Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
原创
中文
云台教理组
中文
Vibhaṅga-mūlaṭīkā
Vibhaṅga-mūlaṭīkā

2. Āyatanavibhaṅgo

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဝိသေသတောတိ (ပဒဿ)၊ ဟူသော ပုဒ်၏။ (အတ္ထော ၌စပ်)။ အာယတန သဒ္ဒတ္ထော၊ အာယတနသဒ္ဒါ၏ အနက်သည်။ (သာဓာရဏော) ဝိယ၊ စက္ခုသောတ စသော သဒ္ဒါတို့၏ အနက်နှင့် ဆက်ဆံသကဲ့သို့။ (ဝိသဒိသူပမာ။) (တထာ၊ တူ)။ အသာဓာရဏတော၊ သောတ အစရှိသော သဒ္ဒါ၏ အနက်နှင့် မဆက်ဆံသော။ စက္ခာဒိသဒ္ဒတ္ထတော၊ စက္ခု အစရှိ‌ေသာ သဒ္ဒါတို့၏ အနက်အားဖြင့်။ (ဝိနိစ္ဆယော ဝိညာတဗ္ဗော ၌စပ်။) ဣတိ အတ္ထော၊ နက်။
အဿာဒေတီတိ၊ ဟူသော ပါဌ်ဖြင့်။ (အတ္ထံ ဝဒတိ ၌စပ်)။ မဓုံ၊ ပျားရည်ကို။ ဝါ၊ ချိုသော အရသာကို။ စက္ခတိ၊ သာယာ၏။ ဗျဉ္ဇနံ၊ ဟင်းကောင်းဟင်းလျာကို။ စက္ခတိ၊ ၏။ ဣတိ၊ ဤသို့။ ရဿ သာယနတ္ထော၊ အရသာကို သာယာခြင်းအနက်ရှိသော။ စက္ခတိသဒ္ဒေါ၊ စက္ခတိသဒ္ဒါသည်။ ဝါ၊ စက္ခုသဒ္ဒါသည်။ အတ္ထိ၊ ၏။ ဣတိ၊ ကြောင့်။ တဿ၊ ထို သာယနတထစက္ခတိသဒ္ဒါ၏။ ဝသေန၊ အစွမ်းဖြင့်။ အတ္ထံ၊ အနက်ကို။ (သင်္ဂဟကာရော) ဝဒတိ၊ ဖွင့်ဆို၏။
မာဂဏ္ဍိယ၊ မာဂဏ္ဍိယ။ စက္ခု၊ စက္ခုပသာဒသည်။ ဝါ၊ မျက်စိသည်။ ရူပါရာမံ၊ ရူပါရုံဟူသော မွေ့လျော်ရာ ရှိ၏။ ရူပရတံ၊ ရူပါရုံ၌ မွေ့လျော်တတ်၏။ ရူပသမ္မုဒိတံ၊ ရူပါရုံ ဖြင့် လွန်စွာ ဝမ်းမြောက်တတ်၏။ ဣတိ၊ သို့။ ဝစနတော၊ ဟောတော်မူခြင်းကြောင့်။ (မဇ္ဈိမ ပဏ္ဏာသ ပရိဇ္ဇာဇကဝဂ် မာဂဏ္ဍိယသုတ်၌ ဟောတော်မူခြင်းကြောင့်)။ စက္ခု၊ သည်။ ဝါ၊ သည်။ ရူပံ၊ ရူပါရုံကို။ အဿာဒေတိ၊ လွန်စွာယာသာ၏။ [အာပုဗ္ဗ သာဒဓာတ်။]
သောတာဒီနံ၊ သောတပသာဒ အစရှိသည်တို့၏။ သဒ္ဒါရမ္မဏာဒိရတိ ဘာဝေ၊ သဒ္ဒါရုံ အစရှိသည်တို့၌ မွေ့လျော်ခြင်း ရှိကုန်သည်၏ အဖြစ်သည်။ သတိပိ၊ ဖြစ်ပါသော်လည်း။ (စက္ခုသဒ္ဒဿ၊ ၏)။ စက္ခုပသာဒေယေဝ၊ ၌သာ။ နိရုဠှတ္တာ၊ တက်ရောက် ထင်ရှားသည်၏ အဖြစ်ကြောင့်။ (အထင်ရုဠှီ၏ အဖြစ်ကြောင့်)။ စက္ခုမှိယေဝ၊ စက္ခုပသာဒ၌သာ။ စက္ခုသဒ္ဒေါ၊ သည်။ ပဝတ္တတိ၊ ဖြစ်၏။ (ကေဝိယ၊ အဘယ်သဒ္ဒါတို့ကဲ့သို့နည်း)။ ပဒုမာဒီသု၊ ပဒုမာကြာ အစရှိသော အနက်တို့၌။ (နိရုဠှာ၊ တက်ရောက် ထင်ရှာကုန်သော)။ ပင်္ကဇာဒိသဒ္ဒါဝိယ၊ ပင်္ကဇံ အစရှိသော သဒ္ဒါတို့ကဲ့သို့တည်း။ ဣတိ၊ ဤသို့။ ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။ [ဤအဓိပ္ပါယ်များကို ဋီကာကျော် အဟိတ်စိတ်နိဿယ၌ ပြခဲ့ပြီ။ ]
ဝိဘာဝေတိ စာတိ၊ ဟူသော ပါဌ်ဖြင့်။ (အတ္ထံ ဝဒတိ ၌စပ်)။ သဒ္ဒလက္ခဏ သိဒ္ဓဿ၊ သဒ္ဒါကျမ်း၌ လာ‌သော သုတ်တို့၌ ထင်ရှားသော။ ["စက္ခ အာစိက္ခဏေ" ဟူသော ဓာတ်ကျမ်းကို ရည်ရွယ်သည်။ ] စက္ခတိသဒ္ဒဿ၊ ၏။ ဝသေန၊ ဖြင့်။ အတ္ထံ၊ ကို။ (သင်္ဂဟကာရော) ဝဒတိ၊ ဖွင့်ဆို၏။
ဟိ၊ မှန်။ စက္ခတီတိ (ပဒဿ)၊ ၏။ အာစိက္ခတိ၊ ပြောပြတတ်၏။ အဘိဗျတ္တံ၊ အလွန်ထင်ရှားစွာ။ ဝဒတိ၊ ပြောပြတတ်၏။ ဣတိ အတ္ထော၊ ဤကား အနက်။
စ၊ ဆက်။ ဝဒန္တဿ၊ ပြောပြသော ပုဂ္ဂိုလ်၏။ (သမဝိသမဝိဘာဝနံ၊ ညီညွတ်သော အရာဝတ္ထု, မညီညွတ်သော အရာဝတ္ထုကို ထင်စွာပြခြင်းသ်။ ဟောတိ)= ဝိယ၊ ဖြစ်သကဲ့သို့။ (တထာ၊ တူ)။ နယနဿ၊ မျက်စိ၏။ သမဝိသမ ဝိဘာဝနမေဝ၊ ညီညွတ်သော အရာဝတ္ထု, မညီညွတ်သော အရာဝတ္ထုကို ထင်စွာပြခြင်းသည်ပင်။ ဝါ၊ မြေညီအရပ်, မြေမညီ အရပ်ကို ထင်စွာပြခြင်းသည်ပင်။ အာစိက္ခနံ၊ ပြောပြခြင်းတည်း။ ဣတိ ကတွာ၊ ဤသို့ နှလုံးပြု၍။ ဝိဘာဝေတိ စာတိ အတ္ထောတိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊
ဝါ၊ တနည်း။ ဓာတူနံ၊ ဓာတ်တို့၏။ အနေကတ္ထတ္တာ၊ များသော အနက်ရှိကုန်သည်၏ အဖြစ်ကြောင့်။ စက္ခုသဒ္ဒဿ၊ ၏။ ဝိဘာဝနတ္ထတာ၊ ထင်စွာပြခြင်း အနက်ရှိသည်၏ အဖြစ်ကို။ ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။

တဒဒဋ္ဌာဒိကာလေ၊ တပ်မက်ရာ အခါ, စိတ်ပျက်ရာအခါ အစရှိသော အခါ တို့၌။ ကကဏ္ဋကရူပံ ဝိယ၊ ပုတ်သင်ညို၏ အဆင်းကဲ့သို့၎င်း။ ဥဒ္ဒရူပံ ဝိယ စ၊ ဖျံသတ္တဝါ၏ အဆင်းကဲ့သို့၎။ ဝဏ္ဏဝိကာရံ၊ အဆင်း၏ အထူးခြားသော အခြင်းအရာသို့။ အာပဇ္ဇမာနံ၊ ရောက်လျက်။ ရူပံ၊ ရူပါရုံသည်။ ဟဒယင်္ဂတဘာဝံ၊ စိတ်နှလုံး၌ဖြစ်သော အလိုကို။ ရူပယတိ၊ ထင်ရှား ပြတတ်၏။ ရူပမိဝ၊ မိမိ တည်းဟူသော ရူပါရုံကိုကဲ့သို့။ ပကာသံ၊ ထင်ရှားအောင်။ (အတွင်းသဘောထင်ရှားအောင်)။ ကရောတိ၊ ၏။ သဝိဂ္ဂဟမိဝ၊ အထည်ကိုယ်မရှိသော်လည်း အထည်ကိုယ်ရှိသကဲ့သို့။ ကတွာ၊ ၍။ ဒဿေတိ၊ ပြတတ်၏။ ဣတိ အတ္ထော၊ ဤကားအနက်။

ရူပမိဝ ပကာသံ ကရောတိ။ ။ပကတိရူပါရုံသည် ဝက္ခုဝိညာဏ်ဖြင့် မြင်အပ်သော် လည်း ဟဒယင်္ဂတဘာဝ (စိတ်နှလုံး၌ဖြစ်သော အလို) ကို စက္ခုဝိညာဏ်ဖြင့် မမြင်အပ်၊ သို့သော် “အဆင်းရူပါရုံသည် အတွင်းစိတ် အလိုကို ဝက္ခုဝိညာဏ်ဖြင့် မြင်ရသကဲ့သို့ ဖြစ်လောက်အောင် ထင်ရှားပြနိုင်သည် ” ဟူလို။ ထို ့ကြောင့် အနုဋီကာ၌ ဝအရ ရုပ်တရားတို့ကို ယူမည်၀ိုး၍ “ စက္ခုဝိညေယျံ ဝိယ ” ဟု ဖွင့်သည်။ မခု၌လည်း “အဒိမ္ပိ၊ နင်အပ် မမြင်နိုင်သော အတွင်းသဘောကိုလည်း။ ဝက္ခုနာ ဒိဋ္ဌ ံ ဝိယ၊ မျက်စိဖြင့် မြင်အပ်သော ပါခုံကဲ့သို့ ”ဟု ဖွင့်သည်။ ရုပမိဝ၌ ရူပါရုံသည် ဥပမာနု၊ ဟဒယင်္ဂတဘာဝံ သည် ဥပဒေမယျဟု ခွဲပါ။

သဝိဂ္ဂဟမိဝ ကတွာ ။ ။ဝိဂ္ဂဟါသည် “ သရိပုံ ဝပုတ္တဥတ္တဘာဝေါ ဗေဒဠိ- ဝိဂ္ဂဟော” ဟူသော အဘိဓာန် (၁၅၁)နှင့် အညီ သရီရ (အထည်ကိုယ်) အနက်ကို ဟော၏။ ဟဒယင်္ဂဘသဘာဝ (အတွင်းသဘော)သည် အထည်ကိုယ်မရှိသော်လည်း အထည် ကိုယ် ရှိသကဲ့သို့ပြင် ထင်ရှားပြတတ်၏။

ဝါ၊ တနည်း။ ဝိတ္ထာရဏံ၊ ချဲ့ထွင်ခြင်းသည်။ ရူပသဒ္ဒဿ၊ ရူပသဒ္ဒါ၏။ အတ္ထော၊ တည်း။ ဝိတ္ထာရဏဉ္စ၊ အကျယ်ချဲ့ခြင်းဟူသည်လည်း။ ပကာသနမေဝ၊ ပေါ်လွင်ထင်ရှားအောင် ပြခြင်းပင်တည်း။ ဣတိ၊ ကြောင့်။ ပကာသေတီတိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊

ဝါ၊ တနည်း။ ဓာတူနံ၊ တို့၏။ အနေကတ္ထတ္တာ၊ ကြောင့်။ (ဓာတ်ကျမ်း၌ တိုက်ရိုက်မပါသော်လည်း အခြားအနက်များကို ဟောနိုင်ခြင်းကြောင့်)။ ပကာသနတ္ထော ယေဝ၊ ပကာသန အနက် ရှိသည်သာလျှင်ဖြစ်သော။ ရူပသဒ္ဒေါ၊ ကို။ ဒဋ္ဌဗ္ဗော၊ ၏။

["ဝဏ္ဏဝါစက ရူပသဒ္ဒါနှင့် ရုပ်တရားကိုဟေသော ရူပသဒ္ဒါ၏ ဝစနတ္ထအထူးကို အဘယ်သို့ မှတ်ရမည်နည်း" ဟု မေးဘွယ်ရှိသောကြောင့် ဝဏ္ဏဝါစက ဿ စသည်ကို မိန့်။] ဝဏ္ဏဝါစကဿ၊ အဆင်းရူပါရုံဟူသော အနက်ကို ဟောသော။ ရူပသဒ္ဒဿ၊ ၏။ ရူပယတီတိ၊ ဟူသော။ နိဗ္ဗစနံ၊ အနက်ကို ထုတ်၍ ဆိုကြောင်း ဝိဂြိုလ်သည်။ (ဟောတိ)၊ ရူပဝါစကဿ၊ ရုပ်တရားကို ဟောသော။ (ရူပသဒ္ဒဿ၊ ၏)။ ရုပ္ပတီတိ၊ ဟူသော။ (နိဗ္ဗစနံ ဟောတိ)၊ ဣတိ အယံ၊ ကား။ ဝိသေသော၊ ရူပသဒ္ဒါ ၂ ပုဒ်၏ အထူးတည်း။

ဥဒါဟရိယတိ၊ ဟူသော ပုဒ်၏။ ဝုစ္စတိ၊ ရွတ်ဆိုအပ်၏။ ဣဝိ အတ္ထေ၊ သည်။ (သတိ၊ ဖြစ်လသော်)။ သိယာ၊ ဖြစ်၏။ စ၊ စင်စစ်ကား။ ဧတ္ထ၊ ဤ သပ္ပတီတိသဒ္ဒေါ ဟူသော ပါဌ်၌။ ဝစန သဒ္ဒေါယေဝ၊ သက်ရှိစကားသံသည်သာ။ သဒ္ဒေါ၊ သဒ္ဒမည်သည်။ န၊ မဟုတ်သေး။ အထခေါ၊ အဟုတ်ကား။ သ‌ဗ္ဗောပိ၊ သက်ရှိ သက်မဲ့ အလုံးစုံလည်းဖြစ်သော။ သောတဝိညေယျော၊ သောတဝိဉာဏ်ဖြင့် သိထိုက်သော အသံ ဟူသမျှသည်။ (သဒ္ဒေါ၊ မည်၏)။ ဣတိ၊ ကြောင့်။ သပ္ပတီတိ (ပဒဿ)၊ ၏။ သကေဟိ ပစ္စယေဟိ၊ မိမိဥစ္စာဖြစ်သော အကြောင်းတို့သည်။ သပ္ပီယတိ၊ သောတဝိဉာဏ်၏ အာရုံအဖြစ်သို့ ကပ်ဆောင်အပ်၏။ သောတဝိညေယျဘာဝံ၊ သောတဝိဉာဏ်ဖြင့် သိထိုက်သည်၏ အဖြစ်သို့။ ဂမီယတိ၊ ကပ်ဆောင်အပ်၏။ ဣတိ အတ္ထော၊ [ဤနည်းအလို သပ္ပတိသည် ကတ္တုရုပ်မဟုတ် ကမ္မရုပ် တည်း၊ သပ္ပတိ၌ သပ္ပဓာတ်+ယ ပစ္စည်း အကြေကြံပါ။] **ဝိတ္ထာရဏံဝါ**။ ။ရူပသဒ္ဓါသည် ဝဏ္ဏ (အဆင်း) အနက်ကိုလည်း ဟော၏၊ “ခန္ဓေ ဘဝေ နိမိတ္တမှိ ရူပံ ဝဏ္ဏေ စ ပစ္စယေ” အဘိဓာန် (ဂ၂၅)၊ ထို ဝဏ္ဏသဒ္ဒါကား ချဲ့ဖွင့် ခြင်း ဝိတ္ထာရအနက်ကိုလည်း ဟော၏၊ ဓာတ်ကျမ်းကြည့်ပါ၊ တိုဝဏ္ဏအနက်ကို ဟောသော ရူပသဒ္ဒါကိုရည်ရွယ်၍ “ဝိတ္ထာရဏံ ဝါ ရူပသဒ္ဒဿ အတ္ထော”ဟု မိန့်သည်။ ၀ဏ္ဏဝါစကော ရူပသဒ္ဓေါ အဓိပ္ပတောတိ အာဟ ဝိတ္ထာရဏံ ဝါ ရူပသမ္ဖဿ အတ္ထာတိ။’အနု။ အကျယ် ချဲ့ခြင်း ဟူသည်လည်း ပေါ်လွင်ထင်ရှားအောင် ပြခြင်းပင်တည်း။
သူစယတီတိ၊ ကား။ အတ္တနော၊ မိမိဟူသော အနံ့၏။ ဝတ္ထုံ၊ မှီရာဒြဗ်ကို။ ဂန္ဓဝသေန၊ အနံ့၏ အစွမ်းဖြင့်။ အပါကဋံ၊ မထင်ရှားသည်ကို။ ဣဒံ၊ ဤဝတ္ထုသည်။ သုဂန္ဓံ၊ ကောင်းသော အနံ့ရှိ၏။ (ဣဒံ၊ သည်)။ ဒုဂ္ဂန္ဓံ၊ မကောင်းသော အနံ့ရှိ၏။ ဣတိ၊ ဤသို့။ ပကာသေတိ၊ ထင်ရှားပြတတ်၏။ ဝါ၊ အဋ္ဌကထာနည်းမှ တနည်းကား။ ပဋိစ္ဆန္နံ၊ ဖုံးထားအပ်သော။ (သူတပါးမမင်အောင် ဝှက်ထားအပ်သော)။ ပုပ္ဖါဒိဝတ္ထုံ၊ ပန်း အစရှိသော ဝတ္ထုကို။ ဧတ္ထ၊ ဤအရပ်၌။ စမ္ပကာဒိ၊ စကားပန်း အစရှိသော။ ပုပ္ဖံ၊ ပန်းသည်။ အတ္ထိ၊ ရှိ၏။ ဝါ၊ ရှိသည်ဟေ့။ (ဧတ္ထ၊ ၌)။ အမ္ဗာဒိ၊ သရက်သီး အစရှိသော။ ဖလံ၊ အသီးသည်။ အတ္ထိ၊ ရှိ၏။ ဝါ၊ ရှိသည်ဟေ့။ ဣတိ၊ သို့။ ပေသုညံ၊ ချောပစ် ကုန်းတိုက်ခြင်းကို။ ကရောန္တံ ဝိယ၊ မပြုတတ်သော်လည်း ပြုတတ်သကဲ့သို့။ ဟောတိ၊ ၏။ ဣတိ အတ္ထော၊
အာဟာရဇ္ဈော ဟာရဏဿ၊ အရသာကိုပါးစပ်အတွင်းသို့ ရှေးရှု ဆောင်ခြင်း၏။ ဝါ၊ အရသာကို စားခြင်း၏။ သရဂ္ဂဟဏမူလကတ္တာ၊ အရသာကို ယူခြင်းဟူသော အကြောင်းရင်းရှိသည်၏ အဖြစ်ကြောင့်။ (ရှိသည့်အတွက်)။ ဇီဝိတဟေတုမှိ၊ အသက်၏ အကြောင်းဖြစ်သော။ အာဟာရရသေ၊ အစာအာဟာရ၏ အရသာ၌။ နိန္နတာယ၊ ညွတ်ကိုင်းသည်၏ အဖြစ်ကြောင့်။ ဇီဝိတံ၊ အသက်ကို။ ဝါ၊ အသက်ရှည်ခြင်း၏ အကြောင်းဖြစ်သော အရသာကို။ အဝှါယတိ၊ ခေါ်သကဲ့သို့ ဖြစ်တတ်၏။ ဣတိ၊ ကြောင့်။ နိရုတ္တိလက္ခဏေန၊ နိရုတ္တိသုတ်ဖြင့်။ ဇိဝှါ၊ ဇိဝှါဟူ၍။ (ဣတိ သဒ္ဒါ အကြေကြံပါ)။ ဝုတ္တာ၊ ဆိုအပ်ပြီ။

ကုစ္ဆာတာနံ သာသဝဓမ္မာနံ အာယောတိ၊ ဟူသော ပါဌ်ဖြင့် ဝိသေသေန၊ အားဖြင့်။ ကာယော၊ ကို။ ဝုတ္တော၊ ဖွင့်ဆိုအပ်ပြီ။ (ကသ္မာ) အနုတ္တရိယဟေတုဘာဝံ၊ အနုတ္တရိယဂုဏ်၏ အကြောင်း၏ အဖြစ်သို့။ အနာဂစ္ဆန္တေသု၊ မရောက်ကုန်သော။

သူစယတိ။ ။ဘုရာဒိ သူစ-ဓာတ်သည် ပြခြင်းအနက် ကုန်းတိုက်ခြင်းအနက်ကို ဟော၏။ ထိုတွင် ပြခြင်းအနက်ကိုယူ၍ “အတ္တနော ဝတ္ထု ဂန္ဓဝသေန အပါကဋ ၊ပေ။ပကာသေတိ” ဟု ပဌမအနက်ကို ဖွင့်သည်၊ ကုန်းတိုက်ခြင်းအနက်ကိုယူ၍ “ပဋိစ္ဆန္နံ ဝါ။ပေ။ပေသညံ ဟု ကရောန္တံ ဝိယ ဟောတိ”ဟု ဒုတိယ တနည်းဖွင့်သည်။ အနံ့သည် ကုန်းမတိုက်တတ်သော် လည်း ဝှက်ထားအပ်သော အရာဝတ္ထုကို လိုက်ရှာသူအား တွေ့အောင်ပြုသဖြင့် ဝှက်ထား သူနှင့် လိုက်ရှာသူအကြား၌ ကုန်းတိုက်သကဲ့သို့ ဖြစ်သည်။

အနုတ္တရိယ။ပေ။အနဂစ္ဆန္တေသု။ ။ဤလောက၌ မြတ်စွာဘုရားကဲ့သို့ အမွန်အမြတ် ရူပါရုံကို ဖူးတွေ့ရခြင်းသည် မြင်အပ်သမျှ ရူပါရုံတို့တွင် အမြတ်ဆုံးတည်း။ ထို့ကြောင့် ထိုကဲ့သို့ မြင်ရခြင်းကို “ဒဿနာနတ္တရိယ”ဟု ခေါ်၏။ ကြားရသမျှသော အသံတို့တွင် ဗုဒ္ဓမြတ်စွာ၏ တရားသံသည် အမြတ်ဆုံးတည်း၊ ထိုအသံကို “သဝနာနုတ္တရိယ”ဟု ခေါ်၏။ စက္ခု သောတတို့သည် ထိုအနုတ္တရိယ ၂-ပါး၏ အကြောင်းများ ဖြစ်ကြ၏။ ဃာန ဇိဝှါ- ကာယတို့ကား ထို အနုတ္တရံ၏ အကြောင်းမဟုတ်ကြ။

ကာမာရာဂနိဒါနကမ္မဇနိတေသု၊ ကာမရာဂလျှင် အကြောင်းရင်း ရှိသော ကံသည် ဖြစ်စေအပ်သည်လည်း ဖြစ်ကုန်သော။ ကာမရာဂဿ၊ ကာမရာဂ၏။ ဝိသေသပစ္စယေ သု စ၊ ထူးသော အကြောင်းလည်းဖြစ်ကုန်သော။ ဃာနဇိဝှါကာယေသု၊ ဃာနပ သာဒ, ဇိဝှါ ပသာဒ, ကာယပသာဒတို့တွင်။ (ကာယဿ၊ ၏)။ ဝိသေသတရသာသဝပစ္စယတ္တာ၊ သာ၍ ထူးကဲသော သာသဝတရားတို့၏ အကြောင်း၏ အဖြစ်ကြောင့်တည်း။
ဟိ၊ မှန်။ တေန၊ ထိုကာယဖြင့်။ ဖောဋ္ဌဗ္ဗံ၊ ဖောဋ္ဌဗ္ဗာရုံကို။ အဿာဒေန္တာ၊ လွန်စွာ သာယာကြကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ မေထုနမ္ပိ၊ မေထုန်ကိုသော်မှလည်း။ သေဝန္တိ၊ မှီဝဲကြကုန်၏။
ဥပ္ပတ္တိဒေသောတိ (ပဒဿ)၊ ဟူသော ပုဒ်၏။ ဥပ္ပတ္တိကာရဏံ၊ ဖြစ်ခြင်း၏ အကြောင်းတည်း။ ဣတိ အတ္ထော၊ နက်။

ဝါ၊ တနည်း။ ကာယိန္ဒြိယဝတ္ထုကာ၊ ကာယိန္ဒြေ ဟူသော မှီရာရှိကုန်သော။ (ကာယပသာဒ၌ မှီကုန်သော)။ စတ္တာရော၊ လေးပါးကုန်သော။ ခန္ဓာ၊ နာမ်ခန္ဓာတို့ကို။ [ကာယဝိညာဏ်စိတ်နှင့် စေတသိက်တို့ကို ဆိုသည်။] ဗလဝကာမာသဝါဒိဟေတုဘာဝတော၊ အားကြီးသော ကာမာသဝ အစရှိသည်တို့၏ အကြောင်း၏ အဖြစ်ကြောင့်။ ဝိသေသေန၊ အထူးအားဖြင့်။ သာသဝါတိ၊ တို့ဟူ၍။ ဝုတ္တာ၊ ကုန်ပြီ။ တေသံ၊ ထို သာသဝတရားတို့၏။ ဥပ္ပဇ္ဇနဋ္ထာနံ၊ ဖြစ်ရာဌာနဖြစ်သော ပသာဒတည်း။ ဣတိ အတ္ထော၊ နက်။

ကာမရာဂ။ပေ။ကာယေသု။ ။စက္ခု သောတနှင့်တကွ ပသာဒငါးပါးလုံးသည် ကာမ- ရာဂနိဒါန၊ကာမရာဂ အရင်းခံရှိသော ကံကြောင့် ဖြစ်ကြရသည်ချည်းတည်း၊ သို့သော် စက္ခု သောတသည် အလွန်ချည်းမဆိုးဝါးလှသေး ကြည့်ရုံ နားထောင်ရုံတော့ အများက ခွင့်ပြု ကြသေး၏။ ဒဿနာနုတ္တရိယ, သဝနာနုတ္တရိယအတွက်လည်း အကျိုးများသေး၏၊ သံာန ဝါ ကာယတို့ကား ဒဿနာနုတ္တရိယ သဝနာနုတ္တရိယအဖြစ်သို့ မကပ်ရောက်ကြ၊ ကာမရာဂ၏ ထူးခြားသောအကြောင်းလည်း ဖြစ်ကြသည်။

ကာယဿ။ပေ။ပစ္စယတ္တာ။ ။ထိုယာ, ဇိဝှါ, ကာယ ၃-ပါးတို့တွင်လည်း ကာယပသာဒ သည် ကုစ္ဆိအယာသဝဓမ္မတို့၏ သာ၍ထူးသောအကြောင်းလည်း ဖြစ်၏။ ထို့ကြောင့်ပင် ထိုကာယပသာဒဖြင့် ဖောဋ္ဌဗ္ဗာရုံကို သာယာကုန်သော သတ္တဝါတို့သည် မေထုန်ကိုသော်မှ မှီဝဲ ကြလေသည်။

ကာယိန္ဒြိယဝတ္ထုကာဝါ။ ။ဤနည်း၌ ကာယိနြေဟူသော ကာယပသားကိုမှီသော ကာယဝိညာဏ် စိတ္တုပ္ပါဒ်ကို“သာသ”ဟု ဆိုသည်။ ထိုသို့ဆိုရာ၌ အကုသိုလ်စိတ် မဟုတ် သောကြောင့် အာသဂေါတရားတို့နှင့်တကွဖြစ်သည်ကားမဟုတ်, အကျိုးအာသဝတို့နှင့်တကွ ဖြစ်သောကြောင့် “သာသာ ခေါ်သည်”ဟု မှတ်ပါ။ အာသဝအရ ကာယဝိညာဏ် စိတ္တုပ္ပါဒ်ကို ယူပြီးဖြစ်သောကြောင့် ဥပ္ပတ္တိဒေသော အရလည်း ကာယဝိညာဏ်စိတ္တုပ္ပါဒ်၏ ဖြစ်ရာဌာနကို တိုက်ရိုက်ယူနိုင်သည်၊ထို့ကြောင့် ဥပ္ပတ္တိဒေသောကို“ဥပ္ပဇ္ဇနဋ္ဌာနံ”ဟု ဖွင့်သည်၊ မဓုဋီကာ၌ကား ပဌမနည်းဝယ် သာသဝဓမ္မ အရ ဒုကမာတိကာ အကောက်အတိုင်း အလုံး စုံသော လောကီတရားတို့ကို ယူလေ၏။]

အတ္တနေ လက္ခဏံ ဓာရယန္တီတိ၊ ဟူသော ပါဌ်ဖြင့်။ (ဥပနေတွာ ဝုတ္တာ၌ စပ်)။ အာယတန သဒ္ဒပရာ၊ နောက်၌ အာယတန သဒ္ဒါရှိကုန်သော။ ယေ (ဓမ္မာ)၊ အကြင် စက္ခုအစရှိသော တရားတို့ကို။ ဝိသေသလက္ခဏေန၊ အသာဓာရဏစသော ထူးသော လက္ခဏာအားဖြင့်။ ဝတ္တဗ္ဗာ၊ ဟောတော်မူထိုက်ကုန်၏။ (စက္ခာယတန စသည်ဖြင့် ဟောတော်မူထိုက်ကုန်၏)။ စက္ခာဒယော၊ စက္ခု အစရှိကုန်သော။ တေ (ဓမ္မာ)၊ ထို တရားတို့ကို။ တထာ၊ ထို စက္ခာယတန စသော အခြင်းအရာအာဖးြင့်။ ဝါ၊ ထိုစက္ခာယတန အစရှိသော နာမည်ဖြင့်။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။ ဣတိ၊ ကြောင့်။ အညေ၊ စက္ခု အစရှိသော တဆယ့်တပါးသော တရားတို့မှတပါးကုန်သော။ မနောဂေါစရဘူတာ၊ မန၏သာ ကျက်စားရာဖြစ်၍ ဖြစ်ကုန်သော။ ဓမ္မာ၊ တရားတို့ကို။ သာမညလက္ခဏေနေဝ၊ မိမိသဘောကို ဆောင်ခြင်းဟူသော သာမညလက္ခဏာအားဖြင့်သာ။ ဧကာယတနတ္ထံ၊ တခုတ်းသော အာယတန၏ အဖြစ်သို့။ ဥပနေတွာ၊ ကပ်ဆောင်၍။ ဝုတ္တာ၊ ကုန်ပြီ။ [အနုဋီကာ၌ မနောဂေါစရဘူတာကို "မနသော ဧဝ ဂေါစရဘူတာ" ဟု ဧဝထည့်၍ ဝိဂြိုလ်ပြ၏။ ထို ဧဝဖြင့် စက္ခုစသည်တို့၏ ကျက်စားရာ မဟုတ်းဟု ကန့်သည်။]

ဟိ၊ မှန်။ (တနည်း) ကသ္မာ၊ ကြောင့်။ အညေ၊ ကုန်သော။ မနောဂေါစရဘူတာ၊ ကုန်သော။ ဓမ္မာ၊ တို့ကို။ သာမညလက္ခဏေနေဝ၊ အားဖြင့်သာ။ ဧကာယတနတ္တံ၊ သို့။ ဥပနေတွာ၊ ၍။ ဝုတ္တာ၊ ကုန်ပြီ။ ဣတိ၊ သို့။ ဝိညာယတိ၊ နည်း။ ဟိ (ယသ္မာ)၊ ကြောင့်။ ဩဠာရိကဝတ္ထာရမ္မဏမနနသင်္ခါတေဟိ၊ ဩဠာရိကရုပ်ဖြစ်သော ဝတ္ထု, အာရုံ, သိခြင်းဟု ဆိုအပ်ကုန်သော။ ဝိသယဝိသယိဘာဝေဟိ၊ အာရုံ၏ အဖြစ် အာရုံရှိသော အာရမဏိကတို့၏ အဖြစ်တို့ဖြင့်။ ပုရိမာနိ၊ ရှေ့၌ ဖြစ်သော အာယတန တဆယ့်တပါးတို့သည်။ ပါကဋာနိ၊ ထင်ရှားကုန်၏။ ဣတိ၊ ကြောင့်။ တထာ၊ ထို အခြင်းအရာအားဖြင့်။ (ဝိသယဝိသယီဘာဝအားဖြင့်။)

သြဠာရိက။ပေ။သင်္ခါတေဟိ ဟိ။ ။စာအုပ်တို့၌ သင်္ခါတေဟိ နောက်ဝယ် . ဟိ-သဒ္ဓါ မပါသော်လည်း ဝါကျဇောတက ဟိ-သဒ္ဒါ လိုပါသည်။ ထို ့ကြောင့် ရှေးနိဿယဉ် ထိုဟိကို “တံ ပါကဋီ ကရောမိ”ဟု တပ္ပါကဋီကရဏဇောတက အဖြစ်ဖြင့် အနက်ပေးသည်။ မဓု၌လည်း “အယမတ္ထော ကထံ ဝိညာယတီတိ အာဟ သြဋ္ဌာရိကဝတ္ထာတိ အာဒိ’ ဉာပကဟေတုဇောတကအဖြစ်ဖြင့် ကျမ်းတက်၏၊ “ဓမ္မသဒ္ဓေါတိ”ဟု ဣတိသဒ္ဒါပါသော ကြောင့် ဉာပကဟေတုဇောတကအဖြစ်က သာ၍ကောင်းပါသည်။

သြဠာရိကဝတ္ထာရမ္မဏမနန။ ။သြဠာရိကဝတ္ထာရမ္မဏဖြင့် ရွှေအာယတန ၁ဝ-ပါးကိုပြ သည်။ မနနဖြင့် ဧကာဒသမ အာယတနကိုပြသည်။ ဝိသယဟူသည် ရူပါရုံစသည်တို့တည်း၊ ဝိသယီကား ထိုရူပါရုံစသည်တို့၏ ထင်ရာဖြစ်သော စက္ခု။ပေ။မနတို့တည်း။

အပါကဋာ၊ မထင်ရှားကုန်သော။ အညေ၊ ဆိုအပ်ပြီးသော အာယတန တဆယ့် တပါးမှ အခြားကုန်သော။ မနောဂေါစရာစ၊ မန၏သာ ကျက်စားရာဖြစ်ကုန်သော သဘောတရားတို့သည်လည်း။ အတ္တနော၊ မိမိ၏။ သဘာဝံ၊ သဘောကို။ နဓာရေန္တိ၊ မဆောင်နိုင်ကုန်သည်ကား။ န၊ မဟုတ်ကုန်။ ဓာရေန္တိဧဝ၊ ဆောင်နိုင်ကုန်သည်သာ။ ဣတိ ဣမဿ အတ္ထဿ၊ ကို။ ဓမ္မသဒ္ဒေါ၊ ဓမ္မသဒ္ဒါသည်။ ဒီပန တ္ထော၊ ပြခြင်းအနက်ရှိ၏။ ဣတိ၊ ကြောင့်။ (အညေ၊ ကုန်သော။ မနောဂေါစရဘူတာ ဓမ္မာ သာမညလက္ခဏေနေဝ ဧကာယတနတ္တံ ဥပနေတွာ ဝုတ္တာ၊ ဣတိ ဝိညာယတိ၊ )
ဝါယမန္တီတိ (ပဒဿ)၊ ၏။ အတ္တနော၊ ၏။ ကိစ္စံ၊ ကို။ ကရောန္တိ၊ ပြုတတ်ကုန်၏။ ဣစ္စေဝ၊ ဤသို့သာ။ အတ္ထော၊ သည်။ (ဟောတိ)၊ [လုံ့လ ဝီရိယ အနက်ကို မယူပါနှင့် ဟူလို။]
စ၊ ဆက်။ ဣမသ္မိံ အတ္ထေ၊ ဤ အာယတန္တိဟူသော အနက်၌။ အာယတန္တိ ဧတ္ထာတိ အာယတနန္တိ၊ ဟူ၍။ အာယတန သဒ္ဒေါ၊ သည်။ အဓိကရဏတ္တော၊ အဓိကရဏ အနက်ရှိ၏။ ဒုတိယ တတိယေသု၊ တနောန္တိ, နယန္တိ ဟူသော ဒုတိယ တတိယ အနက်တို့၌။ ကတ္တုအတ္ထော၊ ကတ္တားအနက်ရှိ၏။
တေစာတိ၊ ကား။ စိတ္တစေတသိကဓမ္မေ၊ တို့ကို။ (တနောန္တိ၌စပ်။)
ဟိ၊ မှန်။ တေ၊ ထို စိတ် စေတသိက်တရားတို့သည်။ တံတံဒွါရာရမ္မဏေသု၊ ထိုထိုဒွါရ, ထိုထိုအာရုံတို့၌။ အာယန္တိ အာဂစ္ဆန္တိ၊ ပေါ်လာတတ်ကုန်၏။ ပဝတ္တန္တိ၊ ဖြစ်တတ်ကုန်၏။ ဣတိ၊ ကြောင့်။ အာယာ၊ အာယတို့မည်၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။ [တနည်း "ကသ္မာ တေ စာတိ ပဒဿ စိတ္တစေတသိက ဓမ္မေတိ အတ္ထော ဝိညာယတိ" ဟု ပုစ္ဆာဝါကျထုတ်၍ "ဟိ ယသ္မာ" ဟု ကာရဏဝါကျလုပ်ပြီးလျှင် "ဣတိ တသ္မာ တေ စာတိ ပဒဿ စိတ္တစေတသိက ဓမ္မေတိ အတ္ထော ဝိညာယတိ" ဟု ဝိသဇ္ဇန ဝါကျထည့်ပါ။]
ဝိတ္ထာရေန္တီတိ (ပဒဿ)၊ ၏။ (အတ္ထော၌ စပ်)။ ပုဗ္ဗေ၊ မဖြစ် မီ ရှေ့အဘို့၌။ အနုပ္ပန္နတ္တာ၊ မဖြစ်သေးသည်၏ အဖြစ်ကြောင့်။ လီနာနိ၊ လျှို့ဝှက်ကုန်သည်။ အပါကဋာနိ၊ ကုန်သည်။ (ဟုတွာ) ပုဗ္ဗန္တတော၊ ရှေ့အစွန်းမှ။ ဥဒ္ဓံ၊ အထက်ဖြစ်သော နောက်၌။ **ဓမ္မသဒ္ဓေါ**။ ။ဓမ္မသဒ္ဓါသည် “အတ္တနော သဘာဝံ ဓာရေတိ” ဟူသော ဝစနတ္ထနှင့် အညီ မိမိသဘောကို ဆောင်ခြင်းအနက်ကိုဟော၏။ စက္ခုစသော အခြားအာယတန တို့လည်း မိမိ၏ သဘောကို ဆောင်ခြင်းလက္ခဏာရှိ၍ ဓမ္မအမည် ရနိုင်ကြသည်သာ။ သို့သော် ထို စက္ခုအစရှိသည်တို့သည် ဝတ္ထုအာရုံအားဖြင့် ထင်ရှားသောကြောင့် စက္ခာ- ယတန ရူပါယတန စသော အမည်ထူးများကို ရပြီး ဖြစ်ကြ၏။ စိတ်အားလုံးလည်း သိခြင်းလက္ခဏာအားဖြင့် ထင်ရှားသောကြောင့် မနာယတန အမည်ထူးကို ရပြီးဖြစ်၏။ ထို့ကြောင့် အများနှင့်ဆက်ဆံ၍ သာမန်ဖြစ်သော ဓမ္မာယတနအမည်ကို လက်မခံရကား ကြွင်းသော တရားများသာ ဓမ္မာယတနအမည် ရတော့သည်ဟု မှတ်ပါ။ ပသာရေန္တိ၊ ဖြန့်တတ်ကုန်၏။ ပါကဋာနိ၊ ထင်ရှားသည်တို့ကို။ ကရောန္တိ၊ ကုန်၏။ ဥပ္ပါဒေန္တိ၊ ဖြစ်စေတတ်ကုန်၏။ ဣတိ အတ္ထော၊ နက်။ [ဝိတ္ထာရေန္တိ အရ" ချဲ့" ဟူရာ၌ မဖြစ်သေးသော တရားတို့ကို ဖြစ်စေသည် " ဟု ဆိုလိုသည်။]
ရုဠှီဝသေန၊ အထင်ရုဠှီ၏ အစွမ်းဖြင့်။ အာယတနသဒ္ဒဿ၊ အာယတန သဒ္ဒါ၏။ အတ္ထံ၊ အနက်ကို။ ဝတ္တုံ၊ ဆိုခြင်းငှာ။ အပိစာတိ အာဒိ၊ အစရှိသော စကားရပ်ကို။ (သင်္ဂဟကာရေန) အာရဒ္ဓံ၊ အပ်ပြီ။
တံ နိဿိတတ္တာတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ (ဒဋ္ဌဗ္ဗော ၌စပ်)။ မနော၊ မနောဒွါရဟူသည်။ မနောဝိညာဏာဒီနံ၊ မနောဝိညာဏ် အစရှိကုန်သော။ စိတ္တစေတသိကာနံ၊ တို့၏။ နိဿယပစ္စယာ၊ နိဿယပစ္စည်းသည်။ န ဟောတိ၊ မဟုတ်။ ဣတိ၊ ကြောင့်။ တဿ၊ ထို မနောဒွါရ၏။ နေသံ၊ ထို မနောဝိညာဏ် အစရှိကုန်သော စိတ်စေတသိက်တို့၏။ ဒွါရဘာဝေါ၊ ဒွါရ၏ အဖြစ်ကို။ နိဿယဘာဝေါတိ၊ နိဿယ၏ အဖြစ် ဟူ၍။ ဒဋ္ဌဗ္ဗော၊ မှတ်ထိုက်၏။
အတ္ထတောတိ၊ ကား။ ဝစနတ္ထတော၊ သဒ္ဒါ၏ အနက်အားဖြင့်။ (ဝိညာတဗ္ဗော ၌စပ်)။ ဝစနီယတ္ထတော၊ စက္ခု အစရှိသည်တို့ ဟောထိုက်သော ဝစနီယတ္ထအားဖြင့်။ န၊ သိထိုက်သည် မဟုတ်။
ဟိ၊ မှန်။ ဧတ္ထ၊ ဤ အာယတနဝိဘင်းအဋ္ဌကထာ၌။ စက္ခတီတိ အာဒိနာ၊ အစရှိသော စကားရပ်ဖြင့်။ ဝစနတ္ထော၊ ဝစနတ္ထကို။ ဝုတ္တော၊ ဆိုအပ်ပြီ။ ယံ စက္ခု စတုန္နံ မဟာဘူတာနံ ဥပါဒါယ ပသာဒေါတိ အာဒိနာ၊ အစရှိသော စကားရပ်ဖြင့်။ ဝစနီယတ္ထော၊ သဒ္ဒါသည် ဟောထိုက်သော အရကောက်အနက်ကို။ ဝုတ္တောဝိယ၊ ဟောတော်မူအပ်သကဲ့သို့။ (တထာ၊ တူ)။ ဝစနီယတ္ထော၊ ကို။ န (ဝုတ္တော)၊ မဆိုအပ်။ (အဋ္ဌကထာ၌ မဆိုအပ်)။ ဣတိ၊ ဤသို့ မှတ်အပ်၏။ [ဝိဂြိုလ်ဝါကျ၏ အရကောက်ဒြဗ် အနက်ကို "ဝစနီယတ္ထ" ဟု ဆိုသည်။ ထို ဝစနီယတ္ထကို "ဘာဝတ္တ (အဓိပ္ပါယတ္တ) " ဟု၎င်း "သရူပတ္ထ" ဟု ၎င်း ခေါ်သည်။ ထို့ကြောင့် "ဒြဗ်တွေကို ၊ မှတ်လေ ဝစနီယ" ဟု ဆရာတို့ ဆိုကြသည်။] **တံ နိဿိတတ္တာ**။ ။“စက္ခာဒီသု စ တေ အာကိဏ္ဏာ။ တံနိဿိတတ္တာ” ဟူသော အဋ္ဌကထာ၏အဖွင့်တည်း။ စက္ခု သောက ဃာန ဇိဝှါ ကာယငါးပါရသည် စက္ခု- ဝိညာဏ် စသည်တို့၏မှီရာ နိဿယပစ္စည်း ဖြစ်သကဲ့သို့ မနောဒွါရဟူသော မနသည် မှီရာနိဿယပစ္စည်း မဟုတ်။ သို့ဖြစ်လျှင် အဘယ်နည်းဖြင့် နိဿယဖြစ်နိုင်ပါသနည်းဟု မေးဘွယ်ရှိသောကြောင့် “တဿ နေသံ ဒါရဘာဝေါ နိဿာယဘာဝေါ”ဟု မိန့်သည်။ “နိဿယပစ္စည်း အဖြစ်ဖြင့်ကား နိဿယ မဟုတ်ပါ။ ဒါရအဖြစ်ဖြင့်သာ မှီရာနိဿယဖြစ်ပါ သည်”ဟူလို။
တာဝတွတောတိ၊ ဟူသော ပါဌ်ဖြင့်။ အနူနာဓိကဘာဝံ၊ မဟုတ်မလွန်ကုန်သည်၏ အဖြစ်ကို။ (သင်္ဂဟကာရော) ဒဿေတိ၊
တတ္ထ၊ ထို မယုတ်မလွန်ကုန်သည်၏ ဖြစ်ကို ပြရာ၌။ ဒွါဒသာယတနဝိနိမုတ္တဿ၊ ၁၂ ပါးသော အာယတန တို့မှ လွတ်သော။ ကဿစိ၊ တစုံတခုသော။ ဓမ္မဿ၊ တရား၏။ အဘာဝါ၊ မရှိတော့ခြင်းကြောင့်။ (ဓမ္မာယတန ဖြင့် နာမည်အထူးမရသော တရားဟူသမျှကို သိမ်းယူပြီးဖြစ်သည့်အတွက် ဓမ္မမကျန်တော့ခြင်း ကြောင့်)။ အဓိကဘာဝတော၊ အပိုအလွန်၏ အဖြစ်အားဖြင့်။ စောဒနာ၊ စောဒနာသည်။ နတ္ထိ၊ မရှိတော့။ ပန၊ ကား။ သလက္ခဏဓာရဏံ၊ မိမိ ၏ သဘောလက္ခဏာကို ဆောင်ခြင်းသည်။ သဗ္ဗေသံ၊ အလုံးစုံသော အာယတန တို့၏။ သာမညလက္ခဏံ၊ သာမညလက္ခဏာတည်း။ ["အတ္တနော လက္ခဏံ ဓာရေန္တီတိ ဓမ္မာ" ဟူသော ဝိဂြိုလ်အရ မိမိ လက္ခဏာကို ဆောင်ခြင်းသည် အာယတန အားလုံးနှင့် ဆက်ဆံသော သာမည လက္ခဏာဖြစ်၏။] ဣတိ၊ ကြောင့်။ ဦနစောဒနာ၊ ဦနစောဒနာသည်။ ဝါ၊ အယုတ်အလျော့ကို စောဒနာဘွယ်သည်။ (၁၂ ပါးအောက်လျော့၍ ဓမ္မာယတန တပါတည်းသာ ဟောတော်မူထိုက်သည် မဟုတ်ပါလောဟု စောဒနာဘွယ်သည်။) သမ္ဘဝတိ၊ ဖြစ်သင့်၏။ ဣတိ၊ ဤအနက်ကို။ ဒဿေန္တော၊ ပြလိုသည်၏ အဖြစ်ကြောင့်။ စက္ခာဒယောပိ ဟီတိ အာဒိ၊ အစရှိသော။ (ယံ ဝစနံ အတ္ထိ၊ တံ ဝစနံ သင်္ဂဟကာရော) အာဟ၊
အသာဓာရဏန္တိ၊ ကား။ စက္ခုဝိညာဏာဒီနံ၊ စက္ခုဝိညာဏ် အစရှိသည်တို့၏။ ဝါ၊ တို့နှင့်။ အသာဓာရဏံ၊ မဆက်ဆံသော။ (ဓမ္မာယတနံ အာရမ္မဏံ၌ စပ်)။

စက္ခာဒီနံ၊ စက္ခုပသာဒ အစရှိသည်တို့၏။ အသာဓာရဏာရမ္မဏဘာဝေ၊ စက္ခုဝိညာဏ်စသည်တို့နှင့် မဆက်ဆံသော အာရုံတို့၏ အဖြစ်သည်။ သတိပိ၊ ဖြစ်ပါသော်လည်း။ ဒွါရဘာဝေန၊ စက္ခုဒွါရ အစရှိသည်တို့၏ အဖြစ်ဖြင့်။ ဂဟိတတ္တာ၊ ယူအပ်ပြီး၏ အဖြစ်ကြောင့်။ ဓမ္မာယတနေ၊ ၌။ အဂ္ဂဟဏံ၊ မယူခြင်းကို။

အသာစ၁ရဏံ။ ။စက္ခု စသော ပသာဒရုပ်များလည်း စက္ခုဝိညာဏ် အစရှိသည်တို့က အာရုံမပြုနိုင်ဘဲ မနောဝိညာဏ်၏ အသာဓာရှဏအာရုံ၌ ပါဝင်ပါသော်လည်း စက္ခာယတန စသောနာမည်ဖြင့် သီးခြား ယူအပ်ပြီးဖြစ်သောကြောင့် ဓမ္မောတနအရ စက္ခုပသာဒ စသည်တို့ကို မယူတော့။ ထို့ကြောင့်အဘိဓမ္မတ္ထသင်္ဂြိုဟ် သမုစ္စည်းပိုင်း ဓမ္မာယတန ဓမ္မဓာတု အရကောက်၌ “ဧတ္ထ ပန စေတသိက သုခုမရူပ နိဗ္ဗာနဝသေန ဧကူနသတ္တတိဓမ္မာ ဓမ္မာ- ယတနဓမ္မဓာတူတိ သင်္ခ ဂစ္ဆန္တိ”ဟု ဆိုသည်။

ဒွါရာရမ္မဏဘာဝေဟိ ဝါ။ ။ဤစကားအရ စက္ခုပသာဒ အစရှိသည်တို့သည် မနော” ဝိညာဏ်၏ အာရုံဖြစ်ပါသော်လည်း ဒါရမဖြစ်သောကြောင့် “အသာဓာရဏ”ဟု ဆိုသည်။ ဒါရအဖြစ် အာရုံအဖြစ် ၂-ပါးလုံးအားဖြင့် ဆက်ဆံမှသာ “သာဓာရဏ”ဟုဆိုလိုသည်။

ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။
ဝါ၊ တနည်း။ ဒွါရာရမ္မဏဘာဝေဟိ၊ ဒွါရာ၏ အဖြစ်, အာရုံ၏ အဖြစ်တို့ဖြင့်။ အသာဓာရဏတံ၊ စက္ခုဝိညာဏ် အစရှိသည်တို့နှင့် မဆက်ဆံကုန်သည်၏ အဖြစ်ကို။ သန္ဓာယ၊ ၍။ အသာဓာရဏန္တိ၊ ဟူ၍။ (သင်္ဂဟကာရေန)၊ ဝုတ္တံ၊ ပြီ။
ယေဘုယျသဟုပ္ပတ္တိ အာဒီဟိ၊ များသော အားဖြင့် အတူတကွဖြစ်ခြင်း အစရှိသည်တို့ကြောင့်။ ဥပ္ပတ္တက္ကမာဒိအယုတ္တိ၊ ဥပ္ပတ္တိက္ကမ အစရှိသည်တို့၏ မသင့်ခြင်းကို။ ယောဇေတဗ္ဗာ၊ ယှဉ်စေထိုက်၏။
အဇ္ဈတ္တိကေသု ဟီတိ ဧတေန၊ ဟူသော ဤပါဌ်ဖြင့်။ အဇ္ဈတ္တိကဘာဝေန၊ အဇ္ဈတ္တိက၏ အဖြစ်ကြောင့်၎င်း။ ဝိသယီဘာဝေနစ၊ ဝိသယရှိသော ဝိသယီ၏ အဖြစ်ကြောင့်၎င်း။ အဇ္ဈတ္တိကာနံ၊ အဇ္ဈတ္တိကာယတန ၆ ပါးတို့၏။ ပဌမံ၊ ဗာဟိရာယတနတို့မှ ရှေးဦးစွာ။ ဒေသေတဗ္ဗတံ၊ ဟောထိုက်ကုန်သည်၏ အဖြစ်ကို။ ဒဿေတိ၊ ၏။
ဟိ၊ မှန်။ ပဌမံ၊ စွာ။ ဒေသေတဗ္ဗေသု၊ ဟောထိုက်ကုန်သော။ တေသု၊ ထို အဇ္ဈတ္တိကာယတန ခြောက်ပါးတို့တွင်။ (စက္ခာယတနဿ၊ ၏)။ ပါကဋတ္တာ၊ ထင်ရှားသည်၏ အဖြစ်ကြောင့်။ ပဌမတရံ၊ သာ၍ ရှေးဦးစွာ။ စက္ခာယတနံ၊ စက္ခာယတနကို။ ဒေသိတံ၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤအနက်ကို။ ဒဿေတိ၊
တတော ဃာနာယတနာဒီနီတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ ဗဟူပကာရတ္တာဘာဝေန၊ ဗဟူပကာရ အဖြစ်၏ မရှိခြင်းကြောင့်။ စက္ခုသောတေဟိ၊ တို့မှ။ ပုရိမတရံ၊ သာ၍ ရှေးဦးစွာ။ အဒေသေတဗ္ဗာနိ၊ မဟောထိုက်ကုန်သော ဃာနဇိဝှါ ကာယတို့ကို။ သဟ၊ အတူတကွ။ ဝါ၊ တပြိုင်နက်။ ဝတ္တုံ၊ ဟောတော်မူခြင်းငှာ။ အသက္ကုဏေယျတ္တာ၊ မတတ်ကောင်းကုန်သည်၏ အဖြစ်ကြောင့်။ ဧကေန၊ တမျိုးမျိုးသော။ ကမေန၊ အစဉ်အားဖြင့်။ (ဃာန ဇိဝှါ ကာယဟု ဖြစ်စေ ဇိဝါ ဃာန ကာယဟု ဖြစ်စေ, ကာယ ဃာန ဇိဝှါဟု ဖြစ်စေ တမျိုးမျိုးသော အစဉ်အားဖြင့်)။ ဒေသေတဗ္ဗာနိ၊ ဟောတော်မူထိုက်ကုန်၏။ **ယေဘုယျ။ပေ။အာဒီဟိ**။ ။ယေဘုယျသဟုပ္ပတ္တိ အာဒီပီတိ ယေဘုယျေန စက္ခာ- ယတနာဒီနိ ကဿစိ(အချို့ပုဂ္ဂိုလ်၏ သန္တာန်၌။) ကဒါစိ(တရံတခါ၌။) ဧကတော ဥပ္ပဇ္ဇန္တိ။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿစိ ဧကာဒသာယတနာနိ ဥပ္ပတိ ဟိ ဝုတ္တံ။ - အနု။] ကာမဘုံဝယ် ဩပပါတိကသတ္တဝါတို့၏ ပဋိသန္ဓေခဏ၌ စက္ခုစသော ဒသက ၇-ပါး တွင် စက္ခုစသော အာယတနငါးပါး ပါဝင်၏၊ သဒ္ဒါယတနမှတပါး ရူပါယတနစသော အခြားအာယတနများလည်း ရ၏။ ဤသို့ ၁၁-ပါးတိုင်အောင် များသောအားဖြင့် အာယ- တနတို့ တပြိုင်နက် ဖြစ်ကြသောကြောင့် ဥပ္ပတ္တိက္ကမအားဖြင့် ရွှေနောက် စဉ်ရှိရန် မသင့် တော့၊ ဥပ္ပတ္တိက္ကမာဒိ၌ အာဒိဖြင့် ပဟာနက္ကမ ပဋိပတ္တိက္ကမ ဘူမိက္ကမတို့ကို ယူပါ၊ ထို ကမ အားဖြင့်လည်း ယောဇနာဘို့ရန် မသင့်ပုံကို အနုဋီကာ၌ ပြထားသည်။ ဣတိ၊ ကြောင့်။ ဃာနာဒိက္ကမေန၊ ဃာန အစရှိသည်တို့၏ အဖြစ်ဖြင့်။ ဒေသိတာနိ၊ ကုန်ပြီ။ ဣတိ (အယံ)၊ ဤ ဆိုအပ်ပြီးကား။ အဓိပ္ပါယော၊ သင်္ဂဟ အဋ္ဌကထာ ဆရာ၏ အလိုတည်း။
ဟိ၊ မှန်။ အညာထာပိ၊ ဃာန , ဇိဝှါ, ကာယ ဟူသော အခြင်းအရာမှ တပါးသော အခြင်းအရာအားဖြင့်လည်း. ဒေသိတေသု၊ ဟောတော်မူအပ်ကုန်လသော်။ စောဒေတုံ၊ စောဒနာခြင်းငှာ။ န န သက္ကာ၊ မတတ်ကောင်းသည်မဟုတ်, တတ်ကောင်းသည်သာ။ သောဓေတဗ္ဗာနိ၊ သုတ်သင်အပ်ကုန်သည်။ (ဖြေရှင်အပ်ကုန်သည်)။ သမာနာနိစ၊ ဖြစ်ပြန်ကုန်သော်လည်း။ န ဒေသေတုံ၊ မဟောခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်းကုန်။ ဣတိ၊ ဤသို့ မှတ်အပ်၏။
ဧတဿ၊ ဤမန၏။ ဂေါစရော၊ ကျက်စားရာ ဟူသော။ ဝိသယော၊ အာရုံသည်။ အတ္ထိ၊ ဣတိ၊ ကြောင့်။ သော၊ ထိုမနသည်။ ဂေါစရဝိသယော၊ မည်၏။ မနော၊ မနတည်း။ (မနာယတနတည်း)။
ပန၊ ပရိဟာရပက္ခမှတပါးစောဒကပက္ခကို ဆိုဦးအံ့။ ဧတဿ၊ ဤမန၏။ ကဿ၊ အဘယ်၏။ ဂေါစရော၊ ဟူသော။ ဝိသယော၊ သည်။ အတ္ထိ၊ နည်း။ ဣတိ၊ ဤကား အမေးတည်း။
စက္ခာဒီနံ၊ စက္ခု အစရှိကုန်သော။ ပဉ္စန္နမ္ပိ၊ ငါးပါးလုံးတို့၏လည်း။ (ဂေါစရောဝိသယော အတ္ထိ)၊ ဣတိ၊ ဤကား အဖြေတည်း။
စ၊ ဆက်။ ဝိညာဏုပ္ပတ္တိကာရဏ ဝဝတ္ထာနတောတိ ဧတေန၊ ဟူသော ဤပါဌ်ဖြင့်။ စက္ခာဒိအနန္တရံ၊ စက္ခုအစရှိသည်တို့၏ အခြားမဲ့၌။ ရူပါဒိဝစနဿ၊ ရူပါယတန အစရှိသည်ကို ဟောတော်မူခြင်း၏။ ကာရဏံ၊ အကြောင်းကို။ (သင်္ဂဟကာရော) အာဟ၊ [စက္ခုဝိညာဏ်ဖြစ်ခြင်း၏ အကြောင်းသည် စက္ခုပသာဒ ရူပါရုံတည်း။ ထို့ကြောင့် စက္ခာယတန၏ အခြားမဲ့၌ ရူပါယတနကို ဟောတော်မူ၏။ ဤသို့ စသည်ဖြင့် သိပါ။ မနောဝိညာဏ်၏ အကြောင်းသည် မနာယတနှင့် ဓမ္မာရုံတည်း။ ထိုကြောင့် မနာယတန၏ အခြားမဲ့၌ ဓမ္မာယတနကို ဟောတော်မူရသည် ဟူလို။]
ပစ္စယဘေဒေါ၊ ပစ္စယဘေဒဟူသည်။ ကမ္မာဒိဘေဒေါ၊ ကံ အစရှိသော အထူးအပြားတည်း။ [ပစ္စယ ပရိဂ္ဂဟဉာဏ် အခဏ်း၌ အဝိဇ္ဇာ, တဏှာ, ကံ, အာဟာရတို့ကို ရုပ်တရားတို့၏ အကြောင်းဟု ဆို၏။ ထို့ကြောင့် ကမ္မာဒိ၌ အာဒိဖြင့် အဝိဇ္ဇာတဏှာကို၎င်း , ကမ္မဇရုပ်တို့ ဆက်၍ တည်ဘို့ရန် အာဟာရ အကြောင်းကို၎င်း ယူပါ။]
နိရယာဒိကော၊ နိရယ အစရှိသော ဂတိသည်၎င်း။ အပဒါဒိဂတိနာနာကရဏဉ္စ၊ ထိုထိုဂတိ၌ အသီးအခြား ပြုကြောင်းဖြစ်သော အပဒ အစရှိသည်၎င်း။ ဂတိဘေဒေါ၊ ဂတိဘေဒတည်း။ ဝါ၊ ဂတိ၏ အထူးအပြားတည်း။
ဟိတ္တအဿာဒိကော၊ ဆင်, မြင်း အစရှိသော အပေါင်းသည်၎င်း။ ခတ္တိယာဒိကောစ၊ ခတ္တိယ အစရှိသော အပေါင်းသည်၎င်း။ နိကာယဘေဒေါ၊ နိကာယဘေဒတည်း။ ဝါ၊ အပေါင်း၏ အထူးအပြားတည်း။
တံတံ သတ္တသန္တာနဘေဒေါ၊ ထိုထိုသတ္တဝါတို့၏ ခန္ဓာအစဉ်အထူးအပြားသည်။ ပုဂ္ဂလဘေဒေါ၊ တည်း။ ဝါ၊ ပုဂ္ဂိုလ်တို့၏ အထူးအပြားတည်း။
စ၊ ဆက်။ စက္ခာဒီနံ၊ စက္ခု အစရှိကုန်သော။ ဝတ္ထူနံ၊ ဝတ္ထုရပ် ၅ ပါးတို့၏။ ယာ အနန္တဘေဒတာ၊ အကြင် အနန္တဘေဒတို့၏ အဖြစ်ကို။ ဝုတ္တာ၊ ဆိုအပ်ပြီ။ သော ယေဝ၊ ထို အနန္တဘေဒသည်ပင်။ ဟဒယဝတ္ထုဿစ၊ ဟဒယဝတ္ထု၏လည်း။ (မနာယတန၏ မှီရာ ဟဒယဝတ္ထု၏လည်း)။ ဘေဒေါ၊ အထူးအပြားသည်။ ဟောတိ၊ ၏။
တတော၊ ထို ဟဒယဝတ္ထု၏ အထူးအပြားအားဖြင့်၎င်း။ ဒုက္ခပ္ပဋိပဒါဒိတော၊ ဒုက္ခပဋိပဒါ အစရှိသော အားဖြင့်၎င်း။ အာရမ္မဏာဓိပတိ အာဒိဘေဒတောစ၊ အာရမ္မဏာဓိပတိ အစရှီသော အပြားအားဖြင့်၎င်း။ မနာယတနဿ၊ ၏။ အနန္တပ္ပဘေဒတာ၊ အနန္တပ္ပဘေဒ၏ အဖြစ်ကို. ယောဇေတဗ္ဗာ၊ ယှဉ်စေထိုက်၏။ [ဟဒယဝတ္ထုက အနန္တပ္ပဘေဒဖြစ်သောကြောင့် ထို၌မှီသော မနာယတနလည်း အနန္တပ္ပဘေဒဖြစ်ရသည်။ ဈာန်မနတို့၌ကား ဒုက္ခပ္ပဋိပဒါစသော ပဘေဒကြောင့် အနန္တပ္ပဘေဒဖြစ်ရသည်။]
ဣမသ္မိံ သုတ္တန္တဘာဇနီယေ၊ ဤ သုတ္တန္တ ဘာဇနီယနည်း၌။ ဝိပဿနာ၊ ဝိပဿနာကို။ ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။ ("စက္ခုံ အနိစ္စံ အဒုက္ခံ အနတ္တာ ဝိပရိဏာပဓမ္မံ" စသည်ဖြင့် ဟောတော်မူအပ်ပြီ။ ပါဠိတော်ကို ကြည့်ပါ။) ဣတိ၊ ကြောင့်။ ဝိပဿနုပဂမနံ၊ ဝိပဿနာ၏ အဖြစ်သို့ ကပ်ရောက်သော။ ဝိညာဏံစ၊ မနောဝိညာဏ်ကိုလည်း။ ဂဟေတွာ၊ ယူ၍။ မနာယတနဿ၊ ၏။ ဧကာသီတိ ပဘေဒတာ၊ ၈၁ ပါး အပြားရှိသည်၏အဖြစ်ကို။ နိဒ္ဒေသဝသေန၊ အကျဉ်းအကျယ်ကို ညွန်ပြခြင်း၏ အစွမ်းဖြင့်။ ဝါ၊ ညွှန်ပြအပ်သော အကျဉ်းအကျယ်၏ အပြားအားဖြင့်။ ဝုတ္တာ၊ ပြီ။
နီလံ၊ ညိုသော ရူပါရုံသည်။ နီလဿေဝ၊ ညိုသော ရူပါရုံ၏သာ။ ဘဘာဂံ၊ သဘာဂဖြစ်၏။ အညံ၊ နီလရူပါရုံမှတပါးသော ပီတ အစရှိသော ရူပါရုံသည်။ ဝိသဘာဂံ၊ ဝိသဘာဂဖြစ်၏။ ဧဝံ၊ ဤအတူ။ ကုသလသမုဋ္ဌာနာဒိဘေဒေသု၊ ကုသလသမုဋ္ဌာန် အစရှိသော အပြားတို့၌။ ယောဇေတဗ္ဗံ၊ ၏။ [ကုသိုလ်ကြောင့်ဖြစ်သော ရူပါရုံသည် အခြားကုသိုလ်ကြောင့် ဖြစ်သော ရူပါရုံ၏ သဘာဂဖြစ်၏။ အကုသိုလ်ကြောင့်ဖြစ်သော ရူပါရုံ၏ ဝိသဘာဂဖြစ်၏။ ဤသို့ စသည်ဖြင့် သိပါ။]
တေဘူမကဓမ္မာရမ္မဏဝသေနာတိ ဣဒံ၊ ဟူသော ဤစကားကို။ (ဝုတ္တံ ၌စပ်)။ ပုဗ္ဗေ၊ ရှေ့၌။ ဝုတ္တံ၊ ဆိုအပ်ပြီးသော။ စက္ခာဒိဝဇ္ဇံ၊ စက္ခု အစရှိသည်တို့သည် ကြဉ်အပ်သော။ ဓမ္မာရမ္မဏံ၊ ဓမ္မာရုံကို။ သန္ဓာယ၊ ၍။ (သင်္ဂဟကာရေန) ဝုတ္တံ၊ [ဓမ္မာရုံဟု ဆိုဒရာ၌ ပသာဒရုပ်များလည်း ပါ၏ ၊ စိတ်လည်း ပါ၏။ ဤ ဓမ္မာယတန၏ ပရိယာယ်ဖြစ်သော ဓမ္မာရုံဟူရာ၌ကား ရှေး၌ ဆိုအပ်ပြီးသော စက္ခု စသော ပသာဒ မနာယတနတို့ကို ကြဉ်ပါ ဟူလို။]
သပ္ပရိပ္ဖန္နကိရိယာဝသေန၊ လှုပ်ရှားခြင်းနှင့်တကွ ဖြစ်သော အမူအရာ၏ အစွမ်းဖြင့်။ ဤဟနံ၊ အားထုတ်ခြင်းသည်။ ဤဟာ၊ ဤဟာ မည်၏။
စိန္တနဝသေန၊ ကြံစည်ခြင်း၏ အစွမ်းဖြင့်။ (စဉ်းစားခြင်း၏ အစွမ်းဖြင့် စိတ်ကူးခင်း၏ အစွမ်းဖြင့်)။ ဗျာပါရကရဏံ၊ အကြောင်းကြဗျာပါရကို ပြုခြင်းသည်။ ဗျာပါရော၊ ဗျာပါရမည်၏။
တတ္ထ၊ ထို ဤဟာဗျာပါရတို့တွင်။ ဗျာပါရံ၊ ဗျာပါရဖြစ်ပုံကို။ ဒဿေန္တော၊ ပြလိုသည်၏ အဖြစ်ကြောင့်။ န ဟိ စက္ခုရူပါဒီနံ ဧဝံ ဟောတီတိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊
ဤဟံ၊ ဤဟာဖြစ်ပုံကို။ ဒဿေန္တော, န စ တာနီတိ အာဒိ၊ အစရှိသော။ (ယံ ဝစနံ အတ္ထိ။ တံ ဝစနံ သင်္ဂဟကာရော) အာဟ၊
ပန၊ ဆက်။ ဥဘယမ္ပိ၊ ၂ မျိုးလုံးသည်လည်း။ ဤဟာစ၊ ဤဟာသည်လည်း။ ဟောတိ၊ မဖြစ်နိုင်၏။ ဗျာပါရာစေ၊ ဗျာပါရသည်လည်း။ ဟောတိ၊ ဖြစ်နိုင်၏။ ဣတိ၊ ကြောင့်။ ဥပ္ပဋိပါဋိဝစနံ၊ အစဉ်မဟုတ်ဘဲ ဆိုခြင်းသည်။ (ဟောတိ)၊
ဓမ္မတာဝါတိ၊ ကား။ သဘာဝေါဝ၊ သဘောတံထွာသာတည်း။ (ထုံးစံသာ တည်း)။ ဝါ၊ တနည်း။ ကာရဏသမတ္ထတာ၊ ဝတ္ထုအာရုံတို့၏ အကြောင်း၏ အဖြစ်ဖြင့် စွမ်းနိုင်သည်၏ အဖြစ်သည်။ (ဓမ္မတာ၊ ဓမ္မာတာမည်၏)။
ဤဟာဗျာပါရ ရဟိတာနံ၊ လုံ့လကြောင့်ကြ ဗျာပါရ မှ ကင်းကုန်သော ဝတ္ထုအာရုံတို့၏။ ဒွါရာဒိဘာဝေါ၊ ဒွါရအစရှိသည်တို့၏ အဖြစ်နိုင်ခြင်းသည်။ (ဒွါရ, ဝတ္ထု, အာရုံတို့၏ ဖြစ်နိုင်ခြင်းသည်)။ ဓမ္မတာ၊ မည်၏။
စ၊ ဆက်။ ဣမသ္မိံ အတ္ထေ၊ ဤ ကာရဏ သမတ္ထတာ ဟူသော အနက်၌။ ယန္တိဧတဿ၊ ယံ ဟူသော ဤပုဒ်၏။ ယသ္မာတိ အတ္ထော၊ ယသ္မာ ဟူသော အနက်သည်။ (ဟောတိ)၊

ပုရိမသ္မိံ (အတ္ထေ)၊ သဘာဝေါဝ ဟူသော ရှေးအနက်၌။ ယံ သဒ္ဒေါ၊ သည်။ သမ္ဘဝနဝိသေသနံ၊ သမ္ဘဝနကြိယာ၏ ဝိသေသနတည်း။

ဥပ္ပဋိပါဋိဝစနံ။ ။ခေါင်းစဉ်တုန်းက ဤဟာသည် ရွှေ ဗျာပါရသည် နောက်တည်း အကျယ်ပြသောအခါ အဋ္ဌကထာ၌ “န ဟိ စက္ခုရူပါနံ။ပေ။ဥပ္ပဇ္ဇေယျာတိ”ဟုဗျာပါရဖြစ်ပုံ ကို ရွှေထား၍ “န စတာနိ ဝိညာဏပ္ပါးနတ္ထံ။ပေ။ဤန္တိ”ဟု ဤဟာဖြစ်ပုံကို နောက်မှပြ ထား၏၊ ထိုသို့ ရွှေနောက်ပြောင်း၍ ပြခြင်းသည် ဤဟာနှင့် ဗျာပါရတို့၏ ပရိယာယ်ဖြစ် ကြောင်းကို သိစေလိုသောကြောင့်တည်း။

ဓမ္မတာဝ။ ။“သဘာဝေါဝ”ဟု ပဌမဖွင့်၏၊ “ကာရဏသမတ္ထတာ ဝါ”ဟု ဒုတိယဖွင့်၏၊ [ကာရဏသမတ္ထတာတိ ကာရဏဘူတာ သမတ္တတာ ပစ္စယဘာဝေါ၊...အနု။] ထိုကာရဏ- သမတ္ထတာကိုပင်“ဤဟာဗျာပါရရဟိတာနံ ဒါရာဘဝေါ”ဟု ထပ်ဖွင့်သည်။ [ဤဟာ- တိအာဒိ ကမ္ဘိဒရဏံ။--မယ္။ ] ထို ့ကြောင့်“ဣမသ္မိံ အစ္ဆေ”အရ ကာရဏသမတ္တာအနက်ကို ယူ၍ ပုရိမသ္မိံ (အစ္ဆေ)အရ သဘာဝေါဝဟူသော အနက်ကိုယူပါးယံကို သမ္ဗန္တိကြိယာ နှင့် တွဲ၍ပေးရသောကြောင့် “သမ္ဘဝနဝိသေသန”ဟု ဆိုသည်၊ ရိုးရာအားဖြင့် ကြိယာရာ- မသနပင်တည်း ။

သုညော ဂါမောတိ ခေါ ဘိက္ခဝေ ဆန္နေတံ အဇ္ဈတ္တိကာနံ အာယတနာနံ အဓိဝစနန္တိ၊ ဟူ၍။ ဝစနတော၊ ဟောတော်မူခြင်းကြောင့်။ (သဠာယတန သံယုတ်, အာသီဝိသဝဂ်, အာသီဝိသောပမသုတ်၌ ဟောတော်မူခြင်းကြောင့်)။ သုညော ဂါမော ဝိယ၊ လူတို့မှ ကင်းဆိတ်သော ရွာပျက်ကြီးကိုကဲ့သို့။ ဒဋ္ဌဗ္ဗာနိ၊ ရှုမှတ်ထိုက်ကုန်၏။ [ဘိက္ခဝေ၊ ဘိက္ခုတို့။ သုညော ဂါမောတိ၊ ဟူသော။ ဧတံ၊ ဤအမည်သည်။ ဆန္နံ၊ ၆ ပါးကုန်သော။ အဇ္ဈတ္တိကာနံ၊ အဇ္ဈတ္တိကဖြစ်ကုန်သော။ အာယတနာနံ၊ တို့၏။ အဓိဝစနံ၊ အမည်တည်း။] ["ဂဟိတေ ဟိ" ဟု တိပါလျှင် ကောင်း၏။ မပါလျှင် ထည့်ပေး။]
ဟိ၊ မှန်။ အန္နပါနသမောဟိတန္တိ၊ အစားအသောက်တို့နှင့် ပြည့်စုံ၏ ဟူ၍။ ဂဟိတေ၊ မှတ်ယူအပ်သော။ ဝါ၊ ထင်မှတ်အပ်သော။ သုညဂါမေ၊ လူတို့မှ ကင်းဆိတ်သော ရွာ၌။ ယညဒေဝဘာဇနံ၊ အကြင်အကြင်အိုးခွက်ကိုပင်။ ပရာမသီယတိ၊ သုံးသပ်အပ်၏။ (ဖွင့်ကြည့်အပ်၏)။ တံတံ၊ ထိုထိုအိုးခွက်ကို။ ရိတ္တကံယေဝ၊ စားသောက်ဖွယ်မှ ကင်းဆိတ်သည်ကိုသာ။ ပရာမသီယတိ၊ ၏။ ဧဝံ၊ တူ။ ဓုဝါဒိဘာဝေန၊ ဓုဝ အစရှိသည်တို့၏ အဖြစ်ဖြင့်။ ဂဟိတာနိ၊ ယူအပ်ကုန်သည်။ ဥပပရိက္ခိယမာနာနိ၊ ဉာဏ်ဖြင့် စူးစမ်းအပ်ကုန်သည်။ (သမာနာနိ၊ ဖြစ်ကုန်လသော်)။ ရိတ္တကာနေဝ၊ ဓုဝစသည်တို့မှ အချည်းနှီးကင်းဆိတ်သည်သာလျှင်ဖြစ်ကုန်သော။ ဧတာနိ၊ ဤ အဇ္ဈတ္တိကာယတနတို့ကို။ ဒိဿန္တိ၊ ရှုမြင်အပ်ကုန်၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။
စက္ခာဒိဒွါရေသု၊ စက္ခု အစရှိသော ဒွါရတို့၌။ အဘိဇ္ဈာဒေါမနဿုပ္ပါဒကဘာဝေန၊ အဘိဇ္ဈာဒေါမနဿကိုဖြစ်စေတတ်ကုန်သည်၏ အဖြစ်ကြောင့်။ ရူပါဒီနိ၊ ရူပါရုံ အစရှိသည်တို့ကို။ (ဝုတ္တာနိ ၏ ကံ ) (တနည်း) ရူပါဒီနိ၊ ရူပါရုံ အစရှိသည်တို့သည်။ (အဘိဃာတကာနိ၏ ကတ္တား) စက္ခာဒီနံ၊ စက္ခုပသာဒ အစရှိသည်တို့ကို။ အဘိဃာတကာနိ၊ ဖိသတ်တတ်ကုန်၏။ ဣတိ၊ သို့။ (သင်္ဂဟကာရေန) ဝုတ္တာနိ၊
အဟိသုသုမာရပက္ခိကုက္ကုရသိင်္ဂါလမက္ကဋာ၊ မြွေ, မိကျောင်း, ငှက်, အိမ်ခွေး, တောခွေး, မျောက်တို့သည်။ ဆ၊ ၆ ကောင်ကုန်သော။ ပါဏတာ၊ သတ္တဝါတို့တည်း။
ဝိသမဗိလာကာသ ဂါမသုသာနဝနာနိ၊ မညီမညွတ် ရှုပ်ထွေးသော အရပ်, အတွင်းအရပ်, ကောင်းကင်အရပ်, သုသာန် အရပ်, တော အရပ်တို့သည်။ တေသံ၊ ထို ၆ ကောင်သော သတ္တဝါတို့၏။ ဂေါစရော၊ ကျက်စားရာ အရပ်တို့တည်း။
တတ္ထ၊ ထို အဋ္ဌကထာ၌။ **တေသံ ဂေါစရော**။ ။ အဟိသည် ဝိသမ (မညီမညွတ်ရှုတ်ထွေးသော) အရပ်၌, သုသုမာရသည် ဗိလ( တွင်း) အရပ်၌, ပက္ခီ သည် အာကာသ - ကောင်းကင်အရပ်၌, ကုက္ကုရသည် ဂါမ- ရွာအရပ်၌၊ သိင်္ဂါလသည် သုသာန- သုသာန်အရပ်၌, မက္ကဋသည် ဝန- တောအရပ်၌ ကျက်စား၏။ အဓိပ္ပာယ်အကျယ်ကို အဋ္ဌသာလိနီ ရူပကဏ္ဍ ဒုကနိဒ္ဒေသ ၌ ရှုပါ။ [တတ္ထာတိ အဋ္ထကထာယံ ။ မဓု။ ရှေးနိဿယ၌ "တတ္ထ, ထို ဗာဟိရယတနတို့၌" ဟု ပေး၏။] ဝိသမာဒိအဇ္ဈာသယေဟိ၊ ဝိသမ အစရှိသော အရပ်၌ အလိုဆန္ဒရှိသကဲ့သို့ ဖြစ်ကုန်သော။ ဝိသမဘာဝဗိလာကာသ ဂါမသုသာန သန္နိဿိတ သဒိသုပါဒိန္န ဓမ္မဝနဘာဝေတိ၊ မညီမညွတ်သည်၏ အဖြစ် ဟူသော အရပ်၌ မှီသော မြွေ, တွင်းအရပ်၌ မှီသော မိကျောင်း, ကောင်းကင်အရပ်၌ မှီသော ငှက်, ရွာအရပ်၌ မှီသော အိမ်ခွေး, သုသာန်အရပ်၌ မှီသော တောခွေးတိုနှင့် တူသော စက္ခု အစရှီသော ဥပါဒိန္န တရား တော၌ အလိုဆန္ဒရှိသော မျောက်နှင့်တူသော စိတ်ဟူကုန်သော။ စက္ခာဒီဟိ၊ စက္ခု အစရှိသော အဇ္ဈတ္တိကာယတနတို့သည်။ အဘိရမိတတ္တာ၊ အလွန်မေ့လျော်အပ်ကုန်သည် ၏အဖြစ်ကြောင့်။ ရူပါဒီနမ္ပိ၊ ရူပါရုံ အစရှိသော ဗာဟိရာယတနတို့၏လည်း။ ဝိသမာဒိသဒိသတာ၊ ဝိသမ အစရှိသည်တို့နှင့် တူကုန်သည်၏ အဖြစ်ကို။ ယောဇေတဗ္ဗာ၊ ယှဉ်စေထိုက်ကုန်၏။
ဟုတွာ အဘာဝဋ္ဌေနာတိ ဣဒံ၊ ဟူသော ဤစကားကို။ (ဣမဿ၊ ဤ အကြောင်း၏။ ဝါ၊ က)။ ဣတရေသံ၊ ဟုတွာ အဘာဝဋ္ဌမှ တပါးကုန်သော။ စတုန္နံ၊ လေးပါးကုန်သော ။ အာကာရာနံ၊ အခြင်းအရာတို့ကို။ (ဥပ္ပါဒဝယဝန္တတော စသော အခြင်းအရာတို့ကို)။ သင်္ဂါဟကတ္တာ၊ သိမ်းယူနိုင်သည်၏ အဖြစ်ကြောင့်။ ဝိသုံ၊ သီးခြား။ ဝုတ္တံ၊
ဟိ၊ မှန်။ (တနည်း ကသ္မာ၊ ကြောင့်။ ဟုတွာ အဘာဝဋ္ဌေနာတိ ဣဒံ၊ ဟူသော ဤစကားသည်။ ဣတရေသံ၊ ကုန်သော။ စတုန္နံ၊ ကုန်သော။ အာကာရာနံ၊ တို့ကို။ သင်္ဂါဟကံ၊ သိမ်းယူတတ်၏။ ဣတိ, ဝိညာယတိ၊ နည်း)။ ဟိ (ယသ္မာ)၊ ကြောင့်။ ဟုတွာ အဘာဝါကာရောဧဝ၊ ဖြစ်ပြီး၍ မရှိခြင်း ဟူသော အခြင်းအရာသည်ပင်။ ဥပ္ပါဒဝယတ္တာကာရာဒယော၊ ဖြစ်ခြင်း ပျက်ခြင်း၏ အဖြစ်ဟူသော အခြင်းအရာ အစရှိသည်တို့ပင်တည်း။ ဣတိ၊ ကြောင့်။ (ဟုတွာ အဘာဝဋ္ဌောနာတိ ဣဒံ ဣတရေသံ စတုန္နံ အာကာရာနံ သင်္ဂါဟကံ။ ဣတိ, ဝိညာယတိ ၊ ၏)။
တတ္ထ၊ ထို ဟုတွာ အဘာဝဗဋ္ဌနဟူသော ပါဌ်၌။ ဟုတွာတိ ဧတေန၊ ဟူသော ဤပါဌ်ဖြင့်။ ပုရိမန္တ ဝိဝိတ္တတာပုဗ္ဗကံ၊ မဥပါဒ်မီ ရှေ့၌ဖြစ်သော အပိုင်းအခြားအားဖြင့် ကင်းဆိတ်သသည်၏ အဖြစ်လျှင် ရှေ့သွားရှိသော။ [မဥပါဒ်မီ ရှေ့၌ ဘာမျှမရှိခြင်းလျှင် ရှေ့သွားရှိသော ဟူလို။] မဇ္ဈေ၊ အလယ်၌။ ဝိဇ္ဇမာနတံ၊ ထင်ရှားရှိသည်၏ ဖြစ်ကို။ ဒဿေတိ၊ ၏။ တံ၊ ထို ဟုတွာ ဟူသော ပုဒ်ကို။ ဝတွာ၊ ဆိုပြီး၍။ **ဝိသမ ။ပေ။ ဝနအာဝေဟိ**။ ။ "ဝိသမဘာဝ၊ မညီမညွတ်သည်၏ အဖြစ်" ဟူသည် မညီမညွတ် ရှုပ်ထွေးသော အရပ်တည်။ ထို့ကြောင့် မဓု၌ "ဝိသဘမဘာဝေါနာမ ဝိသမ ဋ္ဌာနံ" ဟု ဖွင့်သည်။ သန္နိဿိတသဒိသုပါဒိန္နဓမ္မကို ဝိသဘဘာဝ စသော ရှေ့ပုဒ်တို့နှင့်တွဲပါ။ ဥပါဒိန္နဓမ္မဟူသည် စက္ခု အစရှိသော ကမ္မဇရုပ်များပင်တည်း။ ဝနဘာဝ၌ ဘာဝကား အလိုဆန္ဒ အနက်ဟောတည်း။ တော၌ အလိုဆန္ဒရှိသော မျောက်နှင့်တူသော မနာယတနကို "ဝနဘာဝ" ဟု ဆိုသည်။ အဘာဝဝစနေန၊ အဘာဝပုဒ်ကို ဆိုခြင်းဖြင့်။ မဇ္ဈေ၊ အလယ်၌။ ဝိဇ္ဇမာနတာပုဗ္ဗကံ၊ ထင်ရှားရှိသည်၏ အဖြစ်ဟူသော ရှေ့သွားရှိသော။ အပရန္တေ၊ သင်၏ နောက်ဖြစ်သော အပိုင်းအခြား၌။ အဝိဇ္ဇမာနတံ၊ ထင်ရှားမရှိတော့သည် ၏ အဖြစ်ကို။ (ဒဿေတိ_၊ [ဥပါဒ်, ဌီ, ဘင်ဟူသော အလယ်အခိုက်အတန့်၌ကား ထင်ရှားရှိ၍ ထိုမှ နောက်အပိုင်းအခြား၌ မရှိတော့ ဟူလို။] ဥဘယေနပိ၊ ဟုတွာ အဘာဝ ဟူသော ၂ ပါးစုံဖြင့်လည်း။ သဒါ၊ အခါခပ်သိမ်း။ အဘာဝေါ၊ ထင်ရှားမရှိခြင်းသည်။ အနိစ္စလက္ခဏံ၊ အနိစ္စ၏ အမှတ်အသားတည်း။ ဣတိ၊ ဤအနက်ကို။ ဒဿေတိ၊
သဘာဝဝိဇဟနံ၊ ပင်ကိုယ်သဘောကို စွန့်ခြင်းသည်။ ဝိပရိဏာမော၊ ဝိပရိဏာမမည်၏။ ဝါ၊ တနည်း။ ဇရာဘင်္ဂေဟိ၊ ရင်ခြင်း ပျက်ခြင်းတို့ဖြင့်။ ပရိဝတ္တနံ၊ ပြောင်းလွှဲခြင်းသည်။ (ဝိပရိဏာမော၊ ၏)။ ဝါ၊ တနည်း။ သန္တာနဝိကာရာပတ္တိ၊ အစဉ်သန္တာန်၏ ဖောက်ပြန်ခြင်းသို့ ရောက်ခြင်းသည်။ (ဝိပရိဏာမော၊ ၏)။
သဒါ၊ အခါခပ်သိမ်း။ အဘာဝေပိ၊ ထင်ရှားမရှိပါသော်လည်း။ စိရဋ္ဌာနံ၊ ကြာမြင့်စွာ တည်တံ့ခြင်းသည်။ သိယာ၊ ဖြစ်ရာသေး၏။ ဣတိ၊ ဤသို့ ယူဆဘွယ်ရှိသောကြောင့်။ တံ နိဝါရဏတ္ထံ၊ ထို ကြာမြင့်စွာ တည်ခြင်းကို တားမြစ်ခြင်းအကျိုးငှာ။ တာဝကာလိကတောတိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊
ဥပ္ပါဒဝယညထတ္တရဟိတံ၊ ဖြစ်ခြင်း ဥပါဒ်, ပျက်ခြင်းဘင်, အဖြစ်အပျက်မှတပါးသော အပြား၏ အဖြစ်ဟူသော ဌီမှ ကင်းသော တရားသည်။ နိစ္စံ၊ နိစ္စတည်း။ ဣတရထာ၊ တပါးသော အပြားအားဖြင့် ဖြစ်သော တရားသည်။ (နိစ္စံ၊ သည်)။ န၊ မဟုတ်။ ဣတိ၊ ကြောင့်။ နိစ္စပဋိက္ခေပတော၊ နိစ္စကို ပယ်မြစ်ခြင်းကြောင့်။ အနိစ္စံ၊ အနိစ္စတည်း။ နိစ္စပဋိပက္ခတော၊ နိစ္စ၏ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်။ (အနိစ္စံ) ဣတိ (အယံ)၊ ဤ ဆိုအပ်ပြီးသော။ အဓိပ္ပါယော၊ သင်္ဂဟအဋ္ထကထာဆရာ၏ အလိုတည်း။ ["ပဋိက္ခေပတော" ဟု စကားသုံးစွဲသော်လည်း "ပဋိပက္ခတော" ဟု ဆိုလိုသည် ဟူလို။]
ဇာတိဓမ္မတာဒီဟိ၊ ဖြစ်ခြင်း သဘောရှိသည်၏ အဖြစ် အစရှိသည်တို့ကြောင့်။ [အာဒိဖြင့် ဇရာဓမ္မာတာ ဗျာဓိဓမ္မတာ မရဏဓမ္မတာ ဟူသော သဘာဝတို့ကို ယူပါ။] အနိဋ္ဌတာ၊ အနိဋ္ဌ၏ အဖြစ်သည်။ ပဋိပီဠနံ၊ နှိပ်စက်အပ်သည်၏ အဖြစ်တည်း။
စ၊ သည်သာမကသေး။ ပဋိပီဠနဋ္ဌေနာတိ (ပဒဿ)၊ ဟူသော ပုဒ်၏။ ယဿ၊ အကြင် ပုဂ္ဂိုလ်၏ သန္တာန်၌။ တံ၊ ထို ဒုက္ခသည်။ ပဝတ္တတိ၊ ဖြစ်၏။ တံ ပုဂ္ဂလံ၊ ထို ဒုက္ခဖြစ်ရာ ပုဂ္ဂိုလ်ကို။ ပဋိပီဠနတော၊ နှိပ်စက်တတ်သည်၏ အဖြစ်ကြောင့်။ ("ဒုက္ခံ" ၌စပ်။) ဝါ၊ တနည်း။ သယံ၊ မိမိဟူသော ဒုက္ခကိုယ်တိုင်။ ဇရာ ဒီဟိ၊ ဇရာ အစရှိသည်တို့သည်။ ပဋိပီဠနတ္တာ၊ နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်။ (ဒုက္ခံ)၊ ဣတိ (အယံ)၊ ကား။ အတ္ထော၊ တည်း။

ပရိတ္တဋ္ဌိတိကဿပိ၊ နည်းငယ်တိုလျသော တည်ခြင်းရှိသော ဒုက္ခ၏လည်း။ အတ္တနော၊ မိမိ၏။ ဝိဇ္ဇမာနက္ခဏေ၊ ထင်ရှားရှိဆဲခဏ၌။ ဥပ္ပါဒါဒီဟိ၊ ဖြစ်ခြင်းအစရှိသည်တို့သည်။ [အာဒိဖြင့် ဌိတိ ဘင်တို့ကိုယူ။] အဘိဏှံ၊ မပြတ်။ သမ္ပဋိပီဠနတ္တာ၊ ပြင်းစွာ နှိပ်စက်အပ်သည်၏ အဖြစ်ဟူသော ။ အဘိဏှသမ္ပဋိပီဠနတော၊ အဘိဏှ သမ္ပဋိပီဠနဟိတ်ကြောင့်၎င်း။ [အဋ္ဌကထာဝယ် ဣတိ ၌စပ်။] ဣတိ၊ သို့။ ပုရိမံ၊ သော။ သာမညလက္ခဏံ၊ ပဋိပီဠနဋ္ဌေန ဟူသော သာမညလက္ခဏာကို။ ဝိသေသေတွာ၊ အဘိဏှပုဒ်ဖြင့် အထူးပြု၍။ (သင်္ဂဟကာရော) ဝဒတိ၊

ပုဂ္ဂလဿ၊ ဒုက္ခကိန်းရာ ပုဂ္ဂိုလ်ကို။ ပီဠနတော၊ နှိပ်စက်ခြင်းကြောင့်။ ဒုက္ခမံ၊ ခဲယဉ်းသဖြင့် ခံအပ်၏။

ဝါ၊ မခံနိုင်။ သုခပဋိပက္ခဘာဝတော၊ သုခ၏ ဆန့်ကျင်ဘက်၏အဖြစ်ကြောင့်။ ဒုက္ခံ၊ သည်။ သုခံ၊ ကို။ ပဋိက္ခိပတိ၊ ပယ်တတ်၏။ နိဝါရေတိ၊ တားမြစ်တတ်၏။ ဝါ၊ တနည်း။ ဒုက္ခဝစနံ၊ ဒုက္ခဟု ဟောတော်မူအပ်သော စကားတော်သည်။ အတ္ထတော၊ အနက်အဓိပ္ပါယ်အားဖြင့်။ သုခံ၊ ကို။ ပဋိက္ခိပတိ၊ ပယ်တတ်၏။ ဣတိ၊ ကြောင့်။ သုခပဋိက္ခေပတောတိ၊ ဟူ၍။ အာဟ၊

ဧတဿ၊ ထို စက္ခု၏။ ဝသဝတ္တနတော၊ အလို၌ဖြစ်စေနိုင်သော အတ္တသည်။ ဝါ၊ အလိုသို့ လိုက်စေနိုင်သော အတ္တသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ကြောင့်။ (တံ၊ ထို စက္ခုသည်)။ အဝသဝတ္ထနကံ၊ သည်။ ဣဒံပိ၊ ဤ စက္ခုသည်လည်း။ ဝါ၊ ဤ စက္ခု ကိုယ်တိုင်လည်း။ ဝသဝတ္တနကံ၊ သည်။ ဝါ၊ သည်။ န၊ မဟုတ်။ ဣတိ၊ ကြောင့်။ အဝသဝတ္တနကံ၊ မည်၏။ [ဤအဓိပ္ပါယ်ကို အဋ္ဌကထာ ဘာသာဋီကာ နိဿယ၌ ရေးထားပြီ။]

ဝါ၊ တနည်း။ အတ္တနော၊ မိမိ၏။ [နိယကဇ္ဈာတ္တဟူသော မိမိခန္ဓာကိုယ်တခုလုံး၏။] ပရသ္မိံ၊ သူတပါး၌၎င်း။ ဝါ၊ သူတပါး အပေါ်၌၎င်း။ ပရဿ၊ သူတပါး၏။ အတ္တနိစ၊ မိိမိ၌၎င်း။ ဝါ၊ မိမိအပေါ်၌၎င်း။ ဝသဝတ္တနဘာဝေါ၊ အလို၌ ဖြစ်စေနိုင်သည်၏ အဖြစ်သည်။ ဝါ၊ အလိုသို့ လိုက်စေနိုင်သည်၏ အဖြစ်သည်။ ဝသဝတ္တနကံ၊ မည်၏။ [ဤနည်းအလို ဘာဝအနက်၌ က ပစ္စည်းသက်။] ဧတဿ၊ ဤ စက္ခု၏။ တံ၊ ထို ဝသဝတ္ထုနက အတ္တသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ကြောင့်။ (တံ စက္ခု၊ သည်)။ အဝသဝတ္တနကံ၊ မည်၏။ **အတ္တနော။ပေ။ဝသဝတ္တနကံ**။ ။“သူတပါးအပေါ်၌ မိမိအလိုကို လိုက်စေနိုင်သော စက္ခုဖြစ်ကြောင်းဖြစ်ရာ”ဟူသည် မဟာဗြဟ္မာ ဘုရားကဲ့သို့ သူတပါးအပေါ်၌ မိမိအလိုကို ဖြစ်စေနိုင်၏ဟု ယူဆရသော အတ္တတည်း၊ ထိုအတ္တမျိုးမရှိခြင်း ထို အတ္တမျိုးမဟုတ်ခြင်းကို “အဝသဝတ္တနက”ဟု ဆိုသည်။ (တနည်း) သူတပါးက မိမိအပေါ်၌ သူ ့အလိုအတိုင်း ဖြစ်စေနိုင်သည်၏ အဖြစ်ဟူသော သတ္တိသည် ဝသဝက္ကနက မည်၏။ ထိုသို့ သတ္တိမရှိသော စက္ခုကို “အဝသဝတ္တနက”ဟု ဆိုသည်။ အတ္တနောတိ နိယကဇ္ဈတ္တံ သဌာယ ဝ၀တိ၊ ပရသ္မိံ တတော အညသ္မိံ။’အနု။] အဝသဝတ္တနကဿ၊ ဝသဝတ္တနက အတ္တမရှိသော စက္ခု၏။ ဝါ၊ ဝသဝတ္တနအတ္တမဟုတ်သော စက္ခု၏။ အတ္ထော သဘာဝေါ၊ သဘောတည်း။ [အတ္ထသဒ္ဒါ သဘာဝ အနက် ဟောတည်း။] အဝသဝတ္တနကဋ္ဌော၊ ဝသဝတ္တနက အတ္တမရှိသော စက္ခု၏ သဘော။ ဝါ၊ ဝသဝတ္တနကအတ္တမဟုတ်သော စက္ခု၏ သဘော။ ဝါ၊ တနည်း။ အဝသဝတ္တနကော၊ ဝသဝတ္တနကအတ္တမရှိသော။ ဝါ၊ ဝသဝတ္တနက အတ္တမဟုတ်သော။ အတ္ထော သဘာဝေါ၊ တည်း။ အဝသဝတ္တနကဋ္ဌော၊ ဝသဝတ္တနကအတ္တမရှိသော သဘော။ ဝါ၊ ဝသဝတ္တနကအတ္တမဟုတ်သော သဘော။ စ၊ ဆက်။ ဣဒံ၊ ဤ အဝသဝတ္တနလက္ခဏာသည်။ သာမညလက္ခဏံ၊ သာမညလက္ခဏာတည်း။

တေနာတိ၊ ကား။ (တံ စက္ခု၊ သည်)။ ပရဿ၊ သူတပါး၏။ အတ္တနိ၊ မိမိ၌။ ဝါ၊ မိမိအပေါ်၌။ ဝသဝတ္တနာကာရေန၊ အလို၌ဖြစ်စေနိုင်ခြင်း ဟူသော အခြင်းအရာမှ။ ဝါ၊ အလိုသို့ လိက်စေနိုင်ခြင်းဟူသော အခြင်းအရာမှ။ သုညံ၊ ကင်းဆိတ်၏။
စ၊ ဆက်။ ဣမသ္မိံ အတ္ထေ၊ တေန သုညံ ဟူသော ဤအနက်။ အဿာမိကတောတိ၊ ဟူသော ပုဒ်သည်။ သုညတောတိ ဧတဿေဝ၊ သုညတော ဟူသော ဤပုဒ်၏သာ။ ဝိသေသနံ၊ ဝိသေသနတည်း။

အထဝါ၊ ထို့ပြင် တနည်းကား။ ယသ္မာ ဝါ ဧတံ ။ပေ။ မာ ပါပုဏာတူတိ၊ ဟူ၍။ ဧဝံ၊ သို့။ စိန္တယမာနဿ၊ ကြံစည်သော။ ကဿစိ၊ တစုံတယောက်သော ပုဂ္ဂိုလ်၏။ တီသု၊ ၃ ပါးကုန်သော။ ဌာနေသု၊ ဥပါဒ်, ဌီ, ဘင်ဟူသော ဌာနတို့၌။ ဝသဝတ္တနဘာဝေါ၊ အလို့၌ဖြစ်စေနိုင်သည်၏အဖြစ်ဟူသော သတ္တိသည်။ ဝါ၊ အလိုသို့ လိုက်စေနိုင်သည်၏ အဖြစ်ဟူသော သတ္တိသည်။ နတ္ထိ၊ မရှိ။

တေနာတိ။ပေ။သုညံ။ ။ဝသဝတ္တနာကာရကို ပြရာ၌ “အတ္တနော ပရသို့”ဟု၎င်း, “ပရဿ စ အတ္တနိ”ဟု၎င်း ၂နည်း ပြခဲ့၏။ ထို ၂-နည်းတွင် “ပရဿ စ အတ္တန်”ဟူသော နောက်နည်းကို ရည်ရွယ်၍ “ပရဿ အတ္တနိ ဝသဝတ္တနာကာရေန သုညီ”ဟု ဖွင့်သည်။ ဤနည်းအလို “သူတပါးက မိမိအပေါ်၌ အလိုကိုလိုက်စေနိုင်သော အခြင်းအရာမှ ကင်း ဆိတ်၏။ ဝါ၊ အလိုကိုလိုက်စေနိုင်သော အတ္တမရှိ”ဟု အဓိပ္ပါယ်ရသောကြောင့် “အထာ- မိက ၊ အရှင်သခင်မရှိ”ဟု အဓိပ္ပါယ်ကျရောက်ရကား အာမိကတောကို သုညတော၏ “ဝိသေသန”ဟု ဆိုသည်။ “သာမီယေဝ သာမိကော”။

အထဝါ။ ။“အတ္တနော ပရသို့“ပရသာ အတ္တနိ”ဟု ၂-မျိုး ပြခဲ့ရာဝယ် ပရဿ အတ္တနိ အတွက် ဝသဝတ္တနာကာရမှ ကင်းဆိတ်ပုံပြပြီး၍ အတ္တနော ပရသို့“အတွက် ဝသဝတ္တနာ” ကာရံမှ ကင်းဆိတ်ပုံကိုပြလိုသောကြောင့် အထဝါ စသည်မိန့်။ အနုကျမ်းတက် ဤနည်း၌ ကား ဖြစ်ပြီးသော စက္ကူသည် ရှိသို့ မရောက်ပါစေလင့် ဟု၎င်း, ရင့်ပြီးဖြစ်သော် မပျက်ပါ စေလင့်ဟု၎င်း တစုံတယောက်က တောင့်တသော်လည်း ထိုတောင့်တသည့်အတိုင်း ဖြစ်ဘို့ ရန် စက္ခုတည်းဟူသော မိမိမှာပင် ထို ဝသဝတ္ထုန အခြင်းအရာ သတ္တိ၊ အတ္တ မရှိဟု အဓိပါယ်မှတ်ပါ။

တံ၊ ထို စက္ခုသည်။ အတ္တနောယေဝ၊ မိမိ၏ပင်။ (မိမိမှာပင်)။ တေန ဝသဝတ္တနာကာရေန၊ ထိုသို့ အလို၌ ဖြစ်စေနိုင်ခြင်းဟူသော အခြင်းအရာမှ။ သုညံ၊ ကင်းဆိတ်၏။ ဣတိ (အယံ)၊ ကား။ အတ္ထော၊ တည်း။
ဣဒံ၊ ဤစက္ခုသည်။ ကဿစိ၊ တစုံတယောက်သော ပုဂ္ဂိုလ်သည်။ (ကာရိယံ ၌စပ်)။ ဝါ၊ ပုဂ္ဂိုလ်၏။ (ကာမ ၌စပ်)။ ကာမကာရိယံ၊ အလိုအတိုင်း ပြုအပ်ပြုပိုင် ပြုနိုင်သော တရားသည်။ န၊ မဟုတ်။ ဧတဿ၊ ဤစက္ခု၏။ ကိဉ္စိ၊ တစုံတခုသော။ ကာမကာရိယံပိ၊ အလိုအတိုင်း ပြုအပ် ပြုပိုင် ပြုနိုင်သော သဘောသည်လည်း။ န အတ္ထိ၊ မရှီ။ ဣတိ၊ ကြောင့်။ အကာမကာရိယံ၊ မည်၏။
ဧတေန၊ ဤ အကာမကာရိယံ ဟူသော ပါဌ်ဖြင့်။ အဝသဝတ္တနတ္ထံ၊ အဝသဝတ္တန အနက်ကို။ ဝိသေသေတွာ၊ အထူးပြု၍။ (သင်္ဂဟကာရော) ဒဿေတိ၊
ဝိနာသဂမနံ၊ ပျက်စီးခြင်းသို့ ရောက်ခြင်းသည်။ ဝိဘဝဂတိ၊ ဝိဘဝဂတိ မည်၏။
သန္တတိယံ၊ ရှေ့အစဉ် နောက်အစဉ်၌။ ဘာဝန္တရုပ္ပတ္တိယေဝ၊ သဘာဝ ဓမ္မတို့၏ တမျိုးတခြားအားဖြင့် ဖြစ်ခြင်းသည်ပင်။ ဘာဝသင်္ကန္တိဂမနိ၊ သဘာဝ ဓမ္မတို့၏ ပြောင်းရွှေ့ခြင်းသို့ ရောက်ခြင်းတည်း။
သန္တတိယာ၊ မိမိအစဉ်အားဖြင့်။ ယထာပဝတ္တာကာရဝိဇဟနံ၊ ဖြစ်မြဲတိုင်းသော အခြင်းအရာကို စွန့်ခြင်းသည်။ ပကတိဘာဝဝိဇဟနံ၊ ပင်ကိုယ်သဘောကို စွန့်ခြင်းတည်း။
စက္ခု အနိစ္စန္တိ၊ ဟူ၍။ ဝုတ္တေ၊ ဟောတော်မူအပ်သော်။ စက္ခု အနိစ္စသဒ္ဒါနံ၊ စက္ခုသဒ္ဒါ အနိစ္စသဒ္ဒါတို့၏။ ဧကတ္ထတ္တာ၊ တူသော အနက်ရှိကုန်သည်၏ အဖြစ်ကြောင့်။ (အနက်အရကောက် တူသောကြောင့်)။ အနိစ္စာနံ၊ အနိစ္စဖြစ်ကုန်သော။ သေသဓမ္မာနမ္ပိ၊ စက္ခုမှ ကြွင်းသော တရားတို့၏လည်း။ စက္ခုဘာဝေါ၊ စက္ခု၏ အဖြစ်သည်။ အာပဇ္ဇတိ၊ ဖြစ်သည် မဟုတ်လော။ ဣတိ၊ သို့။ ဧတိဿာ စောဒနာယ၊ ဤ စောဒနာကို။ နိဝါရဏတ္ထံ၊ တားမြင်းခြင်းအကျိုးငှာ။ ဝိသေသသာမညလက္ခဏဝါစကာနံ၊ စက္ခုဟူသော ဝိသေသလက္ခဏာကို ဟောတတ်ကုန်, အနိစ္စဟူသော သာမညလက္ခဏာကို ဟောတတ်ကုန်သော။ သဒ္ဒါနံ စ၊ စက္ခုသဒ္ဒါ, အနိစ္စ သဒ္ဒါတို့၏လည်း။ ဧကဒေသ သမုဒါယဗောဓန ဝိသေသံ၊ အနက်ကို သိစေနိုင်ခြင်းဟူသော အထူးကို။ ဒီပေတုံ၊ ပြခြင်းငှာ။ အပိစာတိအာဒိံ၊ အပိစ အစရှိသော စကားကို။ (သင်္ဂဟကာရော) အာဟ၊ **အပိစာတိ အာဒိ**။ ။ စက္ခုသဒ္ဒါသည ဝီသေသလက္ခဏာကို ဟောသောသဒ္ဒါဖြစ်၍ စက္ခုပသာဒတည်းဟူသော တစိတ်တဒေသ အနက်ကိုသာ သိစေနိုင်၏။ အနိစ္စသဒ္ဒါသည် သာမညလက္ခဏာကိုဟောသော သဒ္ဒါဖြစ်၍ အလုံးစုံ တရားအပေါင်းကို သိစေနိုင်၏။ ဤသို့ တုလျာဓိကရဏဖြစ်၍ အရတူသော်လည်း အနက်ထူးပုံကိုပြခြင်းငှာ "အပိစ" စသည်ကိ မိန့်သည် ဟူလို။
ကိံ ဒဿိတန္တိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ ဝိပဿနာစာရံ၊ စက္ခု အနိစ္စံ ဒုက္ခံ စသည်ဖြင့် ဝိပဿနာဉာဏ်၏ ဖြစ်ပုံကို။ ကထေန္တေန၊ ဟောတော်မူသော မြတ်စွာဘုရားသည်။ ကိံ လက္ခဏံ၊ အဘယ်လက္ခဏာကို။ ဒဿိတံ၊ ပြတော်မူလိုအပ်ပါလိမ့်မည်နည်း။ ဣတိ (အယံ)၊ ကား။ အဓိပ္ပါယော၊ တည်း။
အာနန္ဒ၊ အာနန္ဒာ။ အနတ္ထသညာ၊ ဟူသည်။ ကတမာစ၊ နည်း။
အာနန္ဒ၊ အာနန္ဒာ။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ သည်။ အရညဂတော၊ တော၌ရောက်သည်။ (ဟုတွာ) ဝါ၊ ဖြစ်၍သော်၎င်း။ ရုက္ခမူလဂတော၊ သစ်ပင်၏ အနီး အောက်၌ ရောက်သည်။ (ဟုတွာ) ဝါ၊ သော်၎င်း။ သုညာဂါရဂတော၊ ဆိတ်ငြိမ်သော ကျောင်း၌ ရောက်သည်။ (ဟုတွာ) ဝါ၊ သော်၎င်း။ ဣတိ၊ ဤသို့။ ပဋိသဉ္စိက္ခတိ၊ စဉ်းစားဆင်ခြင်၏။ (ကိံ၊ အဘယ်သို့ စဉ်းစားဆင်ခြင်သနည်း)။ စက္ခု၊ စက္ခုသည်။ အနတ္တာ၊ အတ္တမဟုတ်။ ဝါ၊ အတ္တ မရှိ။ ဣတိ၊ ဤသို့။ ပဋိသဉ္စိက္ခတိ၊ ၏။ [ရူပါအနတ္တာ, သောတံ အနတ္တာ စသည်ကို ပေယျာလ မြှုပ်ထားသည်။] ဓမ္မာ၊ ဓမ္မာရုံ တို့သည်။ အနတ္တာ၊ ကုန်။

ဝါ၊ ကုန်။ ဣတိ, ပဋိသဉ္စိက္ခတိ၊ ၏။ ဣတိ၊ သို။ ဆသု၊ ခြောက်ပါးကုန်သော။ အဇ္ဈတ္တိကဗာဟိရေသု၊ အဇ္ဈတ္တိကဗာဟိရဖြစ်ကုန်သော။ ဣမေသု အာယတနေသု၊ တို့၌။ အနတ္တာနုပဿီ၊ အနတ္တဟု အဖန်ဖန် ရှုလေ့ ရှိသည်။ (ဟုတွာ) ဝိဟရတိ၊ ၏။

ဣတိ၊ ဤသို့။ အဝိသေသေသု၊ ဝိသေသမရှိကုန်သော။ ဝါ၊ အထူးမမ, သာမညဖြစ်ကုန်သော။ အာယတနေသု၊ အာယတန ၁၂ ပါးတို့၌။ အနတ္တာနုပဿနာ၊ ကို။ ဝုတ္တာ၊ ဟောတောမူအပ်ပြီ။ ဣတိ၊ ကြောင့်။ ကာရဏဘူတာနံ၊ အကြောင်းဖြစ်၍ ဖြစ်ကုန်သော။ စက္ခာဒီနံ၊ စက္ခာယတန အစရှိသည်တို့၏၎င်း။ ဖလဘူတာနံ၊ အကျိုးဖြစ်၍ဖြစ်ကုန်သော။ စက္ခုဝိညာဏာဒီနံ စ၊ စက္ခုဝိညာဏ် အစရှိသည်တို့၏၎င်း။ ကာရဏဖလမတ္တတာယ၊ အကြောင်းမျှ၏ အဖြစ်, အကျိုးမျှ၏ အဖြစ်ဟူသော။ အနတ္တတာယ၊ အနတ္တ၏ အဖြစ်အားဖြင့်။ အနတ္တလက္ခဏ ဝိဘာဝနတ္ထာယ၊ အနတ္တလက္ခဏာကို ထင်စွာပြခြင်း အကျိုးငှာ။ အာယတန ဒေသနာ၊ သည်။ (ပဝတ္တာ)၊ ဖြစ်ပြီ။ ဣတိ၊ ကြောင့်။ ဒွါဒသန္နံ ။ပေ။ အနတ္တ လက္ခဏန္တိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊

အနိစ္စ ဒုက္ခလက္ခဏာနိ၊ အနိစ္စ လက္ခဏာ , ဒုက္ခလစ္ခဏာတို့ကို။ ဧတ္ထ၊ ဤ သုတ္တန္တ ဘာဇနီယ နည်း၌။ ယဒိပိ ဒဿိတာနိ၊ အကယ်၍ မူလည်း ပြတော်မူအပ်ကုန်ပြီ။ (ဧဝံ သန္တေသုပိ) တေဟိစ၊ ထို အနိစ္စ, ဒုက္ခလက္ခဏာတို့ဖြင့်လည်း။ အနတ္တလက္ခဏမေဝ၊ အနတ္တလက္ခဏာကိုသာ။ ဝိသေသေန၊ အထူးအားဖြင့်။ ဒဿိတံ၊ ပြတော်မူအပ်ပြီ။ ဣတိ (အယံ)၊ ကား။ အဓိပ္ပါယော၊ တည်း။ [ပါဠိတော်၌ အနိစ္စဒုက္ခလက္ခဏာ ပါနေသော်လည်း ထို လက္ခဏာ ၂ ပါးအပြင အထူးပြု၍ အနတ္တလက္ခဏာကိုသာ ပြတော်မူလိုရင်း ဖြစ်ပါသည် ဟူလို။]
[ဝေတိ စာတိ ဧတ္ထ" ဟုရှိ၏။ အဋ္ဌကထာ၌ ဝေတိ စာတိ မှ ဣတိကို ဖွင့်သော ကြောင့် "ဝေဝီ စာတီတိ ဧတ္ထ" ဟု ရှိသင့်၏။] ဝေတိ စာတီတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ ဣတိ သဒ္ဒေါ၊ သည်။ သမာပနတ္တော၊ ပြီးဆုံးစေခြင်း အနက်ရှိ၏။
ဣစ္စဿာတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ ဣတိသဒ္ဒေါ၊ သည်။ ယထာ သမာပိတဿ၊ အကြင်အကြင် ပြီးဆုံးစေအပ်ပြီးသော။ အာရောပေတဗ္ဗဒေါသဿ၊ တင်ထိုက်သော အပြစ်ကို။ နိဒဿနတ္ထော၊ ညွန်ပြခြင်း အနက်ရှိ၏။
ဧဝန္တိ၊ ကား။ စက္ခု အတ္တာတိ၊ ဟူ၍။ ဧဝံ၊ ဤသို့။ ဝါဒေ၊ အယူသည်။ သတိ၊ ဖြစ်လသော်။ ဣတိ အတ္ထော၊ နက်။ [ဤအဖွင့်အတိုင်း အဋ္ဌကထာနိဿယ၌ အနက်ပေးထားသည်း။]
ဝါ၊ တနည်း။ ဣစ္စဿာတိ (ဧတ္ထ)၊ ဟူသော ဤပါဌ်၌။ ဣတိသဒ္ဒေါ၊ သည်။ ဣတိ ဝဒန္တဿာတိ၊ ဟူ၍။ ပရဝါဒိဿ၊ ပရဝါဒီ ပုဂ္ဂိုလ်၏။ ဒေါသလက္ခဏာကာရ နိဒဿန တ္ထော၊ အပြစ်၏ မှတ်သားထိုက်သော အခြင်းအရာကို ညွှန်ပြခြင်း အနက်ရှိ၏။
ဧဝန္တိ၊ ဟူသော သဒ္ဒါသည်။ ဒေါမဂမနပ္ပကာရ နိဒဿနတ္တော၊ အပြစ်သို့ ရောက်ပုံအပြားကို ညွန်ပြခြင်း အနက်ရှိ၏။
ရူပေ၊ ရုပ်ဟူသော ။ အတ္တနိ၊ အတ္တ၌။ (သာမိနိဒ္ဒေသာပတ္တိ၌စပ်)။ ဧဝံ မေ ရူပံ ဟောတူတိ၊ ဧဝံ မေ ရူပံ ဟောတုဟူ၍။ အတ္တနိယေဝိယ၊ အတ္တ၏ ဥစ္စာ၌ကဲ့သို့။ [မဓုဋီကာ၌ကား "အတ္တနိယေဝ" ဟု ရှိ၏။] သာမိနိဒ္ဒေသာပတ္တိ၊ သာမီကို ညွှန်ပြခြင်းသို့ ရောက်ခြင်းသည်။ ("မေ" ဟု သာမီကို ညွှန်ပြရာရောက်ည်)။ ဟောတိ၊ ဖြစ်သည် မဟုတ်လော။
ဣတိ စေ၊ ဤသို့ စောဒနာအံံ. န၊ မဖြစ်။ (ကသ္မာ၊ နည်း)။ မမ အတ္တာတိ၊ မမ အတ္တဟူ၍။ (ရုပ်သည် ငါ၏ အတ္တဟူ၍)။ ဂဟိတတ္တာ၊ ယူအပ်ပြီး၏ အဖြစ်ကြောင့်တည်း။
ဟိ၊ မှန်။ မမ အတ္ထာတိ၊ ငါ၏ အတ္တဟူ၍။ ဂဟိတံ၊ ယူအပ်ပြိးသော။ ရူပံ၊ ရုပ်သည်။ ဝသဝတ္တိတာယ၊ ဥစ္စာရှင်၏ အလို၌ဖြစ်နိုင်သည်၏ အဖြစ်ကြောင့်။ ဧဝံ မေ ဟောတူတိ၊ ဧဝံ မေ ဟောတုဟူ၍။ (ငါ၏ ရုပ်အတ္တသည် ဤပုံ ဤ နည်း ဖြစ်ပါစေသနည်း ဟူ၍)။ ဣစ္ဆိယမာနဉ္စ၊ လိုလား တောင့်တအပ်သော်လည်း။ တထေဝ၊ ထို တောင့်တအပ်သည့်အတိုင်းပင်။ ဘဝေယျ၊ ဖြစ်သင့်ရာ၏။ ဟိ၊ မှန်။ ဣစ္ဆတောပိ၊ ဧဝံ မေ ဟောတုဟု လိုလားတောင့်တ ပါသော်လည်း။ ဝါ၊ လိုလားတောင့်တသည်လည်း ဖြစ်သော။ တဿ၊ ထို မေ ဟူသော ဥစ္စာရှင်၏။ ရူပသင်္ခါတော၊ ရုပ်ဟု ဆိုအပ်သော။ အတ္တာ၊ သည်။ အဝသဝတ္တိဝ၊ အလို၌ မဖြစ်တော့သည်သာ။ ဣတိ၊ ဤသို့ မှတ်အပ်၏။ [စာအုပ်တို့၌ "အဝသဝတ္တိ စာတိ" ဟု ရှိ၏။ "အဝသဝတ္တိ ဝါတိ" ဟု ရှိမှ ကောင်းမည်။] **ဣစ္စဿာတိ ဝါ**။ ။ ဤနောက်နည်းအလိုအားဖြင့် "ဣတိ၊ ဤသို့၊ ဝဒန္တဿ ၊ပြောသော။ အဿ၊ ထို ပရဝါဒီ ပုဂ္ဂိုလ်၏။ ဧဝံ ၊ ဤသို့ အပြားရှိသော အပြစာသည်။ အာဂတံ၊ ရေက်နေသည်။ ဟောတိ၊ ဖြစ်၏" ဟု အနက်ပေးရလိမ့်မည်။ ရှေးပုဒ် အဋ္ဌကထာ နိဿယ အတိုင်းပင်တည်း။
အာဗာဓာယာတိ၊ ကား။ ဧဝံ ဒုက္ခေန၊ ဤသို့ စက္ခု ရောဂ အစရှိသော အပြားရှိသော ဒုက္ခအားဖြင့်။ (အာဗာဓာယ၊ လွန်စွာ နှိပ်စက်အပ်သည်၏ အဖြစ်ဟူသော အကျိုးငှာ)။ (န သံဝတ္တေယျ ၌စပ်)။ [ဧဝံ ဒုက္ခေနဖြင့် အာဗာဓ၏ သရုပ်ကို ပြ၏။ သဝိဘတ်၏ ကာရိယ အယ အနက်ကို ပြခြင်း မဟုတ်။ ဧဝံ ဒုက္ခေနာတိ ဧဝံ နာနာပ္ပကာရေန အက္ခိရောဂါဒိဒုက္ခေန အာဗာဓတာယ။ အနု။]
ပညာပနန္တိ၊ ကား။ ပရေသံ၊ သူတပါးတို့ကို။ ဉာပနံ၊ သိစေခြင်းသည်။ (အဝိသယော ၌စပ်)။
အနတ္တလက္ခဏာပညာပနဿ၊ အနတ္တလက္ခဏာကို သူတပါးတို့ကို သိစေရခြင်း၏။ အညေသံ၊ သဗ္ဗညုဗုဒ္ဓမှတပါး အခြားသော ပညာရှိတို့၏။ အဝိသယတ္တာ၊ အရာမဟုတ်သည်၏ အဖြစ်ကြောင့်။ အနတ္တ လက္ခဏဒီပကာနံ၊ အနတ္တလက္ခဏာကို ပြတတ်ကုန်သော။ အနိစ္စ ဒုက္ခ လက္ခဏာနဉ္စ၊ အနိစ္စ လက္ခဏာ, ဒုက္ခလက္ခဏာတို့၏လည်း။ ဝါ၊ တို့ကိုလည်း။ ပညာပနဿ၊ သူတပါးတို့ကို သိစေရခြင်း၏။ အဝိသယတာ၊ အရာမဟုတ်ကုန်သည်၏ အဖြစ်သည်။ ဝါ၊ ကို။ ဒဿိတာ၊ ပြအပ်ပြီးသည်။ ဟောတိ၊ ၏။ [သရဘင်္ဂဆရာ အစရှိသူတို့သည် အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာတို့ကို သူတပါးသိအောင် ဟောပြနိုင်ကြပါ သော်လည်း ထိုဆရာတို့ဟောအပ်သော အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာတို့သည် အနတ္တလက္ခဏာကို သွယ်ဝိုက်၍ ထင်ရှားအောင် ပြနိုင်သော လက္ခဏာများ မဟုတ်ကြသေး။ လူ၏ အိုခြင်းကို ပြ၍ အနိစ္စလက္ခဏာကို၎င်း, အိုနာ သေပုံကို ပြ၍ ဒုက္ခလက္ခဏာကို၎င်း သာမညမျှသာ ပြနိုင်ကြ၏။ "အနတ္တ သဘောပေါက် လောက်သော အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာတို့ကို မပြနိုင်ကြပါ" ဟူလို။]
ပန၊ ဆက်။ ဧဝံ၊ ဤဆိုအပ်ပြီးသော အခြင်းအရာအားဖြင့်။ ဧတေသံ၊ ထို စက္ခု အစရှိသော အာယတနတို့၏။ ဒုပ္ပညာပနတာ၊ ခဲယဉ်းသဖြင့် သူတပါးတို့ကို သိစေအပ်ကုန်သည်၏ အဖြစ်သည်။ (ဧတေသံ၊ တို့၏)။ ဒုရူပဋ္ဌာနတာယ၊ ဉာဏ်အား မထင်နိုင်သည်၏ အဖြစ်ကြောင့်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ကြောင့်။ တေသံ၊ ထို စက္ခု အစရှိသော အာယတနတို့၏။ အနုပဋ္ဌဟနကာရဏံ၊ ဉာဏ်အား မထင်နိုင်ခြင်း၏ အကြောင်းကို။ ပုစ္ဆန္တော၊ မေးလိုသည်။ ဟုတွာ၊ ၍။ ဣမာနိ ပနာတိအာဒိ၊ အစရှိသော။ (ယံ ဝစနံ အတ္ထိ, တံ ဝစနံ) အာဟ၊
ဌာနာဒိသု၊ ရပ်ခြင်း အစရှိသည်တို့၌။ နိရန္တရံ၊ အကြားမရှိအောင်။ ပဝတ္တမာနဿ၊ ဖြစ်သော။ ဟေဋ္ဌာ၊ အောက်၌။ ဝုတ္တဿ၊ ဆိုအပ်ပြီးသော။ အဘိဏုသမ္ပဋိပိဠနဿ၊ အဖြစ်အပျက်ဒဏ်တို့၏ အမြဲမပြတ် အနှိပ်စက်ခံနေရခြင်းကို။ (အမနသိကာရော ၌စပ်)။ [နိဂန္တရံ ပဝတ္တမာနဿသည် အဘိဏှ၏ အနက်ဖွင့်တည်း။ ဇာတိ ဓမ္မာတိ ဒီဟိ အနိဋ္ဌတာ ပဋိပီဠနံ။ ပဋိပီဠနဋ္ဌောနာတိ ဝ ယဿ တံ ပဝတ္တတိ၊ တံ ပုဂ္ဂလံ ပဋိပီဠနတော ဤသို့ စသည်ဖြင့် အောက် အဘိဏှ သမ္ပဋိပီဠန ပုဒ်အဖွင့်၌ ဆိုအပ်ပြီး သည်ကို "ဟေဋ္ဌာ ဝုတ္တဿ" ဟု ဆိုသည်။]
စက္ခာဒီနံ၊ စက္ခု အစရှိသော အာယတနတို့၏။ ဓာတုမတ္တတာယ၊ မမိသဘောကို ဆောင်တတ်သော ဓာတ်တရားမျှ၏ အဖြစ်ကြောင့်။ (စက္ခာဒီနံ၊ စက္ခု အစရှိသော အာယတနတို့ကို)။ သမူဟတော၊ သသမ္ဘာရစက္ခု အစရှိသော အပေါင်းမှ။ (မျက်စိတခုလုံးမှ)။ ဝိနိဗ္ဘုဗ္ဗနံ၊ အသီးအသီး ခွဲခြားဝေဘန်ခြင်းသည်။ နာနာဓာတုဝိနိဗ္ဘောဂေါ၊ မည်၏။ [ဓာတုမတ္တတာယ စက္ခာဒီနံ သည် နာနာဓာတု၏ အဖွင့်။ သမူဟတော ဝိနိဗ္ဘုဇ္ဇနံသည် ဝိနိဗ္ဘောဂ၏ အဖွင့်တည်း။]
ဃေနနာတိ၊ ဟူသော ဧကဝုစ်စကားကို။ စတ္တာရိပိ၊ သန္တတိ, သမူဟ, ကိစ္စ, အာရမ္မဏအားဖြင့် လေးပါးလုံးလည်းဖြစ်ကုန်သော။ ဃနာနိ၊ ဃနတို့ကို။ ဝါ၊ တခဲနက်သော တရားတို့ကို။ ဃနဘာဝေန၊ ဃန ၏အဖြစ်ဖြင့်။ ဧကတ္တံ၊ တခုတည်း၏ အဖြစ်သို့။ ဥပနေတွာ၊ ကပ်ဆောင်၍။ (သင်္ဂဟကာရော) ဝဒတိ၊ [လေးပါးလုံးကို ဇာတျာပေက္ခ နည်းအားဖြင့် "ဃနေန" ဟု ဧကဝုစ်ဖြင့် ဆိုထားသည် ဟူလို။]
ပညာယေဝ၊ ပညာသည်ပင်။ သန္တတိဝိကောပနာ၊ အစဉ်ကို ဖျက်ဆီးတတ်သော တရားတည်း။ ဣတိ၊ သို့။ ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။
ယာထာဝသရသတောတိ၊ ကား။ အဝိပရီတဿဘာဝတော၊ မဖောက်မပြန် ဟုတ်မှန်သော သဘောအားဖြင့်။
ဟိ၊ မှန်။ သဘာဝေါ၊ မိမိ၏ ထင်ရှားရှိသော အမှတ်အသားကို။ ရသိယမာနော၊ သာယာအပ်သည်။ အဝိရဒ္ဓပဋိဝေဓေန၊ မချွတ်မယွင်းအောင် ထိုးထွင်း၍ သိခြင်း အားဖြင့်။ အဿာဒိယမာနာ၊ သာယာအပ်သည်။ (ရသိယမာနောကို ထပ်ဖွင့် သည်)။ (ဟုတွာ၊ ၍။ ဝါ၊ ကြောင့်)။ ရဿောတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။
အနိစ္စာဒီဟိ၊ အနိစ္စဖြစ်သော ခန္ဓာငါးပါး အစရှိသည်တို့မှ။ အနိစ္စလက္ခဏာဒီနံ၊ အနိစ္စလက္ခဏာ အစရှိသော အခြင်းအရာတို့ကို. အညတ္တဝစနံ၊ တမျိုး တခြား၏ အဖြစ်ကို ဆိုခြင်းသည်။ (အနိစ္စနှင့် အနိစ္စလက္ခဏာ စသည်ကိ ခွဲ၍ အဋ္ဌကထာ ဆိုခြင်းသည်)။ ရုပ္ပနာဒိဝသေန၊ ရုပ္ပန အစရှိသည်တို့၏ အဖြစ်ဖြင်။ ပဝတ္တရူပါဒိဂ္ဂဟဏတော၊ ဖြစ်သော ရုပ်အစရှိသည်ကို ယူတတ်သောဉာဏ်မှ။ ဝိသိဋ္ဌဿ၊ ထူးသော။ အနိစ္စာဒိဂ္ဂဟဏဿ၊ အနိစ္စ အစရှိသည်ကို ယူတတတ်သော ဉာဏ်၏။ သဗ္ဗာဝါ၊ ထင်ရှားရှိခြင်းကြောင့်တည်း။ **အနိစ္စာဒီဟိ ။ပေ။ သဗ္ဘာဝါ**။ ။ အဋ္ဌကထာ၌ ခန္ဓာပဉ္စကကို အနိစ္စ, ထို ခန္ဓာပဉ္စက၏ မမြဲသော အခြင်းအရာကို အနိစ္စလက္ခဏာာဟု လက္ခဏာနှင့် လက္ခဏဝန္တာခန္ဓာကို ခွဲထား၏၊ ထိုသို့ ဆိုခြင်းမှာ ရုပ်တရားကို "အနိစ္စ" ဟု ဝိပဿနာဉာဏ်ဖြင့် သုံးသပ်ရာ၌ ရုပ်တရားကို အာရုံပြုသော ရူပပရိဂ္ဂဟဉာဏ်က တမျိုး၊ ထို ရုပ်တရား၏ မမြဲပုံ အခြင်းအရာကို အာရုံပြုသော သမ္မသနဉာဏ်ကတ မျိုး၊ ဤသို့အားဖြင့် နာမရူပပရိဂ္ဂဟဉာဏ် သမ္မသနဉာဏ်ဟု ၂ မျိုးကွဲပြားခြင်းကြောင့်တည်း။ ဝေဒနာစသည်, ဒုက္ခအနတ္တ စသည်တို့ပလည်း နည်းတူ။
ဟိ၊ မှန်။ နာမရူပပရိစ္ဆေဒမတ္တေန၊ နာမ်တရား ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းမျှဖြင့်။ ကိစ္စသိဒ္ဓိ၊ ဝိပဿနာ ဉာဏ်ကိစ္စ၏ ပြီးစီးခြ်းသည်။ န ဟောတိ၊ မဖြစ်သေး။ အနိစ္စာဒယော စ၊ အနိစ္စဖြစ်သော ရုပ်ဝေဒနာ စသည်တို့ကို၎င်း။ ရူပါဒီနံ၊ ရုပ်ဝေဒနာ အစရှိသည်တို့၏။ အာကာရာ (စ)၊ အနိစ္စလက္ခဏာ စသော အခြင်းအရာတို့ကို၎င်း။ ဒဋ္ဌဗ္ဗာ၊ ရှုမှတ်ထိုက်ကုန်သေး၏။
ပန၊ ဆက်။ တေ အာကာရာ၊ ထို အနိစ္စ အစရှိသော အခြင်းအရာတို့သည်။ ပရမတ္ထတော၊ ပရမတ္ထ အားဖြင့်။ အဝိဇ္ဇမာနာ၊ ထင်ရှား မရှိကုန်သော။ (ခန္ဓာငါးပါးက ထင်ရှားရှိ သကဲ့သို့ အနိစ္စလက္ခဏာစသော အခြင်းအရာတို့က ပရမတ္ထအားဖြင့် ထင်ရှားမရှိကုန်သော)။ ရူပါဒီနံ၊ ရုပ်ဝေဒနာ အစရှိသည်တို့၏။ အာရာမတ္တာယေဝ၊ မမြဲခြင်းစသော အခြင်းအရာမျှတို့သာတည်း။ ဣတိ ကတွာ၊ ဤအကြောင်း ကြောင့်။ (ယုတ္တံ နာတိဓာဝိတုံ တို့၌စပ်)။ အဋ္ဌသာလိနီယံ၊ ၌။ လက္ခဏာရမ္မဏိကဝိပဿနာယ၊ အနိစ္စ စသော လက္ခဏာလျှင် အာရုံရှိသော ဝိပဿနာဉာဏ်၏။ ခန္ဓာရမ္မဏတာ၊ ရုပ် နာမ် ခန္ဓာလျှင် အာရုံရှိသည်၏ အဖြစ်ကို။ ဝုတ္တာ၊ ဆိုအပ်ပြီ။ ဣတိ၊ ကြောင့်။ အဓိပ္ပါယမတ္တေ၊ အဋ္ဌကထာဆရာ၏ အလိုမျှ၌။ ဌာတုံ၊ တန့်ရပ် ခြင်းငှာ။ ယုတ္တံ၊ သင့်၏။ အတိဓာဝိတုံ၊ လွန်၍ ပြေးသွားခြင်းငှာ။ (ရပ်သင့်သော အပိုင်းအခြား၌ မရပ်ဘဲ လွန်စွာပြေးသွားခြင်းငှာ)။ န ယုတ္တံ၊ မသင့်။

[အနိစ္စ၏ အဖြစ် (အနိစ္စလက္ခဏာ) ဟူသော တမျိုးကိုသာ ဟော‌ောတ်မမူဘဲ အဘယ်ကြောင့် အနိစ္စတာ, ဒုက္ခတာ, အနတ္တတာ ဟူသော လက္ခဏာ ၃ မျိုးကို ဟောတော်မူအပ်ပါသနည်းဟု မေးဘွယ်ရှိသောကြောင့် "အနိစ္စန္တိ စ ဂဏှန္တော" စသည်ကို မိန့်သည်။] စ၊ ဆက်။ အနိစ္စန္တိ၊ ဟူ၍။ ဂဏှန္တော၊ ယူသော ပုဂ္ဂိုလ်သည်။ (ရှုသော ပုဂ္ဂိုလ်သည်)။ ဒုက္ခံတိ၊ ဟူ၍၎င်း။ အနတ္တာတိ၊ ဟူ၍၎င်း။ န ဂဏှာတိ၊ မယူ။ တထာ၊ ထို့အတူ။ ဒုက္ခာဒိဂ္ဂဟဏေ၊ ဒုက္ခ အစရှိသည်ကို ယူခြင်း၌။

အဋ္ဌသာလိနိယံ။ပေ။ဝုတ္တာ။ ။အဋ္ဌသာလိနီ လောကုတ္တရာကုသိုလ် အဖွင့်၌ အနိစ္စ- တာ အစရှိသော လက္ခဏာတို့ကို အာရုံပြုသော ၀ိပဿနာဉာဏ်ကို ရုပ်နာမ် ခန္ဓာလျှင် အာရုံရှိ၏”ဟု ဆိုထား၏၊ ထိုအဆိုအရ အနိစ္စတာလက္ခဏာ စသည်နှင့် အနိစ္စ စသော ခန္ဓာသည် မကွဲမပြားရာရောက်၏၊ ထိုသို့ ဆိုရာ၌ ထိုအဋ္ဌကထာ၏ အလိုကား “အနိစ္စတာ အစရှိသော လက္ခဏာတို့သည် ရုပ်ဝေဒနာ အစရှိသည်တို့၏ အခြင်းအရာမျှသာ ဖြစ်၏”ဟု ထင်ရှားစေလိုခြင်းတည်း။

နာတိဓာဝိတုံ။ ။စာသင်သားတို့သည် ထိုအလိုမျှ၌သာ စိတ်ကို ရပ်ထားသင့်သည်။ အဋ္ဌသာလိနီ၌ လက္ခဏာနှင့် လက္ခဏဝန္တ ခန္ဓာတို့ကို မကွဲမပြား တမျိုးတည်း ဆိုထား၏။ ဤအဋ္ဌကထာ၌ကား လက္ခဏာနှင့် လက္ခဏန္တကို ခွဲခြား၍ ဆိုထားပြန်ရာ “အဋ္ဌကထာ ၂-ရပ်ဝယ် အဆို ကွဲပြားနေသည် မဟုတ်လော”ဟု စောဒနာသောအားဖြင့် လွန်၍ ပြေးသွားခြင်းငှါ မသင့်ပါ"ဟူလို။

ဣတရဿ၊ အခြားသော အနိစ္စ အစရှိသည်ကို။ အဂ္ဂဟဏံ၊ မယူခြင်းသည်။ ဟောတိ၊ ၏။ (ဣတိ၊ ကြောင့်။ တီဏိ လက္ခဏာနိ ဝုတ္တာနိ၊ တသ္မာ ဧတေသံ အာကာရာနံ စသည်တို့၌ လှမ်းစပ်။) [ရုပ်နာမ်ခန္ဓာကို အနိစ္စဟု ဉာဏ်ဖြင့် ယူသော ပုဂ္ဂိုလ်သည် ထို အခိုက်၌ "ဒုက္ခ" ဟု ၎င်း, "အနတ္တ" ဟု၎င်း မယူသေး၊ ထို့ အတူ ဒုက္ခ အစရှိသည်ကို ယူခိုက်၌လည်း အနိစ္စ အနတ္တ ဟူသော အခြင်းအရာကို ဉာဏ်ဖြင့် မယူသေး။ ဤသို့ ဉာဏ် ကျက်စားရာက ၃ မျိုးပြားခြင်းကြောင့် အနိစ္စတာ စသော လက္ခဏာ ၃ မျိုးကို ဟောတော်မူရပါသည် ဟူလို။]
စ၊ သည်သာမကသေး။ အနိစ္စာဒိဂ္ဂဟဏာနိ၊ အနိစ္စ အစရှိသည်ကို ယူခြင်းတို့သည်။ နိစ္စသညာဒိ နိဝတ္တကာနိ၊ နိစ္စသညာ အစရှိသည်ကို တားမြစ်နိုင်ကုန်သော။ သဒ္ဓါ သမာဓိ ပညိန္ဒြိယာဓိကာနိ၊ လွန်ကဲသော သဒ္ဓိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေ ရှိကုန်သော။ တိဝိဓဝိမောက္ခမုခဘူတာနိ၊ ၃ ပါး အပြားရှိသော ဝိမောက္ခ မုခဖြစ်၍ဖြစ်ကုန်၏။

တသ္မာ၊ ကြောင့်။ ပရိဂ္ဂယှမာနာနံ၊ ပိုင်းခြား၍ ယူအပ်ကုန်သော။ ဧတေသံ အာကာရာနံ၊ ဤအ ခြင်းအရာတို့သည်။ အညမညံ၊ အချင်းချင်း။ ဝိသေသောစ၊ အထူးသည်လည်း။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ကြောင့်။ တီဏိ၊ ကုန်သော။ လက္ခဏာနိ၊ တို့ကို။ (ဘဂဝတာ) ဝုတ္တာနိ၊

အနိစ္စာဒိဂ္ဂဟဏာနိ စ။ ... ။ထို့ပြင် “ အနိစ္စ”ဟု ရှုသော ပုဂ္ဂိုလ်သည် ရုပ်နာမ် ခန္ဓာတို့၌ နိစ္စသညာကို တားမြစ်နိုင် ပယ်နိုင်၏။ ထို ့အတူ “ဒုက္ခ”ဟု ရှုသော ပုဂ္ဂိုလ်က လည်း သုခသညာကို၎င်း, “အနတ္တ”ဟု ရှုသောပုဂ္ဂိုလ်ကလည်း အတ္တသညာကို၎င်း တား မြစ်နိုင် ပယ်နိုင်၏။

ထို့အပြင်- လွန်ကဲသော သဒ္ဓိန္ဒြေရှိသောဉာဏ်သည် “အနိစ္စ”ဟု ရှုလေ့ရှိ၏။ ထိုသို့ ရွှေဘတ်သော ဝိပဿနာသည် အနိမိတ္တာနုပဿနာဖြစ်၍ မဂ်သို့တက်သောအခါ အနိမိတ္တ ဝိမောက္ခမုခအဖြစ်ဖြင့် တက်၏။ လွန်ကဲသော သမာဓိရှိသော ဉာဏ်သည် “ဒုက္ခ” ဟု ရှုလေ့ရှိ၏၊ ထိုသို့ ရှုတတ်သော ဝိပဿနာသည် အပ္ပဏိဟိတာနုပဿနာဖြစ်၍ မဂ်သို့တက် သောအခါ အပ္ပဏိဟိတဝိဓမောက္ခမုခ အဖြစ်ဖြင့် တက်၏။ လွန်ကဲသော ပညိန္ဒြေရှိသော ဉာဏ်သည် “ အနတ္တ”ဟု ရှုလေ့ရှိ၏၊ ထိုသို့ ရှုတတ်သော ဝိပဿနာသည် သုညတာ- ပနာဖြစ်၍ မဂ်သို့ တက်သောအခါ သုညတဝိမောက္ခမုခအဖြစ်ဖြင့် တက်၏။ ဤသို့ အနိစ္စ အစရှိသောအားဖြင့် ယူပုံက ၃-မျိုးပြားခြင်း, `ဝိမောက္ခမုခ ၃-မျိုးပြားခြင်း ကြောင့် လက္ခဏာ ၃-မျိုးကို ဟောတော်မူရပါသည်’ဟူလို။

[ဆောင်] ၁။ အနိစ္စဟု ရှုလေ့သူ မှတ်ယူ သဒ္ဓါမှုန်။

၂။ ဒုက္ခဟူဘိ ရှုလေ့ရှိ သမာဓိကဲ၍လွန်။

၃။ အနတ္တ, ရှုသူမှာ, ပညာထက်မြက်ချွန်။

သုတ္တန္တဘာဇနီယဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။
နာမရူပ ပရိစ္ဆေဒကထာ၊ နာမ်တရား, ရုပ်တရားကို ပိုင်းခြားကြောင်း ဖြစ်သော စကားသည်။ အဘိဓမ္မကထာ၊ အဘိဓမ္မကထာတည်း ဣတိ၊ ကြောင့်။ သုတ္တန္တေဝိယ၊ သုတ္တန္တဘာဇနီယ၌ကဲ့သို့။ ပစ္စယယုဂဠဝသေန၊ စက္ခုဝိညာဏ် အစရှိသည်တို့၏ အကြောင်းဖြစ်သော ဒွါရအာရုံ အစုံ၏ အဖြစ်ဖြင့်။ အကထေတွာ၊ ဟောတော်မမူဘဲ။ အဇ္ဈတ္တိကဗာဟိရဝသေန၊ အဇ္ဈတ္တိကာယတန, ဗာဟိရာ ယတနတို့၏ အဖြစ်ဖြင့်။ အဘိညေယျာနိ၊ ထူးသော ဉာဏ်ဖြင့် သိထိုက်ကုန်သော။ အာယတနာနိ၊ အဇ္ဈတ္တိကာယတန, ဗာဟိရာယတနတို့ကို။ အဗ္ဗောကာရတော၊ မရောယှက်သော အားဖြင့်။ အဘိဓမ္မဘာဇနီယေ၊ အဘိဓမ္မဘာဇနီယနည်း၌။ ကထိတာနိ၊ ဟောတော်မူအပ်ကုန်ပြီ။
အာဂမ္မာတိ (ပဒဿ)၊ ဟူသော ပုဒ်၏။ သဗ္ဗသင်္ခါရေဟိ၊ အလုံးစုံသော သင်္ခါရတို့မှ။ နိဗ္ဗိန္ဒဿ၊ ငြီးငွေ့သော။ ဝိသင်္ခါရနိန္နဿ၊ သင်္ခါရတို့၏ ကင်းရာနိဗ္ဗာန်သို့ ကိုင်းညွတ်သော။ ဂေါတြဘုနာ၊ ဂေါတြဘုဉာဏ်ဖြင့်။ ဝိဝဋ္ဋိတမာနသဿ၊ သင်္ခါရတို့မှ ဆုတ်နစ်စေအပ်ပြီးသော စိတ်ရှိသော ယောဂီ ပုဂ္ဂိုလ်၏။ မဂ္ဂေန၊ မဂ်ဖြင့်။ သစ္ဆိကရဏေန၊ မျက်မှောက်ပြုခြင်းကြောင့်။ ဣတိ အတ္ထော၊ နက်။

ဟိ၊ မှန်။ သစ္ဆိကိရိယမာနံ၊ မျက်မှောက်ပြုအပ်သော။ တံ၊ ထို နိဗ္ဗာန်ကို။ အဓိဂန္တွာ၊ သိရ၍။ အာရမ္မဏပစ္စယဘူတံ၊ အာရမ္မဏ ပစ္စည်း ဖြစ်၍ ဖြစ်သော နိဗ္ဗာန်ကို။ ပဋိိစ္စ စ၊ ရှေးရှုရောက်၍၎င်း။ ဝါ၊ စွဲမှီ၍၎င်း။ (ပတိဋ္ဌာယနှင့်တွဲ။) အဓိပတိပစ္စယဘူတေ စ၊ အာရမ္မဏာဓိပတိ ပစ္စည်း ဖြစ်၍လည်း ဖြစ်သော။ (ပတိဋ္ဌာနဘူတေနှင့်တွဲ)။ ပရမဿာသဘာဝေန၊ အလွန်သက်သာရာရသည်၏ အဖြစ်ကြောင့်။ ဝိနိမုတ္တသင်္ခါရဿ၊ လွတ်ပြီးသော သင်္ခါရရှိသော ယောဂီ ပုဂ္ဂိုလ်၏။ ဂတိဘာဝေန၊ လည်းလျောင်းရာ၏ အဖြစ်ဖြင့်။ ပတိဋ္ဌာနဘူတေ စ၊ တည်ရာဖြစ်၍လည်း ဖြစ်သော။ (တမှိ၊ ထို နိဗ္ဗာန်၌)။ ပတိဋ္ဌာယ စ၊ တည်၍၎င်း။ [နိဗ္ဗာန်သည် နိရယ စသော ဂတိ ၅ ပါးမှ အလွတ်ဖြစ်သော်လည်း ရဟန္တာများအတွက်ကား ဂတိအထူး ဖြစ်၍ နေ၏။ ထို့ကြောင့် "ဂတိဘာဝေန စ" ဟု ဆိုသည်။]

ခယ သင်္ခါတော၊ ခယဟု ဆိုအပ်သော။ မဂ္ဂေါ၊ မဂ်သည်။ ရာဂါဒယော၊ ရာဂ အစရှိသော ကိလေသာတို့ကို။ ခေပေတိ၊ ကုန်စေ၏။ ဣတိ၊ ကြောင့်။ တံ သစ္ဆိက ရဏာဘာဝေ၊ ထို နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၏ မရှိခြင်းသည်။ (သတိ၊ သော်)။ ရာဂါဒီနံ၊ ရာဂ အစရှိသော ကိလေသာတို့၏။ အနုပ္ပတ္တိနိရောဓ ဂမနာဘာဝါ၊ နောက်ထပ် ဖြစ်ခြင်းမရှိသော ချုပ်ခြင်းသို့ ရောက်ခြင်း၏ မရှိခြင်းကြောင့်။ (နိဗ္ဗာန်သို့ မျက်မှောက် မပြုလျှင် ကိလေသာတို့၏ နောက်ထပ်ဖြစ်ခြင်း မရှိသော ချုပ်ခြင်းသို့ မရောက်နိုင်သေးခြင်းကြောင့်)။ တံ အာဂမ္မ ရာဂါဒယော ခီယန္တီတိ၊ ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တံ၊

သုတ္တတော မုဉ္စိတွာတိ၊ ကား။ သုတ္တပဒါနိ၊ သုတ်ပုဒ်တို့ကို။ မုဉ္စိတွာ၊ လွှတ်၍။ (ပိုဒ်ရှိသည်မှာ ပိုသည်)။
မာတရံ ပိတရံ ဟန္တွာတိ အာဒီသုဝိယ၊ အစရှိသော ပါဠိရပ်တို့၌ကဲ့သို့။ အာဟရိတဗ္ဗော၊ ဆောင်ထိုက်သော။ အညော၊ သုတ်၌ တိုက်ရိုက် ဆိုအပ်သော အနက်မှ တပါးသော။ သုတ္တဿ၊ သုတ်၏။ အတ္ထော၊ အနက်သည်။ နတ္ထိ၊ မရှိ။ [အာဟရိတဗ္ဗောနောက်၌ ပိုဒ်ရှိနေ၏။ နတ္ထိနောက်၌ သာ ရှိရမည်။] သုတ္တပဒေဟေဝ၊ သုတ်ပုဒ်တို့ဖြင့်သာ။ နီတော၊ ဆောင်အပ်ပြီးဖြစ်သော။ အတ္ထော၊ အနက်သည်။ ဟောတိ၊ ဣတိ (အယံ)၊ ကား။ အတ္ထော၊ အဓိပ္ပါယ်အနက်တည်း။
ဧကံ နာနန္တိ၊ ဧကံ နာနံ ဟူ၍။ ဝါ၊ တူသလော, ထူးသလော ဟူ၍။ စုဏ္ဏိတံ၊ မှုန့်မှု့န်ညက်ညက် ကြိတ်ချေခြင်းသည်။ ဝါ၊ မှုန့်မှုန့်ညက်ညက်ဖြစ်အောင် ခွဲခြားခြင်းသည်။ စုဏ္ဏီကရဏံ၊ စုဏ္ဏီကရဏမည်၏။ ဝါ၊ တနည်း။ ခုဒ္ဒကံ၊ သေးငယ်သိမ်ဖျင်းအောင်။ ကရဏံ၊ ပြုခြင်းသည်။ စုဏ္ဏိကရဏံ၊ မည်၏။ ဣတိ၊ ဤစကားကို။ (ကိံ ပန နိဗ္ဗာနဉ္စ အရဟတ္တဉ္စ ဧကံ, ဥဒါဟု နာနံ ဟူသော ဤ စကားကို)။ အဗဟုမာနေန၊ များစွာမမြတ်နိုးခြင်းကြောင့။ (ဂရုမစိုက်ခြင်းကြောင့်)။ ဝဒတိ၊ သကဝါဒီ ဆို၏။
န တွံ ဧကံ နာနံ ဇာနာသီတိ (ပဒဿ)၊ ဟူသော ပုဒ်၏။ ကိံ၊ အသို့နည်း။ တွံ၊ သင်သည်။ ဧတ္တကံ၊ ဤမျှလောက်ကို။ နေယျတ္ထ နီတတ္ထ။ ။ဤဋီကာအဖွင့်၌ အညော သုတ္တဿ အတ္ထော အာဟရိတဗ္ဗော သည် နေယျတ္ထသဒ္ဒါ၏ အဓိပ္ပါယ်ပြတည်း၊ နေယျောကို “အာဟရိတဗေဒ”ဟု ဖွင့်၏၊ ထို ကြောင့် နေတဗ္ဗောတိ နေယျော။ ယော အတ္ထော၊ အကြင် အနက်ကို။ နေတဗ္ဗော၊ တိုက်ရိုက်မရှိသဖြင့် ဆောင်ပြဆိုက်၏။ ဣတိ သော အတ္ထော နေယျော၊ (နီ-ဓာတ်+ကျ ပစ္စည်း။)နေယျော+အတ္ထော ယဿံ သုတ္တာတိ နေယျတ္တံ၊ တိုက်ရိုက်အားဖြင့် အနက် အဓိပ္ပါယ် မပြည့်စုံသောကြောင့် ဆောင်ပြထိုက်သော (ဆောင်ပြမှ ပြည့်စုံမည်ဖြစ်သော) အနက်အဓိပ္ပါယ်ရှိသော သုတ်။ ဤဋီကာ၌ပင် “သုတ္တပဒေဟေဒ နီတော အတ္တော"သည် နိုတတ္တပုဒ်၏ အနက်အဖွင့်တည်း။ နီယိတ္ထ၊ ဆောင်သင့်သော အနက်အဓိပ္ပါယ်ကို ဆောင် ယူအပ်ပြီ။ ဣတိ နီတော။ “ပြည့်စုံနေပြီ ဖြစ်သောကြောင့် အခြားနရာမှ ဆောင်ယူဘွယ် အနက် မလိုပါ'ဟူလို။ နီတော အတ္ထော ယာတိ နီတတ္တံ (သုတ္တံ)။ (နိဗ္ဗာန်နှင့် အရဟတ္တဖိုလ်၏တူပုံ ထူးပုံမျှလောက်ကို )။ န ဇာနာသိဧဝ၊ မသိသူသာဖြစ်သလော။ ဣတိ အတ္ထော၊ ဤကား အဓိပ္ပါယ်နက်။
နနု ဉာတေတိ၊ ကား။ ပုဗ္ဗေ၊ ရှေး၌။ (သင်မဖြေမီ ရှေးက။) န ဉာတံ၊ မသိအပ်ည်။ ယဒိပိ ဟောတိ၊ အကယ်၍ မူလည်း ဖြစ်စေဦးတော့။ (ဧဝံ သတိပိ၊ ဤသို့ ဖြစ်ပါသော်လည်း)။ အဓုနာပိ၊ ယခုမှလည်း။ (သင်ကဖြေလိုက်မှလည်း။) ဉာတေ၊ သိအပ်သော်။ သာဓု၊ ကောင်းသည်။ ဟောတိနနု၊ ဖြစ်သည် မဟုတ်လော။ ဣတိ၊ သို့။ အတ္တနော၊ မိမိဟူသော သကဝါဒီ၏။ ဇာနနံ၊ သိခြင်းကို။ (နိဗ္ဗာန်နှင့် အရဟတ္တဖိုလ်၏ အသီးသီး ဖြစ်မှန်းသိခြင်းကို)။ ပဋိစ္ဆာဒေတွာ၊ ဖုံးထား၍။ (မသိဟန်ဆောင်၍)။ ဝိက္ခေပံ၊ အထူးအထူး အပြားပြား ပစ်လွှင့်မှုကို။ (ပြန့်လွင့်အောင်) ကရောန္တံ၊ ပြုနေသော ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်ကို။ နိဗန္ဓတိ၊ စကားဖြင့် နှောင်ဖွဲ့၏။ ["ကိံ ပန နိဗ္ဗာနဉ္စ အရဟတ္တဉ္စ ဧကံ , ဥဒါဟု နာနံ" စသည်ဖြင့်ပြန့်လွင့်အောင် ပြုနေသော ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်ကိ သကဝါဒီက "ရှေးတုန်းက မသိလျှင် ရှိပါစေတော, ယခု အသင်ဖြေလိုက်မှ သိရလျှင် ကောင်းသည် မဟုတ်လော" ဟု မဖြေဘဲ မနေနိုင်အောင် စကားဖြင့် နှောင်ဖွဲံသည် ဟူလို။]
ဝိဘဇိတွာတိ (ပဒဿ)၊ ဟူသော ပုဒ်၏။ အက္ခရတ္ထမတ္တေ၊ ရာဂက္ခယော စသော အက္ခရာ ပုဒ်တို့၏ အနက်မျှ၌။ အဋ္ဌတွာ၊ မတန့်ရပ်မူ၍။ လီနံ၊ လျှို့ဝှက် တိမ်မြုပ် ငုပ်နေသော။ အတ္ထံ၊ အနက်ကို။ (ရာဂ၏ ကုန်ကြောင်းကုန်ရာ မဂ်၏ အဆုံး၌ဖြစ်သောကြောင့် အရဟတ္တဖိုလ်ကို ရာဂက္ခယ စသည်ဖြင့် ခေါ်ဝေါ် ရခြင်းဟူသော အနက်ကို)။ ဝိဘဇိတွာ၊ ခွဲခြားဝေဘန်၍။ ဥဒ္ဓရိတွာ၊ ၍။ နီဟရိတွာ၊ ထုတ်ဆောင်၍။ ကထိတံယထေဝ၊ ဆိုအပ်သကဲ့သို့သာလျှင်။ ဣတိ အတ္ထော၊
ရာဂါဒီနံ၊ ရာဂ အစရှိသည်တို့၏။ ခယောနာမ၊ ကုန်ခြင်း မည်သည်။ အဘာဝမတ္တော၊ ရာဂ စသည်တို့၏ မရှိခြင်းမျှသာတည်း။ စ၊ ဆက်။ အဘာဝဿ၊ မရှိခြင်း၏။ ဗဟုဘာဝေါ၊ များသည်၏ အဖြစ်သည်။ န အတ္ထိ၊ မရှိပါ။ (ကသ္မာ၊ နည်း)။ အတ္တနော၊ မိမိ၏။ အဘာဝတ္တာ၊ မရှိခြင်း၏ အဖြစ်ကြောင့်တည်း။ ဣတိ၊ သို့။ ဝဒနတဿ၊ ပြောဆိုမည့် ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်၏။ ဝစနပစ္ဆိန္ဒနတ္ထံ၊ ပြောမည့်စကားကို ဖြတ်တောက်ခြင်းအကျိုးငှာ။ ရာဂက္ခယော နာမ ရာဂဿေဝ ခယောတိ အာဒိ၊ အစရှိသော။ (ယံ ပဉှံ၊ အကြင် ပြဿနာသည်။ အတ္ထိ၊ တံ ပဉှံ သင်္ဂဟကာရော) ပုစ္ဆတိ၊ မေး၏။
ဟိ၊ လဒ္ဓဒေါသ ထင်ရှားပြအံ့။ ရာဂက္ခယော၊ ရာဂ၏ ကုန်ခြင်းသည်။ ဒေါသာဒီနံ၊ ဒေါသ အစရှိသည်တို့၏။ ခယော၊ ကုန်ခြင်းသည်။ ယဒိ န ဟောတိ၊ အကယ်၍ မဖြစ်အံ့။ ဒေါသက္ခယာဒယော စ၊ ဒေါသ၏ ကုန်ခြင်း အစရှိသည်တို့သည်လည်း။ ရာဂါဒီနံ၊ ရာဂ အဏရှိသည်တို့၏။ ခယာ၊ ကုန်ခြင်းတို့သည်။ (ယဒိ န ဟောန္တိ၊ အကယ်၍ မဖြစ်ကုန်အံ့။ ဧဝံ အဟောန္တေသု၊ ဤသို့ မဖြစ်ကုန်လသော်)။ အညမညဝိသိဋ္ဌာ၊ အချင်းချင်း အထူးပြုအပ်ကုန်သည်။ ဘိန္နာ၊ မထူးထူးခြား ကွဲပြားသော တရားတို့သည်။ အာပန္နာ၊ ဖြစ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ကြောင့်။ ဗဟုနိဗ္ဗာနတာ၊ များသော နိဗ္ဗာန်တို့၏ အဖြစ်သည်။ အာပန္နာဧဝ၊ ရောက်မြဲရောက်နေသည်သာလျှင်။ ဟောတိ၊ ၏။ စ၊ ဆက်။ အညမညဝိသေသောနာမ၊ အချင်းချင်းထူးသော တရားမည်သည်။ နိဿဘာဝဿ၊ သဘာဝ မဟုတ်သော ပညတ်၏။ ဝါ၊ အတွက်။ နတ္ထိ၊ မရှိ။ ဣတိ၊ ကြောင့်။ နိဗ္ဗာနဿ၊ ၏။ သသဘာဝတာ စ၊ မိမိ၏ သဘာဝ၏ အဖြစ်သည်လည်း။ (အာပန္နာ၊ ဖြစ်သည်။ ဟောတိ၊ ၏)။
နဝတဏှာမူလကာ၊ နဝတဏှာမူလကတို့ ဟူသည်။ တဏှံ ပဋိစ္စ ပရိယေသနာတိ အာဒယော၊ တဏှံ ပဋိစ္စ ပရိယေသနာ အစရှိကုန်သော ၉ ပါးတို့တည်း။ [ ၉ ပါးတို့၏ သရုပ်ကို ခုဒ္ဒကဝတ္ထုဝိဘင်္ဂ နဝကပါဠိတော်ကို လှမ်းကြည့်ပါ။] စ၊ ဆက်။ တေသု၊ ထို နဝတဏှာမူလကတရားတို့၌။ ပရိယေသနာဒယော၊ ပရိယေသန အစရှိသည်တို့ကို။ ပရိယေသနာဒိကရ ကိလေသာ၊ ရှာမှီးခြင်း အစရှိသည်ကို ပြုတတ်သော ကိလေသာတို့ ဟူ၍။ ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်ကုန်၏။
ဒိယဍ္ဎကိလေသသဟဿံ၊ အခွဲအားဖြင့် နှစ်ထောင်သော ကိလေသာကို။ (တထောင့် ငါးရာ ကိလေသာကို)။ နိဒါနကထာယံ၊ နိဒါနကထာ၌။ (အဋ္ဌသာလိနီ နိဒါန ကထာ၌)။ ဝုတ္တံ၊ ဆိုအပ်ပြီ။
ဩဠာရိကတာယ ကရောတဗ္ဗောတိ၊ ကား။ အတိသုခုမဿ၊ အလွန်သိမ်မွေ့သော။ နိဗ္ဗာနဿ၊ ၏။ ဩဠာရိကဘာဝ ဒေါသာပတ္တိယာ၊ ကြမ်းတမ်းသည်၏ အဖြစ် ဟူသော အပြစ်သို့ ရောက်ခြင်းအားဖြင့်။ ဗောဓေတဗ္ဗော၊ သိစေ ထိုက်၏။ ဝါ၊ တနည်း။ နိဂ္ဂဟေတဗ္ဗော၊ နှိပ်ထိုက်၏။ (ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်ကို နှိပ်ထိုက်၏)။

ဝတ္ထုန္တိ၊ ကား။ ဥပါဒိန္နကဖောဋ္ဌဗ္ဗံ၊ ဥပါဒိန္နကဖောဋ္ဌဗ္ဗာရုံဖြစ်သော။

အညမညဝိသိဋ္ဌာ။ ။ရာဂက္ခသည် ဒေါသက္ခယ မောဟက္ခမဟုတ်လျှင်၎င်း, ဒေါသက္ခယသည် ရာဂက္ခယ မောဟက္ခ မဟုတ်လျှင်၎င်း, မောဟက္ခသည် ရာဂက္ခယ ဒေါသက္ခယမဟုတ်လျှင်၎င်း အချင်းချင်းအထူးပြုအပ်ရာ ရောက်၏၊ ထိုသို့ အထူးပြုအပ်လျှင် အချင်းချင်းမတူ ထူးခြားကွဲပြားရာလည်း ရောက်သည်၊ မတူထူးခြားကွဲပြားလျှင်“ရာဂက္ခယ နိဗ္ဗာန်, ဒေါသက္ခယနိဗ္ဗာန်, မောဟက္ခယနိဗ္ဗာန်စသောအားဖြင့် နိဗ္ဗာန်တွေများနေစရာရှိ သည်”’-ဟူလို။

အညမညဝိသေသော စနာမ။ ။အဘာဝပညတ်မှန်လျှင် မရှိခြင်းတမျိုးသာ ဖြစ်သော ကြောင့် အချင်းချင်းထူးဘွယ်မလို၊ အချင်းချင်းထူးနေပြန်လျှင်လည်း အဘာဝပညတ်မဖြစ် နိုင်၊ အထည်ကိုယ်ထင်ရှားသော သဘာဝတရားသာဖြစ်ထိုက်သည်၊ ဤသို့ ကောက်ချက်ချ လိုက်သည်ရှိသော် နိဗ္ဗာန်သည် ဝိဘဏ္ဍဝါဒီ ဆိုလိုသော အဘာဝပညတ်မဟုတ်၊ သဘာဝဓမ္မ အဖြစ်သို့ ရောက်မြဲရောက်နေတော့သည်။

မေထုနံ၊ မေထုန်ကို။ (ပဋိသေဝန္တိ ၌စပ်)။
အစ္ဆာဒီနမ္ပိ၊ ဝံ သတ္တဝါ အစရှိသည်တို့၏ သော်မှလည်း။ နိဗ္ဗာနပတ္တိ၊ ငြိမ်းအေးခြင်းသို့ ရောက်ခြင်းကို။ ကသ္မာ၊ ကြောင့်။ ဝုတ္တာ၊ ဆိုအပ်ပါသနည်း။ ကိလေသာနံ၊ တို့၏။ အစ္စန္တံ၊ စင်စစ်။ အနုပ္ပတ္တိ နိရောဓော၊ နောက်ထပ်ဖြစ်ခြင်း မရှိသော ချုပ်ခြင်းသည်။ နိဗ္ဗာနံ၊ တည်း။ ဣတိ၊ သို့။ ဣစ္ဆန္တဿ၊ အလိုရှိသော ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်၏။ (ဝါဒေ၊ ၌)။ ကိလေသာနံ၊ တို့၏။ ဝိနာသော၊ ပျက်ခြင်းသည်။ ကိဉ္စိကာလံ၊ စိုးစဉ်း အနည်းငယ်သော ကာလ မျှ။ အပ္ပဝတ္တိ၊ မဖြစ်ခြင်းသည်။ နိဗ္ဗာနံ၊ သည်။ န ဟောတိ နနု၊ မဟုတ်သည် မဟုတ်ပါလော။ ဣတိ၊ ဤသို့ ပရဝါဒီဘက်ကဆိုအံ့။ (ဧဝံ သတိ၊ သော်။ ကိလေသာနံ၊ တို့၏။ ဝိနာသော၊ သည်။ ကိဉ္စိကာလံ၊ မျှ။ အပ္ပဝတ္တိ၊ သည်။ နိဗ္ဗာနံ၊ သည်။ န ဟောတိ၊ မဟုတ်သည်ကား)။
န၊ မဟုတ်။ (ကသ္မာ၊ နည်း)။ အဘာဝ သာမညတော၊ ကိလေသာတို့၏မဖြစ်ခြင်းအားဖြင့် တူမျှသည်၏အဖြစ်ကြောင့် တည်း။
ဟိ၊ မှန်။ အစ္စန္တာပဝတ္တိစ၊ စင်စစ် မဖြစ်ခြင်သည်၎င်း။ ကိဉ္စိကာလံ၊ မျှ။ အပ္ပဝတ္တိ စ၊ မဖြစ်ခြင်းသည်၎င်း။ အဘာဝေါယေဝ၊ ကိလေသာတို့၏ မဖြစ်ခြင်းပင်တည်း။ ဣတိ၊ ကြောင့်။ ဝိသေသော၊ အထူးသည်။ နတ္ထိ၊ မရှိ။

ဝါ၊ အဋ္ဌကထာနည်းမှ တနည်းကား။ သဝိသေသံ၊ ရာဂက္ခယော ဒေါသ က္ခယော စသော အထူးနှင့်တကွ။ ဝဒန္တဿ၊ ပြောဆိုသော ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်၏။ (ဝါဒေ၊ အယူ၌)။ အဘာဝတာ၊ နိဗ္ဗာန်၏ အဘာဝပညတ်၏ အဖြစ်သည်။ အာပဇ္ဇတိ၊ ဖြစ်နေ၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။

နနု။ပေ။န ဟောတိ။ ။ဝိတပ္ပဝါဒီပုဂ္ဂိုလ်သည် ကိလေသာတို့၏မဖြစ်ခြင်း သာမညကို နိဗ္ဗာန်ဟုဆိုလိုသည် မဟုတ်၊ နောက်ထပ်မဖြစ်သောအားဖြင့် ချုပ်ခြင်းကိုသာ နိဗ္ဗာန်ဟု ဆို လို၏၊ ထို့ကြောင့် အစ္စစသော တိရစ္ဆာန်တို့၏ အချိန်အနည်းငယ်ကာလ၌ ကိလေသာမဖြစ် ခြင်းသည် နိဗ္ဗာန်မဟုတ်လော”ဟု စောဒနာထိုက်ပါသည်။

နအဘာဝသာမညတော။ ။ကိလေသာတို့၏ နောက်ထပ် မဖြစ်သောအားဖြင့် စင်စစ်မဖြစ်ခြင်းသည်၎င်း အချိန်အနည်းငယ်ကာလ၌ မဖြစ်ခြင်းသည်၎င်း အဘာဝချင်းတူ နေသောကြောင့် ကိလေသာတို့၏အနည်းငယ်ကာလမျှ မဖြစ်ခြင်းကို နိဗ္ဗာန်မဟုတ်ဟု မဆို နိုင်၊ “အဘာဝဟူသည် တခဏမျှ မဖြစ်ခြင်းတည်းဟူသော အဘာဝဖြစ်စေ နောက်ထပ်ဖြစ် ခြင်းမရှိအောင် ချုပ်ခြင်းဟူသော အဘာဝဖြစ်စေ အဘာဝချင်းတူသည်သာ ဖြစ်၍ အထူး မရှိပါ”ဟူလို။

သဝိသေသံ ဝါ။ ။ဤနည်းသည် ဋီကာဆရာ၏နည်းတည်း၊ နိဗ္ဗာန်ကို ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယောဟု အထူးနှင့်တကွဆိုသော ဝိဘဏ္ဍဝါဒီပုဂ္ဂိုလ်၏အလို အားဖြင့် နိဗ္ဗာန်အများကို မဆိုလိုဘဲ နိဗ္ဗာန်တပါးတည်းသာဆိုလိုလျှင် အဘာဝပညတ်ဖြစ် ခြင်းဟူသောအပြစ်သို့ ရောက်သည် ဟူလို၊ ရာဂ၏ကုန်ခြင်းဟူသည်လည်း .. ရာဂမရှိခြင်း အဘာဝပညတ်, ဒေါသစသည်တို့၏ မရှိခြင်းဟူသည်လည်း ဒေါသစသည်တို့၏မရှိခြင်း အဘာဝပညတ်ပင်တည်း။

တိရစ္ဆာနဂတေဟိပိ၊ တိရစ္ဆာန်သတ္တဝါတို့သော်မှလည်း။ ပါပုဏိတဗ္ဗတ္တာ၊ ရောက်နိုင်သည်၏ အဖြစ်ကြောင့်။ တေသမ္ပိ၊ ထို တိရစ္ဆာန်တို့အားသော်မှလည်း။ ပါကဋံ၊ ထင်ရှား၏။ ပိဠန္ဓနံဝိယ၊ နားတန်ဆာသည်ကဲ့သို့။ ဩဠာရိကံ၊ ထင်ရှား၏။ ထူလံ၊ ကြမ်းတမ်း၏။
ပန၊ ထိုသို့ပင် နားတန်ဆာကဲ့သို့ ထင်ရှားပါသော်လည်း။ ကေဝလံ၊ သက်သက်။ ကဏ္ဏေ၊ နား၌။ ဝါ၊ နားတို့ဖြင့်။ ပိဠန္ဓိတုံ၊ ပန်ဆင်ခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။ [စာအုပ်တို့ ၌ န သေက္ကာတိ ဟု ရှိ၏။ အဋ္ဌကထာ စာအုပ်တို့၌ကား န သက္ကာတိ ဟု ရှိသည်။ ကဏ္ဏေပုဒ်ဝယ် ကရိုဏ်းအနက်ယူဘို့ရန် "ကဏ္ဏေဟိ" ဟု မဓု၌ တနည်းဖွင့်သေး၏။ ထိုအဖွင့်သည် အဋ္ဌကထာ၌ ကဏ္ဏေဟိဟု မရှိသောကြောင့်တည်း။] ဝါ၊ တနည်း။ ပိဠန္ဓနတောပိ၊ နားတန်ဆာထက်လည်း။ ထူလတ္တာ၊ ကြမ်းတမ်းသည်၏အဖြစ်ကြောင့်။ (ပိဠန္ဓိတုံ၊ ပန်ဆင်ခြင်းငှာ)။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ဤသို့။ (ဝိတဏ္ဍဝါဒိံ၊ ကို)။ ဥပ္ဖဏ္ဍေန္တော ဝိယ၊ ပြောင်လှောင်သကဲ့သို့။ နိဂ္ဂဏှာတိ၊ နှိပ်၏။ [သင်တို့၏ အလိုအားဖြင့် နိဗ္ဗာန်သည် နာတန်ဆာကဲ့သို့ ထင်ရှားပါသော်လည်း။ (နာတန်ဆာထက်ပင် ထင်ရှားပါသော်လည်း)။ နားတန်ဆာ အဖြစ်ဖြင့် ပန်ဆင်လို့ မရကောင်း" ဟူသော စကားသည် ဝိတဏ္ဍဝါဒီကို ပြောင်သလို လှောင်သလိုပြော၍ နိပ်သော စကားဖြစ်သည် ဟူလို။]
ပန၊ ဆက်။ နိဗ္ဗာနာရမ္မဏကရဏေန၊ ဂေါတြဘုက နိဗ္ဗာန်ကို အာရုံပြုခြင်းကြောင့်။ ဂေါတြဘုက္ခဏေ၊ ဂေါတြဘုခဏ၌။ အဿ၊ ထို တဏ္ဍဝါဒီ ပုဂ္ဂိုလ် ၏။ (ဝါဒေ၊ အယူ၌)။ ကိလေသက္ခယပ္ပတ္တိ၊ ကိလေသာ၏ ကုန်ခြင်းသို့ ရောက်ခြင်းသည်။ အာပန္နာ၊ ဖြစ်၏။ (နိဗ္ဗာန်က ကိလေသက္ခယဖြစ်သောကြောင့် နိဗ္ဗာန်ကို အာရုံပြုသော ဂေါတြဘုခဏ၌ ကိလေသာ၏ ကုန်ခြင်းသို့ ရောက်နေသည် ဟူလို)။ ဣတိ၊ သို့။ မညမာနော၊ သိသည်။ (ဟုတွာ၊ ၍)။ တွံ အခီဏေသုယေဝါတိ အာဒိ၊ အစရှိသော. (ယံ ဝစနံ အတ္ထိ, တံ ဝစနံ သင်္ဂဟကာရော) အာဟ၊
အာရမ္မဏ ကရဏမတ္တေန၊ အာရုံပြုခြင်းမျှကြောင့်။ ကိလေသက္ခယော၊ ကိလေသာတို့၏ ကုန်ခြင်းသို့။ အနုပ္ပတ္တော၊ အစဉ်ရောက်အပ်ပြီ။ ဣတိ၊ ဤသို့။ ဝတ္တုံ၊ ငှာ။ န သက္ကာ နနု၊ မတတ်ကောင်းသည် မဟုတ်လော။
ဟိ၊ မှန်။ စိတ္တံ၊ စိတ်သည်။ (ဂေါတြဘု အပါအတွင် စိတ်ဟူသမျှသည်)။ အတီတာနာဂတာဒိသဗ္ဗံ၊ အတိတ် အနာဂတ် အစရှိသော အလုံးစုံကို။ အာလမ္ဗေတိ၊ ဆွဲကိုင်နိုင်၏။ (အာရုံပြုနိုင်၏)။ နိပ္ဖန္နမေဝ၊ ပြီးပြီးသော အာရုံကိုသာ။ နာ အာလမ္ဗေတိ၊ ဆွဲကိုင်သည်မဟုတ်။ (အာရုံပြုနိင်သည် မဟုတ်)။ ဣတိ၊ ကြောင့်။ ဂေါတြဘုပိ၊ သည်လည်း။ (ပဝတ္တိဿတိ ၌စပ်)။ မဂ္ဂေန၊ မဂ်သည်။ ကိလေသာနံ၊ တို့၏။ ယာ အနုပ္ပတ္တိဓမ္မတာ၊ အကြင် နောက်ထပ်ဖြစ်ခြင်း သဘော မရှိသည်၏ အဖြစ်ကို။ ကာတဗ္ဗာ၊ ပြုထိုက်၏။ တံ (အနုပ္ပတ္တဓမ္မတံ)၊ ထို နောက်ထပ်ဖြစ်ခြင်း သဘောမရှိသည်၏ အဖြစ်ကို။ အာရဗ္ဘ၊ အာရုံပြု၍။ ပဝတ္တိဿတိ၊ ဖြစ်လတ္တံ့ မဟုတ်လော။ ဣတိ၊ ဤကား စောဒနာတည်း။
န၊ ဖြစ်လတ္တံံ မဟုတ်။ (ကသ္မာ၊ နည်း)။ အပ္ပတ္တနိဗ္ဗာနဿ၊ မရောက်အပ်သေးသော နိဗ္ဗာန်ရှိသော ပုဂ္ဂိုလ်၏။ (နိဗ္ဗာန် မရသေးသော ပုဂ္ဂိုလ်၏)။ နိဗ္ဗာနာရမ္မဏဉာဏာဘာဝတော၊ နိဗ္ဗာန်ဟူသော အာရုံရှိသော ဉာဏ်၏ မဖြစ်နိုင်ခြင်းကြောင့်တည်း။
ဟိ၊ မှန်။ (တနည် ) ဟိ ယဿ္မာ၊ ကြောင့်။ နိဗ္ဗာနံ၊ သည်။ အညဓမ္မာဝိယ၊ အခြားတရားတို့ကဲ့သို့။ န၊ မဟုတ်။ (အနာဂတ်အဖြစ်ဖြင့် မျက်မှောက်ပြုထိုက်သော တရားမျိုး မဟုတ်)။ ပန၊ အဟုတ်ကား။ တံ၊ ထို နိဗ္ဗာန်သည်။ ဝါ၊ ၏။ အတိဂမ္ဘီရတ္တာ၊ အလွန် နက်နဲသည်၏ အဖြစ်ကြာင့်။ အပ္ပတ္တေန၊ မရောက်သော ပုဂ္ဂိုလ်သည်။ အာလမ္ဗိတုံ၊ ဆွဲကိုင်ခြင်းငှာ။ (အာရုံပြုခြင်းငှာ)။ န သက္ကာ၊ မတတ်ကောင်း။
တသ္မာ၊ ကြောင့်။ တေန ဂေါတြဘုနာ၊ သည်။ ဝတ္တဗ္ဗေန၊ အာရုံပြုသော အားဖြင့် ရောက်ထိုက်သော နိဗ္ဗာန်သည်။ တိကာလိကသဘာဝါတိက္ကန္တ ဂမ္ဘီရဘာဝေန၊ တိကာလိက သဘောကို လွန်သော နက်နဲသော တရား၏ အြဖစ်သည်။ ဘဝိတဗ္ဗံ၊ ဖြစ်ထိုက်၏။ ဝါ၊ တနည်း။ ကိလေသက္ခယမတ္ထကံ၊ နိဗ္ဗာန်၏ိ ကိလသာသက္ခယမျှ၏ အဖြစ်ကို။ ဣစ္ဆတော၊ အလိုရှိသော ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်၏။ (ဝါဒေ၊ အယူ၌)။ ဂေါတြဘုတော၊ ဂေါတြဘုမှ။ ပုရေတရံ၊ ရှေးဦးစွာ။ နိပ္ဖန္နေန၊ ပြီးပြီးသော။ ကိလေသက္ခယေန၊ ကိလေသာတို့၏ ကုန်ခြင်းသည်။ (ဘဝိတဗ္ဗံ၊ ဖြစ်ထိုက်၏)။ တေန၊ ကြောင့်။
တွံ အခီဏေသုယေဝ ကိလေသေသု ကိလေသက္ခယံ နိဗ္ဗာနံ ပညပေသီတိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊

ဟိ၊ လဒ္ဓဒေါသ ထင်ရှားပြအံ့။ အပ္ပတ္တကိလေသက္ခယာရမ္မဏကရဏေ၊ မရောက်အပ်သးသော ကိလေသက္ခယကို အာရုံပြုခြင်းသည်။ သတိ၊ သော်။ ဂေါတြဘုတော၊ မှ။ ပုရေတရစိတ္တာနိပိ၊ ရှေး၌ဖြစ်သော ပရိကမ် အစရှိသော စိတ်တို့သည်လည်း။ အာလမ္ဗေယျုံ၊ ဆွဲကိုင်နိုင်ကုန်ရာ၏။ (အာရုံပြုကုန်ရာ၏)။ ဣတိ၊ ဤကား အပြစ်တည်း။

အာရဗ္ဘ ပဝတ္တိဿတိ။ ။စိတ်ဟူသမျှသည် ပစ္စုပ္ပန်အာရုံသာမက အတိတ် အနာဂတ် အာရုံကိုလည်း ယူနိုင်၏။ - ထို ့ကြောင့် “ဂေါတြဘူလည်း မိမိနောက်မှဖြစ်သော မဂ်က ပြုမည့် ကိလေသာတို့၏ အနုပ္ပတ္တိဓမ္မဘာကို အာရုံပြု၍ ဖြစ်လတ္တံ့ ”ဟူလို။ ဤပဝတ္တိဿတိ သည် အနာဂတ်အစစ်မဟုတ်၊ မှန်းဆ၍ ဆိုရာ၌ သုံးလေ့ရှိသော အနာဂတ်သာတည်း။]

အပ္ပတ္တ။ပေ။ ကရဏေ။ ။ဂေါတြဘုစိတ်က မရောက်အပ်သေးသော ကိလေသက္ခ နိဗ္ဗာန်ကို အာရုံပြုနိုင်လျှင် ဂေါတြဘုရွှေက ပရိကမ် ဥပစာ အနုလုံစိတ်များလည်း ထိုနိဗ္ဗာန် ကို အာရုံပြုနိုင်ခြင်းဟူသော အပြစ်ရောက်စရာ ရှိ၏၊ စင်စစ်အားဖြင့် ထိုစိတ်များက နိဗ္ဗာန်ကို အာရုံမပြုနိုင်ကြပါ’ဟူလို။

မဂ္ဂဿ ကိလေသက္ခယံ နိဗ္ဗာနန္တိ (ပဒဿ)၊ ဟူသော ပုဒ်၏။ မဂ္ဂဿ၊ မဂ်၏။ အာရမ္မဏဘူတံ၊ နက်။
မဂ္ဂေါတိအာဒိနာ၊ အစရှိသော စကားရပ်ဖြင့်။ ပုရိမပုစ္ဆာ ကိလေသက္ခယ့ နိဗ္ဗာနံ ကတမံ, မဂ္ဂေန ခီယန ကိလေသာ ကတမေ " ဟူသော ပုစ္ဆာ ၂ ရပ်ကို "ပုရိမပုစ္ဆာဒွယ" ဟု ဆိုသည်။
န စ ကိဉ္စီတိ (ပဒဿ)၊ ၏။ ရူပါဒီသု၊ ရူပါရုံ အစရှိသည်တို့တွင်။ ဝါ၊ ရုပ်အစမဟုတ်။ ကဒါစိစ၊ အတိတ် အစရှိသည်တို့တွင် မည်သည့်အခါ၌မျှလည်း။ န ဟောတိ၊ မဖြစ်။ ကဒါစိစ၊ အတိတ် အစရှိသည်တို့တွင် မည်သည့်အခါ၌မျှလည်း။ န ဟောတိ၊ မဖြစ်။ အတီဝါဒိဘာဝေန၊ အတိတ် အစရှိသည်တို့၏ အဖြစ်ဖြင့်။ န ဝတ္တဗ္ဗံ၊ မဆိုထိုက်။ ဣတိ၊ ဤသို့။ ဝဒန္တိ၊ ဖွင့်ဆိုကြကုန်၏။ တံ၊ ထို နိဗ္ဗာန်သို့။ အာဂမ္မ၊ အာရုံပြုသော အားဖြင့် ရောက်၍. ဝါ၊ ရောက်ခြင်း‌ြောင့်။ အဝိဇ္ဇာတဏှာနံ၊ တို့၏။ ကိဉ္စိ၊ စိုးစဉ်းအနည်းငယ်မျှလည်း။ ဧကဒေသမတ္တမ္မိ၊ တစိတ်တဒေသမျှသည်လည်း။ န ဟောတိ၊ မရှိတော့။ တံ၊ ထို နိဗ္ဗာန်သို့။ အာဂမ္မ၊ ၍။ ဝါ၊ ကြောင့်။ တဒေဝ၊ ထို အဝိဇ္ဇာတဏှာတို့၏ စိုးစဉ်းအနည်းငယ်မျှသည်ပင်။ ကဒါစိစ၊ အတိတ် အစရှီသည်တို့တွင် မည်သည့်အခါ၌မျှလည်း။ န ဟောတိ၊ မရှိတော့။ ဣတိ အတ္ထော၊ သည်။ ယုတ္တော၊ သင့်၏။ [ဤအနက်သာ သင့်၏၊ ဝဒန္တိ ဆရာတို့ ဖွင့်ဆိုအပ်သော အနက်သည် မသင့် ဟူလို။]
အဘိဓမ္မ ဘာဇနီယဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။
န ။ပေ။ န ဝတ္တဗ္ဗဓမ္မာရမ္မဏတ္တာတိ (ပဒဿ)၊ ဟူသော ပုဒ်၏။ သာ ရမ္မဏာ၊ အာရုံနှင့်တကွဖြစ်သော တရားတို့သည်။ ပရိတ္တာဒိဘာဝေန၊ ပရိတ္တ အစရှိသည်တို့၏ အဖြစ်ဖြင့်။ န ဝတ္တဗ္ဗံ၊ မဆိုထိုက်သော။ ကိဉ္စိ၊ အချို့သော။ အာရမ္မဏံ၊ ပညတ်စသော အာရုံကို။ ကရောန္တိ ယထာ၊ ပြုကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ကိဉ္စိ၊ အချို့သော န ဝတ္တဗ္ဗတရားကို။ အာလမ္ဗနတော၊ ဆွဲမှီခင်း ကြောင့်။ (အာရုံပြုခြင်းကြောင့်)။ န ဝတ္တဗ္ဗကောဋ္ဌာသံ၊ န ဝတ္တဗ္ဗ အဘို့အစုသို့။ န ဘဇတိ၊ ကပ်ရောက်သည် မဟုတ်။ ဣတိ အတ္ထော၊ ဤကားအနက်။
အာယတန ဝိဘင်္ဂဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။