စိတ္တုပ္ပါဒရူပဝသေန၊ စိတ် စေတသိက် ၂ ပါးအပေါင်းဟူသော စိတ္တုပ္ပါဒ်, ရုပ်တို့၏ အပြားအားဖြင့်။
တံတံ သမုဒါယံ၊ ထိုထိုအပေါင်းကို။
ဧကေကံ၊ တပါးတပါးသော။
ဓမ္မံ၊ တရားကို။
ကတွာ၊ ပြု၍။
ပဉ္စပဏ္ဏာသကာမာဝစရဓမ္မေတိ၊ ဟူ၍။
(သင်္ဂဟကာရော) အာဟ၊ ပြီ။
ရဇ္ဇန္တဿာတိ အာဒီသု၊ ရဇ္ဇန္တဿအစရှိသော ပုဒ်တို့၌။
ရာဂါယော၊ ရာဂ အစရှိသည်တို့ကို၎င်း။
ဆသု၊ ကုန်သော။
ဒွါရေသု၊ ဒွါရတို့၌။
သီလာဒယော၊ သီလ အစရှိကုန်သော။
ပဉ္စ၊ ကုန်သော။
သံဝရာစ၊ သံဝရတို့ကို၎။
ယထာသမ္ဘဝံ၊ စွာ။
ယောဇေတဗ္ဗာ၊ ယှဉ်စေထိုက်ကုန်၏။
**ဆသု ဒွါရေသု ။ပေ။ ယထာသမ္ဘဝံ**။ ။ စောပနံ ပတ္ထော သံဝရော ဆဋ္ဌဒွါရေ- လှုပ်ရှားခြင်းသို့ ရောက်သော သံဝရသည် မနောဒွါရ၌ ။ ဣတရော ဆသုပိ- လှုပ်ရှားခြင်းသို့ မရေက်သော သံဝရသည် ၆ ဒွါရတို့၌လည်းဖြစ်၏။ ဣတိ ဧဝံ ယထာသမ္ဘဝံ ယောဇေတဗ္ဗာ။ အနု။
[သံဝရ ငါးပါး၏ အကျယ်ကို အဋ္ဌသာလိနီ အဋ္ဌကထာ နိက္ခေပကဏ္ဍ တိကနိက္ခေပကထာ ဒဿနတိက်၌ ကြည့်ပါ။]
ပန၊ ကား။
သမ္မသနံ၊ သုံးသပ်ကြောင်းဖြစ်သော ဉာဏ်ကို။
မနောဒွါရေဧဝ၊ မနောဒွါရ၌သာ။
(ယောဇေတဗ္ဗံ)၊ ရူပါရူပါဝစရဓမ္မေသု၊ ရူပါဝစရ, အရူပါဝစရ တရားတို့၌။
(တရားတို့အပေါ်၌)။
အဘိဇ္ဈာဒေါမနဿာဒိဥပ္ပတ္တိ၊ အဘိဇ္ဈာဒေါမနဿ အစရှိသည်တို့၏ ဖြစ်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ကြောင့်။
တတော၊ ထို အဘိဇ္ဈာဒေါမနဿ အစရှိသည်တို့မှ။
သတိသံဝရော၊ သတိဖြင့် စောင့်ရှောက်ခြင်းကို၎င်း။
ဝါ၊ စောင့်ရှောက်ကောင်း သတိကို၎င်း။
ဉာဏဝီရိယသံဝရာစ၊ ဉာဏ် ဝီရိယတို့ဖြင့် စောင့်ရှောက်ခြင်းတို့ကို၎င်း။
ဝါ၊ စောင့်ရှောက်ကြောင်း ဉာဏ်, ဝီရိယတို့ကို၎။
ယထာယောဂံ၊ ယှဉ်ထိုက်သည်အားလျော်စွာ။
ယောဇေတဗ္ဗာ၊ ယှဉ်စေထိုက်ကုန်၏။
ပရိဂ္ဂဟဝစနေန၊ ပရိဂ္ဂဟသဒ္ဒါဖြင့်။
သမ္မသနပစ္စဝေက္ခဏာနိ၊ သမ္မသနဉာဏ်, ပစ္စဝေက္ခဏဉာဏ်တို့ကို။
သင်္ဂဏှာတိ၊ သိမ်းယူ၏။
တေယေဝါတိ၊ ဟူသော ပါဌ်ဖြင့်။
စတ္တာရော၊ ကုန်သော။
ခန္ဓာ၊ တို့ကို။
(သင်္ဂဟကာရေန) ဝုတ္တာ၊ ဆိုအပ်ကုန်ပြီ။
ဒေသိတဗ္ဗ၊ ဟောထိုက်သော ကုသိုလ်စသော တရားသည်။
သမာနေ၊ တူမျှပါလျက်။
ဒေသနာမတ္တဿ၊ ဟောပုံဟောနည်းမျှကို။
ပရိဝဋ္ဋနံ၊ ပြောင်းလွှဲခြင်းသည်။
ပရိဝဋ္ဋော၊ မည်၏။
တီသုပိ၊ ၃ ပါးလုံးလည်းဖြစ်ကုန်သော။
ပရိဝဋ္ဋေသု၊ ပြောင်းလွှဲခြင်းတို့တွင်။
ဝါ၊ ပြောင်းလွှဲကြောင်းနည်းတို့တွင်။
ကတ္ထစိ၊ တစုံတခုသော ပြောင်းလွှဲနည်းကို။
(တနည်း) တီသုပိ၊ ကုန်သော။
ပရိဝဋ္ဋေသု၊ ပြောင်းလွှဲခြင်းတို့၌။
ဝါ၊ ပြောင်းလွှဲကြောင်းနည်းတို့၌။
ကတ္ထစိ၊ တစုံတခုသော ပါဠိရပ်၌။
ကိဉ္စိ၊ တစုံတခုသော။
ဦနံ၊ အယုတ်အလျော့သည်၎င်း။
အဓိကံဝါ၊ အပိုအလွန်သည်၎။
နတ္ထိ၊ မရှိ။
ဣတိ ကတွာ၊ ဤအကြောင်းကြောင့်။
ဧကောဝ ပရိစ္ဆေဒေါတိ၊ ဟူ၍။
(သင်္ဂဟကာရော) အာဟ၊
ဣတိ၊ ပဉ္စပုစ္ဆကအဖွင့် အပြီးတည်း။
**ဧကောဝ ပရိစ္ဆေဒေါ**။ ။အာယတနဝိဘင်း၌ သုတ္တန္တဘဇနိယနည်းဝယ် အနိစ္စ ဒုက္ခ, အနတ္တ ဝိပရိဏာမဓမ္မ ဟု လောကုတ္တရာရကြောင်းဖြစ်သော ဝိပဿနာ အပိုပါ သေး၏၊ ထို ဝိပဿနာသည် အာယတနဝိဘင်း အဘိဓမ္မဘာဇနီယ ပဉ္စပုစ္ဆကနည်းတို့ ၌ မပါ။ ထို ့ကြောင့် အာယတနဝိဘင်းသည် ဧကပရိစ္ဆေဒ မဟုတ်၊ ဤ ခန္ဓဝိဘင်း၌ကား ထိုကဲ့သို့ အပိုမပါသောကြောင့် “ ဧကပရိစ္ဆေဒ”ဟု ဆိုသည်။ ခန္ဓဝိဘင်္ဂဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။