ဘဝ ဂစ္ဆတီတိ၊ ဟူသော ပါဌ်၏။
နိပ္ဖါဒနဖလဝသေန၊ အကျိုးကိုဖြစ်စေခြင်း၏ အစွမ်းဖြင့်။
အတ္တနော၊ မိမိဟူသော ကံ၏။
ပဝတ္တိကာလေ၊ ဖြစ်ရာအခါ၌။
ဘဝါဘိမုခံ၊ ဘဝသို့ ရှေးရှုသည်။
ဟုတွာ၊ ဖြစ်၍။
ပဝတ္တတိ၊ ဖြစ်၏။
ဣတိ အတ္ထော၊ နက်။
ဝါ၊ တနည်း။
နိဗ္ဗတ္တနမေဝ၊ အကျိုးကို ဖြစ်စေခြင်းကိုပင်။
ဧတ္ထ၊ ဤဘဝံ ဂစ္ဆတိ ဟူသော ပါဌ်၌။
နိပ္ဖါဒနဖလဝသေန။ ။ ဖလဿ ဥပ္ပါဒနသမတ္တာ အနု။ [နိပ္ဖါဒနနှင့် ဖလကို ရှေ့နောက်ပြန်၍ အနက်ယူပါ ဟု သိစေလိုသောကြောင့် ဤသို့ အနုဋီကာ ဖွင့်သည်။] နိပ္ဖါဒနကိုလည်း ဥပ္ပါဒနအနက်ဟောဟု ယူစေလိုသည်။ ကမ္မဘဝဟူသော ကံသည် မိမိဖြစ်ခိုက်၌ ဘဝ တစ်ခုသို့ ရှေးရှုနေသကဲ့သိုဖြစ်၏။ ကံပြသူက ဘဝသို့ ရှေးမရှုသော်လည်း ကံကအကျိုးပေးဘို့ရန် ဆိုင်ရာဘဝသို့ ရှေးရှုနေသည်၏ အဖြစ်ဖြင့် ဖြစ်နေသည် ဟူလို။ ထို့ကြောင့် "ဘဝံ ဂစ္ဆိ၊ ဘဝသို့ ရောက်တတ်သော ကံ" ဟု ဖွင့်သည်။
နိဗ္ဗတ္တနမေဝ ဝါ။ ။ ဤနည်း၌ကား ကံ၏ဘဝကို ဖြစ်စေနိုင်သော သတ္တိကိုပင် "ဘဝံ ဂစ္ဆတိ" အရ "ဘဝသို့ သွားတတ်သည်" ဟု ဆိုလိုသည်။ ထို့ကြောင့် "ဘဝံ ဂစ္ဆတိ" ၌ "ဘဝဂမန" ဟူသည် ဘဝကို ဖြစ်စေခြင်းပင်တည်း။ [နိဗ္ဗတ္တနံ နိပ္ဖါဒနံ၊ ဖြစ်စေခြင်း၊ အနု။]
ဂမနံ၊ ဂမနဟူ၍။ အဓိပ္ပေတံ၊ အလိုရှိအပ်၏။ [ဤဋီကာအဖွင့်ကို ကြည့်လျှင် "ဘဝံ ဂစ္ဆတိ" ဟုသာ အဋ္ဌကထာ၌ ရှိထိုက်၏။ "ဂမေတိစ " ဟု ရှိဘွယ်မလိုတော့။ ဘာ့ကြောင့်နည်း ၊ ဂစ္ဆတိအရ ဖြစ်စေခြင်း အနက်ကိ ဖွင့်သောကြောင့်၎င်း, ဖြစ်စေခြင်းဟူသည် ဘဝသို့ သွားခြင်း ရောက်ခြင်းနှင့် အဓိပ္ပါယ်တူသောကြောင့်၎င်း တည်း။]ဘဝ ဂစ္ဆတီတိ၊ ဟူသော ပါဌ်၏။
နိပ္ဖါဒနဖလဝသေန၊ အကျိုးကိုဖြစ်စေခြင်း၏ အစွမ်းဖြင့်။
အတ္တနော၊ မိမိဟူသော ကံ၏။
ပဝတ္တိကာလေ၊ ဖြစ်ရာအခါ၌။
ဘဝါဘိမုခံ၊ ဘဝသို့ ရှေးရှုသည်။
ဟုတွာ၊ ဖြစ်၍။
ပဝတ္တတိ၊ ဖြစ်၏။
ဣတိ အတ္ထော၊ နက်။
ဝါ၊ တနည်း။
နိဗ္ဗတ္တနမေဝ၊ အကျိုးကို ဖြစ်စေခြင်းကိုပင်။
ဧတ္ထ၊ ဤဘဝံ ဂစ္ဆတိ ဟူသော ပါဌ်၌။
နိပ္ဖါဒနဖလဝသေန။ ။ ဖလဿ ဥပ္ပါဒနသမတ္တာ အနု။ [နိပ္ဖါဒနနှင့် ဖလကို ရှေ့နောက်ပြန်၍ အနက်ယူပါ ဟု သိစေလိုသောကြောင့် ဤသို့ အနုဋီကာ ဖွင့်သည်။] နိပ္ဖါဒနကိုလည်း ဥပ္ပါဒနအနက်ဟောဟု ယူစေလိုသည်။ ကမ္မဘဝဟူသော ကံသည် မိမိဖြစ်ခိုက်၌ ဘဝ တစ်ခုသို့ ရှေးရှုနေသကဲ့သိုဖြစ်၏။ ကံပြသူက ဘဝသို့ ရှေးမရှုသော်လည်း ကံကအကျိုးပေးဘို့ရန် ဆိုင်ရာဘဝသို့ ရှေးရှုနေသည်၏ အဖြစ်ဖြင့် ဖြစ်နေသည် ဟူလို။ ထို့ကြောင့် "ဘဝံ ဂစ္ဆိ၊ ဘဝသို့ ရောက်တတ်သော ကံ" ဟု ဖွင့်သည်။
နိဗ္ဗတ္တနမေဝ ဝါ။ ။ ဤနည်း၌ကား ကံ၏ဘဝကို ဖြစ်စေနိုင်သော သတ္တိကိုပင် "ဘဝံ ဂစ္ဆတိ" အရ "ဘဝသို့ သွားတတ်သည်" ဟု ဆိုလိုသည်။ ထို့ကြောင့် "ဘဝံ ဂစ္ဆတိ" ၌ "ဘဝဂမန" ဟူသည် ဘဝကို ဖြစ်စေခြင်းပင်တည်း။ [နိဗ္ဗတ္တနံ နိပ္ဖါဒနံ၊ ဖြစ်စေခြင်း၊ အနု။]
ဂမနံ၊ ဂမနဟူ၍။ အဓိပ္ပေတံ၊ အလိုရှိအပ်၏။ [ဤဋီကာအဖွင့်ကို ကြည့်လျှင် "ဘဝံ ဂစ္ဆတိ" ဟုသာ အဋ္ဌကထာ၌ ရှိထိုက်၏။ "ဂမေတိစ " ဟု ရှိဘွယ်မလိုတော့။ ဘာ့ကြောင့်နည်း ၊ ဂစ္ဆတိအရ ဖြစ်စေခြင်း အနက်ကိ ဖွင့်သောကြောင့်၎င်း, ဖြစ်စေခြင်းဟူသည် ဘဝသို့ သွားခြင်း ရောက်ခြင်းနှင့် အဓိပ္ပါယ်တူသောကြောင့်၎င်း တည်း။](ယော၊ အကြင် ခန္ဓာကို)။
ဝေါကိရီယတိ ပသာရီယတိ၊ ဖြန့်အပ်၏။
ဝိတ္ထာရီယတိ၊ ချဲ့အပ်၏။
ဣတိ၊ ကြောင့်။
(သော၊ ထိုခန္ဓာသည်)။
ဝေါကာရော၊ ဝေါကာရ မည်၏။
ဝါ၊ တနည်း။
ဝေါကိရဏံ၊ ဖြန့်ခြင်း။
ဝါ၊ ချဲ့ခြင်း။
ဝေါကာရော၊ ခြင်း။
ဝါ၊ ခြင်း။
သော၊ ထိုဖြန့်အပ်ချဲ့အပ်သော ခန္ဓာကို။
ဝါ၊ ဖြန့်ခြင်းချဲ့ခြင်းကို။
(ဝုတ္တေ ၌စပ်)။
ဧကသ္မိံ၊ တခုသော ခန္ဓာ၌။
ပဝတ္တတ္တာ၊ ဖြစ်သည်၏ အဖြစ်ကြောင့်။
ဧကော ဝေါကာရောတိ၊ ဧကော ဝေါကာရော ဟူ၍။
(သင်္ဂဟကာရေန) ဝုတ္တော၊
ပဒေသပသဋုပ္ပတ္တိ၊ တစိတ်တဒေသအားဖြင့်ဖြန့်အပ်သည်ဖြစ်၍ ဖြစ်ခြင်းရှိသော ခန္ဓာတည်း။
ဣတိ အတ္ထော၊ နက်။
သညဘဝေါတိပိ။ ။ ဤပါဌ်သည် အဋ္ဌကထာ၌ ရှိသော ပါဌ်မဟုတ်, ဋီကာဆရာ တွေ့ရသော ပါဌ်တည်း။ ထိုပါဌ်၌ "သညာ ဧတ္ထ အတ္ထီတိ သညော" ဟု ပြု၍ အဿတ္ထိ အနက်၌ (အ) ပစ္ဏည်း သက်သည်။ ဥပမာ "ပီတိသုခံ၊ ပီတိသုခရှိသော ဈာန်" ဟူရာ ဝယ် အဿတ္ထိအနက်၌ (အ) ပစ္စည်း သတ်ရသကဲ့သို့တည်း။ ထို့နောက်သညောဝ၊ သညာရှိသည်သာလျှင် ဖြ်သော+ဘဝေါ တည်း။ သညဘဝေါ၊ ဝ။ [အကာရံ ကတွာတိ ယထာ ပီတိသုခံ အဿ အတ္ထီတိ အတ္ထေ အကာရံ ကတွာ ဥပ္ပါဒေတွာ ။ပေ။ ဧဝံ သညာ အဿ အတ္ထီတိ သညော။ အနု။]
ဝေါကာရော။ ။ ဝိဂြိုလ် ၂ မျိုးတွင် ပဌမဝိဂြိုလ်၌ ချဲ့ဖြန့်အပ်သော ခန္ဓာရ၏၊ ဒုတိယဝိဂြိုလ်၌ ချဲ့ဖြန်ခြင်းကြိယာ ရ၏။ ထိုသိုဖြစ်လျှင် "သော ဧကသ္မိံ ပဝတ္တတ္တာ" ၌ သော အရလည်း ပဌမနည်းအလို ခန္ဓာရ၌ ဧကသ္မိံ အရလည်း ခန္ဓာပင်ရသောကြောင့် ပဝတ္တက (ဖြစ်တတ်သော) ခန္ဓာနှင့် ဧကသ္မိံအရ ဖြစ်ရာဌာနသည် အရ မပြားချေး။ ထို့ကြောင့် ဌာနနှင့်ဌာနီ အရမကွဲပြားသော်လည်း ကွဲပြားသကဲံသိ့ တင်စားထားသော "အဘေဒ ဘေဒုပစာရ" ဟု မှတ်ပါ။ [ပဝတ္တတာတိ(ဟူသော ပါဌ်ဖြင့်) ပဝတ္တက (ဖြစ်တတ်သော ခန္ဓာ) ပဝတ္တဋ္ဌာနာနံ (ဖြစ်ရာဌာနဟူသော ခန္ဓာတို့၏) အဘေဒေပိ ဥပစာရဝသေန ဘိန္နံဝိယ ကတွာ( ဝုတ္တန္တိ) ဒဿေတိ၊ အနု။]
ဟိ၊ လဒ္ဓဒေါသ ထင်ရှားပြအံ့။
အနုပါဒိန္နကာနမ္ပိ၊ ဥပါဒိန္နကမဟုတ်သော ကုသိုလ်အကုသိုလ် ကြိယာ တိဇရုပ်တို့ကိုလည်း။
ဂဟဏံ၊ ယူခြင်းသည်။
ယဒိ သိယာ၊ အကယ်၍ဖြစ်အံ့။
(ဧဝံ သတိ၊ သော်)။
ဒွါဒသဟာယတနေဟိ အဋ္ဌရသတိ ဓာတူဟီတိ၊ ဟူ၍။
ဝတ္တဗ္ဗံ၊ ဟောတော်မူထိုက်သည်။
သိယာ၊ ဖြစ်ရာ၏။
ဣတိ၊ ဤသို့ မှတ်အပ်၏။
ဝုတ္တဉှိ။ ။ "နိပ္ပရိယာယေန စေတနာဝ ကမ္မဘဝေါ" ဟူသော စကား၏ သာဓကကို ပြလို၍ "ဝုတ္တဉှိ" စသည်ကို မိန့်သည်။ ကမ္မဘဝေါ စသည်ကား ဓာတုကထာ ဆဋ္ဌနယ နိဒ္ဒေသ ပါဠိတော်တည်း။ ထို့၌ "ကမ္မဘဝ" အရ စေတနာကို ယူသောကြောင့် "တီဟိ ခန္ဓေဟိ သမ္ပယုတ္တော" စသည်ဖြင့် ဟောတော်မူသည်။
ဥပပတ္တိဘဝေါ။ ။ "ဥပပတ္တိ"အရ ကာမဘဝစသော တိက်, သညာဘဝစသော တိက်, ဧကဝေါကာရစသော တိက် ဤတိက် ၃ မျိုးလုံးဖြင့် ကံကြောင့် ဖြစ်ရသော လောကီဝိပါက် နာမ်ခန္ဓာနှင့် ကမ္မဇရုပ်တို့ကိုသာ ယူရသည်။ "ယထာဟ" စသော သာဓကသည် ဝိပါက် ကမ္မဖရုပ် ခန္ဓာတို့ကိုသာ ယူပုံကို ပြသော သာဓကတည်း။ စသော သာဓကသည် ဝိပါက် ကမ္မဇရုပ် ခန္ဓာတို့ကိုသာ ယူပုံကိုပြသော သာဓကတည်း။ ထို့ကြောင့် ဝိပါက်မဟုတ် ကမ္မဝမဟုတ်သော သဒ္ဒါယတန သဒ္ဒဓာတ်ကို ချန်၍ "ဧကာဒသဟာယတနေဟိ သတ္တရသဟိ ဓာတူဟိ သင်္ဂဟိတော" ဟု ဟောတော်မူသည်။
ဝါ၊ တနည်း။
ပရေန၊ တပါးသော စောဒကပုဂ္ဂိုလ်သည်။
ဓမ္မဝိသေသံ၊ တရားအထူးကို။
အဂဏေတွာ၊ မရေတွက်မူ၍။
(အဂ္ဂဟေတွာ၊ မယူမူ၍" ဟု မဟာဋီကာ၌ ရှိ
)။
ပုနဝစနံ၊ တဖန် ဟောတော်မူခြင်းကို။
စောဒိတံ၊ စောဒနာအပ်ပြီ။
ဣတိ၊ သို့။
စောဒကာဘိလာသဝသေန၊ စောဒက၏ အလိုဆန္ဒ၏ အစွမ်းဖြင့်။
သာတ္ထကမေဝိဒံ ပုန ဝစနန္တိ၊ ဟူ၍။
(သင်္ဂဟကာရေန) ဝုတ္တံ၊
သင်္ခါရဘဝါနံ ဓမ္မဘေဒတော။ ။ "သင်္ခါရ" အရ၌ အပုညာဘိသင်္ခါရစသော လောကီစေတနာသာ ရ၍ "ဘဝ" အရ၌ ထို စေတနာအပြင် လောကီဝိပါက်နှင့်ကမ္မဇရုပ်များလည်း ရသောကြောင့် "ဓမ္မဘေဒတော" ဟုဆိုသည်။ ထိုသို့ ဓမ္မချင်း မတူသောကြောင့် ပုနရုတ္တိဒေါသဖြင့် လျဉ်းပါးဘွယ်မရှိရကား "သာတ္တကမေဝိဒံ ပုန ဝစနံ" ဟု ဖြေဘွယ်မလို။ "ထို အဖြေစကားသည် အပိုသာဖြစ်၍ မသင့်" ဟု စောဒက ပုဂ္ဂိုလ်က ဆိုလိုသည်။
န, ဘဝေကဒေသ ဘာဝေန။ ။ သင်္ခါရဟူသော စေတနာတို့သည် ကမ္မဘဝ, ဥပပတ္တိဘဝ ၂ မျိုးတွင် ကမ္မဘဝဟူသော တစိတ်တပိုင်းသာ ဖြစ်၏။ ထိုတစိတ်တပိုင်းကို ဘဝဟူသော နာမည်ဖြင့် ထပ်၍ ဟောတော်မူသောကြောင့် ပုန ရုတ္တိဒေါသဖြင့် လျဉ်းပါးဘွယ်ရှိရကား ထို ပုနရုတ္ထိဒေါသကို တားမြစ်သောအာဖြင့် "သာတ္ထကမေဝ ပုန ဝစနံ" ဟု ဆိုခြင်းသည် သင့်ပါသည် ဟူလို။
ပရေန ဝါ။ ။ ဤနည်း၌ကား စောဒကပုဂ္ဂိုလ်သည် သင်္ခါရအရနှင့်ကမ္မ ဥပပတ္တိဘဝတို့၏ အရကွဲပြားမှုကို မရေတွက်ဘဲ "ပုညာဘိသင်္ခါရော" စသည်ဖြင့် ပါဠိတော်၌ ထပ်၍ ဟောတော်မူပုံကိုသာ ကြည့်၏။ ထိုသို့ ကြည့်သောကြောင့်ထပ်၍ ဟောတော်မူခြင်းကို စောဒနာလိုသော အဘိလာသ (ဆန္ဒ) ဖြစ်နေ၏။ ထိုဆန္ဒကို သိသော အဋ္ဌကထာဆရာသည် ဘဝအရ ပုညာဘိသင်္ခါရစသော စေတနာကို ဟောတော်မူသော်လည်း ကာလချင်း မတူသောကြောင့် "ပုန ဝစနံ သာတ္ထကမေဝ" ဟု ပဌမဖြေ၏။ ထို့နောက် ဘဝအရ၌ စေတနာသမာ, စေတနာသမ္ပယုတ္တဓမ္မတို့ကို ယူရသောနည်းစသော နည်းအမျိုးမျိုးကို ပြ၏။ ထို့ကြောင့် "သာတ္ထကမေဝိဒံ ပုန ဝစနံ- ဘဝကို တဖန်ထပ်၍ ဟောတော်မူအပ်သော စကားတော်သည် ဧကန်ပင် အကျိုးရှိပါသည်" ဟု မိန့်သည်။
အာဒိ သဒ္ဒေန၊ အာဒိ သဒ္ဒါဖြင့်။
အသပ္ပုရိသူပနိသယံ၊ မသူတော်တို့ကိုမှီရခြင်းကို၎င်း။
ပုဗ္ဗေ၊ ရှေးဘဝ၌။
အကတပုညတံ၊ ပြုအပ်ပြီးသော ကောင်းမှု မရှိသူ၏ အဖြစ်ကို၎င်း။
အတ္တမိစ္ဆာပဏိဓိတဉ္စ၊ မိမိစိတ် မိမိကိုယ်ကို မှားယွင်းသော အရာ၌ ထားခြင်းရှိသူ၏ အဖြစ်ကို၎င်း။
သင်္ဂဏှာတိ၊ သိမ်းယူ၏။
သုဒ္ဓိမဂ္ဂပရာမသနေန။ ။ နွားတို့၏ အလေ့အကျင့်ကို ကျင့်မျုကို "သုဒ္ဓိမဂ္ဂ" ဟု မှားမှားယွင်းယွင်း သုံးသပ်နေသော်လည်း ဈာန်ကိုရကြောင်း ကသိုဏ်း စသည်ကို အားထုတ်နေလျှင် ဈာန်ကို ရနိုင်၏။ ထို့ကြောင့် "ရူပါ ။ပေ။ နန ယုဇ္ဇတိ" ဟု ဆိုသည်။ စာအုပ်တို့၌ န တပုဒ်သာ ပါသော်လည်း ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ "န, န " ဟု ၂ ပုဒ် ပါသည်။ ထိုသို့ ပါမှလည်း တံ န ဂဟေတဗ္ဗံ ဟူသော စကားနှင့် လိုက်လျောသည်။
ပုရာဏ ။ပေ။ အာဒိသဝနံ။ ။ ပုရာ ရှေးအခါ၌+ဘဝံ+ဖြစ်သော အကြောင်းအရာတည်း။ ပုရာဏံ၊ ရာ။ ဤဝိဂြိုလ်နှင့်အညီ ရှေးကဖြစ်ခဲ့ဘူးသော အကြောင်းအရာကို ပြသော ကျမ်းကိုလည်း "ပုရာဏ်ကျမ်း" ဟု ခေါ်၏။ ထို ပုရာဏ်ကျမ်းကို အနုဋီကာ၌ "ဗြဟ္မဏ္ဍလိင်္ဂခန္ဓပုရာဏာဒိ" ဟု သရုပ်ဖော်သည်။
မှတ်ချက်။ ။ အဘယာရာမ ဆရာတော်၏ အမရကောသ နိဿယ၌ "ပုရာဏ် ကျမ်းပေါ်ငး ၁၈ ကျမ်းရှိ၏" ဟု မိန့်သည်။ သီလက္ခန် အဋ္ဌကထာ, ဂန္ထာရမ္ဘ၌ လာသော အာဂမဝရဿပုဒ်အဖွင့်၌ ဘာရတပုရာဏ်, နရသီဟပုရာဏ်တို့ကိုလည်း တွေ့ရ၏။ ဤ၌ ကား ဘာရတကို ကထာအဖြစ်ဖြင့် ယူဟန်တူသည်။
ပသုဗန္ဓ ဝိဓိ။ ။ ယဇ်ပူဇော်ရာ၌ သကားကောင်တို့ကို ဖွဲ့ချည်ပုံ အစီအစဉ်ကို ပြသော ကျမ်းတည်း။ [ဘူမိကာမော၊ မိမိ၏ ကြီးပွားရေးကို မြှောက်တွေးသော ပုဂ္ဂိုလ်သည်။ သေသဝဓယဇ္ဇံ၊ ဖြူဖွေးသော ဆိတ် စသော သတ္တဝါကို သတ်၍ ယဇ်နတ်ပူဇော်မှုကို။ အာလဘယေ၊ အားထုတ်ရာ၏။ ဣတိ အာဒိနာ၊ ဖြင့်။ ပသုမာရဏဝိဓာနယုတ္တော (သားကောင်ကို သတ်ခြင်းအစီအစဉ်နှင့် ယှဉ်သော) ယညဝိဓိ ပသုဗန္ဓဝိဓိ။ အနု။]