Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Vibhaṅga-mūlaṭīkā
Vibhaṅga-mūlaṭīkā

Jarāniddesavaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဇိရဏမေဝ၊ ဆွေးမြည့်ယိုယွင်း အိုမင်းခြင်းသည် ပင်။ ဇီရဏတာ၊ မည်၏။ [ဤအလို တာ ပစ္စည်းသွတ္ထ။] ဝါ၊ တနည်း။ ဇီရဏဿ၊ ဆွေးမြည့်ယိုယွင်းအိုမင်းသော အရာဝတ္ထု၏။ အာကာရော၊ အခြင်းအရာကို။ တာသဒ္ဒေန၊ တာသဒ္ဒါဖြင့်။ ဝုတ္တော၊ မူအပ်ပြီ။ [ဤအလို "ဇီရဏဿ ဘာဝေါ ဇီရဏတာ" ဟု ပြု၍ တာ ပစ္စည်းဖြင့် ဆွေးမြည့် ယိုယွင်း အိုမင်းခြင်း အခြင်းအရာကို ပြသည်။]
ယထာ ပုရေ အသလ္လက္ခေန္တေတိ( ပဒဿ)၊ ၏။ ဂါရဝကရဏ ဥပဋ္ဌာနာဒီနိ၊ အရိုအသေပြုခြင်း, ပြုစုလုပ်ကျွေးခြင်း အစရှိသည်တို့ကို။ အသလ္လက္ခေန္တေ၊ အသိအမှတ် မပြုလသော်။ တံ နိမိတ္တံ၊ ထို အသိအမှတ်ပြုခြင်းဟူသော အကြောင်းကြောင့်။ ဒေါမနဿံ၊ သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣတိ အတ္ထော၊
သတာဒီနန္တိ၊ ကား။ သတိ သုတ ဝီရိယ ပညာဒီနံ၊ သတိ, ကြားနာအပ်သော သုတ, လုံ့လ ဝီရိယ, အသိပညာ အစရှိသည်တို့၏။ ဝိပ္ပဝါသနိမိတ္တံ၊ ကွေကွင်းခြင်းဟူသော အကြောင်းကြောင့်၎င်း။ အတ္တနာ၊ မိမိသည်။ ဝါ၊ က။ အပသာဒေတဗ္ဗေဟိပိ၊ ခြိမ်းခြောက်မောင်းမဲအပ်သည်လည်းဖြစ်ကုန်သော။ (အရွယ်ကောင်းတုန်းက မိမိ၏ အခြိမ်းအခြောက် အမောင်းအဲကို ခံရသည်လည်းဖြစ်ကုန်သော)။ အတ္တနော၊ ၏။ ပုတ္တဒါရေဟိ၊ သားမယားတို့သည်။ ဝါ၊ တို့က။ အပသာဒနီယတော၊ ပြန်၍ ခြိမ်းခြောက် မောင်းမဲအပ်သည်၏ အဖြစ်ကြောင့်၎င်း။ (ယံ ဒုက္ခံ၌စပ်)။
အဝသဝတ္တင်္ဂပစ္စင်္ဂတာယ၊ မိမိအလိုသို့ မလိုက်သော အင်္ဂါကြီးငယ်ရှိသည်၏ အဖြစ်ကြောင့်၎င်း။ ဝါ၊ အင်္ဂါကြီးငယ်တို့က မိမိအလို မလိုက်ခြင်းကြောင့်၎င်း။ သုစိ အသုစိ အာဒိဝိစာရဏဝိရဟေနစ၊ စင်ကြယ်သော အရာဝတ္ထု, စစင်ကြယ်သော အရာဝတ္ထု အစရှိသည်တို့ကို စိစစ်ခြင်းမှ ကင်းခြင်းကြောင့်၎င်း။ ဗာလကုမာရကာလောဝိယ၊ အကောင်း အဆိုးကို မသိတတ်သော ကလေး၏ ဖြစ်ရာအခါကဲ့သို့။ ဇိဏ္ဏကာလော၊ လူအို၏ ဖြစ်ရာအခါသည်။ ဟောတိ၊ ၏။ ဣတိ၊ ကြောင့်။ ဘိယျော ဗျာလတ္တပ္ပတ္တိယာတိ၊ ဟူ၍။ အာဟ၊ [ကလေး၏ လက်ခြေစသည်တို့က ကလေး၏ အလိုသို့ မလိုက်သကဲ့သို့ အဖိုးကြီး၏ လက်ခြေ စသည်တို့ကလည်း အဖိုးကြီး၏ အလိုသို့ မလိုက်၊ ကလေးသည် သုစိ အသုစိ အစရှိသည်တို့ကို မစိစစ်တတ်သကဲ့သို့ အဖိုးကြီးလည်း အကောင်း အဆိုး အစရှိသည်တို့ကို မစိစစ်တတ်တော့။ ဤအဖြစ်မျိုးကို" သူငယ်ပြန်သည်" ဟု ခေါ်သည်။]