ပဉ္စပုစ္ဆကံ၊ ပဉှပုစ္ဆကနည်းသည်။
ဟေဋ္ဌာ၊ အောက်ဖြစ်သော ခန္ဓဝိဘင်း၏ အဖွင့် အစရှိသည်၌။
ဝုတ္တနယတ္တာ၊ ဆိုအပ်ပြီးသော နည်းရှိသည်၏ အဖြစ်ကြောင့်။
ဥတ္တာနမေဝ၊ သာ။
ဣတိ၊ အပြီးတည်း။
မနော စ။ပေ။ပစ္စနုဘောတိ။ ။ဤ ပါဠိတော်သည် “ပဋိမာနိ အာဝုသော (ငါ့ရှင် ကောဋ္ဌိက အရှင်သာရိပုတြာကခေါ်သည်။) ဣန္ဒြိယာနိ။ပေ။န အညမညဿ ဂေါစရဝိသယံ ပစ္စနုဘောန္တာနံ မနော ပဋိသရဏံ၊ မနော စ နေသံ ဂေါစရဝိသယံ ပစ္စနုဘောတီတိ”ဟု မူလပဏ္ဏာသ မဟာဝေဒလ္လသုတ်၌လာသော ပါဠိတော်တည်း၊ ဤပါဠိတော်၌ ရူပါရုံအစရှိ သော အာရုံတို့ကို ခံစားသော ဇောတည်းဟူသော မနကို ယူရမည်ဖြစ်သောကြောင့် အာဝဇ္ဇန်းနှင့်တွဲ၍ မယူလိုက်၊ အာဝဇ္ဇန်းကို မနမှ သီးခြားခွဲ၍ ယူရသည်။ ပဋိစ္စဟု လာရာ၌ ကား စက္ခုဉ္စ ပဋိစ္စ၌ စသဒ္ဒါဖြင့် ပဉ္စဒွါရာဝဇ္ဇန်းကိုလည်း စက္ခုနှင့်တတွဲတည်း ယူရသကဲ့သို့ မနဉ္စ၌လာသော စသဒ္ဒါဖြင့်လည်း မနောဒွါရာဝဇ္ဇန်းကို မနောက္ခါရတည်းဟူသော မနနှင့်တဲ့ ၍ ယူရသည်။
မနော စ။ ။မနော စာတိ စ သဒ္ဒါ မနာ ပဋိစ္စာတိအာဒိသု ဝိယ န သမ္ပိဏ္ဍနတ္ထော၊ အထ ခေါ ဗျတိရေကတ္ထော ဒဋ္ဌဗ္ဗော။ ဤ ဗျတိရေကဟူရာ၌ အနွယ၏ပြောင်းပြန် ဗျတိရေ- က မဟုတ်၊ ခွဲခြားအပ်သောဘိတ္ထအနက်ဟော ဖြစ်ကြောင်းကို သီလက္ခန်ဘာသာဋီကာ တတိယအုပ် စာမျက်နှာ(၂၄၉) ၌ ပြခဲ့ပြီ။ မဓု၌ကား “စ သဒ္ဓေါ အဝဓာရဏတ္ထာ” ဟု ဖွင့်လေ၏။