ဟိ၊ မှန်၏။
ဧသာ ဒိဋ္ဌိ၊ ဤ သဿတော အတ္တာဟူသော ဒိဋ္ဌိသည်။
ဒဠှီကရဏဝသေန၊ ခိုင်မြဲအောင် ပြခြင်း၏ အစွမ်းဖြင့်။
ပုရိမံ၊ ရှေး၌ဖြစ်သော ဒိဋ္ဌိကို။
ဥတ္တရာ၊ နောက်၌ဖြစ်သည်။
ဝုဿတီတိဝါ။ ။ ဤနည်း၌ "ဝုသိ" အရ ကျင့်သုံးအပ်ဆဲမဂ်ကို ယူ၍ ထိုမဂ်ရှိသော ရဟန္တာကို "ဝုသိမာ" အရ ယူစေလိုသည်။ထို "မဂ်ရှိ" ဟူရာ၌ ရဟန္တာ အဖြစ်ရောက်သောအခါ အတိတ် ကျင့်သုံအပ်ပြီး အနေဖြင့် ရှိခြင်းကို ယူစေလို၍ "သော ဧတဿ ဝုတ္တော" ဟု အတိတ်အနက်ကို ဟောသော ဝုတ္ထောပုဒ်ကို အပိုထည့်၍ ပြသည်။
အဂ္ဂဖလံဝါ။ ။ ဤနည်း၌ကား "ဝုသီယိတ်တာတိ ဝုသိ" ဟုပြု၍ အရဟတ္တဖိုလ်ကို ယူရသည်။ ထိုသို့ ယူသောအခါ "ဝုတ္တောဟု အပိုထည့်စရာ မလိုတော့။ ထို့ကြောင့် "တံ ဧတဿ အတ္ထိ" ဟု ရိုးရာအတိုင်း ဝိဂ္ဂဟကို ပြသ်။ "ဝုသီ ဧတဿ အတ္ထီတိ ဝုသိမာ" ဟု ပြုပါ။ [စာအုပ်တို့၌ "ဝုသီမတော" ဟု ရှိသော်လည်း ဂါထာဖြစ်၍ "ဆနဒါ နုရက္ခဏ ဒီဃ" ဟုထင်သည်။]
သဿတော အတ္တာတိ ဣဒံ။ ။ အဋ္ဌကထာ၌ ဒိဋ္ဌုပါဒါန်ကို ပြပြီးနောက် "သဿတော အတ္တာစ လောကောစ" ဟု ပုံစုံထုတ်၏။ ထိုပုံစံသည် ဒိဋ္ဌုပါဒါအတွက် ပုံစံဖြစ်နိင်ပါ၏လောဟု မေးဘွယ်ရှိသောကြောင့် "သဿတော ။ပေ။ ဝုတ္တံ" ဟု မိန့်သည်။ ထိုပုံစံသည် ဒိဋ္ဌုပါဒါန်အတွက် ပုံစံမဟုတ်ပါ။ ရှေးရှေး ဒိဋ္ဌိကို နောက်နောက် ဒိဋ္ဌိက ခိုင်မြဲစွာ ယူပုံကို နိဒဿနနည်းအားဖြင့် ပြအပ်သော ပုံစံသာ ဖြစ်ပါသည် ဟူလို။
(ဟုတွာ၊ ၍)။ ဥပါဒိယတိ ယထာ၊ စွဲမြဲစွာ ယူတတ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ နတ္ထိ ဒိန္နန္တိ အာဒိကာပိ၊ နတ္ထိ ဒိန္နံ အစရှိသော ဒိဋ္ဌိသည်လည်း။ (ဒဠှီကရဏ ဝသေန, ပုရိမံ, ဥတ္တရ, ဥပါဒိယတိ)၊ ဣတိ၊ ဤသို့ မှတ်အပ်၏။ ["ကသ္မာ ။ပေ။ ဝိညာယတိ။ ဟိ (ယသ္မာ) ။ပေ။ ဝိညာယတိ" ဟုလည်း ပေးပါ။]ဝါ၊ နိဒ္ဓါရဏပြု၏။
ဣတိ၊ ကြောင့်။
ဓမ္မသင်္ခေပဝိတ္ထာရေတိ (ဧတ္ထ)၊ ဟူသော ဤပါဌ်၌။
နိဒ္ဓါရဏေ၊ နိဒ္ဓါရဏ အနက်၌။
ဘုမ္မံ၊
သတ္တမီဝိဘတ်ကို။
ဒဋ္ဌဗ္ဗံ၊
အတ္တဂ္ဂဟဏံ ပန ။ပေ။ ဒဋ္ဌဗ္ဗံ။ ။ "သဿတော အတ္တာစ " ဟု အတ္တစွဲလမ်းမှုသည် အတ္တဝါဒုပါဒါန်သာဖြစ်၏။ ထို့ကြောင့် "သဿတော အတ္တာစ" စသော စကားသည် ဒိဋ္ဌုပါဒါန်၏ ပုံစံပြစကားမဟုတ်ဟု မှတ်ပါ။ [ဤနည်း၌ "ပုရိမဒိဋ္ဌိ ဥတ္တရဒိဋ္ဌိဟူသော စကားတို့သည် အတ္တဝါဒုပါဒါန်ကို ပြသော စကားတို့တည်း" ဟု မှတ်ပါ။]
လောကောစာတိဝါ။ ။ (တနည်း) "သဿတော အတ္တာစ လောကောစ" ဟု အတ္တ,လောက ၂ မျိုးကို ပြရာ၌ အတ္တာစဖြင့် အတ္တဝါဒုပါဒါန်၏ ပုံစုံကို ပြပြီးလျှင် လောကောစအရ၌ အတ္တစွဲလမ်းမှုကိုမယူဘဲ ရုပ်ကို အတ္တဟု ယူလျှင်နာမ်ခန္ဓာ ၄ ပါးကို လောကဟု ယူနိုင်သောကြောင့် ထို သဿတော လောကောစဖြင့် ဒိဋ္ဌုပါဒါန်၏ ပုံစံပြဖြစ်နိုင်၏။ ထို့ကြောင့် "အာဒီသု ဟိ ပုရိမဒိဋ္ဌိံ ဥတ္တရဒိဋ္ဌိ" ဟူသော စကားတို့ဖြင့် ဒိဋ္ဌုပါဒါန်ကို ပြသော စကားဖြစ်၏ ဟု တနည်း သိနိုင်ပါသည်။
ဂဟိတပ္ပဋိသန္ဓိကဿ၊ ယူအပ်ပြီးသော ပဋိသန္ဓေရှိသော ပုဂ္ဂိုလ်၏။
ဝါ၊ သည်။
ဘဝနိကန္တိယာ၊ ဘဝနိကန္တ၏။
(ဘဝကို တပ်နှစ်သက်တတ်သော တဏှာ၏)။
ပဝတ္တိတဗ္ဗတ္တာ၊ ဖြစ်ထိုက်သည်၏ အဖြစ်ကြောင့်။
ဘဝရာဂဇဝနဝီထိ၊ ဘဝရာဂ ဇောဝီထိသည်။
(ဘဝနိကန္တိက ဇောဝီထိသည်)။
သဗ္ဗပဌမံ၊ အလုံးစုံသော ဝီထိတို့၏ ရှေးဦးစွာ။
ကတိ ။ပေ။ အတ္တဂ္ဂါဟော။ ။ [ပကတိ, အဏုတို့ကို အဋ္ဌသာလိနီ ဘာသာဋီကာ မူလဋီကာနိဿယ, သမဝါယ အဖွင့်၌ ပြခဲ့ပြီ။] ထို ပကတိ အဏူမြူ စသည်တို့ကိုပင် မြဲ၏ဟု ယူသော သဿတဒိဋ္ဌီ အယူသည်၎င်း, အမိဝမ်း၌ ကိုယ်ကောင်ကလေးအဖြစ်ဖြင့် ထင်ရှားဖြစ်၏။ ထိုကိုယ်ကောင်ငလေးသည် ခဏတိုင်း ပျက်၏ဟု ယူသော ဥစ္ဆေဒအယူသည်၎င်း ရှေ့သွားဖြစ်၏။ ထိုနောက်မှ အတ္တအယူဖြစ်သည် ။ဤအလို ဒိဋ္ဌုပါဒါက ရှေ့ အတ္တဝါဒုပါဒါန် နောက်ကျသော်လည်း ထို အယူမျိုးကား တရံတခါမှ ဖြစ်၏၊ ထို့ကြောင့် ထိုအယူကို တားမြစ်လိုသည့်အတွက် အဋ္ဌကထာ၌ "ယေဘုယျေန" ဟု မိန့်ရသည် ဟူလို။
ယေဘုယျေန ဝါ။ပေ။ သမ္ဗန္ဓော။ ။ ရှေ့နည်း၌ "ယေဘုယျေန" ကို အနီးဖြစ်သော "အတ္တဂ္ဂါဟပုဗ္ဗင်္ဂမော သဿတုစ္ဆေဒါဘိနိဝေသော" ၌ စပ်စေလိုသော ကြောင့် ထိုယေဘုယျေနဖြင့် ပယ်ဘို့ရန် တရံတခါ အတ္တဂ္ဂါဟ (အတ္တဒိဋ္ဌိ) က နောက်မှ ဖြစ်တတ်ပုံကို ပြနေရသည်။ ဤနည်း၌ကား ယေဘုယျေနကို "ပဌမံ အတ္တဝါဒုပါဒါနံ" စသော အဆုံးဝါကျနှင့် စပ်ရသောကြောင့် တရံတခါ၌အတ္တဝါဒုပါဒါန်၏ နောက်မှ ဖြစ်ပုံကို ပြဘွယ်မလိုတော့။
ယဒိပိ ပဝတ္တတိ၊ အကယ်၍မူလည်း ဖြစ်ပါပေ၏။ ပန၊ ထိုသို့ပင်ဖြစ်ပါသော်လည်း။ သော ဘဝရာဂေါ၊ ထိုဘဝရာဂသည်။ တဏှာဒဠှဝ္တံ၊ တဏှာ၏ ခိုင်မြဲသည်၏ အဖြစ်သည်။ န ဟောတိ၊ ဖြစ်သည်မဟုတ်။ ဣတိ၊ ဤသို့။ မညမာနော၊ မှတ်ထင်သည်။ (အထင်မှားသည်)။ (ဟုတွာ) ကာမုပါဒါနဿ၊ ၏။ ပဌမ ပ္ပတ္တိံ၊ ပဌမဖြစ်ခြင်းကို။ (သင်္ဂဟကာရော)နအာဟ၊ မဆိုခဲ့။**သော ပန ဘဝရာဂေါ ။ပေ။ မညမာနော**။ ။ တဘဝ၌ ဘဝနိကန္တိ (ဘဝရာဂ လောဘဇော) သည် ရှေးဦးစွဖြစ်၏။ သို့သော် အဋ္ဌကထာဆရာက ထို ဘဝရာဂကို ကာမုပါဒါန် ဖြစ်လောက်အောင် တဏှာဒဠှတ္တ မဟုတ် ဟုအထင်မှားသောကြောင့် တဘဝ၌ ကာမုပါဒါန်က စ၍ဖြစ်ပုံကို မဆိုဘဲ ကာမုပါဒါန်က နောက်ဆုံးဖြစ်ပုံကို ဆိုလေသည်။ [မညမာနောဖြင့် အဋ္ဌကထာအယူကို ဋီကာဆရာက မနှစ်သက်ကြောင်းပြသည်။ ဋီကာဆရာကား "ဘဝရာဂဟူသော ဘဝနိကန္တိ ကိုလည်း သူ့ဆိုင်ရာ၌ ဒဠဖြစ်၏" ဟု ယူသည်။ ထိုသို့ ယူကြောင်းကို "တဏှာ ကာမုပါဒွနန္တိ ပန။ ပေ။ အရဟတ္တမဂ္ဂဝဇ္ဈတာ ဝုတ္တာ" ဟူသော စကားဖြင့် ပြသည်။]