ဒုက္ခဒုက္ခတာ တံ နိမိတ္တ တာဟိ၊ ဒုက္ခဒုက္ခ၏ အဖြစ်, ထိုဒုက္ခ၏ အကြောင်း၏ အဖြစ်တို့ဖြင့်။ အနိဋ္ဌတာ၊ အလိုမရှိထိုက်သည်၏ အဖြစ်သည်။ (လိုချင်စရာ မကောင်းခြင်းသည်)။ ပီဠနဋ္ဌော၊ နှိပ်စက်ခြင်းအနက်သဘောတည်း။ [ဒုက္ခမေဝ ဒုက္ခံ ဒုက္ခံ ဒုက္ခံ၊ ဒုက္ခဒုက္ခဿ+ ဘာဝေါ ဒုက္ခ ဒုက္ခတာ။ မဓု၌ "ဒုက္ခံ စ ဒုက္ခံ စ ဒုက္ခ ဒုက္ခံ" ဟု ဝိဂြိုလ်ပြု၏။ အရမကွဲသောကြောင့် ဒွန်မတွဲရ။]
ဒွိဓာပိ၊ ဒုက္ခဒုက္ခတာ, တံနိမိတ္တတာဟူသော ၂ ပါး အပြားအားဖြင့်လည်း။ ပရိဒဟနံ၊ ထက်ဝန်းကျင် လောင်ခြင်းသည်။ (သန္တာပဋ္ဌော၊ ပြင်းစွာပူလောင်ခြင်းအနက်သဘောတည်း။ ဝါ၊ တနည်း။ ကိလေသဒါဟ သမာယောဂေါ၊ ကိလေသာတည်း ဟူသော ပူလောင်ခြင်းနှင့်ယှဉ်ခြင်းသညး်။ သန္တာပဋ္ဌော၊ တည်း။ ဣတိ အယံ၊ သည်ကား။ ဟတေသံ၊ ဤပီဠနဋ္ဌ, သန္တာပဋ္ဌတို့၏။ ဝိသေသော၊ ထူးသော သဘောတည်း.
စ၊ ဆက်။
ဧတ္ထ၊ ဤလေးပါးသော အနက်သဘောတို့တွင်။
ပီဠနဋ္ဌော၊ ပီဌန အနက်သဘောသည်။
ဒုက္ခဿ၊ ဒုက္ခ၏။
သရသေနေဝ၊ မိမိ၏ ကိစ္စအားဖြင့်ပင်။
ဘာဝိဘာဝနာ ကာရော၊ ထင်စွာဖြစ်ခြင်းဟူသော အခြင်းအရာတည်း။
ဣတရေ၊ ပီဠနဋ္ဌမှ တပါးကုန်သော သင်္ခတဋ္ဌ, သန္တာပဋ္ဌာ, ဝိပရိဏာမဋ္ဌတို့သည်။
ယထာက္ကမံ၊ အစဉ်အတိုင်း။
သမုဒယမဂ္ဂနိရောဓ ဒဿနေဟိ၊ အကြောင်းသမုဒယ သစ္စာကို မြင်ရခြင်, အေးမြသော မဂ္ဂသစ္စာကို မြင်ရခြင်း,မဖောက်မပြန်သော နိရောဓ သစ္စာကို မြင်ရခြင်းတို့ကြောင့်။
ဘာဝိဘာဝနာကာရာ၊ တို့တည်း။
ဣတိ အယံ၊ ကား။
စတုန္နမ္ပိ၊ လေးပါးသေသာ အနက်တို့၏လည်း။
ဝိသေသော၊ အချင်းချင်းထူးသော သဘောတည်း။
ပုဂ္ဂလဟိံ သနံ။ ။ဒုက္ခဖြစ်သောအခါ ခန္ဓာအစဉ်၏ မစည်ပင်ခြင်း, ညှိုးနွမ်းခြင်း သည် ဒုက္ခက ပုဂ္ဂိုလ်ကို ညှဉ်းဆဲခြင်းတည်း။ [သန္တာနဿ အဓိပ္ပါရိကတာ ကရုဏ ပုဂ္ဂလဟိသနံ။အနု။ ထိုသို့ ဒုက္ခက ညှဉ်းဆဲထားသောကြောင့်ပင် ဆင်းရဲသူတို့သည် (အသက်ငယ်သေးသော်လည်း) မရွှင်မလန်းဘဲ ညှိုးညှိုးနွမ်းနွမ်း ဖြစ်ကြရလေသည်။
အတ္တနော စေ တိခိဏဘာဝေါ။ ။ဒုက္ခသစ္စာဖြစ်သော သင်္ခတ တရားသည် မိမိ၏ ပင်ကိုယ်သဘောအားဖြင့် နာကျင်ခြင်းကို ဆောင်နိုင်သော ထက်မြက်သော သဘောရှိ၏။ ဤသို့ မိမိ၏ သဘောအားဖြင့်ပင် ထက်မြက်သည်၏အဖြစ်သည် . သန္တာပ(ပြင်းစွာ ပူလောင်ခြင်းပင်) ဖြစ်သည်။ [အတ္တနော ဝေတိခီဏဘာဝေါတိ သင်္ခတဓမ္မဿ အတ္တနော သဘာဝေနေဝ ရုဇာဝဟတိက္ခဘာဝေါ။ အနု။]
ဧတ္ထ စ။ ပေ ။ ဝိသေသော။ ဒုက္ခသစ္စာအတွက် သဘောအနက် ၄-ချက်ရှိရာဝယ် ပီဠနဋ္ဌအနက်သည် အခြားသစ္စာတို့ကို မထောက်ရဘဲ မိမိသဘောအတိုင်း ထင်ရှားသော အနက်တည်း။ သင်္ခတဋ္ဌသည် ဒုက္ခကို ပြုစီမံတတ်သော သမုဒယသစ္စာကို ထောက်၍ “ဒုက္ခဟူသမျှသည် တဏှာက ပြုစီမံအပ်သော သင်္ခတချည်းပါတကား ” ဟု ထင်ရှားသော အနက်ဖြစ်၏။ သန္တာပဋ္ဌသည် အေးမြသော မဂ္ဂသစ္စာ (မဂ်ရေစင်) ကို ထောက်၍ “မဂ်ကဲ့သို့ မအေးမြဘဲ အမှန်ပူသော ဒုက္ခပါတကား” ဟု ထင်ရှားသောအနက် ဖြစ်၏။ ဝိပရိဏာမဋ္ဌ သည် မဖောက်ပြန်သော နိရောဓ (နိဗ္ဗာန်) ကို ထောက်၍ “ နိဗ္ဗာန်ကဲ့သို့ မဖောက်မပြန် မဟုတ်ဘဲ ဇရာအားဖြင့်၎င်း မရဏအားဖြင့်၎င်း ဖောက်ပြန်တတ်သော ဒုက္ခတွေပါတကား” ဟု ထင်ရှားသောအနက်ဖြစ်သည်။ ဤ အဓိပ္ပါယ်ကို ရည်ရွယ်၍ သင်္ဂြိုဟ်ဘာသာဋီကာ သဗ္ဗသင်္ဂဟ၌ ပိဠနဋ္ဌစသည်တို့၏ အနက်ကို ဂါထာဖြင့် ပြခဲ့သည်။]
**အာယူဟနံ**။ ။အာကို “တကြ တင်္ကြာဘိနနဝသေန ဗျာပေက္ခာ" ဟု ဖွင့်၍ ယကို အာဂုံဟု ယူပြီးလျှင် ဦဟဓာတ်၏ ရာသိကရဏအနက်ကို “ ဦဟနံ. ရာသိကရဏံ” ဟု ဖွင့်၏။ “အစုပြုခြင်း” ဟူသည် “ ဒုက္ခအစုကို ပြုခြင်းတည်း ” ဟု သိစေလို၍ “ ဒုက္ခ နိဗ္ဗာနံ” ဟု အဓိပ္ပါယ်ဖွင့်သည်။ နောက်နည်း၌ကား ဋီကာဝိဂြိုဟ်အတိုင်း ဒုက္ခကို “ကာယ” ဟု ယူ၍ ဦဟဓာတ်၏ ပဝတ္တနအနက်ကို ဖွင့်သည်။
(တံ၊ ထို နိဗ္ဗာန်သည်)။
နိဿရဏံ၊ မည်၏။
ဝါ၊ တနည်း။
သဗ္ဗုပဓိ ပဋိနိဿဂ္ဂဘာဝတော၊ ကာမုပစိ စသော အလုံးစုံသော ဥပဓိတို့၏ စွန့်လွှတ်ရာ၏ အဖြစ်ကြောင့်။
ဝါ၊ အလုံးစုံသော ဥပဓိတို့ကို စွန့်လွှတ်ရာ၏ အဖြစ်ကြောင့်။
သယမေဝ၊ နိဗ္ဗာန်ဟူသော မိမိသည်ပင်။
သဗ္ဗသင်္ခတေဟိ၊ အလုံးစုံသော သင်္ခတတရားတို့မှ။
နိဿဋံ၊ ထွက်မြောက်၏။
ဝိသံယုတ္တံ၊ မယှဉ်။
ဣတိ၊ ကြောင့်။
(တံ၊ ထို နိဗ္ဗာန်သည်)။
နိဿရဏံ၊ မည်၏။ဝိဝေကာသင်္ခတာမတဋ္ဌာ၊ ဝိဝေကဋ္ဌ, အသင်္ခတဋ္ဌ, အမတဋ္ဌတို့သည်။
သမုဒယ မဂ္ဂ ဒုက္ခဒဿနာ ဝိဘဝနာ ကာရာ၊ သမုဒယ သစ္စာကို မြင်ရခြင်း, မဂ္ဂသစ္စာကို မြင်ရခြင်း, ဒုက္ခသစ္စာကို မြင်ရခြင်းတို့ကြောင့် ထင်စွာဖြစ်ခြင်းဟူသော အခြင်းအရာတို့တည်း။
ဝါ၊ တနည်း။
သမုဒယက္ခယ အပ္ပစ္စယ အဝိနာသိတာ၊ တဏှာ သမုဒယ၏ ကုန်ခန်းခြင်း, ကံစသော အကြောင်းတရားတို့ မရှိခြင်း, မပျက်မစီးခြင်းဟူသော အခြင်းအရာတို့တည်း။
နိဿရန္တိ ဧတ္ထ။ ။ဧတ္ထကို “ဧတသ္မိံ” အာရမ္မဏဘူတေ သတိ”ဟု လက္ခဏအနက်ကို ဧတ္ထု။ အနုဋီကာ၌ ဖွင့်၏။ လက္ခဏပုဒ်, ထုတ်၍အရာ,ရှိသည်မှာ များစွာဟိတ်လည်း ဝင် သတည်း” ဟူသည်နှင့်အညီ ဟိတ်အနက်ပါ ရနိုင်သောကြောင့် ၂-မျိုး ပေးထားပါသည်။ သီလက္ခန်, ကေဝဋ္ဋသုတ်ဋီကာသစ်၌ “တ္တေ နိဗ္ဗာနေတိ နိမိတ္တေ ဘု ံ”ဟု နိမိတ်အနက်ဖွင့် နှင့် သဘောတူပင်တည်း။ နိဿန္တိ၏ အပါဒါန်ကို မရဋီကာ၌ “သံသာရတော” ဟု ထည့်သည်။
ဝိဝေကာသင်္ခတာမတဋ္ဌာ။ ။နိရောဓသစ္စာသည် တဏှာ၏ကုန်ကြောင်း ဖြစ်ရကား သမုဒယတဏှာမှ ကင်းဆိတ်၏။ ထို့ကြောင့် ဝိဝေကဋ္ဌသည် ဝိဝေကမဟုတ်သော သမုဒယကို မြင်ရခြင်းကြောင့် ထင်ရှားသောနိရောမ၏ အနက်တပါးဖြစ်သည်။ နိဗ္ဗာန်ကို သိရကြောင်း ဖြစ်သော မဂ်တရားသော်မှ သပစ္စယ သင်္ခတသဘော မကင်းသေး၊ ထိုသို့ မဂ်တရား၏ သင်္ခတဖြစ်ပုံကို မြင်ရခြင်းကြောင့် နိရောဓသစ္စာ၏ အသင်္ခတ အနက်သည် ထင်ရှားသော အနက်တပါး ဖြစ်ပြန်၏၊ မရဏသဘော ရှိသည့်အတွက် ပျက်၍ပျက်၍ နေရသော ဒုက္ခ သစ္စာကို မြင်ရခြင်းကြောင့် မရဏသဘော မရှိသော နိရောဓသစ္စာ၏ အမတဋ္ဌလည်း ထင်ရှားပြန်တော့သည်။
သမုဒယက္ခယ။ပေ။ဝါ။ ။နိဗ္ဗာန်သည် သမုဒယတဏှာ၏ ကုန်ရာဖြစ်သောကြောင့် သမုဒယတဏှာမှ ကင်းဆိတ်ခြင်းသဘောလည်း `ဟုတ်၏၊ အဝိဇ္ဇာ တဏှာ ကံစသော အကြောင်းမရှိသော အပ္ပစ္စယလည်း ဟုတ်၏၊ မပျက်မစီးသော အမတလည်း ဟုတ်၏။ ထို့ကြောင့် “သမုဒယက္ခယ။ပေ။ဝါ”ဟု တနည်း ဖွင့်သည်။ ဤ အဓိပ္ပါယ်များကို ရည် ရှယ်၍ သင်္ဂြိုဟ်ဘာသာဋီကာ သဗ္ဗသင်္ဂဟ၌ နိဿရဏံ ဝိဝေကဋ္ဌာ”စသော ဂါထ အနက်ကို ရေးခဲ့ပါသည်။
**ဣတရေ။ပေ။ဒဿနေဟိ**။ ။သမုဒယသစ္စာ တဏှာကိုမြင်ရခြင်းကြောင့် ဤ တဏှာ သည် နိဗ္ဗာန်ရဘို့ရန် အကြောင်းမဟုတ်၊ ဤမဂ္ဂင်ရှစ်ပါးသည်သာ နိဗ္ဗာန်ရဘို့ရန်အကြောင်း ဖြစ်၏။ ဤသို့ သမုဒယသစ္စာကို မြင်ရခြင်းကြောင့် မဂ္ဂသစ္စာ၏ ဟေ့တဋ္ဌသည် ထင်ရှား ၏။ အလွန် သိမ်မွေ့နက်နဲသောနိဗ္ဗာန်ကို မြင်စွမ်းနိုင်ခြင်းကြောင့် မဂ္ဂသစ္စာ၏ ဒဿနဋ္ဌသည် ထင်ရှား၏။ များစွာသော ရောဂါတို့၏ အနှိပ်စက်ကို ခံ၍နေရသော လူဆင်းရဲကို မြင်ရ ခြင်းကြောင့် ရောဂါကင်းစင်သော ရာထူးရှင်၏ မြင့်မြတ်ပုံသည် ထင်ရှားသကဲ့သို့ ဒုက္ခ တရားတွေကို မြင်ရခြင်းကြောင့် မဂ္ဂသစ္စာ၏ အစိုးတရ အကြီးအကဲ၏ အဖြစ်သည် ထင်ရှား၏။ **ပဝတ္တိအာကာရာ**။ ။“ပရိဇာနနာဒိဝိသေသာကာရော”ဟု အနုဋီကာ၌ဖွင့်၏။ ဒုက္ခ သစ္စာကိုပိုင်းခြား၍သိခြင်းကို “ပရိဇာနန”ဟု ဆိုသည်၊ အာဒိဖြင့် သမုဒယသစ္စာကို ပယ် ခြင်းဟူသော ပဟာန နိရောဓသစ္စာကို မျက်မှောက်ပြုခြင်းဟူသော သစ္ဆိကိရိယမဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်စေခြင်းဟူသော ဘာဝနာကိစ္စတို့ကို ယူပါ။ ထိုကိစ္စလေးချက်တွင် သတ္တိကိ- ရိယကိစ္စသည် နိဗ္ဗာန်ကို အာရုံပြုခြင်းဖြစ်သောကြောင့် မဂ်ခဏ၌ “အာရမ္မဏပဋိဝေဓ”အား ဖြင့် ပြီး၏၊ ကျန် ၃-ပါးကား မတွေမဝေသော ရှင်းပြီးလင်းပြီးဖြစ်သော“အသမ္မောဟ ပဋိ- ဝေမ”အားဖြင့် ပြီး၏၊ မဂ်ခဏမှ နောက်၌ကား ပစ္စဝေက္ခဏာဉာဏ်စသည်အားဖြင့် ထင်ရှား ၏၊ “ပဝတ္တိအာကာရော”၌ အာကာရဖြင့် အတ္ထ၏ အာကာရအနက်ကို ပြသည်၊ မှန်၏. ထို အာကာရ(အခြင်းအရာ)ဟူသည်လည်း “အရီယတိ ဉာယတီတိ အတ္ထော”အရ ဉာဏ်ဖြင့် သိထိုက်သော အတ္ထပင်တည်း။
(သင်္ဂဟကာရော) အာဟ၊
ဥပ္ပန္နံ ဥဒိတန္တိ ဧတ္ထာပိ၊ ဟူသော ဤ ၂ ပုဒ်၌လည်း.
ဧဝံ၊ ဤအတူတည်း။
[ပန္နံချည်းသက်သက်, ဣတံချည်းသက်သက် "ဖြစ်ခြင်း" အနက်ကို မရ။ ဥသဒ္ဒါနှင့် ယှဉ်စပ်မှ "ဖြစ်ခြင်း" အနက်ကို ရခြင်းကြောင့် ဥသဒ္ဒါက ဥပ္ပတ္တိအနက်ကို ပြသည် ဟူလို။]တသ္မိံ၊ ထိုနိဗ္ဗာန်ကို။ သမဓိဂတေ၊ ကောင်းစွာ သိအပ် ရအပ်ပြီးသော်။ (အရိယာ ပုဂ္ဂိုလ်က သိအပ်, ရအပ်ပြီးသော်)။ တဒဓိဂမဝတော၊ ထိုနိဗ္ဗာန်ကို သိခြင်းရှိသော။ ပုဂ္ဂလဿ၊ အရိယာ ပုဂ္ဂိုလ်၏။ ရောဓာဘာဝေါ၊ ဒုက္ခဟူသော ရောဓ၏ မရှိခြင်းသည်။ (ဟောတိ၊ ကသ္မာ၊ နည်း)။ ပဝတ္တိသင်္ခါတဿ၊ အမြဲမပြတ်ဖြစ်သော ခန္ဓာငါးပါး ဟု ဆိုအပ်သော။ ရောဓဿ၊ ရောဓ၏။ ပဋိပက္ခဘူတာယ၊ ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်သော။ နိဝတ္တိယာ၊ ခန္ဓာငါးပါးမှ ဆုတ်နစ်သော နိဗ္ဗာန်၏။ ဝါ၊ ကို။ အဓိဂတတ္တာ၊ သိအပ် ရအပ်သည်၏ အဖြစ်ကြောင့်တည်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။
ဧတသ္မိံ စ အတ္ထေ၊ ဤ ဒုတိယဝိကပ်၏ အနက်၌လည်း။ အဘာဝေါ ဧတသ္မိံ ရောဓဿာတိ နိရောဓော ဣစ္စေဝ၊ ဟူ၍သာ။ ပဒသမာသော၊ နိ ဟူသော ပုဒ်, ရောဓ ဟူသော ပုဒ်တို့၏ သမာသ်သည်။ ဟောတိ၊ [ရှေ့နည်း၌ သတ္တမီ ဗဟုဗ္ဗီဟိ တွဲပုံချင်းတူသောကြောင့် "ဣစ္စေဝ" ၌ ဧဝသဒ္ဒါဖြင့် ဆိုသည်။]
ဣတိ၊ ကြောင့်။
သာ၊ ထို အကျင့်သည်။
တဿာဧဝ၊ ထို ဒုက္ခနိရောဓပ္ပတ္တိ ၏ ပင်။
ပဋိပဒါ၊ ရောက်ကြောင်းအကျင့်တည်း။
ဣတိ၊ ဤအနက်သည်။
န ယုဇ္ဇတိ၊ မသင့်။
ဣတိ၊ ဤကား စောဒနာတည်း။
အနုပ္ပါဒနိရောဓ။ ။“အနုပ္ပါဒေါ ဝေ”ဟု ဆိုသောကြောင့် ဤ“နိရောဓ”အရ၌ ချုပ်ခြင်းဘင်ကို မယူရ၊ ရဟန္တာဖြစ်လျှင် နောက်ဘဝ၌ မဖြစ်ခြင်းကို၎င်း သောတာပန် စသည်ဖြစ်လျှင် ၇-ဘဝမှနောက် စသည်၌ မဖြစ်ခြင်းကို၎င်း နိရောဓ ဟု ယူရသည်။ ထို ့ကြောင့် “အာယတိဘဝါဒီသု အပ္ပဝတ္တိ၊ န ပန ဘင်္ဂေါ”ဟု မိန့်သည်။
နနု သာ ဝေ။ပေ။ န ယုဇ္ဇတိ။ ။ “ပုဂ္ဂိုလ်၏ ဒုက္ခနိရောဓသို့ရောက်ခြင်းငှါ အကျင့် လည်း ဟုတ်၏” ဟု ဆရာဆို၏။ ထိုစကားအရ ဒုက္ခနိရောဓပ္ပတ္တိနှင့် အကျင့်သည် အကြောင်းအကျိုးကွဲပြားနေ၏။ အမှန်အားဖြင့်ကား ဒုက္ခနိရောဓနိဗ္ဗာန်သို့ အာရုံပြုသော အားဖြင့် ရောက်ခြင်းမှာ ထိုပဋိပဒါပင်ဖြစ်၍ အရမကွဲသည် မဟုတ်ပါလော။ ထို ့ကြောင့် “ထိုအကျင့်သည် ဒုက္ခနိရောဓမ္မတ္တိ၏အကျင့် ဖြစ်၏”ဟူသော စကားသည် မသင့်သည် မဟုတ်ပါလော။ ဤကား စောဒနာတည်း။
**ဗုဒ္ဓါဒယောပေ။ပတ္တိဝိဇ္ဈန္တိ**။ ။အရိယသစ္စာတို့ကို ထိုးထွင်း၍ မသိမီက ဗုဒ္ဓအမည်မရ သေး၊ ပစ္စေကဗုဒ္ဓအမည်လည်း မရသေး, ဗုဒ္ဓါနုဗုဒ္ဓအမည်လည်း မရသေး၊ သစ္စာလေးပါးကို ထိုးထွင်း၍သိပြီးမှ ရနိုင်သော ဗုဒ္ဓစသော အမည်ကို မရမီအခါ၌ တင်စား၍ ဖလူပစာရအား ဖြင့် ဗုဒ္ဓပစ္စေကဗုဒ္ဓ, ဗုဒ္ဓါနုဗုဒ္ဓဟု ခေါ်ဝေါ်ရသည်။ ဥပမာ’ဘုရားမဖြစ်မီ ရာဇဂြိုဟ်မြို့သို့ကြွ တော်မူသော ဘုရားအလောင်းကို “ဗုဒ္ဓ”ဟု တင်စား၍ ခေါ်ဝေါ်သကဲ့သို့တည်း။ [ပဋိဇ္ဈန- ကာလေ နိပ္ပရိယာယေန ဗုဒ္ဓါဒိသမညာတိ အာဟ ပဋိဝိဒ္ဓကာလေ ပဝတ္တန္တိ။--အနု။
ပကာသိတတ္တာ၊ ထင်ရှားဟောပြတော်မူအပ်သည်၏ အဖြစ်ကြောင့်၎င်း။
တတော ဧဝ၊ ထိုသို့ ထင်ရှား ဟောပြတော်မူအပ်သည်၏ အဖြစ်ကြောင့်ပင်။
အညေဟိ၊ အခြားသော သာဝကတို့သည်။
အဓိဂမနီယတ္တာ စ၊ ထိုးထွင်း၍ သိအပ်ရအပ်သည်၏ အဖြစ်ကြောင့်၎င်း။
တာနိ၊ ထို သစ္စာတို့သည်။
တဿ၊ ထို အရိယ မည်တော်မူသော မြတ်စွာဘုရား၏။
(သန္တကာနိ၊ ဥစ္စာတို့သည်)။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိ၊ ကြောင့်။
(တဿ သစ္စာနိ ဣတိ အရိယ သစ္စာနီတိ ဝုစ္စန္တိ၊
ဣတိ အတ္ထော ဟောတိ၊
ဣတိ ဝိညာယတိ၊ ၏)။
[ပဌမဆုံး ဘုရားသိ, ထို့နောက် ဘုရားကဟောပေး, ဘုရားဟောပေးလို့ အများသိရ။ ထို့ကြောင့် သစ္စာဟူသည် ဘုရားဥစ္စာချည်းဖြစ်သည်" ဟူလို။]**အရိယဝေါဟာရောဝါ**။ ။“ဝါ”ဟု ဆိုသော်လည်း “အရိယာနိ သစ္စာနိ” ဟူသော အဋ္ဌကထာနည်းမှ တနည်းမဟုတ်၊ အဋ္ဌကထာနည်းသို့ အစဉ်လိုက်၍ အရိယအတွက် အနက် တမျိုးဖွင့်ခြင်းသာတည်း၊ ရွှေနည်း၌ အရိယဝယ် အရဓာတ်+ကျ ပစ္စည်း ဖြစ်သောကြောင့် “အရိယန္တိ အဓိဂမီယန္တိ၊ (မချွတ်မယွင်းသည်၏အဖြစ်ဖြင့် သိထိုက်ကုန်၏။)ဣတိ အရိယာနိ” ဟု သဒ္ဒါနက်ဖြစ်၏၊ ထို ့ကြောင့် ထိုအလို အရိယာနိ၊ မချွက်ဧကန် မှန်သည်၏ အဖြစ်ဖြင့် သိထိုက်ကုန်သော။ သစ္စာနိ၊ သစ္စာတို့တည်း”ဟု အနက်ပေးပါ၊ ဤနောက်နည်း၌ကား မှန် ကန်သောအသုံးအနှုန်း အခေါ်အဝေါ်သည် အရိယာတို့၏ အခေါ်အဝေါ်တည်း၊ ထို အရိယာတို့၏အခေါ်အဝေါ်ကိုပင် “အဓိသံဝါဒကော အဝိတထရူပေါ”ဟု ဝိသေသနပြုသည်။ ဤနောက်နည်းအလို “အရိယာနိ၊ မှန်ကန်ကုန်သော။ သစ္စာနိ၊ တို့တည်း”ဟု အနက်ပေးပါ။
ဗာဓနာ၊ တည်း။ဥဒကံ ဝိယ၊ ရေပြင်ကို ကဲ့သို့။
ဒိဿမာနာ၊ ရှုမြင်အပ်သော။
ပရီစိပန၊ တံလျှပ်သည်ကား။
(ရေရောင်သည်ကား)။
ဥပဂတာနံ၊ အနီးသို့ ကပ်ရောက်သူတို့အတွက်။
တုစ္ဆာ၊ အချည်းနှီးသည်။
ဝါ၊ ဘာမျှမဟုတ်သည်။
ဟောတိ၊ ၏။
တဿာ၊ ထို တံလျှပ်၏။
ဝတ္ထုမတ္တမ္ပိ၊ အရာဝတ္ထုမျှကိုလည်း။
နဒိဿတိ၊ မတွေ့မမြင်အပ်။
ဣတိ၊ ကြောင့်။
ဝိသံဝါဒိတာ၊ မှားမှားယွင်းယွင်း ပြေဆိုစေတတ်သည်၏ အဖြစ်ကို။
ဝုတ္တာ၊ ပြီ။
နိမိတ္တတော ပဝတ္တတော။ ။“သင်္ခါရဘူတနိမိတ္တ ဝင္မွန္ဓပဝတ္တတော၊ ဝုဋ္ဌာနံ ယာယ ဂစ္ဆန္တိ, သော ဝုဋ္ဌာနဂါမိနီ”ဟူသော ဝုဋ္ဌာနဂါမိနီပဿနာအဖွင့်ကို ရည်ရွယ်၍ ပေးသည်၊ မခု၌ကား “နိမိတ္တတောတိ သမုဒယတော၊ ပဝတ္ထတောတိ ဒုက္ခတော၊အထဝါ နိမိတ္တတောတိ ပဉ္စက္ခန္ဓနိမိတ္တတော၊ ပဝတ္တတောတိ သံသာရပဝတ္တတော”ဟု ဖွင့်၏၊ ဆိုင်ရာသာဓကကို ကား ရှာသင့်သည်။
ဝိပရိတတာ။ ။ရွှေမဟုတ်ဘဲရွှေကဲ့သို့လှည့်ပတ်အပ်သော ကျောက်ခဲသည် မျက်လှည့် ဖြေလိုက်သောအခါ ရွှေမဟုတ်တော့ဘဲ ဖောက်လွဲဖောက်ပြန် ဖြစ်သွား၏၊ ဤသို့ ထင်တိုင်း မဟုတ်ဘဲ ဖောက်ပြန်သွားခြင်းကို “ဝိပရီတ”ဟု ခေါ်သည်။
ဝိသံဝါဒိတာ။ ။တံလျှပ်ကား အရာဝတ္ထု ဘာမျှမရှိသောကြောင့် “ဝိပရီတ”ဟု မဆို နိုင်၊ “မှားမှားယွင်းယွင်း ပြောဆိုစေတတ်၏”ဟုသာ ဆိုနိုင်သည်။ [“ပိသံဝါဒိကာ”ဟု စာ အုပ်တို့၌ ရှိသော်လည်း တဿာကိုငဲ့၍ “ဝိပရိတတာ”ဟု ထားသကဲ့သို့ ဤ၌လည်း တဿာကို ငဲ့၍ “ဝိသံဝါဒိတာ”ဟု ရှိသင့်သည်။ ]
**ကုသလေဟိ ဝိနာ။ ပေ ။ နိဗ္ဗတ္တကတ္တာ**။ ။“ကုသိုလ်မပါဘဲ အကုသိုလ်နှင့် တကွ ပေ တကွ- ရူပါဝစရစသည် မပါဘဲ ကာမာဝစရစသည်နှင့်တကွ” ဟူရာ၌ အကုသိုလ် ကာမာဝစရ စသည်တို့သည် ပဓာန မဟုတ်၊ တဏှာကသာ ပဓာနဖြစ်ကြောင်းကိုပြ၏။ “ကုသလေဟိ ဝိနာ” နေရာဝယ် “အကုသလေဟိ ဝိနာ”ကုသလေ” ဟု၎င်း, “ကာမာဝစရာဒီဟိ ဝိနာ ရူပါဝစရာဒီဟိ” ဟု၎င်း ပြောင်းလွှဲ၍ ဒုက္ခကို ဖြစ်စေရာ၌လည်း တဏှာကသာ ပဓာနဖြစ်ကြောင်းကိုပြ၏၊ မှန်၏... တဏှာဆန်းကြယ်သလောက် ကုသိုလ် အကုသိုလ်ကံ တို့သည် အကျိုးကိုပေးကြရ၏၊ ထို ့ကြောင့် မည်သည့်အကျိုးဒုက္ခမဆို တဏှာနှင့်ကင်း၍ မဖြစ်၊ အချို့ ဒုက္ခတို့ကား အခြားအကုသိုလ်စသည်တို့နှင့်ကင်း၍ ဖြစ်နိုင်ကြသည်။
တစ္ဆာဝိပရီတဘူတဘာဝေါ၊ ကို။
ဝုတ္တော၊ ဆိုအပ်ပြီ။
ဣတိ၊ ကြောင့်။
ဣတိ တစ္ဆာ ဝိပလ္လာသာတိ အာဒိ၊ အစရှိသော။
(ယံ ဝစနံ အတ္ထိ, တံ ဝစနံ) အာဟ၊ **အနုဿဝ**။ ။ဒုက္ခာဒီနံ အရိယသစ္စဘာဝဿ အရူပံ ယုတ္တံ အာစရိယပရမ္မရာဂတံ ဝါသဝနံ အနုဿဝေါ။...။ ပဌမနည်း၌ အနုသည် အနုရူပအနက်ဟောတည်း၊ ဒုတိယနည်း၌ အနုသည် ပရမ္ပရာဂတ (ဆရာအစဉ်အဆက်မှလာခြင်း) အနက်ဟော တည်း၊ အနုဿပ စသောပုဒ်တို့ကို ဒွန်တွဲ၍ ထိုန်ပုဒ်များကို အနုဂတော၌စပ်ပါ၊ အနု- ဿဝ အနုဂတော၊ ကြားနာရခြင်းသို့အစဉ်လိုက်သော။ ဗောဓော၊ တည်း။ အနုဗောဓော။
ဝါ၊ ဒုက္ခစသည်တို့၏ အရိယ သစ္စအဖြစ်အားလျော်စွာ ကြားနာရခြင်းဟူသော အနုဿဝ, ပထဝီ ဖဿ စသည်တို့၏ ကက္ခဠ ဖုသနစသော ခြင်းအရာသဘောကို ကြံစည်ခြင်းဟူသော အာကာရ ပရိဝိတက္က, ဉာဏ်ဖြင့် အကြွင်းမဲ့ရှုလျက် နှိပ်စက်ခြင်းဟူသော ဒိဋ္ဌိနိဇ္ဈာနက္ခန္တိသို့ အစဉ်လိုက်သော။
ဗောဓော၊ သိခြင်းသည်။
ဝါ၊ သိတတ်သော ဉာဏ်သည်။
အနုဗောဓော၊ မည်၏။
(ကသ္မာ အနုဿဝါကာရ ပရိဝိတက္က ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ အနုဂတော ဗောဓော အနုဗောဓော၊ဣတိ ဝိညာယတိ၊ နည်း)။
ဟိ (ယသ္မာ)၊ ကြောင့်။
သော၊ ထို အနုဗောဓဉာဏ်သည်။
ပစ္စက္ခတော၊ မျက်မှောက်အားဖြင့်။
ဝါ၊ တိုက်ရိုက်အားဖြင့်။
န ဗုဇ္ဈတိ၊ သစ္စာတို့ကို မသိနိုင်။
ပန၊ အနွယကား။
အနုဿဝါဒိဝသေ န၊ အနုဿဝ အစရှိသည်တို့နှင့်စပ်သဖြင့်။
ကပ္ပေတွာ၊ ကြံဆ၍။
ဂဏှာတိ၊ ယူနိုင်၏။
ဣတိ၊ ကြောင့်။
(အနုဿဝါကာရ ပရိဝိတက္က ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ အနုဂတော ဗောဓော အနုဗောဓော။ ဣတိ ဝိညာယတိ၊ ၏)။
ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ။ ။ထိုသို့ ကြံစည်အပ်ပြီးသော အခြင်းအရာကို သိမြင်တတ်သောဉာဏ် ပညာဖြင့် အကြွင်းမဲ့ရှုလျက် နှစ်သက်ခြင်းသည် ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ မည်၏။ နိဗ္ဗာနာ၊ အကြွင်းမဲ့ ရှုတတ်သော+ခန္တီ= နှစ်သက်ခြင်းတည်း။ နိဗ္ဗာနက္ခန္တိ=ခြင်း၊ ဒိဋ္ဌိယာ+နိဇ္ဈာနက္ခန္တိ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ။ ယထာ ဝိတက္ကိတာကာရဿ ဒိဋ္ဌိသင်္ခါတာယ,ဒဿနဘူတာယ ပညာယ+ နိဗ္ဗာနံ+ မနံ( စနံ) ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ။-အနု။]ထို ဒိဋ္ဌိနိဇ္ဈာနက္ခရှိသို့ အစဉ်လိုက်သော သိခြင်းသည် (ဘဏ်သည်) ဒိဋ္ဌိနိဇ္ဈာနက္ခ အနုဗာမမည်၏။ဟိ၊ ချဲ့။ ဝိဝဋ္ဋာနုပဿနာယ၊ ဝဋ်မှကင်းသော နိဗ္ဗာန်ကို အဖန်ဖန်ရှုတတ်သော ဝိပဿနာဖြင့်။ သင်္ခါရေဟိ၊ တေဘူမကသင်္ခါရတို့မှ။ ပတိလီယမာနမာနသဿ၊ တွန့်ဆုတ်သော စိတ်ရှိသော ယောဂီ ပုဂ္ဂိုလ်၏ (သန္တာန်၌)။ ဥပ္ပဇ္ဇမာနံ၊ သော။ မဂ္ဂဉာဏံ၊ မဂ်ဉာဏ်သည်။ ဝိသင်္ခါရံ၊ သင်္ခါရတို့မှ ကင်းသော။ ဒုက္ခနိဿရဏံ၊ ဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်သော နိဗ္ဗာန်ကို. အာရမ္မဏံ၊ ကို။ ကတွာ၊ ၍။ ဒုက္ခံ၊ ဒုက္ခသစ္စာကို။ ပရိစ္ဆိန္ဒတိ၊ ပိုင်းခြား၍ သိ၏။ ["ဒုက္ခသစ္စာဟူသည် လောကီစိတ်, စေတသိက်နှင့် ရုပ်တရားသာတည်း။ ထို့ထက် အပိုမရှိ" ဟု ပိုင်းခြား၍ သိနိုင်၏။] ဒုက္ခဂတံ၊ ဒုက္ခ၌ အာရုံပြုသော အားဖြင့်ဖြစ်သော။ တဏှံ စ၊ ကိုလည်း။ ပဇဟတိ၊ ၏။ နိရောဓဉ္စ၊ နိဗ္ဗာန်ကိုလည်း။ ဖုသတိ၊ အာရုံပြုသော အားဖြင့် ရောက်၏။
(ကော ဝိယ၊ အဘယ်ကဲ့သို့နည်း)။
အာဒိစ္စော၊ နေမင်းသည်။
ပဘာယ၊ အရောင်ဖြင့်။
(အန္ဓကာရံ၊ အမိုက်မှောင်ကို။
ပဇဟတိ ဝိယ၊ ပယ်စွန့်သကဲ့သို့၎င်း။
အာလောကံ၊ အရောင်အလင်းကို။
ပကာသေတိ ဝိယ၊ ထင်ရှားပြသကဲ့သို့၎င်းတည်း။)
သမ္မာသင်္ကပ္ပါဒီဟိ၊ သမ္မာသင်္ကပ္ပ အစရှိသော မဂ္ဂင်ခုနစ်ပါးတို့နှင့်။
သဟ၊ တကွ။
ဥပ္ပန္နံ၊ သော။
တံ မဂ္ဂံ၊ ထို သမ္မာဒိဋ္ဌိ မဂ္ဂင်ကို။
ဘာဝေတိ၊ ထင်စွာ ဖြစ်စေ၏။
(ကောဝိယ၊ နည်း။
အာဒိစ္စော၊ သည်။
ပဘာယ၊ နှင့်။
သဟ၊ တကွ။
ဥပ္ပန္နံ၊ သော။
အတ္တာနံ၊ ကို။
ဘာဝေတိ ဝိယ၊ ထင်စွာ ဖြစ်စေသကဲ့သို့တည်း။)
အာဒိစ္စော ၀ိယ ပဘာယ။ ။အာဒိစ္စော ဝိယ ပဘာယ နိရောဓံ ဖုသတိ ကိလေသန္ဓ- ကာရံပိဒ္ဓံသေတိ။-အနု။ ဤအလို “အာဒိစ္စော ဝိယ ပဘာယ”ကို ရွှေ့လှည့်၍ စပ်ရမည်၊ “နေသည် မိမိ၏အရောင်အလင်းဖြင့် အမှောင်ကို ပယ်သကဲ့သို့ ကိလေသာအမှောင်ကိုလည်း ပယ်နိုင်၏၊ အလင်းကို ထင်ရှားပြသကဲ့သို့ နိရောဓ(နိဗ္ဗာန်)အလင်းကိုလည်း ထင်ရှားပြနိုင် ၏”ဟု အဓိပ္ပါယ်မှတ်ပါ။
မဓု။ ။မဓုဋီကာ၌ကား “ပဘာယ သဟ ဥပ္ပန္နော အာဒိစ္စော ပဘ ဘာဝေတိ ဝရေတိ ယထာ။ဧဝံ သမ္မာသင်္ကပ္ပါဒီဟိ သတ္တဟိ သဟ ဥပ္ပ မဂ္ဂဉာဏံ(သည်။) တံမဂ္ဂီ သမ္မာ- သင်္ကပ္ပါဒိက သတ္တိဝိဓံ(ကို)ဘာဝေတီတိ အတ္တော။ ဤအလို အာဒိစ္စော ဝိယ ပဘာယကို နောက်ဝါကျနှင့်အဓိပ္ပါယ်တဲ့ရလိမ့်မည်။ ဤနည်း၌ မဂ်ဉာဏ်သည် နေနှင့်တူ၏၊ နေသည်မိမိကို ၎င်း အရောင်ကို၎င်း ထင်ရှားပြသကဲ့သို့ မဂ်ဉာဏ်ဟူသော သမ္မာဒိဋ္ဌိသည်လည်း မိမိကို ၎င်း သမ္မာသင်္ကပ္ပစသော ၇-ပါးကို၎င်း ထင်ရှားပြသည်”ဟူလို။ [ဥပမာန ဥပမေယျတွဲစပ် ပုံမှာ ဤဟု အဓိပ္ပါယ်က သာ၍ ထင်ရှားပေသည်။ ထို့ကြောင့် နိဿယ၌ “အာဒိစ္စောဝိယ ပဘာယ”ကို ရှေ့သို့၎င်း နောက်သို့၎င်း ကာကောလောကန နည်းအားဖြင့် ၂-ဘက်ကြည့်၍ အနက်ပေးလိုက်ပါသည်။]
စ၊ ဆက်။ သင်္ခါရေ၊ သင်္ခါရတို့ကို။ အမုဉ္စိတွာ၊ မလွှတ်မူ၍။ ပဝတ္တမာနေန၊ ဖြစ်သော။ ဉာဏေန၊ လောကီဉာဏ်ဖြင့်။ ဧတံ သဗ္ဗံ၊ ဤအလုံးစုံသော ပရိစ္ဆိန္ဒန စသော အမှုကို။ ကာတုံ၊ ငှာ။ န သက္ကာ၊ မတတ်နိုင်။ (ကသ္မာ၊ နည်း)။ (သင်္ခါရေအမုဉ္စိတွာ ပဝတ္တမာနဿ ဉာဏဿ၊ ၏)။ နိမိတ္တပဝတ္တေဟိ၊ သင်္ခါရနိမိတ် အဆက်မပြတ်ဖြစ်သော ဝဋ်ခန္ဓာတို့မှ။ အဝုဋ္ဌိတတ္တာ၊ မထမြောက်သေးသည်၏ အဖြစ်ကြောင့်တည်း။ တသ္မာ၊ ကြောင့်။ ဧတာနိ ကိစ္စာနိ၊ ဤလေးပါးသော ကိစ္စ တို့ကို။ ကရောန္တံ၊ ပြုနိုင်သော။ တံ ဉာဏံ၊ ထို မဂ်ဉာဏ်သည်။ ဒုက္ခာဒီနိ၊ ဒုက္ခ သစ္စာ အစရှိသည်တို့ကို။ တတ္ထ၊ ထိုလေးပါးသော ဆုတ်နစ်စေခြင်းအားဖြင့်။ ဝိဘာဝေတိ၊ ထင်စွာဖြစ်စေနိုင်၏။ ဣတိ၊ ကြောင့်။ စတ္တာရိပိ သစ္စာနိ ပဿတီတိ၊ ဟူ၍။ ဝုတ္တံ၊ ။ကစ္စာန၊ န။
လောကနိရောဓံ၊ ကို။
ဝါ၊ ရုပ်နာမ် သင်္ခါရဟူသော လောက၏ ချုပ်ကြောင်း နိရောဓသစ္စာကို။
ယထာဘူတံ, သမ္မပ္ပညာယ, ပဿတော, လောကေ, ယာ အတ္ထိယာ၊ အကြင် အမြဲရှိည်၏ အဖြစ်သည်။
(အတ္ထိ)၊
သာ အတ္ထိတာ၊ သည်။
န ဟောတိ၊
ဣတိ၊ သို့။
ဝစနတော၊ ကြောင့်။
နိရောဓဒဿနံ၊ သည်။
ဟေတုနိရောဓာ၊ အကြောင်း၏ချုပ်ခြင်းကြောင့်။
ဖလနိရောဓဒဿန ဝသေန၊ အကျိုး၏ ချုပ်ခြင်းကို မြင်ခြင်းအစွမ်းဖြင့်။
သဿတဒိဋ္ဌိပရိယုဋ္ဌာနံ၊
နိဝါရေတိ၊ ၏။
သုဒ္ဓ ။ ပေ ။ နိဝါရေတိ။ ။ခန္ဓာငါးပါး၌ အတ္တဟု မှတ်ထင်နေသော ... ဒိဋ္ဌိကို “သက္ကာယဒိဋ္ဌိ” ဟု ခေါ်၏၊ လောကီစိတ်, စေတသိက် ရုပ်ဟူသော သင်္ခါရတို့ကို သိသော ဒုက္ခဉာဏ်သည် “ရုပ်နာမ်သင်္ခါရ သက်သက်သာတည်း.. အတ္တမရှိ” ဟု မြင်နေ သောကြောင့် ထို အတ္တကိုစွဲလမ်းသော သက္ကာယဒိဋ္ဌိကို တားမြစ်နိုင်သည်။
သမုဒယဒဿနံ။ ။ “အတ္တသည် တဘ၀ဆုံးလျှင် ပြတ်စဲ၏” ဟု သိမြင်တတ်သော မိစ္ဆာအယူသည် ဥစ္ဆေဒဒိဋ္ဌိ မည်၏၊ သမုဒယသစ္စာဟူသော အကြောင်းကို မြင်သော ဉာဏ်ကား အကြောင်းတဏှာ ရှိနေသမျှ အကျိုးရုပ်နာမ်သင်္ခါရတို့ မပြတ်စဲကြောင်းကို ဉာဏ်ဖြင့်ထင်ထင် သိမြင်နေသောကြောင့်၎င်း ဤဘဝ ဆုံးခါနီးသော် ထိုဘဏှာသည် ဘ၀အသစ်ကို ညွတ်နေသည့်အတွက် တဏှာရှိနေသမျှ ဘဝအဆက်မပြတ်ခြင်းကို သိနေ ရကား ထို ဥစ္ဆေဒဒိဋ္ဌိ ပရိယုဋ္ဌာနကို တားမြစ်နိုင်သည်။
ဣဿရော၊ ပရမီသွာ, ဗြဟ္မာ, ဗိဿဏိုး အစိုးရသော ပုဂ္ဂိုလ်သည်။
လောကံ၊ ကို။
ပဝတ္တေတိ စ၊ ဖြစ်လည်းဖြစ်စေနိုင်၏။
(စီမံလည်း စီမံ ဆန်ဆင်းနိင်၏)။
နိဝတ္တေတိ စ၊ ဆုတ်နစ်လည်း ဆုတ်နစ်စေနိုင်၏။
မဂ္ဂဒဿနေန
။ ။မည်သည့်ကောင်းမှု မကောင်းမှုကိုပြုပြု ထိုအမှု၏အကျိုးမရှိ ပြုကာ မတ္တပြုရုံမျှသာဖြစ်၏ အကျိုးမရှိသောကြောင့် ပြုရာမရောက် ”ဟု ဖြစ်သော မိစ္ဆာအယူသည် အကိရိယဒိဋ္ဌိ မည်၏။မဂ္ဂသစ္စာကို သိသောဉာဏ်ဖြင့် အကြောင်း၏အကျိုးကို ကိုယ်တိုင်သိမြင် ရကား ထိုအကိရိယဒိဋ္ဌိကို ပယ်စွန့်နိုင်သည်။
ပဝတ္တေတိနိဝတ္တေတိ စ။ ။ပဝတ္တေတီတိ သတိ(စီမံ၏)။ ပဝတ္တိယာ ဝါ ဟေတု ဟောတိ။ နိဝတ္တေတီတိ သံဟရတိ (ရုပ်သိမ်း၏)။ ပလယံ(ချုပ်ခြင်းသို့)ဂမေတိ။ ပလောဏ တာဒိဝသေန ဝါ မောက္ခဟေတု ဟောတိ(ပျက်စီးသည်၏အဖြစ် အစရှိသည်တို့၏အစွမ်းဖြင့် လွတ်မြောက်ခြင်း၏ အကြောင်းဖြစ်၏။)—-အနု။
(အဖြစ်ကိုလည်း ဆုတ်နစ်ရုပ်သိမ်းစေနိုင်၏)။ ဣတိ၊ ဤသို့။ ဣဿရကာရဏိနော၊ ဣဿရသည် လောက၏ အကြောင်းဟု အယူရှိသော ပုဂ္ဂိုလ်တို့သည်။ ဝဒန္တိ၊ ပြောဆိုကြကုန်၏။ပဓာနတော၊ ပဓာနကြောင့်။ (ပကတိကြောင့်)။ (လောကော၊ သည်)။ အာဝိဘဝတိ၊ ထင်စွာဖြစ်၏။ တတ္ထေဝ၊ ထို ပဓာန၌ပင်။ ပတိလီယတိ စ၊ တွန့်ဆုတ်လည်း တွန့်ဆုတ်၏။ ပဓာနကာရဏိနော၊ ပဓာနသည် လောက၏ အကြောင်းဟု အယူရှိသော ပုဂ္ဂိုလ်တို့သည်။ (ဝဒန္တိ)၊
**သမုဒယာဒိဘာဝေါ**။ ။ဒုက္ခသစ္စာသည် ပရိယာယ်အားဖြင့် သမုဒယ မဂ္ဂလည်း ဖြစ် ဘာ့ကြောင့်နည်း’ဒုက္ခသစ္စာတွင် ပါဝင်သော ကုသိုလ်သည် ဇာတိဒုက္ခစသည်တို့၏ အကြောင်းဖြစ်ရာ၌ သမုဒယလည်း မည်၏၊ ဝိပဿနာဉာဏ် စသည်ဖြင့် နိဗ္ဗာန်သို့ ရောက် ကြောင်း မဂ္ဂလည်း ဖြစ်နိုင်၏၊ ထို့ကြောင့်တည်း။... သမုဒယသစ္စာသည် ပရိယာယ်အားဖြင့် မဂ္ဂ ဒုက္ခ ဖြစ်နိုင်ပြန်၏၊ ဘာ့ကြောင့်နည်း... တဏှာသံယောဇဉ်ဖြင့် သူတော်ကောင်းတို့နှင့် ပေါင်းသင်းဘို့ရန် တောင့်တစေကာမူ ဘုရား အစရှိသော သူတော်ကောင်းတို့နှင့် ပေါင်းမိ သောအခါ ထို တဏှာသည်ပင် ပရိယာယ်အားဖြင့် နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း မဂ္ဂလည်း ဖြစ်နိုင်၏၊ ထိုသမုဒယသည်ပင် – ယဒနိစ္စံ, တံ ဒုက္ခ” အရ အနိစ္စဖြစ်မသကြောင့် ဒုက္ခလည်း ဖြစ်ပြန်၏။ထို ့ကြောင့်တည်း။ မဂ္ဂသစ္စာသည် ပရိယာယ်အားဖြင့် ဒုက္ခ .. ... လည်း ဖြစ်ရပြန်၏၊ ဘာ့ကြောင့်နည်း—– ယဒနိစ္စ, တံ ဒုက္ခ” ဟု ဟောတော်မူသောကြောင့်အနိစ္စဖြစ်သည့်အတွက် ဒုက္ခလည်း ဖြစ်နိုင်ပြန်၏၊ အရဟတ္တမဂ်ကို ရလျှင်ပင် လူ့ ဘဝ နတ် ဘဝ၌ ပရိနိဗ္ဗာန်စံရခြင်း တည်းဟူသော မရဏဒုက္ခနှင့် ရင်ဆိုင်ရသောကြောင့် ပရိယာယ် အားဖြင့် ဒုက္ခ၏အကြောင်း သမုဒယလည်း ဖြစ်ပြန်၏၊ ထို့ကြောင့်တည်း။
နိရောဓဿဝါ၊ နိရောဓ၏မူလည်း။
ဒုက္ခာဒိဘာဝေါ၊ ဒုက္ခ အစရှိသည်၏ အဖြစ်သည်။
(နတ္ထိ၊ မရှိ)။
ဣတိ၊ ကြောင့်။
အညမည သမင်္ဂိတာ၊ ဒုက္ခ သမုဒယ မဂ္ဂတို့နှင့် နိရောဓ၏ အချင်းချင်း အတူတကွဖြစ်ခြင်းရှိသည်၏ အဖြစ်သည်။
ဝါ၊ နိရောဓနှင့် ဒုက္ခ သမုဒယ မဂ္ဂတို့၏ အချင်းချင်း အတူတကွဖြစ်ခြင်းရှိသည်၏ အဖြစ်သည်။
န၊ မရှိ။
ဣတိ၊ ကြောင့်။
နရောဓသုညာနိဝါတိ အာဒိ၊ အစရှိသော။
(ယံ ဝစနံ အတ္ထိ၊ တံ ဝစနံ) အာဟ၊ **န ပန နိရောဓ။ပေ။ သမင်္ဂိတာ**။ ။ထိုသစ္စာသုံးပါးသည် မည်သည့်အခါမျှ သန္တိ- သုခနှင့် မပေါင်းနိုင်ရကား ပရိယာယ်အားဖြင့်သော်မှ နိရောဓအမည်ကို မရနိုင်ပါ၊ နိရောဓ သစ္စာကလည်း ထို သစ္စာ ၃-ပါးနှင့်ရော၍ မဖြစ်ပါ။ တတ္ထ၊ ထို န ဟေတု သမဝေတံ ဟေတုဖလံ အစရှိသော စကားရပ်၌။
ဣဓ၊ ဤလောက၌။
တန္တူသု၊ ချည်မျှင် အပေါင်းတို့သည်။
(သမဝေတေသု၊ အညီအမျှ တကွဖြစ်ကုန်လသော်)။
ပဋော၊ အဝတ်ပုဆိုးတည်း။
(ဣတိ အာဒိနာ ဗုဒ္ဓိဝေါဟာရဇနကော ၌စပ်)။
ကပါလေသု၊ အိုး၏ အစိတ်အပိုင်းဖြစ်သော အိုးလုပ်ဘို့ရန် မြေညက်တို့သည်။
(သမဝေတေသု)၊
ဃဋော၊ အိုးတည်း။
ဗိရဏေသု၊ သင်မြက်တို့သည်။
(သမဝေတေသု)၊
ကဋော၊ သင်ဖြူးတည်း။
ဒွိအဏူသု၊ ပရမာဏုမြူ ၂ ခုတို့သည်။
(သမဝေတေသု)၊
ဒွိအဏုကံ၊ ပရမာဏုမြူ ၂ ခုအပေါင်းတည်း။
မဟန္တာ။ ပေ။ ဝိသေသေဟိ။ ။အဝိဘတ္တေဟိ ဝိကာရေ၌ ဝိကာရေဟိကိုပင် “မဟန္တာ။ပေ။ ဝိသေသေဟိ” ဟု သရုပ်ဖော်သည်။ ထိုတွင် “မန္တ” ဟူသည် ဗုဒ္ဓိကြီးစွာသောဉာဏ်တည်း၊ ထိုဉာဏ်ကို ကာပိလဆရာတို့က “မဟဇ္ဈာသယ” ဟုလည်း ခေါ်ကြသတတ်။
“အဝိသေသ” ဟူသည် ရူပဘမ္မတ္တစသော ၅-ပါးနှင့် အဟံကာရ (ငါဟု ပြုတတ်သော မာန်) ဟူသော ၆-ပါးတည်း၊ ရူပတမ္မတ္တစသော၌ အာဒိဖြင့် သဒ္ဓ ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ တို့ကိုယူ၊ ထိုဘမ္မတ္တ ၅-မျိုးကို ဆရာတော်၏ အဘိဓာန်နိဿယ ၉၂-ဂါထာ၌ သူ ဖ, ရူ ရ, ဂန္ဓ ဟု သရုပ်ဖော်၏၊ ထို၌ “ဖာ” ဟူသည် ဖောဋ္ဌဗ္ဗာရုံတည်း။
“ဣန္ဒြိယ” ဟူသည် စက္ခုစသော ၅ပါး ဝါစာ ပါ ပါ ပါ (ဝစ္စမဂ်) ဥပတ္ထ(ဆရာတော်၏နိဿယဉ်– အင်္ဂဇာတ” ဟု ပါ၏၊ ထိုအင်္ဂါဇာတ်ကို ဤ၌“ ဥပတ္ထ” ဟု ဆိုထားဟန်တူသည်။)
“ဘူတဝိသေသ”ဟူသည် ဓာတ်ကြီး ၄-ပါးနှင့် အာကာသ, ၅-ပါးတည်း”ဟု အနုဋီကာ၌ ဖွင့်သည်။ “ဤအားလုံးသည် ပကတိ၏ အကျိုးဖြစ်ကြသော်လည်း ပကဘိမှ စခွဲခါမီ ပကတိအတွင်း၌ ကိုယ်ဝန်ကလေးကဲ့သို့ တည်နေကြသည်” ဟု ယူကြသတတ်။
ဣတိ အာဒိနာ၊ ဤသို့ အစရှိသည်ဖြင့်။ ဣဓ၊ ဤလောက၌။ ဗုဒ္ဓိဝေါဟာရဇနကော၊ ဉာဏ်, အခေါ်အဝေါ်ကို ဖြစ်စေတတ်သော။ (သမ္ဗန္ဓော ၌စပ်)။ အဝိသုံ၊ သီးခြား မဟုတ်ဘဲ။ (တခုစီ မဟုတ်ဘဲ)။ သိဒ္ဓါနံ၊ ထင်ရှားကုန်သော ချည်မျှင် အစရှိသည်တို့၏။ သမ္ဗန္ဓော၊ ပေါင်းစပ်ခြင်းသည်။ သမဝါယော၊ သမဝါယတည်း။တေန သမယေန၊ ထို သမဝါယအားဖြင့်။ ကာရဏေသု၊ အကြောင်းဖြစ်ကုန်သော။ ဒွီသု၊ ကုန်သော။ အဏူသု၊ ပရမာဏုမြူခုတို့သည်။ (သမဝေတေသု) ဒွိအဏုကံ၊ ပရမာဏုမြူ ၂ ခုအပေါင်းဖြစ်သော။ ဖလံ၊ အကျိုသည်း။ သမဝေတံ၊ အညီအမျှ တကွဖြစ်သည်။ ဧကီဘူတမိဝ၊ တခုတည်းမဟုတ်သာ်လည်း တခုတည်းဖြစ်၍ ဖြစ်သကဲ့သို့။ သမ္ဗန္ဓံ၊ ပေါင်းစပ်မိသည်။ (ဟောတိ)၊ တီသု အဏူသု၊ တို့သည်။ (သမဝေတေသု) တိအဏုကံ ဖလံ သမဝေတံ ဧကီဘူတမိဝ သမ္ဗန္ဓံ ဟောတိ၊ ဣတိ ဧဝံ၊ ဤသို့။ ဝါ၊ ဤနည်းအားဖြင့်။ မဟာပထဝီ မဟာဥဒက မဟာအဂ္ဂိ မဟာဝါတက္ခန္ဓပရိယန္တံ၊ ကြီးစွာသော မြေအစု, ကြီးစွာသော ရေအစု, ကြီးစွာသော မီးအစု, ကြီးစွာသော လေအစု အပိုင်းခြားရှိသော။ ဖလံ၊ သည်။ အတ္တနော၊ မိမိ၏။ ကာရဏေသု၊ အကြောင်းတို့၌။ သမဝေတံ၊ အညီအမျှ တကွဖြစ်၏။ ဣတိ၊ သို့။ သမဝါယဝါဒိနော၊ သမဝါယကို ပြောဆိုလေ့ရှိသော ဆရာတို့သည်။ ဝဒန္တိ၊ ၏။ [ဤဝါဒ၌ မဟာပထဝီ မြေကြီး စသည်တို့လည်း အဏုမြူများစွာတို့၏အပေါင်းပင် ဖြစ်သတတ်။ အဘိဓမ္မာနည်အားဖြင့်ကား အဋ္ဌကလာပ်ရုပ် အပေါင်းဟု မှတ်ပါ။]
**တပ္ပစ္စယဓမ္မဘေဒေ**။ ။အာဟာရ ၄-ပါး၏ သရုပ်ကို “ကဗဋီကာရာဟာရ” စသည် ဖြင့် သိပါ၊ ထိုအာဟာရ ၄-ပါး၏အကြောင်းကို “တပ္ပ”ဟု ဆို၏။ ကဗဋီကာရာဟာ- ရ၏ အကြောင်းသည် အာဟရဏီယဝတ္ထု (စားမျိုးထိုက်သော အစာအာဟာရ) တည်း။ ဖဿာဟာရ၏အကြောင်းသည် “ သဠာယကနပစ္စယာ ဖာ”နှင့်အညီ ၆ပါး သော အာယတနတည်း။ စေတနာဟူသော သင်္ခါရ၏ အကြောင်းသည်..အဝိဇ္ဇာတည်.၊ ဝိညာဏာဟာရ၏ အကြောင်းသည် “သင်္ခါရပစ္စယာ ဝိညာဏံ”နှင့် အညီ သင်္ခါရဟု ဆို အပ်သော အဘိသင်္ခါရတည်း၊ ထို အာဟာရ ၄-ပါးကြောင့် ဖြစ်သော အကျိုးကို “”ဟု ခေါ်၏။ ထိုဓမ္မတို့ကား “ဩဇာဋ္ဌမကါ ယေ ဝေဒနံ ပဋိသန္နကံ၊ နာမရူပံ အာဟရန္တိ တသ္မာ ဟာရာတိ ဝုစ္စရေ"ဟူသော ဂါထာနှင့်အညီ ဩဋ္ဌမက ရုပ်, ဝေဒနာ, ပဋိသန္ဓေ ဝိညာဏ်, နာမ်ရုပ်တို့တည်း။ ဟိ၊ မှန်။ တိရစ္ဆာ နဂတာနမ္ပိ၊ တိရစ္ဆာန်တို့၏ စိတ်၌သော်မှလည်း။ ဒုက္ခံ၊ ဒုက္ခသည်၎င်း။ အာဟာရာဒီသု၊ အာဟရ အစရှိသည်တို့၌။ အဘိလာသော စ၊ လွန်စွာ အလိုရှိခြင်း ဟူသော တဏှာသည်ပင်။ ပါကဋော၊ ထင်ရှား၏။ ပန၊ ထိုသို့ပင် ထင်ရှားပါသော်လည်း။ ပိဠနာဒိ အာယူဟနာဒိဝသေန၊ ပီဠန အစရှိသော အနက်, အာယူဟန အစရှိသော အနက်တို့ဖြင့် အပြားအားဖြင့်။ ဣဒံ၊ ဤတရားသည်။ ဒုက္ခံ၊ တည်း။ ဣဒံ၊ ဤတရားသည်။ အဿ၊ ထို ဒုက္ခ၏။ ကာရဏံ၊ တည်း။ ဣတိ၊ သို့။ ယာထာဝတော၊ မဖောက် မပြန် ဟုတ်မှန်သော အားဖြင့်။ ဩဂါဟိတုံ၊ ဉာဏ်ဖြင့် သက်ဝင်ခြင်းငှာ။ အသက္ကုဏေယျတ္တာ၊ မတတ်ကောင်းကုန်သည်၏ အဖြစ်ကြောင့်။ ဂမ္ဘီရာ၊ ကုန်၏။
သဏှသုခုမဓမ္မတ္တာ၊ သိမ်မွေ့နူးညံ့သော တရားတို့၏ အဖြစ်ကြောင့်။ နိရောဓ မဂ္ဂါ၊ နိရောဓ သစ္စာ မဂ္ဂသစ္စာတို့သည်။ သဘာဝတော ဧဝ၊ မိမိ၏ သဘောအားဖြင့်ပင်။ ဂမ္ဘီရတ္တာ၊ နက်နဲကုန်သည်၏ အဖြစ်ကြောင့်။ ဒုရဝဂါဟာ၊ ဉာဏ်ဖြင့် ခဲယဉ်းစွာ သက်ဝင်အပ်ကုန်၏။ တေနေဝ၊ ထို့ကြောင့်ပင်။ မဂ္ဂေ၊ မဂ်သည်။ ဥပ္ပန္နေ၊ သော်။ နိရောဓမဂ္ဂါနံ၊ တို့၏။ ယာထာဝတော၊ အားဖြင့်။ အနဝဂါဟော၊ ဉာဏ်ဖြင့် မသက်ဝင်နိုင်ခြင်းသည်။ နတ္ထိ၊ မရှိတော့။ ဣတိ၊ ဤသို့ မှတ်အပ်၏။