အဝယတီ ။ပေ။ နိသေဓနတ္ထံ၊ အစိတ်ရှိသော အပေါင်းကာယကို ယူခြင်း, လောကပြောရိုးအမည်ကို လွန်၍ ပြေးသွားခြင်း, အနှစ်သာရဟု ယူခြင်းဟူသော အမှန်ကို လွှမ်းမိုး၍ နှလုံးသွင်းခင်းကို တားမြစ်ခြင်းအကျိုငှာ။
ကာယံ၊ ကိုယ်ကို။
ဗာဟိတ ။ပေ။ ဗြဟ္မဏာဒိ သမညော။ ။ ဗာဟိတပါပတာဖြင့်ဗြဟ္မဏ အမည်ရခြင်း၏သဒ္ဒပဝတ္တိနိမိတ်ကို ပြ၏၊ သမိတပါပတာဖြင့် သမာဏအမည်ရခြင်း၏ သဒ္ဒပဝတ္တိနိမိတ်ကို ပြ၏။ ထို ၂ ပုဒ်အတွက် ဝိဂြိုလ်ပြုပုံကို ပါရာဇိကဏ် ဘာသာဋီကာ ဝေရဉ္ဇကဏ္ဍအဖွင့်၌ ကြည့်ပါ။ ဘိန္နကိလေသတာဖြင့် ဘိက္ခုအမည် ရခြင်း၏ သဒ္ဒပဝတ္တိ နိမိတ်ကို ပြ၏။ "ကိလေသေ အဘိန္ဒီတိ ဘိက္ခု" ဟု ပြု၍ နိရုတ်တိနည်းအားဖြင့် ရုပ်ပြီးအောင် စီရင်ပါ။ ဗြဟ္မဏာဒိ+သမညာ ယဿာတိ ဗြဟ္မဏာဒိသမညော။
အဝယဝီဂါဟ။ ။ လက်ခြေအင်္ဂါစသော အစိတ်ရှိသော ကိုယ်ကို "အဝယဝီ" ဟု ဆို၏။ ထိုအဝယဝီသည် အဝယဝမှ သီးခြားဒြပ်တခုဟု ယူခြင်းသည် "အဝယဝီဂါဟ" တည်း။ [အဝယဝါ အဿ အတ္ထီတိ အဝယဝီ၊ သမုဒါယော၊ သမူဟောတိ အတ္ထော။ သော ပန အဝယဝဝိနိမုတ္တံ ဒြဗျန္တရန္တိ ဂါဟော လဒ္ဓိ အဝယဝီဂါဟော ။အနု။]
သမညာတိ ဓါဝန။ ။ စုပေါင်း၍ တည်နေသော သန္နိဝေသဖြင့် အထူးပြုအပ်သော လက်ခြေ စသော လက်ချောင်း ခြေချောင်း လက်သည်း ခြေသည်းစသော အင်္ဂါကြိးငယ် တို့ကို စွဲ၍ အင်္ဂါကြီးငယ်ဟူသော အမည်သညာသည်၎င်း, ကိုယ်ဟူသော အမည်သညာ သည်၎င်း ဖြစ်၏၊ ထို အမည်သညာလောက်တွေင် မရပ်တန့်ဘဲ မိန်းမ, ယောင်္ကျား, ရထား, အိုး , အစရှိသော အထည်ဒြဗ်ဟု ကြံစည်ခြင်းသည် သမညာတိဓာဝန ( အမည်သညာကို လွန်၍ ပြေးသွားခြင်း) မည်၏။ [ဟတ္ထပါဒါဒိအင်္ဂုလိ နခါဒိအင်္ဂပစ္စင်္ဂေ သန္တိဝေသ ဝိသိဋ္ဌေ ဥပါဒါယ ယာယံံအင်္ဂပစ္စင်္ဂသမညာစေဝ ကာယသမာညာစ၊ တံ အတိက္ကမိတွာ ဣတ္ထိပုရိသ ရတဃဋာဒိ ဒြဗျန္တိ ပရိကပ္ပနံ သမညာတိဓာဝနံ။ အနု။] (တနည်း) အင်္ဂပစ္စင်္ဂအမည်, ကာယအမည်ဟူသော ဆိုအပ်ပြီးသော အမည်ကို ကျော်လွန်၍ တိတ္ထိတို့ ကြံဆအပ်သော ပကတိ အစရှိသော ပုဒ်နက်, အထည်ကိုယ်ဒြပ်စသော ပုဒ်နက်, သတ္တစသော ပုဒ်နက်, ကာယစသော ပုဒ်အနက်တမျိုးကို ကြံစည်ခြင်းသည် သမညာတိဓာဝန မည်၏။ [အထဝါ ယထာဝုတ္တသမညံ အတိက္ကမိတွာ ပကတိအာဒိ ဒြဗျာဒိဇီဝါဒိ, ကာယာဒိပဒတ္ထန္တရပရိကပ္ပနံ သမညာတိဓာဝနံ။ အနု။]
(ဝိနိဗ္ဘုဇ္ဇန္တော ၌စပ်)။ အင်္ဂပစ္စင်္ဂေဟိ၊ အင်္ဂါကြီးငယ်တို့မှ၎င်း။ တာနိ၊ ထိုအင်္ဂါကြီးငယ်တို့ကို။ ကေသာဒီဟိ စ၊ ဆံပင်အစရှိသည်တို့မှ၎င်း။ ကေသာဒိကေ၊ ဆံပင် အစရှိသည်တို့ကို။ ဘူတုပါဒါယရူပေဟိ စ၊ ဘူတရုပ်, ဥပါဒါရုပ် တို့မှ၎င်း။ ဝိနိဗ္ဘုဇ္ဇန္တော၊ ခွဲခြားလိုသည်။ (ခွဲခြာဝေဘန်၍ ရှုပုံကို ပြတော်မူလိုသည်)။ (ဟုတွာ၊ ဖြစ်၍။ ဝါ၊ ဖြစ်ခြင်းကြောင့်)။ ကထာန ကာယေတိ အာဒိမာဟ၊ပန၊ ထိုသို့ပင် မပြုပါကုန်သော်လည်း။
နဂရံ နာမ၊ မြို့မည်သည်။
ကောစိ၊ တစုံတခုသော။
အတ္ထော၊ အနက်ဒြဗိသည်။
အတ္ထိ၊ ရှိသေး၏။
ဣတိ၊ သို့။
ကေသဉ္စိ၊ အချို့ပုဂ္ဂိုလ်တို့၏။
သမညာတိဓာဝနံ၊ မြို့ဟူသော နာမည်ကို စိတ်အားဖြင့် လွန်၍ ပြေးသွားခြင်းသည်။
သိယာ၊ ဖြစ်ရာ၏။
ဣတိ၊ ကြောင့်။
ဣတ္ထိပုရိသာဒိ သမညာတိဓာဝနေ၊ မိန်းမ ယောင်္ကျား အစရှိသော လောမအမည်ကို ကျော်လွန်၍ ပြေးသွားခြင်း၌။
နဂရနိဒဿနံ၊ မြို့ကို ညွှန်ပြကြောင်း ဥဒါဟရုဏ်ကို။
(သင်္ဂဟကာရေန) ဝုတ္တံ၊
ဣတ္ထိပုရိသ ရတဃဋာဒိ ဒြဗျန်တိ ပရိကပ္ပနံ သမညာတိဓာဝနံ- အနု။ ။ (တနည်း) အင်္ဂပစ္စင်္ဂအမည်, ကာယအမည်ဟူသော ဆိုအပ်ပြီးသော အမည်ကို ကျော်လွန်၍ တိတ္ထိတို့ကြံဆအပ်သော ပကတိ အစရှိသော ပုဒ်နက်, အထည်ကိုယ်ဒြဗ်စသော ပုဒ်နက်, သတ္တစသော ပုဒ်နက် ကာယစသော ပုဒ်နက်တမျိုးကို ကြံစည်ခြင်းသည် သာမညာတိဓာဝနမည်၏။ [အထဝါ ယထာဝုတ္တသမညံ အတိက္ကမိတွာ ပကတိအာဒိ ဒြဗျာဒိ ဇီဝါဒိ, ကာယာဒိပဒတ္ထန္တရပရိကပ္ပနံ သမညာတိဓာဝနံ။ အနု။]
သာရာဒါနာဘိနိဝေသ။ ။ နိစ္စဟူသော အနှစ်, သုခ သုဘ အတ္တဟူသော အနှစ်ကိုယူခြင်းဟူသော မှားယွင်းစွာ နှလုံးသွင်းခြင်းသည် သာရာဒါနာဘိနိဝေသ (အနှစ်သာရကို ယူခြင်းဟူသော မှားယွင်းစွာ နှလုံးသွင်းခြင်း) မည်၏။ [နိစ္စသာရာဒိဂါဟ ဘူတော အဘိနိဝေသော သာရာဒါနာဘိနိဝေသော။ အနု။]
ကာယံ ။ပေ။ အာဒိမာဟ။ ။ "ကာယံ အင်္ဂပစ္စင်္ဂေဟိ" စသည် အဋ္ဌကထာ၌ လာသော "နကာယေ အင်္ဂပစ္စင်္ဂ ဝိနိမုတ္တဧကဓမ္မာနုပဿီ ဝိဟရတိ" ကို ရည်ရွယ်သော စကားတည်း။ "ကာယ၌ အင်္ဂပစ္စင်္ဂကို ခွဲဲခြားကာ ရှုလေ့ရှိသည်ဖြစ်၍ မနေ" ဟူလို။ "တာနိစ ကေသာဒီဟိ" သည် အဋ္ဌကထာ၌လာသော "နာပိ ကေသာ လောမာဒိ ဝိနိမုတ္တ ဣတ္ထိပုရိသာနုပဿီ" ကို ရည်ရွယ်သော စကားတည်း၊ "ထို အင်္ဂပစ္စင်္ဂတို့ကိုလည်း ကေသာလောမာ စသည််မှ လွတ်သော ဣတ္ထိပုရိသ ဟုလည်း ရှုလေ့ရှိသည်ဖြစ်၍ မနေ" ဟူလို။ "ကေသာဒိကေ စ ဘူတုပါဒါရူပေဟိ" ဟူသော စကားသည် အဋ္ဌကထာ၌ လာသော "ယောပိ ဟေတ္ထ ကေသလောမာဒိကော ။ပေ။ န ဘူတုပါဒါယ ဝိနိမိတ္တဧကဓမ္မာနုပဿီ"ကို ရည်ရွယ်သော စကားတည်း။
ဝါ၊ တနည်း။
မိစ္ဆာဒဿနေ၊ မှားသောအားဖြင့် မြင်ခြင်းသည်။
(သတိ၊ သော်)။
ဒိဋ္ဌိယာ၊ မိစ္ဆာအယူအားဖြင့်။
ယံ၊ အကြင်မိန်းမ ယောင်္ကျားကို။
ပဿတိ၊ ၏။
တံ၊ ထိုမြင်အပ်သော မိန်းမ ယောင်္ကျားသည်။
ဒိဋ္ဌံ၊ တကယ်မြင်အပ်သော ရူပါရုံသည်။
န၊ မဟုတ်။
တံ၊ ထို မြင်အပ်သော မိန်းမယောင်္ကျားသည်။
ယံ ပဿတိ ဣတ္ထိံ ဝါ ပုရိသံ ဝါ။ ။ လူတို့မြင်ကြရာ၌ (၁) တချို့က "မိန်းမယောင်္ကျားကို မြင်၏" ဟု မှတ်ထင်ကြ၏။ (၂) တချို့ကား" ဆံပင်စသော ကောဋ္ဌာသ အပေါင်းဖြစ်သော သို့မဟုတ်ဘူတရုပ် ဥပါဒါရုပ်အပေါင်းဖြစ်သော ကိုယ်ကို မြင်၏" ဟု မှတ်ထင်ကြ၏။ (၃) တချို့ကမူ "ရူပါရုံကို မြင်၏" ဟု အမှန်အတိုင်းသိကြ၏။ ထိုသို့ ကွဲပြားသောကြောင့် ပဌမလူတို့မြင်ပုံကို ပြလို၍ "ယံ ပဿတိ ဣတ္ထိံ ဝါ ပုရိသံဝါ" ဟု မိန့်သည်။
နနု ။ပေ။ ပဿတီတိ ဝုတ္တံ။ ။ ဤစကားသည် "ဣတ္ထိ, သို့မဟုတ် ပုရိသကို မြင်၏" ဟူသော အဖွင့်ကို မနှစ်သက်သော စောဒကပုဂ္ဂိုလ်၏ စောဒနာပုံနှင့် ဖြေရှင်းပုံကိုပြသော စကားတည်း။ စက္ခုပသာဒ (စက္ခုဝိညာဉ်) ဖြင့် ဣတ္ထိပုရိသကို မမြင်နိုင်သည်ကား မှန်၏။ သို့သော် လူတို့က "ဣတ္ထိ ပုရိသကို မြင်၏" ဟု မှတ်ငထ်ငနေသောကြောင့် ထို မှတ်ထင်သည့်အတိုင်း ရှေးဆရာတို့ ဆိုရကား ထိုအတိုင်း ဖွင့်ပြရပါသည် ဟူလို။
မိစ္ဆာဒဿနေ ဝါ။ ။ ဤနည်း၌ကား "ယံ ပဿတိ" အရ မှန်ကန်သော အမြင်အတိုင်းမဟုတ်ဘဲ မိစ္ဆာဒဿန (မှားသောအမြင်) အားဖြင့်ဖွင့်ပြခြင်း ဖြစ်သောကြောင့် "နနု စက္ခုနာ" စသည်ဖြင့် စောဒနာဘွယ် မရှိကြောင်းကို ပြသည် ရူပါရုံကို မြင်ရာ၌ "မိန်းမယောင်္ကျားကိုမြင်၏" ဟု မှတ်ထင်ခင်းကိုပင် "မိစ္ဆာဒဿန" ဟု ဆိုသည်။
န တံ ဒိဋ္ဌံ ။ပေ။ န ဟောတိ။ ။ အဋ္ဌကထာ၌ "ယံ ပဿတိ" ကို ဖွင့်ပြပြီး၍ န တံ ဒိဋ္ဌံကို ဖွင့်ပြလိုသောကြောင့် "န တံ ဒိဋ္ဌံ" ဟု မိန့်သည်။ "တံ ရူပါယတနံ န ဟောတိ" ၌ တံဖြင့် ယံ ပဿတိတုန်းက ဣတ္ထိပုရိသကို စွဲသည်။ ဒိဋ္ဌံကို "ရူပါယတနံ" ဟု ဖွင့်၍ နကို "နဟောတိ" ဟုဖွင့်သည်။ နိဿယအနက်အတိုင်း အဓိပ္ပါယ် သိနိုင်လောက်ပြီ။
ရူပါဘတနံ၊ ရူပါရုံသည်။ န ဟောတိ၊ မဟုတ်။ (ရှေ့စကားကို ထပ်ဖွင့်သည်)။ ဝါ၊ တနည်း။ ရူပါယတနံ၊ ရူပါရုံသည်။ တံ၊ ထိုမြင်အပ်သော မိန်းမယောင်္ကျားသည်။ န ဟောတိ၊ ဣတိ အတ္ထော၊ နက်။ (န တံ ဒိဋ္ဌံ၏ အနက်)။ယံ ဒိဋ္ဌံ တံ န ပဿတီတိ၊ ကား။
ယံ ရူပါယတနံ၊ အကြင်ရူပါရုံကို။
ဒိဋ္ဌံ၊ မြင်အပ်၏။
ဝါ၊ တနည်း။
ကေသာဒိ ဘူတုပါဒါယ သမူဟသင်္ခါတံ၊ ဆံ အစ ရှိသော ကောဋ္ဌာသတို့၏အပေါင်း ဘူတရုပ်ဥပါဒါရုပ်၏ အပေါင်းဟု ဆိုအပ်သော။
(ယံ၊ အကြင် ကိုယ်ကို)။
ဒိဋ္ဌံ၊ မြင်အပ်၏။
တံ၊ ထို မြင်အပ်သော ရူပါရုံကို။
(တနည်း) တံ၊ ထိုမြင်အပ်သော ဆံ အစရှိသော ကောဋ္ဌာသတို့၏ အပေါင်း, ဘူတရုပ်ဥပါဒါရုပ်၏အပေါင်းဟု ဆိုအပ်သော ကိုယ်ကို။
ပညာစက္ခုနာ၊ ဖြင့်။
ဘူတတော၊ ဟုတ်မှန်သည်၏ ဖြစ်အားဖြင့်။
န ပဿတိ ဣတိ အတ္ထော၊
ရူပါယတနံ ဝါ ။ပေ။ န ဟောတိ။ ။ န တံ ဒိဋ္ဌံကိုပင် တနည်း ဖွင့်ခြင်းတည်း၊ ရှေ့နည်း၌ တံကို ရှေးဦးစွာ အနက်ပေးရ၏။ ဤနည်း၌ကား တံကို နောက်မှ အနက်ပေးရသည်။ ဒိဋ္ဌဖြစ်သော ရူပါယတနသည် ထို ဣတ္ထိပုရိသ မဟုတ် ဟူလို။
အထဝါ။ပေ။ န ဟောတိ။ ။ ယံ ပဿတိ အတွက် အထူးမဖွင့်၊ ထို့ကြောင့် ပဌမနည်းအတိုင်း အနက်မှတ်ရသည်။ ဒိဋ္ဌံအရကိုကား ရူပါယတနကို မဖွင့်ဘဲ ကေသာဒိ ကောဋ္ဌာသ, ဘူတရုပ ဥပါဒါရုပ်အပေါင်းကို ဖွင့်၏။ မှန်၏- ကေသာဒိဘူတုပါဒါယ သမူဟသင်္ခါတံသည် ဒိဋ္ဌံ၏ ဝိသေသနတည်း။ [ရှေးနိဿယ၌ ရှေးက ဆံ၏ ဝိသေသန အဖြစ်ဖြင့် အနက်ပေးလေ၏။ ထိုအနက်ကို နောက်ဝါကျ၌လာမည့် "ကေသာဒိဘူတု ပါဒါယသမူဟသင်္ခါတံ ဒိဋ္ဌံ" ဟူသော စကားဖြင့် စဉ်းစားပါ။]
ဒိဋ္ဌံ ဝါ ယထာ ဝုတ္တံ န ဟောတိ။ ။ ဤဝါကျသည် ပဌမနည်း၌ကဲ့သို့ န တံ ဒိဋ္ဌံကိုပင် ပြောင်းပြန် အနက်ပေးဘို့ရန် တနည်အဖွင့်တည်း၊ ထို့ကြောင့် "ယထာဝုတ္တံ" အရ ဆိုအပ်ပြီးသော ဣတ္ထိပုရိသကို စွဲရသည်။ [ရှေးနိဿယ၌ကား ယထာဝုတ္တံဖြင့် ကေသာဒိဘူတုပါဒါယသမူဟကို စွဲလေ၏။]
ယံ ဒိဋ္ဌံ တံ န ပဿတိ။ ။ "ယံ ဒိဋ္ဌံ" ၌ "အယံ" အရ နိဿယအတိုင်းကောက်၍ တံ အရလည်း ထိုအတိုင်းကောက်ပါ။ လူအများသည် ပညာစက္ခုဖြင့် ဟုတ်မှန်သည့် အတိုင်းရူပါရုံကို ရူပါရုံဟု၎င်း, ဆံ အစရှိသော ကိုယ်ကို ဆံစသော အပေါင်းဟု၎င်း, ဘူတရုပ် ဥပါဒါရုပ် အပေါင်းဖြစ်သော ကိုယ်ကို ဘူတရုပ် ဥပါဒါရုပ် အပေါင်းဟု၎င်း မမြင်နိုင်ဘဲ မိန်းမ ယောင်္ကျားဟု မှားမှားယွင်းယွင်း မြင်ကြသည် ဟူလို။