ဌော၊ အစုဟူသော အနက်တည်း။ ဣတိ၊ ဤအနက်သာ။ ယုတ္တံ၊ သင့်၏။ [ဆဋ္ဌခန္ဓာဟု မရှိသောကြောင့် ကောဋ္ဌာသ အနက်မသင့် ဟူလို။ ဤသို့ မသင့် ဟု ပယ်ပြီး၍ သင့်သော နည်းကို ပြပြန်လိုသောကြောင့် "ယေသံ ဝါ" စသည်ကို မိန့်သည်။]
ဝါ၊ တနည်း။ ယေသံ၊ အကြင်ရုပ် အစရှိသော တရားတို့၏။ အတီတာဒိဝသေန၊ အတိတ် အစရှိသည်တို့၏ အပြားအားဖြင့်။ **ယေသံ ဝါ ။ပေ။ န ဝုတ္တော**။ ။ မြတ်စွာဘုရား ဟောတော်မူတုန်းကပင် အတိတ် အစရှိသော အားဖြင့် ပြားသော ရုပ်အစရှိသော တရားတို့ကိုသာ ငါးဘို့ခွဲ့၍ ဟောတော်မူသောကြောင့် အတိတ် အစရှိသော အပြားမှ ကင်းသော နိဗ္ဗာန်အတွက ရသိ အနက်သာ မက ကောဋဌာသ အနက်အားဖြင့်လည်း ခန္ဓနာမည်တပ်၍ ဟောတော်မမူအပ်၊ ဤစကား ဖြင့် "ခန္ဓသဒ္ဒါ၏ ကောဋ္ဌာသအနက်ကို ခွင့်ပြုသော်လည်း ဆဋ္ဌခန္ဓာကား မရှိနိုင်" ဟု ပြသည်။ ဘေဒေါ၊ အပြားသည်။ အတ္ထိ၊ ရှိ၏။ တေသံ၊ အတိတ် အစရှိသော အပြားအားဖြင့် ပြးသော ထို ရုပ်အစရှိသော တရားတို့၏။ ရုပ္ပနာဒိလက္ခဏဝသေန၊ ရုပ္ပန အစရှိသော လက္ခဏာတို့၏ အစွမ်းအားဖြင့်။ တံတံ ကောဋ္ဌာသတာ၊ ထိုထို အဘို့၏ အဖြစ်ကို။ ဝုစ္စတိ၊ ဆိုအပ်၏။ ဣတိ၊ ထို့ကြောင့်။ ဘေဒရဟိိတဿ၊ အတိတ် အစရှိသော အပြားတို့မှကင်းသော။ နိဗ္ဗာနဿ၊ ၏။ ကောဋ္ဌာသဋ္ဌေနစ၊ အဘို့ဟူသော အနက်အားဖြင့်လည်း။ [စဖြင့် "ရာသဋ္ဌ" ကိုဆည်း။] ခန္ဓဘာဝေါ၊ ခန္ဓာ၏ အဖြစ်ကို။ န ဝုတ္တော၊ ဟောတော်မမူအပ်။ ဣတိ၊ သို့။ ဝေဒိတဗ္ဗော၊ သိထိုက်၏။
ဧတ္တာဝတာတိ၊ ဟူသည်ကား။ ဥဒ္ဒေသမတ္တေန၊ "ပဉ္စက္ခန္ဓာ ရူပက္ခန္ဓော ။ပေ။ ဝိညာဏက္ခန္ဓော" ဟူသော ဥဒ္ဒေသမျှဖြင့်။ [ဒဿေတိ ၌စပ်။] ဣတိ အတ္ထော၊
စတ္တာရော စ မဟာဘူတာ။ပေ။ ရူပန္တိ၊ ဟူ၍။ ဧဝံ၊ ဤသို့။ ဝိဘတ္တော၊ ဝေဘန်တော်မူအပ်သော။ [ဧဝံပဘေဒေါ ရူပရာသိ ၌စပ်။]
ကတ္ထ၊ အဘယ်အရာတို့၌။ (ဝိဘတ္တော၊ ဝေဘန်တော်မူအပ်သော ရုပ်အစုနည်း)။ ဣတိစေ၊ ဤသို့မေးအံ့။
ဧကာဒသသု၊ အတိတ် အနာဂတ် စသော အားဖြင့် ၁၁ ပါးကုန်သော။ ဩကာသေသု၊ ဝေဘန်ခြင်း၏ တည်ရာဌာနတို့၌။ (ဝိဘတ္တော၊ ဝေဘန်တော်မူအပ်သော ရုပ်အစုတည်း။ ဣတိ၊ ဤသို့ ဖြေရာ၏)။
နိဒဿနတ္ထေန၊ နိဒဿဒန အနကရှိသော။ ဣတိသဒ္ဒေန၊ ဣတိသဒ္ဒါဖြင့်။ [ဥပါဒါယရူပန္တိ၌ "ဣတိ " သဒ္ဒါဖြင့်။] သဗ္ဗော၊ အလုံးစုံသော။ ဝိဘဇနနယော၊ ဝေဘန်ကြောင်းနည်းကို။ ဒဿိတော၊ ပြတော်မူအပ်ပြီ။
ဣဒဉ္စ ဝိဘဇနံ၊ ဤဝေဘန်ခြင်းကို၎င်း။ ဩဠာရိကာဒီသု၊ ဩဠာရိက အစရှိသော ဩကာသတို့၌။ စက္ခာယတနန္တိ အာဒိ ဝိဘဇနဉ္စ၊ စက္ခာယတနံ အစရှိသော ဝေဘန်ခြင်းကို၎င်း။ ယထာသမ္ဘဝံ၊ ဖြစ်သင့်သည်အားလျော်စွာ။ ဧကာဒသသု၊ ကုန်သော။ ဩကာသေသု၊ တို့၌။ ယောဇေတဗ္ဗံ၊ ယှဉ်စေထိုက်၏။ ဝေဒနာက္ခန္ဓာဒီသုပိ၊ ဝေဒနာက္ခန္ဓာ အစရှိသော ခန္ဓာတို့၌လည်း။ ဧဝံ၊ ဤအတူပင်။ ဣတိသစ္စေနနိဒဿနတ္ထေန။ ။သဒ္ဒါကျမ်း၌ “ယန္ဒိယနိ” စသည်ကဲ့သို့ ဥဒါဟရုဏ် ထုတ်ပြခြင်းကို “နိဒဿန၊ ညွှန်ပြကြောင်း ဥဒါဟရုဏ်"ဟု ခေါ်၏။ ဥဒါဟရုဏ်ဖြင့် အလားတူရုပ်ဟူသမျှကို ပြနိုင်သကဲ့သို့ ဤ “ဥပါဒါယ ရူပန္တိ”၌ ဣတိ သဒ္ဒါလည်း ဝေဘန်ပုံကို ညွှန်ပြသော “နိဒဿန” အနက်ရှိရကား ခန္ဓဝိဘင်း သုတ္တန္တ ဘာဇနီယပါဠိတော်၌ “ ဝေဘန်ပုံ နည်းအားလုံးကို ညွှန်ပြသည်။ နိဒဿနတ္ထနာတိ ဥဒါဟရဏတ္ထန။’အနုဋီကာ။]
ပန၊ အဘို့တပါးကား။ (တနည်း) ပန၊ အထူးကား။ ဝိညာဏက္ခန္ဓော၊ ဝိညာဏက္ခန္ဓာကို။ ဧကာဒသောကာသေသု၊ ၁၁ ပါးသော ဩကာသတို့တွင်။ ပုရိမေ၊ ရှေးဖြစ်သော။ ဩကာသပဉ္စကေ၊ ဩကာသ ၅ ပါးအပေါင်း၌။ [အတီတမှစ၍ ဗဟိဒ္ဓတိုင်အာင် ငါးပါးအပေါင်း၌။] စက္ခုဝိညာဏံ ။ပေ။ မနောဝိညာဏန္တိ၊ ဟူ၍။ ဆ ဝိညာဏကာယဝိသေသေန၊ ၆ ပါးသော ဝိညာဉ်အပေါင်းဟူသော အထူးအားဖြင့်။ ဝိဘတ္တော၊ ဝေဘန်တော်မူအပ်ပြီ။ တတ္ထ၊ ထိုရှေးဖြစ်သော ၅ ပါးသော ဩကာသ၌။ မနောဓာတု မနောဝိညာဏဓာတူတိ၊ ဟူသော။ ဝိဘဇနံ၊ ဝေဘန်ကြောင်း စကားရပ်သည်။ န အတ္ထိ၊ မရှိ။(မပါ)။
ပန၊ ထိုသို့ပင် မရှိပါသော်လည်း။ တံ ဒွယံ၊ ထို မနောဓာတ် မနောဝိညာဏဓာတ် ၂ ပါးအပေါင်းကို။ မနောဝိညာဏန္တိ၊ မနောဝိညာဏံ ဟူ၍။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣတိ ဣမံ အတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။ ဒဿေတုံ၊ ငှာ။ အဋ္ဌကထာယံ၊ အဋ္ဌကထာ၌။ မနောဓာတု မနောဝိညာဏဓာတူတိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။ ဣတိ၊ ဤသို့။ ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။
ဧဝံ၊ ဤဆိုအပ်ပြီးသော နည်းဖြင့်။ ပါဠိနယေန၊ ဤ ဝိဘင်းပါဠိတော်နည်းအားဖြင့်။ ပဉ္စသု၊ ၅ ပါးကုန်သော။ ခန္ဓေသု၊ ခန္ဓာတိ့၌။ ဓမ္မပရိစ္ဆေဒံ၊ တရား အပိုင်းအခြားကို။ ဒဿေတွာ၊ ပြပြီး၍။ ပုန၊ တဖန်။ အညေန၊ အခြားသော ။ ပကာရေန၊ အပြားအားဖြင့်။ (ဓမ္မပရိစ္ဆေဒံ)၊ ဒဿေတုံ၊ ပြခြင်းငှာ။ အပိစာတိအာဒိံ၊ ကို။ (သင်္ဂဟကာရော) အာဟ၊ ပြီ။ ["အညေန ပကာရေန" ဟူသည် ဓမ္မသင်္ဂဏီပါဠိတော်, ထို အဋ္ဌကထာတို့၌ လာသော နည်းတည်း။ "အညေန ပကာရေနာတိ ဓမ္မသင်္ဂဟေ, တဒဋ္ဌကထာယဉ္စ အာဂတေန ပကာရန္တရေန" အနု။]
ဧတ္ထာတိ၊ ကား။ ဧတသ္မိံ ခန္ဓနိဒ္ဒေသေ၊ ဤခန္ဓနိဒ္ဒေသ၌။ `ဝိညာဏက္ခန္ဓော ပန။ပေ။ဝိဘတ္တော။ ။ဝိညာဏက္ခန္ဓာကို ဝေဘန်တော်မူရာ၌ “ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ”ဟူသော ရွှေဩကာသ ၅-ပါးဝယ် “စက္ခု- ဝိညာဏံ။ပေ။မနောဝိညာဏ်”ဟု ၆-ပါးသာ ပြတော်မူ၏။ အဋ္ဌကထာ၌ကား “မနော ဓာတ်, မနောဝိညာဏဓာတ်” ဟု ခွဲ၍ ၇-ပါးဆိုထား၏။ [ အဋ္ဌကထာ ဝိညာဏက္ခ အဖွင့် အဆုံးနား၌ ကြည့်ပါ။] ထိုသို့ အဆိုကွဲရာ၌ ပါဠိတော်ဝယ် – မနောဝိညာဏ ဟူသည် “စိတ်အားလုံး မဟုတ်၊ မနောဓာတ်နှင့် မနောဝိညာဏဓာတ်သာတည်း” ဟု အဋ္ဌကထာဆရာက သိစေလိုသောကြောင့်တည်း။ – ထိုသို့ သိစေလိုသောကြောင့်ပင် ပါဠိတော်၌ ၆-ပါးကို အဋ္ဌကထာ၌ ၇-ပါးခွဲ၍ ပြပါသည်” ဟူလို။ ``