**ကာမယာနဿ**။ ။ "ကာမယမာနဿ" ဟူသော ပဌမအဖွင့် အလိုအားဖြင့် ကမုဓာတ် စုရာဒိ ဏယပစ္စည်း, အာနပစ္စည်းတည်း။ မထင်ရှားသော အာနပစ္စည်းကို ထင်ရှာသော မာနပစ္စည်းဖြင့် လဲ၍ "ကာမယမာနဿ" ဟုဖွင့်သည်။ "ကာမော ယာနံ ဧတဿ" ဟူသော ဒုတိယအဖွင့် အလိုအားဖြင့် ကာမနှင့် ယာနကို ဗဟုဗ္ဗီဟိ သမာသ် တွဲစပ်တ၊ ထားသည် ဟု ပြသည်။ ယာဉ်ဟူသည်လည်း ဝတ္ထုအာရုံ ကာမဂုဏ်သို့ သွားကြောင်းယာဉ်တည်း။ "ယာယတိ ဧတေနာတိ ယာနံ" ဟု ပြုပါ။ ဝေဒေတိ၊ သုခ အစရှိသည် ကို ခံစားတတ်၏။
ဝါ၊ အလုံးစုံသော အာရုံတို့ကို သိခြင်းကို ပြုတတ်၏။
သန္နိဟိတဘာဝ ကရဏေန။ ။ ဤစကားသည် အပ္ပဟာနေန၏ အဓိပ္ပါယတ္ထကို ပြသော စကားတည်း။ မဂ်ဖြင့် မပယ်အပ်သေးသည့်အတွက် (အချိန်မရွေး ဖြစ်ဘို့ရန်) မိမိသန္တာန်ဝယ် ကောင်းစွာ မြှုပ်နှံထားအပ်သကဲ့သို့ ဖြစ်သည် ဟူသော အဓိပ္ပါယ်ကို ပြသည်။ [သံ- အနီး၌+ နိဟိတ- မြှုပ်နှံထားအပ်။]
ဝေဒေတိ။ ။ ဝေဒေယျောအတွက် "ဝေဒေတိ, ဝေဒိယတိ" ဟု ဝိဂ္ဂဟ ၂ မျိုး ပြ၏၊ စုရာဒိ ဝိဒဓာတ်သည် အနုဘဝန အနက်ကိ ဟောရကား ဝေဒေတိကို "သုခါဒိံ အနုဘဝတိ" ဟု ပဌမဖွင့်၏။ [သုခါဒိ၌ အာဒိဖြင့် ဒုက္ခကို ယူပါ။] "သဗ္ဗဝိသယေ ဝါ ဇာနာတိ" ဟု ဒုတိယတနည်း ဖွင့်ရာ၌ကား သိခင်းအနက်ဟော "ဝေဒ" နာမ်ပုဒ်နောင် ကရောတိအနက်၌ ဣ ပစ္စည်းသက်, ဣကို ဧပြု၍ ပြိးသော နာမဓာတ်ဟု ဝေဒေတိကို ကြံပါ၊ ဘာ့ကြောင့်နည်း စုရာဒိ ဝိဒဓာတ်က သိခြင်း အနက်ကို မဟော, ဘူဝါဒိ ဝိဒဓာတ်ကသာ သိခြင်းအနက်ကို ဟောသောကြောင့်တည်း။
အနုဋီကာ။ ။ ဝေဒေတီတိ ဝေဒယတိ၊ တဿ အတ္ထဝစနံ အနုဘဝတီတိ၊ ဝေဒဝါ ဉာဏံ ကရောတိ ဥပ္ပါဒေတီတိ ဝေဒေတိ၊ တဿ အတ္ထဝစနံ ဇာနာတီတိ၊ ဤနည်း၌ ဝေဒေယျောဝယ် ဝိဒဓာတ်, ကတ္တားဟော ဏျ ပစ္စည်းကြံ၍ အာဂုံလာသော ဣကို ဧ ပြု "ဝေဒေယျော၊ ခံစားတတ်၏၊ ဝါ၊ သိတတ်၏" ဟု ပေးပါ။
[နောက်၌ "သုခါဒိံံ အနုဘဝတိ" စသည်ဖြင့် ဖွင့်လိမ့်မည်။] ဝါ၊ တနည်း။ ဝေဒိယတိ၊ မိမိကိုယ်တိုင် သိအပ်၏။ ဝါ၊ သူတပါးတို့၏ သိအပ်၏။ ဣတိ၊ ကြောင့်။ ဝေဒေယျော၊ ဝေဒေယျ မည်၏။ သုခါဒိံ၊ သုခအစရှိသည်ကို။ အနုဘဝတိ၊ ခံစားတတ်၏။ ဝါ၊ တနည်း။ သဗ္ဗဝိသယေ၊ အလုံးစုံသော အာရုံတို့ကို။ [ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ "သဝိသယေ၊မိမိအာရုံတို့ကိ" ဟု မူကွဲရှိ၏။] ဇာနာတိ၊ သိတတ်၏။ သုခိတော၊ လွန်စွာဖြစ်သော သုခရှိ၏။ ဣတိ အာဒိနာ၊ ဤသို့ အစရှိသည်ဖြင့်။ အတ္တနာ၊ ကိုယ်တိုင်၎င်း။ ပရေဟိစ၊ သူတပါးတို့သည်၎င်း။ ဇာနာတိ စ၊ သိလည်း သိတတ်၏။ ဉာယတိ စ၊ သိလည်း သိအပ်၏။ [အတ္တနာကို ဇာနာတိနှင့်၎င်း, ပရေဟိကို ဉာယတိနှင့်၎င်း တွဲပါ။]ဒွါဒသဝိဓ သုညတာ သုညံတိ၊ ကား။
အဝိဇ္ဇာဒီနံ၊ အဝိဇ္ဇာ အစရှိကုန်သော။
ဒွါဒသဝိဓာနံ၊ တဆယ့်နှစ်ပါး အပြားရှိသော အင်္ဂါတို့၏။
သုညတာယ၊ ဓုဝ သုဘ သုခ အတ္တတို့၏ အဖြစ်မှ ကင်းဆိတ်သည်၏ အဖြစ်အားဖြင့်။
သုညံ၊ ကင်းဆိတ်၏။
ဝါ၊ တနည်း။
စတုဗ္ဗိဓံပိ၊ သော။
သုညတံ၊ ဓုဝသုညတာ သုဘ သုညတာ သုခသုညတာ အတ္တသုညတာ ဟူသော သုညတာကို။
ဧကံ၊ တပါးတည်းကို။
ဝေဒိယတိ။ ။ ဤပုဒ်ကား ကတ္တားဟော, ကံဟော ၂ မျိုးရတည်း။ ထိုတွင် ကတ္တားဟောကို ရည်ရွယ်၍ "အတ္တန ဇာနာတိ" ဟု အနက်ဖွင့်၏။ ဤအလို "ဝေဒိယတိ" ကို ကမ္မကတ္တား ကြံပါ။ ကံဟောကို ရည်ရွယ်၍ "ပရေဟိ ဉာယတိ" ဟု အနက်ဖွင့်သည်။ ကံအနက် ဟောရာ၌ ဝေဒိယတိ ရုပ်ပြီးပုံ ရှင်း၏။ [ဝေဒိယတီတိ ပန ကမ္မ ကတ္တု ကမ္မာနံ ဝသေန နိဒ္ဒေသောတိ တဿပိ အတ္ထံ ဒဿေန္တော "ဇာနာတိ ဉာယတိ" တိ အာဟ။ အနု။ ဤအလို ဝေဒေယျော ၌ ဏျ ပစ္စည်းကိုလည်းကတ္တားဟောကံဟော ၂ မျိုး ကြံပါ။]
ဒွါဒသဝိဓ သုညတာ သုညံ။ ။ "ဒွါဒသဝိဓ" အရ အဝိဇ္ဇာစသော အင်္ဂါ ၁၂ ပါး ကို ယူ၍ ထို ၁၂ ပါးလုံးပင် အဋ္ဌကထာ၌ ပြအပ်သော ဓုဝ, သုဘ, သုခ, အတ္တတို့မှ ကင်းဆိတ်ကြသောကြောင့် "သုည" ဖြစ်ကြ၏။ ထို့နောက် "သုညာနံ+ ဘာဝေါ သုညာတာ၊ ဒွါဒသဝိဓာနံ+ သုညတာ ဒွါဒသဝိဓ သုညတာ" ဟု ပြု၍ ထိုပုဒ်ကို သုညံ၏ နာမ ဝိသေသနအဖြစ်ဖြင့် စပ်စေလိုသောကြောင့် "သုညာတာယ+ သုညံ" ဟု ဖွင့်သည်။
စတုဗ္ဗိဓံ ဝါ ။ပေ။ သုညံ။ ။ ဤနည်းကား ဓုဝသုညတာစသော သုညတာ ၄ မျိုးကို သာမညနိဒ္ဒေသ နည်းအားဖြင့် တပါးတည်းဟူ၍ ထို သုညတာသည် အဝိဇ္ဇာ စသော အားဖြင့်အင်္ဂါ ၁၂ ပါးရှိရကား သုညတာ ၁၂ ပါးဟု ယူသည်။ ဤနည်း၌ ဒွါဒသဝိဓကို သုညတာနှင့် ကမ္မဓာရဲတွဲ။ [ရှေးနည်း၌ကား ဆဋ္ဌီတပ္ပုရိသ် တွဲခဲ့သည်။] ထို့နောက် သုညံနှင့် ဝိသေသနတ္ထ တတိယာတပ္ပုရိသ် တွဲစေလို၍ "ဒွါဒသဝိဓာယ သုညတာယ သုညံတိ အတ္ထော" ဟု ဖွင့်သည်။
ကတွာ၊ ၍။ ဒွါဒဿင်္ဂတာယ၊ တဆယ့်နှစ်ပါးသော အင်္ဂါရှိသည်၏ အဖြစ်ကြောင့်။ ဒွါဒသဝိဓာ၊ တဆယ့်နှစ်ပါး အပြားရှိ၏။ [သုညတာ တဆယ့်နှစ်ပါး အပြားရှိ၏။] ဒွါဒသဝိဓာယ၊ တဆယ့်နှစ်ပါး အပြားရှိသော။ တာယ သုညတာယ၊ ထို အဓုဝအဖြစ်စသည်တို့မှ ကင်းဆိတ်သည်၏ အဖြစ်အားဖြင့်။ သုညံ၊ ကင်းဆိတ်၏။ ဣတိ အတ္ထော၊ဝါ၊ တနည်း။
တေဒနာ၊ သည်။
တဏှာသဟာယာယ၊ တဏှာဟူသော အဖော်ရှိသော။
အဝိဇ္ဖာယ၊ ၏။
ပစ္စယော၊ အကြောင်းသည်။
ဟောတိ၊ ၏။
ဣတိ၊ ကြောင့်။
ဝေဒနာတော၊ ဝေဒနာကြောင့်။
အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။
(သမ္ဘဝတိ)၊
တတော၊ ထို အဝိဇ္ဇာကြောင့်။
သင်္ခါရာ၊ တို့သည်။
(သမ္ဘဝန္တိ)၊
ဣတိ၊ ဤသို့။
ဝါ၊ ဤနည်းအားဖြင့်။
သမ္ဗဇ္ဈနတော၊ ဖွဲ့စပ်တတ်သည်၏ အဖြစ်ကြောင့်။
ဘဝစက္ကံ၊ ဘဝစက်သည်။
ဝေဒနာဝသာနံ၊ ဝေဒနာဟူသော အဆုံးရှိ၏။
ဣတိ၊ ကြောင့်။
ဧတံ၊ ဤ ဝေဒနာ အဆုံရှိသော ဘဝစက်ဟူသော စကားသည်။
ဘဝစက္ကေကဒေသောပိ။ ။ အဝိဇ္ဇာမှစ၍ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသတိုင်အောင် ဆုံးမှ ဘဝစက် ပြည့်စုံ၏၊ ဤ၌ အဝိဇ္ဇာမှစ၍ ဝေဒနာတွင် ဆုံးမနေသော တရားအဆက်ဆက်ကို အဘယ်နည်းအားဖြင့် "ဘဝစက်" ခေါ်နိုင်ပါသနည်းဟု မေးဘွယ်ရှိသောကြောင့် "ဘဝစက္ကေကဒေသောပိ ။ပေ။ ဝုစ္စတိ" ဟု မိန့်၏။ အပေါင်း၏အမည်ကို တစိတ်တပိုင်း၌ တင်စားထားသော ဧကဒေသျူပစာရနည်းအားဖြင့်တစိတ်တပိုင်းကိုလည်း "ဘဝစက်" ဟု ခေါ်နိုင်ပါသည် ဟူလို။
ဝေဒနာ ဝါ ။ပေ။ ယုတ္တမေတံ။ ။ "ဝေဒနာ ပစ္စယာ တဏှာ" ဟု ဟောတော်မူသောကြောင့် တဏှာနှင့် အဝိဇ္ဇာသည် ယှဉ်ဖော်ယှဉ်ဘက် ဖြစ်၏။ ထို့ကြောင့် ဝေဒနာ သည် အဝိဇ္ဇာ၏ အကြောင်းလည်း ဖြစ်၏။ အဝိဇ္ဇာကြောင့်ကား သင်္ခါရတို့ ဖြစ်ကုန်၏။ ဤနည်းအားဖြင့် "ဝေဒနာပစ္စယာ အဝိဇဇာ, အဝိဇ္ဖာ ပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ" စသည်ဖြင့် ဝေဒနာဆုံးသောအခါ အဝိဇ္ဇာသင်္ခါရတို့ ပါဝင်ရကား ဘဝစက်သည် အပြည့်အစုံ လည်နေပြန်၏။ ဤနည်း၌ကား ဧကဒေသျူပစာ မဟုတ်, အဝိဇ္ဇာမှ စ ၍ဝေဒနာ အဆုံးရှိသော တရားအဆက်ဆက်ကို မုချအားဖြင့် "ဘဝစက်" ဟု ခေါ်နိုင်သည်။
ယုတ္တံ၊ သင့်၏။ တဏှာမူလကေ စ၊ တဏှာ အရင်းခံရှိသော ဘဝစက်၌ လည်း။ ဧဝံ၊ တူ။ ယောဇေတဗ္ဗံ၊ ယှဉ်စေထိုက်၏။ ဟိ၊ မှန်။ တနည်း (ကသ္မာ တဏှာမူလကေ ဧဝံ ယောဇေတဗ္ဗံ၊ နည်း)။အဝိဇ္ဇာ၊ အဝိဇ္ဖာသည်။
ဓမ္မသဘာဝံ၊ တရားတို့၏ သဘောကို။
(ဖဿ၏ ဖုသနသဘော စသည်ကို။
ပဋိစ္ဆာဒေတွာ၊ ဖုံးလွှမ်း၍။
ဝိပရီတာဘိနိဝေသံ၊ ဖောက်ဖောက်ပြန်ပြန် နှလုံးသွင်းခြင်းကို။
ကရောန္တိ၊ ပြုလျက်။
ဒိဋ္ဌိစရိတေ၊ ဒိဋ္ဌိစရိုက် ရှိသူတို့ကို။
သံသာရေ၊ သံသရာထဲ၌။
နယတိ၊ ဆွဲဆောင်တတ်၏။
ဧဝံ တဏှာမူလကေ စ။ ။ တဏှာကို မူတည်သော နောက်ပိုင်း တရားအဆက်ဆက်ကို "ဘဝစက်" ဟု ခေါ်ရာ၌လည်း ဧကဒေသျူပစာရအားဖြင့် ခေါရသောနည်းကို၎င်း, သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါသာယ ဆုံးသောအခါ ထို သောကစသည်တို့ ဖြစ်တိုင်း အဝိဇ္ဇာလည်းပါဝင်ပြန်၏။ အဝိဇ္ဇာဖြစ်လျှင် အဝိဇ္ဇာ အဖော်ရှိသော တဏှာလည်းဖြစ်ပြန်၏။ တဏှာဖြစ်လျှင် "တဏှာပစဏ္ယာ ဥပါဒါနံ" စသည်ဖြင့် နောက်ပိုင်းလည်း အဆက်ဆက်လည်ပြန်ရကား မုချအားဖင့် နောက်တပိုင်းကိုလည်း "ဘဝစက်" ဟု ခေါ်နိုင်ပြန်သည်။
ဒွိန္နမ္ပိ ။ပေ။ ဟောတိ။ ။ ဤ ပြခဲ့သည့်အတီင်း မူလပြုရာ၌ တဏှာမူလရှိသော အပရန္တ ဘဝစကိုလည်း သွင်းယူနိင်, တဏှာကို မူလပြုရာ၌လည်း အဝိဇ္ဇာ မူလရှိသော ပုဗ္ဗန္တ ဘဝစက်ကိုလည်း သွင်းယူနိုင်၏။ ထို့ကြောင့် ဘဝစက်သည် ပုဗ္ဗန္တစက်၌ လည်း တရားပြည့်စုံ၍ အပရန္တစက်၌လည်း တရားပြည့်စုံပါသည် ဟုလိူ။
အဝိဇ္ဇာ ။ပေ။ နယတိ။ ။ အဝိဇ္ဇာသည် တရားတို့၏ မှန်သော သဘောကို ဖုံးထား၏။ ထိုဖုံးထားမှု အဝိဇ္ဇာသည် မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းဟူသော အယူမှားမှုကို ပြုလျက် နဂိုက ဒိဋ္ဌိစရိုက်ရှိနေသူတို့ကို သံသရာမှ မလွတ်နိုင်အောင် သံသာရာထဲ၌ ဆွဲဆောင်၍ ထားသကဲ့သိ့ ဖြစ်၏။ထို့ကြောင့် "ဒိဋ္ဌိစရိတာနံ အဝိဇ္ဇာ သံသာရနာယိကာ" ဟု ဆိုသည်။
ဝိပရီတာဘိနိဝေသံ ကရောန္တီ။ ။ ဖဿ၏ ဖုသနသဘောကို ဖုံးထားသောကြောင့် အာရုံကို တွေ့ထိသောအခါ ဖဿကို မသိဘဲ အတ္တက တွေ့ထိ၏ ဟု မှားမှားယွင်းယါင်း နှလုံးသွင်းခင်းကို "ဝိပရီတာဘိနိဝေသ" ဟု ဆိုသည်။ ဝေဒနာ စသည်တို့၏ အနုဘဝန သဘော စသည်ကို ဖုံးထားရာ၌လည်း နည်းတူ။ ကရောန္တီ၏ ကတ္တားသည် အဝိဇ္ဇာတည်း။ ဝိပရီတာဘိနိဝေသကို ပြုတတ်သော တရားကာ အဝိဇ္ဇာမဟုတ်, ဒိဋ္ဌိတည်း။ ထို ဒိဋ္ဌိသည် အဝိဇ္ဇာကြောင့်ဖြစ်ရကား အကြောင်းဖြစ်သော အဝိဇ္ဇာအပေါ်၌ ဒိဋ္ဌိ၏ ကတ္တုသတ္တိကို တင်စား၍ အဝိဇ္ဇာကိုပင် မှားယွင်းစွာ နှလုံးသွင်းမှုကို ပြုတတ်သော ကတ္တားအဖြစ်ဖြင့် ဆိုထားသည်။ ဖလူပစာရ, တဒ္ဓမ္မူပစာရတည်း။ [ဝိပရီတာဘိနိဝေသံ ကရောန္တီတိ နိမိတ္တံ(အကြောင်းဖြစ်သော အဝိဇ္ဇာကို) ကတ္တူပစာရေန ဝဒတိ။ အနု။]
ဝါ၊ တနည်း။ တေသံ၊ ထို ဒိဋ္ဌိစရိုက်ရှိသူတို့၏။ သင်္ခါရာဒိပဝတ္တိံ၊ သင်္ခါရ အစရှိသည်တို့၏ ဖြစ်ခြင်းဟူသော။ သံသာရံ၊ သံသရာကို။ နယတိ၊ ဆွဲဆောင်တတ်၏။ ပဝတ္တေတိ၊ ဖြစ်စေတတ်၏။ ဣတိ၊ ကြောင့်။ သံသာရနာယိကာတိ၊ ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တာ၊ ပြီ။အထဝါ၊ ထို့ပြင်တနည်းကား။
ပုရိမဘဝစက္ကံ၊ ရှေး၌ဖြစ်သော ဘဝစက်ကို။
ဒုတိယေန၊ ဒုတိယဘဝစက်နှင့်။
သမ္ဗန္ဓံ၊ စပ်အောင်။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဣတိ၊ ကြောင့်။
ဝေဒနာသင်္ခါတဿ၊ ဝေဒနာဟု ဆိုအပ်သော။
ဖလဿ၊ အကျိုး၏။
ဥပ္ပတ္တိယာ၊ ဖြစ်ခြင်းဖြင့်။
(ပကာသေတိ ၌စပ်)။
တဏှာဒီနံ၊ တဏှာအစရှိကုန်သော။
ဟေတူနံ၊ အကြောင်းတို့၏။
အနုပစ္ဆေဒံ၊ မပြတ်စဲခြင်းကို။
ပကာသေတိ၊ ထင်ရှားပြ၏။
ကာရဏဘူတာယ၊ အကြောင်းဖြစ်၍ ဖြစ်သော။
တေသံဝါ ။ပေ။ ပဝတ္တေတိ။ ။ ဤနည်း၌ကား သင်္ခါရစသော တရားတို့၏ ဆက်ကာ ဆက်ကာ ဖြစ်ခြင်းကိုပင် "သံသာရ" ဟု ဆိုလိုသည်။ ထို့ကြောင့် "သံသာရံ" ကို "သင်္ခါရာဒိ ပဝတ္တိံ" ဟု သရုပ်ဖော်သည်။ "နာယိကာ" အရ ဆောင်ခြင်း ဟူသည်လည်း ထို သင်္ခါရစသည်ကို အဝိဇ္ဇာက ဖြစ်စေခြင်းတည်း။ ထို့ကြောင့် "နယတိ" ကို "ပဝတ္တေတိ" ဟု အဓိပ္ပါယတ္ထဖွင့်သည်။ ဤနည်း၌ "သံသာရဿ၊ ကို+ နာယိကာ၊ ဆောင်တတ်ဖြစ်စေတတ်သည်တည်း။ သံသာရနာယိကာ" ဟု ပြုပါ။
အထဝါ။ပေ။ ပကာသေတိ။ ။ "ဟေတူနံ အနုပစ္ဆေဒပကာသန" ကို တနည်း ဖွင့်သော ဝါကျတည်း။ ရှေးနည်း၌ အဝိဇ္ဇာသင်္ခါရ စသော ရှေးဘဝအကြေငါ်းတို့ကို "ဟေတူနံ" အရယူ၍ ထိုအကြောင်းတို့၏ မပြတ်ခြင်းကို "ဟေတူနံ အနုပစ္ဆေဒ ပကာသန" ဟု ဆိုသည်။ ဤနည်း၌ကား "အဝိဇ္ဇာပစ္စယာ ။ပေ။ ဖဿပစ္စယာ ဝေဒနာ" ဟူသော ပုရိမ ဘဝစက်ကို ထို ဝေဒနာတွင် မရပ်စေဘဲ "ဝေဒနာပစ္စယာ တဏှာ" စသည်ဖြင့် နောက်ဘဝစက်နှင့်ဆက်စပ်နေပုံကို ဟောတော်မူ၏။ ထိုသို့ ဟောတော်မူသဖြင့် ဝေဒနာဟူသော အကျိုးတရား၏ ဖြစ်ခြင်းဟူသော ဖလုပ္ပတ္တိဖြင့် တဏှာစသော အကြောင်းတို့၏ မပြတ်စဲခြင်းကို ထင်ရှားပြသည်။
ဖလုပ္ပတ္တိယာ၊ အကျိုးတရား၏ ဖြစ်ခြင်းကြောင့။ (တနည်း) ကရဏဘူတာယ၊ ကရိုဏ်းဖြစ်၍ ဖြစ်သော။ ဖလုပ္ပတ္တိယာ၊ အကျိုးတရား၏ ဖြစ်ခြင်းဖြင့်။ ပဌမဿဘဝစက္ကဿ၊ ပဌမ ဘဝစက်၏။ ဟေတူနံ၊ တဏှာ အစရှိသော အကြောင်းတို့၏။ တသ္မာ အနုပစ္ဆေဒ ပကာသနတော၊ ထိုသို့ မပြတ်မစဲခြင်းကို ထင်ရှားပြခြင်း ကြောင့။ ("ပဌမံ ဥစ္ဆေဒဒိဋ္ဌိသမုဂ္ဃါတာယ ဝုတ္တံ " ၌စပ်)။ ဣတိ အတ္ထော၊ နက်။ဝါ၊ တနည်း။
သင်္ခါရာဒီနမေဝ၊ သင်္ခါရ အစရှိသည်ပင် ဖြစ်ကုန်သော။
ဖလာနံ၊ အကျိုးတို့၏။
ဥပ္ပတ္တိယာ၊ ဖြစ်ခြင်းဖြင့်။
အဝိဇ္ဇာဒီနံ၊ အဝိဇ္ဇာ အစရှိကုန်သော။
ဟေတူနံ၊ အကြောင်းတို့၏။
ဖလံ၊ အကျိုးကို။
အဇနေတွာ၊ မဖြစ်စေမူ၍။
ဝါ၊ မဖြစ်စေဘဲ။
အနုပစ္ဆေဒမေဝ၊ မပြတ်မစဲခြင်းကိုသာ။
(ပဌမံ ဘဝစက္ကံ၊ ပဌမဘဝစက်သည်။
ပကာသေတိ၊ ထင်ရှားပြ၏)။
တသ္မာ ။ပေ။ ပကာသနတော။ ။ ဤ ဖလဝါကျကား အဋ္ဌကထာ၌ အနုပစ္ဆေဒ ပကာသနတောနှင့် တိုက်ရိုက်ထပ်မိအောင် (ဝိဂြိုလ်ပြုပြီးသောအခါ ဒန္တသောဓနနည်း ဝါကျာဝတ္ထိကန္တနည်းကဲ့သို့) မူလဝါကျအတိုင်း ပြန်၍ပြသော ဝါကျတည်း။ ထို့ကြောင့် တသ္မာကို အနုပစ္ဆေဒပကာသနတောနှင့် အနက်ပေးရသည်။
စဉ်းစားဘွယ်။ ။ ဤဝါကျ၌ "ကာရဏဘူတာယ" ဟူသော ပါဌ်ကို စဉ်းစားသင့်၏၊ ထိုပါဌ်အတိုင်းဆိုလျှင် အကျိုးတရာတးို့၏ ဖြစ်ခြင်းကြောင့် အကြောင်းတရားတို့၏ မပြတ်မစဲခြင်းကို ထင်ရှားပြ၏ဟု အဓိပ္ပါယ်ဆက်သွယ်ရ၏။ သို့သော် ဒဿေတိ ပကာသေတိ ဝိဘဝေတိ သော ကြိယာနှင့်တွဲလျှင် "ဖြင့်" ဟု အနက်ပေးရသော ကရိုဏ်းဖြင့်သာ တွဲရိုးတည်း။ ထို့ကြောင့် "ကရဏဘူတာယ" ဟု ရှိမှ ဖလုပ္ပတ္တိယာကို ပကာသန၌ ကရိုဏ်းအဖြစ်ဖြင့် စပ်နိုင်သည်။
မှတ်ချက်။ ။ ဤနည်းအလို အဋ္ဌကထာဝယ် "ဖလုပ္ပတ္တိယာ၊ ရှေးဘဝစက်ဝယ်ဝေဒနာဟူသော အကျိုးတရား၏ ဖြစ်ခြင်းဖြင့် ။ (တနည်း)၊ ကြောင့်၊ ဟေတူနံ၊ တဏှာစသော အကြောင်းတရားတို့၏။ အနုပစ္ဆေဒပကာသန" ဟု ပေးပါ၊ "ဝေဒနာ ပစ္စယာ တဏှာ" ဟု ဆိုသောကြောင့် ဝေဒနာအကြောင်းဖြစ်လျှင် တဏှာဟူသော အကျိုး၏ အဆက်မပြတ်ဘဲ ဖြစ်ရပုံကို ပြသည် ဟူလို။
သင်္ခါရာဒီနမေဝ ဝါ။ပေ။ အနုပစ္ဆေဒမေဝ။ ။ "ဖလုပ္ပတ္တိယာ ဟေတူနံ အနုပစ္ဆေဒပကာသနတော" ကိုပင် တနည်းထပ်၍ဖွင့်သော ဝါကျတည်း။ "အနုပစ္ဆေဒ မေဝ" ကို နောက်ဝါကျ၌ရှိသော "ပကာသေတိ ပဌမံ ဘဝစက္ကံ" ၌ လှမ်းစပ်ပါ၊ ဤနည်း၌ "ဖလုပ္ပတ္တိယာ" ကို "သင်္ခါရာဒီနမေဝ ဖလာနံ ဥပ္ပတ္တိယာ" ဟု၎င်း, "ဟေတူနံ" ကို "အဝိဇ္ဇာဒီနံ ဟေတူနံ" ဟု၎င်း, "အနုပစ္ဆေဒ" ကို "ဖလံ အဇနေတွာ အနုပစ္ဆေဒ" ဟု၎င်း ဖွင့်၏။ ထို့အဖွင့်အတိုင်း အဋ္ဌကထာ၌ တနည်း အနက်ပေးပါ။ [သင်္ခါရ စသော အကျိုးတရားတို့က ပဋိစ္စသမုပ္ပါဒ် ပါဠိတော်၌ အလွန်ထင်ရှားပြီးဖြစ်သောကြောင့် "သင်္ခါရာနမေဝ" ဟု သန္နိဋ္ဌာနတ္ထဧဝ သဒ္ဒါဖြင့် ဆိုသည်။]
ဝါ၊ တနည်း။ ဝိညာဏဒိဟေတူနံ၊ ဝိညာဉ် အစရှိသော အကျိုးတို့၏ အကြောင်းဖြစ်ကုန်သော။ သင်္ခါရာဒီနံ၊ သင်္ခါရ အစရှိသည်တို့၏။ အနုဗန္ဓနမေဝ၊ အဆက်မပြတ်ဖွဲ့ခြင်းကိုသာ။ ပဌမံ ဘဝစက္ကံ၊ ပဌမဘဝစက်သည်။ ပကာသေတိ၊ ထင်ရှားပြ၏။ ဒုတိယံ ဝိယ၊ ဒုတိယဘဝစက်ကဲ့သို့။ ပရိယောသာနမ္ပိ၊ ဇရာမရဏဟူသော ဘဝအဆုံးကိုလည်း။ န (ပကာသေတိ)၊ ထင်ရှားပြသည် မဟုတ်။ ဣတိ၊ ကြောင့်။ ဖလုပ္ပတ္တိယာ ဟေတူနံ အနုပစ္ဆေဒပ္ပကာသနတောတိ၊ ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တံ၊ဧတဿ၊ ဤ ဘဝစက်၏။
ဟေတုအာဒိပုဗ္ဗကာ၊ အကြောင်းအစရှိသော ရှေးရှိကုန်သော။
တယော၊ ကုန်သော။
သန္ဓီ၊ အစပ််တို့သည်။
(သန္တိ၊ ရှိကုန်၏)။
ဣတိ၊ ကြောင့်။
(တံ၊ ထို ဘဝစက်သည်)။
ဟေတုဖလဟေတုပုဗ္ဗကတိသန္ဓိ၊ မည်၏။
ဝိညာဏာဒိဟေတူနံ ဝါ ။ပေ။ အနုဗန္ဓနမေဝ။ ။ ဤနည်း၌ "ဖလုပ္ပတ္တိယာ" ကို အထူးမဖွင့်။ "ဟေတူနံ" ကိုကား "ဝီညာဏာဒိဟေတူနံ သင်္ခါရာဒီနံ၊ ဝိညာဉ်စသော အကျိုးတို့၏ အကြောင်းဖြစ်သော သင်္ခါရ အစရှိသည်တို့၏" ဟု ဖွင့်သည်။ သို့ဖြစ်လျှင် "ဖလုပ္ပတ္တိယာ" အရ "ဝိညာဉ်အစရှိသော အကျိုးတရားတို့၏ ဖြစ်ခြင်း" ဟု သိသာသည်။ "အနုပစ္ဆေဒ" ကို "အနုဗန္ဓန" ဟု အဓိပ္ပါယတ္ထ ဖွင့်သည်။ "အနုပစ္ဆေဒ၊ မပြတခြင်းဟူသည် သင်္ခါရစသော အကြောင်းတို့၏ ဝိညာဉ်စသော အကျိုးတို့ကို။ အနု၊အစဉ်။ ဗန္ဓန ၊ဖွင့်စပ်ခြင်း (အစဉ်လိုက်နေခြင်း) ပင် ဖြစ်သည် ဟူလို။
န ဒုတိယ ဝိယ ပရိယောသာနမ္ပိ။ ။ ရှေ့ဝိကပ် ၂ မျိုး၌ "အနုပ္ပစ္ဆေဒမေဝ, အနုဗန္ဓနမေဝ" ဟု ဧဝသဒ္ဒါဖြင့် ဆိုခဲ့၏။ ထို ဧဝတို့၏ နိဝတ္တေတဗ္ဗတ္ထကို ပြလိုသောကြောင့် "န ဒုတိယ ဝိယ ပရိယောသာနမ္ပကိ" ဟု မိန့်သည်။ ဒုတိယဘဝစက်သည် ပဌမ ဘဝစက်ကဲ့သို့ အကြောင်းဟူသမျှ၏ အကျိုးကို မဖြစ်စေဘဲ မပြတ်စဲပုံကို၎င်း, အစဉ်လိုက်ပုံကို၎င်း ပြ၏။ ထို့ပြင် "ဇရာမရဏံ" ဟု တဘဝ အဆုံးသတ်ပုံကိုလည်း ပြ၏။ ဤသို့ ၂ မျိုးပြသော်လည်း ပဌမဘဝစက်ကား ထိုကဲ့သို့ ပရိယောသာနကိုတော့ မပြပါ ဟူလို။
ဘဝစက္ကံ၊ ဘဝစက်တည်း။ကိလေသကမ္မဝိပါကာ၊ ကိလေသာ, ကံ, ဝိပါက်တို့သည်။
ဝိပါကကိလေသ ကမ္မေဟိ၊ ဝိပါက်, ကိလေသာ, ကံတို့နှင့်။
သမ္ဗန္ဓာ၊ ဆက်စပ်ကုန်သည်။
ဟုတွာ၊ ၍။
ပုနပ္ပုနံ၊ ထပ်ကာ ထပ်ကား။
ပရိဝတ္တန္တိ၊ လည်ကုန်၏။
(ဣတိ၊ ကြောင့်)။
တေသု၊ ထို ကိလေသာ, ကံ ,ဝိပါက်တို့၌။
ဝဋ္ဋနာမံ၊ ဝဋ်ဟူသော အမည်ကို။
အာရောပေတွာ၊ တင်၍။
ဝိဝဋ္ဋနတိ၊ ဟူ၍။
ဝုတ္တံ၊ ဆိုအပ်ပြီ။
ဝါ၊ တနည်း။
ဝဋ္ဋေက ဒေသတ္တာ၊ ဝဋ်၏ တစိတ်တပိုင်း၏ အဖြစ်ကြောင့်။
ဝဋ္ဋာနီတိ၊ ဟူ၍။
ဝုတ္တာနိ၊ ဆိုအပ်ကုန်ပြီ။
ကိလေသကမ္မ ။ပေ။ ကမ္မေဟိ။ ။ ရှေ့ပုဒ်၌ပါသော ကိလေသ ကမ္မို့ကို နောက်ပုဒ်၌ပါသော ဝိပါကနှင့်၎င်း, ရှေ့ပုဒ်၌ပါသော ဝိပါကကိုနောက်ပုဒ်၌ပါသော ကိလေသာ ကမ္မနှင့် ၎င်း တွဲပါ။ ထိုသို့ တွဲပုံကို အဋ္ဌကထာနိဿယ အဓိပ္ပါယ်၌ ပြထားပြီ။
ဝဋ္ဋေကဒေသတ္တာ ဝါ။ ။ ရှေ့နည်း၌ အကြောင်းနှင့်အကျိုး အကျိုးနှင့် အကြောင်း တွဲမှိမှ အထပ်ထပ်လည်နေပုံကို ပြ၏။ "သို့ဖြစ်လျှင် ကိလေသချည်း, ကမ္မချည်း, ဝိပါကချည်း တပါးစီ တည်နေခိုက်၌ မရနိုင်ဟု မှတ်ရမည်လော" ဟု မေးဘွယ်ရှိသောကြောင့် "ဝဋ္ဋေကဒေသတ္တာဝါ" ဟု မိန့်သည်။ ထိုသုံးပါး၏ တစိတ် တပိုင်းဖြစ်သောကြောင့် တပါးစီကိုလည်း ဧကဒေသျူ ပစာရနည်းအားဖြင့် "ဝဋ္ဋ" ဟု ခေါ်နိုင်ပါသည် ဟူလို။ [ဝိဂြိုလ်ပြသောအခါ "တီဏိ ဝဋ္ဋာနိ" ဟု ပြရသောကြောင့် ထို ဝိဂြိုလ်တွင်းက ဝဋ္ဋာနိကိုရည်ရွယ်၍ "ဝဋ္ဋာနီတိ ဝုတ္တာနိ" ဟု ဆိုသည်။ ဝဋ္ဋာနီတိစ ဣဒ တီဏိ ဝဋ္ဋာနီတိ ဝိဂ္ဂဟဝသေန လဗ္ဘမာနံ ဂဟေတွာ ဝုတ္တံ ။အနု။]
တတ္ထ၊ ထို ပါဠိတော် ၂ ရပ်တို့တွင်။
သဋိသမ္ဘိဒါပါဠိယံ၊ ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌။
စေတနာသမ္ပယုတ္တာ၊ စေတနာနှင့် သမ္ပယုတ်ဖြစ်သော တရားတို့ကို။
ပုဗ္ဗာပရဝဝတ္ထိတာ။ ။ ဋီကာဆရာသည် အကြောင်းတစုနှင့် အကျိုးတစုကို ပိုင်းခြား၍ ထို ၂ စု အလယ်ကို တစပ်ဟု သတ်မှတ်လိုသောကြောင့် အာဒိကို ပုဗ္ဗဟု၎င်း, ပရိယောသာနကို အပရဟု၎င်း"အာဒိ ပရိယောသာန ဝတ္တိတာ" ကိုအဓိပ္ပါယ် အနက်ဖွင့်သည်။ မိမိကာ အာဒိ အစ, ပရိဘောသာန အဆုံးဟု ရိုးရာအတိုင်း ဖွင်၍ "ပရိယောသာန အာဒိ" ဟု ဆိုလိုလျက် ဒွ်သမာသ် ထုံးစံအတိုင်း "သရသင်္ချာ နည်းရာ ရှေ့ကျ" ရသောကြောင့် "အာဒိပရိယောသာန" ဟု ပြောင်းပြန်ဆိုထားသည် ဟု ကြံပြီးလျှင် ရှေ့အကြောင်းတွင် အဆုံဖြစ်သော သင်္ခါရနှင့် နောက်ကျိုးတွင် အစဖြစ်သော ဝိညာဉ်ဖြင့် ပိုင်းခြား၍ အကြားတရပ်ကို "သန္ဓိ" ဟု၎င်း, ဖလအဆုံးဝေဒနာ ဟေတုအစ တဏှာတို့ဖြင့် ပိုင်းထြတ်၍ အကြားတရပကို "သန္ဓိ" ဟု၎င်း, ဟေတုအဆုံးဘဝနှင့် ဖလအစ ဇာတိကို ပိုင်းဖြတ်၍ အကြားတရပ်ကို "သန္ဓိ" ဟု၎င်း ယူလိုပါသည်။ မဓုဋီကာ၌ တမျိုးဖွင့်သွားလေသေး၏။
တတ္ထ ပဋိသမ္ဘိဒါ ပါဠိယံ။ ။ ပါဠိတော် ၂ ရပ်တွင် ပဋိသမ္ဘိဒါမဂ်၌ စေတနာကို ဘဝ, သမ္ပယုတ်တရားတိ့ကို သင်္ခါရဟု ဟောတော်မူ၏။ ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပါဠိတော်၌ကား စေတနာကို သင်္ခါရ, သမ္ပယုတ်တရားတို့ကို ဘဝဟု ဟောတော်မူ၏။ ဤသို့ ပြောင်းပြန်ဖြစ်နေရကား ပါဠိတော် ၂ ရပ် ဆန့်ကျင်နေသည် မဟုတ်ပါလောဟု မေးဘွယ်ရှိသောကြောင့် "တတ္ထ" စသည်ကို မိန့်သည်။
ဝိပါကဓမ္မတ္တာ၊ အကျိုးပေးခြင်း သဘောရှိကုန်သည်၏ အဖြစ်ကြောင့်။ သဝိပါကေန၊ ပေးရမည့် အကျိုးဝိပါက် နှင်တကွဖြစ်သော။ အာဟူဟန သင်္ခါတေန၊ အားထုတ်တတ်သည်ဟု ဆိုအပ်သော။ သင်္ခတာ ဘိသင်္ခါရဏကိစ္စေန၊ သင်္ခတတရားတို့ကို ပြုစီမံခြင်း ကိစ္စကြောင့်။ သင်္ခါရာတိ၊ သင်္ခါရတို့ဟူ၍။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။ဝိဘင်္ဂါပါဠိယံ၊ ဤ ဝိဘင်္ဂပါဠိတော်၌။
သဗ္ဗမ္ပိ ဘဂဝါ မိကမ္မံ ကမ္မဘဝေါတိ၊ ဟူ၍။
ဘဝဿ၊ ဥပပတ္တိဘဝ၏။
ပစ္စယဘာဝေန၊ အကြောင်း၏ အဖြစ်ကြောင့်။
ဝါ၊ အကြောင်းဖြစ်သည် အတွက်။
(နောက်ပုဒ်၏ ဟိတ်ကူ)။
ဘဝဂါမိဘာဝတော၊ ဘဝသို့ ရောက်ကြောင်းတို့၏ အဖြစ်ကြောင့်၎င်း။
ကမ္မံသံသဋ္ဌသဟာယတာယ၊ ကံဟူသော စေတနာနှင့် ရောနှောသော အဖော်သဟာယ်တို့၏ အဖြစ်ကြောင့်။
ဝါ၊ အတွက်။
(နောက်ပုဒ်၏ ဟိတ်ကူ)။
ကမ္မဘာဝတောစ၊ ကံ၏ အဖြစ်ကြောင့်၎င်း။
(စေနာသမ္ပယုတ္တာ၊ စေတနာနှင့် သမ္ပယုတ်ဖြစ်သော တရားတို့ကို)။
ဥပပတ္တိဘဝံ၊ ဥပပတ္တိဘဝကို။
ဘာဝေန္တိ၊ ဖြစ်စေတတ်ကုန်၏။
ဣတိ၊ ဤ ဝစနတ္ထကြောင့်။
ဘဝေါတိ၊ ဟူ၍။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။
ပန၊ ဆက်။
ဥပပတ္တိဘဝ ဘာဝနကိစ္စံ၊ ဥပပတ္တိဘဝကို ဖြစ်စေခြင်းကိစ္စသည်။
စေတနာယ၊ စေတနာ၏။
သာတိသယံ၊ အလွန်အကဲနှင့်တကွဖြစ်သော ကိစ္စတည်း။
ဣတိ၊ ထိ့ကြောင့်။
ပဋိသမ္ဘိဒါပါဠိယံ၊ ၌။
စေတနာ၊ စေတနာကို။
ဘဝေါတိ၊ ဟူ၍။
ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။
ဘဝါဘိသင်္ခရဏကိစ္စံ၊ ဘဝကို ပြုစီမံခြင်းကိစ္စသည်။
စေတနာယ၊ ၏။
သာတိသယံ၊ တည်း။
ဣတိ၊ ကြောင့်။
ဝိဘင်္ဂပါဠိယံ၊ ၌။
ကုသလာ စေတနာတိ အာဒိနာ၊ အစရှိသည်ဖြင့်။
စေတနာ၊ ကို။
ပဋိသမ္ဘိဒါမဂ် ပါဠိတော်အလို။ ။ စေတနာ သမ္ပယုတ် တရားတို့ကို ဝိပါကဓမ္မ ဓမ္မာဟူသော မာတိကာပုဒ်ဝယ် အကျိုးပေးခြင်း သဘောရှိသော ဝိပါကဓမ္မတွင် သွင်းထားတော်မူ၏။ ထို့ကြောင့် စေတနာ သမ္ပယုတ္တ ဓမ္မတို့သည် ပေးဘို့ရန် အကျိုးဝိပါက် နှင့်တကွဖြစ်ကြ၏။ အာယူဟန သင်္ခါရဟူသော နာမည်အတိုင်း အားထုတ်ခြင်းသဘောရှိကြ၏။ သင်္ခတ အဘိသင်္ခါရောန္တီတိ ဟူသော ဝစနတ္ထနှင့်အညီ သင်္ခတ တရားတို့ကို ပြုစီမံခြင်းကိစ္စ ရှိကြ၏။ ထို့ကြောင့် စေတနာသမ္ပယုတ္တဓမ္မတို့ကို "သင်္ခါရ" ဟု ဟောတော်မူသည်။
ဤဝိဘင်းပါဠိတော်ဝယ်။ ။ "သဗ္ဗမ္ပိ ဘဝဂါမိကမ္မံ ကမ္မဘဝေါ" ဟု သုတ္တန္တ ဘာဇနီယ ဘဝနိဒ္ဒေသ၌ ဟောတော်မူ၏။ စေတနာ သမ္ပယုတ် တရားများသည် ထို ပါဠိတော်အရ ဝိပါကဓမ္မဖြစ်သောကြောင့် ဘဝဂါမိကံတွင် ပါဝင်ကြ၏။ ကံဟု ခေါ်အပ်သော စေတနာနှင့် ရောနှော၍ ယှဉ်နေသည့်အတါက် သံသဋ္ဌာသဟာယလည်းဖြစ်ရကား ကမ္မဘဝလည်းဖြစ်နိုင်ကြ၏။ထို့ကြောင့် စေတနာသမ္ပယုတ်တရားတို့ကို" ဥပပတတိဘဝံ ဘာဝေန္တိ၊ ဥပပတ္တိဘဝကို ဖြစ်စေနိုင်ကုန်၏" ဟူသော ဝစနတ္ထနှင့်အညီ "ဘဝ" ဟု နာမည်တပ်၍ ဟောတော်မူသည်။
သင်္ခါရာတိ၊ သင်္ခါရတို့ဟူ၍။ ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။ တသ္မာ၊ ထို့ကြောင့်။ တေန တေန ပရိယာယေန၊ ထိုထို အကြောင်းပြအားဖြင့်။ ဥဘယံ၊ ၂ ပါးစုံသော စကားကို။ ဥဘယတ္ထ၊ ၂ ပါးစုံသော ပါဠိရပ်၌။ ဝတ္တံ၊ ဟောတော်မူခြင်းငှာ။ ယုတ္တံ၊ အသင့်ချည်းတည်း။ ဣတိ၊ ကြောင့်။ ဧတ္ထ၊ ဤ သင်္ခါရ ဘဝတို့၏ အနက်ကို ။ ယုတ္တံ၊ အသင့်ချည်းတည်း။ ဣတိ၊ ကြောင့်။ ဧတ္ထ၊ ဤသင်္ခါရ ဘဝတို့၏ အနက်ကို ပြရာ၌။ ဝိရောဓာ၊ ဆန့်ကျင်ခင်းသည်။ နတ္ထိ၊ မရှိ။ဒွီသု၊ ၂ ပါးကုန်သော။
အတ္ထဝိကပ္ပေသု၊ အတ္ထဝိကပ်တို့၌။
ဝုတ္တေ၊ ဆိုအပ်ပြီးကုန်သော။
အာဟူယနသင်္ခါရေ၊ အာယူဟန သင်္ခါရတို့ကို။
တဿ ပုဗ္ဗဘာဂါတိ၊ ဟူ၍။
(သင်္ဂဟကာရော) အာဟ၊
တတိယေ၊ တတိယဖြစ်သော။
(အတ္ထဝိကပ္ပေ၊ အတ္ထဝိဘင်း၌)။
ဝုတ္တေ၊ ကုန်သော။
(အာယူဟန သင်္ခါရေ၊ တို့ကို)။
တံ သမ္ပယုတ္တာ တိ၊ ဟူ၍။
အာဟ၊
ဥဘယံ ။ပေ။ ယုတ္တံ။ ။ ထို့ပြင် "ဥပပတ္တိဘဝကို ဖြစ်စေခြင်းကိစ္စသည် စေတနာ၏ အလွန်အကဲကိစ္စတည်း" ဟု နှလုံးသွင်းတော်မူ၍ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ "စေတနာကိုဘဝ" ဟု ဟောတော်မူ၏။ "ဘဝကို ပြုစီမံခြင်း (အဘိသင်္ခါရဏ" ကိစ္စသည် စေတနာ သမ္ပယုတ်တရားတို့၏ အလွန်ကအဲကိစ္စတည်း" ဟု နှလုံးသွင်းတော်မူ၍ ဤ ဝိဘင်း ပါဠိတော်၌ "စေတနာကို သင်္ခါရ" ဟု ဟောတော်မူသည်။ ထို့ကြောင့် ပရိယာယ်အားဖြင့ ၂ မျိုးလုံးပင် အသင့်ချည်းဟု မှတ်ပါ။
ဂဟဏံ, ပရာမသနံ။ ။ ပါဠိတော်၌လာ်သော ဥပဂမနံကို အဋ္ဌကထာ၌ "ဂဟဏံ ပရာမသနံ" ဟု ဖွင့်၏။ ထိုသို့ ဖွင့်ရာ၌ "ဥပဂမနံနှင့် ဥပါဒါနံ" အရတူသောကြောင့် ဂဟဏံကို ကာမုပါဒါန်၏ ကိစ္စအားဖြင့်၎င်း, ပရာမသနံကို ဒိဋ္ဌုပါဒါန်စေသော ၃ ပါး၏ ကိစ္စအားဖြင့်၎င်း ဆိုထားသည်။
အာယူဟန ဝသာနေ။ ။ "အာယူဟနာ သင်္ခါရာနာမ, စေတနာ ဘဝေါ" ဟု ရှေး၌ သင်္ခါရနှင့် ဘဝအထူးကိုအဋ္ဌကထာဝယ် ၃ နည်းပြခဲ့၏။ ထို ၃ နည်းပြရာ၌ အာယူဟနကို ရှေ့, စေတနာကို နောက်ထားသောကြောင့် "အာယူဟနာဝသာနေ" ဟု ဆိုသည်။ သို့ရာဝယ် တတိယဝိကပ်၌ စေတနာကို ရှေ့ထား၍ အာယူဟနာသို့ နောက်ထားလျက် ဆို၏။ ထိုအဆိုအတွက် "နနုဝ တတိယေ အတ္ထဝိကပ္ပေ အာယူဟနဿ အဝသာနေ စေတနာ န ဝုတ္တာ" စသည်ဖြင့် အနုဋီကာ ရှင်းထားသည်။
ကမ္မာနေဝ၊ ကံတို့သည်ပင်။
ဝိပါကံ၊ အကျိုးကို။
သမ္ဘရန္တိ ဝဍ္ဎေန္တိ၊ တိုးပွါးစေတတ်ကုန်၏။
ဣတိ၊ ကြောင့်။
ကမ္မသမ္ဘာရာ၊ တို့မည်၏။
ဝါ၊ တနည်း။
ကမ္မံ၊ ကံဟူသည်။
သင်္ခါရဘဝါ၊ သင်္ခါရနှင့် ဘဝို့တည်း။
တဒုပကာရကာနိ၊ ထို သင်္ခါရနှင့် ဘဝတို့အား လျော်သော ကျေးဇူးကို ပြုတတ်ကုန်သော။
အဝိဇ္ဇာတဏှုပါဒါနာနိ၊ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည်။
ကမ္မသမ္ဘာရာ၊ ကံ၏ အဆောက်အဦတို့တည်း။
ဝါ၊ တနည်း။
ပဋိသန္ဓိဒါယကော၊ နောက်ဘဝ၌ ပဋိသန္ဓေကို ပေးတတ်သော။
ဘဝေါ၊ ကမ္မဘဝသည်။
ကမ္မံ၊ ကံတည်း။
တဒုပကာရကာ၊ ထိုကမ္မဘဝအားလျော်သော ကျေးဇူးကို ပြုတတ်ကုန်သော။
ယထာဝုတ္တအာဟူဟနသင်္ခါရာ၊ အကြင်အကြင် ဆိုအပ်ပြီးသော အာယူဟန သင်္ခါရတို့သည်၎င်း။
အဝိဇ္ဇာဒယောစ၊ အဝိဇ္ဇာ အစရှိသည်တို့သည်၎င်း။
ကမ္မသမ္ဘာရာ၊ တို့တည်း။
ဣတိ၊ ဤသို့လျှင်။
ကမ္မဉ္စ၊ ကံလည်း။
ကမ္မသမ္ဘာရာစ၊ ကံ၏ အဆောက်အဦတို့လည်။
ကမ္မသမ္ဘာရာ၊ ကံ,ကံ၏ အဆောက်အဦတို့။
ဣတိ၊ ဤသို့။
ဧကသေသံ၊ ဧကဒေသ သရူပေကသေသ်ကို။
ကတွာ၊ ပြု၍။
ကမ္မသမ္ဘာရာတိ၊ ဟူ၍။
(သင်္ဂဟကာရော) အာဟ၊
ကမ္မသမ္ဘာရာ။ ။[ပဌမနည်းကို အဋ္ဌကထာနိဿယ၌ ပြထားပြီ။] "ကမ္မံ ဝါ သင်္ခါရဘဝါ" စသော ဒုတိယနည်း၌ "ကမ္မ"အရ သင်္ခါရကို၎င်း,ဘဝကို၎င်း ယူ၍ အကြောင်းတရားတွင် ပါဝင်သော အဝိဇ္ဇာတဏှာဥပါဒါန်တို့ကို ကမ္မသမ္ဘာရဟု ယူပါ။[သမ္ဘရန္တိ ဧတေဟီတိ သမ္ဘာရာ၊ ကံကို ကောင်းစွာ ဆောင်ကြောင်း ဖြစ်သော အဆောက်အဦတို့။ ကမ္မဿ+ သမ္ဘာရာ ကမ္မသမ္ဘာရာ။ ထို့နောက် "ကမ္မံစ ကမ္မသမ္ဘာရာစ ကမ္မသမ္ဘာရာ" ဟု ဧကဒေသ သရူပေကသေသ် ပြုပါ။]
ပဋိသန္ဓိ ဒါယကော ဝါ။ ။ ဤနည်း၌ကား "ကမ္မံ " အရ ပဋိသန္ဓေကို ပေးတတ်သော ကမ္မဘဝကို ယူ၍ "ကမ္မသမ္ဘာရာ" အရ၌ ထိုဘဝအား ကျေးဇူးပြုကြသော (အာယူဟန သင်္ခါရဟု ဆိုအပ်သော) သမ္ပယုတ်တရားများကို၎င်း, အဝိဇ္ဇာ တဏှာဥပါဒါန်တို့ကို၎င်း ယူပါ။
တတ္ထာပိ၊ ထို ကမ္မသမ္ဘာရတွင်လည်း။
အဝိဇ္ဇာတော၊ အဝိဇ္ဇာကြောင့်။
သင်္ခါရာ၊ တို့သည်။
(ဟောန္တိ)၊
ဣတိ ဧဝံ၊ ဤသို့။
ဝါ၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။
သင်္ခေပေါ။ ။ [ပဌမနည်းကို အဋ္ဌကထာနိဿယ ၌ ပြထားပြီ။] "ကမ္မံ ဝိပါကော တိ" စသော ဒုတိယနည်း၌ "သံခိပိယတီတိ သင်္ခေပေါ" ဟု ကမ္မသာဓနပြု၍ အဝိဇ္ဇာစသော အကြောင်းငါးပါးကို၎င်း, ဝိညာဉ်စသော အကျိုးငါးပါးကို၎င်း အရကောက်ပါ။ "ကမ္မံဣတိ +သင်္ခေပေါ ကမ္မသင်္ခေပေါ" (အကြောင်း ငါးပါးလုံးသည်ပင်) ကံ " ဟု နာမည်တခုတည်းဖြင့်ချုံး၍ ယူအပ်သောကြောင့် "ကမ္မသင်္ခေပ" မည်၏။ "ဝိပါကော ဣတိ+ သင်္ခေပေါ ဝိပါကသင်္ခေပေါ၊ (အကျိုး ငါးပါး လုံးသည်ပင်) ဝိပါကဟူသော နာမည်တခုတည်း ချုံး၍ယူအပ်သောကြောင့် ဝိပါကသင်္ခေပ မည်၏။ ["သင်္ခေပ" အရ အဝိဇ္ဇာစသော ငါးပါးကို ရသော်လည်း သင်္ခေပ အဖြစ်ဖြင့် တူသောကြောင့် "သင်္ခေပေါ" ဟု ဧကဝုစ်ထားသည်" ဝိညာဉ်စသည်ကို "သင်္ခေပေါ" ဟု ထားရာ၌လည်း နည်းတူ။]
ဘဂါဓိဝစနံ။ ။ သင်္ခေပသဒ္ဒါသည် ဘာဂ (အဘို့အစု) အနက်ကို ဟောသော ရုဠှီသဒ္ဒါတည်း။ ဤအလို ဝိဂြိုလ်ပြဘွယ်မလို။ ကမ္မဉ္စ+ တံ+ သင်္ခေပေါစ၊ အဘို့အစုလည်း။ ကမ္မသင်္ခေပေါ၊ ကံဟူသော အဘို့အစု။ ဝိပါက သင်္ခေပေါ၌လည်း နည်းတူ။
သမုပ္ပန္နံ၊ ကောင်းစွာဖြစ်သော။ ဝါ၊ တနည်း။ တိသန္ဓိအာဒိဝသေန၊ တိသန္ဓိ အစရှိသည်၏ အဖြစ်ဖြင့်။ သမုပ္ပန္နံ၊ ကောင်းစွာဖစ်သော။ ဣဒံဘဝစက္ကံ၊ ဤဘဝစက်သည်။ (ဒုက္ခံ စသည်၌စပ်)။ ဣတိ အတ္ထော၊ နက်။**ဟေတုသမ္ဘာရာ**။ ။ "ဟေတူဧဝ+ သမ္ဘာရာ ဟေတုသမ္ဘာရာ" ဟု ဋီကာ၌ ကမ္မဓာရယဝိဂ္ဂဟ ပြု၏။ ထိုပါဌ်၌ သမ္ဘာရ ဟူသည် ကမ္မသမ္ဘာရ၌ ပြခဲ့သည့်အတိုင်းအကျိုးတရားတို့ကို တိုးပွါးစေတတ်သော အကြောင်းတရားပင်တည်း။ အခြားနည်းကိုလည်း ဋီကာအတိုင်း မှတ်ပါ။ **သတ္တ အတ္တစွဲမှ သဿတဥစ္ဆေဒဖြစ်**။ ။ ခန္ဓာ ၅ ပါးကို သတ္တ, အတ္တဟု စွဲလမ်း မှုကြောင့် "သေလျှင် အတ္တသည် မပြတ်, မြဲ၏" ဟု သဿတဒိဋ္ဌိသည်၎င်း', "သေလျှင် အတ္တသည် ပြတ်၏" ဟု ဥစ္ဆေဒဒိဋ္ဌိသည်၎င်း ဖြစ်၏။ "ရုပ်နာမ်အားလုံး အဆင်ပြတ်၍ (အနုပ္ပါဒနိရောဓဖြင့်) ချုပ်ငြိမ်းပြီ" ဟု ယူရာ၌ အတ္တမစွဲလမ်းမှုကြောင့် ဥစ္ဆေဒဒိဋ္ဌိမဖြစ်ဟု မှတ်ပါ။
ဝါ၊ တနည်း။
အပရိယ သစ္စဝိသေသံ၊ အရိယသစ္စာအထူးကို။
အကတွာ၊ ၍။
သမုဒယသစ္စန္တိ၊ ဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဣတိ အတ္ထော၊ နက်။ပန၊ ဆက်။
တံ စုတိစိတ္တံ၊ သည်။
အဝိဇ္ဇာသင်္ခါရ ရဟိတံ၊ အဝိဇ္ဇာသင်္ခါရမှ ကင်းသည်။
(သမာနံ၊ ဖြစ်လသော်)။
ဘဝန္တရဿ၊ ဘဝတပါး ၏။
ပစ္စယော၊ အကြောင်းသည်။
န ဟောတိ၊ မဖြစ်နိုင်။
ဣတိ၊ ကြောင့်။
တဿ၊ ထို စုတိစိတ်၏။
သဟာယ ဒဿနတ္ထံ၊ အဝိဇ္ဇာသင်္ခါရ ဟူသော အဖော်ကို ပြခင်း အကျိုးငှာ။
သောကာဒီနံ အဓိဋ္ဌာနတ္တာတိ၊ ဟူ၍။
(သင်္ဂဟကာရော) အာဟ၊
အရိယ သစ္စ ဝိသေသံဝါ။ ။ "အဝိသေသေန" ဟူသော အဋ္ဌကထာကိုတနည်းဖွင့်သော စကားတည်း။ "အရိယသစ္စဝိသေသ" ဟူသည် "သမုဒယသစ္စာ"အရ တဏှာလောဘကိုသာ ယူရသော သစ္စာတည်း။ ထို တဏှာဟူသော သမုဒယသစ္စာကိုပင် ရည်ရွယ်တော်မူ၍ "ယဿ ပဟာနတ္ထံ ဘဂဝတိ ဗြဟ္မစရိယံ ဝုဿတိ" ဟု ထိုထိုသုတ္တန်၌ ဟောတော်မူ၏။ သစ္စဝိဘင်း အဘိဓမ္မဘာဇနီယ၌ကား အရိယသမုဒယသစ္စာ ဟု ဝိသေသ မပြုဘဲ အကြောင်းဟူသမျှကို "သမုဒယသစ္စာ" ဟု ဟောတော်မူသည်။
စုတိ စိတ္တ ဝါ။ ။ ဤ စကားသည် အဋ္ဌကထာမှ တနည်းအဖွင့်တည်း။ ဇရာမရဏံ၌ မရဏကို "စုတိစိတ်" ဟု ယူ၍ ထို စုတိစိတ်၌ အဝိဇ္ဇာလည်း မယှဉ်, သင်္ခါရဟူသော စေတနာလည်း မယှဉ်၊ ထို့ကြောင့် စုတိစိတ်သည် ရဟန္တာဖြစ်၍ အဝိဇ္ဇာ သင်္ခါရမှ ကင်းလျှင် ဘဝသစ် ပဋိသန္ဓေဝိညာဉ်အား အနန္တရသတ္တိဖြင့် ကျေးဇူး မပြုနိင်ရကား စုတိစိတ်က ဘဝသစ် ပဋိသန္ဓေအား ကျေးဇူးပြုနိုင်ဘို့ရာ အဝိဇ္ဇာသင်္ခါရဟူသော အဖော် ကို ပြလိုသောကြောင့် "သောကာဒီနံ အဓိဋ္ဌာနတ္တာ"ဟု မိန့်သည်။
ဟိ၊ မှန်။
သောကာဒယောပိ၊ သောက အစရှိသောအကျိုးတရားတို့သည်လည်း။
ပစ္စယာ ယတ်တာ၊ အကြောင်း၌စပ်သော ဥစ္စာတို့သည်။
ဝါ၊ အကြောင်းနှင့်စပ်သော ဥစ္စာတို့သည်။
သောကာဒယောပိ ဟိ။ ။ သောကာဒယောပိ ဟိတိ ဧတ္ထ ဟိသဒ္ဒေါ ဟေတုအတ္ထော၊ ယသ္မာ သောကာဒယော ပစ္စယာသတ္တာ အဝသတ္တိနောတိ ဣဒံ ဇာတိပစ္စယာ ။ပေ။ သမ္ဘဝန္တီတိ ဧတေန ဝစနေန သိဒ္ဓံ၊ တသ္မာ တံ အတ္တာ သောစတီတိ အာဒိဒဿန နိဝါရဏန္တိ အတ္ထော။ အနု။
ဤအလို "ကသ္မာ၊ကြောင့်။ ဧဝမာဒိဒဿန နိဝါရဏန္တိ ဧတေန၊ ဖြင့်။ (အတ္တာ) သောစတိ၊ ၏။ (အတ္တာ) ပရိဒေဝတိ၊ ၏။ (အတ္တာ) ဒုက္ခိတော၊ ၏။ ဣတိ အာဒိဒဿန နိဝါရဏံ၊ ကို၊ (သင်္ဂဟကာရော) အာဟ၊ ၏။ ဣတိ, ဝိညာယတိ၊ နည်း။ ဟိ (ယသ္မာ)၊ ကြောင့်။ သောကာဒယောတိ၊ တို့သည်လည်း။ ပစ္စယာယတ္တာ၊ တို့သည်။ (ဟုတွာ)။ အဝသဝတ္တိနော၊ ကုန်၊ ဝါ၊ ကုန်၊ ဣတိဣဒံ၊ ဤအနက်သည်၊ ဇာတိပစ္စယာ ၊ပေ၊ သမ္ဘဝန္တီတိ ဧတေန၊ဖြင့်၊ (သိဒ္ဓံ၊ ပြီးစီး၏) ဣတိ ၊ကြောင့်၊ ဧဝမာဒိ ဒဿန နိဝါရဏန္တိ ဧတေန၊ ဖြင့်။ (အတ္တာ) သောစတိ။(အတ္တာ) ပရိဒေဝတိ။ (အတ္တာ) ဒုက္ခိတော။ ဣတိ အာဒိဒဿနနိဝါရဏံ (သင်္ဂဟကာရော) အာဟ ။ ဣတိ, ဝိညာယတိ" ဟု ပေးပါ။ [ဧတေန၏ နောက်၌"ဝုတ္တံ" ဟုရှိသည်ကား ဤအနုဋီကာ အဖွင့်နှင့် မညီပါ။]
(ဟုတွာ) အဝသဝတ္တိနော၊ မိမိအလို၌ မဖြစ်ကုန်။ ဝါ၊ မိမိအလိုသို့ မလိုက်ကုန်။ ဣတိ၊ ဤ အနက်အဓိပ္ပါယ်ကို။ ဇာတိ ပစ္ဏယာ ဇရာ မရဏ သောက ။ပေ။ သမ္ဘဝန္တီတိ ဧတေန၊ ဟူသော ဤစကားဖြင့်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့ မှတ်အပ်၏။ပဋလာဘိဘူတစက္ခုကော၊ တိမ်လွှာသည်ဖုံးလွှမ်းအပ်သော မျက်စိရှိသော ပုဂ္ဂိုလ်သည်။
ရူပါနိ၊ ရူပါရုံတို့ကို။
န ပဿတိ၊ လုံးလုံးမမြင်။
ကိဉ္စိပိ၊ စိုးစဉ်း အနည်းငယ်ကိုလည်း။
ပဿန္တောစ၊ မြင်ပြန်သော်လည်း။
ဝိပရီတံ၊ ဖောက်ဖောက်ပြန်ပြန်။
(မှားမှားယွင်းယွင်း)။
ပဿတိ၊ မြင်၏။
ဧဝံ၊ တူ။
အဝိဇ္ဇာဘိဘူတော၊ အဝိဇ္ဇာသည် လွှမ်းမိုးအပ်သော ဗာလသည်။
ဒုက္ခာဒီနိ၊ ဒုက္ခသစ္စာအစရှိသည်တို့ကို။
န ပဋိပဇ္ဇတိ၊ မသိ။
န ပဿတိ၊ မမြင်။
မိစ္ဆာဝါ၊ မှားမှားယွင်းယွင်းသော်လည်း။
ပဋိပဇ္ဇတိ၊ သိမြင်တတ်၏။
ဣတိ၊ ကြောင့်။
အဝိဇ္ဇာ၊ သည်။
ပဋလံဝိယ၊ တိမ်လွှာနှင့်တူ၏။
ကိမိနာ၊ ပိုးကောင်သည်။
အတ္တနာ၊ ကိုယ်တိုင်။
(ကောသပ္ပဒေသာ၊ ပိုးအိမ်၏ အစိတ်အပိုင်းတို့ကို။
ကတာ) ဝိယ၊ ပြအပ်ကုန်သကဲ့သို့။
(တထာ၊ တူ)။
အတ္တနာ၊ မိမိဟူသော ဗာလကိုယ်တိုင်။
(သင်္ခါရာနံ၊ တို့၏။
ဝါ၊ တို့ကို)။
ဂဏ္ဍဘေ ပိဠကာ။ ။ အနာပေါက်ကွဲဘို့ရန် မှည့်ရင့်လာသောအခါ အနာ၏ ထိပ်ဖျား၌ အဖုကလေး ပေါ်လာ၏။ ထိုအဖုကို "ပီဠကာ" ဟုခေါ်သည်။ ဂဏ္ဍဘေဒတ္ထံ+ ဇာယမာနာ ပိဠကာ ဂဏ္ဍဘေဒပီဠကာ။ အနာသည် ကျယ်ပြန့်များပြားလာသောအခါ အဖုကလေးတွေ ဖြစ်နေတတ်၏။ ထိုအဖုကလေးများကို "ပိဠကာ"ဟုခေါ်သည်။
သူနတာ ။ပေ။ ပုဗ္ဗဂ္ဂဟဂါဒယော။ ။ "ဝဏဝိကာရ- အနာ၏ ဖောက်ပြန်ခြင်း" ဟူသည်ဖောရောင်လာခြင်း , နီရဲရဲသွေးနှင့်တကွ ပြည်၏တည်ခြင်း စသည်တို့တည်း။ [သုနဿ+ဘာဝေါ သူနတာ၊ သရာ ပုဗ္ဗဂ္ဂဟဏံ သလောဟိတ ပုဗ္ဗဂ္ဂဟံ ။ မဓု၊ သရာဂကို "သလောဟိတ" ဟု ဖွင့်၏။]
ကတတ္တာ၊ ပြုအပ်ကုန်သည်၏ အဖြစ်ကြောင့်၎င်း။ ဝဋ္ဋဿ၊ ၏။ အန္တောယော၊ အတွင်း၌ပင်။ (တနည်း) အတ္တနောယေဝ၊ မိမိဟူသော ဗာလ၏ပင်။ ပရိဗ္ဘမနကာရဏတ္တာစ၊ ချာချာလည်ခြင်း၏ အကြောင်းတို့၏ အဖြစ်ကြောင့်၎င်း။ သင်္ခါရာ၊ တို့သည်။ ကောသပ္ပဒေသာဝိယ၊ ပိုးအိမ်၏ အစိတ်အပိုင်းတို့နှင့် တူကုန်၏။ [ပင့်ကူအိမ် ပင့်ကူမျှင်တို့ကို "ကောသပ္ပဝဒသ" ဟု ဆိုလိုဟန်တူသည်။] သင်္ခါရပရိဂ္ဂဟံ၊ သင်္ခါရတို့၏ သိမ်းပိုက်ခြင်းကို။ ဝိနာ၊ ကြဉ်၍။ ပတိဋ္ဌံ၊ တည်မြဲခြင်းကို။ အလဘမာနံ၊ မရနိုင်သော။ ဝိညာဏံ၊ သည်။ ပရိဏာယကပရိဂ္ဂဟံ၊ ရှေ့ဆောင်အမတ်ကြီး၏ သိမ်းပိုက်ခြင်းကို ။ ဝီနာ၊ ၍။ ပတိဋ္ဌံ၊ တည်မြဲခြင်းကို။ အလဘမာနော၊ သော။ ရာဇကုမာရော ဝိယ၊ မင်းသားနှင့် တူ၏။ ဣဝိ၊ ကြောင့်။ ပရိဂ္ဂဟေန၊ သိမ်းပိုက်ခြင်းနှင့်။ ဝိနာ၊ ကင်း၍။ ပတိဋ္ဌာလာဘော၊ တည်မြဲခြင်းကို မရခြင်းသည်။ ဧတ္ထ၊ ဤမင်းသား၏ ဥပမာ၌။ သာမညံ၊ ဥပမာန, ဥပေမေယျတို့၏တူသည်၏ အဖြစ်တည်း။**ဝဋ္ဋဿ အန္တောယေဝ**။ ။ စာအုပ်တို့၌ "ဝဋ္ဋဿ အတ္တနောယေဝ" ဟု ရှိ၏။ ရှေးနိဿယ၌ "ဝဋ္ဋဿ၊ ၏။ ကတတ္တားကြောင့်" ဟု ရှေ့သို့ လှည့်၍ စပ်၏။ ကတသည်ဝဋ္ဋနှင့် အရမတူ၊ သင်္ခါရာနှင့်သာ အရတူ၏။ ထို့ကြောင့ ထိုအနက်သည် မသင့်ပါ။ "သင်္ခါရတို့ကို မိမိဟူသော ဗာလကိုယ်တိုင် ပြုအပ်ကုန်သည်၏ အဖြစ်ကြောင့်၎င်း" ဟုသာ အနက်ဖြစ်၏။ "ပဋ္ဋဿ အတ္တနောယေဝ ပရိဗ္ဘမနကာရဏတ္တာ" ၌ ပရိဗ္ဘမနကာရဏ အရလည်း "အတ္တနော" ဟုသော ဗလဘိမရ။ သင်္ခါရတို့ကိုသာ ရ၏။ ထို့ကြောင့် "ဝဋ္ဋဿ အတ္တနော" ဟုမရှိစေဘဲ သိဟိုဠ်မူတိုင်း "ဝဋ္ဋဿ အန္တော ယေဝံ" ဟု ရှီသော ပါဌ်သာ အမှတ်ပါ။ [ကတတ္တာ ကာရကတ္ထာ၌ ကတ ကာရဏတို့အရ သင်္ခါရတို့သ ရပုံကို သဒ္ဒထုံးစံ ဝါကျထုံးစံနှင့် သဘောအမှနကို ကြည့်၍ သိပါ။]
အာယတနာနံ၊ တို့၏။
အညမညာဘိမုခဘာဝတော၊ အချင်းချင်း ရှေ့ရှုကုန်သည်၏ အဖြစ်အားဖြင့်။
အာယတန ဃဋ္ဋနတော၊ အာယတနတို့၏ ထိခိုက်ခြင်းကြောင့်။
(ဖဿော ဇာယတိ ၌စပ်)။အထဝါ၊ ထို့ပြင်တနည်းကား။
သမ္ဘူတဋ္ဌောစ၊ ကောင်းစွာ ဖြစ်ပေါ်လာသည်၏ အဖြစ်လည်း။
သမုဒါဂတဋ္ဌောစ၊ တကွမပြတ် ဆက်စက်လျက် အထက်အထက်၌ ဖြစ်ပေါ်လာသည်၏ အဖြစ်လည်း။
သမ္ဘူတ သမုဒါ ဂတဋ္ဌော၊ ကောင်းစွာ ဖြစ်ပေါ်လာသည်၏ အဖြစ်, တကွမပြတ် ဆက်စပ်လျက် အထက်အထက်၌ ဖြစ်ပေါ်လာသည်၏ ဖြစ်။
ဇာတိ ပစ္စယ ။ပေ။ ဂတဋ္ဌော။ ။ "ဇာတိ ပစ္စယာ သမ္ဘူတံ" ဖြင့် "ဇာတိ ပစ္စယာ+ သမ္ဘူတံ ဇာတိ ပစ္ဏယသမ္ဘူတံ" ဟုပြ၏။ (ဇရာ မရဏံ ကို အရကောက်ပါ) သမုဒါဂတဋ္ဌောကို "သဟိတဿ ။ပေ။ အာဂတဘာဝေါ" ဟု ဖွင့်၏။ ထို့တွင် သဟိတဿသည် သမု၌ သံ၏ အဖွင့်တည်း။ ထို သဟိတဿကို "အတ္တနော ပစ္စယာနုရူပဿ" ဟု ဖွင့်၍ ဥကို "ဥဒ္ဓံ ဥဒ္ဓံ" ဟု၎င်း, အာဂတဋ္ဌောကို "အာဂတဘာဝေါ" ဟု ၎င်း ဖွင့်၏။ ထိုသို့ ဖွင့်သဖြင့် အတ္ထသဒ္ဒါသည် ဘာဝအနက်ဟောဟု မှတ်ပါ။ "အနုဗ္ဗဗန္ဓော၊ အဆက် မပြတ်ဖွဲ့စပ်ခြင်း" ကား "သဟိတဿ ဥဒ္ဓံ ဥဒ္ဓံ အာဂတဘာဝေါ" ပုဒ်တို့၏ အဓိပ္ပါယတ္တတည်း။
အထဝါ။ ။ ဤနည်း၌ကား "သမ္ဘူတဋ္ဌ, သမုဒါဂတဋ္ဌ" ဟု ၂ ပုဒ်ခွဲ၍ "န ဇာတိ တော ။ပေ။ အညတော ဟောတိ" ဟူသော ၂ ဝါကျဖြင့် "ဇာတိ ပစ္စယ သမ္ဘူတဋ္ဌကို ဆိုသည်" ဟု၎င်း, "ဣတ္ထဉ္စ ။ပေ။ သမုဒါဂစ္ဆတိ" ဖြင့် "ပစ္စယ သမုဒါဂတဋ္ဌကို ဆိုသည်" ဟု၎င်း, ရှေးဝါကျစား ၃ ရပ်နှင့် ဇာတိ ပစ္စယသမ္ဘူတံ, ဇာတိပစ္စယာ သမုဒါဂတဋ္ဌကို ရထိုက်သလို တါဲစပ်ပြသည်။
[သမာဟရဒွန်ဖြစ်သော်လည်း ကတ္ထစိ ပုလ္လိင်္ဂံ ဣစ္ဆန္တိ သဒ္ဒဝိဒူ]ပန၊ အဟုတ်ကား။
အာဒိတော၊ အစဖြစ်သော အဝိဇ္ဇာမှ စ၍။
အန္တဂမနံ၊ ဥပါယာသတိုင်အောင် အဆုံးသို့သွားခြင်းကို။
အနုလောမံ၊ အနုလုံယူ၍၎င်း။
ယာယာ ဇာတိ ။ပေ။ အတ္တော။ ။ ဤကာ ပစ္စယသမုဒါဂတဋ္ဌော၏ အနက်ကို အကြောင်းဖွင့်ပြသော ဥဇုကတ္ထတည်း။ မှန်၏ "ယာယာ ဇာတိ ယထာယထာ ပစ္စယော ဟောတိ "ဖြင့် ပစ္စယ၏ (ဇာတိ ပစ္စယ၏) အနက်ကို ဖွင့်၍ "တဒနုရူပ ပါတုဘာဝေါ" ဖြင့် သမုဒါဂတဋ္ဌော၏အနက်ကိုဖွင့်သည်။ ထိုအဖွင့် အလိုအားဖြင့် "တဒနုရူပ" ၌ တသဒ္ဒါဖြင့် နိရယ, ပေဘ, တိရစ္ဆာန, မနုဿ, ဒေဝ စသော ထိုထိုဇာတိ၏ ထိုထို ပစ္စယသတ္တိကို စွဲပါ။ ထိုထိုဇာတိ၏ ထိုထို ပစ္စယသတ္တိအားလျော်သော ဇရာ မရဏ၏ ထင်ရှားဖြစ်ပုံကို သူသူငါငါ၏ သာမညဉာဏ်ဖြင့် ထောက်၍ မမှီသော "ဂမ္ဘီရော၊ နက်နဲ၏" ဟူလို။
အနုလောမတော ပဋိလောမတောတိ ဣဓ န။ ။ (စာအုပ်တို့၌ "ဣဓ ပန" ဟု ရှိ၏) မဟာဋီကာ၌ "အနုလောမတော ပဋိလောမတောတိ နယိဓ" ဟု ရှိ၏။ ထို မဟာဋီကာ အရှိက မှန်သည်။ ဘာ့ကြောင့်နည်း၊ ဤဒေသနာအပြားကို ပြရာ၌ အကြေင်းတရား၏ ဖြစ်ခြင်းကြောင့် အကျိုးတရား၏ ဖြစ်ခြင်းကို အနုလောမ, အကြောင်းတရား၏ ချုပ်ခြင်းကြောင့် အကျိုးတရား၏ ချုပ်ခြင်းကိုလည်း ပဋိလောမဟု ဆိုလိုသည်မဟုတ်၊ သို့ဖြစ်၍ ပဋိသေဓ နသဒ္ဒါ ပါရမည် ဖြစ်သောကြောင့်တည်း။
အန္တတော၊ အဆုံးဖြစ်သော ဇရာမရဏ စသည်မှ စ၍။ အာဒိဂမနံ၊ အစဖြစ်သော အဝိဇ္ဇာတိုင်အောင် သွားခြင်းကို။ ပဋိလောမံစ၊ ပဋိလုံးဟူ၍၎င်း။ အာဟ၊ ဆိုလို၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။**နိဇ္ဇီဝဝေဒယိတဋ္ဌော**။ ။ "နိဇ္ဇီဝါယ တေဒနာယ ဝေဒယိတံ နိဇ္ဇီဝဝေဒယိတံ" ကား တနည်း အဖွင့်တည်း။ ဘာ့ကြောင့်နည်း- "ဝေဒယိတ သက်သက်ကို လက္ခဏာ၏ အစွမ်းဖြင့် ဆိုအပ်၏" ဟု ရှေး၌ ဖွင့်ခဲ့ပြီးဖြစ်သောကြောင့်၎င်း, "နိဇ္ဇီဝဋ္ဌော ဝေဒနာယ ဂမ္ဘီရော" ဟုနိဇ္ဇီဝဋ္ဌကိုလည်း သီးခြားဖွင့်ပြီး ဖြစ်သောကြောင့်၎င်းတည်း။ ထို့ကြောင့် ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ "နိဇ္ဇီဝါယ ဝါ" ဟု ဝါသဒ္ဒါကို တွေ့ရ၏။ ထိုပါဌ်သာ ကောင်းသည်။ ဤနည်းအလို နိဇ္ဇီဝနှင့် ဝေဒယိတကို တပုဒ်တည်းဟု ယူပါ။ ဟိ၊ မှန်။
နီယန္တိ၊ ဉာဏ်ဖြင့် ဆောင်ယူအပ်ကုန်၏။
ဝါ၊ သိအပ်ကုန်၏။
ဣတိ၊ ဤကမ္မသာဓ် ဝစနတ်ကြောင့်။
နယာ၊ နယတို့ မည်၏။
ဣတိ၊ ဤသို့ မှတ်အပ်၏။
[ဤအလို "အတ္ထနယာ၊ အဝိဇ္ဇာ အစရှိသည်တို့အတွက် အနက်သဘောတို့၏ ဧကတ္တ အစရှိသော နည်းတို့သည်။ ဟောန္တိ" ဟု ပေးပါ။]
အဝိဇ္ဇာဒိ အတ္ထေဟိ ။ပေ။ ဝုတ္တာ။ ။ ဧကတ္တ, နာနတ္တ, အဗျာပါရ ဧဝံဓမ္မတာတို့ကို "နယာ" အရ ကောက်ယူစေလိုသောကြောင့် "ဧကတ္တာဒယော တေသံ နယာတိ ဝုတ္တာ" ဟု ဆိုသည်။ ဤနည်း၌ "နယာ" ကို ကမ္မသာဓန ပြုစေလို၍ "နိယန္တီတိ ဟိ နယာ" ဟု ဝုတ္တာ၏ နောက်၌ အဖြောင့် ဝစနတ္ထကို ပြသည်။ "အဝိဇ္ဇာဒိ အတ္ထေဟိ" သည် နယန ကြိယာ၏ ဝိသေသနတ်း။ သိတတ်သော ကတ္တားကား ထို ဧကတ္တနည်းစသည်ကို စဉ်းစားကြံစည်သူ၏ ဉာဏ်တည်း။ "ဉာဏ်က ထို ဧကတ္တ စသော နည်းတို့ကို သိသောအခါ အဝိဇ္ဇာ စသည်တို့၏ အနက်သဘောအားဖြင့် သိရသည်" ဟူလို။
သေန ဘာဝေန နိယန္တိ။ ။ အနုဋီကာ၌ "သေတန ဘာဝေနာတိ သကေန အဝိဇ္ဇာဒိဘာဝေန၊ တံ အမုဉ္ဇိတွာ ဧဝ" ဟု ပဌမဖွင့်ပြီးလျှင်"သေန ဘာဝေနာတိ ဝါ သကေန ဧကတ္တာဒိဘာဝေန" ဟု ဒုတိယဖွင့်၏။ ပဌမအလို "မိမိဥစ္စာဖြစ်သော အဝိဇ္ဇာ စသည်တို့၏ သဘောကို မလွတ်ဘဲ ထို အဝိဇ္ဇာစသည်တို့၏ သဘောအတိုင်းသာ သိအပ်သောကြောင့် ဧကတ္တ စသည်ကို နယခေါ်သည်" ဟုဆိုလို၏။ ဒုတိယနည်း အလို "အဝိဇ္ဇာ အစရှိသည်တို့ဖြင့် သိအပ်သော ဧကတ္တစသော သဘောကို ထို ဧကတ္တစသော မိမိသဘောအတိုင်းသာ သိအပ်၏။ ထို့ကြောင့် ဧကတ္တ စသည်ကို "နယ" ဟု ခေါ်သည် ဟူလို။
ဂမ္မန္တိ။ ။ "နီယန္တိ" ဟူသော ကံဟောကြိယာကို သိခြင်းအနက်ဟော ဂမုဓာတ် ကံဟော ယ ပစ္စည်းဖြင့် "ဂမ္မန္တိ" ဟု အဓိပ္ပါယတ္ထ ဖွင့်၏။ စာအုပ်တို့၌ "ဂမ္မေန္တိ၊ သိစေအပ်ကုန်၏" ဟု တွေ့ရသည်မှာ ပါဌ်ပျက် ဖြစ်ဟန်တူ၏။ ဘာ့ကြောင့်နည်း "သိစေအပ်" ဟု ဆိုလျှင် "နယ" တို့ကို မရဘဲ, သိအောင် ဟောပြသည်ကို နာယူသော သုဏန္တပုဂ္ဂိုလ်ကို ရသောကြောင့်၎င်း, သံဝဏ္ဏေတဗ္ဗ, နီယန္တိပုဒ်ကလည်း ကာရိတ်ကံဟောပုဒ် မဟုတ်သောကြောင့် ၎င်းတည်း။ [ဝိသုဒ္ဓိမဂ် မဟာဋီကာ စာအုပ်၌လည်း မူကွဲအမျိုးမျိုး ပြထား၏။]
သန္တာနာနုပစ္ဆေဒေန၊ အစဉ်သန္တာန်၏ မပြတ်စဲခြင်းကြောင့်။
ဗီဇံ၊ မျိုးစေ့သည်။
ရုက္ခဘာဝံ၊ သစ်ပင် ၏ အဖြစ်သို့။
ပတ္တံ၊ ရောက်၏။
ရုက္ခဘာဝေန၊ သစ်ပင်၏ အဖြစ်ဖြင့်။
ပဝတ္တံ၊ ဖြစ်၏။
ဣတိ၊ ကြောင့်။
ဧကတ္တေန၊ တခုတည်း၏ အဖြစ်ဖြင့်။
အတ္ထာဧဝဝါ ။ပေ။ အတ္ထနယာတိ။ ။ ဤနည်း၌ အတ္ထနှင့် နယသည် အရတူ၏, "ဧကတ္တာဒိဘာဝေန၊ဖြင့်။ နီယန္တိ၊ ဉာဏ်ဖြင့် ဆောင်ယူအပ် သိအပ်ကုန်၏။ ဣတိ နယာ။ အတ္ထာဧဝ၊ အဝိဇ္ဇာ စသည်တို့၏ အနက်သဘောတို့သည်ပင်။ နယာ၊ ဧကတ္တ အစရှိသည်တို့ဖြင့် ဆောင်ယူအပ် သိအပ်သော သဘောတို့တည်း။ အတ္ထနယာ၊ တို့" ဟုပြုပါ။ [ရှေးက နိယန္တိ၌ နီဓာတ်သည် "သိခြင်းအနက်ကို ဟော၏" ဟု ယူဆ၍ "နီယန်တိ၊ သိအပ်ကုန်၏" ဟု ပေးကြ၏။]
နီယန္တိ ဧတေဟိဝါ။ ။ ဤနည်း၌ နယကို ကရဏသာဓ် ပြု၍ အတ္ထနှင့် ဆဋ္ဌီ တပ္ပုရိသ် တွဲပါ။ အဝိဇ္ဇာ သင်္ခါရစသော သဘောတို့သည် (ခန္ဓာအစဉ် တခုတည်း၌ ဖြစ်ကြသောကြောင့်) ထိုသဘောတို့ကို "တခုတည်း" ဟု သိကြောင်းဖြစ်၏။ ဧကန္တိ အာဒိနာ၌ အာဒိဖြင့် နာနတ္တ, အဗျာပါရ , ဧဝံဓမ္မတာတို့ကို ယူပါ။ ထို့ကြောင့် နာနတ္တ နည်းသည်"အဝိဇ္ဇာစသော သဘောတို့ကို တခုတည်းမဟုတ်, တကွဲတပြား တခြားစီဟု သိကြောင်း" ဖြစ်၏၊ အဗျာပါရနည်းသည် "အဝိဇ္ဇာစသည်တို့၌ သင်္ခါရစသည်ဖြစ်ဘို့ရန် ဗျာပါရ (ကြောင့်ကြ)မရှိ" ဟု သိကြောင်းဖြစ်၏။ ဧဝံ ဓမ္မတာနည်းသည် "ဗျာပါရ မရှိသော်လည်း အဝိဇ္ဇာ၌ သင်္ခါရဖြစ်ဘို့ရန ကျေးဇူးပြုနိုင်သော ထိုးစံ ဓမ္မတာ သတ္တိရှိ၏" ဟုသိကြောင်းဖြစ်၏။ ဤသို့ အဓိပ္ပါယ်ယူပါ။
ဝုစ္စတိ၊ ဆိုအပ်၏။ ဣတိ၊ ကြောင့်။ သန္တာနာနုပစ္ဆေဒေါ၊ အစဉ်သန္တာန်၏ မပြတ်စဲခြင်းသည်။ ဧကတ္တံ၊ တခုတည်း၏ ဖြစ်ကြောင်းဖြစ်ရာတည်း။ ဧဝံ၊ တူ။ ဣဓာပိ၊ ဤ ဘဝစက်၌လည်း။ အဝိဇ္ဇာဒီနံ၊ အဝိဇ္ဇာ သင်္ခါရ အစရှိသော အကြောင်းကျိုးတရားတို့၏။ သန္တာနာနုပစ္ဆေဒေါ၊ သည်။ ဧကတ္တံ၊ တည်း။ ဣတိ၊ ဤ အနက်အဓိပ္ပါယ်ကို။ ဒဿေတိ၊**သန္တာနာနုပစ္ဆေဒေါ**။ ။ ပုရိမ ပစ္ဆိမာနံ ဓမ္မာနံ နိရောဓုပ္ပါဒ နိရန္တရတာယ (ရှေ့အချုပ် နောက်အဖြစ်တို့၏ အကြားမရှိသည်သည့်အတွက်) နာမကာယဿ( နာမ် အပေါင်း၏၎င်း) သမ္ဗန္ဓ ဝုတ္တိတာယ ရူပကာယဿ (ကာလပ်တခု မချုပ်မီ နောက်ကလာပ်တခု၏ ဖြစ်ခြင်းအားဖြင့် ဆက်စပ်လျက် ဖြစ်ခြင်း ရှိသည့်အတွက် ရုပ်အပေါင်း၏၎င်း) ဥပဘယဿစ အညမည သန္တိဿတတာယ (ရုပ်နာမ် ၂ ပါးလုံး၏ လည်း အချင်းချင်းမှီရသည့်အတွက်) ဒုဗ္ဗိညေယျ နာနတ္တတော (အထူးကို သိနိုင်သည့်အတွက်) ဧကီဘူတသဝိယ ဃနဘာဝပ္ပဗန္ဓော (တခုတည်းကဲ့သို့ ဖြစ်၍ တခဲနက် ဆက်စပ်နေသော) ဟေတုဖလဘာဝေန သမ္ဗန္ဓော (အကြောင်းအကျိုးအဖြစ်ဖြင့် စပ်နေသော အစဉ်အတန်ုသည်) "သမ္မာ+ တာနော၊ ကောင်းစွာ ကျယ်ပြန့်၏" ဣတိ၊ ဤဝစနတ္ထကြောင့်။ သန္တာနော၊ သန္တာနမည်၏။ တဿ+ အနုပစ္ဆေဒေါ၊ ထိုအစဉ်၏မပြတ်ခြင်းသ်ည။ တထာပဝတ္တိ၊ ထို မပြတ်သောအားဖြင့် ဖြစ်ခြင်းသည်။ ဧကတ္တံ၊ ဧကတ္တ မည်၏။ ဣတိအာဟ၊ သန္တာနာနုပစ္ဆေဒွေ ဧကတံတိ။အနု။
ပဝတ္တန္တိ၊ ဖြစ်ကုန်၏။
ဣတိ၊ သို့။
နိယတိဝါဒဉ္စ၊ နိယတိဝါဒကိုလည်း။
ဥပါဒိယတိ၊ ၏။
ဣတိ၊ အပြီးတည်း။
ယထာရဟံ၊ စွာ။
ဝိညာတဗ္ဗံ၊ ၏။**ဝိညာတဗ္ဗံ ယထာရဟံ**။ ။ ဤဝါကျကို "ဥပါဒိယတီတိ" ၏ နောက်၌ တဆက်တည်းတွေ့ရ၏။ အဋ္ဌကထာ၌ကား "ဥပါဒိယတိ" ၏ နောက်၌ "ဣတိ ဧဝမိဒံ ဘဝစက္ကံ" စသည်ဖြင့် ဂါထာ အဆုံးကျမှ "ဝိညာတဗ္ဗံ ယထာရဟံ" ဟု ရှိသည်။ ထို့ကြောင့် "ဝိညာတဗ္ဗံ ယထာရဟံ" သည် "ဥပါဒီယတီတိ" ၏ အဆက်မဟုတ်။ "ဣဒံ ဟိ" ဝါကျ၌ ဟိကို ကာရဏဇောတက ကြံစေလိုသောကြောင့် "ဝိညာတဗ္ဗံ ယထာရဟံ" ဟု ဂါထာအတွင်းမှ ပုဒ်ကို ယူ၍ စကားအဆက်ကို ပြထားသည်။ ထို့ကြောင့် ကသ္မာနှင့်တွဲ၍ သစ္စပ္ပသဘတောမှ စပြီးလျှင် "ယထာရဟံ ဝိညာတဗ္ဗံ" ဟု အနက်ပေးရမည်။ ကသ္မာ၏ နောက်၌ "ယသ္မာ ဣဒံ ဟိ" ဟု ဟိ နိပါတ်ရှိခြင်းလည်း မကောင်း၊ထို ဟိကိုပင် "ယသ္မာ" ဟု ဖွင့်ထားပြီးဖြစ်သည်။ ဝဍ္ဎိအဘာဝတော၊ တိုးပွားခြင်း၏ မရှိခြင်းကြောင့်။
အပါယံ၊ အပါယမည်သော။
ဝါ၊ တိုးပွါးခြင်း မှကင်းသော။
ဒုက္ခဂတိဘာဝတော၊ ဒုက္ခအပေါင်း၏ လည်လျောင်းရာ၏ အဖြစ်ကြောင့်။
ဒုဂ္ဂတိံ၊ ဒုဂ္ဂတိမည်သော။
ဝါ၊ ဒုက္ခအပေါင်းမှ လည်းလျောင်းရာဖြစ်သော။
သုခသမုဿယတော၊ သုခအပေါင်းမှ။
ဝိနိပါတတ္တာ၊ ဖောက်ပြန်ပျက်စီး၍ ကျရောက်ရာ၏ အဖြစ်ကြောင့်။
ဝိနိပါတဉ္စ၊ ဝိနိပါတလည်းမည်သော။
ဝါ၊ သုခအပေါင်းမှ ဖောက်ပြန်ပျက်စီး၍ ကျရောက်ရာ ဖြစ်သော။
စတုဗ္ဗိဓံ၊ သော။
အပါယံ၊ အပါယ်ကို၎င်း။
ခန္ဓာနဉ္စ ပဋိပါဋီတိအာဒိနာ၊ ခန္ဓာနဉ္စ ပဋိပါဋိ အစရှိသော ဂါထာဖြင့်။
ဝုတ္တံ၊ ဆိုအပ်ပြီးသော။
(ရှေ့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရပဒနိဒ္ဒေသ၌ ဆိုအပ်ပြီးသော)။
သံသာရဉ္စ၊ သံသရာကို၎င်း။
နာတိ ဝတ္တတိ၊ မလွန်မြောက်နိုင်။
ဂုဏာ ဂုဏ္ဍိကဇာတာ။ ။ ဤပါဌ်သည် အဋ္ဌကထာ၌ ရှိသော ပါဌ်၏ မူကွဲတည်း။ ဂုဏာကို "သကုဏီ" ဟု ဖွင့်၏။ နိဍံသည် စာသိုက်စသော "အသိုက်" အနက်ကိုဟော၏။ ဂုဏ္ဍိကံ၏ အဖွင့်ဖြစ်သောကြောင့်ဂုဏ္ဍိကံကိုလည်း "စာသိုက်" ဟုပင် အနက်ပေးရ၏။ ဂုဍိ (ဂုဌိ) ဓာတ်သည် ဝေဌန (ရစ်ပတ်ခြင်း) အနက်ကို ဟော၏။ ဂုဏ္ဍနံ (ဂုဏ္ဌနံ) ရစ်ပတ်ရှုပ်ထွးခြင်း၊ ဂုဏ္ဍော (ဂုဏ္ထော)၊ ခြင်း၊ သော ယဿ အတ္ထီတိ ဂုဏ္ဍိကံ (ဂဏ္ဌိကံ)။ ဂုဏာယ+ ဂုဏ္ဌိကံ ဂုဏာဂုဏ္ဍိကံ၊ စာသိုက်၊ ဂုဏာဂုဏ္ဍိကံ ဝိယ+ ဇာတာ ဂုဏာဂုဏ္ဍိကဇာတာ။
အပါယံ ။ပေ။ သံသာရံ။ ။ "အပ+အာယ" ဟု ခွဲ၍ "အယနံ ဝဍ္ဎနံ" ၊ တိုးပွားခြင်း၊ အာယော၊ ခြင်း၊ အာယတေ+ အပဂတော အပါယော၊ တိုးပွားခြင်းမှ ကင်းသော အပါယ် ၄ ပါး၊ ဒုဂ္ဂတိံ ဝိနိပါတံတို့ကို ဋီကာအတိုင်း သိနိုင်ပြီ။ အပါယ် ၄ဘုံကို ဒုဂ္ဂတိလည်း ခေါ်နိုင်, ဝိနိပါတလည်း ခေါ်နိုင်၏။ "သံသာရ" ကား "ခန္ဓာဓာတ် အာယတနတို့၏ တဆက်မပြတ်ဖြစ်ခြင်း" ဟူသော သံသရာပင်တည်း။ ဤသံသာရ အရအပါယ် ၄ ပါးကိုချန်၍ ပါရိသေသနည်းအားဖြင့် ကြွင်းသံသရာကို ယူရသည်။