**သံသာရော ဧဝံ ဝါသဗ္ဗော**။ ။ တနည်း - အပါယစသော ၃ ရပ်လည်း ကြီးပွားခြင်း မရှိ, ဒုက္ချည်း ဖြစ်သောကြောင့် သံသရာတလျှောက်လုံးကို "အပါယ, ဒုဂ္ဂတိ, ဝိနိပါတ" ဟု ခေါ်နိုင်၏။ ဤနည်း၌ အပါယစသော ၃ ပုဒ်ကို သံသရာ၏ ဝိသေသန ဟု မှတ်ပါ။
နာနာစိတ္တဝသေနာတိ၊ ဟူသော စကားကို။
အသဟဇာတာနံ (စ)၊ တကွမဖြစ်သည်လည်းဖြစ်ကုန်, တကွဖြစ်သည်လည်းဖြစ်ကုန်သော။
[ဝိရူပေကသေသ်။]
သဟဇာတာနဉ္စ၊ တကွဖြစ်သေည်လည်း ဖြစ်ကုန်သော။
နာနာစိတ္တဂတာနံ၊ အမျိုးမျိုးသော စိတ်၌ ဖြစ်ကုန်သော။
ပစ္စယ ပစ္စယုပ္ပန္နာနံ၊ ပစ္စည်း ပစ္စယုပ္ပန်တို့၏။
ဝါ၊ တို့ကို။
ဒဿိတဘာဝံ၊ ပြအပ်ကုန်သည်၏ အဖြစ်ကို။
သန္ဓာယ၊ ၍။
(သင်္ဂဟကာရေန) ဝုတ္တံ၊ ဟိ (ယသ္မာ)၊ ကြောင့်။
နယစတုက္ကဝါရာ၊ နည်းတို့၌ စတုက္ကတို့၏ ဝါရတို့ကို။
ဧတ္ထ၊ ဤ အဘိဓမ္မဘာဇနီယနည်း၌။
ဝဝတ္ထိတာ၊ ပိုင်းခြားအပ်ကုန်ပြီ။
(ကသ္မာ၊ နည်း)။
ဒဿိတာနံ၊ ပြအပ်ပြီးကုန်သော။
စတုက္ကာနံ၊ စတုက္ကတို့၏။
နယဘာဝါ၊ နည်းတို့၏ အဖြစ်ကြောင့်တည်း။
ဣတိ၊ ကြောင့်။
(ဧကေကေန စတုက္ကေနာတိ ဝတ္တဗ္ဗံ)၊
အသဟဇာတာနံ။ ။ ဤပုဒ်ကို "အသဟဇာတာနံ သဟဇာတာနဉ္စာတိ ဧဝံ ပဌမပဒေ( အသဟဇာတာနံ ဟူသော ပဌမပုဒ်၌) ဧကသေသနိဒ္ဒေသော ဒဋ္ဌဗ္ဗော" ဟု အနုဋီကာ ဖွင့်၏။ ဘာ့ကြောင့်နည်း "သင်္ခါရပစ္စယာ ဝိညာဏံ" ဟူရာ၌ ရှေ့ဘဝ သင်္ခါရနှင့် နောက်ဘဝ ပဋိသန္ဓေဝိညာဏ်သည် သဟဇာတ မဟုတ်, အသဟဇာတ ဖြစ်သောကြောင့်၎င်း, "အဝိဇ္ဇာပစ္စယာ သင်္ခါရာ, ဝိညာဏပစ္စယာ နာမရူပံ"ဟူရာတို့၌ ပစ္စည်းနှင့် ပစ္စယုပ္ပန်တို့ သဟဇာတ မဟုတ်သာ အရာလည်းရှိ, သဟဇာတ ဟုတ်သော အရာလည်း ရှိသောကြောင်၎င်းတည်း။
န ယစတုက္ကဝါရာ။ ။ နယေသု၊ အဝိဇ္ဇာအစရှိသော နည်း သင်္ခါရ အစရှိသော နည်းစသော အားဖြင့် ကိုးပါးသော နည်းတို့၌ +စတုက္ကာနံ၊ ၄ ပါးစီ ၄ ပါးစီ ရှိကြသော စတုက္ကတို့၏+ ဝါရာ၊ ၄ ပါးစီ ၄ ပါးစီသော ဝါရတို့တည်း။ နယစတုက္ကဝါရာ၊ တို့။ [နယ စတုက္ကဝါရာတိ၊ နယေသု+ စတုက္ကာနံ+ ဝါရာ။ အနု။] ဝဝတ္ထိတာတိ ယထာ ဝုတ္တဝိသေသေန (ပါဠိတော်၌ ဟောတော်မူအပ်တိုင်းသော အထူးအားဖြင့်) အသံကိဏ္ဏာ၊ တနည်းနှင့်တနည်း မရောအောင် ထားအပ်ကုန်ပြီ။ (ကသ္မာ) ဒဿိတာနံ စတုက္ကာနံ၊ ပါဠိတော်၌ ပြအပ်ကုန်သော စတုက္ကတို့၏။ နယဘာဝါ၊ ဝါရသောဠသက ဖြစ်ဘို့ရန် နည်းတို့၏ ဖြစ်ကြောင့်တည်း ။[ပါဠိတော်ကို ကြည့်မှ အဓိပ္ပါယ်ရှင်းမည်။]
ဟိ၊ ချဲ့။
ပဌမဝါရော ဧဝ၊ ကိုပင်။
(ဝုတ္တော ၌စပ်)။
ကေဝလံ၊ နာမ မဖက်သက်သက်။
ဆဋ္ဌာယတနမေဝ၊ သည်သာ။
(ဖဿဿ၊ ၏)။
ပစ္စယော၊ သည်။
န၊ မဟုတ်သေး။
အထခေါ၊ ကား။
နာမဉ္စ၊ သည်လည်း။
ဖဿဿ၊ ၏။
ပဌမဝါရော ဧဝ။ ။ အဋ္ဌကထာဝယ် ရှေးအဋ္ဌကထာဝါဒကို ပြရာ၌ ပဌမဝါရကို "သဗ္ဗသံဂါဟကဋ္ဌေန (ဂဟိတော) " ဟု ဆို၏။ ထို သဗ္ဗသံဂါဟက ဖြစ်ပုံကို ချဲ့ပြလို၍ "ပဌမဝါရော ဧဝ ဟိ" စသည်ကို ဋီကာမိန့်သည်။ "ပဌမဝါရော ဧဝ ။ပေ။ ဆဋ္ဌာ ယတနင်္ဂံ ပရိဟောပေတွာ ဝုတ္တော- ပဌမဝါရကို ဆဋ္ဌာယတနအင်္ဂါကိုလျှော့၍ (ဒုတိယ ဝါရအဖြစ်ဖြင့်) ဟောတော်မူအပ်ပြီး " ဟူလို။
န ကေဝလံ ။ပေ။ ဖဿဿ ပစ္စယော။ ။ န ကေဝလံ ဆဋ္ဌာယတနမေဝ- ပဌမဝါရ၌ ဆဋ္ဌာယတနက ဖဿအား ကျေးဇူးပြုပုံကို ဟောတော်မူ၏။ "နာမဉ္စ ဖဿဿ ပစ္စယာ" ဖြင့် ဒုတိယဝါရ၌ နာမ်က ဖဿအား ကျေးဇူးပြုပုံကို ဟောတော်မူ၏။ ထို့ကြောင့်"န ကေဝလံ ။ပေ။ ပစ္စယော- ဆဋ္ဌာယတနသည်သာ ဖဿအား ကျေးဇူးပြုသည် မဟုတ်သေး , နာမ်ကလည်း ဖဿအား ကျေးဇူးပြုသည်" ဟု ဆိုသည်။
ပစ္စယောဟောတိ၊ ဝါ၊ တနည်း။ နာမံ၊ သည်။ ကေဝလံ၊ ဖဿမဖက် သက်သက်။ ဆဋ္ဌာယတနဿေဝ၊ ၏သာ။ (ပစ္စယော)န (ဟောတိ)၊ အထခေါ၊ ကား။ ဖဿဿာပိ၊ ၏လည်း။ (ပစ္စယော, ဟောတိ)၊ ဣတိ၊ ဤသို့။ ပစ္စယဝိသေသ ဒဿနတ္ထံ(စ)၊ အကြောင်းအထူးကို ပြခြင်းအကျိုးငှာ၎င်း။ ယေန အတ္ထ ဝိသေသေန၊ အကြင် အနက်အထူးကြောင့်။ မဟာနိဒါန သုတ္တဒေသနာ၊ မဟာနိဒါနသုတ် ဒေသနာတော်သည်။ ပဝတ္တာ၊ ဖြစ်ပြီ။ တံဒဿနတ္ထံစ၊ ထိုအနက်အထူးကိုပြခြင်းအကျိုးငှာ၎င်း။ ဆဋ္ဌာယတနင်္ဂံ၊ ဆဋ္ဌာယတနအင်္ဂါကို။ ပရိဟာပေတွာ၊ ယုတ်လျော့စေ၍။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့လျှင်။ တဿ၊ ထို ပဌမဝါရ၏။ ဒုတိယဝါရေစ၊ ၌လည်း။ ပဝေသော၊ ဝင်နိုင်ခြင်းကို။ ဝုတ္တော၊ ဆိုအပ်ပြီ။ သဗ္ဗင်္ဂသမောရောဓတော၊ အလုံးစုံသော အင်္ဂါ၌ သက်ဝင်နိုင်ခြင်း ကြောင့်။ န (ဝုတ္တော)၊ ဆိုအပ်သည်မဟုတ်။**နာမံဝါ ။ပေ။ ဖဿဿာပိ**။ ။ ပဌမဝါရံ "နာမပစ်စယာ ဆဋ္ဌာယတနံ" ဟု ဟောတောမူ၍ ဒုတိယဝါရ၌ "နာမပစ္စယာ ဖသော" ဟု ဟောတော်မူ၏။ ထို့ကြောင့် "န ကေဝလံ။ပေ။ ဖဿဿာပိ- နာမ်သည် ပဌမဝါရအတိုင်း ဆဋ္ဌာယတနအားသောကျေးဇူပြုသည် မဟုတ်သေး၊ ဒုတိယဝါရအတိုင်း ဖဿအားလည်း ကျေးဇူးပြုသည်" ဟု ဆိုသည်။ ပန၊ ဆက်။ တိဏ္ဏံ သင်္ဂတိ ဖဿောတိ၊ ဟူ၍။ ဝစနတော၊ ဟောတော်မူခြင်း ကြောင့်။ ဝိညာဏံ၊ ဝိညာဉ်သည်။ ဖဿဿ၊ ဖဿ၏။ ဝိသေသပစ္စယော၊ ထူးသော အကြောင်းသည်။ (ဟောတိ)၊ ဣတိ၊ ကြောင့်။ တဿ၊ ထို ဝိညာဉ်၏။ ဖဿော၊ ဖဿသည်။ ဝိသိဋ္ဌံ၊ ထူးသော။ ဖလံ၊ အကျိုးတည်း။ ပစ္စယသမ္ပယုတ္တာနံ၊ အာဟာရပစ္စည်း၌ သမ္ပယုတ်ဖြစ်ကုန်သော တရားတို့၏။ (ဖဿ , စေတနာ, ဝိညာဉ်တို့၏)။ အာဟာရပစ္စယဘာဝေ၊ အာဟာရပစ္စည်းတို့၏ အဖြစ်သည်။ သတိပိ၊ ဖြစ်ပါသော်လည်း။ မနာသဉ္စေတနာယ၊ မနောသဉ္စေတနာ၏။ ဝိညာဏာဟရဏံ၊ ပဋိသန္ဓေဝိညာဉ်တည်းဟူသော အကျိုးကို ဆောင်ခြင်းသည်။ (ဖြစ်စေခြင်းသည်)။ ` ဝိနာ ။ပေ။ ပစ္စယော။ ။ ဝိညာဉ်နှင့် စေတသိက် နာမ် ခန္ဓာ ၃ ပါးသည် ခွဲ၍မဖြစ်ကြသောကြောင့် "သင်္ခါရပစ္စယာ ဝိညာဏံ" အရ၌ ဖလ အဖြစ်ဖြင့် ကျေးဇူးပြုခံရသော အခါ၌လည်း သဟဇာတာဒိပစ္စယုပ္ပန် အဖြစ်ဖြင့် တူ၏။ "ဆဋ္ဌာယတနပစ္စယာ ဖဿော" အရဝယ် အကြောင်းဖြစ်ဖြင့် ကျေးဇူးပြုရသောအခါ၌လည်း သဟဇာတာဒိပစ္စည်း အဖြစ်ဖြင့်တူသည် ။[ပစ္စယောစ ၌ "သမာနော" ဟု ပြင်၍ လိုက်စေပါ၊ သမာနံ ဖလံ (သမာနော) ပစ္စယော သဟဇာတာဒိ ပစ္စယေဟိ ဥပကတ္တဗ္ဗတော ဥပကရဏတော စ ။ အနု။]
တိဏ္ဏံ ။ပေ။ ဝိလိဋ္ဌံ ဖလံ။ ။ "တိဏ္ဏံ၊ စက္ခုပသာဒ, ရူပါရုံ, စက္ခုဝိညာဉ်ဟူသော ၃ ပါးတို့၏။ ၊ပေ၊ မနောဒွါရ, ဓမ္မာရံ, မနောဝိညာဉ်ဟူသော ၃ ပါးတို့၏။ သင်္ဂတိ၊ ပေါင်းမိခြင်းကြောင့်။ ဖဿော၊ ဖဿ ဖြစ်၏" ဟု ဟောတော်မူရကား ဝိညာဉ်သည် ဖဿဖြစ်ဘို့ရန် ထူးသောအကြောင်းဖြစ်၏ ၊ သို့ဖြစ်လျှင် ဖဿလည်း ဝိညာဉ်၏ ထူးသော အကျိုးပင်ဖြစ်ပြန်၏။ ထို့ကြောင့် အဋ္ဌကထာ၌ "ဝိသေသေန ဖဿော ဖလံ" ဟု မိန့်သည်။ ပစ္စယော၊ အကြောင်းတည်း။
ဟေတုကာဒီနိ ဧတ္ထ၊ ၌။
ယသ္မိံ စတုက္ကေ၊ ၌။
ဟေတုကသဒ္ဒေါ၊ ဟေတုက သဒ္ဒါကို။
ဝုတ္တော၊ ဟောတော်မူအပ်ပြီ။
တံ၊ ထို စတုက္ကကို။
ဟေတုကသဒ္ဒ သဟ စရိတတ္တာ၊ ဟေတုကသဒ္ဒါနှင့် တကွဖြစ်သည် အဖြစ်ကြောင့်။
ဟေတုကန္တိ၊ ဟေတုကဟူ၍။
(သင်္ဂဟကာရေန) ဝုတ္တံ၊ ဆိုအပ်ပြီ။
ဣတိ၊ သို့။
ဝေဒိတဗ္ဗံ၊ ၏။
သတိပိ ။ပေ။ ဝိသိဋ္ဌော ပစ္စယော။ ။ ကသ္မာ သင်္ခါရော ဝိသေသဟေတု- ဘာ့ကြောင့် စေတနာဟူသော သင်္ခါရသည် ဝိညာဉ်၏ ထူးအသောအကြောင်း ဖြစ်ရသနည်း။ ဖဿောပိ ဝိညာဏဿ ဟေတု ဟောတီတိ ကတွာ သတိပီတိ အာဒိမာဟ- ဖဿလည်း ဝိညာဉ်၏ အကြောင်းဖြစ်သည် မဟုတ်ပါလော၊ ဤသို့ မေးဘွယ်ရှိသာ ကြောင့် "သတိပိ" စသည်ကို မိန့်။ မဓုကျမ်းတက်။ ဤကျမ်းတက်ပုံကို ထောက်၍ "ပစ္စယသမ္ပယုတ္တာနံ" အရ အာဟာရပစ္စည်း၌ သမ္ပယုတ်ဖြစ်သော ဝိညာဉ် ဖဿစေတနာတို့ကိုယူပါ။ ထိုတရား အားလုံးသည် အာဟာရပစ္စည်း ဖြစ်ပါသော်လည်း ပဋိသန္ဓေဝိညာဉ်အား ကျေးဇူးပြုဘို့ကိစ္စ၌ မနောသဉ္စေတနာ ဟူသော သင်္ခါရသည်ထူးသောအကြောင်းဖြစ်၏။ ထို့ကြောင့် အဋ္ဌကထာ၌ "ဝိသေသေန သင်္ခါရော ဟေတု" ဟု မိန့်သည်။
ဟေတုကာဒီနိ။ ။ ယခု အဋ္ဌကထာစာအုပ်၌ "ဟေတုစတုက္ကာဒီနိ" ဟုရှိသော်လည်း ဋီကာဆရာ၏ လက်ထက်က "ဟေတုကာဒီနိ" ဟု ရှိခဲ့ဟန်တူ၏။ ထို့ကြောင့် "ဟေတုကာဒီနိ"ဟု ဆိုသည်။ ဟေတုကသဒ္ဒါှင့် တကွဖြစ်သောကြောင့် သဟစရဏ နည်းအးဖြင့် ဒုတိယစတုက္ကကိုပင် "ဟေတုကခေါ်သည်" ဟု သိစေလို၍ "ဟေတုက သဒ္ဒသဟစရိတတ္တာ" ဟု မိန့်သည်။ မှန်၊ ထို စတုက္က၌ "သင်္ခါရော အဝိဇ္ဇာဟေတုကော(သင်္ခါရသည် အဝိဇ္ဇာဟူသော အကြောင်းရှိ၏) ဝိညာဏံ သင်္ခါရဟေတုကံ" စသည်ဖြင့် ဟေတုကသဒ္ဒါကို ပဓာနထား၍ ဟောတော်မူသည်။ ပါဠိတော်ကြည့်ပါ။ [ဤအဖွင့်ကို ကြည့်၍ ဒုတိယစတုက္ကို "ဟေတုကစတုက္က" ဟု နာမည်တပ်ရကြောင်းကို သိပါ၊ ပါဠိတော်စာအုပ်များ၌ ဒုတိယစတုက္ဥကို "ဟေတုစတုက္က" ဟု ခေါင်းတပ်ထားသည်ကို ပြင်ပါ။]
**ဟေတုသဒ္ဒေါ ။ပေ။ ဂတိ ဧဝ**။ ။ ဓာတ်ကျမ်းတို့၌ "ဟိ ဂတိမှိ" ဟု ဓာတ်နက်ရှိသောကြောင့် "ဟေတုသဒ္ဒေါ ဂတိသူစကော" ဟု ဆို၏။ အဝိဂတ၌ အ ဟူသော ပဋိသေဓ, ဝိဟူသော ပဋိသေဓ ၂ ချက်ကြောင့် "ဂတ" ဟူသော မူလအနက်ပင် ရ၏။ မှန်၏။ "ဝိ+ဂတ- ကင်း" ဟူသည် အတူတကွ မဖြစ်ခြင်း ပဋိသေဓ အနက်တည်း။ "အ+ ဝိဂတ- မကင်း" ဟူသည် ကင်းခြင်း၏ မရှိခြင်း (မကင်းခြင်း- အတူဖြစ်ခြင်း) ပင်တည်း၊ ထို့ကြောင့် "အဝိဂတာစ ။ပေ။ ဂတိ ဧဝ" ဟု ဆိုသည် ။[ဝိဂတန္တိ ဧတ္ထ ဝိသဒ္ဒေါ ပဋိသေဓ ဒီပကောတိ ဒွေ ပဋိသေဓာ ပကတိံ (ပင်ကိုယ် မူလအနက်ကို) ဉာပေန္တီတိ အာဟ ဝိဂတ နိဝါရဏဝသေန ဂတိ ဧဝ ဟောတီတိ။ အနု။]
ဣတိ (အယံ)၊ ဤသည်ကား။
အဓိပ္ပါယော၊ ဝဒန္တိ ဆရာတို့၏အလိုတည်း။**အတ္ထောဟိ ။ပေ။ ဟောတီတိ**။ ။ ဤ စတုက္က၌ အဝိဇ္ဇာစသော တရားတို့သည် သင်္ခါရစသည်တို့ကား သဟဇာတ ပစ္စည်း၏ အစွမ်းဖြင့်သာ ကျေးဇူးပြုကြလျှင် "အခြား ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးမပြုနိုင်" ဟု မှတ်ရမည်လော" ဟု မေးဘွယ်ရှိသောကြောင့် "အတ္ထောဟိ" စသည်ကို မိန့်။ [အတ္ထောတိ ပစ္စယဓမ္မော ၊ ကတ္ထစီတိ ကသ္မိံဉ္စဝါရေ။ အနု။] ပစ္စည်းတရား ဟူသမျှသည်(မည်သည့်ဝါရ၌ မဆို) မိမိဆိုင်ရာ ပစ္စယုပ္ပန်တရား အား မိမိဆိုင်ရာ ပစ္စယသတ္တိဖြင့် ကျေးဇူးမပြုသည် မဟုတ်၊ (ပြုသည်သာ) သို့သော် ဤ ပဌမစတုက္ကကို သဟဇာတ ပစ္စည်း၏ အစွမ်းဖြင့် ဟောတော်မူသည့်အတွက် ဤဝါရ၌ ထို သဟဇာတ ပစ္စည်းသာ ဖြစ်ရပါသည် ဟူလို။
(မတိယာ၊ အလိုအားဖြင့်)။
ပစ္စယဝစနမေဝ၊ အဝိဇ္ဇာပစ္ဏယာ စသည်၌ပါသော ပစ္စယသဒ္ဒါသည်ပင်။
သဟဇာတ သူစကံ၊ သဟဇာတ ပစ္စည်းအဖြစ်ကို ထင်ရှားပြတတ်သည်။
အာပန္နံ၊ ဖြစ်၏။
ဝါ၊ ရောက်၏။
(ကသ္မာ၊ နည်း)။
အဝိဂတစတုက္ကာ ဒီသု၊ အဝိဂတစတုက္က အစရှိသည်တို့၌။
(ပစ္စယဝိသေသဘူစကံ၊ ပစ္စည်းအထူးကို ထင်ရှားပြုတတ်သော။
ဝစနန္တရံ၊ တပါးသော စကားသည်)။
["အဝိဇ္ဇာ ဟေတုကော" စသည်၌ ဟေတုကဟူသော စကားသည်။
(ဘဝတိ) ဝိယ၊ ကဲ့သို့။
(တထာ) ဣဓ၊ ဤပဌမစတုက္က၌။
ပစ္ဏယဝိသေသသူစကဿ၊ သော။
ဝစနန္တရဿ၊ ၏။
အဘာဝါ၊ မရှိခြင်းကြောင့်တည်း။
စ၊ ဆက်။
တံ၊ ထို ဘဝပစ္စယာ ဇာတိအစရှိသော စကားကို။
န ဝုတ္တံ၊ ဤပဌမစတုက္က၌ ဟောတော်မမူအပ်သည်ကား။
န၊ မဟုတ်။
(ဝုတ္တံ ဧဝ၊ ဟောတော်မူအပ်သည်သာ)။
စ၊ ဆက်။
ဘဝါဒယော၊ ဘဝ အစရှိသည်တို့သည်။
သဟဇာတ ပစ္စယာ၊ ဇာတိ အစရှိသည်တို့အား သဟဇာတ သတ္တိဖြင့် ကျေးဇူးပြုကုန်သည်။
န ဟောန္တိ၊ ကုန်။
တသ္မာ၊ ကြောင့်။
သဟဇာတ ပစ္စယဝသေနေဝ၊ သဟဇာတပစ္စည်းနှင့် စပ်သဖြင့်သာ။
အယံ စတုက္ကော၊ ဤပဌမစတုက္ကကို။
န ဝုတ္တော၊ ဟောတော်မူအပ်သည် မဟုတ်။**မဟာနိဒါန ။ပေ။ ဝုတ္တံ**။ ။ အဋ္ဌကထာဝယ် "မဟာနိဒွနသုတ္တန္တေ စဿ" မှ "မဟာနိဒါန သုတ္တန္တေ" ပုဒ်ကို ယူ၍ နောက်၌ "ဧကာဒသင်္ဂိကော ပဋိစ္စ သမုပ္ပါဒေါ ဝုတ္တော" ဟူသော စပ်ပုဒ်နှင့် တွဲပြီးလျှင် "မဟာနိဒါန ။ပေ။ ဝုတ္တောတိ ဝုတ္တံ" ဟု ဆိုသည်။ ထို သုတ္တာန်၌ ဟောတော်မူပုံကို ထို ပါဠိတော်ရင်း ဒီဃနိကာယ်, သုတ်မဟာဝဂ္ဂ, မဟာနိဒါနသုတ်ကို ကြည့်ပါ။ ထို ပါဠိတော်၌ အဝိဇ္ဇာသင်္ခါရတို့ကို ဟောတော်မမူ၊ ထိုသို့ ဟောတော်မမူသောကြောင့် အတိတ်အဓွန့်လည်း တိုက်ရိုက်မရနိုင်၊ ထို့ကြောင့် အတိတ် အဓွန့်နှင့်တကွ အဓွန့် ၃ ပါး ပြည့်စုံအောင် (အခြား ပါဠိတော်၌ ဟောတော်မူအပ်သော) အဝိဇ္ဇာနှင့် သင်္ခါရတို့ကို ယှဉ်စပ်စေမှသာ (မူလရှိပြီးသော ၉ ပါးတွင် ထို ၂ ပါး ထည်၍) ဧကာဒသင်္ဂိက ပဋိစ္စသမုပ္ပါဒ်ဖြစ်သည်။
(ဒဿေတိ) ဝိယ၊ ဖြစ်တော်မူသကဲ့သို့။
(တထာ၊ တူ)။
နိရဝသေသ နာမပစ္စယဉ္စ၊ အကြွင်းမရှိသော နာမ်ဟူသော ပစ္စည်းကိုလည်း။
ဒဿေတုံ၊ ပြတော်မူခြင်းငှာ။
နာမရူပပစ္စယာ ဖဿောတိ၊ ဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
["တတ္ထ ဟိ" မှ စ၍ "ဒဿေတုံ နာမရူပ ပစ္စယာ ဖဿောတိ ဝုတ္တံ" သည် မဟာနိဒါနသုတ္တန်၌ ဟောတော်မူပုံကို ပြသော စကားတည်း။]
ဧဝံ၊ တူ။
ဣဓာပိ၊ ဤဒုတိယဝါရ၌လည်း။
တတ္ထ၊ ထို မဟာနိဒါန သုတ္တန်ဒေသနာတော်၌။
ဒဿိတဝိသေသ ဒဿနေန၊ ပြအပ်ပြီးသော အထူးကို ပြခြင်းအားဖြင့်။
တံ ဒေသနာ ပရိဂ္ဂဟတ္ထံ၊ ထို မဟာနိဒါနသုတ္တန် ဒေသနာတော်ကို သိမ်းယူခြင်းအကျိုးငှာ။
ဧကစိတ္တက္ခဏိကေ၊ တခုသော စိတ္တက္ခဏရှိသော။
ပဋိစ္စ သမုပ္ပါဒေ၊ ၌။
ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနကို။
နာမန္တောဂဓံ၊ နာမ်၌ အကျုံးဝင်သည်ကို။
ကတွာ၊ ပြုတော်မူ၍။
နာမပစ္စယာ ဖဿောတိ၊ ဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဣတိ အတ္ထော၊ နက်။**ဧဝံ ဣဓာပိ ။ပေ။ ဝုတ္တံ**။ ။ ဤစကားကား ဤဝိဘင်းပါဠိတော် ပစ္စယစတုက္ကဝယ် ဒုတိယဝါရ၌ ဟောတော်မူပုံကို ပြသော စကားတည်း။ ဤဝိဘင်းပါဠိတော်၌ ဆဋ္ဌာယတန မပါခြင်းသည် ထို သုတ္တာန်ပါဠိတော်နှင့် လုံးဝတူ၏။ "နာမ ပစ္စယာ ဖဿော" ဟု ဟောတော်မူခြင်းကား မတူ။ ထိုသို့ မတူခြင်းမှာ ဤ၌ ဧကစိတ္တက္ခဏိက ပဋိစ္စသမုပ္ပါဒ်ဖြစ်သောကြောင့် ရပက ဖဿအား စိတ္တက္ခဏတခုတည်းမှာ ကျေးဇူးမပြုနိုင်သည့်အတွက် ရူပကို ချန်ထားသည်။ သို့ သော် ဆဋ္ဌာယတန (မနာယတန) ကို နာမ၌ သွင်း၍ ယူပုံမှာ ထို သုတ္တန်၌ ပြအပ်သော နည်းအတိုင်းပင် ဖြစ်၏။ ထို့ကြောင့် "တတ္ထ ဒဿိတဝိသေသ ဒဿနေန တံဒေသနာပရိဂ္ဂဟတ္ထံ" ဟု ဆိုသည်။ ဟိ၊ လဒ္ဓဂုဏ်ကို ဆိုဦးအံ့။
ဧဝံ၊ ဤသို့။
သင်္ဂဟနိဒဿနဝသေနေဝ၊ သိမ်းယူပုံကို ညွှန်ပြကြောင်း ဥဒါဟရုဏ်၏ အဖြစ်ဖြင့်သာလျှင်။
ဓမ္မဟဒယ ဝိဘင်္ဂေပိ၊ ဓမ္မ ဟဒယဝိဘင်း၌လည်း။
(နောက်လာမည့် ဓမ္မဟယဝိဘင်း၌လည်း)။
ဩပပါတိကာနံ ပေတာနန်တိ အာဒိနာ၊ ဩပပါတိကာနံ ပေတာနံ အစရှိသည်ဖြင့်။
ဩပပါတိကဂ္ဂဟဏမေဝ၊ ဩပပါတိကကို ယူခြင်းကိုသာ။
ကတံ၊ ပြုတော်မူအပ်ပြီ။
သံသေဒဇဂ္ဂဟဏံ၊ သံသေဒဇကို ယူခြင်းကို။
န ကတံ၊ ပြုတော်မမူအပ်။
ဣတိ၊ ဤသို့ မှတ်အပ်၏။
ပဓာနာယဝါ ယောနိယာ။ ။ ဤနည်း၌ "ဩပပါတိကယောနိကို ပြခင်းသည် ဩပပါတိကယောနိက ပဓာန ဖြစ်သောကြောင့် "ဟု ဆိုလို၏ ။ ပဓာန နည်း ဟူလို။ "ဘာ့ကြောင့် ဩပပါတိကယောနိကို ပဓာန ဟု ဆိုရသနည်း" ဟု မေးဘွယ်ရှိသော ကြောင့် အနုဋီကာ၌ "အပရာပေက္ခတာယ၊ မိဘတို့၏ ပေါင်းဖော်ခြင်း အမိ၏ ဥတုလာခြင်းဟူသော အခြားအကြောင်းကို ငဲ့ရခြင်း မရှိသည်၏ ဖြစ်ကြောင့်၎င်း။ အပရိကိလိဋ္ဌဥပပတ္တိတာယ၊ ညစ်ပေးခြင်းမရှိသော ပဋိသေန္ဓ နေရခြင်းရှိသည်၏ အဖြစ်ကြောင့်၎င်း။ အသုစိအမက္ခိတတာယ၊ မစင်ကြယ်သော အညစ်အကြေးတို့သည် မလိမ်းကျံအပ်သည်၏ အဖြစ်ကြောင့်၎င်း။ ကာမဝစရဒေဝါနံ၊ ကာမာဝစရနတ်တို့၏၎င်း။ သဗ္ဗေသံ၊ ကုန်သော။ ဗြဟ္မာနံစ၊ တို့၏၎င်း။ တထာ ဥပပဇ္ဇနတော၊ ထိုနည်းအတိုင်း ဖြစ်ရခြင်းကြောင့်။ ဩပပါတိကယောနိယာ၊ ဩပပါတိကယောနိ၏။ ပဓာနတာ၊ ကို။ ဝေဒိတဗ္ဗာ" ဟု မိန့်သည်။
သင်္ဂဟ နိဒဿနဝသေန။ ။ ဩပပါတိကယောနိယာ ဧဝ၊ ဖြင့်ပင်။ သံသေဒဇ ယောနိယာ၊ ကို။ သင်္ဂဟဿ၊ သိမ်းယူခြင်းကို၊ နိဒဿန ဝသေန၊ ညွှန်ပြကြောင်း၏ အဖြစ်ဖြင့်။ ဥဒါဟရဏဝသေန၊ ဥဒါဟရုဏ်၏ အဖြစ်ဖြင့်။ အနု။ ဤ၌ နိဒဿနကို "ဥဒါ ဟရဏ" ဟု ဖွင့်သောကြောင့် သဒ္ဒါကျမ်းတို့၌ ဥဒါဟရုဏ် ထုတ်ပြခြင်းကိုကဲ့သို့ ဤ၌ "ဩပပါတိကယောနိကို ပြခြင်းကို ဥဒါဟရုဏ်ထုတ်ပြခြင်း" ဟု ဆိုလို၏။ သဒ္ဒါကျမ်းတို့၌ ဥဒါဟရုဏ်ပုံစံနှင့် အလားတူ ရုပ်များကို ယူရသကဲ့သို့ "ဤ၌လည်း ဩပပါတိက ယောနိနှင့် ပဋိသန္ဓေခဏ၌ အာယတန ရပံချင်းတူသော သံသေဒဇယောနိကို ယူရသည် " ဟု ဆိုလိုသည်။
ဧကစိတ္တက္ခဏေ၊ တခုသော စိတ္တက္ခဏ၌။
ဆဟိ၊ ၆ ပါးကုန်သော။
အာယတနေဟိ၊ အာယတနတို့ကြောင့်။
ဖဿဿ၊ ဖဿ၏။
ပဝတ္တိ၊ ဖြစ်ခြင်းသည်။
နတ္ထိ၊ မရှိနိုင်။
စ၊ ဆက်။
ဧကဿ၊ တခုသော။
အကုသလဖဿဿ၊ အကုသိုလ်ဖြစ်သော ဖဿ၏။
သမာနက္ခဏေ၊ တူမျှသော ခဏ၌။
ပဝတ္တမာနံ၊ ဖြစ်သော။
ပစ္စယဘူတံ၊ ပစ္စည်းဖြစ်၍ ဖြစ်သော။
ဆဋ္ဌာယတနဝဇ္ဇံ၊ ဆဋ္ဌာယတနသည် ကြဉ်အပ်သော။
အာယတနံ၊ အာယတနသည်။
န အတ္ထိ၊ မရှိ။
စ၊ ဆက်။
ဧတ္ထ၊ ဤအာယတနကြောင့် ဖဿဖြစ်ရာ၌။
အာရမ္မဏပစ္စယော၊ အာရမ္မဏပစ္စည်းကို။
ဝါ၊ သည်။
ပဝတ္တကော၊ ဖဿကို ဖြစ်စေနိုင်သည်။
န ဟောတိ၊ မဖြစ်။
ဣတိ၊ ကြောင့်။
န ဂယှတိ၊ မယူအပ်။
တသ္မာ၊ ကြောင့်။
သဠာယတနပစ္စယာ ဖဿောတိ၊ ဟူ၍။
ဝတ္တုံ၊ ဟောတော်မူခြင်းငှာ။
န သက္ကာ၊ မတတ်ကောင်း။
ဣတိ (ဣမဿ အတ္ထဿ)၊ ဤအနက်အဓိပ္ပါယ်ကို။
ဒဿနတ္ထံ၊ ပြခြင်းအကျိုးငှာ။
ယသ္မာပနေသောတိအာဒိံ အာဟ၊
ဧကဝိတ္တက္ခဏေ ။ပေ။ အာဒိမာဟ။ ။ "ဧကစိတ္တက္ခဏေ ။ပေ။န ဂယှတိသည် သဠာယတန ပစ္စယာ ဖဿော" ဟု ဟောတော်မမူဘဲ "ဆဋ္ဌာယတန ပစ္စယာ ဖဿော" ဟု ဟောတော်မူခြင်း၏ အကြောင်းပြတည်း။ ဤ အဘိဓမ္မဘာဇနီယနည်းသည် ဧကစိတ္တက္ခဏ ပဋိစ္စသမုပ္ပါဒ်ကို ပြရာနည်းတည်း။ ထို့ကြောင့် ဧကစိတ္တက္ခဏေ ။ပေ။ နတ္ထိ- စိတ္တက္ခဏ တခုတည်း၌ စက္ခုစသော အာယတန ၆ ပါးကြောင့် ဖဿတခု မဖြစ်နိုင်။ န စေကဿ ။ပေ။ ပစ္စယဘူတံ အတ္ထိ- အကုသိုလ် ဖဿတခုတည်း၏ အကြောင်းဖြစ်သော အာယတနဟူရာ၌ တပြိုင်နက်သောခဏဝယ် ဆဋ္ဌ(မနာယတန)မှ တပါး အကြောင်းပစ္စည်းဖြစ်နိုင်သော အခြား စက္ခုစသော အာယတနလည်း မရှိ။
အာရမ္မဏပစ္စယော ။ပေ။န ဂဏှတိ။ ။ "အဋ္ဌကထာဝယ် ဆဋ္ဌာယတနက ဖဿအား ကျေးဇူးပြုပုံကို ပြရာ၌ သဟဇာတစသော ပစ္စည်းတို့ကိုသာ ယူ၍ အာရမ္မဏ ပစ္စည်းကို အဘယ့်အကြောင့် မယူပါသနည်း" ဟု မေးဘွယ်ရှိသောကြောင့် "အာရမ္မဏ ပစ္စယော စေတ္ထ" စသည်ကို မိန့်သည်။ စက္ခာယတနစသည်ကို အာရုံပြု၍ ဖဿဖြစ်ရာ၌ စက္ခာယတန စသည်သည် ဖဿကို ဖြစ်စေနိုင်သော ပဝတ္တက ပစ္စည်းတရားဟု မဆိုနိုင်ပါလောဟု မေးဘွယ်ရှိ၏။ အဖြေကား- ထို စက္ခာယတန စသည်ကို အာရုံပြုသော ဖဿဖြစ်ရာ၌ အဇ္ဈတ္တိက ဆဋ္ဌာယတနက သဟဇာတ စသော သတ္တိဖြင့် ကျေးဇူးပြုသလောက် လွန်ကဲသော သတ္တိနှင့်တကွ ကျေးဇူး မပြုနိုင်ရကား ထိုအာရမ္မဏပစ္စည်း ဖြစ်သော အာယတနသည် ဖဿကို မဖြစ်စေနိုင်၊ ထို့ကြောင့် အာရမ္မဏပစ္စည်းဖြစ်သော အာယတနများကို မယူဘဲ သဟဇာတ ပစ္စည်းဖြစ်သော ဆဋ္ဌာယတနကိုသာ ယူရပါသည်။
အနုဋီကာ။ ။ အာရမ္မဏပစ္စယဿပိ (အာရမ္မဏ ပစ္စည်းဖြစ်သော စက္ခာယတန စသည်၏လည်း) ဖဿဿ သတိပိ ပဝတ္တိ ဟေတုဘာဝေ သော ပန (အာရမ္မဏပစ္စည်း ဖြစ်သော စက္ခာယတနစသည်သည်ကား) သဟဇာတာ ဒိပစ္စယဘူတဿ အဇ္ဈတ္တိကဿ ဆဋ္ဌာယတနဿ ဝိယ န သာတိသယော( အလွန်အကဲနှင့်တကွမဖြစ်) ဣတိ ဝုတ္တံ အာရမ္မဏပစ္စယော စေတ္ထ ပဝတ္တကော န ဟောတီတိ။
အထန သိယာ၊ အကယ်၍ မဖြစ်အံ့။
(ဧဝံ သတိ)၊
သင်္ခါရက္ခန္ဓေ၊ ၌။
ဇာတိအာဒီနံ၊ ဇာတိ အစရှိသည်တို့၏။
ဝါ၊ တို့ကို။
သင်္ဂဟိတတ္တာ၊ သိမ်းယူအပ်ကုန်သည်၏ အဖြစ်ကြောင့်။
ဝိညာဏံ၊ ဝိညာဉ်သည်။
နာမဿ၊ နာမ်၏၎င်း။
နာမံ၊ နာမ်သည်။
အတင်္ခဏိက သဗ္ဘာဝါ၊ ထိုခဏ၌ မရှိသည်၏ အဖြစ်၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့်။
ဆဋ္ဌာယတနဿစ၊ ၏၎င်း။
အဝိဂတပစ္စယော၊ သည်။
န သိယာ၊ မဖြစ်တော့ရာ။
ဣတိ၊ ကြောင့်။
ဣဓ ဝိယ၊ ဤဥပါဒါန်ကြောင့် ဘဝဖြစ်ရာ၌ကဲ့သို့။
တတ္ထာပိ၊ ထို ဝိညာဉ်ကြောင့် နာမ်, နမ်ကြောင့် ဆဋ္ဌာယတန ဖြစ်ရာ၌လည်း။
ဟေတုကဂ္ဂဟဏံ၊ ဟေတုကသဒ္ဒါကို။
န က တ္တဗ္ဗံ၊ မပြုထိုက်သည်။
ယထာ ။ပေ။ ပဝတ္တနကမ္ပိ။ ။ ဤယထာစသော စကားဖြင့် အဋ္ဌကထာ၌ ပြအပ်သော "နိယမာဘာဝတော, အဝီဂတပစ္စယဿ အဘာဝတော" ဟူသော အကြောင်းတို့သည် ဟဒယဝတ္ထုနှင့် ပဋိသန္ဓေဝိညာဉ်တိ အပေါ်၌ မပြန့်နှံ့ရကား "အဋ္ဌကထာ၌ အကျယ်ပြသည့်အတိုင်း သင့်မြတ်သော ကြောင်းမဟုတ်ကြ" ဟု ပြသည်။ ထိုတွင် "ယထာ ။ပေ။ ပဝတ္တနကမ္ပိ" သည် ဥပမာန စကားတည်း။ ပဋိသန္ဓေအခါ၌ ဟဒယဝတ္ထု သည် ပဋိသန္ဓေဝိညာဉ်အား အဝိဂတသတ္တိဖြင့် ကျေးဇူးပြုရာ၌ ဟဒယဝတ္ထုသည် စိတ္တ က္ခဏ ၁၇ ချက် တည်၍, ပဋိသန္ဓေဝိညာဉ်က စိတ္တက္ခဏတချက်သာ တည်သောကြောင့် ပစ္စည်းတရားတည်သလောက် ပစ္စယုပ္ပန်တရားက မတည်နိုင်ဘဲ ကျေးဇူးပြုသကဲ့သို့။
ဧဝံ ဥပါဒါနံ ။ပေ။ သိယာ။ ။ ဤအတူ ဥပါဒါန်ကလည်း မိမိ တည်သလေဘာက် မတည်ကြသော ဇာတိဇရာမရဏတို့အား၎င်း, ဘဝကလည်း ဇာတိအား၎င်း အဝိဂတ သတ္တိဖြင့် ကျေးဇူးပြုခွင့် ရှိနေသည်။ [တကယ် ကျေးဇူးပြုသည်ဟုကား မဆိုလိုပါ၊ အဋ္ဌကထာပြသော အကြောင်း၏ မခိုင်လုံးကြောင်းကိုသာ ပြလိုရင်းဖြစ်သည်။]
အထ န သိယာ ။ပေ။ န ကတ္တဗ္ဗံ သိယာ။ ။ အဋ္ဌကထာပြအပ်သော အကြောင်းကို အမှန်ဟုယူ၍ ထိုအကြောင်းကြောင့် "ဥပါဒါန်စသည်က ဘဝစသည်အား အဝိဂတ သတ္တိဖြင့် ကျေးဇူးပြုခြင်းသည် မဖြစ်နိုင်ပါ" ဟု ဆိုလျှင် ဝိညာဉ်က နာမ်အားကျေးဇူးပြုရာ၌ နာမ်အရတွင် သင်္ခါရက္ခန္ဓာ ပါဝင်ရကား ထို သင်္ခါရက္ခန္ဓာတွင် ဇာတိ ဇရာမရဏ တို့လည်း ပါဝင်နေစရာရှိသောကြောင့် ဝိညာဉ်က နာမ်အား၎င်း , နာမ်ကလည်း မနာယတနဟူသော ဝိညာဉ်အား၎င်း အဝိဂတသတ္တိဖြင့် ကျေးဇူးပြုခြင်းသည် မဖြစ်နိုင်တော့ရာ ၊ ထို့ကြောင့် ထို ဝိညာဉ်က နာမ်အား ကျေးဇူးပြုရာ စသည်၌လည်း ဟေတုကသဒ္ဒါကို မဟောထိုက်သကဲိ့သု့ ဖြစ်နေ၏။ စင်စစ်ကား ဟောထားပါသည် ဟူလို။
သိယာ၊ ဖြစ်ရာ၏။ တသ္မာ၊ ကြောင့်။ ယာဝ၊ အကြင်မျှလောက်။ ဥပါဒါနံ၊ သည်။ အတ္ထိ၊ ၏။ တာဝ၊ ထို ဥပါဒွန်တည်သလောက်။ ဇာတိအာဒီနံ၊ ဇာတိ အစရှိသည်တို့ကို။ အနုပလဗ္ဘော၊ မရခြင်းသည်၎င်း။ ဇာတိက္ခဏမတ္တေဧဝ၊ ဇာတိ၏ ခဏမျှ၌သာ။ ဘဝဿ၊ ဘဝ၏။ အဘာဝေါစ၊ မရှိခြင်းသည်၎င်း။ ဝါ၊ ကို၎င်း။ ကာရဏန္တိ၊ အကြောင်းဟူ၍။ ကာတုံ၊ ငှာ။ န သက္ကာ၊ မတတ်ကောင်း။ပန၊ ကား။
(အယုတ္တိမှ တပါး ယုတ္တိကား)။
သင်္ခတလက္ခဏာနံ၊ သင်္ခတတရားတို့၏ အမှတ်အသားဖြစ်ကုန်သော။
အသဘာဝဓမ္မာနံ၊ သဘာဝဓမ္မ မဟုတ်ကုန်သော။
ဇာတိအာဒီနံ၊ တို့၏။
ဝါ၊ တို့ကို။
ဘဝေန၊ ဘဝဖြင့်။
သင်္ဂဟိတတ္တာ၊ သွင်းယူအပ်ကုန်သည်၏ အဖြစ်ကြောင့်၎င်း။
အသဘာဝဓမ္မဿ၊ သဘာဝဓမ္မမဟုတ်သော။
ပရမတ္ထတော၊ ပရမတ္ထအားဖြင့်။
ဘဝန္တရဿ၊ ဘဝတမျိုး၏။
အဘာဝတောစ၊ မရှိခြင်းကြောင့်၎င်း။
ဟေတုအာဒိပစ္စယာ၊ ဟေတု အစရှိသော ပစ္စည်းတို့သည်။
န သန္တိ၊ မရှိကုန်။
ဣတိ၊ ကြောင့်။
ဘဝဿ၊ အား။
ဥပါဒါနံ၊ သည်။
နိယမေန၊ အမြဲအားဖြင့်။
အဝိဂတပစ္စယော၊ သည်။
န (ဟောတိ)၊ မဖြစ်။
တသ္မာ ။ပေ။ န သက္ကာ ကာတုံ။ ။ ထို ဆိုအပ်ပြီးသော လဒ္ဓဒေါသကြောင့်ဥပါဒါန်တည်သလော ဇာတိ စသည်တို့ကို မရနိုင်ခြင်းသည်၎င်း, ဘဝက ဇာတိ၏ ခဏလောက်သာ မဖြစ်ခြင်း (ဇာတိခဏထက် လွန်၍ဖြစ်ခင်း) သည်၎င်း, ဟေတုက သဒ္ဓါကို မပြခြင်း၏ အကြောင်းဟု မဆိုသင့်ပါ ဟူလို။
သင်္ခတလက္ခဏာနံ ပန။ ။ "အဋ္ဌကထာ၏ အကျယ်ပြအပ်သော အကြောင်းပြပုံက ယုတ္တိမရှိလျှင် ယုတ္တိရှိသော အဘယ်အကြောင်းကို ပြမည်နည်း" ဟု မေးဘွယ်ရှိသောကြောင့် "သင်္ခတလက္ခဏာနံ ပန" စသည်ကို မိန့်သည်။ ဇာတိစသော တရားတို့သည် ပရမတ္တ သဘာဝဓမ္မ မဟုတ်ကြ, သင်္ခတလက္ခဏာတို့သာ ဖြစ်သည့်အတွက် သင်္ခတဖြစ်သောဘဝ၌ သွင်းယူထားသောကြောင့်၎င်း။
အသဘာဝဓမ္မဿ စ ။ပေ။ အဘာဝတော။ ။ ဇာတိ ဇရာ မရဏတို့အတွက် သဘာဝဓမ္မ မဟုတ်သော ဘဝတမျိုးလည်း ပရမတ္ထအားဖြင့် မရှိသောကြောင့်၎င်း, [ဘဝကို ၂ မျိုးခွဲ၍ နာမ်ခန္ဓာ ၄ ပါးအတွက် သဘာဝဓမ္မဘဝ, ဇာတိ စသည်တို့အတွက် အသဘာဝဓမ္မဘာဝအားဖြင့် ဘဝ ၂ မျိုး မရှိ ဟူလို။]
ဟေတုအာဒီပစ္စယာန သန္တီတိ။ ။ ဇာတိ အစရှိသည်တို့မှာ အဝိဂတပစ္စည်းကို မဆိုထားဘိ ဟေတုစသော ရိုးရာပစ္စည်းများဖြင့်ပင် ကျေးဇူးပြု မခံကြရ၊ ထို့ကြောင့် ဇာတိ စသည်တို့ ပါနေသောဘဝမှာ အဝိဂပစ္စည်းဖြင့် ဥပါဒါန်၏ ကျေးဇူးပြုကို မခံရ။ ["ဥပါဒါန်က ဘဝအား ကျေးဇူးပြုရာ၌ ဇာတိ စသည်မှ ခွဲ၍ နာမ်ခန္ဓာ သက်သက်အား အဝိဂတသတ္တိဖြင့် ကျေးဇူးပြုလေသလော" ဟု တွေးတောဘွယ်ရှိသောကြောင့် "န နိယမေန အဝိဂတပစ္စယော" ဟု ဆို၍, ဘဝက ဇာတိအား, ဇာတိက ဇရာ မရဏအား ကျေးဇူးပြုရာ၌ကား ထိုသို့ တွေးတောယုံမှားဘွယ် မရှိသောကြောင့် နေဝ အဝိဂတပစ္စယော" ဟု သန္နိဋ္ဌာန် ဧဝသဒ္ဒါဖြင့် ဆိုသည်ဟု မှတ်ပါ။]
ပန၊ ကား။ ဘဝေါ၊ သည်။ ဇာတိယ၊ ဇာတိ၏၎င်း။ ဇာတိ၊ သည်။ ဇရာမရဏဿ၊ ၏၎င်း။ အဝိဂတပစ္စယော၊ သည်။ နေဝ (ဟောတိ)၊ မဖြစ်နိုင်သည်သာ။ ဣတိ တသ္မာ, အဝိဂတပစ္စယနိယမာဘာဝတော၊ ဤသို့ အဝိဂတပစ္စည်း၏ အမြဲအားဖြင့် မရှိခြင်းကြောင့်၎င်း။ အဝိဂတ ပစ္စယဿ၊ ၏။ ဣတိ တသ္မာ အဘာဝတောစ၊ ဤသို့ လုံးလုံးမရှိခြင်းကြောင့်၎င်း။ ဘဝါဒီသု၊ ဘဝအစရှိသည်တို့၌။ ဟေတုကဂ္ဂဟဏံ၊ ဟေတုကသဒ္ဒါကို။ န ကတံ၊ ပြုတော်မမူအပ်။ ဣတိ၊ ဤ အကြောင်းကား။ ယုတ္တံ၊ သင့်သောအကြောင်းတည်း။ဟိ (ယသ္မာ)၊ ကြောင့်။
နာမသင်္ဂဟိတာနံ၊ နာမ၌ သွင်းယူအပ်ကုန်သော။
ဇာတိအာဒီနံ၊ ဇာတိ အစရှိသည်တို့၏။
အဝိဂတပစ္စယော (စ)၊ သည်၎င်း။
အညဿ၊ အခြားသော ပစ္စယုပ္ပန် တရား၏။
အဝိဂတ ပစ္စယဘာဝေါ စ၊ အဝိဂတပစ္စည်း၏ အဖြစ်သည်၎င်း။
န အတ္ထိ၊ မရှိ။
(ကသ္မာ၊ နည်း)။
(ဇာတိ အာဒီနံ၊ တို့၏)။
အသဘာဝဓမ္မတ္တာ၊ သဘာဝဓမ္မ မဟုတ်ကုန်သည်၏အဖြစ်ကြောင့်တည်း။
ဣတိ၊ ကြောင့်။
နာမံ ။ပေ။ နာမဟေတုကန္တိဝစနံ၊ ကို။
န ဝတ္တဗ္ဗံနနု၊ ဟောတော်မမူထိုက်သည် မဟုတ်ပါလော။
(ဣတိ၊ ဤကား စောဒနာ တည်း)။
ဣတိ အဝိဂတ ။ပေ။ ယုတ္တံ။ ။ ဤဝါကျ၌ "အဝိဂတပစ္စယနိယမာဘာဝတော, အဘာဝတော စ အဝိဂတပစ္စယဿ" တို့သည် အဋ္ဌကထာ၌ ပြအပ်သော အကြောင်းတို့ပင်တည်း။ သို့သော် ထိုအကြောင်းတို့၏ အကြောင်းကား အဋ္ဌကထာ၌ အကျယ်ပြပုံနှင့် မတူ။ ဤ၌ အကြောင်းပြပုံကို "သင်္ခလက္ခဏာနံ ပန" မှ စ၍ "န သန္တိ" တိုင်အောင် ကြည့်ပါ။
နနု ဧဝံ ။ပေ။ န ဝတ္တဗ္ဗံ။ ။ ဤစကားတို့သည် စောဒက တပါးပါးက မိမိဋီကာ စကားကို ပြန်၍စောဒနာဘွယ်ရှိပုံကို ပြသော စကားတည်း။ ဒီလိုဆိုလျှင် "နာမံ ဝိညာဏ ဟေတုကံ, ဆဋ္ဌာယတနံ နာမဟေတုကံ" ဟုဟောတော်မမူထိုက်ရာ ရောက်နေသည် မဟုတ်ပါလော ဟု စောဒနာသည်။
န ဟိ ။ပေ။ အဿဘာဝဓမ္မတ္တာ။ ။ ဤဝါကျကား ထိုသို့ စောဒနာခြင်း၏ အကြောင်းကိုပြသော စကားတည်း။ ထိုစကားရပ်၌ "န နာမသင်္ဂဟိ ဇာနံ ဇာတိအာဒီနံ အဝိဂပစ္စယော အတ္ထိ" ဖြင့် နာမအရတွင် ပါတင်သော ဇာတိ အစရှိသည်တို့မှာ အဝိဂတပစ္စယ သတ္တိဖြင့် ကျေးဇူးပြုမခံရဟု ဆိုလိုသည်။ ထို့ကြောင့် "ဆဋ္ဌာယတနံ နာမ ဟေတုုကံ" ဟု မဟောထိုက်သည် မဟုတ်ပါလော" ဟူလို" န အညဿ အဝိဂတ ပစ္စယဘာဝေါ စ အတ္ထိ" ဖြင့် ဇာတိ အစရှိသည်တို့က တပါးသော ပစ္စယုပ္ပန်တရားအား အဝိဂတသတ္တိဖြင့် ကျေးဇူးမပြုနိင်ဟု ဆိုလိုသည်။ ထို့ကြောင့် "နာမံ ဝိညာဏဟေတု ကံ" ဟု မဟောထိုက်သည် မဟုတ်ပါလော ဟူလို။ ထိုသို့ ပစ္စည်း ပစ္စယုပ္ပန် မဖြစ်နိုင်ခြင်း၏ အကြောင်းကိုကား "အဿဘာဝဓမ္မတ္တာ" ဟူသော ပါဌ်ဖြင့် ပြသည်။
ဣဒံ ဝုစ္စတိ ရူပန္တိစ၊ ဟူ၍၎င်း။
ယံ နာမရူပံ၊ အကြင်နာမ်ရုပ်သည်။
ဖဿဿစ၊ ဖဿ၏၎င်း။
သဠာယတနဿစ၊ သဠာယတန၏၎င်း။
ဝုတ္တံ သတိပိ ။ပေ။ ဝုတ္တံ။ ။ အဋ္ဌကထာ၌ ဝတ္တဗ္ဗပဒေသေ မရှိသောကြောင့် "ဌပေတွာ ဇာတိ ဇရာမရဏာနိ" ဟု ဟောတော်မမူကြောင်းကို ဆိုထား၏။ သို့သော် ဟောဘို့ရန် ပဒေသရှိသော်လည်း ဥပါဒါန်ကဲ့သို့ ဇာတိ စသည်တို့က သဘာဝဓမ္မ မဟုတ်ကြ၊ ထိုသို့ သဘာဝဓမ္မမဟုတ်ကြသည့် အတွက် တမင်္ဂလာ ဖယ်ထားထိုက်သော သဘာဝ တမျိုး မရှိသောကြောင့်သာ "ဌပေတွာ ာတိ ဇရာမရဏာနိ" ဟု ဖယ်ထားမှုကို မပြုထိုက်၊ ဤသို့ ပြုအပ်သော အကြောင်းသာ ယုတ္တ( အသင့်) ဖြစ်သည်။ ဆိုလိုရင်းကား ဇာတိ ဇရာမရဏတို့က သဘာဝဓမ္မ မဟုတ်ကြသောကြောင့်ဖယ်ထားဘွယ် မလိုသည့်အတါက် "ဌပေတွာ ဇာတိဇရာ မရဏာနိ" ဟု တမင်္ဂလာ မဖယ်ဘဲထားသည် ဟူသော အဋ္ဌကထာ၏ အကြောင်းသည် အယုတ္တဖြစ်သည် ဟူလို။
ဇာယမာနာနံ ။ပေ။ ဝုတ္တံ။ ။ ဤသို့ သဘာဝဓမ်မ မဟုတ်ကြလျှင် "ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ" ဟု အဘယ့်ကြောင့် ဟောတော်မူသေးသနည်း လုံးလုံးမဟောဘဲ ထားသင့်သည် မဟုတ်လောဟု မေးဘွယ်ရှိသောကြောင့် "ဇာယ မာနာနံ ပန" စသည်ကို မိန့်သည်။ ဖြစ်ဆဲတရားတို့၏ ဇာတိ, ဇြစ်ပြီးသော တရားတို့၏ ဇရာမရဏ ဖြစ်သောကြောင့် "ဘဝပစ္စယာ ဇာတိ ။ပေ။ မရဏံ " ဟု ဟောတော်မူရပါသည်။ လုံးလုံးမထားဘဲထားလို့ မဖြစ်နိုင်ပါ ဟူလို။
ပစ္စယော၊ အကြောင်းသည်။ (ဟောတိ၊ ၏)။ တဿ၊ ထို နာမ်ရုပ်၏။ ဝတ္တဗ္ဗပဒေသော၊ ဟောတော်မူထိုက်သော အရပ်ကို။ တဿ၊ ထို နာမ်ရုပ်၏။ ဝတ္တဗ္ဗပဒေသော၊ ဟောတော်မူထိုက်သော အရပ်ကို။ နိဒ္ဒိဋ္ဌောယထာ၊ ညွှန်ပြအပ်သကဲ့သို့။ ဧဝံ၊ တူ။ ယော ဘဝေါ၊ အကြင်ဘဝသည်။ ဇာတိယာ၊ ဇာတိ၏။ ပစ္စယော၊ အကြောင်းသည်။ (ဟောတိ၊ ၏)။ တဿပိ၊ ထိုဘဝ၏လည်း။ ဌပေတဗ္ဗံ ဂဟေတဗ္ဗ ဝိသေသေ၊ ချန်ထားထိုက်သော ဇာတိ ဇရာ မရဏ, ယူထိုက်သော နာမ်ခန်ဓာ ၄ ပါးဟူသော အထူးသည်။ သတိ၊ သော်။ ဝတ္တဗ္ဗပဒေသော၊ ဟောတော်မူထိုက်သော ပါလိ၏အရပ်သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ သို့။ ဝတ္တုံ၊ ဆိုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။နိပ္ပဒေသတ္တာ၊ ညွှန်ပြအပ်သော အစိတ်အပိုင်း မရှိသည်၏ အဖြစ်ကြောင့်။
(အကြွင်းအကျန် မရှိသည်၏ အဖြစ်ကြောင့်)။
ဘဝေန၊ ဘဝဖြင့်။
ဥပါဒါနံ၊ သပ္ပဒေသဖြစ်သော ဥပါဒါန်ကို။
သင်္ဂဟိတံ၊ သွင်းယူအပ်ပြီ။
ပစ္စယုပ္ပန္နဿ၊ ပစ္စယုပ္ပန်ဖြစ်ထိုက်သော။
ယထာ ပန ။ပေ။ နိဒ္ဒိဋ္ဌော။ ။ "ယထာ ပနမှ စ၍ နိဒ္ဒိဋ္ဌော တိုင်အောင်" ဥပမာန ဝါကျတည်း။ ထိုဝါကျဖြင့် ဖယ်ကြဉ်ထိုက်လျှင် (ဝတ္တဗ္ဗပဒေသမရှိဟု ရှောင်၍ မသွားဘဲ) ဖယ်ကြဉ်၍ ဟောတော်မူပုံကို၎င်း, ယူထိုက်လျင် ယူပုံကို၎င်း ဥပမာပြသည် ။ချဲ့ဦးအံ့ "နာမပစ္စယာ ဖဿော" ၌ ပစ္စည်းဖြစ်သော နာမအရတွင် ဖဿကို ကြဉ်ရမည်ဖြစ်သော ကြောင့် "ဌာပေတါာ ဖဿံ" ဟု ဟောတော်မူ၏။"နာမရူပပစ္စယာ သဠာယတနံ" ၌ကား ယူထိုက်သော နာမ်, ယူထိုက်သော ရုပ်ကိုခွဲခြား၍ ဟောတော်မူ၏။ "ဝတ္တဗ္ဗ ပဒေသ မရှိ" ဟု အကြောင်းပြ၍ နာမ်အားလုံး, ရုပ်အားလုံးကို တပေါင်းတည်းဟောတော်မမူ၊ ဤနေရာ၌ ဟောထိုက်သော နာမ်, ဟောထိုက်သော ရုပ်၏ ဟောရာ ပဒေသကို ညွှန်ပြတော်မူသည်။
ဧဝံ ။ပေ။ နတ္ထီတိ ဝတ္တုံ။ ။ ဤအတူ ဇာတိအား ကျေးဇူးပြုသော ဘဝအတွက်လည်း ဖယ်ကြဉ်ထိုက်သော တရားတမျိုး, ယူထိုက်သော တရားတမျိုးဟု အထူးရှိလျှင်, ဝတ္တဗ္ဗပဒေသမရှိဟု မဆိုသင့်၊ ဝတ္တဗ္ဗပဒေသ ရှိနိုင်သည်သာ ၊ အမှန်အားဖြင့်ကား ဘဝက ဇာတိအား ကျေးဇူးပြုရာ၌ ဘဝတွင် ပါဝင်နေသော ဇာတိ ဇရာမရဏတို့ကို သဘာဝဓမ္မ မဟုတ်သည့်အတွက် ဖယ်ကြယ်မှုကို မပြု၊ ထို့ကြောင့်သာ "ဌပေတွာ ဇာတိ ဇရာမရဏာနိ" ဟု မဟောဘဲထားသည် ဟူလို။ [ယော ဘဝေါ ဇာတိယာ ပစ္စယောတိ ဧတေန ဘဝသင်္ဂဟိတာနိပိ ဇာတိ အာဒီနိဇာတိယာ အပစ္စယတ္တာ ဧဝ ဌပေတွာတိ န ဝုတ္တာနီတိ ဒဿေတိ၊ ပစ္စယဘာဝေါသင်္ဥာ ဧဝ နေသံ တဿာ နတ္ထီတိ အဓိပ္ပါယော (ဘဝတွင် ပါဝင်သော ထို ဇာတိ ဇရာမရဏတို့၏ ထို နောက်ဇာတိအား ကျေးဇူးပြုနိုင်သည်၏ အဖြစ်၌ လျဉ်းပါးဘွယ်ပင်မရှိပါ ဟူလို)။ အနု။]
ဝိသုံ၊ ဘဝမှ သီးခြား။ ဌိတဿ၊ တည်သော။ ဥပါဒါနဿ၊ ဥပါဒါန် တမျိုး၏။ ဣတိ (တသ္မ) အဘာဝါ၊ ထိုသို့ မရှိခြင်းကြောင့်။ ဘဝ ပစ္စယာပိ ဥပါဒါနန္တိ၊ ဟူ၍။ ဝတ္တံ၊ ဟောတော်မူခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ဤ အနက်အဓိပ္ပါယ်ကို။ ဒဿေတုံ၊ ပြခြင်းငှာ။ ယသ္မာ ပန ဘဝေါ နိပ္ပဒေသောတိ အာဒိ, အာဟ၊ပန၊ ဥပမာဆောင် ထင်အောင်ပြဦးအံ့။
နာမပစ္စယာ ။ပေ။ ဖဿောတိအာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။
ပစ္စယုပ္ပန္နံ၊ ပစ္စယုပ္ပန်ဖြစ်သော ဆဋ္ဌာယတန, ဖဿကို။
ဌပေတွာ၊ ၍။
နာမံ၊ ကို။
ဂဟိတံ ယထာ၊ ယူအပ်သကဲ့သို့။
ဧဝံ၊ တူ။
ဘဝပစ္စယာပိ ဥပါဒါနန္တိ ဣဓာပိ၊ ဟူသော ဤပါဠိရပ်၌လည်း။
ပစ္စယုပ္ပန္နံ၊ ပစ္စယုပ္ပန်ဖြစ်သော ဥပါဒါန်ကို။
ဌပေတွာ၊ ၍။
ဘဝဿ၊ ဥပါဒါန်မပါသော ဘဝကို။
ဂဟဏံ၊ ယူခြင်းသည်။
ဝါ၊ ယူခြင်းကို။
ကာတုံ၊ ပြုခြင်းငှာ။
န သက္ကာ၊ သည်။
ဧဝံ သတိ။ ။ "နိပ္ပဒေသဖြစ်သော ဘဝဖြင့် ဥပါဒါန်ကို သွင်းယူအပ်ပြီး ဖြစ်သော ကြောင့် ပစ္စယုပ္ပန်ဖြစ်ထိုက်သော ဥပါဒါန်တမျိုး (သီးခြားတည်လျက်) မရှိသည့်အတွက် "ဘဝပစ္စယာပိ ဥပါဒါနံ" ဟု အပြန်အလှန်သဘောဖြင့် ဟောတော်မူခြင်းငှာ မတတ်ကောင်းသည်ရှိသော်" ဟု အကျယ်အနက် မှတ်ပါ။
နာမပစ္စယာပိ။ပေ။ အဓိပ္ပါယော။ ။ ဒီလိုဆိုလျှင် "နာမပစ္စယာပိ ဝိညာဏံ" ဟု မဟောထိုက်ရာ ရောက်နေ၏။ ဘာ့ကြောင့်နည်း "နာမ် ဟူရာ၌ ဝိညာဏ်နာမ် မပါ၊ စေတိသက်နာမ်သာ ရသောကြောင့် ပစ္စယုပ္ပန်ဘက်မှာဖြစ်စေ, ပစ္စည်းဘက်မှာဖြစ်စေ သပ္ပဒေသချည်းဖြစ်သောကြောင့်တည်း" ဟူလို။ [ဤ၌ "အဓိပ္ပါယော" သည် "ဧဝံသတိ။ ပေ။ နဝတ္တဗ္ဗံ သိယာ" ဟု ဆိုသော မိမိ (ဋီကာဆရာ) ၏ အလိုတည်း။]
ယထာ ပန ။ပေ။ န သက္ကာ ကာတုံ။ ။ မိမိအယူကို ထင်ရှားအောင် ဥပမာဖြင့် ပြလို၍ "ယထာ ပန" စသည် မိန့်။ "နာမပစ္စယာ ဆဋ္ဌာယတနံ" ၌ "နာမ" အရ ပစ္စယုပ္ပန်ဖြစ်သော ဝိညာဉ်နမ်ကို ချန်၍၎င်း" နာမပစ္စယာ ဖဿော" ၌လည်း နာမအရ ပစ္စယုပ္ပန်ဖြစ်သော ဖဿကို ချန်၍၎င်း, ပစ္စယစတုက္က၌ ဟောတော်မူသကဲ့သို့ ထို့အတူ အညမညစတုက္က၌ လာသော ဤ "ဘဝပစ္စယာ ဥပါဒါနံ" ဟူသော အင်္ဂါ၌လည်း "ဘဝ" အရတွင် ပစ္စယုပ္ပန်ဖြစ်သော ဥပါဒါန်ကို ချန်၍ ဘဝအရကို ယူခြင်းငှာ မတတ်ကောင်း မဟုတ်, တတ်ကောင်းသည်သာ။
န၊ မဟုတ်။ (သက္ကာဟဝ၊ သည်သာ)။ တသ္မာ၊ ကြောင့်။ ဥပါဒါနဿ၊ ၏။ (ဘဝေ၊ ၌)။ အဝိဂတပစ္စယ နိယမာဘာဝေါ၊ အဝိဂတ ပစ္စယသတ္တိ၏ အမြဲအားဖြင့် မရှိနိုင်ခြင်းသည်။ (အတ္ထိ) ဝိယ၊ ရှိသကဲ့သို့။ (တထာ၊ ထို့အတူ)။ ဘဝေ၊ ၌။ အညမညပစ္စယ နိယမာဘာဝေါ၊ အညမည ပစ္စယသတ္တိ၏ အမြဲအားဖြင့် မရှိနိုင်ခြင်းသည်။ ပုဗ္ဗေ၊ ၌။ ဝုတ္တနယေန၊ ဆိုအပ်ပြီးသော နည်းဖြင့်။ အတ္ထိ၊ ၏။ ဣတိ၊ ကြောင့်။ ဘဝပစ္စယာပိ ဥပါဒါနန္တိ၊ ဟူ၍။ န ဝုတ္တံ၊ ဟောတော်မမူအပ်။ ဣတိ, ဝေဒိတဗ္ဗံ၊ဟိ(ယသ္မာ)၊ ကြောင့်။
နာမရူပပစ္စယာပိ ဝိညာဏံတိ၊ ဟူ၍။
ဝုတ္တံ၊ ပြီ။
စ၊ ဆက်။
ဝတ္ထု၊ ဝတ္ထုသည်။
(ရူပအရဝတ္ထုသည်)။
အကုသလဝိညာဏဿ၊ အကုသိုလ် ဝိညာဉ်အား။
အညမညပစ္စယော၊ သည်။
န ဟောတိ၊ မဖြစ်။
[ပဋိသန္ဓေဝိညာဉ် မဟုတ်သောကြောင့် ဟဒယဝတ္ထုက အကုသလဝိညာဉ်၏ အညမည ပစ္စည်း မဖြစ်နိုင်၊ ဤနေရာကား အကုသလဝိညာဉ်ကို စ၍ ဟောတော်မူအပ်ရာ ပါဠိရပ်တည်း။]
ပန၊ အနွယ။
ပုရေဇာတဝိပ္ပယုတ္တော၊ ပုရေဇာတ ဝိပ္ပယုတ္တပစ္စည်းသည်။
ဟောတိ၊ ဖြစ်နိုင်၏။
ဣတိ၊ ကြောင့်။
(အညမည ပစ္စယောတိ ဧတ္ထ ။ပေ။ အဓိပ္ပေတော သိယာ၊ ၏)။
တသ္မာ။ပေ။ ဝေဒိတဗ္ဗံ။ ။ ထိုသို့ တတ်ကောင်းလျှင် "ဘဝပစ္စယာပိ ဥပါဒါနံ" ဟုအဘယ်ကြောင့် ဟောတော်မမူပါသနည်းဟု မေးဘွယ်ရှိသောကြောင့် "တသ္မာ" စသည်မိန့်၊ ဤတသ္မာကို "န ဝုတ္တံတိ ဝေဒိတဗ္ဗံ" ၌စပ်၊ ဥပါဒါန်က ဘဝအား အဝိဂတသတ္တိဖြင့် အမြဲကျေးဇူးမပြုပုံကို ရှေ့ ဟေတုစတုက္က၌ ပြခဲ့ပြီ၊ ထို့ကြောင့်ဥပမာနအဖြစ်ဖြင့် ပြသည်။ ထို့အတူ ဥပါဒါန်က ဘဝ၌ ကျေးဇူးပြုဘို့ရန် အမြဲအားဖြင့် အညမညပစ္စယသတ္တိ မရှိ၊ ထို သစတ္တိ မရှိပုံကို "သင်္ခတ လက္ခဏာနံ ပန ဇာတိအာဒီနံ " စသည်ဖြင့် ရှေ့၌ ကြောင်းပြခဲ့သည့်အတိုင်း သိပါ။ ထို့ကြောင့် "ပုဗ္ဗေ ဝုတ္တနယေန" ဟု ဆိုသည်။ ဤသို့ အမြဲအားဖြင့် အညမညပစ္စယသတ္တိ မရှိခြင်းကြောင့် "ဘဝပစ္စယာပိ ဥပါဒါနံ" ဟု ဟောတ်ောမမူအပ်ဟု သိထိုက်ပါသည်။
သမ္ပယုတ္တ ။ပေ။ သိယာ။ ။ "ယဿ သဠာယတနံ အညမညပစ္စယော ဘဝေယျ" ဟု အဋ္ဌကထာဝယ် ရှိ၏။ "ထို "အညမညပစ္စယော" ဟူသော ပါဌ်၌ "သမ္ပယုတ္တဝိပ္ပယုတ္တ အတ္ထိ" ပစ္စည်းတို့ကို အလိုရှိအပ်၏။ထို့ကြောင့် "အညမည ပစ္စယော" ဟူရာဝယ် ပဋ္ဌာန်း၌ လာသော အညမညပစ္စည်းကို မယူဘဲ အညမည ပစ္စည်းကဲ့သို့ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုသော သမ္ပယုတ္တစသော ပစ္စည်းကို ယူလိုစရာ ရှိသည်ဟု မှတ်ပါ။ [အညမညပစ္စယော ဝီယ အညမညပစ္စယောတိ အယမတ္ထော ဣဓာဓိပ္ပေတောတိ ဒဿေန္တော "အညမည ။ပေ။ အဓိပ္ပေတော သိယာ" တိ အာဟ။ အနု။]
ဟိ (ယသ္မာ)၊ ကြောင့်။
နာမပစ္စယာ အဝိဇ္ဇာတိဧတ္ထ၊ ဟူသောဤနည်း၌။
အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာ၏ အကြောင်းဖြစ်ကုန်သော။
သဗ္ဗေ၊ ကုန်သော။
စတ္တာရော၊ ကုန်သော။
ခန္ဓာ၊ တို့ကို။
နာမန္တိ၊ ဟူ၍။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။
ဣတိ၊ ကြောင့်။
(ဧဝံ သတိ ။ပေ။ န ဝတ္တဗ္ဗာ, သိယုံ၊ ဖြစ်ကုန်ရာ၏)။
စက္ခာဘတနု ပယောဒိနံ။ ။ ပါဠိတော်၌ "စက္ခာယတနဿ ဥပစသော" စသည်ဖြင့် ဟောတော်မူသောကြောင့် "စက္ခာယတနုပစယာဒီနံ" ဟုဆိုသည်။ ထို ဥပစယ ဟူသည် "ဥပစယ, သန္တတိ" ၌ လာသော ဥပစယ မဟုတ်၊ အဆက်ဆက် ဖြစ်သော စက္ခာယတန စသည်ကိုပင် စီအပ်သကဲ့သို့ ဖြစ်သောကြောင့် "ဥပစယ" ဟု ဆိုသည်။ (တနည်း) စက္ခာဘတန စသည်တို့ကို ထောက်ပံ့တတ်သော အခြားရုပ်များကို "စက္ခာယတနုပစယာဒီနံ" ဟု ဆိုသည်။ [ဥပရူပရိ ဝိသာနိ ဝီယ ဥပ္ပန္န စက္ခာဘတနာဒီနိ, စက္ခာယတနာဒီနံဝါ ဥပတ္ထကမ္ဘကာနိ စက္ခာယတနုပစယာဒီနိ။ အနု။]
ဧဝံ သတိ ။ပေ။ နာမန္တိ ဝုတ္တာ။ ။ အဋ္ဌကထာဝယ်" အပုဗ္ဗဿ ။ပေ။ န ဝုတ္တော" ဟု ဆိုအပ်သော စကား၌ လဒ္ဓဒေါသကိုပြလို၍ "ဧဝံ သတိ" စသည်ကို မိန့်သည်။ အဋ္ဌကထာ၌ အပုဗ္ဗဿ ။ပေ။ အဘာဝတော" ဟု ပြအပ်သော အကြောင်းကြောင့် "ဘဝပစ္စယာ အဝိဇ္ဇာ" ဟူသော ဘဝမူလကနယကို ဟောတော်မမူလျှင် "ဆဋ္ဌာယတန ပစ္စယာ အဝိဇ္ဇာ" စသော နယတို့ကိုလည်း ဟောတော်မမူထိုက်ရာ ရောက်၏။ "ဘာ့ကြောင့် ဟောတော်မမူထိုက်ရာ ရောက်ပါသနည်း" ဟု မေးဘွယ်ရှိသောကြောင့် "နာ မပစ္စယာ" စသည်မိန့်၊ ပါဠိတော်ဝယ် "နာမပစ္စယာ အဝိဇ္ဇာ" ဟု နာမမူလကနယကို ဟောတော်မူပြီးနောက် "ဆဋ္ဌာယတနပစ္စယာ အဝိဇ္ဇာ" ဟု ဆဋ္ဌာယတန မူလကနယကို ဟောတော်မူ၏။ ထိုတွင် နာမပစ္စယာတုန်းက နာမအရ၌ ဝိညာဏက္ခန္ဓာဟူသော ဆဋ္ဌာယတနှင့် တကွ နာမ်ခန္ဓာ ၄ ပါးလုံးကို ယူပြီးဖြစ်ရကား ဆဋ္ဌာဘတန အတွက် သီးခြား အသစ်တရားမရှိတော့၊ ထို့ကြောင့် "အပုဗ္ဗဿ ။ပေ။ အဘာဝတော" ဟု အကြောင်းပြတိုင်း ဆိုလျှင် "ဆဋ္ဌာယတနပစ္စယာ အဝိဇ္ဇာ" စသည်ဖြင့်လည်း ဟောတော်မမူထိုက်ရာ ရောက်သည် ဟူလို။
ပန၊ ဆက်။
ယဒေဝနာမံ၊ အကြင် ခန္ဓာ ၄ ပါးဟူသော နာမ်သည်ပင်။
အဝိဇ္ဇာယ၊ ၏။
ပစ္စယော၊ သည်။
(ဟောတိ)၊
တဒေဝ (နာမံ)၊ ထို ခန္ဓာ ၄ ပါးဟူသော နာမ်ကိုပင်။
(ဝုစ္စေယျ၌စပ်)။
ဘဝပစ္ဏယာ အဝိဇ္ဇာတိဧတ္ထာပိ၊ ဟူသော ဤနည်း၌လည်း။
ဝုစ္စေယျ၊ ဟောတော်မူအပ်ငြားအံ့။
(ဧဝံသတိ၊ ဤသို့ ဟောတော်မူအပ်သော်)။
ကောစိ၊ တစုံတခုသော။
ဝတ္တဗ္ဗဝိသေသော၊ ဟောထိုက်သော တရားအထူးသည်။
န၊ မရှိတော့။
တသ္မာ အပုဗ္ဗာဘာဝတော၊ ထိုသို့ ရှေး မဟုတ်သော တရား၏ မရှိခြင်းကြောင့်။
န ဝုတ္တော၊ ဟောတော်မမူအပ်။
ဣတိ အယံ, အဓိပ္ပါယော၊ ဤသို့ သော အလိုသည်။
(သိယာ၊ ၏)။
တတ္ထာယံ ။ပေ။ သိယာ။ ။ ဤစကားသည် အဋ္ဌကထာဆရား၏ အလိုကို ဋီကာဆရာကမှန်းဆသော စကားတည်း။ ထို့ကြောင့် "သိယာ" ဟု ပရိကပ္ပကြိယာဖြင့် ဆိုသည်။ ထိုသိယာ၏ နယ်ကား "န ဝုတ္တောတိ" တိုင်အောင်တည်း။ နာမ်ခန္ဓာ ၄ ပါးတါင်ဆဋ္ဌာဘတန ဟူသော ဝိညာဏက္ခန္ဓာသည် နာမ်အထူးဖြစ်၏။ နာမ်အထူးဖြစ်သောကြောင့် (အသစ်မဟုတ်သော်လည်း) "ဆဋ္ဌာယတနပစ္စယာ အဝိဇ္ဇာ" ဟု ဟောတော်မူထိုက်၏။ ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်တို့လည်း ထို့အတူတည်း။
ယဒေဝ ပန ။ပေ။ န ဝုတ္တောတိ။ ။ ထိုထိုဖြစ်လျှင် "ဘဝပစ္စယာ ဇာတိ" ဟု အဘယ့်ကြောင့် မဟောပါသနည်း" ဟု မေးဘွယ်ရှိသောကြောင့် "ယဒေဝ နာမံ" စသည်မိန့်။ "ယဒေဝ နာမံ" အရ နာမ်ဟူသည် "နာမပဏ္စယာ အဝိဇ္ဇာတိ ဧတ္ထ" ၌ ပြအပ်ခဲ့သော နာမ်ခန္ဓာ ၄ ပါးတည်း။ ထိုနာမ်ခန္ဓာ ၄ ပါးကိုပင် "ဘဝပစ္စယာ ဇာတိ" ဟူသော နည်း၌ ဘဝနာမည်ဖြင့် ဟောတော်မူစရာရှိ၏။ သို့သော် ဘဝ အရ၌ အသစ်တရားအထူးကာ မရှိ,ထိုသို့ အသစ်တရားမရှိသောကြောင့် "ဘဝပစ္စယာ ဇာတိ" ဟု ဟောတော်မမူအပ်၊ ဤသို့ အဋ္ဌကထာ၏ ဖြစ်စရာရှိသည် ဟူလို။
အဝိဇ္ဇာပစ္စယာ။ပေ။ ဝုတ္တံ သိယာတိ၊ ဟူ၍။
(သင်္ဂဟကာရေန) ဝုတ္တံ၊
ပန၊ ထိုသို့ပင် ဆိုအပ်ပါသော်လည်း။
နာမပစ္စယာ ဖဿောတိ၊ ဟူ၍။
ဝုတ္တေ၊ ဟောတော်မူအပ်သော်။
ဖဿပစ္စယာ ဖဿောတိ၊ ဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်သည်။
(ဟောတော်မူအပ်ရာရောက်သည်)။
န ဟောတိ ယထာ၊ မဖြစ်သကဲ့သို့။
(ကသ္မာ) ပစ္စယုပ္ပန္နံ၊ ပစ္စယုပ္ပန်ဖြစ်သော ဖဿကို။
(နာမပစ္စယာ အရ၌ ပစ္စယုပ္ပန်ဖြစ်သော ဖဿကို)။
ဌပေတွာ၊ ၍။
ပစ္စယဿ၊ ပစ္စည်းဖြစ်သော နာမ်ကို။
ဂဟဏတော၊ ယူနိုင်ခြင်းကြောင့်တည်း။
ဧဝံ၊ တူ။
ဣဓာပိ၊ ဘဝပစ္စယာ အဝိဇ္ဇာဟူသော ဤနည်း၌လည်း။
(အဝိဇ္ဇာပစ္စယာ အဝိဇ္ဇာတိ၊ ဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်သည်)။
န သိယာ၊ မဖြစ်ရာ။
တသ္မာ၊ ကြောင့်။
ဘဝနဝသေန၊ ဖြစ်ခြင်းကြိယာ၏ အစွမ်းသတ္တိကြောင့်။
သဘာဝဓမ္မာ သဘာဝဓမ္မေသု၊ သဘာဝဓမ္မ ဖြစ်သော နာမ်ခန္ဓာ , သဘာဝဓမ္မ ဇာတိ ဇရာ မရဏတို့၌။
သာမညေန၊ သာမညအားဖြင့်။
ဘဝသဒ္ဒေါ၊ သည်။
ပဝတ္တော၊ ဖြစ်၏။
ဣတိ၊ ကြောင့်။
သော၊ ထို ဘဝသည်။
(သဘာဝဓမ္မ အသဘာဝဓမ္မ ၂ မျိုးလုံးကိုရသောဘဝသည်)။
ဘဝဂ္ဂဟဏေန စ။ ။ "ဘဝပစ္စယာ အဝိဇ္ဇာ" ၌ ဘဝ အရဝယ် သဘာဝဓမ္မဖြစ်သော နာမ်ခန္ဓာ ၄ ပါးကိုသာ ယူရာ၏။ သဘာဝ မဟုတ်သော ဇာတိဇရာမရဏ တို့ကို မယူရာ၊ ဤသို့ "ဘဝ"အရ၌ နာမံတုန်းက ယူအပ်ပြီးသော နာမ်ခန္ဓာ ၄ ပါးမှ တပါးသော တရားအသစ် မရှိသောကြောင့် "ဘဝပစ္စယာ အဝိဇ္ဇာ" ဟု ဟောတော်မမူအပ်ဟု မှတ်ပါ။
အဝိဇ္ဇာ ပစ္စယာ အဝိဇ္ဇာတိပိ။ပေ။ ယထာပန။ ။ အဋ္ဌကထာဝယ် "အဝိဇ္ဇာ ပစ္စယာ အဝိဇ္ဇာတိပိ ဝုတ္တံ သိယာ" ဟု ဆိုထား၏။ ထိုစကား၌ လဒ္ဓဒေါသကို ပြလိုသောကြောင့် "ယထာ ပန" စသည်ကို မိန့်၊ "နာမပစ္စယာ ဖဿော" ဟု ဟောတော်မူ၏။ ထိုသို့ ဟောတော်မူရာ၌ နာမအရ ပစ္စယုပ္ပန်ဖြစ်သော ဖဿကို ဖယ်ထား၍ ကျန် နာမ်ခန္ဓာ များကိုယူရသောကြောင့် "ဖဿပစ္စယာ ဖဿော" ဟု ဟောတော်မူရာ မရောက်သကဲ့သို့ ဤအတူ ဤ "ဘဝပစ္စယာ အဝိဇ္ဇာ" ဟု ဟောတော်မူလျှင် ဘဝအရ၌ အဝိဇ္ဇာကို ကြဉ်၍ ယူနိုင်သောကြောင့် "အဝိဇ္ဇာပစ္စယာ အဝိဇ္ဇာ" ဟု ဟောတော်မူရာ မရောက်နိုင်ပါ ဟူလို။
အဝိဇ္ဇာယ၊ ၏။ ပစ္စယော၊ သည်။ န ဟောတိ၊ မဖြစ်။ ဣတိ၊ သို့။ ဝတ္တုံ, သက္ကာ၊ဝါ၊ တနည်း။
ဥပါဒါနပစ္စယာ ဘဝေါ တိ ဧတ္ထ ဝိယ၊ ဟူသော ဤ ပါဠိရပ်၌ကဲ့သို့။
ဘဝေကဒေသေ၊ ဘဝ၏ တစိတ်တပိုင်းဖြစ်သော ဥပါဒါန်ကို။
ဝိသုံ၊ သီးခြား။
ပုဗ္ဗေ၊ ၌။
(ရှေးက)။
အဂ္ဂဟိတေ၊ မယူအပ်သော်။
ဘဝသဒ္ဒေါ၊ ဘဝသဒ္ဒါသည်။
ပစ္စယဗောဓနတ္ထံ၊ အကြောင်း၏အဖြစ်ကို သိစေခြင်းအကျိုးငှာ။
အာဒိတော၊ အစ၌။
(အစက)။
ဝုစ္ဏမာနော၊ ဟောတော်မူအပ်သော်။
နိရဝသေသဗောဓတော၊ အကြွင်းအကျန်မရှိသော အနက်ကို သိစေတတ်သည်။
ဟောတိ၊
နာမသဒ္ဒေါ၊ နာမ သဒ္ဒါသည်။
(ပစ္စယဗောဓနတ္ထံ၊ ငှာ။
အာဒိတော၊ ၌။
(အစက)။
ဝုစ္စမာနော၊ သော်။
နိရဝသေသဗောဓကော၊ သည်)။
န (ဟောတိ)၊
တသ္မာ ။ပေ။ ဝေဒိတဗ္ဗော။ ။ အဋ္ဌကထာ၌ ပြသောအကြောင်းကို မနှစ်သက်လျှင် အဘယ့်အကြောင့် "ဘဝပစ္စယာ အဝိဇ္ဇာ" ဟု ဟောတော်မမူပါသနည်း၊ အရှင်ဋီကာဆရာ၏အလိမမာ အဘယ်သို့ပါနည်းဟု မေးဘွယ်ရှိသောကြောင့် မိမိအလိုကို ပြလို ၍ "တသ္မာ ဘဝနဝသေန" စသည်ကို မိန့်၊ ဖြစ်ခြင်းဟူသော ဘဝနကြိယာကို အကြောင်းပြု၍ ဖြစ်သော ဘဝသဒ္ဒါသည် သဘာဝဓမ္မဇြစ်သော နာမ်ခန္ဓာတို့၏၎င်း, သဘာဝဓမ္မမဟုတ်သော ဇာတိ ဇရာ မရဏတို့၌၎င်း ဖြစ်၏၊ ထို့ကြောင့် သဘာဝဓမ္မ အသဘာဝဓမ္မ ၂ မျိုးလုံး ရနေသော ထိုဘဝသည် အဝိဇ္ဇာ၏ အကြောင်း မဖြစ်နိုင်၊ ဤသို့ ဆိုသင့်သော ကြောင့်သာ "ဘဝပစ္စယာ အဝိဇ္ဇာ" ဟု ဘဝမူလကနယကို ဟောတော်မမူအပ်ဟု သိထိုက်ပါသည် ဟူလို။
ဥပါဒါနပစ္စယာ ။ပေ။ အဂ္ဂဟိတေ။ ။ အဝိဇ္ဇာပစ္စယာ အဝိဇ္ဇာတိပိ ဝုတ္တံ သိယာနှင့် စပ်၍ အဋ္ဌကထာဆရာ၏ အလိုကို ပြလိုသောကြောင့် "ဥပါဒါနပစ္စယာ ဘဝေါတိ ဧတ္ထ ဝိယ" စသည်ကို မိန့်၊ "ဥပါဒါနပစ္စယာ ဘဝေါ" ၌ ဘဝ၏ တစိတ်ဖြစ်သော ဥပါဒါန်ကို ဘဝ၏ရှေ့က သီးခြားယူအပ်ပြီး ဖြစ်သကဲ့သိ့ု, ထို့အတူ ရှေ့ကသီးခြားယူအပ်ပြီး အစိတ်အပိုင်းမရှိသော ဘဝသဒ္ဒါ၏ ပစ္စည်းအဖြစ်ကို သိစေခြင်း အကျိုးငှာ "ဘဝပစ္စယာ အဝိဇ္ဇာ" ဟု အစ၌ ဟောတော်မူအပ်သော် တစုံတခုသော အနက်ကိုမျှ မချန်ဘဲ (အဝိဇ္ဇာနှင့်တကွ) အနက်အားလုံးကို သိစေနိုင်၏။ ["ပစ္ဏယ သောနေတ္ထံ" ဟု ပါဌ်ရှိ၏။ ရှေးနိဿယ၌ "ပစ္စယဗောဓနတ္ထံ" ဟု ရှိသည်။]
န နာမသဒ္ဒေါ။ ။ နာမသဒ္ဒါကား ဤသို့မဟုတ်, မိမိက ပစ္စည်းအဖြစ်ဖြင့်, အစ၌ ဟောတော်မူအပ်လျှင် ပစ္စယုပ္ပန်တရားကို ချန်၍ ဟောတော်မူ၏။ ထို့ကြောင့် "နာမ ပစ္စယာ အဝိဇ္ဇာ"၌ နာမအရ အဝိဇ္ဇာကို ချန်၍ ကြွင်း နာမက္ခန္ဓာများကိုသာ ယူရသည်။ [နာမပစ္စယာ အဝိဇ္ဇာတိ ဧတ္ထ ပစ္စယုပ္ပန္နံ ဌပေတွာ ပစ္စယဿ ဂဟဏတော အဝိဇ္ဇာ ဝိနိမုတ္တာဧဝ စတ္တာရော ခန္ဓာ နာမသဒ္ဒေန ဝုစ္စန္တီတိ အာဟ န နာမသဒ္ဒေါ နိရဝသေသဗောဓကောတိ။ အနု။]
ပန၊ ထိုသို့ပင် ဖြစ်ပါသော်လည်း။
ဇာယမာနာနံ၊ ဖြစ်ဆဲ သင်္ခတ တရားတို့၏။
ဇာတိ၊ ဇာတိသည်။
(ဟောတိ)၊
ဇာတိယာ၊ ဇာတိ၏။
ဇာယမာနာ၊ ဖြစ်ဆဲ ဇာတိသည်။
န၊ မရှိ။
ဧဝံ သဘာဝါ ဟိ။ ။ "အဘယ် အကြောင်းကြောင့် ဘဝသဒ္ဒါသည် (အစက နေလျှင်) နိရဝသေသ ဗောဓကဖြစ်၍ နာမသဒ္ဒါသည် အစက နေပါသော်လည်း နိရဝသေသဗောဓက မဖြစ်ပါသနည်း" ဟု အကြောင်းရှာဘွယ် မလိုပါ၊ "ထို ဘဝသဒ္ဒါ နာမသဒ္ဒါတို့မှာ ဤသို့ ဟောရသောသဘောထုံးစုံ ရှိကြပါသည် " ဟူလို။
ဣမိနာ အဓိပ္ပါယေန ။ပေ။ ဒဋ္ဌဗ္ဗော။ ။ ဤသို့ သော အလိုအားဖြင့် ဘဝအရ၌ အဝိဇ္ဇာလည်း ပါဝင်နေသောကြောင့် "ဘဝပစ္စယာ အဝိဇ္ဇာ" ဟုဟောတော်မူလျှင် "အဝိဇ္ဇာပစ္ဏယာ အဝိဇ္ဇာ" ဟုလည်း ဟောတော်မူရာ ရောက်သည်ဟု အဋ္ဌကထာဆရာဆိုသည်ဟု မှတ်ပါ။ "ဤသို့ အဓိပ္ပါယ်ကို လိုလားသောကြောင့် အညမညပစ္စယ ဝါရတုန်းက "ဘဝပစ္စယာပိ ဥပါဒါနံ" ဟု အပြန်အလှန် ဟောတော်မမူအပ်" ဟူသော ဤအနက်ကို ဆိုခဲ့သည်ဟု မှတ်ပါ။
တတ္ထ ပစ္ဆိန္နတ္တာတိ စေတန။ ။ "ဘဝ ပစ္စယာ အဝိဇ္ဇာ ဟု ဟောတော်မမူဘဲ ဖြတ်ခဲ့သောကြောင့် ဇာတိ ဇရာမရဏ မူလကနယကို ဟောတော်မမူ "ဟူသော စကားကို ကောက်ချက်ချလျှင် "ဇာတိ ဇရာမရဏတို့ကတော့ အဝိဇ္ဇာအကြောင်း ဖြစ်နိုင်ကြပါ၏" ဟုခွင့်ပြုရာရောက်၏။ စင်စစ်မှာ ဇာတိဟူသည် ပရမတ်ထသဘာဝ မဟုတ်, ဖြစ်ဆဲတရားတို့၏ ဖြစ်ခြင်းလက္ခဏာသာ ဖြစ်၏။ "ဇာတိ၏ ဖြစ်ဆဲတရား" ဟု သီးခြားမရှိ၊ ဇရာ မရဏတို့၌လည်း ထို့အတူပင်၊ ဤသို့ဖြစ်ခငြ်း ရင့်ခြင်း ပျက်ခြင်း ဟူသော လက္ခဏာမျှသာ ဖြစ်၍ သဘာဝဓမ္မ မဟုတ်သောကြောင့် ထို ဇာတိစသော တရားတို့သည် တခုသော ခဏ၌ အဝိဇ္ဇာ၏အကြောင်း မဖြစ်နိုုင်ကြ၊ ထို့ကြောင့် "ဇာတိ ဇရာမရဏပစ္စယာ အဝိဇ္ဇာ" ဟု ဇာတိဇရာမရဏ မူခကနယတို့ကို ယူတော်မမူအပ်။
မှတ်ချက်။ ။ "တခုသောခဏ၌" ဟူသော ဝိသေသနဖြင့် နာနာခဏ၌ကား ဇာတိ ဇရာမရဏတို့က အဝိဇ္ဇာအား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုနိုင်ပါသည် ဟု ခွင့်ပြုသည်။ နာနာစိတ္တက္ခဏေ ပန ဇာတိ အာဒယော အဝိဇ္ဇာယ ဥပနိဿယ ပစ္စယော ဟောန္တီတိ ဧကစိတ္တက္ခဏေတိ ဝိသေသိတံ။ အနု။
ဇီယမာန မီယမာနာနံ စ၊ ရင့်ဆဲတရား ပျက်ဆဲတရားတို့၏လည်း။ ဇရာမရဏံ၊ ရင့်ခြင်း ပျက်ခြင်းသည်။ ဟောတိ၊ ဇရာမရဏဿ၊ ဇရာမရဏ၏။ ဇီယမာန မီယမာနာ၊ ရင့်ဆဲတရား ပျက်ဆဲတရားတို့သည်။ န၊ မရှိကုန်။ ဣတိ၊ ကြောင့်။ ဇာတိ အာဒီနိ၊ ဇာတိ အစရှိသောတရားတို့သည်။ ဧကစိတ်တက္ခဏေ၊ တခုတည်းသော စိတ္တက္ခဏ၌။ အဝိဇ္ဇာယ၊ အဝိဇ္ဇာ၏။ ပစ္စယော၊ အကြောင်းသည်။ န ဟောန္တိ၊ မဖြစ်ကုန်။ တသ္မာ အသမ္ဘဝတောဧဝ၊ ထိုသို့ မဖြစ်သင့်ခြင်းကြောင့်ပင်။ တံမူလကာ၊ ထို ဇာတိ ဇရာမရဏဟူသော မူလရှိကုန်သော။ နယာ၊ နည်းတို့ကို။ န ဂဟိတာ၊ မယူအပ်ကုန်။ ပန၊ ဆက်။ ပစ္ဆေဒေါပိ၊ ပြတ်ခြင်းသည်လည်း။ အတ္ထိ၊ ရှိပါ၏။ ဣတိ၊ ကြောင့်။ တတ္ထ ပစ္ဆိန္နတ္တာတိ၊ ဟူ၍။ ဝုတ္တံ တိ ဒဋ္ဌဗ္ဗံ၊သစ္စံ၊ မှန်ပါ၏။
(စောဒက အယူအတိုင်းတော့မှန်ပါ၏)။
ပန၊ ထိုသို့ပင် မှန်ပါသော်လည်း။
ကာမုပါဒါနဿ၊ ၏။
ဝါ၊ ကို။
တဏှာဂဟဏေန၊ တဏှာသဒ္ဒါဖြင့်။
ဂဟိတတ္တာ၊ ယူအပ်ပြီး၏ အဖြစ်ကြောင့်၎င်း။
ပစ္ဆေဒေါပိ ပန အတ္ထိ။ ။သို့ဖြစ်လျှင် အဋ္ဌကထာ၌ "တတ္ထ ပစ္ဆိန္နတ္တာဝ" ဟူသော အကြောင်းသည် လုံးလုံး မသင့်သောအကြောင်း ဟု မှတ်ရမည်လောဟု မေးဘွယ်ရှိသောကြောင့် "ပစ္ဆေဒေါပိ ပန အတ္ထိ" ဟု မိန့်သည်။ ပစ္ဆေဒအကြောင်းလည်းရှိပါသည် ဟူလို၊ သို့သော် အဋ္ဌကထာ၌ ပစ္ဆေဒအကြောင်းအပြင် "အပိစ" ဟု အကြောင်းတနည်း ပြပြန်၏။ ထိုအကြောင်းကား ဤမူလဋီကာ၌ ပြအပ်သော ဇာတိ ဇရာမရဏတို့က အဝိဇ္ဇာ၏ အကြောင်း မဖြစ်သင့်ခြင်းနှင့် သဘောတူပင်တည်း။ ထို့ကြောင့် "တေနေဝ အပိစာတိ အာဒိမာဟ" ဟု မိန့်၏။ [တေနေဝါတိ အသမ္ဘဝေနေဝ။ အနု။]
ကာမုပါဒါနဿ ။ပေ။ ဂဟိတတ္တာ။ ။ ဤပုဒ်ကို "ဒိဋ္ဌိဧဝ ဂဟိတာ" ၌စပ်၊ "တဏှာပစ္စယာ ဥပါဒါနံ" ၌ တဏှာ သဒ္ုါဖြင့် ကာမုပါဒါန်ကို ယူအပ်ပြီးဖြစ်၏၊ ထို့ကြောင့် "ဥပါဒါနံ" အရ ဒိဋ္ဌိ (ဥပါဒါန်) ကိုသာ ယူရသည် ဟူလို။
နာမေဝိယ၊ နာမ်၌ကဲ့သို့။ ဝိသေသပစ္စယတ္တာဘာဝါ စ၊ ထူးသော ပစ္စည်း၏ အဖြစ်၏ မရှိခြင်းကြောင့်၎င်း။ ဥပါဒါနဂ္ဂဟဏေန၊ ဥပါဒါန သဒ္ဒါဖြင့်။ တဏှာပစ္စယာ၊ တဏှာဟူသော ပစ္စည်းရှိသော ပစ္စယုပ္ပန်လည်း ဖြစ်သော။ (တဏှာ ပစ္စယာ ဥပါဒါနံကို ရည်ရွယ်သည်)။ ဘဝဿ၊ ၏။ ပစ္စယဘူတာစ၊ ပစ္စည်းဖြစ်၍ ဖြစ်သည်လည်းဖြစ်သော။ (ဥပါဒါနပစ္စယာ ဘဝေါကဘဝေါကို ဆိုသည်)။ ဒိဋ္ဌိဧဝ၊ ဒိဋ္ဌိကိုသာ။ ဂဟိတာ၊ ယူအပ်ပြီ။ ဣတိ၊ ကြောင့်။ အယံ ဒေါသော၊ ဤအပြစ်ကို။ (သင်္ဂဟကာရေန) ဝုတ္တောတိ ဒဋ္ဌဗ္ဗော၊စ၊ ဆက်။
ယသ္မာ၊ ကြောင့်။
ဥပါဒါနဋ္ဌာနေ၊ ဥပါဒါန်၏တည်ရာ ပါဠိရပ်၌။
("တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္ဏယာ ဘဝေါ" ဟူသော ဥပါဒါန်၏ တည်ရာပါဠိရပ်၌)။
ပစ္စယုပ္ပန္နံ၊ ပစ္စယုပ္ပန်ဖြစ်သော ဥပါဒါန်သည်၎င်း။
နာမေဝိယ။ ။ ဤ ဥပမာသည် ဝိသဒိသူပမာတည်း။ ထို့ကြောင့်။"ဝိသေသ ပစ္စယတ္တာဘာဝါ" ၌ နာမေ ဝိယနှင့် စပ်ခိုက် "ဝိသေသပစ္စယတ္တ ရှိသည်" ဟု အနက်မှတ်ပါ။ ထို့ကြောင့် မဓု၌ "နာမေ ဝီယ ဝိသေသပစ္စယတ္တာဘာဝါတိ နာမသင်္ခါတာယ တဏှာယ ဆဋ္ဌာယတနဿ ဝိသေသပစ္စယတ္တံ ဟောတိ ဝီယ, ဧဝမေဝ ကာမုပါဒါနဿ (၏) ဘဝဿ (အား) ဝိသေသပစ္စယတ္တာဘာဝါတိ အတ္ထော" ဟု မိန့်သည်။ ဆိုလိုရင်းကား နာမပစ္စယာ ဆဋ္ဌာယတနံ၌ နာမအရတွင် ကာမတဏှာ ပါဝင်၏။ ထို တဏှာက ဆဋ္ဌာယတနဝိညာဉ်အား သဟဇာတ စသော ပစ္စယသတ္တိ အထူးရှိသကဲ့သို့ ထို့အတူ "ဥပါဒါနပစ္စယာ ဘဝေါ" ၌ ဥပါဒါနအရ ကာမုပါဒါန်ကိုယူလျှင် ထို ကာမုပါဒါန်က ဘဝအရတွင်ယူရမည့်တဏှာအား ကျေးဇူးပြုဘို့ရန် ပစ္စယသတတိထူး မရှိ၊ ထိုသို့ မရှိသောကြောင့် ဥပါဒါနသဒ္ဒါဖြင့် ဒိဋ္ဌိ (ဥပါဒါန်)ကိုသာ ယူရသည် ဟူလို။
တဏှာ ပစ္ဏယာ ဘဝဿစ ပစ္စယဘူတာ။ ။ ထို ဒိဋ္ဌိသည် တဏှာပစ္စယာ ဥပါဒါနံ တုန်းက တဏှာဟူသော အကြောင်းရှိသော ပစ္စယုပ္ပန်ဇြစ်၍ "ဥပါဒါန ပစ္စယာဘ ဝေါ" ၌ကားဘဝ၏ ပစ္စည်းဖြစ်၏။ ထို့ကြောင့် "ဒိဋ္ဌိဧဝ ဂဟိတာ" ၌ ဧဝဖြင့် တဏှာဟူသော ကာမုပါဒါန်ကို ကန့်သည်ဟု မှတ်ပါ။
ဣိတ အယံ ဒေါသော ဝုတ္တော။ ။ ဥပါဒါနပစ္စယာ၌ "ဥပါဒွန" အရ ဒိဋ္ဌိကိုသာ ယူရသောကြောင့် ကမ္မဘဝအရ၌ ပါသော ဒိဋ္ဌိနှင့် ထပ်နေရကား "ဥပါဒါန ပစ္ဏယာ ဥပါဒါနပစ္စယတ္တံ အာပဇ္ဇေယျ- ဥပါဒါန်က ဥပါဒါန်အား ကျေးဇူးပြုသည့်အဖြစ် ဖြစ်ရာ၏" ဟူသော ဤအပြစ်ကို အဋ္ဌကထာဆရာ ဆိုအပ်သည်ဟု မှတ်ပါ။ "နနု နာယံ ဒေါသော" ဟု စောဒကပြောသကဲံသို့ "ကာမုပါဒါန်က ဒိဋ္ဌိုပါဒါန်အား ကျေးဇူးပြုဘို့ရာရှေး၌ ကာမုပါဒါန်ပင် မရှိပါ" ဟူလို။
ယသ္မာ စ ။ပေ။ န ဝိဘတ္တော။ ။ "တဏှာပစ္စယာ ဥပါဒွနံ" ဟုလာသော ဥပါဒါန်အရာ၌ဖြစ်စေ, "ဥပါဒါနပစ္စယာ ဘဝေါ" ဟု လာသော ဥပါဒါန်အရာ၌ဖြစ်စေ ပစ္စယုပ္ပန် ဥပါဒါန် ပစ္စည်း ဥပါဒါန် ၂ မျိုးလုံးပင် ဒိဋ္ဌိတည်းသာ ရသောကြောင့် "နာမပစ္စယာ ဖဿော"၌ ဝိညာဏပစ္စယာ နာမံနှင့်တူသော နာမကို၎င်း, "နာမရူပ ပစ္စယာသဠာယတနံ"၌ရှေ့ နာမရူပနှင့်တူသော နာမရူပကို၎င်း သီးခြား အကျယ်မဝေဘန်သကဲ့သို့ ဤ ဥပါဒါန ပစ္စယာ၌လည်း "တဏှာပစ္စယာ ဥပါဒွနံ" က ဥပါဒါန်နှင့် တူသောကြောင့် သီးခြား မဝေဘန်အပ်ပါ ဟူလို။
ပစ္စယောစ၊ ပစ္စည်းဖြစ်သော ဥပါဒါန်သည်၎င်း။ ဧကမေဝ၊ ဒိဋ္ဌိတခုတည်းသာတည်း။ တသ္မာ၊ ကြောင့်။ နာမပစ္စယာ ။ပေ။ သဠာယတနန္တိ, ဧတေသံ၊ ဟူသော ဤပုဒ်တို့၏။ 'နိဒ္ဒေသေသုဝိယ၊ နိဒ္ဒေဿတို့၌ကဲ့သို့။ ဥပါဒါနပစ္စယာ ဘဝေါတိ ဧတဿ၊ ဟူသော ဤပုဒ်၏။ နိဒ္ဒေသေ၊ ၌။ ပစ္စယော၊ ပစ္စည်းဖြစ်သော ဒိဋ္ဌုပါဒါန်ကို။ ဝိသုံ၊ သီးခြား။ န ဝိဘတေတာ၊ ဝေဘန်တော်မမူအပ်။**သတိပိ ဝါ**။ ။ ဤနည်းကား "ဥပါဒါနပစ္စယာ ဘဝေါ" အရ၌ ဥပါဒါန အရကာမုပါဒါန်ကို ယူရသော နည်းတည်း။ ကာမုပါဒါန်ကိုလည်း ဤသို့ ယူစေကာမူ "ဌပေတွာ ဥပါဒါနံ" ဟု ဟောတော်မမူလျှင် ကာမုပါဒါန်က ဘဝအရ၌ ယူရသော တဏှာ (ကာမုပါဒါန်) အား၎င်း, ဒိဋ္ဌိက ဒိဋ္ဌိအားဖြင့်၎င်း ကျေးဇူးပြုရာရောက်၏။ ထိုသို့ လည်း စိတ္တက္ခဏ တခုတည်း၌ ကျေးဇူးမပြုနိုင်။ [အဘိဓမ္မဘာဇနီယ နည်းကလည်း စိတ္တက္ခဏတခုတည်းကို ပြရာနည်းတည်း။] ထို့ကြောင့် ဥပါဒါန် တမျိုးတည်းက ပစ္စည်းလည်းဖြစ် ပစ္စယုပ္ပန်လည်းဖြစ်ခြင်းကို တားမြစ်တော်မူခြင်းငှာ "ဌပေတွာ ဥပါဒါနံ" ဟု ဟောတော်မူရပါသည် ဟူလို ။ [ဒဿေတိ၏ ကရိုဏ်းကို "ဥပါဒါနဿ ဥပါဒါန ပစ္စယတ္တံ အာပဇ္ဇေယျ" ဟူသော မူလစကားကို ခံပါ။]
(တိုးပွားသော စက္ခာယတနအစရှိသည်တို့၏)။
ပစ္စယော၊ ဥပတ္ထမ္ဘ ကအကြောင်းသည်။
(ဟောတိ)၊
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဣတိ အဓိပ္ပါယေန၊ ဤသို့သော အလိုအားဖြင့်။
ယဿ စိတ္တသမုဋ္ဌာန ရူပဿာတိ အာဒိံ (သင်္ဂဟကာရော) အာဟ၊ ပန၊ ဆက်။
ဗလဝကိလေသေန၊ အားရှိသော ကိလေသာ ဖြင့်သော ပဋိဃဖြင့်။
ပဒပူရဏဿ၊ ပုဒ်ကို ဖြည့်ခြင်း၏။
ကာရဏံ၊ အကြောင်းကို။
[ပကတိကံ။]
တဏှာယ၊ ၏။
အဘာဝေါ၊ မရှိခြင်းကို။
[ဝိကတိကံ။]
(တနည်း) ကာရဏံ၊ အကြောင်းဖြစ်သော။
တဏှာယ၊ ၏။
အဘာဝေါ၊ ကို။
ဒေါမနဿသဟဂတေသု၊ ဒေါမနဿသဟဂုတ်စိတ်တို့၌။
ဝုတ္တော ဧဝ၊ ဆိုအပ်ပြီးသည်သာ။
ဣတိ၊ ထို့ကြောင့်။
တဿ၊ ဖလဝကိလေသဘူတာယ ဝိစိကိစ္ဆာယဟူသော ထို ပုဒ်၏။
တေန၊ တဏှာပိ နတ္ထိ ဟူသော ထို ပုဒ်နှင့် ။
သမ္ဗန္ဓော၊ ကို။
ယောဇေတဗ္ဗော၊
ယသ္မာ ။ပေ။ ပရိဟီနမေဝါတိ သမ္ဗန္ဓော။ ။ အထက်၌ "ဥပါဒါနဋ္ဌာနေ အဓိမောက္ခေနေဝ (ပဒံ ပူရိတံ)" ဟု ဆိုခဲ့၏။ "ဤ ဝိစိကိစ္ဆာသမ္ပယုတ္တ နိဒ္ဒေသ၌ "အဓိမောဥ္ခလည်း မရှိရကား အဘယ်တရားဖြင့် ဥပါဒါနဋ္ဌာန၌ ပုဒ်ကို ဖြည့်မည်နည်း" ဟု မေးဘွယ်ရှိသောကြောင့် "ယသ္မာ ။ပေ။ ပရိဟီနမေဝ" ဟု မိန့်သည်။ "ဝိစိကိစ္ဆာ သမ္ပယုတ္တ နိဒ္ဒေသ ဝယ္ အဓိမောက္ခလည်း မရှိသောကြောင့် ဖြည့်စရာပုဒ် မရှိရကား ဥပါဒါနဋ္ဌာနသည် ဧကန် လျော့ရတော့သည် " ဟူလို။
ဗလဝကိလေသေန ပန ။ပေ။ ယောဇေတဗ္ဗော။ ။ တသ္မာကို "ဥပါဒါနဋ္ဌာနံ ပရိဟီနမေဝ" ပုဒ်နှင့် စပ်လျှင် "ဗလဝကိလေသတဘူတာယ ဝိစိကိစ္ဆာယ" အတွက် အဘယ်အကြောင်းနှင့် ဆက်သွယ်မည်နည်း ဟု မေးဘွယ်ရှိသောကြောင့် "ဗလဝ ။ပေ။ ယောဇေတဗ္ဗော" ဟု မိန့်သည်။ "တဏှာဋ္ဌာနေ ဗလဝကိလေသဘူတာယ ဝိစိကိစ္ဆာယ ပဒံ ပူရိတံ" ဤအကြောင်းကို ဒေါမနဿသဟဂုတ်စိတ်တုန်းက "ယသ္မာ ဝေဒနာ ပစ္စယာ တဏှာပိ နတ္ထိ, တသ္မာ" ဟု ပြခဲ့ပြီးဖြစ်၏။ ထို့ကြောင့် "တဿ၊ ထို ဗလဝ ကိလေဘူတာယ ဝိစိကိစ္ဆာယပုဒ် အတွက်။ တေန၊ "ယသ္မာ ဝေဒနာပစ္စယာ တဏှာပိ နတ္ထိ" ဟူသော ထို ပုဒ်နှင့် ဆက်သွယ်ထိုက်ပါသည် " ဟူလို။
အနုဋီကာ။ ။ "တတဿာတိ ဗလဝကိလေသဘူတာယ ဝိစိကိစ္ဆာယာတိ ပဒဿ" ဤအဖွင့်သည် "ဗလဝကိလေသဘူတာယ ဝိစိကိစ္ဆာယ" ဟူသော အဋ္ထကထာကို ဖွင့်သောကြောင့် ကောင်းပါ၏။ ထို့နောက် "တေနာတိ တဏှာဋ္ဌာနေတိ ပဒေန" ဟု တွေ့ရ၏၊ ထိုပုဒ်ကား ပါဌ်ပျက်ဖြစ်ဟန် တူပါသည်။ "တေနာတိ တဏှာပိ နတ္ထီတိ ပဒေန" ဟုဖြစ်စေ, "တေနာတိ ဝေဒနာပစ္စယာ တဏှာပိ နတ္ထိ" ဟု ဒေါမနဿ သဟဂုတ်စိတ်တုန်းက ပြအပ်ခဲ့သည့်အတိုင်း ဖြစ်စေ, ပါဌ်ရှိသင့်ပါသည်၊ မဓုဋီကာ၌ "ယဿ တဿ တဏှာ နတ္ထီတိ ပဒဿေဝ၊ တေနာတိ ဥဒ္ဓစ္စေန" ဟု ဖွင့်လေသည်။
**သောတပတိတတာ**။ ။ သောတသဒ္ဒါသည် တသွင်သွင်စီးသွားသော ရေအယဉ်ဟူသော အနက်ကို ဟော၏။ အဆက်မပြတ် ဟောအပ်သော တရားတော်သည်လည်း ထို ရေအယဉ်နှင့်တူ၏။ ရေအယဉ်သည် တူသကဲ့သို့ ဤအဗျာကတတရားအယဉ်သည်လည်း အဆက်မပြတ် ဟောတော်မူအပ်ရကား ရေအယဉ်နှင့် တူ၏။ ဒွေးပဉ္စဝိညာဉ် (၁၀) တို့၌ နိဒါန်းမှကင်းသကဲ့သို့ ဤအဗျာကတစိတ်တို့၌လည်း နိဒါန်းမှ ကင်း၏။ ထို နိဒါန်းမှ ကင်းသည်၏အဖြစ်သည် နိဒါန်းမှကင်းသော ဒွေးပဉ္စဝိညာဉ် ဒေသနာတော်အယဉ်၌ ကျရောက်ခြင်းပင်ဖြစ်သည်။
ဣစ္စေဝ၊ ဤအကြောင်းကြောင့်သာ။
ပရိဟီနာဝိဇ္ဇာဋ္ဌာနာ၊ ယုတ်လျော့သော အဝိဇ္ဇာဋ္ဌာနရှိကုန်၏ဟူ၍။
ဝေဒိတဗ္ဗာ၊ ကုန်၏။
[ကြိယာစိတ်များ၌လည်း အဝိဇ္ဇာမပါ၊ "ဘာကြောင့် မပါသနည်း" ဟူမူ ကံ၏ အရင်းခံဖြစ်သော မူလမှ ကင်းသောကြောင့်တည်း။]ဟိ၊ မှန်။
တနည်း (ကသ္မာ, လဗ္ဘန္တိ၊ သနည်း)။
ဟိ(ယသ္မာ)၊ ကြောင့်။
ဝိညာဏပစ္စယာ ။ပေ။ နာမံတိ အာဒိနာ၊ အစရှိသော နည်းဖြင့်။
ယထာလာဘယောဇနာယ၊ အကြင်အကြင်ရထိုက်သောအနက်ကို ယှဉ်စေခြင်းဖြင့်။
နယော၊ နည်းကို။
ဒဿိတော၊ ပြတော်မူအပ်ပြီ။
ဣတိ၊ ထို့ကြောင့်။
(န လဗ္ဘန္တိ၊ မရအပ်ကုန်သည်ကား။
န၊ မဟုတ်။
လဗ္ဘန္တိဧဝ၊ သာ)။
ဣတိ၊ အပြီးတည်း။
နယော ဒဿိတော။ ။ "ဝိညာဏပစ္စယာ နာမရူပံ ဝိညာဏသမ္ပယုတ္တံ နာမံ" ၌ ရုပ်အတွက် သမ္ပယုတ်မရနိုင်သောကြောင့် ရနိုင်သော နာမ်ကိုသာ "ဝိညာဏ သမ္ပယုတ္တံ နာမံ" ဟု အနက်ကို ယှဉ်စေရာ၌ ယထာလာဘယောဇနာနည်း ဖြစ်သကဲ့သို့ ဤ၌လည်း အဝိဇ္ဇာပစ္ဏယာ, သင်္ခါရောတုန်းက "အဝိဇ္ဇာဟေတုကော" ဟု မရနိုင်သောကြောင့် ဟေတုကသဒ္ဒါကို မယှဉ်စေဘဲ သင်္ခါရပစ္စယာ ဝိညာဏံ၌ ဟေတုအနက် ရနိုင်သော ကြောင့် "သင်္ခါရဟေတုကံ" ဟု ယှဉ်စေခြင်းကို "ယထာလာဘ ယောဇနာနည်း" ဟု ဆိုသည်။ ဤယထာလာဘ ယောဇနာနည်းအားဖြင့် အဝိဂတ စတုက္က စသည်တို့ မရနိုင် မဟုတ်, ရနိုင်သည်သာ ဟူလို။ သို့သော်ပါဠိတော်၌ ထို နည်းကို မပြသောကြောင့် အဝိဂတစတုက္ကစသည်တို့ကို အဋ္ဌကထာဆိုသည့်အတိုင်း မရဟုသာ မှတ်ရတော့သည်။
အနုဋီကာ။ ။ ယဒိပိ သင်္ခါရ ဟေတုန္တိ အာဒိနာ ယောဇနာ လဗ္ဘတိ၊ အဝိဂတ စတုက္ကာဒီနိ ပန န လဗ္ဘန္တိ, ယထာလာဘ ယောဇနာ (အ) ဒဿိတတ္တာ။ [စာအုပ်တို့၌ "ဒဿိတတ္တာ" ဟု တွေ့ရ၏။ "အဒဿိတတ္တာ" ဟု ရှိမှ ကောင်းမည်ထင်သည်။]
**ပရိယာယေန ဥပနိဿယ ပစ္စယော**။ ။ စေတနာဟူသော ကံက ဝိပါက်အား ကျေးဇူးပြုရာ၌ အလွန်အကဲနှင့်တကွ ကျေးဇူးပြုနိုင်သောကြောင့် "နိပ္ပရိယာယ- မုချကျေးဇူးပြုခြင်း" ဟု ဆိုလို၍ မူလစသော သမ္ပယုတ်တရားတို့က ဝိပါက်ကား ကျေးဇူးပြုဒရာ၌ "ပရိယာယ- ပရိယာယ်အားဖြင့် ကျေးဇူးပြုခြင်း" ဟု ဆိုလိုသည်။ ဤသို့ မူလ ဋီကာဆရာက ဆိုလိုသော်လည်း "ကုသလော ဓမ္မော (စိတ်စေသိက်ဟူသော ကုသိုလ်တရားသည်) အဗျာကတဿ ဓမ္မဿ (ဝိပါက်နှင့် တကွဖြစ်သော အဗျာကတတရားအား) ဥပနိဿယပစ္စယေန ပစ္စယော" စသည်ဖြင့် ဟောတော်မူသောကြောင့် ကုသလ မူလစသည်တို့က ဝိပါက်အား ကျေးဇူးပြုရာ၌ "နိပ္ပရိသာယေန သဗ္ဗေပိ ကုသလာကုသလာ ဓမ္မာ ဝိပါကဿ ဥပနိဿယပစ္စယော ဟောတီတိ အယံ အတ္ထော ဒိဿတိ" ဟု အနုဋီကာ မိန့်သည်။ မနသိကာရောပိ၊ မနသိကာရသည်လည်း။
ဇဝနဝီထိ ပဋိပါဒကမတ္တတ္တာ၊ ဇောအစဉ်ကို ပြီးစေတတ်ကာမျှ၏ အဖြစ်, ဝီထိအဖြစ်ကို ပြီးစေတတ်ကာမျှ၏ အဖြစ်ကြောင့်။
ကုသလာ ကုသလာနိ၊ ကုသိုလ် အကုသိုလ်တို့ကို။
ဝါ၊ ကုသိုလ်မူလ အကုသိုလ်မူလတို့ကို။
(ဥပနိဿယံ၊ အားကြီးသော မှီရာကို။
န ကရောတိ) ဝိယ၊ မပြုသကဲ့သိ့။
(တထာ၊ ထို့အတူ)။
အဝိဇ္ဇံ၊ ကို။
ဥပနိဿယံ, န ကရောတိ၊
သေ ။ပေ။ ယောဇေတဗ္ဗံ။ ။ ရှေ့၌ "ကုသလမူလံ အကုသလမူလံ" ဟု နပုလ္လိန်ရှိခဲ့၏။ ထို ကုသလမူလ အကုသလမူလကို အနွာဒေသ (နောက်ထပ်ညွှန်ပြသော) ဧတ သဒ္ဒါသည် န ပုလ္လိန်သာ ဖြစ်သင့်၏။ အဘယ့်ကြောင့် အဋ္ဌကထာ၌ ပုလ္လိုင်ဖြင့် "ဧသ" ဟု ညွှန်ပြရပါသနည်း ဟု မေးဘွယ်ရှိသောကြောင့် "ဧသ ကုသလမူလ ပစ္စယော ။ပေ။ ယောဇေတဗ္ဗံ" ဟု မိန့်သည်။ "ပစ္စယော" ဟူသော ပုလ္လိန်ကို ငဲ့၍ "ဧသ" အဟု အဋ္ဌကထာ၌ ပုလ္လိန်ဖြင့် ညွှန်ပြပါသည် ဟူလို။ [ကုသလမူလံ အကုသလမူလံတိ ဣမေသံ အနွာဒေသောပိ (နောက်ထပ် ညွှန်ပြကြောင်း သဒ္ဒါ ဖြစ်ပါသော်လည်း) ပစ္စယသဒ္ဒါ ပေက္ခာယ ဧသဣတိ ပုလ္လိင်္ဂဝသေန ဝုတ္တောတိ ဒဿေန္တော အာဟ ဧသ ဣတိ ။ပေ။ ယောဇေတဗ္ဗံတိ ။အနု။]
မနသိကာရောပိ။ ။ မနသိကာရ ဟူရာ၌ မနသိကာရစေတသိက်ကို ဆိုလိုသည်မဟုတ်၊ မိမိနောက်၌ ဇောအစဉ်ကို ဖြစ်စေတတ်၍ ဇဝန ပဋိပါဒက အမည်ရသော မနောဒွါရာဝဇ္ဇန်းကို၎င်း, မိမိနောက်၌ ဝီထိအစဉ်ကို ဖြစ်စေတတ်၍ ဝီထိပဋိပါဒက အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းကို၎င်းဆိုလိုသည်။
ပန၊ အနွယကား။ အဝိဇ္ဇူပနိဿယာနံ၊ အဝိဇ္ဇာဟူသော အားကြီးသော မှီရာရှိသော ကုသိုလ်အကုသိုလ်တို့၏။ ပဝတ္တိအတ္ထံ၊ ဖြစ်ခြင်းအကျိုးငှာ။ ဘဝင်္ဂါဝဋ္ဋနမတ္တံ၊ ရှေ့ဘဝင်ကို ပြန်လည်စေခြင်းမျှသည်။ ဟောတိ၊ စ၊ ဆက်။ ပဟီနာဝိဇ္ဇာနံ၊ ပယ်အပ်ပြီးသော အဝိဇ္ဇာရှိသော ရဟန္တာပုဂ္ဂိုလ်တို့၏။ ကိရိယာနံ၊ ကိရိယာစိတ််တို့ကို။ အဝိဇ္ဇာ၊ သည်။ နေဝ ဥပ္ပါဒိကာ၊ မဖြစ်စေတတ်။ ပန၊ အနွယကား။ (ကိရိယာနံ၊ ကိရိယာစိတ်တို့၏)။ အာရမ္မဏမတ္တမေဝ၊ အာရုံမျှသည်သာ။ ဟောတိ၊အပိစ၊ သည်သာမကသေး။
အဝိဇ္ဇာပစ္စယာ သင်္ခါရောတိ ဧတဿ၊ ဟူသော ဤပုဒ်၏။
ဝသေန၊ အစွမ်းဖြင့်။
အဝိဇ္ဇာမူလကော၊ အဝိဇ္ဇာဟူသော မူလရှိသော။
ကုသလနယော၊ ကုသိုလ်ဖြစ်သော နည်းကို။
ဝုတ္တော၊ ဟောတော်မူအပ်ပြီ။
သင်္ခါရပစ္စယာ ဝိညာဏန္တိ ဧတဿ၊ ဟူသော ဤပုဒ်၏။
ဝသေန၊ အစွမ်းဖြင့်။
ကုသလာ ကုသလမူလကော၊ ကုသိုလ် အကုသိုလ်ဟူသော မူလရှိသော။
ဝိပါက နယော၊ ဝိပါက်ဖြစ်သော နည်းကို။
ဝုတ္တော၊ ဟောတော်မူအပ်ပြီ။
ပန၊ အဘို့တပါးကား။
ကိရိယာနံ၊ ကိရိယာတို့ကို။
(ဂဟဏံ ၌စပ်)။
သင်္ခါရဂ္ဂဟဏေန၊ သင်္ခါရသဒ္ဒါဖြင့်။
(သင်္ခါရသဒ္ဒါကို ယူသဖြင့်)။
(ဂဟဏံ၊ ယူအပ်သည်၏ အဖြစ်သို့)။
နေဝ (ဂစ္ဆတိ)၊ မရောက်။
ဝိညာဏဂ္ဂဟဏေနစ၊ ဝိညာဏသဒ္ဒါ ဖြင့်လည်း။
(ဝိညာဏသဒ္ဒါကို ယူသဖြင့်လည်း)။
ဂဟဏံ၊ ယူအပ်သည်၏ အဖြစ်သို့။
န ဂစ္ဆတိ၊ မရောက်။
ဣတိ၊ ကြောင့်။
တံမူလကော၊ ထို အဝိဇ္ဇာဟူသော မူလရှိသော။
ဘဝင်္ဂါဝဋ္ဋမတ္တံ။ ။ ထို မနသိကာရသည်မိမိနောက်၌ဖြစ်မည့် ကုသိုလ် အကုသိုလ် တို့ကို ဥပနိဿယ မပြုသကဲ့သို၊ ထို့အတူ အဝိဇ္ဇာကိုလည်း ဥပနိဿယ မပြု၊ မိမိနောက်၌ အဝိဇ္ဇာဟူသော အားကြီးသော မှီရာ အကြောင်းရှိသော ကုသိုလ် အကုသိုလ်တို့၏ ဖြစ်ခြင်းအကျိုးငှာ အတီတဘဝင်စသော မိမိရှေ့က လာခဲံသော ဘဝင်ကို ပြန်လည်စေရုံမျှသာ ဖြစ်၏။
အပိစ။ ။ ဤနည်း၌ "သင်္ခါရ" အရ ကမ္မဝဋ်ကို၎င်း "ဝိညာဏ" အရ ဝိပါကဝဋ်ကို၎င်း ယူရသောကြောင့် ကိရိယာစိတ်တို့မှာ ထို ဝဋ် ၂ ပါးတွင် မပါဝင်ရကားကိရိယာတို့ကို သင်္ခါရသဒ္ဒါဖြင့်၎င်း, ဝိညာဏသဒ္ဒါဖြင့်၎င်း မယူအပ်ကုန်၊ထို့ကြောင့် အဝိဇ္ဇာမူလက ကိရိယာ,သင်္ခါရမူလက ကိရိယာကို မရအပ်၊ ထို့ကြောင့် ကိရိယာနှင့် စပ်၍ ပစ္စယာ ကာရကို ဟောတော်မမူအပ် ဟူလို။
(တနည်း) တံ မူလကော၊ ထို ကုသိုလ် အကုသိုလ်ဟူသော မူလရှိသော။ ကိရိယာနယော၊ ကိရိယာဖြစ်သောနည်းကို။ န လဗ္ဘတိ၊ မရအပ်။ ဣတိ၊ ကြောင့်။ န ဝုတ္တော၊ ဟောတော်မမူအပ်။ ဣတိ၊ သို့။ ဒဋ္ဌဗ္ဗော၊အနေကဘေဒတောတိ၊ ကား။
အဝိဇ္ဇာဒီနံ၊ အဝိဇ္ဇာ အစရှိကုန်သော။
ဧကစိတ္တက္ခဏိကာနံ၊ တခုသော စိတ္တက္ခဏ ရှိကုန်သော။
မူလပဒါနံ၊ မူလဖြစ်သော ပုဒ်တို့၏။
ကိရိယန္တေ၊ ကိရိယာ အဆုံးရှိသော။
ပဌမနယေ၊ ပဌမနည်း၌။
သဟဇာတာဒိ အနေကပစ္စယဘာဝေန၊ သဟဇာတ အစရှိသော တပါးမက များသော ပစ္စည်းတို့၏ အဖြစ်ဖြင့်။
ဂဟိတတ္တာ၊ ယူအပ်ကုန်သည်၏ အဖြစ်ကြောင့်။
တေသံ ပစ္စယာနံ၊ ထို သဟဇာတ အစရှိသော တပါးမက များသော ပစ္စည်းတို့၏။
ဝသေန၊ အပြားအားဖြင့်။
(ဝါ၊ တနည်း)။
နဝါဒိမူလ ပဒါနံ၊ နဝ အစရှိသော မူလပုဒ်ရှိကုန်သော။
နယာနံ၊ နည်းတို့၏။
ဝသေန၊ အပြားအားဖြင့်။
[နဝါဒိ၌ အာဒိဖြင့် အဋ္ဌ,သတ္တ, ဆတို့ကို ယူပါ။]
အနေကပ္ပကာရတော၊ ဖြင့်။
စတုန္နံစတုက္ကာနံ၊ တို့၏။
ဝသေန၊ အပြားအားဖြင့်။
ဣတိ(အယံ)၊ ဤဆိုအပ်ပြီးကား။
အဓိပ္ပါယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။
အနေကဘေဒတော။ ။ "အနေကပ္ပကာရတော" ဟု ဖွင့်၏။ ထိုအနေကပ္ပကာရ၏ သရုပ်ကိုကား "အဝိဇ္ဇာဒီနံ မူလပဒါနံ ။ပေ။ တေသံ ပစ္စယာနံ ဝသေန" ဟု ပဌမဖွင့်၏။ ထို့၌ "အဝိဇ္ဇာပစ္စယာ သင်္ခါရော" စသည်ကို ရည်ရွယ်၍ "အဝိဇ္ဇာဒီနံ မူလ ပဒါနံ" ဟု၎င်း, အဘိဓမ္မဘာဇနီယနည်း၌ ဧကစိတ္တက္ခဏိက ပဋိစ္စသမုပ္ပါဒ်ကိုသာ ပြသောကြောင့် "ဧကစိတ္တက္ခဏိကာနံ" ဟု၎င်း, ပဌမတနည်းကိုသာ တိုက်ရိုက်ပြသော ကြောင့် ထိုသို့ ပြရာဝယ် အဗျာကတနိဒ္ဒေသ၌ ကိရိယာ စိတ်များလည်း ပါဝင်သောကြောင့် "ကိရိယန္တေ ပဌမနယေ" ဟု၎င်း ဆိုသည်၊ ထိုနည်း၌ သဟဇာတ စသော ပစ္စည်းတို့ကို ဟောတော်မူရကား" အနေကပ္ပကာရ" ဖြစ်သည် ဟူလို။
စတုန္နံ စတုက္ကာနံ ။ပေ။ အဓိပ္ပါယော။ ။ ဤစကားသည် ပြအပ်ခဲ့သော နည်း ၂ ပါးအတွက် အဓိပ္ပါယ်ပြတည်း။ ပြအပ်သော ၂ နည်းတွင် "အဝိဇ္ဇာဒီနံ မူလပဒါနံ" စသော ပဌမနည်း၌ ပစ္စယစတုက္က, ဟေတုကစတုက္က, သမ္ပယုတ္တစတုက္က, အညမည စတုက္ကအားဖြင့် စတုက္က ၄ ပါးလုံး ရ၏။ "နဝါဒိမူလပဒါနံ" စသည်ဖြင့် ပြအပ်သော ဒုတိယနည်း၌ကား စတုက္က ၄ ပါးလုံး မရ၊ ဤသို့ ထိုက်သလိုရသော စတုက္ကတို့၏ အပြားအားဖြင့် ဟု အဓိပ္ပါယ်မှတ်ပါ ဟူလို [စတုန္နံ စတုက္ကာနန္တိ ပုရိမနယေ ပစ္ဆိမနယေစ အာဂတာနံ ယထာလာဘံ စတုန္နံ စတုန္နံ စတုက္ကာနံ ။ အနု။]
မှတ်ချက်။ ။ စတုန္နံ စတုက္ကာနံ ဝသေနသည် ရှေ့ ၂ နည်းလုံးအတွက် အဓိပ္ပါယ်ပြဖြစ်သောကြောင့် "ဝသေနာတိ ဝါ" ဟု ဝါသဒ္ဒါပါဘွယ် မလို။ ရှေ့၌ ၂ နည်းရှိသော ကြောင့် "နဝါဒိမူလကပဒါနံ ဝါ" ဟု ဝါသဒ္ဒါ ပါသင့်သည်ဟု မှတ်ပါ။ ရှေးနိဿယ၌လည်း ပါသည်။
ဓမ္မ ပစ္စယဘေဒေတိ၊ ကား။
အဝိဇ္ဇာဒီနံ၊ ကုန်သော။
ဓမ္မာနံ၊ အကြောင်းတရားတို့၏။
ပစ္စယဘာဝဘေဒေ၊ ကျေးဇူးပြုတတ်ကုန်သည်၏ အဖြစ်ဟူသော သတ္တိအပြား၌။
(တနည်း) ဇရာမရဏာဒီနံ၊ ကုန်သော။
ကုသလာ ကုသလာနံ ပန ဝိပါကေစ။ ။ အဋ္ဌကထာဝယ် "ကုသလာကုသလေသု" ဟု မပါသော်လည်း ဝိပါကေစ၌ အဝုတ္တသမုစ္စယတ္ထ စ သဒ္ဒါဖြင့် ဆည်းယူနိုင်သောကြောင့် "ကုသလာကုသလေသု ။ပေ။ ဝတ္တဗ္ဗံ" ဟုမိန့်သည်။ [ကုသလာကုသလာနံ ပန ဝိါပကေစာတိ (ဧတ်ထ) စသဒ္ဒေန ကုသလာ ကုသလေစာတိ သမုစ္စေတဗ္ဗောတိ အာဟ ကုသလ။ပေ။ ဝတ္တဗ္ဗန္တိ။ အနု။ ဤအနုဋီကာ၌ "ကုလာ ကုသလေ" ဟု သမာဟာရဒွန်ရှိ၏။ "ကုသလာ ကုသလေသု" ဟု အသမာဟာရဒွန်လည်း အသင့်ပင်။]
ဓမ္မပစ္စယဘေဒေ။ ။ "ဓမ္မ"အရ "အဝိဇ္ဇာဒီနံ ဓမ္မာနံ" ဟု ပစ္စည်းဓမ္မကို၎င်း "ပစ္စယဘေဒေ" အရ "ပစ္စယဘာဝဘေဒေ" ဟု ၎င်း ပဌမဖွင့်၏။ ဤအဖွင့်ဖြင့် အနုလောမ ပဋိစ္စသမုပ္ပါဒ်ကို ပြ၏၊ "ဇရာမရဏာဒီနံ ဓမ္မာနံ" ဟူသော ဒုတိယနည်း၌ ပစ္စယုပ္ပန်ဓမ္မကို "ဓမ္မ" အရ ယူ၍ ဇာတိ စသည်ကို "ပစ္စယဘေဒ"အရ ယူ၏။ ဤ အဖွင့်ဖြင့် ပဋိလောမ ပဋိစ္စသမုပ္ပါဒ်ကိုပြသည်၊ "ထိုထိုစိတ်၏ဖြစ်ရာ သမယဖြင့် ပိုင်းခြားအပ်ကုန်သော ဖဿာဒိဓမ္မတို့အား တခုတည်းသော စိတ္တက္ခဏ၌ အတူဖြစ်ကြသော အဝိဇ္ဇာစသော ပစ္စည်းတို့၏ အထူးအပြား၌ "ဟု ပစ္စယဘေဒပုဒ်ကို တနည်းဖွင့်သည်။ ထို့အဖွင့်သည် "ယသ္မိံ သမယေ ။ပေ။ စိတ္တံ ဥပ္ပန္နံ ဟောတိ၊ တသ္မိံ သမယေ ဖဿော ဟောတိ" ကို ရည်ရွယ်၍ ဖွင့်ခြင်းတည်း၊ မှန်၏၊ ထိုဖဿစသော တရားအားလုံးသည် တခုသော စိတ္တက္ခဏ၌ အတူဖြစ်ကြသော တရားများတည်း။
ဓမ္မာနံ၊ အကျိုးတရားတို့၏။ ဇာတိအာဒိပစ္စယဘေဒေ၊ ဇာတိ အစရှိသည်တို့၏ ကျေးဇူးပြုတတ်သည်၏ အဖြစ်ဟူသော အပြား၌။ ဝါ၊ တနည်း။ တံတံစိတ္တုပ္ပါဒသမယပရိစ္ဆိန္နာနံ၊ ထိုထို စိတ်၏ဖြစ်ရာ သမယဖြင့် ပိုင်းဖြတ်အပ်ကုန်သော။ (ထိုထို ကုသိုလ်စိတ်၏ဖြစ်ရာ သမယ, အကုသိုလ်စိတ်၏ဖြစ်ရာ သမယ စသောအားဖြင့် ပိုင်းခြားအပ်ပြီးကုန်သော)။ ဖဿာဒီနံ၊ ကုန်သော။ ဓမ္မာနံ၊ အကျိုးတရားတို့၏။ ဧကက္ခဏိကာဝိဇ္ဇာဒိပစ္စယဘေဒေ၊ တခုသော ခဏရှိသော ဤဝိဇ္ဇာ အစရှိသော အကြောင်းတို့၏ အပြား၌။ (ပဘေဒဇနနတ္ထံ ၌စပ်)။**ပရိယတ္တိ ။ပေ။ ကမော**။ ။ ပဋိစ္စသမုပ္ပါဒ် ပါဠိတော်မြတ်ကို သင်ယူခြင်းသည် ပဋိယတ္တိ မည်၏။ ပဋိစ္စသမုပ္ပါဒ် ပါဠိတာ်မြတ်၏ အနက်အဓိပ္ပါယ်ကို ဆရာ့အထံ၌ ကြားနာခြင်းသည် သဝနမည်၏။ ထို ပဋိစ္စသမုပ္ပါဒ်ပါဠိတော်မြတ်၏ အနက်အဓိပ္ပါယ်ကို စဉ်းစားခြင်းသည် ပါဠိအတ္ထစိန္တနမည်၏" ဇရာမရဏံ အနိစ္စံ သင်္ခတံ။ ပေ။ နိရောဓဓမ္မံ" စသည်ဖြင့် ဘာဝနာကိုကျင့်ခြင်း (ကမ္မဋ္ဌာန်းအားထုတ်ခြင်း) သည် ပဋိပတ္တိမည်၏။ ထို ပရိယတ္တိမှစ၍ ပဋိပတ္တိတိုင်အောင် အားလုံးကို အစဉ်အတိုင်းပြုလုပ်မှသာ ဒုက္ခအဆုံးဖြစ်သော နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်၏။ ထိုသို့ အစဉ်အတိုင်းမဟုတ်ဘဲ ခုန်ကျော်၍တရားအားထုတ်လျှင် ဒုက္ခအဆုံးဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လိမ့်မည် မဟုတ်ပါ ဟူလို။ သို့သော် ပဋိစ္စသမုပ္ပါဒ်မှတပါး အခြားတရားကိုကား အခြားနည်းအားဖြင့် လည်း အားထုတ်နိုင်ပါသေးသည်။