ဟိ၊ မှန်။
(တနည်း) ကသ္မာ၊ ကြောင့်။
ပဉ္စဝေါကာရဘဝေ ။ပေ။ သန္ဓာယ အာဟ၊ ပြီ။
(ဣတိ ဝိညာယတိ၊ နည်း)။
ဟိ(ယသ္မာ)၊ ကြောင့်။
တဒါ၊ ထိုအခါ၌။
တတော၊ ထို ပဉ္စဝိညာဉ်, သဟဇာတ ဝိညာဉ်ကြောင့်။
နာမမေဝ၊ နာမ်ချည်သာ။
ဟောတိ၊ ၏။
ဣတိ၊ ကြောင့်။
(ပဉ္စဝေါကာရဘဝေ ။ပေ။ သန္ဓာယ, အာဟ၊ ပြိ။
ဣတိ ဝိညာယတိ၊ ၏)။
ရူပါဇနက ကမ္မဇံ။ ။ ဤ ပုဒ်သည် ပဉ္စဝိညာဏ၏ ဝိသေသနတည်း။ ဒွေ ပဉ္စ ဝိညာဉ် ၁၀ သည် ရုပ်ကို ဖြစ်စေတတ်, မဖြစ်စေတတ်ဟု ၂ မျိုးမရှိ၊ ရုပ်ကို မဖြစ်စေတတ်သော ပဉ္စဝိညာဉ်သာ ရှိ၏။ ထို့ကြောင့် အနုဋီကာ၌ "ရူပဇနက ကမ္မဇံ" ကို ပဉ္စဝိညာဏ၌ စပ်ခိုက်" ဘူတကထန ဝိသေသန" ဟု ဆိုသည်။ ဤအလို "ရူပါဇနက ကမ္မဇံ" ဟု ဝိဘတျန္တ ၁ ပုဒ် မရှိသင့်, ပဉ္စဝိညာဏနှင့် သမာသ်တွဲလျက် ရှိရမည်။ မဓု၌လည်း သမာသ်တွဲလျက်ပင် ရှိ၏။
တနည်း။ ။ စုတိစိတ်၌ ရည်ရွယ်၍ "ရူပါဇနက ကမ္မဇံ" ဟု ဆိုသည်။ ပဋိသန္ဓေ စိတ်အတွက်မှာ အဋ္ဌကထာ၌ "ပဝတ္တိယံ" ဟူသော စကားဖြင့် တားမြစ်ပြီး ဖြစ်သည်။ ဤသို့လည်း အနုဋီကာ၌ တနည်းဖွင့်သေး၏။ ဤအလို "ရူပါဇနက ကမ္မဇံ" ဟု ဝိဘတျန္တ ရှိရပေလိမ့်မည်။
သဟဇာတ ဝိညာဏပစ္စယာ။ ။ စေတသိက်နာမ်ကို ကျေးဇူးပြုရာ၌ သဟဇာတ ဝိညာဉ်ဟူသော ရုပ်ကို မဖြစ်စေနိုင်သော ဤဘဝ ဒွေပဉ္စ ဝိညာဉ်ပင်တည်း။
ပန၊ ဆက်။ ကမ္မဝိညာဏပစ္စယာ၊ ရှေးဘဝ ကမ္မဝိညာဉ်ဟူသော အကြောင်းကြောင့်။ သဒါပိ၊ အခါခပ်သိမ်းလည်း။ (ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက် အခါခပ်သိမ်းလည်း)။ ဥဘယံ၊ နာမ်ရုပ် ၂ ပါးစုံသည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ ဝတ္တုံ၊ ငှာ။ သက္ကာ၊ တတ်ကောင်း၏။ စ၊ သည်သာမကေသေး။ ပစ္ဆာဇာတဝိညာဏပစ္စယာ၊ ပစ္ဆာဇာတဝိညာဉ်ဟူသော အကြောင်းကြောင့်။ ရူပံ၊ ပုရေဇာတ ရုပ်သည်။ ဥပတ္ထဒ္ဓံ၊ ထောက်ပံ့ရုံသာ ထောက်ပံ့အပ်သည်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။ယတော၊ အကြင့်ကြောင့်။
ဒွိဓာ၊ ၂ ပါး အပြားအားဖြင့်။
မတံ၊ သိအပ်၏။
တတော၊ ထို့ကြောင့်။
ဣဒံ၊ အသညအတွက် "ဝိညာဏပစ္စယာ ရူပံ " ဟူသော ဤစကားသည်။
ယုတ္တမေဝ၊ သင့်သည်သာ။
ဣတိ၊ သို့။
ယောဇေတဗ္ဗံ၊ ယှဉ်စေထိုက်၏။
[ဆောင်]
၁။ အရူပဘုံ, ဖြစ်ခိုက်ကြုံ, မစုံနာမ်သာဖြစ်။
၂။ ပဉ္စဝေါကာ ဖြစ်ခိုက်မှာလည်း ,ရှေးခါကမ္မ ဝိညာဏကြောင့် ,ပဉ္စဝိညာ, ဖြစ်သောအခါ, မှန်စွာ နာမ်သာခြင်း။
၃။ သဟဇာတ, ပဉ္စဝိညာ, ဖြစ်သောအခါ, နာမ်သာစေတသိက်ဖြစ်။
၄။ အသညဘုံ, ဖြစ်ခိုက်ကြုံ, မစုံ ရုပ်သာဖြစ်။
၅။ ပဉ္စဝေါကာ, ဖြစ်ခိုက်မှာလည်း , ရှေးလာကံတွက်, ဝိပါက်ထွေထွေ, မဖြစ်စေ, မသွေရုပ်သာဖြစ်။
၆။ နိရောဓသမာ, ဝင်သောအခါ, မှန်စွာ ရုပ်သာဖြစ်။
၇။ ဘဝင်စသား, ဝိပါက်များသို့, ဖြစ်ပွားကာလ, ခါသမယမှ, အညကာလံ, ရှေးဝိညာဏ်, အမှန် ရုပ်သာဖြစ်။
၈။ ပဉ္စဝေါကာ, ကြွင်းသောအခါ ၂ ဖြာ နာမ်ရုပ်ဖြစ်။
၉။ အဋ္ဌကထာ, ကျမ်းဋီကာ, ဖွင့်ရာအကုန်စစ်။
မှတ်ချက် ။ ။ (၈) နံပါတ်၌" သဟဇာဝိညာဏပစ္စယာ နာမရူပံ" ကို ကြည့်၍ ဤဘဝ၌ ရုပ်ကိုဖြစ်စေတတ်သော ဝိညာဉ်ကြောင့် တကွဖြစ်ဘက် စေတသိက်နာမ်, စိတ္တဇရုပ်ကို၎င်း, "ကမ္မဝိညာဏပစ္စယာ နာမရူပံ" ကို ကြည့်၍ ရှေးဘဝက ကမ္မဝိညာဉ်ကြောင့် ဤဘဝ၌ စိတ် စေတသိက်ဟူသော ဝိပါက်နာမ်, ကမ္မဇရုပ်ကို၎င်း ဖြစ်သင့်သလို ယှဉ်စေပါ ဟု ဋီကာဆိုပုံကို ကြည့်၍ သိပါ။