တဒဒဋ္ဌာဒိကာလေ၊ တပ်မက်ရာ အခါ, စိတ်ပျက်ရာအခါ အစရှိသော အခါ တို့၌။
ကကဏ္ဋကရူပံ ဝိယ၊ ပုတ်သင်ညို၏ အဆင်းကဲ့သို့၎င်း။
ဥဒ္ဒရူပံ ဝိယ စ၊ ဖျံသတ္တဝါ၏ အဆင်းကဲ့သို့၎။
ဝဏ္ဏဝိကာရံ၊ အဆင်း၏ အထူးခြားသော အခြင်းအရာသို့။
အာပဇ္ဇမာနံ၊ ရောက်လျက်။
ရူပံ၊ ရူပါရုံသည်။
ဟဒယင်္ဂတဘာဝံ၊ စိတ်နှလုံး၌ဖြစ်သော အလိုကို။
ရူပယတိ၊ ထင်ရှား ပြတတ်၏။
ရူပမိဝ၊ မိမိ တည်းဟူသော ရူပါရုံကိုကဲ့သို့။
ပကာသံ၊ ထင်ရှားအောင်။
(အတွင်းသဘောထင်ရှားအောင်)။
ကရောတိ၊ ၏။
သဝိဂ္ဂဟမိဝ၊ အထည်ကိုယ်မရှိသော်လည်း အထည်ကိုယ်ရှိသကဲ့သို့။
ကတွာ၊ ၍။
ဒဿေတိ၊ ပြတတ်၏။
ဣတိ အတ္ထော၊ ဤကားအနက်။
ရူပမိဝ ပကာသံ ကရောတိ။ ။ပကတိရူပါရုံသည် ဝက္ခုဝိညာဏ်ဖြင့် မြင်အပ်သော် လည်း ဟဒယင်္ဂတဘာဝ (စိတ်နှလုံး၌ဖြစ်သော အလို) ကို စက္ခုဝိညာဏ်ဖြင့် မမြင်အပ်၊ သို့သော် “အဆင်းရူပါရုံသည် အတွင်းစိတ် အလိုကို ဝက္ခုဝိညာဏ်ဖြင့် မြင်ရသကဲ့သို့ ဖြစ်လောက်အောင် ထင်ရှားပြနိုင်သည် ” ဟူလို။ ထို ့ကြောင့် အနုဋီကာ၌ ဝအရ ရုပ်တရားတို့ကို ယူမည်၀ိုး၍ “ စက္ခုဝိညေယျံ ဝိယ ” ဟု ဖွင့်သည်။ မခု၌လည်း “အဒိမ္ပိ၊ နင်အပ် မမြင်နိုင်သော အတွင်းသဘောကိုလည်း။ ဝက္ခုနာ ဒိဋ္ဌ ံ ဝိယ၊ မျက်စိဖြင့် မြင်အပ်သော ပါခုံကဲ့သို့ ”ဟု ဖွင့်သည်။ ရုပမိဝ၌ ရူပါရုံသည် ဥပမာနု၊ ဟဒယင်္ဂတဘာဝံ သည် ဥပဒေမယျဟု ခွဲပါ။
သဝိဂ္ဂဟမိဝ ကတွာ ။ ။ဝိဂ္ဂဟါသည် “ သရိပုံ ဝပုတ္တဥတ္တဘာဝေါ ဗေဒဠိ- ဝိဂ္ဂဟော” ဟူသော အဘိဓာန် (၁၅၁)နှင့် အညီ သရီရ (အထည်ကိုယ်) အနက်ကို ဟော၏။ ဟဒယင်္ဂဘသဘာဝ (အတွင်းသဘော)သည် အထည်ကိုယ်မရှိသော်လည်း အထည် ကိုယ် ရှိသကဲ့သို့ပြင် ထင်ရှားပြတတ်၏။
ဝါ၊ တနည်း။ ဓာတူနံ၊ တို့၏။ အနေကတ္ထတ္တာ၊ ကြောင့်။ (ဓာတ်ကျမ်း၌ တိုက်ရိုက်မပါသော်လည်း အခြားအနက်များကို ဟောနိုင်ခြင်းကြောင့်)။ ပကာသနတ္ထော ယေဝ၊ ပကာသန အနက် ရှိသည်သာလျှင်ဖြစ်သော။ ရူပသဒ္ဒေါ၊ ကို။ ဒဋ္ဌဗ္ဗော၊ ၏။
["ဝဏ္ဏဝါစက ရူပသဒ္ဒါနှင့် ရုပ်တရားကိုဟေသော ရူပသဒ္ဒါ၏ ဝစနတ္ထအထူးကို အဘယ်သို့ မှတ်ရမည်နည်း" ဟု မေးဘွယ်ရှိသောကြောင့် ဝဏ္ဏဝါစက ဿ စသည်ကို မိန့်။] ဝဏ္ဏဝါစကဿ၊ အဆင်းရူပါရုံဟူသော အနက်ကို ဟောသော။ ရူပသဒ္ဒဿ၊ ၏။ ရူပယတီတိ၊ ဟူသော။ နိဗ္ဗစနံ၊ အနက်ကို ထုတ်၍ ဆိုကြောင်း ဝိဂြိုလ်သည်။ (ဟောတိ)၊ ရူပဝါစကဿ၊ ရုပ်တရားကို ဟောသော။ (ရူပသဒ္ဒဿ၊ ၏)။ ရုပ္ပတီတိ၊ ဟူသော။ (နိဗ္ဗစနံ ဟောတိ)၊ ဣတိ အယံ၊ ကား။ ဝိသေသော၊ ရူပသဒ္ဒါ ၂ ပုဒ်၏ အထူးတည်း။
**ဝိတ္ထာရဏံဝါ**။ ။ရူပသဒ္ဓါသည် ဝဏ္ဏ (အဆင်း) အနက်ကိုလည်း ဟော၏၊ “ခန္ဓေ ဘဝေ နိမိတ္တမှိ ရူပံ ဝဏ္ဏေ စ ပစ္စယေ” အဘိဓာန် (ဂ၂၅)၊ ထို ဝဏ္ဏသဒ္ဒါကား ချဲ့ဖွင့် ခြင်း ဝိတ္ထာရအနက်ကိုလည်း ဟော၏၊ ဓာတ်ကျမ်းကြည့်ပါ၊ တိုဝဏ္ဏအနက်ကို ဟောသော ရူပသဒ္ဒါကိုရည်ရွယ်၍ “ဝိတ္ထာရဏံ ဝါ ရူပသဒ္ဒဿ အတ္ထော”ဟု မိန့်သည်။ ၀ဏ္ဏဝါစကော ရူပသဒ္ဓေါ အဓိပ္ပတောတိ အာဟ ဝိတ္ထာရဏံ ဝါ ရူပသမ္ဖဿ အတ္ထာတိ။’အနု။ အကျယ် ချဲ့ခြင်း ဟူသည်လည်း ပေါ်လွင်ထင်ရှားအောင် ပြခြင်းပင်တည်း။ ကုစ္ဆာတာနံ သာသဝဓမ္မာနံ အာယောတိ၊ ဟူသော ပါဌ်ဖြင့်
ဝိသေသေန၊ အားဖြင့်။
ကာယော၊ ကို။
ဝုတ္တော၊ ဖွင့်ဆိုအပ်ပြီ။
(ကသ္မာ) အနုတ္တရိယဟေတုဘာဝံ၊ အနုတ္တရိယဂုဏ်၏ အကြောင်း၏ အဖြစ်သို့။
အနာဂစ္ဆန္တေသု၊ မရောက်ကုန်သော။
သူစယတိ။ ။ဘုရာဒိ သူစ-ဓာတ်သည် ပြခြင်းအနက် ကုန်းတိုက်ခြင်းအနက်ကို ဟော၏။ ထိုတွင် ပြခြင်းအနက်ကိုယူ၍ “အတ္တနော ဝတ္ထု ဂန္ဓဝသေန အပါကဋ ၊ပေ။ပကာသေတိ” ဟု ပဌမအနက်ကို ဖွင့်သည်၊ ကုန်းတိုက်ခြင်းအနက်ကိုယူ၍ “ပဋိစ္ဆန္နံ ဝါ။ပေ။ပေသညံ ဟု ကရောန္တံ ဝိယ ဟောတိ”ဟု ဒုတိယ တနည်းဖွင့်သည်။ အနံ့သည် ကုန်းမတိုက်တတ်သော် လည်း ဝှက်ထားအပ်သော အရာဝတ္ထုကို လိုက်ရှာသူအား တွေ့အောင်ပြုသဖြင့် ဝှက်ထား သူနှင့် လိုက်ရှာသူအကြား၌ ကုန်းတိုက်သကဲ့သို့ ဖြစ်သည်။
အနုတ္တရိယ။ပေ။အနဂစ္ဆန္တေသု။ ။ဤလောက၌ မြတ်စွာဘုရားကဲ့သို့ အမွန်အမြတ် ရူပါရုံကို ဖူးတွေ့ရခြင်းသည် မြင်အပ်သမျှ ရူပါရုံတို့တွင် အမြတ်ဆုံးတည်း။ ထို့ကြောင့် ထိုကဲ့သို့ မြင်ရခြင်းကို “ဒဿနာနတ္တရိယ”ဟု ခေါ်၏။ ကြားရသမျှသော အသံတို့တွင် ဗုဒ္ဓမြတ်စွာ၏ တရားသံသည် အမြတ်ဆုံးတည်း၊ ထိုအသံကို “သဝနာနုတ္တရိယ”ဟု ခေါ်၏။ စက္ခု သောတတို့သည် ထိုအနုတ္တရိယ ၂-ပါး၏ အကြောင်းများ ဖြစ်ကြ၏။ ဃာန ဇိဝှါ- ကာယတို့ကား ထို အနုတ္တရံ၏ အကြောင်းမဟုတ်ကြ။
ကာမာရာဂနိဒါနကမ္မဇနိတေသု၊ ကာမရာဂလျှင် အကြောင်းရင်း ရှိသော ကံသည် ဖြစ်စေအပ်သည်လည်း ဖြစ်ကုန်သော။ ကာမရာဂဿ၊ ကာမရာဂ၏။ ဝိသေသပစ္စယေ သု စ၊ ထူးသော အကြောင်းလည်းဖြစ်ကုန်သော။ ဃာနဇိဝှါကာယေသု၊ ဃာနပ သာဒ, ဇိဝှါ ပသာဒ, ကာယပသာဒတို့တွင်။ (ကာယဿ၊ ၏)။ ဝိသေသတရသာသဝပစ္စယတ္တာ၊ သာ၍ ထူးကဲသော သာသဝတရားတို့၏ အကြောင်း၏ အဖြစ်ကြောင့်တည်း။ဝါ၊ တနည်း။
ကာယိန္ဒြိယဝတ္ထုကာ၊ ကာယိန္ဒြေ ဟူသော မှီရာရှိကုန်သော။
(ကာယပသာဒ၌ မှီကုန်သော)။
စတ္တာရော၊ လေးပါးကုန်သော။
ခန္ဓာ၊ နာမ်ခန္ဓာတို့ကို။
[ကာယဝိညာဏ်စိတ်နှင့် စေတသိက်တို့ကို ဆိုသည်။]
ဗလဝကာမာသဝါဒိဟေတုဘာဝတော၊ အားကြီးသော ကာမာသဝ အစရှိသည်တို့၏ အကြောင်း၏ အဖြစ်ကြောင့်။
ဝိသေသေန၊ အထူးအားဖြင့်။
သာသဝါတိ၊ တို့ဟူ၍။
ဝုတ္တာ၊ ကုန်ပြီ။
တေသံ၊ ထို သာသဝတရားတို့၏။
ဥပ္ပဇ္ဇနဋ္ထာနံ၊ ဖြစ်ရာဌာနဖြစ်သော ပသာဒတည်း။
ဣတိ အတ္ထော၊ နက်။
ကာမရာဂ။ပေ။ကာယေသု။ ။စက္ခု သောတနှင့်တကွ ပသာဒငါးပါးလုံးသည် ကာမ- ရာဂနိဒါန၊ကာမရာဂ အရင်းခံရှိသော ကံကြောင့် ဖြစ်ကြရသည်ချည်းတည်း၊ သို့သော် စက္ခု သောတသည် အလွန်ချည်းမဆိုးဝါးလှသေး ကြည့်ရုံ နားထောင်ရုံတော့ အများက ခွင့်ပြု ကြသေး၏။ ဒဿနာနုတ္တရိယ, သဝနာနုတ္တရိယအတွက်လည်း အကျိုးများသေး၏၊ သံာန ဝါ ကာယတို့ကား ဒဿနာနုတ္တရိယ သဝနာနုတ္တရိယအဖြစ်သို့ မကပ်ရောက်ကြ၊ ကာမရာဂ၏ ထူးခြားသောအကြောင်းလည်း ဖြစ်ကြသည်။
ကာယဿ။ပေ။ပစ္စယတ္တာ။ ။ထိုယာ, ဇိဝှါ, ကာယ ၃-ပါးတို့တွင်လည်း ကာယပသာဒ သည် ကုစ္ဆိအယာသဝဓမ္မတို့၏ သာ၍ထူးသောအကြောင်းလည်း ဖြစ်၏။ ထို့ကြောင့်ပင် ထိုကာယပသာဒဖြင့် ဖောဋ္ဌဗ္ဗာရုံကို သာယာကုန်သော သတ္တဝါတို့သည် မေထုန်ကိုသော်မှ မှီဝဲ ကြလေသည်။
ကာယိန္ဒြိယဝတ္ထုကာဝါ။ ။ဤနည်း၌ ကာယိနြေဟူသော ကာယပသားကိုမှီသော ကာယဝိညာဏ် စိတ္တုပ္ပါဒ်ကို“သာသ”ဟု ဆိုသည်။ ထိုသို့ဆိုရာ၌ အကုသိုလ်စိတ် မဟုတ် သောကြောင့် အာသဂေါတရားတို့နှင့်တကွဖြစ်သည်ကားမဟုတ်, အကျိုးအာသဝတို့နှင့်တကွ ဖြစ်သောကြောင့် “သာသာ ခေါ်သည်”ဟု မှတ်ပါ။ အာသဝအရ ကာယဝိညာဏ် စိတ္တုပ္ပါဒ်ကို ယူပြီးဖြစ်သောကြောင့် ဥပ္ပတ္တိဒေသော အရလည်း ကာယဝိညာဏ်စိတ္တုပ္ပါဒ်၏ ဖြစ်ရာဌာနကို တိုက်ရိုက်ယူနိုင်သည်၊ထို့ကြောင့် ဥပ္ပတ္တိဒေသောကို“ဥပ္ပဇ္ဇနဋ္ဌာနံ”ဟု ဖွင့်သည်၊ မဓုဋီကာ၌ကား ပဌမနည်းဝယ် သာသဝဓမ္မ အရ ဒုကမာတိကာ အကောက်အတိုင်း အလုံး စုံသော လောကီတရားတို့ကို ယူလေ၏။]
ဟိ၊ မှန်။
(တနည်း) ကသ္မာ၊ ကြောင့်။
အညေ၊ ကုန်သော။
မနောဂေါစရဘူတာ၊ ကုန်သော။
ဓမ္မာ၊ တို့ကို။
သာမညလက္ခဏေနေဝ၊ အားဖြင့်သာ။
ဧကာယတနတ္တံ၊ သို့။
ဥပနေတွာ၊ ၍။
ဝုတ္တာ၊ ကုန်ပြီ။
ဣတိ၊ သို့။
ဝိညာယတိ၊ နည်း။
ဟိ (ယသ္မာ)၊ ကြောင့်။
ဩဠာရိကဝတ္ထာရမ္မဏမနနသင်္ခါတေဟိ၊ ဩဠာရိကရုပ်ဖြစ်သော ဝတ္ထု, အာရုံ, သိခြင်းဟု ဆိုအပ်ကုန်သော။
ဝိသယဝိသယိဘာဝေဟိ၊ အာရုံ၏ အဖြစ် အာရုံရှိသော အာရမဏိကတို့၏ အဖြစ်တို့ဖြင့်။
ပုရိမာနိ၊ ရှေ့၌ ဖြစ်သော အာယတန တဆယ့်တပါးတို့သည်။
ပါကဋာနိ၊ ထင်ရှားကုန်၏။
ဣတိ၊ ကြောင့်။
တထာ၊ ထို အခြင်းအရာအားဖြင့်။
(ဝိသယဝိသယီဘာဝအားဖြင့်။)
သြဠာရိက။ပေ။သင်္ခါတေဟိ ဟိ။ ။စာအုပ်တို့၌ သင်္ခါတေဟိ နောက်ဝယ် . ဟိ-သဒ္ဓါ မပါသော်လည်း ဝါကျဇောတက ဟိ-သဒ္ဒါ လိုပါသည်။ ထို ့ကြောင့် ရှေးနိဿယဉ် ထိုဟိကို “တံ ပါကဋီ ကရောမိ”ဟု တပ္ပါကဋီကရဏဇောတက အဖြစ်ဖြင့် အနက်ပေးသည်။ မဓု၌လည်း “အယမတ္ထော ကထံ ဝိညာယတီတိ အာဟ သြဋ္ဌာရိကဝတ္ထာတိ အာဒိ’ ဉာပကဟေတုဇောတကအဖြစ်ဖြင့် ကျမ်းတက်၏၊ “ဓမ္မသဒ္ဓေါတိ”ဟု ဣတိသဒ္ဒါပါသော ကြောင့် ဉာပကဟေတုဇောတကအဖြစ်က သာ၍ကောင်းပါသည်။
သြဠာရိကဝတ္ထာရမ္မဏမနန။ ။သြဠာရိကဝတ္ထာရမ္မဏဖြင့် ရွှေအာယတန ၁ဝ-ပါးကိုပြ သည်။ မနနဖြင့် ဧကာဒသမ အာယတနကိုပြသည်။ ဝိသယဟူသည် ရူပါရုံစသည်တို့တည်း၊ ဝိသယီကား ထိုရူပါရုံစသည်တို့၏ ထင်ရာဖြစ်သော စက္ခု။ပေ။မနတို့တည်း။
အပါကဋာ၊ မထင်ရှားကုန်သော။ အညေ၊ ဆိုအပ်ပြီးသော အာယတန တဆယ့် တပါးမှ အခြားကုန်သော။ မနောဂေါစရာစ၊ မန၏သာ ကျက်စားရာဖြစ်ကုန်သော သဘောတရားတို့သည်လည်း။ အတ္တနော၊ မိမိ၏။ သဘာဝံ၊ သဘောကို။ နဓာရေန္တိ၊ မဆောင်နိုင်ကုန်သည်ကား။ န၊ မဟုတ်ကုန်။ ဓာရေန္တိဧဝ၊ ဆောင်နိုင်ကုန်သည်သာ။ ဣတိ ဣမဿ အတ္ထဿ၊ ကို။ ဓမ္မသဒ္ဒေါ၊ ဓမ္မသဒ္ဒါသည်။ ဒီပန တ္ထော၊ ပြခြင်းအနက်ရှိ၏။ ဣတိ၊ ကြောင့်။ (အညေ၊ ကုန်သော။ မနောဂေါစရဘူတာ ဓမ္မာ သာမညလက္ခဏေနေဝ ဧကာယတနတ္တံ ဥပနေတွာ ဝုတ္တာ၊ ဣတိ ဝိညာယတိ၊ )**ဓမ္မသဒ္ဓေါ**။ ။ဓမ္မသဒ္ဓါသည် “အတ္တနော သဘာဝံ ဓာရေတိ” ဟူသော ဝစနတ္ထနှင့် အညီ မိမိသဘောကို ဆောင်ခြင်းအနက်ကိုဟော၏။ စက္ခုစသော အခြားအာယတန တို့လည်း မိမိ၏ သဘောကို ဆောင်ခြင်းလက္ခဏာရှိ၍ ဓမ္မအမည် ရနိုင်ကြသည်သာ။ သို့သော် ထို စက္ခုအစရှိသည်တို့သည် ဝတ္ထုအာရုံအားဖြင့် ထင်ရှားသောကြောင့် စက္ခာ- ယတန ရူပါယတန စသော အမည်ထူးများကို ရပြီး ဖြစ်ကြ၏။ စိတ်အားလုံးလည်း သိခြင်းလက္ခဏာအားဖြင့် ထင်ရှားသောကြောင့် မနာယတန အမည်ထူးကို ရပြီးဖြစ်၏။ ထို့ကြောင့် အများနှင့်ဆက်ဆံ၍ သာမန်ဖြစ်သော ဓမ္မာယတနအမည်ကို လက်မခံရကား ကြွင်းသော တရားများသာ ဓမ္မာယတနအမည် ရတော့သည်ဟု မှတ်ပါ။
ပသာရေန္တိ၊ ဖြန့်တတ်ကုန်၏။
ပါကဋာနိ၊ ထင်ရှားသည်တို့ကို။
ကရောန္တိ၊ ကုန်၏။
ဥပ္ပါဒေန္တိ၊ ဖြစ်စေတတ်ကုန်၏။
ဣတိ အတ္ထော၊ နက်။
[ဝိတ္ထာရေန္တိ အရ" ချဲ့" ဟူရာ၌ မဖြစ်သေးသော တရားတို့ကို ဖြစ်စေသည် " ဟု ဆိုလိုသည်။]**တံ နိဿိတတ္တာ**။ ။“စက္ခာဒီသု စ တေ အာကိဏ္ဏာ။ တံနိဿိတတ္တာ” ဟူသော အဋ္ဌကထာ၏အဖွင့်တည်း။ စက္ခု သောက ဃာန ဇိဝှါ ကာယငါးပါရသည် စက္ခု- ဝိညာဏ် စသည်တို့၏မှီရာ နိဿယပစ္စည်း ဖြစ်သကဲ့သို့ မနောဒွါရဟူသော မနသည် မှီရာနိဿယပစ္စည်း မဟုတ်။ သို့ဖြစ်လျှင် အဘယ်နည်းဖြင့် နိဿယဖြစ်နိုင်ပါသနည်းဟု မေးဘွယ်ရှိသောကြောင့် “တဿ နေသံ ဒါရဘာဝေါ နိဿာယဘာဝေါ”ဟု မိန့်သည်။ “နိဿယပစ္စည်း အဖြစ်ဖြင့်ကား နိဿယ မဟုတ်ပါ။ ဒါရအဖြစ်ဖြင့်သာ မှီရာနိဿယဖြစ်ပါ သည်”ဟူလို။ စက္ခာဒီနံ၊ စက္ခုပသာဒ အစရှိသည်တို့၏။
အသာဓာရဏာရမ္မဏဘာဝေ၊ စက္ခုဝိညာဏ်စသည်တို့နှင့် မဆက်ဆံသော အာရုံတို့၏ အဖြစ်သည်။
သတိပိ၊ ဖြစ်ပါသော်လည်း။
ဒွါရဘာဝေန၊ စက္ခုဒွါရ အစရှိသည်တို့၏ အဖြစ်ဖြင့်။
ဂဟိတတ္တာ၊ ယူအပ်ပြီး၏ အဖြစ်ကြောင့်။
ဓမ္မာယတနေ၊ ၌။
အဂ္ဂဟဏံ၊ မယူခြင်းကို။
အသာစ၁ရဏံ။ ။စက္ခု စသော ပသာဒရုပ်များလည်း စက္ခုဝိညာဏ် အစရှိသည်တို့က အာရုံမပြုနိုင်ဘဲ မနောဝိညာဏ်၏ အသာဓာရှဏအာရုံ၌ ပါဝင်ပါသော်လည်း စက္ခာယတန စသောနာမည်ဖြင့် သီးခြား ယူအပ်ပြီးဖြစ်သောကြောင့် ဓမ္မောတနအရ စက္ခုပသာဒ စသည်တို့ကို မယူတော့။ ထို့ကြောင့်အဘိဓမ္မတ္ထသင်္ဂြိုဟ် သမုစ္စည်းပိုင်း ဓမ္မာယတန ဓမ္မဓာတု အရကောက်၌ “ဧတ္ထ ပန စေတသိက သုခုမရူပ နိဗ္ဗာနဝသေန ဧကူနသတ္တတိဓမ္မာ ဓမ္မာ- ယတနဓမ္မဓာတူတိ သင်္ခ ဂစ္ဆန္တိ”ဟု ဆိုသည်။
ဒွါရာရမ္မဏဘာဝေဟိ ဝါ။ ။ဤစကားအရ စက္ခုပသာဒ အစရှိသည်တို့သည် မနော” ဝိညာဏ်၏ အာရုံဖြစ်ပါသော်လည်း ဒါရမဖြစ်သောကြောင့် “အသာဓာရဏ”ဟု ဆိုသည်။ ဒါရအဖြစ် အာရုံအဖြစ် ၂-ပါးလုံးအားဖြင့် ဆက်ဆံမှသာ “သာဓာရဏ”ဟုဆိုလိုသည်။
ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။**ယေဘုယျ။ပေ။အာဒီဟိ**။ ။ယေဘုယျသဟုပ္ပတ္တိ အာဒီပီတိ ယေဘုယျေန စက္ခာ- ယတနာဒီနိ ကဿစိ(အချို့ပုဂ္ဂိုလ်၏ သန္တာန်၌။) ကဒါစိ(တရံတခါ၌။) ဧကတော ဥပ္ပဇ္ဇန္တိ။ ကာမဓာတုယာ ဥပပတ္တိက္ခဏေ ကဿစိ ဧကာဒသာယတနာနိ ဥပ္ပတိ ဟိ ဝုတ္တံ။ - အနု။] ကာမဘုံဝယ် ဩပပါတိကသတ္တဝါတို့၏ ပဋိသန္ဓေခဏ၌ စက္ခုစသော ဒသက ၇-ပါး တွင် စက္ခုစသော အာယတနငါးပါး ပါဝင်၏၊ သဒ္ဒါယတနမှတပါး ရူပါယတနစသော အခြားအာယတနများလည်း ရ၏။ ဤသို့ ၁၁-ပါးတိုင်အောင် များသောအားဖြင့် အာယ- တနတို့ တပြိုင်နက် ဖြစ်ကြသောကြောင့် ဥပ္ပတ္တိက္ကမအားဖြင့် ရွှေနောက် စဉ်ရှိရန် မသင့် တော့၊ ဥပ္ပတ္တိက္ကမာဒိ၌ အာဒိဖြင့် ပဟာနက္ကမ ပဋိပတ္တိက္ကမ ဘူမိက္ကမတို့ကို ယူပါ၊ ထို ကမ အားဖြင့်လည်း ယောဇနာဘို့ရန် မသင့်ပုံကို အနုဋီကာ၌ ပြထားသည်။
ဣတိ၊ ကြောင့်။
ဃာနာဒိက္ကမေန၊ ဃာန အစရှိသည်တို့၏ အဖြစ်ဖြင့်။
ဒေသိတာနိ၊ ကုန်ပြီ။
ဣတိ (အယံ)၊ ဤ ဆိုအပ်ပြီးကား။
အဓိပ္ပါယော၊ သင်္ဂဟ အဋ္ဌကထာ ဆရာ၏ အလိုတည်း။ပုရိမသ္မိံ (အတ္ထေ)၊ သဘာဝေါဝ ဟူသော ရှေးအနက်၌။
ယံ သဒ္ဒေါ၊ သည်။
သမ္ဘဝနဝိသေသနံ၊ သမ္ဘဝနကြိယာ၏ ဝိသေသနတည်း။
ဥပ္ပဋိပါဋိဝစနံ။ ။ခေါင်းစဉ်တုန်းက ဤဟာသည် ရွှေ ဗျာပါရသည် နောက်တည်း အကျယ်ပြသောအခါ အဋ္ဌကထာ၌ “န ဟိ စက္ခုရူပါနံ။ပေ။ဥပ္ပဇ္ဇေယျာတိ”ဟုဗျာပါရဖြစ်ပုံ ကို ရွှေထား၍ “န စတာနိ ဝိညာဏပ္ပါးနတ္ထံ။ပေ။ဤန္တိ”ဟု ဤဟာဖြစ်ပုံကို နောက်မှပြ ထား၏၊ ထိုသို့ ရွှေနောက်ပြောင်း၍ ပြခြင်းသည် ဤဟာနှင့် ဗျာပါရတို့၏ ပရိယာယ်ဖြစ် ကြောင်းကို သိစေလိုသောကြောင့်တည်း။
ဓမ္မတာဝ။ ။“သဘာဝေါဝ”ဟု ပဌမဖွင့်၏၊ “ကာရဏသမတ္ထတာ ဝါ”ဟု ဒုတိယဖွင့်၏၊ [ကာရဏသမတ္ထတာတိ ကာရဏဘူတာ သမတ္တတာ ပစ္စယဘာဝေါ၊...အနု။] ထိုကာရဏ- သမတ္ထတာကိုပင်“ဤဟာဗျာပါရရဟိတာနံ ဒါရာဘဝေါ”ဟု ထပ်ဖွင့်သည်။ [ဤဟာ- တိအာဒိ ကမ္ဘိဒရဏံ။--မယ္။ ] ထို ့ကြောင့်“ဣမသ္မိံ အစ္ဆေ”အရ ကာရဏသမတ္တာအနက်ကို ယူ၍ ပုရိမသ္မိံ (အစ္ဆေ)အရ သဘာဝေါဝဟူသော အနက်ကိုယူပါးယံကို သမ္ဗန္တိကြိယာ နှင့် တွဲ၍ပေးရသောကြောင့် “သမ္ဘဝနဝိသေသန”ဟု ဆိုသည်၊ ရိုးရာအားဖြင့် ကြိယာရာ- မသနပင်တည်း ။
**တေသံ ဂေါစရော**။ ။ အဟိသည် ဝိသမ (မညီမညွတ်ရှုတ်ထွေးသော) အရပ်၌, သုသုမာရသည် ဗိလ( တွင်း) အရပ်၌, ပက္ခီ သည် အာကာသ - ကောင်းကင်အရပ်၌, ကုက္ကုရသည် ဂါမ- ရွာအရပ်၌၊ သိင်္ဂါလသည် သုသာန- သုသာန်အရပ်၌, မက္ကဋသည် ဝန- တောအရပ်၌ ကျက်စား၏။ အဓိပ္ပာယ်အကျယ်ကို အဋ္ဌသာလိနီ ရူပကဏ္ဍ ဒုကနိဒ္ဒေသ ၌ ရှုပါ။
[တတ္ထာတိ အဋ္ထကထာယံ ။ မဓု။ ရှေးနိဿယ၌ "တတ္ထ, ထို ဗာဟိရယတနတို့၌" ဟု ပေး၏။]
ဝိသမာဒိအဇ္ဈာသယေဟိ၊ ဝိသမ အစရှိသော အရပ်၌ အလိုဆန္ဒရှိသကဲ့သို့ ဖြစ်ကုန်သော။
ဝိသမဘာဝဗိလာကာသ ဂါမသုသာန သန္နိဿိတ သဒိသုပါဒိန္န ဓမ္မဝနဘာဝေတိ၊ မညီမညွတ်သည်၏ အဖြစ် ဟူသော အရပ်၌ မှီသော မြွေ, တွင်းအရပ်၌ မှီသော မိကျောင်း, ကောင်းကင်အရပ်၌ မှီသော ငှက်, ရွာအရပ်၌ မှီသော အိမ်ခွေး, သုသာန်အရပ်၌ မှီသော တောခွေးတိုနှင့် တူသော စက္ခု အစရှီသော ဥပါဒိန္န တရား တော၌ အလိုဆန္ဒရှိသော မျောက်နှင့်တူသော စိတ်ဟူကုန်သော။
စက္ခာဒီဟိ၊ စက္ခု အစရှိသော အဇ္ဈတ္တိကာယတနတို့သည်။
အဘိရမိတတ္တာ၊ အလွန်မေ့လျော်အပ်ကုန်သည် ၏အဖြစ်ကြောင့်။
ရူပါဒီနမ္ပိ၊ ရူပါရုံ အစရှိသော ဗာဟိရာယတနတို့၏လည်း။
ဝိသမာဒိသဒိသတာ၊ ဝိသမ အစရှိသည်တို့နှင့် တူကုန်သည်၏ အဖြစ်ကို။
ယောဇေတဗ္ဗာ၊ ယှဉ်စေထိုက်ကုန်၏။**ဝိသမ ။ပေ။ ဝနအာဝေဟိ**။ ။ "ဝိသမဘာဝ၊ မညီမညွတ်သည်၏ အဖြစ်" ဟူသည် မညီမညွတ် ရှုပ်ထွေးသော အရပ်တည်။ ထို့ကြောင့် မဓု၌ "ဝိသဘမဘာဝေါနာမ ဝိသမ ဋ္ဌာနံ" ဟု ဖွင့်သည်။ သန္နိဿိတသဒိသုပါဒိန္နဓမ္မကို ဝိသဘဘာဝ စသော ရှေ့ပုဒ်တို့နှင့်တွဲပါ။ ဥပါဒိန္နဓမ္မဟူသည် စက္ခု အစရှိသော ကမ္မဇရုပ်များပင်တည်း။ ဝနဘာဝ၌ ဘာဝကား အလိုဆန္ဒ အနက်ဟောတည်း။ တော၌ အလိုဆန္ဒရှိသော မျောက်နှင့်တူသော မနာယတနကို "ဝနဘာဝ" ဟု ဆိုသည်။
အဘာဝဝစနေန၊ အဘာဝပုဒ်ကို ဆိုခြင်းဖြင့်။
မဇ္ဈေ၊ အလယ်၌။
ဝိဇ္ဇမာနတာပုဗ္ဗကံ၊ ထင်ရှားရှိသည်၏ အဖြစ်ဟူသော ရှေ့သွားရှိသော။
အပရန္တေ၊ သင်၏ နောက်ဖြစ်သော အပိုင်းအခြား၌။
အဝိဇ္ဇမာနတံ၊ ထင်ရှားမရှိတော့သည် ၏ အဖြစ်ကို။
(ဒဿေတိ_၊
[ဥပါဒ်, ဌီ, ဘင်ဟူသော အလယ်အခိုက်အတန့်၌ကား ထင်ရှားရှိ၍ ထိုမှ နောက်အပိုင်းအခြား၌ မရှိတော့ ဟူလို။]
ဥဘယေနပိ၊ ဟုတွာ အဘာဝ ဟူသော ၂ ပါးစုံဖြင့်လည်း။
သဒါ၊ အခါခပ်သိမ်း။
အဘာဝေါ၊ ထင်ရှားမရှိခြင်းသည်။
အနိစ္စလက္ခဏံ၊ အနိစ္စ၏ အမှတ်အသားတည်း။
ဣတိ၊ ဤအနက်ကို။
ဒဿေတိ၊ ပရိတ္တဋ္ဌိတိကဿပိ၊ နည်းငယ်တိုလျသော တည်ခြင်းရှိသော ဒုက္ခ၏လည်း။ အတ္တနော၊ မိမိ၏။ ဝိဇ္ဇမာနက္ခဏေ၊ ထင်ရှားရှိဆဲခဏ၌။ ဥပ္ပါဒါဒီဟိ၊ ဖြစ်ခြင်းအစရှိသည်တို့သည်။ [အာဒိဖြင့် ဌိတိ ဘင်တို့ကိုယူ။] အဘိဏှံ၊ မပြတ်။ သမ္ပဋိပီဠနတ္တာ၊ ပြင်းစွာ နှိပ်စက်အပ်သည်၏ အဖြစ်ဟူသော ။ အဘိဏှသမ္ပဋိပီဠနတော၊ အဘိဏှ သမ္ပဋိပီဠနဟိတ်ကြောင့်၎င်း။ [အဋ္ဌကထာဝယ် ဣတိ ၌စပ်။] ဣတိ၊ သို့။ ပုရိမံ၊ သော။ သာမညလက္ခဏံ၊ ပဋိပီဠနဋ္ဌေန ဟူသော သာမညလက္ခဏာကို။ ဝိသေသေတွာ၊ အဘိဏှပုဒ်ဖြင့် အထူးပြု၍။ (သင်္ဂဟကာရော) ဝဒတိ၊
ပုဂ္ဂလဿ၊ ဒုက္ခကိန်းရာ ပုဂ္ဂိုလ်ကို။ ပီဠနတော၊ နှိပ်စက်ခြင်းကြောင့်။ ဒုက္ခမံ၊ ခဲယဉ်းသဖြင့် ခံအပ်၏။
ဧတဿ၊ ထို စက္ခု၏။ ဝသဝတ္တနတော၊ အလို၌ဖြစ်စေနိုင်သော အတ္တသည်။ ဝါ၊ အလိုသို့ လိုက်စေနိုင်သော အတ္တသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ကြောင့်။ (တံ၊ ထို စက္ခုသည်)။ အဝသဝတ္ထနကံ၊ သည်။ ဣဒံပိ၊ ဤ စက္ခုသည်လည်း။ ဝါ၊ ဤ စက္ခု ကိုယ်တိုင်လည်း။ ဝသဝတ္တနကံ၊ သည်။ ဝါ၊ သည်။ န၊ မဟုတ်။ ဣတိ၊ ကြောင့်။ အဝသဝတ္တနကံ၊ မည်၏။ [ဤအဓိပ္ပါယ်ကို အဋ္ဌကထာ ဘာသာဋီကာ နိဿယ၌ ရေးထားပြီ။]
ဝါ၊ တနည်း။
အတ္တနော၊ မိမိ၏။
[နိယကဇ္ဈာတ္တဟူသော မိမိခန္ဓာကိုယ်တခုလုံး၏။]
ပရသ္မိံ၊ သူတပါး၌၎င်း။
ဝါ၊ သူတပါး အပေါ်၌၎င်း။
ပရဿ၊ သူတပါး၏။
အတ္တနိစ၊ မိိမိ၌၎င်း။
ဝါ၊ မိမိအပေါ်၌၎င်း။
ဝသဝတ္တနဘာဝေါ၊ အလို၌ ဖြစ်စေနိုင်သည်၏ အဖြစ်သည်။
ဝါ၊ အလိုသို့ လိုက်စေနိုင်သည်၏ အဖြစ်သည်။
ဝသဝတ္တနကံ၊ မည်၏။
[ဤနည်းအလို ဘာဝအနက်၌ က ပစ္စည်းသက်။]
ဧတဿ၊ ဤ စက္ခု၏။
တံ၊ ထို ဝသဝတ္ထုနက အတ္တသည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ကြောင့်။
(တံ စက္ခု၊ သည်)။
အဝသဝတ္တနကံ၊ မည်၏။
**အတ္တနော။ပေ။ဝသဝတ္တနကံ**။ ။“သူတပါးအပေါ်၌ မိမိအလိုကို လိုက်စေနိုင်သော စက္ခုဖြစ်ကြောင်းဖြစ်ရာ”ဟူသည် မဟာဗြဟ္မာ ဘုရားကဲ့သို့ သူတပါးအပေါ်၌ မိမိအလိုကို ဖြစ်စေနိုင်၏ဟု ယူဆရသော အတ္တတည်း၊ ထိုအတ္တမျိုးမရှိခြင်း ထို အတ္တမျိုးမဟုတ်ခြင်းကို “အဝသဝတ္တနက”ဟု ဆိုသည်။ (တနည်း) သူတပါးက မိမိအပေါ်၌ သူ ့အလိုအတိုင်း ဖြစ်စေနိုင်သည်၏ အဖြစ်ဟူသော သတ္တိသည် ဝသဝက္ကနက မည်၏။ ထိုသို့ သတ္တိမရှိသော စက္ခုကို “အဝသဝတ္တနက”ဟု ဆိုသည်။ အတ္တနောတိ နိယကဇ္ဈတ္တံ သဌာယ ဝ၀တိ၊ ပရသ္မိံ တတော အညသ္မိံ။’အနု။]
အဝသဝတ္တနကဿ၊ ဝသဝတ္တနက အတ္တမရှိသော စက္ခု၏။
ဝါ၊ ဝသဝတ္တနအတ္တမဟုတ်သော စက္ခု၏။
အတ္ထော သဘာဝေါ၊ သဘောတည်း။
[အတ္ထသဒ္ဒါ သဘာဝ အနက် ဟောတည်း။]
အဝသဝတ္တနကဋ္ဌော၊ ဝသဝတ္တနက အတ္တမရှိသော စက္ခု၏ သဘော။
ဝါ၊ ဝသဝတ္တနကအတ္တမဟုတ်သော စက္ခု၏ သဘော။
ဝါ၊ တနည်း။
အဝသဝတ္တနကော၊ ဝသဝတ္တနကအတ္တမရှိသော။
ဝါ၊ ဝသဝတ္တနက အတ္တမဟုတ်သော။
အတ္ထော သဘာဝေါ၊ တည်း။
အဝသဝတ္တနကဋ္ဌော၊ ဝသဝတ္တနကအတ္တမရှိသော သဘော။
ဝါ၊ ဝသဝတ္တနကအတ္တမဟုတ်သော သဘော။
စ၊ ဆက်။
ဣဒံ၊ ဤ အဝသဝတ္တနလက္ခဏာသည်။
သာမညလက္ခဏံ၊ သာမညလက္ခဏာတည်း။
အထဝါ၊ ထို့ပြင် တနည်းကား။
ယသ္မာ ဝါ ဧတံ ။ပေ။ မာ ပါပုဏာတူတိ၊ ဟူ၍။
ဧဝံ၊ သို့။
စိန္တယမာနဿ၊ ကြံစည်သော။
ကဿစိ၊ တစုံတယောက်သော ပုဂ္ဂိုလ်၏။
တီသု၊ ၃ ပါးကုန်သော။
ဌာနေသု၊ ဥပါဒ်, ဌီ, ဘင်ဟူသော ဌာနတို့၌။
ဝသဝတ္တနဘာဝေါ၊ အလို့၌ဖြစ်စေနိုင်သည်၏အဖြစ်ဟူသော သတ္တိသည်။
ဝါ၊ အလိုသို့ လိုက်စေနိုင်သည်၏ အဖြစ်ဟူသော သတ္တိသည်။
နတ္ထိ၊ မရှိ။
တေနာတိ။ပေ။သုညံ။ ။ဝသဝတ္တနာကာရကို ပြရာ၌ “အတ္တနော ပရသို့”ဟု၎င်း, “ပရဿ စ အတ္တနိ”ဟု၎င်း ၂နည်း ပြခဲ့၏။ ထို ၂-နည်းတွင် “ပရဿ စ အတ္တန်”ဟူသော နောက်နည်းကို ရည်ရွယ်၍ “ပရဿ အတ္တနိ ဝသဝတ္တနာကာရေန သုညီ”ဟု ဖွင့်သည်။ ဤနည်းအလို “သူတပါးက မိမိအပေါ်၌ အလိုကိုလိုက်စေနိုင်သော အခြင်းအရာမှ ကင်း ဆိတ်၏။ ဝါ၊ အလိုကိုလိုက်စေနိုင်သော အတ္တမရှိ”ဟု အဓိပ္ပါယ်ရသောကြောင့် “အထာ- မိက ၊ အရှင်သခင်မရှိ”ဟု အဓိပ္ပါယ်ကျရောက်ရကား အာမိကတောကို သုညတော၏ “ဝိသေသန”ဟု ဆိုသည်။ “သာမီယေဝ သာမိကော”။
အထဝါ။ ။“အတ္တနော ပရသို့“ပရသာ အတ္တနိ”ဟု ၂-မျိုး ပြခဲ့ရာဝယ် ပရဿ အတ္တနိ အတွက် ဝသဝတ္တနာကာရမှ ကင်းဆိတ်ပုံပြပြီး၍ အတ္တနော ပရသို့“အတွက် ဝသဝတ္တနာ” ကာရံမှ ကင်းဆိတ်ပုံကိုပြလိုသောကြောင့် အထဝါ စသည်မိန့်။ အနုကျမ်းတက် ဤနည်း၌ ကား ဖြစ်ပြီးသော စက္ကူသည် ရှိသို့ မရောက်ပါစေလင့် ဟု၎င်း, ရင့်ပြီးဖြစ်သော် မပျက်ပါ စေလင့်ဟု၎င်း တစုံတယောက်က တောင့်တသော်လည်း ထိုတောင့်တသည့်အတိုင်း ဖြစ်ဘို့ ရန် စက္ခုတည်းဟူသော မိမိမှာပင် ထို ဝသဝတ္ထုန အခြင်းအရာ သတ္တိ၊ အတ္တ မရှိဟု အဓိပါယ်မှတ်ပါ။
တံ၊ ထို စက္ခုသည်။ အတ္တနောယေဝ၊ မိမိ၏ပင်။ (မိမိမှာပင်)။ တေန ဝသဝတ္တနာကာရေန၊ ထိုသို့ အလို၌ ဖြစ်စေနိုင်ခြင်းဟူသော အခြင်းအရာမှ။ သုညံ၊ ကင်းဆိတ်၏။ ဣတိ (အယံ)၊ ကား။ အတ္ထော၊ တည်း။**အပိစာတိ အာဒိ**။ ။ စက္ခုသဒ္ဒါသည ဝီသေသလက္ခဏာကို ဟောသောသဒ္ဒါဖြစ်၍ စက္ခုပသာဒတည်းဟူသော တစိတ်တဒေသ အနက်ကိုသာ သိစေနိုင်၏။ အနိစ္စသဒ္ဒါသည် သာမညလက္ခဏာကိုဟောသော သဒ္ဒါဖြစ်၍ အလုံးစုံ တရားအပေါင်းကို သိစေနိုင်၏။ ဤသို့ တုလျာဓိကရဏဖြစ်၍ အရတူသော်လည်း အနက်ထူးပုံကိုပြခြင်းငှာ "အပိစ" စသည်ကိ မိန့်သည် ဟူလို။ ဝါ၊ ကုန်။ ဣတိ, ပဋိသဉ္စိက္ခတိ၊ ၏။ ဣတိ၊ သို။ ဆသု၊ ခြောက်ပါးကုန်သော။ အဇ္ဈတ္တိကဗာဟိရေသု၊ အဇ္ဈတ္တိကဗာဟိရဖြစ်ကုန်သော။ ဣမေသု အာယတနေသု၊ တို့၌။ အနတ္တာနုပဿီ၊ အနတ္တဟု အဖန်ဖန် ရှုလေ့ ရှိသည်။ (ဟုတွာ) ဝိဟရတိ၊ ၏။
ဣတိ၊ ဤသို့။ အဝိသေသေသု၊ ဝိသေသမရှိကုန်သော။ ဝါ၊ အထူးမမ, သာမညဖြစ်ကုန်သော။ အာယတနေသု၊ အာယတန ၁၂ ပါးတို့၌။ အနတ္တာနုပဿနာ၊ ကို။ ဝုတ္တာ၊ ဟောတောမူအပ်ပြီ။ ဣတိ၊ ကြောင့်။ ကာရဏဘူတာနံ၊ အကြောင်းဖြစ်၍ ဖြစ်ကုန်သော။ စက္ခာဒီနံ၊ စက္ခာယတန အစရှိသည်တို့၏၎င်း။ ဖလဘူတာနံ၊ အကျိုးဖြစ်၍ဖြစ်ကုန်သော။ စက္ခုဝိညာဏာဒီနံ စ၊ စက္ခုဝိညာဏ် အစရှိသည်တို့၏၎င်း။ ကာရဏဖလမတ္တတာယ၊ အကြောင်းမျှ၏ အဖြစ်, အကျိုးမျှ၏ အဖြစ်ဟူသော။ အနတ္တတာယ၊ အနတ္တ၏ အဖြစ်အားဖြင့်။ အနတ္တလက္ခဏ ဝိဘာဝနတ္ထာယ၊ အနတ္တလက္ခဏာကို ထင်စွာပြခြင်း အကျိုးငှာ။ အာယတန ဒေသနာ၊ သည်။ (ပဝတ္တာ)၊ ဖြစ်ပြီ။ ဣတိ၊ ကြောင့်။ ဒွါဒသန္နံ ။ပေ။ အနတ္တ လက္ခဏန္တိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊
**ဣစ္စဿာတိ ဝါ**။ ။ ဤနောက်နည်းအလိုအားဖြင့် "ဣတိ၊ ဤသို့၊ ဝဒန္တဿ ၊ပြောသော။ အဿ၊ ထို ပရဝါဒီ ပုဂ္ဂိုလ်၏။ ဧဝံ ၊ ဤသို့ အပြားရှိသော အပြစာသည်။ အာဂတံ၊ ရေက်နေသည်။ ဟောတိ၊ ဖြစ်၏" ဟု အနက်ပေးရလိမ့်မည်။ ရှေးပုဒ် အဋ္ဌကထာ နိဿယ အတိုင်းပင်တည်း။ **အနိစ္စာဒီဟိ ။ပေ။ သဗ္ဘာဝါ**။ ။ အဋ္ဌကထာ၌ ခန္ဓာပဉ္စကကို အနိစ္စ, ထို ခန္ဓာပဉ္စက၏ မမြဲသော အခြင်းအရာကို အနိစ္စလက္ခဏာာဟု လက္ခဏာနှင့် လက္ခဏဝန္တာခန္ဓာကို ခွဲထား၏၊ ထိုသို့ ဆိုခြင်းမှာ ရုပ်တရားကို "အနိစ္စ" ဟု ဝိပဿနာဉာဏ်ဖြင့် သုံးသပ်ရာ၌ ရုပ်တရားကို အာရုံပြုသော ရူပပရိဂ္ဂဟဉာဏ်က တမျိုး၊ ထို ရုပ်တရား၏ မမြဲပုံ အခြင်းအရာကို အာရုံပြုသော သမ္မသနဉာဏ်ကတ မျိုး၊ ဤသို့အားဖြင့် နာမရူပပရိဂ္ဂဟဉာဏ် သမ္မသနဉာဏ်ဟု ၂ မျိုးကွဲပြားခြင်းကြောင့်တည်း။ ဝေဒနာစသည်, ဒုက္ခအနတ္တ စသည်တို့ပလည်း နည်းတူ။ [အနိစ္စ၏ အဖြစ် (အနိစ္စလက္ခဏာ) ဟူသော တမျိုးကိုသာ ဟောောတ်မမူဘဲ အဘယ်ကြောင့် အနိစ္စတာ, ဒုက္ခတာ, အနတ္တတာ ဟူသော လက္ခဏာ ၃ မျိုးကို ဟောတော်မူအပ်ပါသနည်းဟု မေးဘွယ်ရှိသောကြောင့် "အနိစ္စန္တိ စ ဂဏှန္တော" စသည်ကို မိန့်သည်။]
စ၊ ဆက်။
အနိစ္စန္တိ၊ ဟူ၍။
ဂဏှန္တော၊ ယူသော ပုဂ္ဂိုလ်သည်။
(ရှုသော ပုဂ္ဂိုလ်သည်)။
ဒုက္ခံတိ၊ ဟူ၍၎င်း။
အနတ္တာတိ၊ ဟူ၍၎င်း။
န ဂဏှာတိ၊ မယူ။
တထာ၊ ထို့အတူ။
ဒုက္ခာဒိဂ္ဂဟဏေ၊ ဒုက္ခ အစရှိသည်ကို ယူခြင်း၌။
အဋ္ဌသာလိနိယံ။ပေ။ဝုတ္တာ။ ။အဋ္ဌသာလိနီ လောကုတ္တရာကုသိုလ် အဖွင့်၌ အနိစ္စ- တာ အစရှိသော လက္ခဏာတို့ကို အာရုံပြုသော ၀ိပဿနာဉာဏ်ကို ရုပ်နာမ် ခန္ဓာလျှင် အာရုံရှိ၏”ဟု ဆိုထား၏၊ ထိုအဆိုအရ အနိစ္စတာလက္ခဏာ စသည်နှင့် အနိစ္စ စသော ခန္ဓာသည် မကွဲမပြားရာရောက်၏၊ ထိုသို့ ဆိုရာ၌ ထိုအဋ္ဌကထာ၏ အလိုကား “အနိစ္စတာ အစရှိသော လက္ခဏာတို့သည် ရုပ်ဝေဒနာ အစရှိသည်တို့၏ အခြင်းအရာမျှသာ ဖြစ်၏”ဟု ထင်ရှားစေလိုခြင်းတည်း။
နာတိဓာဝိတုံ။ ။စာသင်သားတို့သည် ထိုအလိုမျှ၌သာ စိတ်ကို ရပ်ထားသင့်သည်။ အဋ္ဌသာလိနီ၌ လက္ခဏာနှင့် လက္ခဏဝန္တ ခန္ဓာတို့ကို မကွဲမပြား တမျိုးတည်း ဆိုထား၏။ ဤအဋ္ဌကထာ၌ကား လက္ခဏာနှင့် လက္ခဏန္တကို ခွဲခြား၍ ဆိုထားပြန်ရာ “အဋ္ဌကထာ ၂-ရပ်ဝယ် အဆို ကွဲပြားနေသည် မဟုတ်လော”ဟု စောဒနာသောအားဖြင့် လွန်၍ ပြေးသွားခြင်းငှါ မသင့်ပါ"ဟူလို။
ဣတရဿ၊ အခြားသော အနိစ္စ အစရှိသည်ကို။ အဂ္ဂဟဏံ၊ မယူခြင်းသည်။ ဟောတိ၊ ၏။ (ဣတိ၊ ကြောင့်။ တီဏိ လက္ခဏာနိ ဝုတ္တာနိ၊ တသ္မာ ဧတေသံ အာကာရာနံ စသည်တို့၌ လှမ်းစပ်။) [ရုပ်နာမ်ခန္ဓာကို အနိစ္စဟု ဉာဏ်ဖြင့် ယူသော ပုဂ္ဂိုလ်သည် ထို အခိုက်၌ "ဒုက္ခ" ဟု ၎င်း, "အနတ္တ" ဟု၎င်း မယူသေး၊ ထို့ အတူ ဒုက္ခ အစရှိသည်ကို ယူခိုက်၌လည်း အနိစ္စ အနတ္တ ဟူသော အခြင်းအရာကို ဉာဏ်ဖြင့် မယူသေး။ ဤသို့ ဉာဏ် ကျက်စားရာက ၃ မျိုးပြားခြင်းကြောင့် အနိစ္စတာ စသော လက္ခဏာ ၃ မျိုးကို ဟောတော်မူရပါသည် ဟူလို။]တသ္မာ၊ ကြောင့်။
ပရိဂ္ဂယှမာနာနံ၊ ပိုင်းခြား၍ ယူအပ်ကုန်သော။
ဧတေသံ အာကာရာနံ၊ ဤအ ခြင်းအရာတို့သည်။
အညမညံ၊ အချင်းချင်း။
ဝိသေသောစ၊ အထူးသည်လည်း။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ကြောင့်။
တီဏိ၊ ကုန်သော။
လက္ခဏာနိ၊ တို့ကို။
(ဘဂဝတာ) ဝုတ္တာနိ၊
အနိစ္စာဒိဂ္ဂဟဏာနိ စ။ ... ။ထို့ပြင် “ အနိစ္စ”ဟု ရှုသော ပုဂ္ဂိုလ်သည် ရုပ်နာမ် ခန္ဓာတို့၌ နိစ္စသညာကို တားမြစ်နိုင် ပယ်နိုင်၏။ ထို ့အတူ “ဒုက္ခ”ဟု ရှုသော ပုဂ္ဂိုလ်က လည်း သုခသညာကို၎င်း, “အနတ္တ”ဟု ရှုသောပုဂ္ဂိုလ်ကလည်း အတ္တသညာကို၎င်း တား မြစ်နိုင် ပယ်နိုင်၏။
ထို့အပြင်- လွန်ကဲသော သဒ္ဓိန္ဒြေရှိသောဉာဏ်သည် “အနိစ္စ”ဟု ရှုလေ့ရှိ၏။ ထိုသို့ ရွှေဘတ်သော ဝိပဿနာသည် အနိမိတ္တာနုပဿနာဖြစ်၍ မဂ်သို့တက်သောအခါ အနိမိတ္တ ဝိမောက္ခမုခအဖြစ်ဖြင့် တက်၏။ လွန်ကဲသော သမာဓိရှိသော ဉာဏ်သည် “ဒုက္ခ” ဟု ရှုလေ့ရှိ၏၊ ထိုသို့ ရှုတတ်သော ဝိပဿနာသည် အပ္ပဏိဟိတာနုပဿနာဖြစ်၍ မဂ်သို့တက် သောအခါ အပ္ပဏိဟိတဝိဓမောက္ခမုခ အဖြစ်ဖြင့် တက်၏။ လွန်ကဲသော ပညိန္ဒြေရှိသော ဉာဏ်သည် “ အနတ္တ”ဟု ရှုလေ့ရှိ၏၊ ထိုသို့ ရှုတတ်သော ဝိပဿနာသည် သုညတာ- ပနာဖြစ်၍ မဂ်သို့ တက်သောအခါ သုညတဝိမောက္ခမုခအဖြစ်ဖြင့် တက်၏။ ဤသို့ အနိစ္စ အစရှိသောအားဖြင့် ယူပုံက ၃-မျိုးပြားခြင်း, `ဝိမောက္ခမုခ ၃-မျိုးပြားခြင်း ကြောင့် လက္ခဏာ ၃-မျိုးကို ဟောတော်မူရပါသည်’ဟူလို။
[ဆောင်] ၁။ အနိစ္စဟု ရှုလေ့သူ မှတ်ယူ သဒ္ဓါမှုန်။
၂။ ဒုက္ခဟူဘိ ရှုလေ့ရှိ သမာဓိကဲ၍လွန်။
၃။ အနတ္တ, ရှုသူမှာ, ပညာထက်မြက်ချွန်။