ဟိ၊ ချဲ့။
ပဌမဝါရော ဧဝ၊ ကိုပင်။
(ဝုတ္တော ၌စပ်)။
ကေဝလံ၊ နာမ မဖက်သက်သက်။
ဆဋ္ဌာယတနမေဝ၊ သည်သာ။
(ဖဿဿ၊ ၏)။
ပစ္စယော၊ သည်။
န၊ မဟုတ်သေး။
အထခေါ၊ ကား။
နာမဉ္စ၊ သည်လည်း။
ဖဿဿ၊ ၏။
ပဌမဝါရော ဧဝ။ ။ အဋ္ဌကထာဝယ် ရှေးအဋ္ဌကထာဝါဒကို ပြရာ၌ ပဌမဝါရကို "သဗ္ဗသံဂါဟကဋ္ဌေန (ဂဟိတော) " ဟု ဆို၏။ ထို သဗ္ဗသံဂါဟက ဖြစ်ပုံကို ချဲ့ပြလို၍ "ပဌမဝါရော ဧဝ ဟိ" စသည်ကို ဋီကာမိန့်သည်။ "ပဌမဝါရော ဧဝ ။ပေ။ ဆဋ္ဌာ ယတနင်္ဂံ ပရိဟောပေတွာ ဝုတ္တော- ပဌမဝါရကို ဆဋ္ဌာယတနအင်္ဂါကိုလျှော့၍ (ဒုတိယ ဝါရအဖြစ်ဖြင့်) ဟောတော်မူအပ်ပြီး " ဟူလို။
န ကေဝလံ ။ပေ။ ဖဿဿ ပစ္စယော။ ။ န ကေဝလံ ဆဋ္ဌာယတနမေဝ- ပဌမဝါရ၌ ဆဋ္ဌာယတနက ဖဿအား ကျေးဇူးပြုပုံကို ဟောတော်မူ၏။ "နာမဉ္စ ဖဿဿ ပစ္စယာ" ဖြင့် ဒုတိယဝါရ၌ နာမ်က ဖဿအား ကျေးဇူးပြုပုံကို ဟောတော်မူ၏။ ထို့ကြောင့်"န ကေဝလံ ။ပေ။ ပစ္စယော- ဆဋ္ဌာယတနသည်သာ ဖဿအား ကျေးဇူးပြုသည် မဟုတ်သေး , နာမ်ကလည်း ဖဿအား ကျေးဇူးပြုသည်" ဟု ဆိုသည်။
ပစ္စယောဟောတိ၊ ဝါ၊ တနည်း။ နာမံ၊ သည်။ ကေဝလံ၊ ဖဿမဖက် သက်သက်။ ဆဋ္ဌာယတနဿေဝ၊ ၏သာ။ (ပစ္စယော)န (ဟောတိ)၊ အထခေါ၊ ကား။ ဖဿဿာပိ၊ ၏လည်း။ (ပစ္စယော, ဟောတိ)၊ ဣတိ၊ ဤသို့။ ပစ္စယဝိသေသ ဒဿနတ္ထံ(စ)၊ အကြောင်းအထူးကို ပြခြင်းအကျိုးငှာ၎င်း။ ယေန အတ္ထ ဝိသေသေန၊ အကြင် အနက်အထူးကြောင့်။ မဟာနိဒါန သုတ္တဒေသနာ၊ မဟာနိဒါနသုတ် ဒေသနာတော်သည်။ ပဝတ္တာ၊ ဖြစ်ပြီ။ တံဒဿနတ္ထံစ၊ ထိုအနက်အထူးကိုပြခြင်းအကျိုးငှာ၎င်း။ ဆဋ္ဌာယတနင်္ဂံ၊ ဆဋ္ဌာယတနအင်္ဂါကို။ ပရိဟာပေတွာ၊ ယုတ်လျော့စေ၍။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့လျှင်။ တဿ၊ ထို ပဌမဝါရ၏။ ဒုတိယဝါရေစ၊ ၌လည်း။ ပဝေသော၊ ဝင်နိုင်ခြင်းကို။ ဝုတ္တော၊ ဆိုအပ်ပြီ။ သဗ္ဗင်္ဂသမောရောဓတော၊ အလုံးစုံသော အင်္ဂါ၌ သက်ဝင်နိုင်ခြင်း ကြောင့်။ န (ဝုတ္တော)၊ ဆိုအပ်သည်မဟုတ်။**နာမံဝါ ။ပေ။ ဖဿဿာပိ**။ ။ ပဌမဝါရံ "နာမပစ်စယာ ဆဋ္ဌာယတနံ" ဟု ဟောတောမူ၍ ဒုတိယဝါရ၌ "နာမပစ္စယာ ဖသော" ဟု ဟောတော်မူ၏။ ထို့ကြောင့် "န ကေဝလံ။ပေ။ ဖဿဿာပိ- နာမ်သည် ပဌမဝါရအတိုင်း ဆဋ္ဌာယတနအားသောကျေးဇူပြုသည် မဟုတ်သေး၊ ဒုတိယဝါရအတိုင်း ဖဿအားလည်း ကျေးဇူးပြုသည်" ဟု ဆိုသည်။ ပန၊ ဆက်။ တိဏ္ဏံ သင်္ဂတိ ဖဿောတိ၊ ဟူ၍။ ဝစနတော၊ ဟောတော်မူခြင်း ကြောင့်။ ဝိညာဏံ၊ ဝိညာဉ်သည်။ ဖဿဿ၊ ဖဿ၏။ ဝိသေသပစ္စယော၊ ထူးသော အကြောင်းသည်။ (ဟောတိ)၊ ဣတိ၊ ကြောင့်။ တဿ၊ ထို ဝိညာဉ်၏။ ဖဿော၊ ဖဿသည်။ ဝိသိဋ္ဌံ၊ ထူးသော။ ဖလံ၊ အကျိုးတည်း။ ပစ္စယသမ္ပယုတ္တာနံ၊ အာဟာရပစ္စည်း၌ သမ္ပယုတ်ဖြစ်ကုန်သော တရားတို့၏။ (ဖဿ , စေတနာ, ဝိညာဉ်တို့၏)။ အာဟာရပစ္စယဘာဝေ၊ အာဟာရပစ္စည်းတို့၏ အဖြစ်သည်။ သတိပိ၊ ဖြစ်ပါသော်လည်း။ မနာသဉ္စေတနာယ၊ မနောသဉ္စေတနာ၏။ ဝိညာဏာဟရဏံ၊ ပဋိသန္ဓေဝိညာဉ်တည်းဟူသော အကျိုးကို ဆောင်ခြင်းသည်။ (ဖြစ်စေခြင်းသည်)။ ` ဝိနာ ။ပေ။ ပစ္စယော။ ။ ဝိညာဉ်နှင့် စေတသိက် နာမ် ခန္ဓာ ၃ ပါးသည် ခွဲ၍မဖြစ်ကြသောကြောင့် "သင်္ခါရပစ္စယာ ဝိညာဏံ" အရ၌ ဖလ အဖြစ်ဖြင့် ကျေးဇူးပြုခံရသော အခါ၌လည်း သဟဇာတာဒိပစ္စယုပ္ပန် အဖြစ်ဖြင့် တူ၏။ "ဆဋ္ဌာယတနပစ္စယာ ဖဿော" အရဝယ် အကြောင်းဖြစ်ဖြင့် ကျေးဇူးပြုရသောအခါ၌လည်း သဟဇာတာဒိပစ္စည်း အဖြစ်ဖြင့်တူသည် ။[ပစ္စယောစ ၌ "သမာနော" ဟု ပြင်၍ လိုက်စေပါ၊ သမာနံ ဖလံ (သမာနော) ပစ္စယော သဟဇာတာဒိ ပစ္စယေဟိ ဥပကတ္တဗ္ဗတော ဥပကရဏတော စ ။ အနု။]
တိဏ္ဏံ ။ပေ။ ဝိလိဋ္ဌံ ဖလံ။ ။ "တိဏ္ဏံ၊ စက္ခုပသာဒ, ရူပါရုံ, စက္ခုဝိညာဉ်ဟူသော ၃ ပါးတို့၏။ ၊ပေ၊ မနောဒွါရ, ဓမ္မာရံ, မနောဝိညာဉ်ဟူသော ၃ ပါးတို့၏။ သင်္ဂတိ၊ ပေါင်းမိခြင်းကြောင့်။ ဖဿော၊ ဖဿ ဖြစ်၏" ဟု ဟောတော်မူရကား ဝိညာဉ်သည် ဖဿဖြစ်ဘို့ရန် ထူးသောအကြောင်းဖြစ်၏ ၊ သို့ဖြစ်လျှင် ဖဿလည်း ဝိညာဉ်၏ ထူးသော အကျိုးပင်ဖြစ်ပြန်၏။ ထို့ကြောင့် အဋ္ဌကထာ၌ "ဝိသေသေန ဖဿော ဖလံ" ဟု မိန့်သည်။ ပစ္စယော၊ အကြောင်းတည်း။
ဟေတုကာဒီနိ ဧတ္ထ၊ ၌။
ယသ္မိံ စတုက္ကေ၊ ၌။
ဟေတုကသဒ္ဒေါ၊ ဟေတုက သဒ္ဒါကို။
ဝုတ္တော၊ ဟောတော်မူအပ်ပြီ။
တံ၊ ထို စတုက္ကကို။
ဟေတုကသဒ္ဒ သဟ စရိတတ္တာ၊ ဟေတုကသဒ္ဒါနှင့် တကွဖြစ်သည် အဖြစ်ကြောင့်။
ဟေတုကန္တိ၊ ဟေတုကဟူ၍။
(သင်္ဂဟကာရေန) ဝုတ္တံ၊ ဆိုအပ်ပြီ။
ဣတိ၊ သို့။
ဝေဒိတဗ္ဗံ၊ ၏။
သတိပိ ။ပေ။ ဝိသိဋ္ဌော ပစ္စယော။ ။ ကသ္မာ သင်္ခါရော ဝိသေသဟေတု- ဘာ့ကြောင့် စေတနာဟူသော သင်္ခါရသည် ဝိညာဉ်၏ ထူးအသောအကြောင်း ဖြစ်ရသနည်း။ ဖဿောပိ ဝိညာဏဿ ဟေတု ဟောတီတိ ကတွာ သတိပီတိ အာဒိမာဟ- ဖဿလည်း ဝိညာဉ်၏ အကြောင်းဖြစ်သည် မဟုတ်ပါလော၊ ဤသို့ မေးဘွယ်ရှိသာ ကြောင့် "သတိပိ" စသည်ကို မိန့်။ မဓုကျမ်းတက်။ ဤကျမ်းတက်ပုံကို ထောက်၍ "ပစ္စယသမ္ပယုတ္တာနံ" အရ အာဟာရပစ္စည်း၌ သမ္ပယုတ်ဖြစ်သော ဝိညာဉ် ဖဿစေတနာတို့ကိုယူပါ။ ထိုတရား အားလုံးသည် အာဟာရပစ္စည်း ဖြစ်ပါသော်လည်း ပဋိသန္ဓေဝိညာဉ်အား ကျေးဇူးပြုဘို့ကိစ္စ၌ မနောသဉ္စေတနာ ဟူသော သင်္ခါရသည်ထူးသောအကြောင်းဖြစ်၏။ ထို့ကြောင့် အဋ္ဌကထာ၌ "ဝိသေသေန သင်္ခါရော ဟေတု" ဟု မိန့်သည်။
ဟေတုကာဒီနိ။ ။ ယခု အဋ္ဌကထာစာအုပ်၌ "ဟေတုစတုက္ကာဒီနိ" ဟုရှိသော်လည်း ဋီကာဆရာ၏ လက်ထက်က "ဟေတုကာဒီနိ" ဟု ရှိခဲ့ဟန်တူ၏။ ထို့ကြောင့် "ဟေတုကာဒီနိ"ဟု ဆိုသည်။ ဟေတုကသဒ္ဒါှင့် တကွဖြစ်သောကြောင့် သဟစရဏ နည်းအးဖြင့် ဒုတိယစတုက္ကကိုပင် "ဟေတုကခေါ်သည်" ဟု သိစေလို၍ "ဟေတုက သဒ္ဒသဟစရိတတ္တာ" ဟု မိန့်သည်။ မှန်၊ ထို စတုက္က၌ "သင်္ခါရော အဝိဇ္ဇာဟေတုကော(သင်္ခါရသည် အဝိဇ္ဇာဟူသော အကြောင်းရှိ၏) ဝိညာဏံ သင်္ခါရဟေတုကံ" စသည်ဖြင့် ဟေတုကသဒ္ဒါကို ပဓာနထား၍ ဟောတော်မူသည်။ ပါဠိတော်ကြည့်ပါ။ [ဤအဖွင့်ကို ကြည့်၍ ဒုတိယစတုက္ကို "ဟေတုကစတုက္က" ဟု နာမည်တပ်ရကြောင်းကို သိပါ၊ ပါဠိတော်စာအုပ်များ၌ ဒုတိယစတုက္ဥကို "ဟေတုစတုက္က" ဟု ခေါင်းတပ်ထားသည်ကို ပြင်ပါ။]
**ဟေတုသဒ္ဒေါ ။ပေ။ ဂတိ ဧဝ**။ ။ ဓာတ်ကျမ်းတို့၌ "ဟိ ဂတိမှိ" ဟု ဓာတ်နက်ရှိသောကြောင့် "ဟေတုသဒ္ဒေါ ဂတိသူစကော" ဟု ဆို၏။ အဝိဂတ၌ အ ဟူသော ပဋိသေဓ, ဝိဟူသော ပဋိသေဓ ၂ ချက်ကြောင့် "ဂတ" ဟူသော မူလအနက်ပင် ရ၏။ မှန်၏။ "ဝိ+ဂတ- ကင်း" ဟူသည် အတူတကွ မဖြစ်ခြင်း ပဋိသေဓ အနက်တည်း။ "အ+ ဝိဂတ- မကင်း" ဟူသည် ကင်းခြင်း၏ မရှိခြင်း (မကင်းခြင်း- အတူဖြစ်ခြင်း) ပင်တည်း၊ ထို့ကြောင့် "အဝိဂတာစ ။ပေ။ ဂတိ ဧဝ" ဟု ဆိုသည် ။[ဝိဂတန္တိ ဧတ္ထ ဝိသဒ္ဒေါ ပဋိသေဓ ဒီပကောတိ ဒွေ ပဋိသေဓာ ပကတိံ (ပင်ကိုယ် မူလအနက်ကို) ဉာပေန္တီတိ အာဟ ဝိဂတ နိဝါရဏဝသေန ဂတိ ဧဝ ဟောတီတိ။ အနု။]
ဣတိ (အယံ)၊ ဤသည်ကား။
အဓိပ္ပါယော၊ ဝဒန္တိ ဆရာတို့၏အလိုတည်း။**အတ္ထောဟိ ။ပေ။ ဟောတီတိ**။ ။ ဤ စတုက္က၌ အဝိဇ္ဇာစသော တရားတို့သည် သင်္ခါရစသည်တို့ကား သဟဇာတ ပစ္စည်း၏ အစွမ်းဖြင့်သာ ကျေးဇူးပြုကြလျှင် "အခြား ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးမပြုနိုင်" ဟု မှတ်ရမည်လော" ဟု မေးဘွယ်ရှိသောကြောင့် "အတ္ထောဟိ" စသည်ကို မိန့်။ [အတ္ထောတိ ပစ္စယဓမ္မော ၊ ကတ္ထစီတိ ကသ္မိံဉ္စဝါရေ။ အနု။] ပစ္စည်းတရား ဟူသမျှသည်(မည်သည့်ဝါရ၌ မဆို) မိမိဆိုင်ရာ ပစ္စယုပ္ပန်တရား အား မိမိဆိုင်ရာ ပစ္စယသတ္တိဖြင့် ကျေးဇူးမပြုသည် မဟုတ်၊ (ပြုသည်သာ) သို့သော် ဤ ပဌမစတုက္ကကို သဟဇာတ ပစ္စည်း၏ အစွမ်းဖြင့် ဟောတော်မူသည့်အတွက် ဤဝါရ၌ ထို သဟဇာတ ပစ္စည်းသာ ဖြစ်ရပါသည် ဟူလို။
(မတိယာ၊ အလိုအားဖြင့်)။
ပစ္စယဝစနမေဝ၊ အဝိဇ္ဇာပစ္ဏယာ စသည်၌ပါသော ပစ္စယသဒ္ဒါသည်ပင်။
သဟဇာတ သူစကံ၊ သဟဇာတ ပစ္စည်းအဖြစ်ကို ထင်ရှားပြတတ်သည်။
အာပန္နံ၊ ဖြစ်၏။
ဝါ၊ ရောက်၏။
(ကသ္မာ၊ နည်း)။
အဝိဂတစတုက္ကာ ဒီသု၊ အဝိဂတစတုက္က အစရှိသည်တို့၌။
(ပစ္စယဝိသေသဘူစကံ၊ ပစ္စည်းအထူးကို ထင်ရှားပြုတတ်သော။
ဝစနန္တရံ၊ တပါးသော စကားသည်)။
["အဝိဇ္ဇာ ဟေတုကော" စသည်၌ ဟေတုကဟူသော စကားသည်။
(ဘဝတိ) ဝိယ၊ ကဲ့သို့။
(တထာ) ဣဓ၊ ဤပဌမစတုက္က၌။
ပစ္ဏယဝိသေသသူစကဿ၊ သော။
ဝစနန္တရဿ၊ ၏။
အဘာဝါ၊ မရှိခြင်းကြောင့်တည်း။
စ၊ ဆက်။
တံ၊ ထို ဘဝပစ္စယာ ဇာတိအစရှိသော စကားကို။
န ဝုတ္တံ၊ ဤပဌမစတုက္က၌ ဟောတော်မမူအပ်သည်ကား။
န၊ မဟုတ်။
(ဝုတ္တံ ဧဝ၊ ဟောတော်မူအပ်သည်သာ)။
စ၊ ဆက်။
ဘဝါဒယော၊ ဘဝ အစရှိသည်တို့သည်။
သဟဇာတ ပစ္စယာ၊ ဇာတိ အစရှိသည်တို့အား သဟဇာတ သတ္တိဖြင့် ကျေးဇူးပြုကုန်သည်။
န ဟောန္တိ၊ ကုန်။
တသ္မာ၊ ကြောင့်။
သဟဇာတ ပစ္စယဝသေနေဝ၊ သဟဇာတပစ္စည်းနှင့် စပ်သဖြင့်သာ။
အယံ စတုက္ကော၊ ဤပဌမစတုက္ကကို။
န ဝုတ္တော၊ ဟောတော်မူအပ်သည် မဟုတ်။**မဟာနိဒါန ။ပေ။ ဝုတ္တံ**။ ။ အဋ္ဌကထာဝယ် "မဟာနိဒွနသုတ္တန္တေ စဿ" မှ "မဟာနိဒါန သုတ္တန္တေ" ပုဒ်ကို ယူ၍ နောက်၌ "ဧကာဒသင်္ဂိကော ပဋိစ္စ သမုပ္ပါဒေါ ဝုတ္တော" ဟူသော စပ်ပုဒ်နှင့် တွဲပြီးလျှင် "မဟာနိဒါန ။ပေ။ ဝုတ္တောတိ ဝုတ္တံ" ဟု ဆိုသည်။ ထို သုတ္တာန်၌ ဟောတော်မူပုံကို ထို ပါဠိတော်ရင်း ဒီဃနိကာယ်, သုတ်မဟာဝဂ္ဂ, မဟာနိဒါနသုတ်ကို ကြည့်ပါ။ ထို ပါဠိတော်၌ အဝိဇ္ဇာသင်္ခါရတို့ကို ဟောတော်မမူ၊ ထိုသို့ ဟောတော်မမူသောကြောင့် အတိတ်အဓွန့်လည်း တိုက်ရိုက်မရနိုင်၊ ထို့ကြောင့် အတိတ် အဓွန့်နှင့်တကွ အဓွန့် ၃ ပါး ပြည့်စုံအောင် (အခြား ပါဠိတော်၌ ဟောတော်မူအပ်သော) အဝိဇ္ဇာနှင့် သင်္ခါရတို့ကို ယှဉ်စပ်စေမှသာ (မူလရှိပြီးသော ၉ ပါးတွင် ထို ၂ ပါး ထည်၍) ဧကာဒသင်္ဂိက ပဋိစ္စသမုပ္ပါဒ်ဖြစ်သည်။
(ဒဿေတိ) ဝိယ၊ ဖြစ်တော်မူသကဲ့သို့။
(တထာ၊ တူ)။
နိရဝသေသ နာမပစ္စယဉ္စ၊ အကြွင်းမရှိသော နာမ်ဟူသော ပစ္စည်းကိုလည်း။
ဒဿေတုံ၊ ပြတော်မူခြင်းငှာ။
နာမရူပပစ္စယာ ဖဿောတိ၊ ဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
["တတ္ထ ဟိ" မှ စ၍ "ဒဿေတုံ နာမရူပ ပစ္စယာ ဖဿောတိ ဝုတ္တံ" သည် မဟာနိဒါနသုတ္တန်၌ ဟောတော်မူပုံကို ပြသော စကားတည်း။]
ဧဝံ၊ တူ။
ဣဓာပိ၊ ဤဒုတိယဝါရ၌လည်း။
တတ္ထ၊ ထို မဟာနိဒါန သုတ္တန်ဒေသနာတော်၌။
ဒဿိတဝိသေသ ဒဿနေန၊ ပြအပ်ပြီးသော အထူးကို ပြခြင်းအားဖြင့်။
တံ ဒေသနာ ပရိဂ္ဂဟတ္ထံ၊ ထို မဟာနိဒါနသုတ္တန် ဒေသနာတော်ကို သိမ်းယူခြင်းအကျိုးငှာ။
ဧကစိတ္တက္ခဏိကေ၊ တခုသော စိတ္တက္ခဏရှိသော။
ပဋိစ္စ သမုပ္ပါဒေ၊ ၌။
ဆဋ္ဌာယတနံ၊ ဆဋ္ဌာယတနကို။
နာမန္တောဂဓံ၊ နာမ်၌ အကျုံးဝင်သည်ကို။
ကတွာ၊ ပြုတော်မူ၍။
နာမပစ္စယာ ဖဿောတိ၊ ဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဣတိ အတ္ထော၊ နက်။**ဧဝံ ဣဓာပိ ။ပေ။ ဝုတ္တံ**။ ။ ဤစကားကား ဤဝိဘင်းပါဠိတော် ပစ္စယစတုက္ကဝယ် ဒုတိယဝါရ၌ ဟောတော်မူပုံကို ပြသော စကားတည်း။ ဤဝိဘင်းပါဠိတော်၌ ဆဋ္ဌာယတန မပါခြင်းသည် ထို သုတ္တာန်ပါဠိတော်နှင့် လုံးဝတူ၏။ "နာမ ပစ္စယာ ဖဿော" ဟု ဟောတော်မူခြင်းကား မတူ။ ထိုသို့ မတူခြင်းမှာ ဤ၌ ဧကစိတ္တက္ခဏိက ပဋိစ္စသမုပ္ပါဒ်ဖြစ်သောကြောင့် ရပက ဖဿအား စိတ္တက္ခဏတခုတည်းမှာ ကျေးဇူးမပြုနိုင်သည့်အတွက် ရူပကို ချန်ထားသည်။ သို့ သော် ဆဋ္ဌာယတန (မနာယတန) ကို နာမ၌ သွင်း၍ ယူပုံမှာ ထို သုတ္တန်၌ ပြအပ်သော နည်းအတိုင်းပင် ဖြစ်၏။ ထို့ကြောင့် "တတ္ထ ဒဿိတဝိသေသ ဒဿနေန တံဒေသနာပရိဂ္ဂဟတ္ထံ" ဟု ဆိုသည်။ ဟိ၊ လဒ္ဓဂုဏ်ကို ဆိုဦးအံ့။
ဧဝံ၊ ဤသို့။
သင်္ဂဟနိဒဿနဝသေနေဝ၊ သိမ်းယူပုံကို ညွှန်ပြကြောင်း ဥဒါဟရုဏ်၏ အဖြစ်ဖြင့်သာလျှင်။
ဓမ္မဟဒယ ဝိဘင်္ဂေပိ၊ ဓမ္မ ဟဒယဝိဘင်း၌လည်း။
(နောက်လာမည့် ဓမ္မဟယဝိဘင်း၌လည်း)။
ဩပပါတိကာနံ ပေတာနန်တိ အာဒိနာ၊ ဩပပါတိကာနံ ပေတာနံ အစရှိသည်ဖြင့်။
ဩပပါတိကဂ္ဂဟဏမေဝ၊ ဩပပါတိကကို ယူခြင်းကိုသာ။
ကတံ၊ ပြုတော်မူအပ်ပြီ။
သံသေဒဇဂ္ဂဟဏံ၊ သံသေဒဇကို ယူခြင်းကို။
န ကတံ၊ ပြုတော်မမူအပ်။
ဣတိ၊ ဤသို့ မှတ်အပ်၏။
ပဓာနာယဝါ ယောနိယာ။ ။ ဤနည်း၌ "ဩပပါတိကယောနိကို ပြခင်းသည် ဩပပါတိကယောနိက ပဓာန ဖြစ်သောကြောင့် "ဟု ဆိုလို၏ ။ ပဓာန နည်း ဟူလို။ "ဘာ့ကြောင့် ဩပပါတိကယောနိကို ပဓာန ဟု ဆိုရသနည်း" ဟု မေးဘွယ်ရှိသော ကြောင့် အနုဋီကာ၌ "အပရာပေက္ခတာယ၊ မိဘတို့၏ ပေါင်းဖော်ခြင်း အမိ၏ ဥတုလာခြင်းဟူသော အခြားအကြောင်းကို ငဲ့ရခြင်း မရှိသည်၏ ဖြစ်ကြောင့်၎င်း။ အပရိကိလိဋ္ဌဥပပတ္တိတာယ၊ ညစ်ပေးခြင်းမရှိသော ပဋိသေန္ဓ နေရခြင်းရှိသည်၏ အဖြစ်ကြောင့်၎င်း။ အသုစိအမက္ခိတတာယ၊ မစင်ကြယ်သော အညစ်အကြေးတို့သည် မလိမ်းကျံအပ်သည်၏ အဖြစ်ကြောင့်၎င်း။ ကာမဝစရဒေဝါနံ၊ ကာမာဝစရနတ်တို့၏၎င်း။ သဗ္ဗေသံ၊ ကုန်သော။ ဗြဟ္မာနံစ၊ တို့၏၎င်း။ တထာ ဥပပဇ္ဇနတော၊ ထိုနည်းအတိုင်း ဖြစ်ရခြင်းကြောင့်။ ဩပပါတိကယောနိယာ၊ ဩပပါတိကယောနိ၏။ ပဓာနတာ၊ ကို။ ဝေဒိတဗ္ဗာ" ဟု မိန့်သည်။
သင်္ဂဟ နိဒဿနဝသေန။ ။ ဩပပါတိကယောနိယာ ဧဝ၊ ဖြင့်ပင်။ သံသေဒဇ ယောနိယာ၊ ကို။ သင်္ဂဟဿ၊ သိမ်းယူခြင်းကို၊ နိဒဿန ဝသေန၊ ညွှန်ပြကြောင်း၏ အဖြစ်ဖြင့်။ ဥဒါဟရဏဝသေန၊ ဥဒါဟရုဏ်၏ အဖြစ်ဖြင့်။ အနု။ ဤ၌ နိဒဿနကို "ဥဒါ ဟရဏ" ဟု ဖွင့်သောကြောင့် သဒ္ဒါကျမ်းတို့၌ ဥဒါဟရုဏ် ထုတ်ပြခြင်းကိုကဲ့သို့ ဤ၌ "ဩပပါတိကယောနိကို ပြခြင်းကို ဥဒါဟရုဏ်ထုတ်ပြခြင်း" ဟု ဆိုလို၏။ သဒ္ဒါကျမ်းတို့၌ ဥဒါဟရုဏ်ပုံစံနှင့် အလားတူ ရုပ်များကို ယူရသကဲ့သို့ "ဤ၌လည်း ဩပပါတိက ယောနိနှင့် ပဋိသန္ဓေခဏ၌ အာယတန ရပံချင်းတူသော သံသေဒဇယောနိကို ယူရသည် " ဟု ဆိုလိုသည်။
ဧကစိတ္တက္ခဏေ၊ တခုသော စိတ္တက္ခဏ၌။
ဆဟိ၊ ၆ ပါးကုန်သော။
အာယတနေဟိ၊ အာယတနတို့ကြောင့်။
ဖဿဿ၊ ဖဿ၏။
ပဝတ္တိ၊ ဖြစ်ခြင်းသည်။
နတ္ထိ၊ မရှိနိုင်။
စ၊ ဆက်။
ဧကဿ၊ တခုသော။
အကုသလဖဿဿ၊ အကုသိုလ်ဖြစ်သော ဖဿ၏။
သမာနက္ခဏေ၊ တူမျှသော ခဏ၌။
ပဝတ္တမာနံ၊ ဖြစ်သော။
ပစ္စယဘူတံ၊ ပစ္စည်းဖြစ်၍ ဖြစ်သော။
ဆဋ္ဌာယတနဝဇ္ဇံ၊ ဆဋ္ဌာယတနသည် ကြဉ်အပ်သော။
အာယတနံ၊ အာယတနသည်။
န အတ္ထိ၊ မရှိ။
စ၊ ဆက်။
ဧတ္ထ၊ ဤအာယတနကြောင့် ဖဿဖြစ်ရာ၌။
အာရမ္မဏပစ္စယော၊ အာရမ္မဏပစ္စည်းကို။
ဝါ၊ သည်။
ပဝတ္တကော၊ ဖဿကို ဖြစ်စေနိုင်သည်။
န ဟောတိ၊ မဖြစ်။
ဣတိ၊ ကြောင့်။
န ဂယှတိ၊ မယူအပ်။
တသ္မာ၊ ကြောင့်။
သဠာယတနပစ္စယာ ဖဿောတိ၊ ဟူ၍။
ဝတ္တုံ၊ ဟောတော်မူခြင်းငှာ။
န သက္ကာ၊ မတတ်ကောင်း။
ဣတိ (ဣမဿ အတ္ထဿ)၊ ဤအနက်အဓိပ္ပါယ်ကို။
ဒဿနတ္ထံ၊ ပြခြင်းအကျိုးငှာ။
ယသ္မာပနေသောတိအာဒိံ အာဟ၊
ဧကဝိတ္တက္ခဏေ ။ပေ။ အာဒိမာဟ။ ။ "ဧကစိတ္တက္ခဏေ ။ပေ။န ဂယှတိသည် သဠာယတန ပစ္စယာ ဖဿော" ဟု ဟောတော်မမူဘဲ "ဆဋ္ဌာယတန ပစ္စယာ ဖဿော" ဟု ဟောတော်မူခြင်း၏ အကြောင်းပြတည်း။ ဤ အဘိဓမ္မဘာဇနီယနည်းသည် ဧကစိတ္တက္ခဏ ပဋိစ္စသမုပ္ပါဒ်ကို ပြရာနည်းတည်း။ ထို့ကြောင့် ဧကစိတ္တက္ခဏေ ။ပေ။ နတ္ထိ- စိတ္တက္ခဏ တခုတည်း၌ စက္ခုစသော အာယတန ၆ ပါးကြောင့် ဖဿတခု မဖြစ်နိုင်။ န စေကဿ ။ပေ။ ပစ္စယဘူတံ အတ္ထိ- အကုသိုလ် ဖဿတခုတည်း၏ အကြောင်းဖြစ်သော အာယတနဟူရာ၌ တပြိုင်နက်သောခဏဝယ် ဆဋ္ဌ(မနာယတန)မှ တပါး အကြောင်းပစ္စည်းဖြစ်နိုင်သော အခြား စက္ခုစသော အာယတနလည်း မရှိ။
အာရမ္မဏပစ္စယော ။ပေ။န ဂဏှတိ။ ။ "အဋ္ဌကထာဝယ် ဆဋ္ဌာယတနက ဖဿအား ကျေးဇူးပြုပုံကို ပြရာ၌ သဟဇာတစသော ပစ္စည်းတို့ကိုသာ ယူ၍ အာရမ္မဏ ပစ္စည်းကို အဘယ့်အကြောင့် မယူပါသနည်း" ဟု မေးဘွယ်ရှိသောကြောင့် "အာရမ္မဏ ပစ္စယော စေတ္ထ" စသည်ကို မိန့်သည်။ စက္ခာယတနစသည်ကို အာရုံပြု၍ ဖဿဖြစ်ရာ၌ စက္ခာယတန စသည်သည် ဖဿကို ဖြစ်စေနိုင်သော ပဝတ္တက ပစ္စည်းတရားဟု မဆိုနိုင်ပါလောဟု မေးဘွယ်ရှိ၏။ အဖြေကား- ထို စက္ခာယတန စသည်ကို အာရုံပြုသော ဖဿဖြစ်ရာ၌ အဇ္ဈတ္တိက ဆဋ္ဌာယတနက သဟဇာတ စသော သတ္တိဖြင့် ကျေးဇူးပြုသလောက် လွန်ကဲသော သတ္တိနှင့်တကွ ကျေးဇူး မပြုနိုင်ရကား ထိုအာရမ္မဏပစ္စည်း ဖြစ်သော အာယတနသည် ဖဿကို မဖြစ်စေနိုင်၊ ထို့ကြောင့် အာရမ္မဏပစ္စည်းဖြစ်သော အာယတနများကို မယူဘဲ သဟဇာတ ပစ္စည်းဖြစ်သော ဆဋ္ဌာယတနကိုသာ ယူရပါသည်။
အနုဋီကာ။ ။ အာရမ္မဏပစ္စယဿပိ (အာရမ္မဏ ပစ္စည်းဖြစ်သော စက္ခာယတန စသည်၏လည်း) ဖဿဿ သတိပိ ပဝတ္တိ ဟေတုဘာဝေ သော ပန (အာရမ္မဏပစ္စည်း ဖြစ်သော စက္ခာယတနစသည်သည်ကား) သဟဇာတာ ဒိပစ္စယဘူတဿ အဇ္ဈတ္တိကဿ ဆဋ္ဌာယတနဿ ဝိယ န သာတိသယော( အလွန်အကဲနှင့်တကွမဖြစ်) ဣတိ ဝုတ္တံ အာရမ္မဏပစ္စယော စေတ္ထ ပဝတ္တကော န ဟောတီတိ။